Skip to main content

Posts

Showing posts from May 20, 2014

တောင်ငူမြို့ အမှတ်(၁၂)ရပ်ကွက် (၅)လမ်းနေ ဒေါ်သန်းသန်းဝင်း(၅၇) နှစ်သည် မေ ၁၉ ရက် ညေ...

တောင်ငူမြို့ အမှတ်(၁၂)ရပ်ကွက် (၅)လမ်းနေ ဒေါ်သန်းသန်းဝင်း(၅၇) နှစ်သည် မေ ၁၉ ရက် ညနေ ၅ နာရီ မိနစ် ၅၀ ခန့်က အမှတ်(၁၅) ရပ်ကွက် ဈေးလမ်းရှိ ဆေးပစ္စည်း အရောင်းဆိုင်မှ နေ၍ နေအိမ်ကိုပြန် လာခဲ့ရာ နေအိမ်အပေါ်ထပ် တံခါးပျက်စီး နေပြီး အိမ်အတွင်းရှိ ပစ္စည်းများ မှာလည်း ပြန့်ကျဲနေသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးကြည့်ရှုခဲ့ရာ နေအိမ် အောက်ခန်းရှိ သံသေတ္တာအတွင်း ထည့်ကာ သိမ်းဆည်း ထားသော ကျောက်မျက်ရတနာနှင့် ရွှေထည်ပစ္စည်း လက်ဝတ်ရတနာမျိုးစုံ ၁၅ မျိုး ကာလတန်ဖိုးကျပ် ၁၈၇၅၀၀၀၀ ခန့် ပျောက်ဆုံးသွားကြောင်း တွေ့ရ၍ တောင်ငူအမှတ်(၂)နယ်မြေရဲစခန်း တွင် အမှုဖွင့်တိုင်ကြားခဲ့သည်။ တောင်ငူမြို့တွင် ငွေကျပ် ၁၈၇ သိန်းကျော်ဖိုးရှိ ရွှေထည်လက်ဝတ်ရတနာ ပစ္စည်းများ ဖောက်ထွင် http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/Sh71No

ယနေ့ထုတ် #7DayNews ဂျာနယ်အတွက် အထူးအချပ်ပို #7DayDaily သတင်းစာ

ယနေ့ထုတ် #7DayNews ဂျာနယ်အတွက် အထူးအချပ်ပို #7DayDaily သတင်းစာ from 7Day News Journal's Facebook Wall http://ift.tt/1lNLtQZ
Time for new initiative on political prisoners www.mmtimes.com The jailing of DVB journalist Zaw Pe not only highlights concerns about media freedom, but raises the ongoing issue of political prisoners in Myanmar. from The Myanmar Times's Facebook Wall http://ift.tt/1sSn5Ag

ထိုင်းနိုင်ငံလေကြောင်းလိုင်းများ အမြတ်လျော့နည်းလာ ထိုင်းနိုင်ငံတွင် မတည်ငြိမ်သည...

ထိုင်းနိုင်ငံလေကြောင်းလိုင်းများ အမြတ်လျော့နည်းလာ ထိုင်းနိုင်ငံတွင် မတည်ငြိမ်သည့်ဈေးကွက် အနေအထား ရှိနေသော်လည်းNoK Air နှင့်Thai Air Aisa လေ ကြောင်းတို့သည် အကျိုးအမြတ် ရှိနေဆဲဖြစ်ပြီး ၂၀၁၄ ခုနှစ်၏ ပထမဆုံးလပတ်တွင်လည်း ၎င်းတို့၏ ရှေ့ ဆက်ဖွံ့ဖြိုးမှုလမ်းကြောင်းကို ထိန်းထားနိုင်ဆဲဖြစ်ကြောင်း စီအေပီအေသတင်းတွင် မေ ၁၉ ရက်က ဖော်ပြ သည်။ ထိုင်းနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးမငြိမ်သက်မှုများက လေကြောင်းလိုင်း နှစ်ခုစလုံး၏ ၀င်ငွေ ကိုထိခိုက်စေလျက်ရှိသည် ဟုလည်း အထက်ပါသတင်းက ဆိုသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1lNKIaJ

အမေရိကန်တွင် အချိန်ပိုင်းနှင့် ပုတ်ပြတ်လုပ်ငန်း လုပ်ကိုင်သူဦးရေ မြင့်တက် လွန်ခ...

အမေရိကန်တွင် အချိန်ပိုင်းနှင့် ပုတ်ပြတ်လုပ်ငန်း လုပ်ကိုင်သူဦးရေ မြင့်တက် လွန်ခဲ့သည့် ၅ နှစ်ခန့်က ဖြစ်ပေါ်ခဲ့သည့် စီးပွားရေး အကျပ်အတည်း ကာလနောက်ပိုင်း အမေရိကန် စီးပွား ရေးမှာ တိုးတက်မှုရှိလာနေပြီး အချိန်ပိုင်းနှင့် ပုတ်ပြတ်လုပ်ငန်း လုပ်ကိုင်သူများ လုပ်ငန်းခွင် ၀င်ရောက်မှု မှာလည်း များပြားလာ နေသည်ဟု economictime တွင် မေလ ၁၉ ရက်က ရေးသားဖော်ပြသည်။ ၁၉၈၀ ပြည့်လွန်နှစ်များက အမေရိကန်ပြည်ထောင်စုရှိ အလုပ်လက်မဲ့ဦးရေ၏ ၀ ဒသမ ၅ ရာခိုင်နှုန်း ခန့်ကသာ အချိန်ပိုင်းနှင့် ပုတ်ပြတ်လုပ်ငန်းများတွင် ၀င်ရောက် လုပ်ကိုင်ခဲ့ကြသော်လည်း ယခုအခါ အလုပ်လက်မဲ့ ဦး ရေ၏ ၂ ဒသမ ၃ ရာခိုင်နှုန်းခန့်က အချိန်ပိုင်းနှင့် ပုတ်ပြတ်လုပ်ငန်းများတွင် ၀င်ရောက် လုပ်ကိုင်လာကြ သည်ဟုလည်း အထက်ပါ သတင်းတွင် ဖော်ပြသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1vDgH4e

မြန်မာနိုင်ငံတွင် အဖျော်ယမကာထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရန် Ball ကော်ပိုရေးရှင်း...

မြန်မာနိုင်ငံတွင် အဖျော်ယမကာထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရန် Ball ကော်ပိုရေးရှင်း စီစဉ်လျက်ရှိ အာတီတီ ဟောင်ကောင်အခြေစိုက် Ball ကော်ပိုရေးရှင်း ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် အဖျော်ယမကာထုတ်လုပ် သည့် စက်ရုံကို တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း အဆိုပါကုမ္ပဏီက မေ ၁၉ ရက်က ပြောကြားခဲ့ သည်ဟု အာတီတီ သတင်းတွင် မေလ ၁၉ ရက်က ရေးသားဖော်ပြသည်။ Ball ကော်ပိုရေးရှင်းသည် ဗီယက်နမ် နိုင်ငံတွင် မကြာသေးမီက ပူးတွဲစက်ရုံတစ်ရုံကို တည်ဆောက်ခဲ့ ကြောင်းနှင့် ၂၀၁၂ ခုနှစ်တွင် ထုတ်လုပ်မှုလုပ်ငန်းများ စတင်ခဲ့ကြောင်း သိရသည်ဟု အာတီတီသတင်း တွင် ရေးသားဖော်ပြသည်။ မြန်မာနိုင်ငံတွင် အဖျော်ယမကာ ၀ယ်လိုအားသည် လာမည့်နှစ်များအတွင် သိသာစွာ ဆက်လက်မြင့် တက်နေမယ်လို့ မျှော်မှန်းထားပါတယ်ဟု Ball ကော်ပိုရေးရှင်း၏ ဥက္ကဋ္ဌတစ်ဦးဖြစ်ပြီး အမှုဆောင်အရာရှိ တစ်ဦးလည်းဖြစ်သူ ရွန်ဟေရက်စ်က ပြောကြားသည်ဟု အာတီတီသတင်းတွင် ရေးသားဖော်ပြသည်။ ကာလကြာရှည် ဆက်ဆံရေးကြောင့် Coca-colaPinya Beverages နှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ် သည်ဟု Ball Asia Pacifici ကုမ္ပဏီဥက္ကဋ္ဌ ဂီဟန်အက်တာပက် တူက ပြောကြားသည်။ ဒေသတွင်းနှင့် စားသုံးသူ လူမျိုးပေါင်းစုံ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသောြ

စင်ကာပူသို့ သခွားမွှေးတင်ပို့မှု ယခုနှစ်တွင် ရပ်ဆိုင်းထားရ မြန်မာနိုင်ငံမှ စင်ကာပ...

စင်ကာပူသို့ သခွားမွှေးတင်ပို့မှု ယခုနှစ်တွင် ရပ်ဆိုင်းထားရ မြန်မာနိုင်ငံမှ စင်ကာပူသို့ နှစ်စဉ်တင်ပို့နေသည့် သခွားမွှေးအား ယခုနှစ်တွင် တင်ပို့မူ ရပ်ဆိုင်းထားရ ကြောင်းနှင့် ယင်းသို့ ရပ်ဆိုင်းထားခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးအောင်အောင်က “သခွားမွှေးက ပြည်တွင်းဈေးကွက် ထဲက ၀ယ်ပြီးပို့လို့ မရဘူး၊ ကိုယ်တိုင်စိုက်ပြီး ကိုယ်တိုင်ပို့မှရမှာ၊ အရင်နှစ်တွေက တခြား တောင်သူတွေ စိုက်ထားတဲ့ ခြံတွေကိုဝယ်ပြီး တင်ပို့ဖြစ်တယ်။ နောက်ပြီး သခွားမွှေးက မျိုးကွဲတွေ ရှိတယ်လေ၊ တစ်မျိုးတည်း စိုက်လို့မရဘူး၊ အဲ့ဒါကြောင့် ကိုယ်တိုင်စိုက်ပျိုး၊ ကိုယ်တိုင်ထုတ်လုပ်ပြီး တင်ပို့နိုင်မှ ရမှာပါ”ဟု မဇ္ဈိမ ကိုပြောသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1lNKHna

လက်ဖက်ခူးသားနည်းပါးမှုမှာ ရှမ်းပြည်နယ်ငြိမ်းချမ်းရေးနှင့် သက်ဆိုင် ယခုနှစ် ရှမ်း...

လက်ဖက်ခူးသားနည်းပါးမှုမှာ ရှမ်းပြည်နယ်ငြိမ်းချမ်းရေးနှင့် သက်ဆိုင် ယခုနှစ် ရှမ်းပြည်နယ်တွင် လက်ဖက်ခူးသား နည်းပါးမူကြောင့် လက်ဖက်နုများ ရင့်ရော်လာရခြင်းမှာ ရှမ်း ပြည်နယ်တွင်း မငြိမ်းချမ်းမူများကြောင့် လက်ဖက်ခူးသားများမှာ လုပ်ငန်းခွင်လာရန် ကြောက်လန့်နေရ၍ ဖြစ်သည်ဟု မြန်မာနိုင်ငံ လက်ဖက်အစုအဖွဲ့ ပလောင်အသင်းဥက္ကဋ္ဌ ဦးထွန်းမြိုင်က ပြောသည်။ မြန်မာ ပြည်တွင်းသို့ ၀င်ရောက်နေသော တရုတ်လက်ဖက်ခြောက်များအား အခွန်သေချာ ကောက်မည်ဆိုပါက လာမည့်နှစ်များတွင် မြန်မာ့လက်ဖက်ခြောက် ပြန်လည် ဦးမော့လာနိုင်သည်ဟုလည်း ဦးထွန်းမြိုင်က ပြောသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1lNKIqY

မတ်ပဲများ အထွက်နှုန်းနည်းသော်လည်း တင်ပို့မူများပြား ယခုနှစ်တွင် မတ်ပဲများအထွက်နှု...

မတ်ပဲများ အထွက်နှုန်းနည်းသော်လည်း တင်ပို့မူများပြား ယခုနှစ်တွင် မတ်ပဲများအထွက်နှုန်း နည်းသော်လည်း မတ်ပဲအဓိကတင်ပို့သော အိန္ဒိယနိုင်ငံသို့ တင်ပို့မူမှာ တစ်လလျှင် မတ်ပဲတန် ငါးသောင်းဝန်းကျင် ပုံမှန်ပေးပို့နေရသည်ဟု မြန်မာနိုင်ငံ ပဲ၊ နှမ်းအသင်း ဥက္ကဋ္ဌ ဦးထွန်းဝေက မဇ္ဈိမကိုပြောသည်။ ယင်းသို့ တင်ပို့နေရသောကြောင့် ယခုနှစ် နှစ်ကုန်ပိုင်းမရောက်ခင်တွင် မတ်ပဲများ လက်ကျန်ပင် မရှိနိုင်တော့မည်ဟု ခန့်မှန်းရကြောင်း ဦးထွန်းဝေက မဇ္ဈိမကို ပြောသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1vDgGgw

အရက်နှင့် ၀ိုင်တင်သွင်းခွင့်နှင့် ပတ်သက်၍အစည်းဝေးကျင်းပမည် ပြည်ပမှ အရက်နှင့် ၀ိ...

အရက်နှင့် ၀ိုင်တင်သွင်းခွင့်နှင့် ပတ်သက်၍အစည်းဝေးကျင်းပမည် ပြည်ပမှ အရက်နှင့် ၀ိုင်များ မြန်မာနိုင်ငံသို့ တရားဝင်တင်သွင်းခွင့်ပြုရန် ယမကာလုပ်ငန်းရှင်များမှ စောင့် ဆိုင်းနေကြပြီး အဆိုပါ ခွင့်ပြုချက်မူဝါဒရရှိရေးနှင့် ပြည်တွင်း အခွန်ကောက်ခြင်းများ ပတ်သက်၍ စည်းဝေး ပွဲတစ်ရပ်ကို မေလ ၂၁ ရက်တွင် နေပြည်တော်တွင် ကျင်းပပြုလုပ်မည်ဟု တရားမ၀င် ကုန်သွယ်မူ တား ဆီး ထိန်းချုပ်ရေးဗဟိုအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က မဇ္ဈိမ ကိုပြောသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1lNKEYx

မြန်မာ - ဖိလစ်ပိုင် တိုက်ရိုက်လေကြောင်း ခရီးစဉ်ပြေးဆွဲနိုင်ရန် ဆွေးနွေးနေ သီဟကိ...

မြန်မာ - ဖိလစ်ပိုင် တိုက်ရိုက်လေကြောင်း ခရီးစဉ်ပြေးဆွဲနိုင်ရန် ဆွေးနွေးနေ သီဟကိုကို ရန်ကုန်၊ မေ ၂၀ မြန်မာနှင့် ဖိလစ်ပိုင် နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်များပြေး ဆွဲနိုင်ရန်အတွက် ဆွေးနွေးမှုများပြုလုပ်နေသည်ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဝင်းဆွေထွန်းက မဇိ္ဈမ ကို ပြောသည်။ ထိုသို့ လုပ်ငန်းများဆောင်ရွက်နိုင်ရန် အတွက် မေလ ၁၉ ရက်တွင် လေကြောင်း ပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနမှ တာဝန်ရှိပုဂ်္ဂိုလ်များနှင့် ဖိလစ်ပိုင်နိုင်ငံအစိုးရ၏ လေကြောင်းဆိုင်ရာအဖွဲ့အစည်းတို့ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ ဦးဝင်းဆွေထွန်းက “ ဖိလစ်ပိုင်ဘက်ကနေ မြန်မာကို ပြေးဆွဲချင်တယ်လို့ စတင်ကမ်းလှမ်းတာပါ။ အခြေခံ ကျတဲ့အဓိကအချက်က နှစ်နိုင်ငံကြားမှာ လေကြောင်း ပေးဆွဲမယ်ဆိုရင် တူညီတဲ့အခွင့်အရေးတွေ ရရှိ ဖို့ပါပဲ။ ဘယ်တော့ စပြေးဆွဲဖြစ်မလဲဆိုတာကတော့ ပြောရခက်တယ်။ တစ်ဖက်နဲ့ တစ်ဖက် လေကြောင်း ဈေးကွက် အခြေအနေကိုလည်း လေ့လာရဦးမယ်” ဟု ပြောသည်။ ၁၉၇၉ ခုနှစ်အတွင်း မြန်မာနှင့် ဖိလစ်ပိုင်နှစ်နိုင်ငံအကြား လေကြောင်းပျံသန်းမှုဆိုင်ရာစာချုပ် ချုပ်ဆိုခဲ့ပြီး နှစ်နိုင်ငံ တိုက်ရိုက်လေကြောင်း ခ

NDF ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းကွယ်လွန် မဇ္ဈိမသတင်းဌာန ရန်ကုန်၊ မေ ၂၁ အမျ...

NDF ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းကွယ်လွန် မဇ္ဈိမသတင်းဌာန ရန်ကုန်၊ မေ ၂၁ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ခေါင်းဆောင် ဖြစ်သည့် ၁၉၉၀ခုနှစ်တွင် ကျောက်တန်းမြို့နယ်မှ ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းငြိမ်းသည် မေ ၂၁ ရက်နံနက်ပိုင်းက ကွယ်လွန်သွားခဲ့သည်ဟု NDFဥက္ကဌ ဦးခင်မောင်ဆွေက မဇ္ဈိမကို အတည်ပြုပြောဆိုခဲ့သည်။ “ကျောင်းသားနိုင်ငံရေးကစပြီး လုပ်လာတဲ့ ဆရာက သူ့ရဲ့ နောက်ဆုံးချိန်ထိနိုင်ငံရေးထဲမှာ နစ်မြုပ်ခဲ့တာပါ။ အခုလို အသွင် ကူးပြောင်းရေးကာလမှာ ဖြစ်သွားတော့ ဆရာ့အတွက် တစ်ကယ်ကို ဝမ်းနည်းရပါတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။် ဒေါက်တာသန်းငြိမ်းသည် အသည်းကင်ဆာရောဂါဖြင့် ပင်လုံဆေးရုံ၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ယခုကွယ်လွန်ချိန်တွင် အသက် ၇၆နှစ်ရှိနေပြီဖြစ်သည်။ ဇာပနအခမ်းအနားကို မေ ၂၃တွင် ကျင်းပရန်စီစဉ်ထားသည်ဟု ဦးခင်မောင်ဆွေက ပြောသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1vDgCNX

အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ခေါင်းဆောင် ဒေါက်တာသန်းငြိမ်း (၇၆) နှစ်ဟာ မေ...

အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ခေါင်းဆောင် ဒေါက်တာသန်းငြိမ်း (၇၆) နှစ်ဟာ မေလ ၂၁ ရက် မနက် ၇ နာရီက ရန်ကုန်မြို့၊ ပင်လုံဆေးရုံမှာ အသည်းရောဂါနဲ့ ကွယ်လွန်သွား ပါတယ်။ ယခင် စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နဲ့ ဆွေမျိုးတော်စပ်သူ ဒေါက်တာသန်းငြိမ်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ထိပ်တန်းခေါင်းဆောင်တဦးအဖြစ် တာဝန်ယူခဲ့ပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရဖူးတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်ပါတယ်။ ဒေါက်တာ သန်းငြိမ်း ကွယ်လွန် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1ti5m7r

တစ်နိုင်ငံလုံး အပစ်ရပ်ရေး ထပ်မံညှိနှိုင်းရန် အစိုးရနှင့် NCCT ယနေ့တွေ့မည် ရန်ကု...

တစ်နိုင်ငံလုံး အပစ်ရပ်ရေး ထပ်မံညှိနှိုင်းရန် အစိုးရနှင့် NCCT ယနေ့တွေ့မည် ရန်ကုန်၊ မေ ၂၀ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ချုပ်ဆိုမည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး နှစ်ဖက် သဘောတူစာချုပ်အတွက် ထပ်မံညှိနှိုင်းရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ကိုယ်စားပြု တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ယနေ့ (မေ ၂၁) တွေ့ဆုံမည် ဖြစ်ကြောင်း နှစ်ဖက် ခေါင်းဆောင် များက ပြောကြားသည်။ သြဂုတ်လမတိုင်မီ လက်မှတ် ရေးထိုးနိုင်ရန် ရည်ရွယ်ထားသော တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ပူးတွဲ ရေးဆွဲရေးအတွက် အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် NCCT အဖွဲ့တို့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာ၌ တတိယ အကြိမ်အဖြစ် မေလ ၂၁ မှ ၂၂ ရက်နေ့အထိ တွေ့ဆုံမည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှ အကြီးတန်း အကြံပေးတစ်ဦးက ပြောဆိုသည်။ ယင်းဆွေးနွေးပွဲတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား အပစ်ရပ်စာချုပ် ဆွေးနွေးမှု၌ ကျန်ရှိနေသော ကွဲလွဲချက်များကို ထပ်မံညှိနှိုင်းမည် ဖြစ်ကြောင်း၊ NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တွင် အဖွဲ

အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ရန် ပြည်ထောင်စုလွှတ်တော် ကော်မတီဆုံးဖြတ် ရန်ကုန်၊ မေ ၂၀...

အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ရန် ပြည်ထောင်စုလွှတ်တော် ကော်မတီဆုံးဖြတ် ရန်ကုန်၊ မေ ၂၀ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဦးစားပေး ပြင်ဆင်ရန် တောင်းဆိုထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂) ပုဒ်မ ၄၃၆ ကို ပြင်ဆင်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဝင် ဦးတင်မောင်ဦးက ပြောကြားသည်။ ပုဒ်မ ၄၃၆ အပါအဝင် အဓိကကျသော ပုဒ်မအချို့ကို ပြင်ဆင်ရန် မေလ ၁၉ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် ကော်မတီ အစည်းအဝေး တစ်ရပ်၌ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပြီး မည်သို့ ပြင်ဆင်မည်ဆိုသည့် အချက်ကို ထုတ်ဖော် ပြောဆိုနိုင်မည် မဟုတ်ကြောင်း ကော်မတီဝင်များက ရှင်းပြသည်။ “၄၃၆ (က) ရော၊ (ခ) ရော ပြင်မှာ ဖြစ်ပါတယ်” ဟု ဦးတင်မောင်ဦးက ဆိုသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အရေးကြီးဆုံး အခန်းဖြစ်သည့် အခန်း (၁၂) ရှိ ပုဒ်မအားလုံးကို လိုအပ်သလို ပြုပြင်မည် ဖြစ်သော်လည်း မည်သည့် အဆင့်အထိ ပြင်ဆင်မည်ကို ထုတ်ဖော် ပြောဆိုခွင့် မရှိကြောင်း ရခိုင်အမျိုးသားပါတီ ဒုတိယခေါင်းဆောင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောကြားသည်။

မြန်မာ့လေကြောင်းက အမေရိကန်အခြေစိုက် GE ကုမ္ပဏီထံမှ ဘိုရင်းလေယာဉ်သစ် ၁၀ စီးဌားရမ်းမည်

from Eleven Daily News http://ift.tt/1sSl86Y

ထိုင်း၌အထောက်အထားထုတ်ပေးရေးစခန်းဖွင့်လှစ်မှု နှစ်လကျော်ပြီဖြစ်သော်လည်း လျှောက်ထားသူရာဂဏန်းသာရှိ

from Eleven Daily News http://ift.tt/1qTIEEP

မိဘမဲ့ဂေဟာရှိ အစာအဆိပ်သင့်ခဲ့သည့် ကလေးအချို့ တောင်ငူဆေးရုံ၌ အတွင်းလူနာအဖြစ် ဆက်လက်ဆေးကုသမှုခံယူနေရ

from Eleven Daily News http://ift.tt/1qTIEEN

လွှတ်တော်အခြေခံဥပဒေပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှုကော်မတီက ပုဒ်မ ၄၃၆ ကိုပြင်ဆင်ရန် ဆုံးဖြတ်ခဲ့

from Eleven Daily News http://ift.tt/1sSl9rB
from 7Day News Journal's Facebook Wall http://ift.tt/1nduIEl

ထိုင်းတွင် စစ်အုပ်ချုပ်ရေးကြေညာ ဘန်ကောက်၊ မေ ၂၀ ခြောက်လတာခန့် နိုင်ငံရေး အကျပ်...

ထိုင်းတွင် စစ်အုပ်ချုပ်ရေးကြေညာ ဘန်ကောက်၊ မေ ၂၀ ခြောက်လတာခန့် နိုင်ငံရေး အကျပ်အတည်းနှင့် ကြုံတွေ့နေရသော ထိုင်းနိုင်ငံတွင် တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းရန် ထိုင်းစစ်တပ်က စစ်အုပ်ချုပ်ရေး ဥပဒေကို ကြေညာလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ ထိုင်းပြည်သူပြည်သားတို့၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပြန်လည် တည်ထောင်ရန်အတွက် ထိုင်းနိုင်ငံကို စစ်အုပ်ချုပ်ရေး ဥပဒေဖြင့် ပြဋ္ဌာန်းအုပ်ချုပ် သွားမည်ဟု ထိုင်းစစ်တပ်ပိုင် ရုပ်မြင်သံကြားက ထုတ်ပြန် ကြေညာခဲ့သည်။ ထိုင်းစစ်တပ် အကြီးအကဲ ပရာယု ချန်အိုချာ လက်မှတ်ထိုး ထုတ်ပြန်ခဲ့သော အဆိုပါ ကြေညာချက်တွင် နိုင်ငံအကျပ်အတည်း ကာလတွင် ထိုင်းစစ်တပ်ကို ကြားဝင် ဆောင်ရွက်ခွင့်ပြုသော ၁၉၁၄ ခုနှစ် စစ်အုပ်ချုပ်ရေး ဥပဒေကို ကိုးကား ဖော်ပြထားသည်။ ထိုင်းစစ်တပ်က စစ်အုပ်ချုပ်ရေး ဥပဒေကို ထုတ်ပြန် ကြေညာလိုက်သော်လည်း အာဏာသိမ်းခြင်း မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့ပြီး ထိုင်းစစ်တပ်က ရုပ်မြင်သံကြားနှင့် ရေဒီယို ထုတ်လွှင့်သည့် ရုံများကို သိမ်းပိုက်ကာ ဘန်ကောက်လမ်း များကိုလည်း ပိတ်ထားလိုက်ပြီ ဖြစ်သည်။ ထို့ပြင် အမျိုးသား လုံခြုံရေး အကျိုးစီးပွား အလို့ငှာ မီဒီယာ များကိုလည်း ဆင်ဆာဖြတ်တေ

#thedailyelevencover

#thedailyelevencover from Eleven Media Group's Facebook Wall http://ift.tt/1jBHDNQ

မန်းအတွင်း ဆက်သွယ်ရေးတာဝါတိုင် ၁၀၀ အူရီးဒူးက စိုက်ထူမည် မျိုးသန့်| ဗုဒ္ဓဟူးနေ့၊...

မန်းအတွင်း ဆက်သွယ်ရေးတာဝါတိုင် ၁၀၀ အူရီးဒူးက စိုက်ထူမည် မျိုးသန့်| ဗုဒ္ဓဟူးနေ့၊ မေလ ၂၁ ရက် ၂၀၁၄ ခုနှစ် အူရီးဒူး(#Ooredoo) ကုမ္ပဏီက သရီးဂျီ (#3G) စနစ်ဖြင့် ပြည်တွင်းဖုန်းခေါ်ဆို စမ်းသပ်မှုကို မေ ၁၉ရက်တွင် စမ်းသပ်ပြသခဲ့ပြီး လိုင်းကတ်များကို ရောင်းချရန် ဆက်သွယ်ရေးတာဝါတိုင် ၁၀၀ ကို မန္တလေးတိုင်းအတွင်းစိုက်ထူသွားမည်ဟု ကုမ္ပဏီမှ နည်းပညာနှင့် သတင်းအချက်အလက်ပိုင်းဆိုင်ရာတာဝန်ရှိသူဖြစ်သည့် John Farhat က ပြောသည်။ “3G ကွန်ရက်နဲ့ ဖုန်းခေါ်တာ အောင်မြင်စွာ လုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်။ ပထမဆုံးဖုန်းခေါ်ဆိုမှုကို စတင်လုပ်ဆောင်တာ ဖြစ်ပါတယ်။ မန္တလေးတိုင်းအတွင်းမှာလည်း တာဝါတိုင် ၁၀၀ ကိုလည်း စိုက်ထူသွားဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြထားပြီးဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။ 3G စနစ်နှင့် ဖုန်းခေါ်ဆိုမှု ရှင်းလင်းပြသခဲ့သော်လည်း အင်တာနက်သုံးစွဲနိုင်မှုနှင့် Video Call စမ်းသပ်ခေါ်ယူမှုကို လုပ်ဆောင်နိုင်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခဲ့ခြင်း မရှိခဲ့ပေ။ “ရောင်းချမယ့် ရက်ကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး။ တိုင်စိုက်ထူဖို့ မြေနေရာအခက်အခဲရှိနေပါတယ်။ ဒါကြောင့် လက်ရှိမှန်းထားတဲ့ ရက်ထက်နောက်ကျမှ ရနိုင်ပါတယ်။ ရန်ကုန်မှာတော့ ကျွန်တော်တ

ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစား ပြုနေကြပြီလား စည်သူအောင်မြင့် ပြီးခဲ့တဲ...

ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစား ပြုနေကြပြီလား စည်သူအောင်မြင့် ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က ဧရာဝတီတိုင်း ဇလွန်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး လူ ၅,၀၀၀ လောက် ပါဝင်တဲ့ ဆန္ဒထုတ်ဖော် ပွဲတစ်ခု ပြုလုပ်ပါတယ်။ ဆန္ဒထုတ်ဖော်ရတဲ့ အဓိကအကြောင်းဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲက ပုဒ်မ ၅၉(စ) မပြင်ရေးဆိုပေမယ့် တကယ့်လက်တွေ့ ပွဲလုပ်ဖို့ စည်းရုံးရာမှာတော့ ဘုရားဆင်းတုတော်တွေ မဲဖောက်ပေးမယ်လို့ ခေါ်ယူစည်းရုံးမှုတွေ လုပ်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ တကယ်လည်း ဘုရားဆင်းတုတော် အဆူ ၈၀၀ လောက် မဲဖောက်ပေးခဲ့တယ်လို့ မြို့နယ်ပြည်ခိုင်ဖြိုးအတွင်းရေးမှူး ဦးချိုမြင့်ခိုင်က ပြောပါတယ်။ ဒီလုပ်ရပ်ဟာ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားလုပ်တဲ့ လုပ်ရပ်အဖြစ် သတ်မှတ်နိုင်သလား၊ အလွဲသုံးစားလုပ်တယ်ဆိုတာ ပေါ်ပေါက်ရင် ဘယ်လိုအရေးယူလို့ရသလဲ၊ ဒါနဲ့ ပတ်သက်ပြီး ဘယ်လိုဝေဖန်မှုတွေ ရှိနေသလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။ ဒီဆန္ဒထုတ်ဖော်ပွဲကို ပြည်သူတွေလာ ရောက်ဖို့စည်းရုံးရာမှာ ဘုရားဆင်းတုတော်တွေ မဲဖောက်ပေးမယ်ဆိုတဲ့ ပြောဆို စည်းရုံးမှု ရှိခဲ့တယ်ဆိုတာကိုတော့ ဘယ်သူမှ မငြင်းကြပါဘူး။ ဒါတင်မက ဒီဆန္ဒထုတ် ဖော်ပွဲမလုပ်ခင် ဇလွန်

ရန်ကုန်မြို့ပြင်တွင် ယာဉ်ရောင်းဝယ်ရေးစခန်း ပြုလုပ်ပေးစေလို ဖြိုးဝေလင်း| ဗုဒ္ဓဟူး...

ရန်ကုန်မြို့ပြင်တွင် ယာဉ်ရောင်းဝယ်ရေးစခန်း ပြုလုပ်ပေးစေလို ဖြိုးဝေလင်း| ဗုဒ္ဓဟူးနေ့၊ မေလ ၂၁ ရက် ၂၀၁၄ ခုနှစ် အစိုးရအနေဖြင့် ရန်ကုန်မြို့ပြင် တစ်နေရာတွင် မော်တော်ယာဉ်ရောင်းဝယ် ရေးဇုန်တစ်ခုအဖြစ် သတ်သတ်မှတ်မှတ် ပြုလုပ်ပေးရန်လိုအပ်သည်ဟု မော်တော်ယာဉ် ရောင်းဝယ်ရေးအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက မေ ၂၀ တွင် မဇ္ဈိမကို ပြောသည်။ “ကျွန်တော်တို့အနေနဲ့ကတော့ မြို့ပြင်မှာ ကျွန်တော်တို့ကိုမြေရောင်း၊ ကျွန်တော် တို့ဘာသာ ကျွန်တော်တို့ လုပ်မယ်။ ယာဉ်ရောင်းဝယ်ရေးစခန်း အင်္ဂါရပ်နဲ့အညီ ရောင်းဝယ်ရေးဇုန်မျိုးဖြစ်အောင် လုပ်မယ်။ အာဆီ ယံနိုင်ငံတိုင်းမှာလည်း အဲဒီလိုဇုန် တွေရှိတယ်။ မြန်မာနိုင်ငံမှာပဲ မရှိတာ” ဟု ၎င်းက ဆိုသည်။ မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်း(ယာယီ)ကို လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက် မီးလောင်ပြင်ကွင်းသို့ မေလကုန်တွင် ပြောင်းရွှေ့မည်ဖြစ်ပြီး အဆိုပါနေရာမှာ ကုမ္ပဏီတစ်ခုက တင်ဒါအောင်၍ ယာဉ်ရပ်နားစခန်းအဖြစ် လုပ်ကိုင်မည့်နေရာ ဖြစ်သည်ဟုလည်း ဦးအောင်သန်းဝင်းက ဆက်လက်ရှင်းပြသည်။ “ယာဉ်ရောင်းဝယ်ရေးစခန်းဆိုတာ အိမ်သာ၊ ရေချိုးခန်း၊ စားသောက်ဆိုင် အခြေခံအနေနဲ့ အဲဒါတွေတော့ ရှိဖို့လို တယ်။ နောက်ပြီး ကားနဲ့ပတ်သက်တဲ့ပစ္စည်း အစုံရှ

ငြိမ်းချမ်းရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ ကချင်နှင့် ရှမ်းတွင် ဦးစားပေးဖွဲ့မည်...

ငြိမ်းချမ်းရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ ကချင်နှင့် ရှမ်းတွင် ဦးစားပေးဖွဲ့မည် ယုဝေ| ဗုဒ္ဓဟူးနေ့၊ မေလ ၂၁ ရက် ၂၀၁၄ ခုနှစ် ဒေသခံများနှင့်ဖွဲ့စည်းမည့် ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေးအဖွဲ့များကို တပ်မတော်နှင့် လက်နက်ကိုင်များအကြား တိုက်ပွဲများ ပြန်ဖြစ်လေ့ရှိသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ဦးစားပေးဖွဲ့စည်းသွားမည်ဟု ယင်းအဖွဲ့များ ပေါ်ပေါက်လာ စေရန်ဆောင်ရွက်နေသည့် Gender and Development Initiative (GDI) အမှု ဆောင်ဒါရိုက်တာ ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။ ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေး အဖွဲ့များသည် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား လုပ် ဆောင် နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်များကို စောင့်ကြည့်ရန်သာမက ငြိမ်းချမ်းရေးတွင် ပြည်သူလူထုပါဝင်နိုင်မှု အခန်းကဏ္ဍကိုလည်း စောင့်ကြည့်သွားမည် ဖြစ်သည်။ “နှစ်ဖက်တပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေကို စောင့်ကြည့်တာထက် ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို စောင့်ကြည့်မှာပါ။ အဓိက ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်သူလူထုပါဝင်နိုင်မှု၊ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍအကြောင်းကို အဓိက ထားသွားမှာပါ” ဟု ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။ ကချင်ပြည်နယ်တွင် ဖားကန့်၊ ၀ိုင်းမော်၊ မိုးည
Data tweaks change face of poverty www.mmtimes.com Are you in the development business? Well, here’s a test for you: What is the poverty rate in Myanmar? The answer is 25.6 percent, as derived from the United Nations Development Program-supported 2010 Integrated Household Living Conditions Survey (IHLCA) survey. Or rather, that was the answer. At a modest workshop held at the World Bank on May 16, they announced a new number: 37.5pc from The Myanmar Times's Facebook Wall http://ift.tt/1gNd2Nh

ယနေ့ မိုးလေဝသအခြေအနေ

ယနေ့ မိုးလေဝသအခြေအနေ from The Voice Weekly's Facebook Wall http://ift.tt/1vD7kS4

(မေလ ၂၁ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial) ထိုင်း သ...

(မေလ ၂၁ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial) ထိုင်း သင်ခန်းစာ ပြီးခဲ့သည့် နာရီပိုင်း အတွင်းကပင် ထိုင်းစစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာကာ ဘန်ကောက်မြို့တော်ရှိ အစိုးရ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဓိက အဆောက်အအုံများတွင် နေရာယူ တပ်စွဲထားလိုက်ကြသည်။ ယင်းမတိုင်ခင် ကာလများက ယင်းလပ်အစိုးရကို ဆန့်ကျင်သော အုပ်စုနှင့် ထောက်ခံသော အုပ်စုများအကြား အကြမ်းဖက် တိုက်ခိုက်လာနိုင်သည့် အရိပ်အယောင်များ ရှိနေခဲ့သည်။ တစ်နည်းအားဖြင့် ဆိုရပါက ထိုင်းနိုင်ငံ၏ မငြိမ်မသက်မှု များသည် ပြည်တွင်းစစ် ဖြစ်သွားနိုင်သည်အထိ အခြေအနေ ဆိုးသွားနိုင်သောကြောင့် ထိုင်းစစ်တပ်က စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းလိုက်ခြင်းပင် ဖြစ်သည်။ ထိုင်းနိုင်ငံရေးသည် စင်စစ်အားဖြင့် ငွေကြေး ချမ်းသာသူများ၊ မြို့နေ ပညာတတ် လူတန်းစားများ ပါဝင်သည့် ရှပ်ဝါ အီလစ်အုပ်စုနှင့် မြို့ပြဆင်ခြေဖုံးနှင့် ကျေးလက်ဒေသနေ အခြေခံ ထိုင်းပြည်သူ ရှပ်နီများအကြား ပဋိပက္ခဟု ယေဘုယျအားဖြင့် ဆိုနိုင်သည်။ သို့သော် ယင်းပဋိပက္ခ နောက်ကွယ်တွင် နိုင်ငံ့စီးပွား ရာနှုန်းအများစုကို ချုပ်ကိုင်ထားသည့် ဘုရင့် ဆွေတော်မျိုးတော်များ၊ ၎င်းတို့နှင့် ဆက်စပ်ပတ်သက်သူ အီလစ်များ၊ စစ်ဗိုလ်ချုပ်ဟေ

#emg_editorials ၂၀၁၄ မေလ ၂၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော...

#emg_editorials ၂၀၁၄ မေလ ၂၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော် ထိုင်းစစ်တပ်၏ မာရှယ်လော ကြေညာချက် ထိုင်းနိုင်ငံတွင် သက်ဆင်ရှင်နာဝပ်ထရာအပြင် သူနှင့်ဆက်နွှယ်နေသော နိုင်ငံရေးအင်အားစုများနှင့် ဒီမိုကရက်ပါတီဦးဆောင်သော အတိုက်အခံအင်အားစုများ အားပြိုင်နေခဲ့သည်မှာ နှစ်ပေါင်းအတန်ကြာခဲ့ပြီဖြစ်သည်။ ရှပ်နီအုပ်စုနှင့် ရှပ်ဝါအုပ်စုဟူ၍ အကြမ်းဖျင်း သတ်မှတ်ခေါ်ဆိုကြသည်။ စစ်တပ်ကအာဏာသိမ်းယူမှုကြောင့် သက်ဆင်အစိုးရ ပြုတ်ကျပြီးနောက်ပိုင်း သက်ဆင်နှင့် ဆက်နွှယ်နေသော ၀န်ကြီးချုပ်များ တက်လာလိုက် အတိုက်အခံများကြောင့် ပြန်ပြုတ်ကျသွားလိုက်နှင့် သံသရာလည်နေခဲ့သည်မှာ သက်ဆင်၏ညီမဖြစ်သူ ယင်လက် ၀န်ကြီးချုပ်ဖြစ်လာသည်အထိဖြစ်သည်။ နောက်ဆုံး၌ ယင်လက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက မေ ၇ ရက်တွင် ရာထူးမှဖယ်ရှားခဲ့ပြီး နီဝတ်တုမရွမ်ဘွန်ဆောင်ပေဆန် ယာယီဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ သို့သော် ထိုင်းနိုင်ငံရေး ပဋိပက္ခက ငြိမ်သက်၍မသွားဘဲ မေ ၂၀ ရက်တွင် ထိုင်းစစ်တပ်က တစ်နိုင်ငံလုံး၌ မာရှယ်လောကြေညာချက် ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့် ခြောက်လကတည်းက စတင်ဖြစ်ပေါ်ခဲ့သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း လူသေဆုံးမှုများဖြစ်ပေါ်ခဲ့သည

ထိုင်းစစ်တပ်က အစိုးရအဖွဲ့ကို ကြိုတင်အသိမပေးဘဲ မာရှယ်လော ကြေညာ ထိုင်းနိုင်ငံတွင်...

ထိုင်းစစ်တပ်က အစိုးရအဖွဲ့ကို ကြိုတင်အသိမပေးဘဲ မာရှယ်လော ကြေညာ ထိုင်းနိုင်ငံတွင် စစ်တပ်က မေ ၂၀ ရက်တွင် တစ်နိုင်ငံလုံး၌ မာရှယ်လောကြေညာချက် ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့် ခြောက်လကတည်းက စတင်ဖြစ်ပေါ်ခဲ့သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများကြောင့် မငြိမ်မသက်ဖြစ်နေသည့် အနေအထားကို ထိန်းသိမ်းရန်အတွက် စစ်တပ်က မာရှယ်လောထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံ၏ ရုပ်သံဌာနများကို စစ်တပ်က လုံခြုံရေးချထားခဲ့ပြီး ထိုင်းပြည်သူ့ ရုပ်သံဌာနက စစ်သားများနှင့် သံချပ်ကာကားများ ဘန်ကောက်မြို့ရှိ အသံလွှင့်ဌာနများ အပြင်ဘက်၌ နေရာယူနေသည့် ဓာတ်ပုံများကို ထုတ်လွှင့်ပြသခဲ့သည်။ ထိုင်းရုပ်သံဌာနမှ ကြေညာချက်တစ်ရပ် ဖတ်ပြရာတွင် စစ်တပ်က ထိုင်းနိုင်ငံ၏ ရေဒီယိုနှင့် ရုပ်သံဌာနအားလုံး ၎င်းတို့၏ပုံမှန် အစီအစဉ်များကို လိုအပ်သည့်အချိန်၌ ရပ်ဆိုင်းထားရမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဘန်ကောက်မြို့တွင် နိုင်ငံရေး အကြမ်းဖက်မှုများ မြင့်တက်လာခဲ့ပြီးနောက် စစ်တပ်အကြီးအကဲက သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် ယခုကဲ့သို့ ကြေညာချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ အစိုးရအဖွဲ့၏ ပြောကြားချက် ထိုင်

“မာရှယ်လောထုတ်ပြန်မှုဟာ သမာသမတ်ကျတဲ့ မီဒီယာတွေ အပေါ်မှာတော့ သက်ရောက်မှု လုံးဝမရှိပါ...

“မာရှယ်လောထုတ်ပြန်မှုဟာ သမာသမတ်ကျတဲ့ မီဒီယာတွေ အပေါ်မှာတော့ သက်ရောက်မှု လုံးဝမရှိပါဘူး”၊ Nation Media Group မှ President Mr.Pana Janviroj နှင့် ဆက်သွယ်မေးမြန်းခြင်း မေ ၂၀ နံနက် အစောပိုင်းတွင် ထိုင်းနိုင်ငံ၌ စစ်တပ်က မာရှယ်လော ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ကြောင့် ထိုင်းနိုင်ငံ၏ လတ်တလော အခြေအနေများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံမှ Nation Media Group ၏ President Mr.Pana Janviroj အား ဆက်သွယ်မေးမြန်းချက်များကို ပြန်လည်ဖော်ပြအပ်ပါသည်။ မေး ။ ယနေ့နံနက်အစောပိုင်း (ထိုင်းစံတော်ချိန် နံနက် ၃ နာရီ) မှာ ထိုင်းစစ်တပ်က မာရှယ်လော (စစ်အုပ်ချုပ်ရေး) ထုတ်ပြန်ခြင်းနဲ့ပတ်သက်ပြီး လက်ရှိအခြေအနေကို သိရှိလိုပါတယ်။ ဖြေ ။ လွန်ခဲ့တဲ့ အပတ်ကစပြီးတော့ လွှတ်တော်က လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းနဲ့ ပတ်သက်ပြီး ထွက်ပေါက်ရဖို့အတွက် နှစ်ဖက်စလုံး (အစိုးရဘက်ရော ဆန္ဒပြသူတွေကိုပါ) စားပွဲပေါ်မှာ ဆွေးနွေးဖို့ ခေါ်ဆောင်နိုင်ရန် ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ ယာယီဝန်ကြီးချုပ်တစ်ယောက် အလျင်အမြန် ခန့်အပ်ဖို့ဆိုတဲ့ တောင်းဆိုချက်ကို လွှတ်တော်က ငြင်းဆန်ပြီးတဲ့ နောက်မှာတော့ ဆန္ဒပြသူတွေဘက်က တွေ့ဆုံဆွေးနွေးပွဲကို ငြင်းဆန်ခဲ့ပါတယ်။ တနင်္လာနေ့မှာ လွှတ်တော်ဟာ လက်ရှိတ

ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား ပခုက္ကူခရိုင်တရားသြူ...

ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား ပခုက္ကူခရိုင်တရားသူကြီးက နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် စွဲချက်တင် ယခုနှစ် ဇန်န၀ါရီ ၂၅ ရက်က ယူနတီဂျာနယ်တွင် ပေါက်မြို့နယ်အတွင်းရှိ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံသတင်း ဖော်ပြမှုကြောင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖောက်ဖျက်မှုဖြင့် တရားစွဲဆိုခံထားရသည့် ယူနတီအမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား ပခုက္ကူ ခရိုင်တရားသူကြီးက လက်ရှိတရားစွဲဆိုထားသော ပုဒ်မဖြင့် စွဲချက်တင်ရန် အမိန့်ချခဲ့သည်။ မေ ၂၀ ရက် (၁၀) ကြိမ်မြောက်ရုံးချိန်း ဒုတိယနေ့တွင် ပခုက္ကူခရိုင်တရားသူကြီး ဦးမောင်မောင်ဌေးက အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းသည် ပေါက်မြို့နယ်၊ မျှားပိုင်းကျေးရွာအတွင်းရှိ နိုင်ငံ၏ ကာကွယ်ရေးအစီအမံနယ်မြေအဖြစ် သတ်မှတ်ထားသော အမှတ် (၂၄) ကာကွယ်ရေးပစ္စည်း စက်ရုံအတွင်းသို့ ၀င်ရောက်ကြည်ရှုသည့် ကိုစည်သူစိုး၊ ကိုရာဇာဦးတို့နှင့်အတူပြန်သွားပြီး ၎င်းကိုယ်တိုင်စက်ရုံအနီး ချဉ်းကပ်ခဲ့ခြင်း၊ ဂျာနယ်တိုက်တာဝန်အရှိဆုံးသူဖြစ်ခြင်းနှင့် သတင်းထုတ်ဖော်ပြခြင်းတို့သည် နိုင်ငံတော်လုံခြုံရေးနှင့် အကျိုးကို ထိခိုက်စေလိုသည့် ရည်ရွယ်ရှိသည့်အတွက် ရာဇ၀တ်မှု ပြစ်ဒဏ်စီရင

လက်ပံတောင်းတောင် စီမံကိန်းရှိ လုံခြုံရေးရဲကားများ ဖျက်ဆီးမှုဒေသခံများကို အမှုဖွင့်...

လက်ပံတောင်းတောင် စီမံကိန်းရှိ လုံခြုံရေးရဲကားများ ဖျက်ဆီးမှုဒေသခံများကို အမှုဖွင့်လိုက်ပြီ ကိုတိုးကြီး| ဗုဒ္ဓဟူးနေ့၊ မေလ ၂၁ ရက် ၂၀၁၄ ခုနှစ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော ရဲတပ်ဖွဲ့ပိုင်ကားများနှင့် အထွေထွေအုပ်ချုပ်ရေးဌာနပိုင်ကားများဖျက် ဆီးခံရခြင်းအပေါ် ဆားလင်းကြီးမြို့မရဲစခန်းက မေလ ၁၉ ရက်တွင် အမှုဖွင့်လိုက်ပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော် ပြောဆိုလိုက်သည်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီး မြို့နယ်၊ ကျောက်ဖြူတိုင်ကျေးရွာရှိ စာသင်ကျောင်းဝင်း အတွင်း မေလ ၁၈ ရက် ည ၁၀ နာရီခန့်က လက်ပံ တောင်းတောင်ကြေးနီစီမံကိန်း လုံခြုံရေးရဲတပ်ဖွဲ့နှင့် ထွေအုပ်ဌာနမှ ရပ်နားထားခဲ့သည့် ကားငါးစီးအား ဒေသခံရွာသူ/သား လူအင်အား(၅၀)ကျော်ခန့်က ဖျက်စီးခဲ့သည်ဟုဆိုကာ ညောင်ပင်ကြီးနယ်မြေရဲကင်း စခန်းမှူး ရဲအုပ်မျိုးညွန့်ဦးက တရားလိုပြုလုပ်၍ ရဲစခန်းသို့ တိုင်တန်းခဲ့ခြင်းဖြစ်သည်။ မေလ ၁၈ ရက် ညကဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် လုံခြုံရေးရဲ နှစ်ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် လုံခြုံရေး ကား ငါးစီးနှင့် ဆိုင်ကယ် ၁၂ စီး ပျက်စီးခဲ့ကြောင်းလည်း တိုင်းရဲ

မဲဆွယ်စည်းရုံးရေး ညွှန်ကြားချက် ပါတီများက တညီတညွတ်တည်း တင်ပြလာပါက ဖျက်သိမ်းနိုင်ဟ...

မဲဆွယ်စည်းရုံးရေး ညွှန်ကြားချက် ပါတီများက တညီတညွတ်တည်း တင်ပြလာပါက ဖျက်သိမ်းနိုင်ဟုဆို အေးမြင့်စန်း| ဗုဒ္ဓဟူးနေ့၊ မေလ ၂၁ ရက် ၂၀၁၄ ခုနှစ် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ညွှန်ကြားချက် မူကြမ်းကို နိုင်ငံရေးပါတီ ၆၅ ပါတီက အချက်လက်များနှင့်တကွ တညီတညွတ်တည်း တင်ပြလာပါက ကော်မရှင် ဥက္ကဋ္ဌက ဖျက်သိမ်းပေးနိုင်ချေရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က မေ ၂၀ တွင် မဇ္ဈိမကို ပြောသည်။ မဲဆွယ်စည်းရုံးရေး ညွှန်ကြားချက် မူကြမ်းကို ပါတီများသို့ ပေးဝေထားပြီး မူကြမ်းနှင့်ပတ်သက်၍အကြံပြုချက်များ၊ ဆွေးနွေးချက်များ ပေးပို့ရန်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောကြားထားသည်။ ဦးသောင်းလှိုင်က “ညွှန်ကြားချက်က ထုတ်မှ မထုတ်ပြန်ရသေးတာ။ ချပြတဲ့ သဘောပဲ ရှိသေးတယ်။ ကော်မရှင်ဥက္ကဋ္ဌကို ဆွေးနွေးပါ။ အကြံပြုချက်တွေပို့ပါလို့ ကော်မရှင်ဥက္ကဋ္ဌကလဲ ဆွေးနွေးထားတယ်လေ။ ၆၅ ပါတီကသာ မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်တွေအပေါ် ပယ်ပေးပါလို့ အချက်အလက်နဲ့တကွ ညီညီညွတ်ညွတ် တင်ပြမယ်ဆို ကော်မရှင်ဥက္ကဋ္ဌကလဲ ဖျက်သိမ်းဖို့ ဆုံးဖြတ်နိုင်ချေရှိပါတယ်”ဟုြေ

မြို့နယ်ချင်းဆက်လမ်းပြင်ပေးရန် လူ ၃,၀၀၀ ဆန္ဒပြ ရေခဲ(ပြည်)| ဗုဒ္ဓဟူးနေ့၊ မေလ ၂၁ ရက...

မြို့နယ်ချင်းဆက်လမ်းပြင်ပေးရန် လူ ၃,၀၀၀ ဆန္ဒပြ ရေခဲ(ပြည်)| ဗုဒ္ဓဟူးနေ့၊ မေလ ၂၁ ရက် ၂၀၁၄ ခုနှစ် ပဲခူးတိုင်းအနောက်ခြမ်းရှိ ပေါင်းတည်-မှတ်တိုင်-ပေါက်တောလမ်းမကြီး ပြင်ပေးရန် ပြည်ခရိုင် ပေါင်းတည် မြို့နယ်မှ ဒေသခံ အင်အား ၃,၀၀၀ ကျော်တို့က မေလ ၂၀ ရက်တွင် လမ်းလျှောက် ဆန္ဒပြတောင်းဆိုလိုက်သည်။ ယင်းနေ့နံနက် ၈ နာရီတွင် စတင်ခဲ့သည့် အဆိုပါဆန္ဒပြပွဲသည် ပေါင်းတည်မြို့၊ မှတ်တိုင်ကျေးရွာအုပ်စုမှ စတင်ထွက်ခွာကာ ဘုရားကြီးလမ်း၊ ရွှေတောင်လမ်း၊ (၆)လမ်း၊ (၅) လမ်း အစရှိသည့်ပေါင်းတည်မြို့ ပေါ်လမ်းများတစ်လျှောက် ချီတက်ဆန္ဒ ထုတ်ဖော်ခဲ့သည်။ “ထိန်းသိမ်းမှုမရှိလို့ လမ်းကြီးက ပျက်စီးနေတယ်။ သက်ဆိုင်တဲ့ပုဂ်္ဂိုလ်တွေက တာဝန်သိသိနဲ့ ကောင်း ကောင်းမွန်မွန် ပြင်ဆင်ပေးဖို့ ဒီနေ့ ဆန္ဒဖော်ထုတ်တာ” ဟု ဆန္ဒပြပွဲကို ဦးဆောင်သူကပြောသည် အဆိုပါလမ်းသည် ပဲခူးတိုင်းအနောက် ခြမ်း ပြည်ခရိုင်အတွင်းရှိနေပြီး သာယာဝတီ၊ ပေါင်းတည်၊ ပုတီးကုန်း၊ သဲကုန်းနှင့် ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာများသို့ ဆက်သွယ်ပေးထားရာ လမ်းပြင်ဆင်ပြီးပါ က အချိန်တိုအတွင်း ခရီးတိုဖြင့် အလွယ်တကူသွားလာနိုင်မည်ဖြစ်သည်။ “အဓိကတော့ ဒီလမ်းဟာ နဂိုကတည်းက ရှိခဲ့ပြီး ပေါင်းတည်ကနေ ပေါက်ခေါင်းကိုသွာ