Skip to main content

Posts

Showing posts from December 17, 2014

မြေသယ်ယာဉ် ဘရိတ်ပေါက် ဓာတ်တိုင်ကိုဝင်တိုက်

မြစ်ငယ် ဒီဇင်ဘာ ၁၇ ဒီဇင်ဘာ ၁၇ ရက် ညနေ ၃ နာရီကမန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မြစ်ငယ်တံတားထိပ် ၁၂ မိုင် သံလမ်းကူးဂိတ်၌ မြေသယ်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ဓာတ်တိုင်တစ်တိုင်ကို ဝင်ရောက်တိုက်မိခဲ့ရာ ဓာတ်တိုင် သုံးပိုင်းပြတ်ကျိုးကျသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာမြစ်ငယ်တံတားမှ မောင်းနှင်လာပြီး စစ်ကိုင်း-မြစ်ငယ် ဖြတ်လမ်းအဝင် ရန်ကုန်-မန္တလေး ရထားသံလမ်းဂိတ် ၁၂ မိုင်၌ ယာဉ် မောင်း စောဒိုနေထူး လွိုင်ကော်မြို့ မောင်းနှင်လာသော မြေသယ်ယာဉ် ၁ဝ ဘီးကားသည် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ဓာတ်တိုင်ကို ဝင်ရောက်တိုက်မိခြင်း ဖြစ်ကြောင်းသိရသည်။ အဆိုပါယာဉ်တိုက်မှုတွင် ထိခိုက် သေဆုံးမှုမရှိကြောင်းနှင့် ရပ်ထားသော မော်တော်ဆိုင်ကယ်အချို့သာ ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။ မောင်မောင်စိုး(မြစ်ငယ်) Myanmaalinn http://ift.tt/1xK4A5u from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1BZNSng