Skip to main content

Posts

Showing posts from February 10, 2015

သံပုရာသီးအစွမ်း အံ့မခန်း

သံပုရာသီးကို ဆေးအတွက် အမျိုးမျိုး အသုံးပြုနိုင်ပါတယ်။ *ခံတွင်း ကျန်းမာရေးအတွက်* သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံ တင်မကဘူး။ တောက်ပစေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက် နေရင်လည်း သံပုရာရ ည်နဲ့ ပလုတ်ကျင်းပေးပါ။ *နှုတ်ခမ်းကွဲခြင်းအတွက်* မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။ *ဆံပင်ကျွတ်ခြင်းအတွက်* အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။ *ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်* ကြက်ဥအကာရည်နှင့် သံပရာရည် (သံပုရာသီးတစ်လုံးစာ) တို့ရောပြီး ဆံနွယ်အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီးဆေးကြောပေးပါ။ တစ်လလောက် လုပ်ပေးရုံနဲ့တင် ဦးရေပြားသန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင် သွားပါ လိမ့်မယ်။ *အသားအရေခြောက်သွေ့ခြင်းအတွက်* ငှက်ပျောသီးမှည့်တစ်လုံးကို ယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ်ဆတ်

ခွန်အားကိုဖြစ်စေမည့် အစားအစာ(၁၂)မျိုး

အားအင်အတွက် စားသုံးသင့်သော အစားအစာ (၁၂) မျိုးကို ကျန်းမာရေးသတင်းများကို ဖတ်ရှုသူများအတွက် ဖော်ပြပေးလိုက်ပါတယ်။ (၁) Honey ပျားရည် (၂) Apple ပန်းသီး (၃) Eggs ဥအမျိုးမျိုး (၄) Sweet Potatoes ကန်စွန်းဥ (၅) Salmon ဆလ်မွန်ငါး (၆) Oranges လိမ္မော်သီး (၇) Bananas ငှက်ပျောသီး (၈) Oats ဂျုံ (မြင်းစားဂျုံ) (၉) Beans ပဲအမျိုးမျိုး (၁၀) Spinach ဟင်းနုနွယ်ရွက် (၁၁) Yogurt ဒိန်ချဉ် (၁၂) Almond အလ်မွန်စေ့ ၄င်း အစားအစာ ၁၂ မျိုးဟာ အားအင်ကို ဖြစ်စေရုံသာမက လူတို့၏ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးနိုင်ပါသည်။ စောနွဲ့ နေဆိုင်(ပူတာအို) ကိုးကား ။ ။ Be healthy, eat healthy ကျန်းမာရေးသတင်းများ from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1uC0cId

အထိရောက်ဆုံးဖြစ်ခဲ့တဲ့ ဝိတ်ချနည်းလေးများ

ကမ္ဘာနဲ့အဝန်းအရွယ်ရောက်ပြီးဝိတ်တက်နေကြတဲ့ ကျား/မများဟာ ကျန်းမာရေး(သို့မဟုတ်)လှပမှုအတွက် အစာ-ဆေး- လေ့ကျင့်ခန်းစတဲ့နည်းမျိုးစုံတို့ဖြင့် ဝိတ်ချနေကြပါတယ်။ နည်းမျိုးစုံနဲ့ ဝိတ်ချနေကြပါစေ၊ လေ့လာဆန်းစစ်ချက်များအရ အောက်ပါဝိတ်ချနည်း(၈)မျိုးက အထိရောက်ဆုံးဖြစ်စေခဲ့တယ်လို့  Beauty High (ခေါ်)ကျန်းမာလှပမှုဆိုင်ရာ အင်တာနက် သတင်းလွှာမှာ ဖော်ပြထားပါတယ်။ (၁) နံနက်စာ ကောင်းကောင်း စားပါ။ ကျန်းကျန်းမာမာနဲ့ ကိုယ် အလေးချိန်ကျစေဖို့ဆိုရင် 'နံနက် စာကို ရှင်ဘုရင်ကြီးလိုစားပါ၊ ညစာကို သူဖုန်းစားလိုစားပါ' ဆိုတဲ့ ဆောင်ပုဒ်လေးကို ကျန်းမာ ရေးအမြင်ရှိ သူတိုင်းသိနှင့်ပြီးသား ဖြစ်နေပါလိမ့်မယ်။ ဆန်-လူး-ဆပ်-ကွေကာအုပ် တို့ဟာ နံနက်စာ အတွက် ကောင်းမွန်တဲ့အစားအစာ များဖြစ်ပါတယ်။ နောက်ဆုံး လေ့လာဆန်းစစ်ချက်တွေအရ အညို ရောင်ကွေကာအုပ်(အကြမ်း)ဟာ အရွယ်သုံးပါး အားလုံးအတွက် ကျန်းမာရေးဘက်စုံကောင်းစေတဲ့ အပြင် ကိုလက်စထရောကျစေပြီး အချိန်တော်တော်ကြာ အဆာခံနိုင်တာလို့ အကောင်းဆုံးနံနက်စာတစ်ခုဖြစ်တယ်လို့ ကျန်းမာရေး သုတေသီများက တညီတညွတ် တည်း ထောက်ခံထားကြပါတယ်။ (၂) အသင့်စား အဆာပြေတွေ ကိုရှောင်ပါ။ အာလူးကြော်၊ ကြက်ကြော်၊ ဒိုးနတ် စတဲ့ဆီကြော်မု