Skip to main content

Posts

Showing posts from January 8, 2015

အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ စားသုံးခြင်းဖြင့် အမျိုးသမီးများ ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားမှု နှုန်းကို လျှော့ချနိုင်

အသီးအနှံများနှင့် ဟင်းသီးဟင်းရွက် များအား ပိုမို စားသုံးခြင်းသည် အမျိုးသမီး များတွင် ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားနိုင်မှု နှုန်းကို လျှော့ချ ပေးနိုင်ကြောင်း အမေရိကန် နိုင်ငံရှိ သုတေသီ များက ပြောကြားထားသည်။ ဟာဝိုင်ယီ တက္ကသိုလ်မှ သုတေသီ များသည် ၁၂ နှစ်ခွဲကြာ ကာလ အတောအတွင်း အရွယ် ရောက်ပြီးသူ ၁၈၅,၈၈၅ ဦးထံမှ ကျန်းမာရေး ဆိုင်ရာ အချက်အလက် များကို စုဆောင်း၍ လေ့လာ ဆန်းစစ်မှု များကို ပြုလုပ်ခဲ့ပြီး Nutrition ဂျာနယ်တွင် ဖော်ပြခဲ့ကြောင်း ဆင်ဟွာ သတင်း ဌာနက ထုတ်ပြန်ထားသည်။ သုတေသီ များသည် ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားရန် အလားအလာ ရှိသော အမျိုးသမီး ၁၅၂ ဦးနှင့် အမျိုးသား ၄၂၉ ဦးတို့အား ရောဂါရှာဖွေ ဖော်ထုတ် ခဲ့ကြသည်။ ထို့နောက် ကင်ဆာ ရောဂါနှင့် ဆက်နွှယ်သည့် ပြောင်းလဲမှု အမျိုးမျိုးကို ချိန်ကိုက် ထိန်းညှိရာမှ အသီးအနှံနှင့် ဟင်းသီးဟင်းရွက် အများဆုံး စားသော အမျိုးသမီး များသည် ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွား မှုနှုန်း အနည်းဆုံး ဖြစ်သည်ကို တွေ့ရှိ ခဲ့ကြသည်။ အ၀ါ-လိမ္မော်ရောင် ရှိသော ဟင်းသီးဟင်းရွက် အများဆုံး စားသုံးသူ အမျိုးသမီး များသည် အဆိုပါ ဟင်းသီးဟင်းရွက် များအား အနည်းဆုံး စားသုံးသူ အမျိုးသမီး များနှင့် နှိုင်းယှဉ်ပါက ဆီးအ

အမျိုးသမီးများ အိပ်မပျော်ရခြင်း အကြောင်းရင်းများ

ဒေါက်တာရှင့် ကျွန်မအသက် ၆၀ ကျော်ပါပီ။ လွန်ခဲ့တဲ့ သုံးလေးနှစ်ထဲက ညဆို နှစ်ခြိုက်စွာ အိပ်မပျော်ပါဘူး ဆရာ။ အဲ့ဒါဘာဖြစ်လို့ပါသလည်း။ ကျွန်မမှာ ဆီးချိုရောဂါတော့ ရှိပါတယ် ဆရာ။ ဆီးချိုကြောင့် နှစ်ခြိုက်စွာ အိပ်မပျော်တာပါလား။ ကျွန်မပြသနေတဲ့ ဆေးခန်းက အိပ်ဆေးပေးပါတယ်ဆရာ။ ဆေးက ဝယ်ရခက်တဲ့ဆေးပါ။ ဆေးမသောက်ဘဲ အိပ်ပျော်ချင်ပါတယ် ဆရာ။ ကူညီပေးပါ။ ဒေါ်တင်တင်ဝေ(ကျောက်ကုန်း) ဒေါ်တင်တင်ဝေရဲ့ ပြဿနာကို သက်ကြီးပိုင်း အမျိုးသမီးအများစုမှာ တွေ့ရလေ့ရှိပါတယ်။ အသက်အရွယ်ရ၍ ဖြစ်ပေါ်လာတဲ့ ဟော်မုန်းဓာတ် အပြောင်းအလဲကြောင့်သော် လည်းကောင်း၊ ဆီးချို၊ သွေးတိုးကဲ့သို့ ရောဂါတစ်ခုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ်သော် လည်းကောင်း၊ နေထိုင်မှု ပုံစံမမှန်ကန်မှုကြောင့်သော် လည်းကောင်း နှစ်ခြိုက်စွာ အိပ်မပျော်ခြင်း ဖြစ်လေ့ရှိပါတယ်။ လူတစ်ယောက်ချင်းစီမှာ လိုအပ်တဲ့အိပ်ချိန်က တူညီလေ့ မရှိတာကြောင့် ဒေါ်တင်တင်ဝေ လိုအပ်တဲ့ အိပ်ချိန်ပမာဏကို ကိုယ်တိုင်သိထားဖို့ လိုအပ်တာက ပထမအချက်ပါ။ ဥပမာ- ည ၁ဝ နာရီအိပ်ရာဝင်ပြီး မနက် ၆ နာရီထလျှင် အိပ်ချိန် ၈ နာရီရ၍ ထိုအိပ်ချိန် ၈ နာရီမျှ အိပ်ရသည်ကို ခန္ဓာကိုယ်က ကြည်လင် လန်းဆန်းပါသလားဆိုတာကို သိသင့်ပါတယ်။ ဒါကြောင့် အိပ်မ

ကျောက်ကပ် အားနည်းခြင်း

ကျောက်ကပ်နှစ်လုံးဟာ ခန္ဓာကိုယ် က အညစ်အကြေး အဆိပ်အတောက်များကို စွန့်ထုတ် ပေးရတယ်။ ကျောက်ကပ်တစ်လုံး ထုတ်လိုက်ရင်လည်း ကျန်နေတဲ့ တစ်လုံးကောင်းမွန်ရင် ဆီးဆိပ် သွေးထဲမှာ များလာမယ်။ ကျန်တစ်လုံး က သုံးပုံတစ်ပုံမှ တစ်ဝက်ခန့် ထုတ် လိုက်ရင်လည်း ဆီးဆိပ်များ ပုံမှန် အတိုင်းရှိနိုင်တယ်။ သွေးထဲမှာ ဆီးဆိပ် များလာရင် အလုပ်လုပ်နိုင်တဲ့ ကျောက်ကပ်ပမာဏ ၃ဝ ရာခိုင်နှုန်းအောက်၊ သုံးလေးဆများရင် အလုပ်လုပ်နိုင်တဲ့ ကျောက်ကပ်ပမာဏ ၁ဝ ရာခိုင်နှုန်းအောက်လို့ ခန့်မှန်းနိုင်တယ်။ ခန္ဓာကိုယ်ထဲမှာ ဆီးဆိပ်များ လာရင် ထုံဆေးနဲ့ ဝမ်းဗိုက်ထဲကို ပိုက်ငယ်တစ်ခု ထည့်ပြီး တပ်ဆင်ဆေးကြော ကုသခြင်း နဲ့ ပုံမှန်ဆေးကြောခြင်း၊ ကျောက်ကပ် တုသွေးသန့်စက်ဖြင့် ဖယ်ရှားသန့်စင် ကုသခြင်းနဲ့ ကျောက်ကပ် အစားထိုး ကုသခြင်းတို့ ပြုလုပ်နိုင်တယ်။ ရေရှည် ကျောက်ကပ် အလုပ်မလုပ်တဲ့ လူနာတွေမှာ ဆီးဆိပ်များပြီး ခန္ဓာကိုယ် အစိတ်အပိုင်းများက တဖြည်းဖြည်းချင်း ပျက်စီးချို့ယွင်းလာတယ်။ ကြာတော့ အသက်ဆုံးရှုံး ရခြင်းဖြစ်ရတယ်။ ကျောက်ကပ် အားနည်းလို့ လူနာဟာ မစားချင်မသောက်ချင် ဖြစ်လာခြင်း၊ ပျို့အန်ခြင်း၊ ကိုယ်လက် မအီမသာဖြစ်ခြင်း၊ မောပန်းခြင်း၊ နေ့အခါ အိပ်ငိုက်ခြင်း၊ မှိန်းခြင်း၊ က

မူးယစ်ဆေးဝါး၊ HIV နှင့် အနာဂတ်ပျောက်လူငယ်တို့၏ နေ့ရက်များ

တောင်တန်းများက စိမ်းမှောင်မှောင်၊ ရာသီဥတုကအေးမြမြ၊ တိမ်တောင်ကမှုန်ပြပြ၊ လူများက ဖြူလွှလွှ...ဒီဇင်ဘာလအတွင်းက ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက် မြို့ကို စမြင်တွေ့ရသည့် နှင်းမြူကြားကမြင်ကွင်းများက ယနေ့အထိ မေ့မရ။ ''ကျွန်တော်တို့ ဒီကချင်ပြည် နယ်ဘက်မှာတော့မှတ်မိသလောက် ဆဋ္ဌမတန်း ကျောင်းသားဘဝက တည်းကဆေးခြောက်ရှူတဲ့ကျောင်း သား အချင်းချင်းလာမြူဆွယ်ကြ တာပဲ။ ဒါကောင်းတယ် မင်းရှူ မလားပြောတယ်။ကျွန်တော်ကတော့ အဘိုး ကျေးဇူးကြောင့်ဆေးမရှူတတ်ခဲ့ပါ ဘူး။ဒီလိုပဲ ဒီနယ်ပယ်တစ်ဝိုက်မှာ ဆေးထိုးအပ်ကိုင်တဲ့မူးယစ်ဆေး သုံးသူတွေကိုတွေ့နေရတာ အစဉ် အလာလိုဖြစ်နေပြီ''ဟု ကွယ်လွန် သူ စာရေးဆရာကြီး ဗန်းမော်တင် အောင်၏မြေးဖြစ်သူ ဒေါက်တာ ထက်အောင်(မိုးမောက်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှူး)ကပြော ပြသည်။ထိုတစ်နေ့ကကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့ကို ၂ဝ၁၄ ဒီဇင်ဘာ၂၂ရက်က ခြေချ သည်နှင့် လာရင်းမူးယစ်ဆေး အကြောဆေး ထိုးသွင်းသူများနှင့် HIV အန္တရာယ်အကြောင်းသတင်း ယူသွားသည့်ခရီး၌ပထမဆုံးတွေ့ သည့်အထက်ပါဆရာဝန်က ၄င်း တို့ဒေသ၏ လူငယ်များနှင့်မူးယစ် ဆေးဝါးအကြောင်း ပြောပြခြင်း ဖြစ်သည်။မိုးမောက်မြို့နယ်တွင် မူးယစ် ဆေးအမျိုးအစားေ

ဆီးကျောက် တည်ခြင်းနှင့် အစာအိမ်နာ ရောဂါ

ဆီးကျောက်တည်ခြင်းနဲ့ အစာအိမ်နာခြင်းဟာ အစာကြောင့် ဗိုက်အောင့်သလို ဆီးကျောက်ကြောင့် ဆွဲဆုပ်ကိုင်ပြီး အောင့်တတ်ပါတယ်။ အစာ သို့မဟုတ် အစာမရှိလည်း အောင့်တတ်တယ်။ အောင့်တဲ့နေရာက အစာအိမ် ဆိုရင် အရှေ့ဘက်၊ ဆီးကျောက်တည်တာဆိုရင် ခါးနောက်ကျောက အောင့်တတ်တယ်။ ဆီးကျောက်တည်ရင် ခါးနှစ်ဖက်လုံး နာပြီး ပျို့အန်တာ၊ဗိုက်နာတာ ဖြစ်လို့ အစာအိမ်နဲ့ မှားပြီး ကုကြတယ်။ ကျောက်တည်တာ သေချာအောင် တီဗွီဓာတ်မှန် ရိုက်ကြည့်ပြီး ခွဲခြား သိနိုင်ပါတယ်။ ဆီးပြွန်မှာ ကျောက်တည်ရင် အင်္ဂါစပ်အထိ နာတယ်။ ဝမ်းဗိုက်အောက်ပိုင်း ဆီးလမ်းကြောင်း တစ်လျှောက်နာတယ်။ ဆီးပြွန်ရဲ့အောက်ဆုံးပိုင်း ဆီးအိမ်နားမှာ ကျောက်တည်ရင် အင်္ဂါစပ်ထိနာတယ်။ ဆီးခဏခဏ သွားတယ်။ ကျောက်ရှိရှိ၊ ပိုးပဲဝင်ဝင် အဖျားပါလာလို့ ဆီးကျဉ်တာ သတိထား ဆေးကုသင့်တယ်။ အစာအိမ်မှာက ဝမ်းခေါင်းကနေ ဘယ်ဘက်ရင်ညွန့် ကနေချက်အထိ နာတယ်။ အစာဝင်ရင် သက်သာသလိုနဲ့ ပိုဆိုးတတ်တယ်။ ဆီးနဲ့ပတ်သက်တဲ့ ဝေဒနာမပေးဘူး။ဆီးကျောက်တည်တာ သေးရင် ဆီးပြွန်အတွင်း ပြုတ်ကျတာ သို့မဟုတ် ဆီးကျောက်ကြီးပြီး ကျောက်ကပ်ကို ပိတ်ဆို့ရင် ကျောက်ကပ်ကင်ဆာ အထိဖြစ်တတ်တယ်။ ဆီးအိမ်မှာ ကျောက်တည်တာ ကြာရှည်နေရင် ပွန်းပဲ့ဒဏ်ရာ ခဏခဏဖြစ်ပြီး ကာလကြာရှည

ပန်းနာ ရင်ကျပ်ခြင်းနှင့် သက်သာ ပျောက်ကင်းစေမည့် ဆေးများ

ပန်းနာရင်ကျပ် ရောဂါဆိုသည်မှာ အဆုတ် လေပြွန်ငယ်များ ကျဉ်းမြောင်းသွားသည့် အတွက် အသက်ရှူရ ခက်ခဲသော ရောဂါတစ်မျိုး ဖြစ်တယ်။ သာမန်အချိန်၌ ရှူသွင်းလိုက်သော လေသည် အတားအဆီး မရှိဘဲ အဆုတ်အတွင်း ဝင်ရောက်နိုင်သော်လည်း ပန်းနာထချိန် တွင် လေပြွန်ငယ် များ ရောင်ခြင်း၊ကြွက်သားများ ကြံ့ခိုင်ခြင်း ချွဲသလိပ်များ ထွက်ခြင်းကြောင့် လေပြွန် ကျဉ်းမြောင်း ပိတ်ဆို့ပြီး လေရှူသွင်း မှုကို ခက်ခဲစေသည်။ အမြစ်ပြတ်ဖို့- အမြစ်ပြတ်အောင် ကုသဖို့ မလွယ်ပါ။ သို့သော် ယခု ထွက်ရှိလာသော စားဆေး၊ရှူဆေးများသည် သန်းပေါင်း များစွာသော လူအများကို ပန်းနာရောဂါ ထိန်းချုပ်နိုင်ပြီး သာမန်လူတစ်ယောက်လို နေ့စဉ်ပုံမှန် လုပ်ငန်း လုပ်ကိုင်နိုင်စေကာ အလုပ်မပျက် ရင်ကျပ်လျက်ပင် လုပ်ကိုင် နိုင်ပါသည်။ ပန်းနာရင်ကျပ် ဆေးဝါးမှာ နှစ်မျိုးရှိပါတယ်။ ရှူဆေးနှင့် စားဆေးဟူ၍ ခွဲထားသည်။ (၁) လေပြွန် ကျယ်စေသော ဆေး၊ (ဥပမာ-ဗင်တိုလင်ကို ပန်းနာထစဉ်မှာ သုံးတယ်။) လေပြွန် ကျယ်စေသည့်အတွက် အသက်ရှူ ခက်ခဲခြင်းနှင့် ရင်ကျပ်ခြင်းကို ချက်ချင်း သက်သာစေသည်။ ကာကွယ်ဆေးကို အမြဲပုံမှန် သုံးသင့်သည်။ ပန်းနာထခြင်းကို အခြေခံသည့် လေပြွန်ရောင်ခြင်းကို လျော့စေပြီး လေပြွန်ကျယ်ခြင်းကို ကြာရှည် ထ

How to live with HIV-positive person အတူနေမယ် မကူးစေရ

၁။ ဆရာရှင့် HIV/AIDS ရောဂါ ဘယ်နှနစ်ကြာမှ ရောဂါပိုး ရှိမရှိသိနိုင်ပါလဲဆရာ။ ကျွန်မက ရိုးရိုးသားသား နေထိုင်သူပါ။ ကျွန်မချစ်သူက အပျော်အပါးလိုက်စားသူပါ။ ချစ်သူနဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက်က တကြိမ်အတူတူနေမိပါတယ်။ ခုချိန် သူ့မှာ AIDS ဖြစ်နေပီဆရာ။ ကျွန်မလည်း သူ့ရောဂါ ကူးစက်ခံရမှာ စိတ်ပူမိပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်တုန်းက အတူနေမိပီး ခုချိန်မှာ စိတ်ချရပါ့မလားဆရာ။ ကျွန်မ ဘာဆက်လုပ်ရမလဲဆရာ။ ၂ နှစ်ဆိုတဲ့အချိန်အတွင်း ရောဂါကူးစက်ခံရနိုင်ခြင်း ရှိမရှိဖြေပေးပါနော်ဆရာ။ ပြီးတော့ ရောဂါရှိသူနဲ့ အတူနေစဉ်မှာ ကွန်ဒုံးနဲ့ အတူနေရင် ကူးစက်ခံရနိုင်ပါသလားဆရာ။ ၂။ ဆရာခင်ဗျာ HIV ပိုးရှိတဲ့သူနဲ့ တစ်အိမ်ထဲအတူနေနိုင်ပါသလား။ ရေအတူတူသောက်တာ ထမင်းပန်းကန် အတူတူ စားတာတွေကနေ ရောဂါကူးနိုင်ပါသလား။ မကူးနိုင်ဘူးဆိုရင်လဲ။ ဘယ်လောက်အထိ စိတ်ချရပါသလဲ။ ဘယ်လို အခြေအနေတွေကနေ ရောဂါကူးစက်နိုင်ပါသလဲ သိချင်ပါတယ် ဆရာခင်ဗျာ။ တကယ်တော့ HIV ပိုးရှိတဲ့သူနဲ့ တအိမ်ထဲ နေရတာဟာ ပိုးမရှိသူနဲ့ နေရတာနဲ့က ဘာမှ သိပ်မထူးလှပါ။ ဒီအချက်ကို The Body: The Complete HIV Resource သုတေသနက ပြောတာ ဖြစ်ပါတယ်။ ပုံမှန်-သာမန် ထိတွေ့မှုတွေကြောင့်တော့ ဒီရောဂါပိုး ကူးတယ်ဆိုတာ မရှိဘ