Skip to main content

Posts

Showing posts from August 17, 2014

အီရတ်မြောက်ပိုင်း မူဆိုးလ်မြို့က အစ္စလာမ်မစ် သူပုန်တွေ သိမ်းပိုက်ထားတဲ့ ရေကာတာက...

အီရတ်မြောက်ပိုင်း မူဆိုးလ်မြို့က အစ္စလာမ်မစ် သူပုန်တွေ သိမ်းပိုက်ထားတဲ့ ရေကာတာကို ကာ့ဒ် တပ်တွေက ပြန်လည်သိမ်းပိုက် နိုင်ပြီလို့ သိရပါတယ်။ အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှု အကူအညီနဲ့ တနင်္ဂနွေနေ့တုန်းက ကာ့ဒ် ပက်ရှ်မာဂါ တပ်တွေက ပြန်လည် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ရေကာတာဟာ အီရတ်မြောက်ပိုင်းကို ရေ နဲ့ လျှပ်စစ်မီးပေးဝေနေတာ ဖြစ်ပါတယ်။ http://ift.tt/1rhpMjK အီရတ်ကမူဆိုးလ် ရေကာတာကို ကာ့ဒ် တပ်တွေ ပြန်လည် သိမ်းပိုက်ခဲ့ - သစ်ထူးလွင် (နေ့စဉ်သတင်း) - T www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1yP8ys6

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ရက်နေ့တုန်းက နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ကို ရခိုင်ြ...

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ရက်နေ့တုန်းက နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ကို ရခိုင်ပြည်နယ်မှာ ကျန်းမာရေး ပြန်လည် လုပ်ကိုင်ခွင့်ပြုမယ်လို့ မြန်မာအစိုးရက ကြေညာခဲ့ပေမယ့် အခုချိန်ထိ အစိုးရဘက်က တရားဝင် ကြောင်းကြားမှု တစုံတရာ မရှိသေးတာကြောင့် မြန်မာအစိုးရအနေနဲ့ ပြောထားတဲ့အတိုင်း လုပ်ဆောင်ဖို့ MSF က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။ http://ift.tt/1yP8ybs မြန်မာအစိုးရအနေနဲ့ ပြောတဲ့အတိုင်း လုပ်ဖို့ MSF တိုက်တွန်း - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo.. www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1rhpOrT

အောက်လမ်းဆရာဟု သတ်မှတ်ခံရသည့် ဂျာမနီနိုင်ငံသား ဒူဘိုင်း လေဆိပ်တွင် ပြည်ဝင်ခွင့်...

အောက်လမ်းဆရာဟု သတ်မှတ်ခံရသည့် ဂျာမနီနိုင်ငံသား ဒူဘိုင်း လေဆိပ်တွင် ပြည်ဝင်ခွင့် ငြင်းဆို ခံရ အာရပ်စော်ဘွားများနိုင်ငံ (ယူအေအီး) ၏ မြို့တော် ဒူဘိုင်းလေဆိပ်တွင် အောက်လမ်းဆရာဟု သတ်မှတ်ခံရသည့် ဂျာမနီနိုင်ငံသားတစ်ဦးအား ပြည်ဝင်ခွင့် မပြုခဲ့ကြောင်း သိရသည်။#MizzimaDaily သတင်းအပြည့်အစုံဖတ်ရန် - http://ift.tt/1pDIqjd အောက်လမ်းဆရာဟု သတ်မှတ်ခံရသည့် ဂျာမနီနိုင်ငံသား ဒူဘိုင်း လေဆိပ်တွင် ပြည်ဝင်ခွင့် ငြင် mizzimaburmese.com အာရပ်စော်ဘွားများနိုင်ငံ (ယူအေအီး) ၏ မြို့တော် ဒူဘိုင်းလေဆိပ်တွင် အောက်လမ်းဆရာဟု သတ်မှတ်ခံရသည့် ဂျာမနီနိုင် ငံသား တစ်ဦးအား ပြည်ဝင်ခွင့် မပြုခဲ့ကြောင်း သိရသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1yP729j

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဓားထိုးမှုတစ်ခုဖြစ်ပြီး နှ...

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဓားထိုးမှုတစ်ခုဖြစ်ပြီး နှစ်ဦးသေဆုံး တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း မန်ချူးရီးယားဒေသရှိ ကျိလင်ပြည်နယ် ယန်ကျိမြို့မှ ဈေးဝယ်စင်တာ တစ်ခုတွင် လူတစ်ဦးက ဓားဖြင့် ထိုးမှုကြောင့် နှစ်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။#MizzimaDaily သတင်းအပြည့်အစုံဖတ်ရန် - http://ift.tt/1pDIqj9 တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဓားထိုးမှုတစ်ခုဖြစ်ပြီး နှစ် mizzimaburmese.com တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း မန်ချူးရီးယားဒေသရှိ ကျိလင်ပြည်နယ် ယန်ကျိမြို့မှ ဈေးဝယ်စင်တာ တစ်ခုတွင် လူတစ်ဦးက ဓားဖြင့် ထိုး မှုကြောင့် နှစ်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1yP71SY

စစ်တောင်း၊ သံလွင် စိုးရိမ်ရေမှတ်ရှိမည် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့စိုးရိမ်ရေ...

စစ်တောင်း၊ သံလွင် စိုးရိမ်ရေမှတ်ရှိမည် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့စိုးရိမ်ရေမှတ်အထက် ၂၅ စင်တီမီတာ (၀ ဒသမ ၈ ပေ) ကျော်လွန်နေပြီး ယင်းမြစ်ရေသည် နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက် တည်ရှိနိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒက ထုတ်ပြန်သည်။ #MizzimaDaily သတင်းအပြည့်အစုံ ဖတ်ရှုရန် - http://ift.tt/1pDIqj5 from Mizzima - News in Burmese's Facebook Wall http://ift.tt/1yP71SQ

လန်ဒန်မြို့ ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ကုန်သတ္တောအတွင်းမှ တွေ့ရှိသူများမှာ အာဖဂန...

လန်ဒန်မြို့ ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ကုန်သတ္တောအတွင်းမှ တွေ့ရှိသူများမှာ အာဖဂန်နစ္စတန်မှဖြစ်ကြောင်း ရဲများထုတ်ပြန် ဗြိတိန်နိုင်ငံ လန်ဒန်မြို့အရှေ့ဘက် Tribury ဆိပ်ကမ်းတွင် သြဂုတ် ၁၆ ရက်က ကုန်သေတ္တာတစ်ခု အတွင်း တွေ့ရှိခဲ့ရသည့် လူမှောင်ခိုသွင်းခံရသူများမှာ အာဖဂန်နစ္စတန်မှ ဆစ်ခ်ဘာသာဝင် များဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။#MizzimaDaily သတင်းအပြည့်အစုံဖတ်ရန် - http://ift.tt/1pDIoI0 လန်ဒန်မြို့ ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ကုန်သတ္တောအတွင်းမှ တွေ့ရှိသူများမှာ... mizzimaburmese.com ဗြိတိန်နိုင်ငံ လန်ဒန်မြို့အရှေ့ဘက် Tribury ဆိပ်ကမ်းတွင် သြဂုတ် ၁၆ ရက်က ကုန်သေတ္တာတစ်ခု အတွင်း တွေ့ရှိခဲ့ရသည့် လူမှောင်ခို သွင်းခံ ရသူများမှာ အာဖဂန်နစ္စတန်မှ ဆစ်ခ်ဘာသာဝင် များဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1yP6YXk

ယမန်နေ့ နံနက် ၅း၃၀ ဘန်ကောက်မြို့အနီး ထိုင်းဘန့် အိမ်နံပါတ် ၅၀ အမှတ် ၁၄ ရပ်ကွ...

ယမန်နေ့ နံနက် ၅း၃၀ ဘန်ကောက်မြို့အနီး ထိုင်းဘန့် အိမ်နံပါတ် ၅၀ အမှတ် ၁၄ ရပ်ကွက် စမွန်ပါကန် မြို့နယ် ရှိ Wong Pisit printing limited ဆေးဆိုးပန်းရိုက်စက်ရုံ တွင် ဘွိုင်လာအိုး ( Electric Steam Boiler) ပေါက်ကွဲမှု့ဖြစ်ပွားခဲ့ရာ ထိုင်းလူမျိုး ၃ ယောက် မြန်မာအလုပ်သမား ၁၈ ယောက် ကို အရေးပေါ် စမွန်ပါကန် ဆေးရုံသို့ ပို့ထားကြောင်း စက်ရုံတွင် ပေါက်ကွဲမှု့ မဖြစ်ပွားသော အချိန် မြန်မာ အလုပ်သမား ၆ ယောက်သာ လုပ်နေသေးကြောင်း ထိုအလုပ်သမားများ ထိခိုက်ဒဏ်ရာ ရရှိ၍ အဖြစ်မှန်ကို မသိနိုင် သေးကြောင်း အမှု့ခင်းဆိုင်ရာ တာဝန်ရှိများမှ ထိုင်းသတင်း ဌာနသို့ ပြောကြား သည်ပာု သိရှိရသည်။ http://ift.tt/1v6gXak ဆေးဆိုးပန်းရိုက် စက်ရုံအတွင်း ဘွိုင်လာအိုး ပေါက်ကွဲ မြန်မာ ၁၈ ဦးအရေးပေါ်ဆေးရုံပို့ - သ www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1vZmO5z

ယနေ့ မိုးလေဝသအခြေအနေ

ယနေ့ မိုးလေဝသအခြေအနေ from The Voice Weekly's Facebook Wall http://ift.tt/1BrR3lD

(သြဂုတ်လ ၁၈ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial) အမှန...

(သြဂုတ်လ ၁၈ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial) အမှန်တကယ် ကူညီသူများ ဖြစ်လိုသော် မျက်မှောက်ကာလမှ ကုန်ခဲ့သည့် အနှစ် ၅၀ ကာလအတွင်း ရဲတပ်ဖွဲ့ အပေါ်တွင် မြန်မာနိုင်ငံသားများ၏ သဘောထားကို ပြန်လည်လေ့လာကြည့်ပါက ရာခိုင်နှုန်းအများစု မနှစ်မြို့သည့်သဘော တွေ့ရသည်။ ထိုသို့ မနှစ်မြို့ရခြင်း နောက်ကွယ်တွင် အကြောင်းအရင်းများစွာ ရှိသော်လည်း အဓိကအားဖြင့် အချက်နှစ်ချက်ကို အထင်ရှားဆုံး တွေ့ရမည် ဖြစ်သည်။ ပထမတစ်ချက်မှာ အတိတ်ကာလ စတင်ထူထောင်စဉ်မှ ယနေ့အချိန်အထိ ယခင် တာဝန်ထမ်းဆောင်ခဲ့သော ရဲတပ်ဖွဲ့များ၏ ကောင်းမွေ၊ ဆိုးမွေကို လက်ရှိ ရဲတပ်ဖွဲ့များက ယူချင်သည်ဖြစ်စေ၊ မယူချင်သည်ဖြစ်စေ မဖြစ်မနေ ဆက်ခံရခြင်း ဖြစ်သည်။ များသောအားဖြင့် ခေတ်အဆက်ဆက် နာမည်ကောင်း၊ ဂုဏ်သိက္ခာကောင်း မရရှိခဲ့သော ရဲတပ်ဖွဲ့အမွေကို နောက်မျိုးဆက် အဆင့်ဆင့်က လက်လွှဲယူထားရခြင်း ဖြစ်သည်။ ဒုတိယတစ်ချက်မှာ ၎င်းတို့ကို လေ့ကျင့် သင်ကြားပေးသောစနစ် တစ်နည်းအားဖြင့် အရည်အချင်း၊ စွမ်းဆောင်ရည်နှင့် ထိုအရည်အချင်း၊ စွမ်းဆောင်ရည်အလိုက် ခံစားခွင့်ပြုထားသည့် လစာ၊ ရိက္ခာနှင့် အခြားထောက်ပံ့မှုများ ဖြစ်သည်။ အဆိုပါနှစ်ချက်သည် ယနေ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တစ်

အမေရိကန်တွင် ဓာတုအဆိပ်ပစ္စည်းများ သယ်ဆောင်လာသည့် ရထားနှစ်စင်း တိုက်မိပြီး နှစ်ဦး...

အမေရိကန်တွင် ဓာတုအဆိပ်ပစ္စည်းများ သယ်ဆောင်လာသည့် ရထားနှစ်စင်း တိုက်မိပြီး နှစ်ဦး သေဆုံး အမေရိကန်နိုင်ငံ အာကန်ဆတ်ပြည်နယ်တွင် သြဂုတ် ၁၇ ရက် အစောပိုင်းက ဓာတုအဆိပ်ပစ္စည်းများ သယ်ဆောင်လာသည့် ကုန်တင်ရထားနှစ်စင်းတိုက်မိပြီး နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာ ရရှိသွားကြောင်း သိရသည်။#MizzimaDaily သတင်းအပြည့်အစုံဖတ်ရန် - http://ift.tt/1BrQ6tI အမေရိကန်တွင် ဓာတုအဆိပ်ပစ္စည်းများ သယ်ဆောင်လာသည့် ရထားနှစ်စင်း တိုက်မိပြီး နှစ်ဦး သေဆ mizzimaburmese.com အမေရိကန်နိုင်ငံ အာကန်ဆတ်ပြည်နယ်တွင် သြဂုတ် ၁၇ ရက် အစောပိုင်းက ဓာတုအဆိပ်ပစ္စည်းများ သယ်ဆောင်လာသည့် ကုန်တင် ရထားနှစ်စင်းတိုက်မိပြီး နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာ ရရှိသွားကြောင်း သိရသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/VxgotK

ဘေလ်ဘုတ်၏ ဟော့အဖြစ်ဆုံး သီချင်းစာရင်းတွင် နစ်ကိမင်နာခ်ျက မိုက်ကယ်ဂျက်ဆင်ကို ကျော...

ဘေလ်ဘုတ်၏ ဟော့အဖြစ်ဆုံး သီချင်းစာရင်းတွင် နစ်ကိမင်နာခ်ျက မိုက်ကယ်ဂျက်ဆင်ကို ကျော်တက် နစ်ကိ မင်နာခ်ျ့သည် ၏ သီချင်း အသစ် ဖြစ်သည့် Anaconda သီချင်းသည် ဘေလ်ဘုတ် တွင်နံပါတ် ၁၉ ချိတ်အပြီးနောက် ဟော့အဖြစ်ဆုံးဘေလ်ဘုတ်တစ်ရာ စာရင်းတွင် သီချင်း အပုဒ် ၅၀ ပိုင်ဆိုင်ထားသည့် မိုက်ကယ်ဂျက်ဆင်ကို ၅၁ ပုဒ် မြောက်ဖြင့် ကျော်တက် ခဲ့သည်။ သတင်းအပြည့်အစုံ ဖတ်ရှုရန် - http://ift.tt/1pvBnsu #MizzimaDaily http://ift.tt/OTcCHv ဘေလ်ဘုတ်၏ ဟော့အဖြစ်ဆုံး သီချင်းစာရင်းတွင် နစ်ကိမင်နာခ်ျက မိုက်ကယ်ဂျက်ဆင်ကို ကျော်တက� http://ift.tt/OTcCHv နစ်ကိ မင်နာခ်ျ့သည် ၏ သီချင်း အသစ် ဖြစ်သည့် Anaconda သီချင်းသည် ဘေလ်ဘုတ် တွင်နံပါတ် ၁၉ ချိတ်အပြီးနောက် ဟော့အဖြစ်ဆုံးဘေလ်ဘုတ်တစ်ရာ စာရင်းတွင် သီချ... from Mizzima - News in Burmese's Facebook Wall http://ift.tt/1pvBnIJ

Bad Boy 3 ဇာတ်ကား ၂ဝ၁၅ ဇူလိုင်တွင် ရုံတင်မည် CBS သတင်းဌာန အရ Bad Boy 3 ဇာတ်ကားသ...

Bad Boy 3 ဇာတ်ကား ၂ဝ၁၅ ဇူလိုင်တွင် ရုံတင်မည် CBS သတင်းဌာန အရ Bad Boy 3 ဇာတ်ကားသည် ရိုက်ကူးလျက်ရှိပြီး ၂ဝ၁၅ ဇူလိုင်လတွင် ရုံတင် နိုင်ဖွယ်ရှိသည်။ ထိုကြေညာချက်ကို သြဂုတ်လ ၁၃ ရက်တွင် မာတင်လောရန်စ့် က Conan ရုပ်သံနှင့် အင်တာဗျူးရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ သတင်းအပြည့်အစုံ ဖတ်ရှုရန် - http://ift.tt/1pvBkN4 #MizzimaDaily # http://ift.tt/OTcCHv Bad Boy 3 ဇာတ်ကား ၂ဝ၁၅ ဇူလိုင်တွင် ရုံတင်မည် http://ift.tt/OTcCHv CBS သတင်းဌာန အရ Bad Boy 3 ဇာတ်ကားသည် ရိုက်ကူးလျက်ရှိပြီး ၂ဝ၁၅ ဇူလိုင်လတွင် ရုံတင် နိုင်ဖွယ်ရှိသည်။ ထိုကြေညာချက်ကို သြဂုတ်လ ၁၃ ရက်တွင် မာတင်လောရန်စ့် က... from Mizzima - News in Burmese's Facebook Wall http://ift.tt/1pvBkN7

#weeklyelevencover

#weeklyelevencover from Eleven Media Group's Facebook Wall http://ift.tt/1rKOGUo

လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့၏လှုပ်ရှားမှုများအား ဒေသခံပြည်သူများ သိရှိမှု အလ...

လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့၏လှုပ်ရှားမှုများအား ဒေသခံပြည်သူများ သိရှိမှု အလွန်နည်းပါးနေသဖြင့် လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူတို့နှင့် ထိတွေ့မှုရှိရန် များစွာလိုအပ်နေ လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့၏လှုပ်ရှားမှုများအား ဒေသခံပြည်သူများ သိရှိမှု အလွန်နည်းပါးနေကြောင်း မြန်မာ့ရေးရာအဖွဲ့က သြဂုတ် ၁၄ ရက်တွင်ထုတ်ပြန်သည့် နိုင်ငံတော်သမ္မတနှင့် လွှတ်တော်အမတ်များအပေါ် ပြည်သူလူထု၏ အမြင်သဘောထား စစ်တမ်းအရ သိရှိရပြီး ထို့အတွက် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူနှင့် ထိတွေ့မှုရှိရန် များစွာလိုအပ်လျက်ရှိကြောင်း သိရသည်။ စစ်တမ်းအား ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ မြို့နယ်၂၉ မြို့နယ်တွင် ၂၀၁၂ စက်တင်ဘာမှ စတင်ကာ ၂၀၁၃ ဒီဇင်ဘာအထိ တစ်ကြိမ်လျှင် ၆ လခန့်ခြား၍ စစ်တမ်းကောက်ယူမှုအား သုံးကြိမ်ပြုလုပ်ခဲ့ပြီး မြို့နယ်အလိုက် မဲပေးနိုင်သူ ဦးရေအပေါ် မူတည်၍ တစ်မြို့နယ်လျှင် မေးမြန်းရမည့် လူဦးရေကို အချိုးကျ ပြန်လည်တွက်ချက်ကာ လူဦးရေ ၆၅၀၁ ဦးအား မေးမြန်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လူဦးရေ ၆၀၀၀ ကျော်တွင် သုံးပုံ၊ နှစ်ပုံကျော်သည် ၎င်းတို့နေထိုင်ရာ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်အမည်နှင့် ပါတီအမည်အား မှန်ကန်အောင်ြေ

ပြည်သူ့ဆန္ဒကို နင်းခြေ အမျိုးသားညီလာခံဗျူဟာကို ခင်းကျင်း (ဆောင်းပါးရှင် - ဒေါက်တ...

ပြည်သူ့ဆန္ဒကို နင်းခြေ အမျိုးသားညီလာခံဗျူဟာကို ခင်းကျင်း (ဆောင်းပါးရှင် - ဒေါက်တာရန်မျိုးသိမ်း) မြန်မာ့နိုင်ငံရေးသမိုင်းတွင် ၁၉၆၂ ခုနှစ် မတ် ၂ ရက်မှစ၍ ပြည်သူ့ဆန္ဒများကို နင်းခြေခဲ့သည်မှာ အကြိမ်ကြိမ်ဖြစ်သည်။ ပြည်သူလူထုသည် ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ်၊ ပြန်မပြောနဲ့ဟု ဆိုနိုင်သော အာဏာရှင် ပုံစံခွက်ထဲတွင် ပိတ်လှောင်ခံခဲ့ရသည်။ နိုင်ငံရေးအရ အကျယ်ချုပ်ချခံခဲ့ရသော မြန်မာပြည်သူလူထု၏ ၁၉၉၀ ပြည့်နှစ်၊ မေလဆန္ဒကို ထပ်မံနင်းခြေလျက်၊ အမျိုးသားညီလာခံဗျူဟာကို မျက်နှာပြောင်တိုက် ဖော်ဆောင်ခဲ့ခြင်းသည် မြန်မာပြည်သူလူထုနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ပြတ်ပြတ်သားသား ကျောခိုင်းစိန်ခေါ်ခဲ့ခြင်းဟု သတ်မှတ်နိုင်သည်။ ၁၉၉၀ ပြည့်နှစ်၊ မေ ၂၇ ရက်တွင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် လွှတ်တော်ကိုယ်စားလှယ် ၄၈၅ ဦးအနက် လွှတ်တော်ကိုယ်စားလှယ် ၃၉၂ ဦး အနိုင်ရရှိခဲ့သည်။ ၁၉၈၉ ခုနှစ်၊ မေ ၃၁ ရက် ထုတ်ပြန်ခဲ့သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၄/၉၈ ဖြစ်သည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ ပုဒ်မ (၃)တွင် လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးေ

ရာသီဥတု ဖောက်ပြန်ခြင်းနှင့် သီးနှံဈေးကွက် ပျက်နေချိန်တွင် လယ်ယာမြေပြဿနာကိုပါ ရင...

ရာသီဥတု ဖောက်ပြန်ခြင်းနှင့် သီးနှံဈေးကွက် ပျက်နေချိန်တွင် လယ်ယာမြေပြဿနာကိုပါ ရင်ဆိုင်နေရသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းမှ တောင်သူလယ်သမားများ၏ ဆင်းရဲကျပ်တည်းမှု အဆိုးဆုံးအခြေအနေသို့ ရောက်လာ တစ်နှစ်ထက်တစ်နှစ် ဆိုးရွားလာသော ရာသီဥတု ဖောက်ပြန်မှုနှင့် တရုတ်နိုင်ငံ တစ်ခုတည်းကိုသာ အဓိက အမှီသဟည်း ပြုနေရသဖြင့် ခေါင်းပုံဖြတ်ခြင်းခံနေရသည့် သီးနှံဈေးကွက် အခြေအနေကြောင့် စားဝတ်နေရေးအတွက်ပင် ရုန်းကန်နေရသော မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှ တောင်သူများအနေဖြင့် ခေတ်အဆက်ဆက်တွင် တပ်မတော်နှင့် စီမံကိန်းအသီးသီးမှ မြေယာသိမ်းယူခြင်းအပေါ် လက်ရှိအစိုးရမှ မှန်ကန်စွာဖြေရှင်းပေးမှု မရှိခြင်းကြောင့် မြေယာပြဿနာကိုပါ ထပ်မံရင်ဆိုင်နေရပြီး ဆင်းရဲကျပ်တည်းမှု အခြေအနေ အဆိုးဆုံးသို့ ရောက်ရှိလာကြောင်း သိရသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အလွန်အကျွံ ဆိုးရွားလာသော ရာသီဖောက်ပြန်မှု၊ ရာသီဥတု အခြေအနေနှင့် ကိုက်ညီသောစိုက်ပျိုးနည်းပညာ ဖြန့်ဝေနိုင်မှု မရှိခြင်း၊ လယ်ယာလုပ်သား ရှားပါးလာခြင်း၊ လုပ်ငန်းခွင်ကုန်ကျစရိတ်များ မြင့်တက်လာခြင်းနှင့် ဈေးကွက်တည်ငြိမ်မှု မရှိခြင်းများ အပါအ၀င် အစိုးရအနေဖြင့် ပကတိအခြေအနေကို ထိရောက်သည့် တုံ့ပြန်လုပ်ဆောင်

ကျွန်တော်နဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) (ဆောင်းပါးရှင် - ဒေါက်တာသိန်းမြင့်) အမြုေ...

ကျွန်တော်နဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) (ဆောင်းပါးရှင် - ဒေါက်တာသိန်းမြင့်) အမြုတေစာနယ်ဇင်းကောင်စီ ဖွဲ့စည်းခြင်း အမြုတေစာနယ်ဇင်းကောင်စီကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှာ အဖွဲ့ဝင် ၂၀ ဦးနဲ့ ဖွဲ့ပေးလိုက်တယ်လို့ ကြေညာချက် ထွက်လာတဲ့အခါ စာပေလောကမှာ ဝေဖန်ဆူညံကန့်ကွက်သံများ လျှံထွက်လာခဲ့ပါတယ်၊ အရင်အစိုးရလက်ထက်က စာပေလောကနဲ့ အများပြည်သူရဲ့ ယုံကြည်ကိုးစားမှု မခံရသော စာပေစာနယ်ဇင်း အဖွဲ့ဝင်တွေ၊ ကျင့်ဝတ်ဖောက်ဖျက်သူတွေ ပါဝင်နေတာကြောင့် ဖြစ်ပါတယ်။ ကောင်စီဝင်တွေကို ပေးအပ်ထားတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေက ဥပဒေအထက်ကို ရောက်နေတာတွေကြောင့်လည်း ပါပါတယ်။ ဒီအစိုးရလက်ထက်မှာ သမ္မတရုံးက သူနဲ့လက်သင့်ရာလူတွေခေါ်ပြီး ဖွဲ့ဖြစ်ထားတာကလည်း အကြောင်းတစ်ရပ်အဖြစ် ပါဝင်ပါတယ်။ ဥက္ကဋ္ဌကတော့ အခုစာနယ်ဇင်းကောင်စီ (ယာယီ)ရဲ့ ဥက္ကဋ္ဌ ဦးခင်မောင်အေးပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) ဖွဲ့စည်းခြင်း ဒါပေမဲ့ အဲဒီအမြုတေ စာနယ်ဇင်းကောင်စီက လူအများရဲ့ ဆန့်ကျင်မှုခံရပြီး အလုပ်မဖြစ်တော့တဲ့အခါ ပြန်ဖွဲ့ဖို့ပြင်ရပါတယ်။ အဲဒီအချိန်မှာ ပြန်ကြားရေးက ဦးတင့်ဆွေက သမ္မတရုံးရဲ့ ညွှန်ကြားမှုနဲ့ စာနယ်ဇင်းကောင်စီကို ပြန်ဖွဲ့ချင်ပါတယ်၊ EMG ပါနိုင်မလားဆို

ဖွံ့ဖြိုးတိုးတက်မှုနဲ့ အချုပ်အခြာအာဏာကို လဲရမှာလား (ဆောင်းပါးရှင် - နေထွန်းနိုင်...

ဖွံ့ဖြိုးတိုးတက်မှုနဲ့ အချုပ်အခြာအာဏာကို လဲရမှာလား (ဆောင်းပါးရှင် - နေထွန်းနိုင်) (၁) တရုတ်ဘက်က ဆန္ဒရှိနေတဲ့ ကျောက်ဖြူ-ကူမင်းရထားလမ်း မတိုင်ခင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖောက်ချိန်ကတည်းက ဒီစီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဘယ်လောက်ထိပါးမလဲဆိုတဲ့ မေးခွန်းတွေ ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်မှာ ပိုက်လိုင်းဖောက်ပြီးသွားလို့ ဓာတ်ငွေ့တွေပို့လွှတ်နေပါပြီ။ ပိုက်လိုင်းစီမံကိန်း စတင်ချိန်မှာ သဘာဓာတ်ငွေ့ အရေအတွက် ဘယ်လောက်တင်ပို့နိုင်မယ်၊ မြန်မာနိုင်ငံအတွက် ဘယ်လိုအကျိုးဖြစ်ထွန်းမယ် ဆိုတာတွေကို တရုတ်ဘက်က ရွှန်းရွှန်းဝေအောင် ပြောခဲ့ပါတယ်။ စီမံကိန်းပြီးလို့ ဓာတ်ငွေ့တင်ပို့ခြင်း တစ်နှစ်ပြည့်တဲ့အခါ ပြောထားသလို ဖြစ်မလာပါဘူး။ အရေးကြီးဆုံးအချက်က မူလရည်မှန်းချက် နှစ်စဉ်ပို့ဆောင်မယ့် ပမာဏရဲ့ ၁၅ ရာခိုင်နှုန်းကိုသာ ပို့နိုင်ခဲ့တာပါ။ တစ်နှစ်ကို ဓာတ်ငွေ့ကုဗမီတာ ၁၂ ဘီလျံ တင်ပို့နိုင်မယ်ဆိုပေမယ့် လက်တွေ့မှာ ကုဗမီတာ ၁ ဒသမ ၈ ဘီလျံပဲ ပို့နိုင်ခဲ့ပါတယ်။ ပိုက်လိုင်းတစ်လျှောက် ဒေသခံတွေရဲ့ မြေယာဆုံးရှုံးမှု၊ လူအခွင့်အရေး ချိုးဖောက်ခံရမှုဆိုင်ရာ ရှုပ်ထွေးမှုတွေလည်း ရှိနေဆဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ

ပုဂ္ဂလိကဆေးရုံအဖြစ် ခေါင်းစဉ်တပ်ထားသော်လည်း ဆေးရုံအများစုမှာ အရေးပေါ် ကျန်းမာရေးစေ...

ပုဂ္ဂလိကဆေးရုံအဖြစ် ခေါင်းစဉ်တပ်ထားသော်လည်း ဆေးရုံအများစုမှာ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုကို အလုံးစုံ လက်ခံကုသမပေးဘဲ အစိုးရဆေးရုံသို့သာ အများစု လက်လွှဲပေးနေ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ထိခိုက်ဒဏ်ရာ ရရှိသူများကို စောင့်ရှောက်မှုမပေးရဆိုသည့်အမိန့် ထုတ်ပြန်ထားခြင်း မရှိသော်လည်း ပုဂ္ဂလိကဆေးရုံ အများစုမှာ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုကို အလုံးစုံလက်ခံ ကုသမပေးဘဲ အစိုးရဆေးရုံသို့သာ လက်လွှဲပေးမှု များပြားနေခြင်းအပေါ် အများပြည်သူကြားတွင် ဝေဖန်မှုများ မြင့်တက်နေကြောင်း သိရသည်။ ပြီးခဲ့သည့်လအတွင်းက ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာဖေသက်ခင်က ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် ထိခိုက်ဒဏ်ရာ ရရှိသူများကို စောင့်ရှောက်မှုမပေးရဆိုသည့်အမိန့် ထုတ်ပြန်ထားခြင်း မရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ဆေးရုံဆေးခန်းများ၏ အဓိကပြဿ နာမှာ ရဲအရေးပိုင်သော အမှုဖြစ်ကြောင်း၊ ရိုးရိုးသာမန် ထိခိုက်ဒဏ်ရာထက် ရဲအရေးပိုင်သော အမှုများကို ပြင်ပဆေးခန်း ဆရာဝန် ကုသမှုမပေးရဆိုသည့် လွဲမှာ