Skip to main content

Posts

Showing posts from June 5, 2014

အချိန်ပိုင်းဖြင့် လျှပ်စစ်မီး ပေးမည်ကို မသိရှိဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အာ...

အချိန်ပိုင်းဖြင့် လျှပ်စစ်မီး ပေးမည်ကို မသိရှိဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ဆို ရန်ကုန်၊ မေ ၅ ရဲရွာရေအားလျှပ်စစ် ဓာတ်အားပေးရုံတွင် ရေပမာဏ နည်းနေသဖြင့် ဇွန်လ ၈ ရက် နောက်ပိုင်း၌ တစ်နိုင်ငံလုံးတွင် အချိန်ပိုင်းစနစ်ဖြင့် မီးပေးနိုင်တော့မည်ဟု မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးက ပြောဆိုထားသော်လည်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ အနေနှင့် မသိရှိကြောင်း အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောကြားသည်။ “ကျွန်တော်တို့ ပြောတာ မဟုတ်တဲ့အတွက် ဘာမှ ရှင်းစရာ မလိုဘူး။ ပြောတဲ့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးကိုပဲ သွားမေးပါ။ ကျွန်တော်တို့က မီးပေးဖို့ပဲ ကြိုးစားတာ။ မီးပိတ်ဖို့ မကြိုးစားဘူး၊ လုပ်လည်း မလုပ်ဘူး။ ခုလည်း ပေးနေတာပဲ မဟုတ်ဘူးလား” ဟု ၎င်းကဆိုသည်။ မိုးရွာသွန်းမှု နောက်ကျပြီး အပူချိန် မြင့်မားနေသည့်အတွက် ဒုဋ္ဌဝတီမြစ်တွင် ရေဝင်ရောက်မှု နည်းနေပြီး ယင်းမြစ်ကို ဆည်ဆောက်လုပ်ထားသည့် ရဲရွာရေအားလျှပ်စစ် စက်ရုံမှာ သတ်မှတ်ရေ ပမာဏ မရသဖြင့် ငါးရက်သာ ဓာတ်အား အပြည့်အဝ ပေးနိုင်မည် ဖြစ်၍ ဇွန်လ ၈ ရက်နေ့ နောက်ပိုင်း အချိန်ပိုင်းဖြင့် မီးပေးမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလ
ဓာတ်ခွဲခန်းပစ္စည်းကိရိယာ နည်းပညာပြပွဲအတွက် ဖိတ်ခေါ် myanmar.mmtimes.com လေးကြိမ်မြောက်ဖြစ်သည့် Thailand LAB 2014 ဟုခေါ်သော သိပ္ပံပညာဓာတ်ခွဲခန်းပစ္စည်း ကိရိယာနှင့် နည်းပညာဆိုင်ရာ နိုင်ငံတကာ ပြပွဲနှင့် ကွန်ဖရင့်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့ BITEC, EH 101-102 တွင် စက်တင်ဘာ လ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပမည်ရာ မြန်မာနိုင်ငံမှ ပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များအား… from The Myanmar Times's Facebook Wall http://ift.tt/1oiLLmg

ကျွန်တော့်ရဲ့ ပထမဆုံး Video Journalist အဖြစ် လုပ်ထားတဲ့ လက်ယာလေးပါ...ဖုန်းကင်မရာ...

ကျွန်တော့်ရဲ့ ပထမဆုံး Video Journalist အဖြစ် လုပ်ထားတဲ့ လက်ယာလေးပါ...ဖုန်းကင်မရာလေးနဲ့ ရိုက်ထားတာပါ Edit လုပ်တဲ့သူ တော်လို့ပါ May Myat Noe _ Miss Asia Pacific World 2014 from 7Day News Journal's Facebook Wall http://ift.tt/1kF7uUg

ထိုင်းအာဏာသိမ်း ဗိုလ်ချုပ်ကြီး ပရာယွတ် ၀န်ကြီးချုပ်ဖြစ်လာမည်ဟု ဗေဒင်ဆရာ ဟောကိန်း...

ထိုင်းအာဏာသိမ်း ဗိုလ်ချုပ်ကြီး ပရာယွတ် ၀န်ကြီးချုပ်ဖြစ်လာမည်ဟု ဗေဒင်ဆရာ ဟောကိန်းထုတ် ---------------- ထိုင်းနိုင်ငံကို လက်ရှိအာဏာသိမ်းထားသော ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်၏ အခါတော်ပေးဗေဒင်ဆရာက ဗိုလ်ချုပ်ကြီးပရာယွတ်သည် ထိုင်းနိုင်ငံ၏ နောင်လာမည့် ၀န်ကြီးချုပ်ဖြစ်လာမည်ဟု ဟောကိန်းထုတ်လိုက်ပါသည်။ သတင်းအပြည့်အစုံ... http://ift.tt/1pcUg1K ထိုင်းအာဏာသိမ်း ဗိုလ်ချုပ်ကြီး ပရာယွတ်ဝန်ကြီးချုပ်ဖြစ်လာမည်ဟု ဗေဒင်ဆရာ ဟောကိန်းထုတ� 7daydaily.com ထိုင်းနိုင်ငံကို လက်ရှိအာဏာသိမ်းထားသော ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်၏ အခါတော်ပေးဗေဒင်ဆရာက ဗိုလ်ချုပ်ကြီးပရာယွတ်သည် ထိုင်းနိုင်ငံ၏ နောင်လာမည့် ၀န်ကြီးချုပ်ဖြစ်လာမည်ဟု ဟောကိန်းထုတ်လိုက်ပါသည်။ from 7Day News Journal's Facebook Wall http://ift.tt/1kF7rYN

ဧရာဝတီတိုင်းဒေသကြီး အစိုးရ ပုသိမ်ဒေသခံ သတင်းထောက်တစ်ဦးကို ခုံဖွဲ့ စစ်ဆေး ပုသိ...

ဧရာဝတီတိုင်းဒေသကြီး အစိုးရ ပုသိမ်ဒေသခံ သတင်းထောက်တစ်ဦးကို ခုံဖွဲ့ စစ်ဆေး ပုသိမ်၊ ဇွန် ၅ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အမိန့်ဖြင့် ပုသိမ်ဒေသခံ သတင်းထောက်တစ်ဦးကို ဇွန်လ ၃ ရက်နှင့် ၄ ရက်နေ့တွင် ခုံဖွဲ့ စစ်ဆေးခဲ့ကြောင်း ပုသိမ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်နုနုရီက ပြောကြားသည်။ Reporter Journal ၏ ပုသိမ်မြို့ခံ သတင်းထောက် ဦးငြိမ်းသူကို ပုသိမ်မြို့ အမှတ် (၈) ရပ်ကွက် နယ်မြေအမှတ် (၁၉) ရာအိမ်မှူး ဦးမောင်ရွှေက ဂုဏ်သိက္ခာ ညိုးနွမ်းစေမှုဖြင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တိုင်ကြားခဲ့ခြင်းကြောင့် စစ်ဆေးခဲ့သည်ဟု ၎င်းက ပြောဆိုခဲ့သော်လည်း အရေးယူခြင်း ရှိ၊ မရှိကိုမူ ပြောဆိုခဲ့ခြင်း မရှိခဲ့ပေ။ ရပ်ကွက်အတွင်း အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ပြုခြင်း၊ ခြံခတ်ခြင်းတို့တွင် သက်သေအဖြစ် ပါဝင်ခဲ့သည်ကို ကိုယ်တိုင်ဆောင်ရွက်သည့် ပုံစံဖြစ်အောင် ရေးသားခဲ့သောကြောင့် ဂုဏ်သိက္ခာ ထိခိုက်၍ တိုင်ကြားခဲ့ခြင်း ဖြစ်သည်ဟု အမှတ် (၈) ရပ်ကွက်၊ နယ်မြေခွဲ (၁၉) ရာအိမ်မှူး ဦးမောင်ရွှေက ပြောကြားသည်။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ထုတ်ပြန်ထားသည့် သတင်းမီဒီယာ ကျင့်ဝတ်အပိုဒ် (၁၀-၃) တွင် မီဒီယာများအနေ

အာရှအားကစားပြိုင်ပွဲသို့ မြန်မာဘောလုံး အသင်းများဝင်ပြိုင်မည့် အစီအစဉ် ပျက်ပြယ်...

အာရှအားကစားပြိုင်ပွဲသို့ မြန်မာဘောလုံး အသင်းများဝင်ပြိုင်မည့် အစီအစဉ် ပျက်ပြယ် ရဲရင့်ဌေး ၂၀၁၄အင်ချွန်အာရှအားကစားပြိုင်ပွဲသို့ မြန်မာအမျိုးသား ဘောလုံးအသင်းနှင့် အမျိုးသမီးဘောလုံးအသင်း တို့ ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ယခုအခါ ပျက်ပြယ်ခဲ့ရပြီ ဖြစ်သည်။ အင်ချွန် အာရှအားကစားပြိုင်ပွဲတွင် အာရှဘောလုံး အင်အားကြီးနိုင်ငံများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သော ကြောင့် အောင်မြင်မှုရရန် မလွယ်ကူသဖြင့် ပြိုင်ပွဲသို့ ၀င်မပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်က ပြောသည်။ “အာရှအားကစားပြိုင်ပွဲမှာ မြန်မာဘောလုံးအသင်းတွေ ၀င်ပြိုင်ဖို့ မရှိတော့ပါဘူး။ အဓိကကတော့၂၀၁၄ ခုနှစ်ထဲမှာနိုင်ငံတကာပွဲစဉ်တွေ အရမ်းများနေတာကြောင့်လည်း ၀င်မပြိုင် ဖြစ်တော့တာပါ။ အမျိုးသား အသင်းဆိုရင်လည်း ဆူဇူကီး ခြေစစ်ပွဲ၊ အာရှယူ-၁၉ ပြိုင်ပွဲတွေရှိနေတော့ ယူ-၂၃ အသင်းဖွဲ့ဖို့ အခက်အခဲ ရှိနိုင်သလို အသင်းအင်အားလည်း မတောင့်တင်းနိုင်ပါဘူး။ အမျိုးသမီးအသင်းကလည်း အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ၀င်ပြိုင်ဖို့ ရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။ မြန်မာအမျိုးသား ဘောလုံးအသင်းမှာ ၁၉၉၄ ခုနှစ် ဟီရိုရှီးမား

မြန်မာ့ရိုးရာ လက်ဝှေ့လောကတွင် ထိုးသတ်ကြေး အများဆုံးရရှိသူအဖြစ် တွေ့မရှောင်ဦးဆော...

မြန်မာ့ရိုးရာ လက်ဝှေ့လောကတွင် ထိုးသတ်ကြေး အများဆုံးရရှိသူအဖြစ် တွေ့မရှောင်ဦးဆောင်နေ တစ်ပွဲအတွက် အမြင့်ဆုံးထိုးသတ်ကြေး ကျပ် ၄၅ သိန်းအထိရရှိခဲ့ သောကြာ မြန်မာ့ရိုးရာ လက်ဝှေ့လောကအတွင်း ထိုးသတ်ကြေး (တစ်ပွဲအတွက် ထိုးကြေး) အများဆုံးရရှိသူအဖြစ် နာမည်ကျော် ရိုးရာလက်ဝှေ့သမား တွေ့မရှောင်က ရပ်တည်ထားနိုင်ခဲ့သည်။ လက်ရှိအချိန်တွင် ရိုးရာလက်ဝှေ့ပြိုင်ပွဲများမှ အနားယူသွားခဲ့ပြီဖြစ်သော ပထမတန်းလက်ဝှေ့ကျော် တွေ့မ ရှောင်မှာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ထိုးသတ်ခဲ့သော စောငမန်းနှင့် ပွဲစဉ်တွင် ထိုး သတ်ကြေး ၄၅သိန်းအထိရရှိခဲ့ပြီး ရိုးရာလက်ဝှေ့သမားများထဲတွင် အများဆုံးရရှိသည့် ထိုးသတ်ကြေး လည်း ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းဇော်ဇော်က “လောလောဆယ်မှာ အမြင့်ဆုံး အနေနဲ့ နောက်ဆုံး ရခဲ့ဖူးတာက တွေ့မရှောင်ပါ။ ၄၅ သိန်း ရဖူးတယ်။ လောလောဆယ် ထိပ်တန်းသုံး ယောက်ဆိုရင် ၃၅ သိန်းလောက် ရတယ်။ တွေ့မရှောင်က စောငမန်းနဲ့ထိုးတဲ့ တစ်ပွဲတည်း ၄၅ သိန်း ရခဲ့တာပါ။ ကျန်တဲ့အချိန် ဆိုသူလည်း ၃၅ သိန်းပါ” ဟု ဆိုသည်။ မြန်မာ့ရိုးရာ လက်ဝှေ့ကစားသမားများထဲတွင် ပထမတန်း၊ ဒုတိယတန်း စသည်ဖြင့် အဆင့်လိုက်

နိုင်ငံတကာသတင်းတိုများ အနောက်ဘက်ကမ်းတွင် အိမ်ခြေ ၁၅၀၀ ဆောက်မည် အစ္စရေးမှ ပါလက်စ...

နိုင်ငံတကာသတင်းတိုများ အနောက်ဘက်ကမ်းတွင် အိမ်ခြေ ၁၅၀၀ ဆောက်မည် အစ္စရေးမှ ပါလက်စတိုင်း၏ ညွန့်ပေါင်းအစိုးရဖွဲ့စည်းမှုကို တုံ့ပြန်သောအားဖြင့် အနောက်ဘက်ကမ်းဒေ သနှင့် အရှေ့ဂျေရုစလင်တို့တွင် အိမ်ခြေပေါင်း ၁,၅၀၀ ကျော်ကို တည်ဆောက်သွားမည် ဖြစ်သည်ဟု ကြေညာခဲ့သည်ဟု ဇွန်လ ၅ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ Cadbury ကိစ္စ ဖြေရှင်းပေးရန်တောင်းဆို မလေးရှားနိုင်ငံရှိ Cadbury ချောကလက်များအတွင်း ၀က်ဆီ တွေ့ရှိမှု နှင့်ပတ်သက်ပြီး နိုင်ငံအတွင်းရှိ မွတ်စလင်ဘာသာဝင်များ ဇဝေဇ၀ါ ဖြစ်စေခဲ့သည့် ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှုများအား ရှင်းရှင်းလင်းလင်း ဖြေ ရှင်းပေးရန် အစိုးရကို အရပ်ဘက်အဖွဲ့အစည်းများမှ တောင်းဆိုလိုက်သည်ဟု ဇွန်လ ၅ရက်က အေအက်ဖ် ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ မားစ်ရောဂါ၏ ပထမဆုံး သက်သေကို ရှာဖွေနိုင်ခဲ့ သစ်ကုလားအုပ်များမှ လူများသို့ ကူးစက်ပြန့်ပွားပြီး သေစေနိုင်လောက်သည်အထိ အန္တရာယ်ကြီးမားသော မားစ်ဗိုင်းရပ်စ်၏ ပထမဆုံး သက်သေကို ဆရာဝန်များက ပြောကြားလိုက်သည်ဟု ဇွန်လ ၅ ရက်က အေ အက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ မားစ်ရောဂါဖြစ်ပွားခြင်း၏ အဓိက အကြောင်းအရင်းမှာ တိရစ္ဆာန်များမှ ဖြစ်ကြောင်း သံသယရှိခဲ့ကြသည်။ စင်ကာပူ

ကချင်စစ်ပွဲ သုံးနှစ်ပြည့် အခမ်းအနား မြို့ကြီးသုံးမြို့တွင် ကျင်းပမည် ရန်ကုန်၊ ဇ...

ကချင်စစ်ပွဲ သုံးနှစ်ပြည့် အခမ်းအနား မြို့ကြီးသုံးမြို့တွင် ကျင်းပမည် ရန်ကုန်၊ ဇွန် ၅ ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် KIO/KIA အဖွဲ့တို့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်းကို ရပ်စဲပေးရေးအတွက် ကချင်စစ်ပွဲ သုံးနှစ်ပြည့် အခမ်းအနားကို ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား စသည့် မြို့ကြီးသုံးမြို့တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ယင်းအခမ်းအနား စီစဉ်သည့် ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာက ပြောကြားသည်။ KIO/KIA အဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ခဲ့သည့် ဇွန်လ ၇ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် ယင်းအခမ်းအနားကို မြို့ကြီးသုံးမြို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး သက်ဆိုင်ရာမြို့များတွင် ခရစ်ယာန်နှစ်ခြင်း အသင်းတော်များက ဆုတောင်းပွဲ အသီးသီး ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ အဆိုပါ အခမ်းအနားကို ရန်ကုန်မြို့တွင် ဇွန်လ ၇ ရက်နေ့ နံနက် ၈ နာရီမှ နံနက် ၁၀ နာရီအတွင်း မဟာဗန္ဓုလရှေ့ရှိ အာရှစိမ်းလမ်းဖွံ့ဖြိုးမှု ဘဏ်အနီးတွင် လည်းကောင်း၊ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်း ပြည်သူ့ရင်ပြင်၌ လည်းကောင်း ညနေ ၃ နာရီမှ ညနေ ၆ နာရီအတွင်း ပြည်လမ်း အင်းလျားကန်ဘောင်၌ လည်းကောင်

ဦးမြအေး၏ ကျန်းမာရေး အခြေအနေ ------- ရန်ကုန်- ၈၈ မျိးဆက် ကျောင်းသားခေါင်းဆောင်တစ...

ဦးမြအေး၏ ကျန်းမာရေး အခြေအနေ ------- ရန်ကုန်- ၈၈ မျိးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြအေးသည် နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ယနေ့ (ဇွန်လ ၆ ရက်)တွင် ဆေးကုသမှု ခံယူရမည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ သတင်းရရှိသည်။ သတင်းအပြည့်အစုံ... http://ift.tt/TkCLSh ဦးမြအေး၏ ကျန်းမာရေး အခြေအနေ 7daydaily.com ရန်ကုန်- ၈၈ မျိးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြအေးသည် နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ယနေ့ (ဇွန်လ ၆ ရက်)တွင် ဆေးကုသမှု ခံယူရမည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ သတင်းရရှိသည်။ from 7Day News Journal's Facebook Wall http://ift.tt/TkCLSn
အိုင်အိုအက်စ် ၈ အား ထုတ်ဖော်ကြေညာ myanmar.mmtimes.com Apple Worldwide Developers Conference အား ဇွန်လ ၆ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။ အဆိုပါပွဲ တွင် အိုင်ဖုန်း၊ အိုင်ပက်နှင့် အိုင်ပေါ့များအတွက် အိုင်အို အက်စ် ၈ နှင့် မျိုးဆက်သစ် မက်ကင်တော့ရှ်ထိန်းချုပ် မှုစနစ် ဖြစ်သည့် Yosemite တို့အား ထုတ်ဖော် ကြေညာခဲ့သည်။ from The Myanmar Times's Facebook Wall http://ift.tt/1kF3of1

မြန်မာပိုလီတက္ကသိုလ် ဖွင့်လှစ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်နေ အောင်သူရထွန်း သိပ္ပံ...

မြန်မာပိုလီတက္ကသိုလ် ဖွင့်လှစ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်နေ အောင်သူရထွန်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ကိုး ရီးယား ပိုလီတက်ကနစ်တက်္ကသိုလ်တို့ ပူးပေါင်း၍ မြန်မာ ပိုလီတက်ကနစ်တက္ကသိုလ်ကို တည်ထောင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ(မူကြမ်း)အား လက်မှတ်ရေးထိုးရန် ညှိနှိုင်းဆောင်ရွက်နေသည်ဟု သိပ်္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာ အောင်ကျော်မြတ်က ဇွန်လ ၅ ရက်တွင် ကျင်းပသော အမျိုးသားလွှတ်တော်၌ ပြောသည်။ ၎င်းက“ပိုလီတက်ကနစ်ဆိုတာက အသက်မွေးပညာကျောင်းလို့လဲခေါ်တယ်။ စင်ကာပူမှာကတော့ ပိုလီ တက်ကနစ် အင် စတီကျု့လို့ခေါ်တာပေါ့။ ပိုလီတက်လို့ ခေါ်လိုက်တယ်။ ကိုးရီးယားကတော့ ပိုလီတက် ကနစ် ယူနီဗာစတီလို့ခေါ်တယ်၊ ဒီက level နဲ့ဆိုရင်တော့ ဒီပလိုမာ အပ်နှင်းတဲ့ level ပေါ့၊ ဘွဲ့တော့ မအပ်နှင်းဘူး”ဟု ဆိုသည်။ မည်သည့်အချိန်တွင် နားလည်မှုစာချွန် လွှာကို လက်မှတ်ရေးထိုးမည်ကို မပြောကြားခဲ့သော်လည်း ကိုးရီးယားနှင့် ပူးပေါင်း ဖွင့်လှစ်မည့် မြန်မာပိုလီတက်ကနစ်အား ယူနီဗာစတီဟု သုံးထားသည့်အတွက် နောက်ပိုင်းတွင် ဘွဲ့ပေးမည်ဟုလည်း ဒု- ၀န်ကြီးက ဆိုသည်။ ဧရာဝတီတိုင်းဒေသကြီး၊ အမှတ်(၃) မဲဆန်္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဉဏ်လင်းက တောင်ကိ

အောင်ဆန်းကွင်းကို ကမ္ဘောဇအသင်း အိမ်ကွင်းအဖြစ် MFF သတ်မှတ် ရန်ကုန်၊ ဇွန် ၅ မြန်မ...

အောင်ဆန်းကွင်းကို ကမ္ဘောဇအသင်း အိမ်ကွင်းအဖြစ် MFF သတ်မှတ် ရန်ကုန်၊ ဇွန် ၅ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကျင်းပလျက်ရှိသည့် ၂၀၁၄ခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ ဒုတိယ ရာသီဝက် ပွဲစဉ်များအတွက် ကမ္ဘောဇအသင်း၏ အိမ်ကွင်းအဖြစ် အောင်ဆန်းကွင်းကို သတ်မှတ်ပေးလိုက်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ပြန်ကြားရေး တာဝန်ခံ ဦးဇော်မင်းထိုက်က ပြောကြားသည်။ ရှမ်းပြည်နယ်အစိုးရထံ တောင်ကြီးဘောလုံးကွင်း ပြန်လည်အပ်နှံခဲ့သည့် ကမ္ဘောဇအသင်း အနေနှင့် ရာသီဝက်ပွဲစဉ်များကို အောင်ဆန်းကွင်း၌ ကျင်းပခွင့် ရရှိခဲ့ရာ မကွေး၊ မနောမြေ၊ GFA၊ ဧရာဝတီ၊ ဆောက်သမ်းမြန်မာ၊ ချင်းယူနိုက်တက်၊ ဇေယျာရွှေမြေ အသင်းများကို ဧည့်ခံကစားရမည် ဖြစ်ပြီး မကွေးအသင်းနှင့် ပွဲစဉ်ကိုမူ ရန်ကုန်ယူနိုက်တက်အသင်းပိုင် မြက်ခင်းတုကွင်း၌ ယှဉ်ပြိုင်ရမည်ဟု ၎င်းက ပြောဆိုသည်။ ကမ္ဘောဇအသင်းမှာ လက်ရှိအချိန်၌ အိမ်ကွင်းလက်မဲ့ ဖြစ်နေသော်လည်း နိုင်ငံတကာအဆင့်မီ ဘောလုံးကွင်း၊ ပွဲကြည့်စဉ်နှင့် အားကစားသမားများ ကြံ့ခိုင်မှု လေ့ကျင့်နိုင်မည့် အဆောက်အအုံများ တည်ဆောက်နိုင်ရန်အတွက် တောင်ကြီးမြို့တွင် မြေနေရာ ရှာဖွေလျက်ရှိကြောင်း ယင်းအသင်း ဥက္ကဋ္ဌ ဦးခင်မောင်လတ်က ပြောကြားသ

အသက်မပြည့်သေးသည့် မိန်းကလေးငယ်အား အမျိုးသား ငါးဦးက အဓမ္မပြုကျင့်ခဲ့ပြီး အဓိက တရာ...

အသက်မပြည့်သေးသည့် မိန်းကလေးငယ်အား အမျိုးသား ငါးဦးက အဓမ္မပြုကျင့်ခဲ့ပြီး အဓိက တရားခံတိမ်းရှောင်နေ ခင်ငြိမ်းသစ်(ရန်ကုန်) မိုးညိုမြို့နယ်၊ သာယာဝတီတိုက်နယ် ထိန်တော၊ အင်္ဂါရပ်ကွက်အတွင်းနေ အသက် ၁၂ နှစ်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဦးအား တစ်ရပ်ကွက်တည်းနေ လှိုင်ကြည်စိုး၊ ကိုပြူးကျယ်၊ မင်းဇော်ထွန်း၊ ဖိုးခက်၊ ကရင်တို့ ငါးဦးက ၂၀၁၃ ခုနှစ်အတွင်း အလိုမတူဘဲ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့မှုကြောင့် အဒေါ်ဖြစ်သည့် မ၀င်းဝင်းအေးက ထိန်တောရဲစခန်းတွင် ပုဒ်မ ၃၇၆ ဖြင့် တိုင်ချက်ဖွင့်ခဲ့သော်လည်း တရားခံ လေးဦးးကိုသာ ဖမ်းဆီးရမိပြီး အဓိကတရားခံဖြစ်သည့် လှိုင်ကြည်စိုးက ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းလည်း သိရသည်။ အမှုဖြစ်စဉ်မှာ ဖခင်ဖြစ်သူ ညပိုင်း၌ လုပ်ငန်းခွင်ဝင်ရလေ့ရှိပြီး မိခင်ဖြစ်သူ သေဆုံးသွားသဖြင့် ညအချိန် တွင် နေအိမ်၌ ကလေးလေးဦးသာ ကျန်ရစ်ခဲ့သည်။ ထိုသို့ အခြေအနေကို သိထားသည့် လှိုင်ကြည် စိုးက ၂၀၁၃ နှစ်ဝက်ခန့်တွင် အိမ်ပေါ်သို့ တက်လာပြီး မိန်းကလေးငယ်ကို ဓားဖြင့် ထောက်ကာ အဓမ္မပြုကျင့်ခဲ့ သည်။ ထို့သို့ပြုကျင့်ပြီးနောက် အခြားသူများကိုလည်း အဓမ္မပြုကျင့်လျှင် ရသည့်အကြောင်း ပြောပြခဲ့သဖြင့် တစ်ရွာတည်းနေ ပြူးကျယ်၊ ဇော်မင်းထွန်း၊ ဖိုးခ

ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု ထပ်မံပြုလုပ်ရန် ဂျီ-၇ နိုင်ငံခေါင်းဆောင်များ စီစဉ်...

ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု ထပ်မံပြုလုပ်ရန် ဂျီ-၇ နိုင်ငံခေါင်းဆောင်များ စီစဉ် ဘရပ်ဆဲလ်၊ ဇွန် ၅ ယူကရိန်းအပေါ် ရုရှား၏ လုပ်ရပ်များကြောင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ထပ်မံချမှတ်ရန် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံခုနစ်နိုင်ငံမှ ခေါင်းဆောင်များက ပြင်ဆင်လျက် ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ကျင်းပလျက် ရှိသည့် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများ ထိပ်သီးဆွေးနွေးပွဲတွင် စက်မှုထိပ်သီးနိုင်ငံ ရုရှား ပါဝင်ခြင်း မရှိသောကြောင့် ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲအဖြစ် ကျင်းပလျက်ရှိပြီး အဆိုပါ ဆွေးနွေးပွဲက ရုရှားအပေါ် အရေးယူပိတ်ဆို့မှု ထပ်မံပြုလုပ်ရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။ ရုရှားသည် ယူကရိန်း၏ အချုပ်အခြာအာဏာကို ဆက်လက်ချိုးဖောက်မှုများ ရှိနေခြင်းကိုလည်း ဂျီ-၇ နိုင်ငံခေါင်းဆောင်များ၏ ပူးတွဲထုတ်ပြန်ချက်တွင် ပြစ်တင် ပြောဆိုခဲ့သည်။ ယခင်က စက်မှုဖွံ့ဖြိုးပြီးနိုင်ငံ ရှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ ဂျီ-၈ ဆွေးနွေးပွဲကို ကျင်းပလေ့ ရှိသော်လည်း ယူကရိန်းနိုင်ငံ ကရိုင်းမီးယား ဒေသကို ရုရှား လက်အောက်သို့ သွတ်သွင်းခဲ့ပြီးနောက် ရုရှားကို စက်မှုထိပ်သီး နိုင်ငံများ စာရင်းမှ ထုတ်ပစ်ခဲ့ခြင်းကြောင်

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဆိုင်ရာ ဓာတ်ပုံပြပွဲ ကျင်းပမည် ရ...

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဆိုင်ရာ ဓာတ်ပုံပြပွဲ ကျင်းပမည် ရန်ကုန်၊ ဇွန် ၄ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အတွင်းသို့ သွယ်တန်းထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ လမ်းတစ်လျှောက်၌ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နစ်နာမှုများကို ထင်ဟပ်ပြသသည့် ဓာတ်ပုံမှတ်တမ်းပြပွဲကို ရန်ကုန်မြို့တော်တွင် ဇွန်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါပွဲစီစဉ်သူ ပဒေသာမိုး အရပ်ဘက် လူမှုအဖွဲ့အစည်းမှ အမှုဆောင် ဒေါ်ဝေဝေလွင်က ပြောကြားသည်။ အဆိုပါ ဓာတ်ပုံမှတ်တမ်းပြပွဲကို ရန်ကုန်မြို့တော် အမှတ် ၁၃၄၊ ၃၅ လမ်း (အလယ်ဘလောက်) ရှိ River Ayeyarwaddy Gallery တွင် ပြသမည် ဖြစ်ပြီး မလုံခြုံသော သဘာဝအမွေဟု အမည်ပေးထားကာ ပိုက်လိုင်း စီမံကိန်းကြောင့် ပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နစ်နာရသည့် အခြေအနေများကို မှတ်တမ်းတင်ထားသည့် ဓာတ်ပုံပေါင်း ၁၀၀ ကျော်ကို ပြသမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “ပိုက်လိုင်းတစ်လျှောက် မြေဖို့ပြီး အခြေအနေနဲ့ မဖို့ခင် ဖြစ်ပျက်တဲ့ အခြေအနေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေပါ။ ဒါ့အပြင် ပြပွဲလာတဲ့သူတွေကို မှတ်တမ်းစာအုပ် လက်ဆောင်ပေးသွားဖို့ အစီအ

စကားမပြောတတ်သူ အယောင်ဆောင်ကာ ပိုက်ဆံတောင်းသူ တရုတ်ခရီးသွားကို ထိုင်းရဲတပ်ဖွဲ့ဖမ်...

စကားမပြောတတ်သူ အယောင်ဆောင်ကာ ပိုက်ဆံတောင်းသူ တရုတ်ခရီးသွားကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး -------- ရက်ချာဘူရီ- ကမ္ဘာလှည့်ခရီးသွားဗီဇာဖြင့်ရောက်ရှိလာပြီး ပြည်နယ်ခန်းမရုံးများတွင် ပိုက်ဆံတောင်းခံနေသော တရုတ်နိုင်ငံသားသူဖုန်းစားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ က ဖမ်းဆီးလိုက်သည်။ သတင်းအပြည့်အစုံ... http://ift.tt/1pX32Rd စကားမပြောတတ်သူ အယောင်ဆောင်ကာ ပိုက်ဆံတောင်းသူ တရုတ်ခရီးသွားကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆ� 7daydaily.com ရက်ချာဘူရီ- ကမ္ဘာလှည့်ခရီးသွားဗီဇာဖြင့်ရောက်ရှိလာပြီး ပြည်နယ်ခန်းမရုံးများတွင် ပိုက်ဆံတောင်းခံနေသော တရုတ်နိုင်ငံသားသူဖုန်းစားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ က ဖမ်းဆီးလိုက်သည်။ from 7Day News Journal's Facebook Wall http://ift.tt/1pX32Rg

http://ift.tt/1nUN5OK ကာတွန်းများ ဖတ်ရန်

http://ift.tt/1nUN5OK ကာတွန်းများ ဖတ်ရန် from 7Day News Journal's Facebook Wall http://ift.tt/1pX34c3
ရေသန့်စင် နည်းပညာ ပိုမိုလေ့လာနိုင်ရန် ရန်ကုန် နည်းပညာ တက္ကသိုလ်သို့ အကူအညီပေးအပ် myanmar.mmtimes.com ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ရေနှင့် ရေသန့်စင်ခြင်းဆိုင်ရာ ဘာသာရပ်များကို ပိုမို တွင် ကျယ်စွာ လေ့လာနိုင်ရန် အမေရိကန်ဒေါ်လာ ၁၃,၀၀၀ နှင့် နည်းပညာပိုင်းဆိုင်ရာအကူအညီများ က Mistsubishi Rayon ကုမ္ပဏီ နှင့် Myanmar Water Engineering & Products (MWEP) တို့က ထောက်ပံ့သွားမည် ဟု MWEP ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်ေ… from The Myanmar Times's Facebook Wall http://ift.tt/1lapfe3

" တက္ကသိုလ်အဆောင်မှူးများ၏လစာ အဆ ၁ဝဝ ကျော်တိုးမြှင့်ပေး " တက္ကသိုလ်၊ ကောလိပ်အဆောင...

" တက္ကသိုလ်အဆောင်မှူးများ၏လစာ အဆ ၁ဝဝ ကျော်တိုးမြှင့်ပေး " တက္ကသိုလ်၊ ကောလိပ်အဆောင်မှူးများ၏လစာကို နိုင်ငံတော်အစိုးရမှ မူလထက်အဆ ၁၃ဝ ကျော်တိုးမြှင့်ပေးလိုက်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။ မူလက တက္ကသိုလ်အဆောင်မှူးတစ်ဦးလျှင် တစ်လကျပ် ၁၅ဝ သာ အစိုးရက ပေးအပ်နေခဲ့ရာ ယခု ပြောင်းလဲလိုက်ပြီဟု ဝန်ကြီးက ဆိုသည်။ အဆောင်မှူး၏လစာနှင့်အတူ တစ်လလျှင် ကျပ် ၁ဝဝ ခံစားရသော အဆောင်နည်းပြ၏ လစာကိုလည်း ယင်းပမာဏအတိုင်း ထပ်တိုးပေးထားကြောင်းဝန်ကြီးက ဆက်ပြောသည်။ ”ခေတ်နဲ့လည်း မညီတဲ့လစာဖြစ်နေလို့ ပြောင်းပေးလိုက်တာပါ” ဟု ဝန်ကြီးက ဆိုသည်။ ဦးသိန်းစိန် အစိုးရတက်လာပြီး နောက်ပိုင်းတွင် ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်မှ စကာ ပိတ်ထားသည့် တက္ကသိုလ်အဆောင်များ ပြန်ဖွင့်ပေးခဲ့ သည်။ ယင်းနှင့်အတူ ယခုနှစ်မှစကာ အဆောင်မှူးက တစ်လ ကျပ် ၂ဝဝဝဝ၊ အဆောင်နည်းပြက တစ်လကျပ် ၁၅ဝဝဝ ကို ခံစားခွင့် ထပ်ပေးအပ်ခဲ့သည်။ ယခင်အစိုးရက တက္ကသိုလ်အဆောင်များကို ပိတ်ခဲ့ပြီး ကျောင်းများကိုလည်း မြို့ပြင်သို့ ထုတ်ခဲ့သည်။ PN-051 from Popular Myanmar News Journal's Facebook Wall http://ift.tt/1laoa62

ထွက်ပြေးတိမ်းရှောင်နေသော ထိုင်းအာဏာသိမ်းဆန့်ကျင်ရေးခေါင်းဆောင်အားဖမ်းမိ --------...

ထွက်ပြေးတိမ်းရှောင်နေသော ထိုင်းအာဏာသိမ်းဆန့်ကျင်ရေးခေါင်းဆောင်အားဖမ်းမိ ----------- ဘန်ကောက်- ထိုင်းနိုင်ငံ၏ စစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ အာဏာသိမ်းယူမှုအပေါ် ဝေဖန်နေမှုများကို ဖယ်ရှားရန်ကြိုးပမ်းနေစဉ် ထွက်ပြေးတိမ်းရှောင်နေသော အာဏာသိမ်းမှုဆန့်ကျင်ရေးခေါင်းဆောင်အား ဖမ်းမိသွားပြီဟု ထိုင်းစစ်တပ်က ဇွန်လ ၆ ရက်တွင် ပြောကြားသည်။ သတင်းအပြည့်အစုံ... http://ift.tt/TkrYro ထွက်ပြေးတိမ်းရှောင်နေသော ထိုင်းအာဏာသိမ်းဆန့်ကျင်ရေးခေါင်းဆောင်အားဖမ်းမိ 7daydaily.com ဘန်ကောက်- ထိုင်းနိုင်ငံ၏ စစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ အာဏာသိမ်းယူမှုအပေါ် ဝေဖန်နေမှုများကို ဖယ်ရှားရန်ကြိုးပမ်းနေစဉ် ထွက်ပြေးတိမ်းရှောင်နေသော အာဏာသိမ်းမှုဆန့်ကျင်ရေးခေါင်းဆောင်အား ဖမ်းမိသွားပြီဟု ထိုင်းစစ်တပ်က ဇွန်လ ၆ ရက်တွင် ပြောကြားသည်။ from 7Day News Journal's Facebook Wall http://ift.tt/1oyRbrv

ရွှေလင်ပန်းအိမ်ရာ အခန်း ၁,၇၀၀ ကျော် ရောင်းချပေးမည် သီဟကိုကို| သောကြာနေ့၊ ဇွန်လ ၆...

ရွှေလင်ပန်းအိမ်ရာ အခန်း ၁,၇၀၀ ကျော် ရောင်းချပေးမည် သီဟကိုကို| သောကြာနေ့၊ ဇွန်လ ၆ ရက်၊ ၂၀၁၄ ခုနှစ် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းများမှ အခန်းပေါင်း ၁,၇၆၈ ခန်းကို ယခုနှစ်အတွင်း ရောင်းချပေးသွားမည်ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မဇိ္ဈမကို ပြောသည်။ ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာပထမအဆင့်ကို တည်ဆောက်ပြီးစီးပြီဖြစ်ခြင်းကြောင့် အခန်းပေါင်း ၇၆၈ ခန်းကို စတင်ရောင်းချသွားရန် စီစဉ်ဆောင်ရွက်နေသည်ဟု ၎င်းက ပြောသည်။ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန၏ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က “ ရွှေလင်ပန်း ပထမအဆင့် တန်ဖိုးနည်းအခန်းတွေကို ရောင်းချဖို့အတွက် ရန်ကုန်တိုင်းအစိုးရ အဖွဲ့ကိုတင်ပြထားပြီးဖြစ်ပါတယ်။ စရောင်းမယ့် ရက်အတိအကျ တော့မသတ်မှတ်ရသေးပါဘူး ” ဟု ပြောသည်။ ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ ဒုတိယအဆင့်နှင့် တတိယအဆင့် စီမံကိန်းများကို စတင်တည်ဆောက် နေပြီးဖြစ်ပြီး ယခုနှစ်အတွင်း တည်ဆောက်မှုပြီးစီးမည်ဖြစ်ရာ ယင်းအိမ်ရာများက ထွက်ရှိလာမည့် အခန်း ပေါင်း ၁,၀၀၀ ကို ဆက်လက်ရောင်းချပေးမည်ဖြစ်သည်။ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီ

အမျိုးစောင့်ဥပဒေကို ကန့်ကွက်သည့်သူများ ဆွေးနွေးပွဲသို့ လာရောက်ဆွေးနွေးနိုင် မြတ...

အမျိုးစောင့်ဥပဒေကို ကန့်ကွက်သည့်သူများ ဆွေးနွေးပွဲသို့ လာရောက်ဆွေးနွေးနိုင် မြတ်မင်း| သောကြာနေ့၊ ဇွန်လ ၆ ရက်၊ ၂၀၁၄ ခုနှစ် အမျိုးစောင့်ဥပဒေ(မူကြမ်း)နှင့် ပတ်သက်၍ ကန့်ကွက်နေသော အသင်းအဖွဲ့များ၊ လူပုဂ်္ဂိုလ်များသည် ဘုရားကြီး အနောက်မုခ် သာသနာ ၂၅၀၀ ဓမ္မာရုံကြီးတွင် ဇွန် ၁၂ ရက်၊ မွန်းလွဲ ၁၂နာရီတွင် ကျင်းပပြုလုပ်မည့် အမျိုးစောင့်ဥပဒေဆိုင်ရာ ဟောပြောပွဲတွင် လာရောက်နားထောင်ပြီး ဥပဒေကြောင်းအရ မရှင်းလင်းသည်များကို ဆွေးနွေးနိုင်ကြောင်း မဘသ(အထက်မြန်မာပြည်) ဦးဆောင် ဆရာတော် အရှင် ဣန္ဒာစက္ကာဘိဝံသ က မဇ္ဈိမကို မိန့်သည်။ “သူတို့မရှင်းတဲ့ အကြောင်းအရာတွေကို မေးနိုင်တယ်။ မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်တယ်။ ကန့်ကွက်ထားတဲ့သူတွေမှမဟုတ်ပါဘူး။ မည်သူမဆို လာရောက်ဆွေးနွေးနိုင်ပါတယ်”ဟု ၎င်း ဆရာတော် က မိန့်သည်။ ဇွန်၁၂ ရက် အမျိုးစောင့်ဥပဒေဆိုင် ရာဟောပြောပွဲ၌ ဆရာတော်ဦးယသ (လမင်းလေး)၊ ဆရာမောင်သွေး ချွန်၊ ဆရာမဒေါ်ယဉ်ယဉ်နုနှင့် မဘသဗဟို၏ဥပဒေအကြံပေး ဆရာဦးအေးပိုင်တို့ ဟော ပြောကြမည်ဖြစ် ကြောင်း၊ အမျိုးစောင့် ဥပဒေကို ကန့်ကွက်ထားသည့်အဖွဲ့ပေါင်း ၁၀၀ကျော်ရှိရာ အဖွဲ့ငါးဖွဲ့ကိုသာ သိသ ဖြင့် ဖုန်းဖြင့်ဖိတ်မည်ဖြစ်ကြောင်း၊ ကျန်အဖွဲ့

တစ်နိုင်ငံလုံး ယာဉ်များအနက် ၂ ရာခိုင်နှုန်းသာ အလုံးစုံ မော်တော်ယာဉ် အာမခံထားရှိ...

တစ်နိုင်ငံလုံး ယာဉ်များအနက် ၂ ရာခိုင်နှုန်းသာ အလုံးစုံ မော်တော်ယာဉ် အာမခံထားရှိ ရန်ကုန်၊ ဇွန် ၄ မြန်မာတစ်နိုင်ငံလုံးတွင် မော်တော်ယာဉ်စီးရေ ခြောက်သိန်းဝန်းကျင် ရှိသည့်အနက် ၂ ရာခိုင်နှုန်းကျော်သာ အလုံးစုံ မော်တော်ယာဉ် အာမခံထားရှိကြောင်း မြန်မာအာမခံ လုပ်ငန်းထံမှ စုံစမ်းသိရှိရသည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူးဦးစီးဌာန (က.ည.န) က တရားဝင် ထုတ်ပြန်ထားသည့် စာရင်းအရ လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး မော်တော်ယာဉ် အစီးရေ ခြောက်သိန်းဝန်းကျင်ခန့် ရှိပြီး မြန်မာ့အာမခံလုပ်ငန်းတွင် ယာဉ်အစီးရေ ၈၆၀၀ ကျော်နှင့် ပုဂ္ဂလိက အာမခံကုမ္ပဏီများတွင် ယာဉ်အစီးရေ ၆၀၀၀ ကျော်ခန့်သာ အလုံးစုံ မော်တော်ယာဉ် အာမခံ ထားရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၂ ဒသမ ၆ ရာခိုင်နှုန်းခန့်သာ ရှိနေကြောင်း မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောကြားသည်။ “အိမ်နီးချင်း နိုင်ငံတွေမှာ အာမခံ အပြည့်အဝ မထားရင် ယာဉ်မောင်းနှင်ခွင့် မရှိသလို လမ်းပေါ်လည်း တက်ခွင့်မရှိဘူး။ မော်တော်ယာဉ် တင်သွင်းတာက နှစ်အလိုက် မြင့်လာနေပေမယ့် ယာဉ်တွေအားလုံး အလုံးစုံ အာမခံ မထားတာကို တွေ့ရတယ်” ဟု ၎င်းကဆိုသည်။ အလုံးစုံအာမခံ မထားသဖြင့် မြန်မာနိုင်ငံအတွင်း

Asia Pacific World 2014 သရဖူရရှိခဲ့သည့် မေမြတ်နိုး ပြန်လည်ရောက်ရှိ (ရုပ်သံ) ----...

Asia Pacific World 2014 သရဖူရရှိခဲ့သည့် မေမြတ်နိုး ပြန်လည်ရောက်ရှိ (ရုပ်သံ) ---- http://ift.tt/1mhSPLG May Myat Noe _ Miss Asia Pacific World 2014 from 7Day News Journal's Facebook Wall http://ift.tt/1p1ahKO

မန္တလေးခရိုင်တွင် ယာဉ်တိုက်မှုကြောင့် နှစ်ရက်လျှင် လူတစ်ဦးနှုန်းခန့် သေဆုံးလျက်ရှိ...

မန္တလေးခရိုင်တွင် ယာဉ်တိုက်မှုကြောင့် နှစ်ရက်လျှင် လူတစ်ဦးနှုန်းခန့် သေဆုံးလျက်ရှိ ဖြိုး| သောကြာနေ့၊ ဇွန်လ ၆ ရက်၊ ၂၀၁၄ ခုနှစ် မန္တလေးခရိုင်အတွင်း ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ မေလအထိ ငါးလတာကာလ၌ ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု ဖြစ်စဉ်များကြောင့် နှစ်ရက်လျှင် လူတစ်ဦးနှုန်းခန့် သေဆုံးလျက်ရှိကြောင်း မန္တလေးတိုင်း ယာဉ်ထိန်းဒု-တပ်ဖွဲ့ခွဲမှူးရုံး၏ မှတ်တမ်းများအရ သိရသည်။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ မေလအထိ ယာဉ်တိုက်မှုဖြစ်စဉ် ၁၇၀ေ ကျာ် ဖြစ်ပွားခဲ့ရာ ၎င်းဖြစ်စဉ်များမှ သေဆုံးသူ ၈၀ နီးပါးနှင့် ဒဏ်ရာရသူ နှစ်ရာကျော်ရှိခဲ့သည်။ ၎င်းဖြစ်စဉ်များကြောင့် မန္တလေးခရိုင်တွင် နှစ်ရက်လျှင် ယာဉ်တိုက်မှုကြောင့် လမ်းမထက်တွင် လူတစ်ဦးနှုန်းခန့် သေဆုံးလျက်ရှိကြောင်းသိရသည်။ ကာလတူနှိုင်းယှဉ်ချက်များအရ ၂၀၁၃ ခုနှစ်ထက် သေဆုံးသူဦးရေမှာ အ နည်းငယ်လျော့ကျသွားသော် လည်း ယာဉ်တိုက်မှုဖြစ်စဉ်များမှာ လျော့ကျသွားခြင်းမရှိပေ။ မန္တလေးခရိုင်အတွင်း ယာဉ်စီးရေများပြားလာသည့်အညီ တိုင်းကညနရုံးတွင် မှတ်ပုံတင်ထားသည့် ယာဉ်များ၏ ငါးဆယ်ရာခိုင်နှုန်းကျော်သည် မန္တလေးမြို့၏ နေ့စဉ်အသုံးပြုစီးနင်းနေသည့် ယာဉ်များပင်ဖြစ်ကြောင်း မန္တလေးတိုင်း ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ

တန်ဖိုးနည်းအိမ်ရာ ဖော်ထုတ် မပေးနိုင်တဲ့ အစိုးရကို မဲပေး ဖြုတ်ချကြ စည်သူအောင်မြင...

တန်ဖိုးနည်းအိမ်ရာ ဖော်ထုတ် မပေးနိုင်တဲ့ အစိုးရကို မဲပေး ဖြုတ်ချကြ စည်သူအောင်မြင့် အခုရက်ပိုင်းအတွင်း ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာ စိတ်ဝင်းစားဖို့ အကောင်းဆုံး သတင်းတစ်ပုဒ်ကတော့ တန်ဖိုးကျပ်သိန်း ၁၁၀ ကနေ ၁၂၀ ကြား သတ်မှတ်ထားတဲ့ လှိုင်သာယာမြို့နယ်က ရွှေလင်ပန်းအိမ်ရာ တိုက်ခန်းရောင်းချပေးမယ်ဆိုတဲ့ သတင်းပါ။ တိုက်ခန်းဝယ်မယ်ဆိုရင် တန်ဖိုး ရဲ့ ၃၀ ရာခိုင်နှုန်းနဲ့ညီမျှတဲ့ ကျပ်သိန်း ၃၀ ကနေ ၄၀ ကြား ကနဦးပေးသွင်းရမယ်။ နောက်ပိုင်း တစ်လ ကျပ်သုံးသောင်း ပေးသွင်းသွားရုံနဲ့ တိုက်ခန်းပိုင် ဖြစ်သွားမယ်ဆိုတာပါ။ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနဟာ ဒီလိုရောင်းချမယ့်ပုံစံကို ရန်ကုန်တိုင်း အစိုးရဆီတင်ထားပြီး ခွင့်ပြုချက်ရတာနဲ့ ရောင်းပေးတော့မယ်လို့ ဆိုပါတယ်။ ၀င်ငွေ အလယ်အလတ်လောက်ပဲရှိပြီး ရန်ကုန်မှာ တိုက်ခန်းတစ်ခန်းပိုင်ဖို့ စိတ်ကူးနေကြသူတွေအနေနဲ့ ၀မ်းသာကြရတော့မှာလား။ ဟိုး- ဟိုး- ၀မ်းမသာကြပါနဲ့ဦး။ ရောင်းပေးမယ့် အခန်းက ၆၀၀ တောင် မပြည့်ပါဘူး။ နောက်ဝယ်ခွင့်ရဖို့အတွက် အစိုးရ၀န်ထမ်းတွေ ကုမ္ပဏီဝန်ထမ်းတွေဟာ သက်ဆိုင်ရာဌာနအကြီးအကဲရဲ့ ထောက်ခံချက် ယူရဦးမယ်လို့ ဆိုပါတယ်။ နောက်ဆုံး ဘဲအုပ်က တစ်ရာ နှစ်ရာ မဗေဒါ တစ်ပင်တည်း ဇာတ်

ကျေးလက်အိမ်ရာစီမံကိန်း အကောင်အထည်ဖော်မည် မောင်သင်တုန်း| သောကြာနေ့၊ ဇွန်လ ၆ ရက်၊...

ကျေးလက်အိမ်ရာစီမံကိန်း အကောင်အထည်ဖော်မည် မောင်သင်တုန်း| သောကြာနေ့၊ ဇွန်လ ၆ ရက်၊ ၂၀၁၄ ခုနှစ် တိုင်းနှင့်ပြည်နယ်များရှိ ကျေးလက်ဒေသများတွင် ကျေးလက်အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု မွေးမြူရေးရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန ဒု-၀န်ကြီး ဦးခင်မောင်အေးက လွှတ်တော်သို့ လာရောက်စဉ် ဇွန် ၅ တွင် မဇ္ဈိမကို ပြောသည်။ “ကျေးလက်အိမ်ရာ စီမံကိန်းပေါ့၊ စီစဉ်ဆောင်ရွက်နေတယ်။ အဓိကတော့ဝန်ထမ်းတွေကို ဦးစားပေးမယ်။ ကျန်းမာရေးဝန်ထမ်းတွေလိုမျိုးပေါ့ ” ဟု ဒုတိယ၀န်ကြီး ဦးခင်မောင်အေးက ပြောသည်။ လက်ရှိအနေအထားမှာ ဆောင်ရွက်ပေးရန်စီစဉ်သည့်ကာလဖြစ်သည့်အတွက် မည်သို့ဆောက်လုပ်ပေးမည်ကို မပြောနိုင်သေးပေ။ အဓိက ဖွံ့ဖြိုးမှုနည်းသည့်ကျေးရွာများတွင် တည်ဆောက်ပေးနိုင်ရန် မျှော်မှန်းထားပြီး ဘတ်ဂျက်ရရှိမှုအပေါ်မူတည် ဆောင်ရွက်သွားမည်ဖြစ်သည်။ ကျေးလက်အိမ်ရာများဆောက်ပေးထားမှုများရှိသော်လည်း လုံလောက်မှုလုံးဝ မရှိသည့်အတွက် လိုအပ်သည့်နေရာများတွင် သီးသန့်ဆောင်ရွက်ပေးနိုင်မည်ဟု ဆိုသည်။ လူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကျေးရွာတစ်ခုလျှင် ကျပ် သိန်း ၃၀၀ ပေးသော်လည်း နည်းပါးလျက်ရှိသည်ဟု ဒု-၀န်ကြီးက ဆက်ေ

စီးယက်တဲလ်တက္ကသိုလ်နယ်မြေ၌ ပစ်ခတ်မှုဖြစ်ပွား တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ --------- စီး...

စီးယက်တဲလ်တက္ကသိုလ်နယ်မြေ၌ ပစ်ခတ်မှုဖြစ်ပွား တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ --------- စီးယက်တဲလ်- အမေရိကန်နိုင်ငံ စီးယက်တဲလ်ပစိဖိတ်တက္ကသိုလ်နယ်မြေအတွင်း ဇွန်လ ၅ ရက် နေ့လယ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အသက် (၂၀) ဝန်းကျင်ရှိ အမျိုး သားတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု စီးယက်တဲလ်ဆေးရုံပြောရေးဆိုခွင့်ရ အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းပစ်ခတ်မှုတွင် ကျန်လူနှစ်ဦးလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းနှင့် သံသယရှိသူအား ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ သတင်းအပြည့်အစုံ... http://ift.tt/1nUFUG1 စီးယက်တဲလ်တက္ကသိုလ်နယ်မြေ၌ ပစ်ခတ်မှုဖြစ်ပွား တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ 7daydaily.com စီးယက်တဲလ်- အမေရိကန်နိုင်ငံ စီးယက်တဲလ်ပစိဖိတ်တက္ကသိုလ်နယ်မြေအတွင်း ဇွန်လ ၅ ရက် နေ့လယ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အသက် (၂၀) ဝန်းကျင်ရှိ အမျိုး သားတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု စီးယက်တဲလ်ဆေးရုံပြောရေးဆိုခွင့်ရ အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းပစ်ခတ်မှုတွင် ကျန်လူနှစ်ဦး… from 7Day News Journal's Facebook Wall http://ift.tt/1i7zSdm

D-Day နှစ် (၇၀) မြောက် အခမ်းအနားများကျင်းပ ---------- နော်မန်ဒီ- ဒုတိယကမ္ဘာစစ်အတွ...

D-Day နှစ် (၇၀) မြောက် အခမ်းအနားများကျင်းပ ---------- နော်မန်ဒီ- ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်ဖွဲ့များက ပြင်သစ်ရှိနော်မန်ဒီကမ်းခြေကို အလုံးအရင်းဖြင့် ကမ်းတက်တိုက်ပွဲဆင်နွှဲ၍ စစ်ပွဲကို အလှည့်အပြောင်း ဖြစ်စေခဲ့သော တိုက်ပွဲနှစ် (၇၀)ပြည့်မြောက်ချိန်တွင် ယင်း D-Day တိုက်ပွဲမှ အသက်ရှင်ကျန်ရစ်သူ ရာနှင့်ချီသောစစ်ပြန်များသည်အင်္ဂလိပ်ရေလက် ကြား၏ ကမ်းနှစ်ဖက်လုံးတွင် စုဝေးခဲ့ကြသည်။ သတင်းအပြည့်အစုံ... http://ift.tt/1nUFVdb D-Day နှစ် (၇၀) မြောက် အခမ်းအနားများကျင်းပ 7daydaily.com နော်မန်ဒီ- ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်ဖွဲ့များက ပြင်သစ်ရှိနော်မန်ဒီကမ်းခြေကို အလုံးအရင်းဖြင့် ကမ်းတက်တိုက်ပွဲဆင်နွှဲ၍ စစ်ပွဲကို အလှည့်အပြောင်း ဖြစ်စေခဲ့သော တိုက်ပွဲနှစ် (၇၀)ပြည့်မြောက်ချိန်တွင် ယင်း D-Day တိုက်ပွဲမှ အသက်ရှင်ကျန်ရစ်သူ ရာနှင့်ချီသောစစ်ပြန်များသည်အင်္ဂလိပ်ရေလက် ကြား၏ ကမ်းနှစ်ဖက်လုံးတွင်… from 7Day News Journal's Facebook Wall http://ift.tt/1i7zPhB

ကိုယ်ပိုင်ယာဉ်တစ်စီး ကွန်တိန်နာ နောက်တွဲကို ဝင်တိုက် ရန်ကုန်၊ ဇွန် ၅ သာကေတမြု...

ကိုယ်ပိုင်ယာဉ်တစ်စီး ကွန်တိန်နာ နောက်တွဲကို ဝင်တိုက် ရန်ကုန်၊ ဇွန် ၅ သာကေတမြို့နယ် ရှုခင်းသာလမ်းရှိ အေးရှားဘိုးလိန်း စင်တာရှေ့ လမ်းကွေ့တွင် ဇွန်လ ၄ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က ကိုယ်ပိုင်ယာဉ် တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ့ ကွန်တိန်နာယာဉ် နောက်တွဲကို တိုက်မိရာမှ ယာဉ်မောင်း အပါအဝင် ဂျပန်နိုင်ငံသား နှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။ ဒဂုံမြို့နယ်ရှိ ကုမ္ပဏီတစ်ခုမှ လျှပ်စစ်အင်ဂျင်နီယာများ ဖြစ်သော ဂျပန်နိုင်ငံသား အမျိုးသားနှစ်ဦး လိုက်ပါ စီးနင်းလာသည့် Mark 2 အမျိုးအစား ကိုယ်ပိုင်ယာဉ်သည် သာကေတဘက်မှ ဒေါပုံမြို့နယ်ဘက်သို့ ရှုခင်းသာလမ်းအတိုင်း မောင်းနှင်လာစဉ် အေးရှားဘိုးလင်း စင်တာရှေ့ရှိ လမ်းကွေ့တွင် ညာဘက်ယာဉ်ကြော လမ်းဘေး၌ ရပ်နားထားသည့် ၂၂ ဘီး ကွန်တိန်နာယာဉ် နောက်တွဲကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သာကေတမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။ “လမ်းကွေ့မှာ စလစ်ဖြစ်ပြီး လမ်းဘေး ရပ်ထားတဲ့ ကွန်တိန်နာ နောက်တွဲကို ဝင်တိုက်မိလို့ ကားခေါင်းပိုင်း ကြေသွားတာ။ ယာဉ်မောင်းကို ကားထဲက မနည်း ဆွဲထုတ် ကယ်ခဲ့ရတယ်။ ဂျပန်လူမျိုး နှစ်ယောက်က ကားနေ

တက္ကသိုလ်ဆရာ၊ ဆရာမ ရာထူးပြောင်းရွှေ့စနစ် ပွင့်လင်းမြင်သာ စနစ်သို့ ပြောင်းလဲမည်ဟုဆု...

တက္ကသိုလ်ဆရာ၊ ဆရာမ ရာထူးပြောင်းရွှေ့စနစ် ပွင့်လင်းမြင်သာ စနစ်သို့ ပြောင်းလဲမည်ဟုဆို ရန်ကုန်၊ ဇွန် ၅ ပညာရေး ဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန လက်အောက် တက္ကသိုလ်များတွင် ၂၀၁၄ ခုနှစ်မှ စတင်၍ တက္ကသိုလ်ဆရာ၊ ဆရာမများ ရာထူး အပြောင်းအရွှေ့အတွက် ပွင့်လင်းမြင်သာသည့် စနစ်ပုံစံ ပြောင်းလဲမည် ဖြစ်ကြောင်း မိတ္ထီလာ စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက The Voice သို့ ပြောကြားသည်။ ကထိကရာထူးနှင့် ယင်းအောက် ရာထူးများအတွက် လုပ်သက်ပြည့်၍ ပြောင်းရွှေ့လိုလျှင် ကြိုက်နှစ်သက်သည့် ကျောင်းကို ရွှေ့ပြောင်းခွင့် ရှိကြောင်း၊ ရာထူး အပြောင်းအရွှေ့အတွက် သတ်မှတ်ချက်များကို သက်ဆိုင်ရာ ကျောင်းများထံ ပေးပို့ထားပြီး ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ “ဒီနှစ်မှာ ကထိကနဲ့ သူ့အောက် ရာထူးတွေဆို လုပ်သက်ပြည့်ရင် ပြောင်းချင်တဲ့ ကျောင်းပြောင်း။ ပြောင်းမယ့် ကျောင်းက နေရာလွှတ် စီစဉ်ပေးရမယ်လို့ ပြောထားတယ်” ဟု ဒေါက်တာတင်ဝင်းက ပြောကြားသည်။ သို့သော်လည်း အဆင့်မြင့်ပညာ တက္ကသိုလ်ဆရာ၊ ဆရာမ အများစုကမူ ရာထူး အပြောင်းအရွှေ့နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိမည်ကို စိုးရိမ်နေကြောင်း၊ သင့်တော်သည့် နေရာများကို မချထားဘဲ လာဘ်ပေးလာဘ်ယူမှုများကို ပယ်ဖျက်
ကမ္ဘာ့အဆင့်အလှမယ်ဆုကြီးနဲ့ မြန်မာကို ဂုဏ်တက်စေခဲ့တဲ့ မေမြတ်နိုး myanmar.mmtimes.com မြန်မာအလှမယ်တွေဖြစ်တဲ့ နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ၊ မိုးစက်ဝိုင်၊ ဂုဏ်ရည်အေးကျော်တို့ တစ်တွေ နိုင်ငံတကာပြိုင်ပွဲတွေဆီ ရှေ့ပိုင်းမှာ သွားရောက်နိုင်ခဲ့သလို မြန်မာပရိသတ်တွေရဲ့ စိတ်ဝင်စားမှု ကိုလည်း ရရှိခဲ့ကြပါတယ်။ from The Myanmar Times's Facebook Wall http://ift.tt/TgMrgs

`ဆရာဝန်ဘွဲ့ရထားသူများကို ဘွဲ့ရနံပါတ်စဉ်အလိုက် အလုပ်ခန့်ထားမည်မဟုတ်ဟု ကျန်းမာရေးဒ...

`ဆရာဝန်ဘွဲ့ရထားသူများကို ဘွဲ့ရနံပါတ်စဉ်အလိုက် အလုပ်ခန့်ထားမည်မဟုတ်ဟု ကျန်းမာရေးဒုဝန်ကြီးဆို´ နေပြည်တော်၊ ဇွန် ၅ ဆရာဝန်ဘွဲ့ရ ကျောင်းသားများကို ဘွဲ့ရနံပါတ်စဉ်အလိုက် အလုပ်ခန့်ထားပေးရန် အစီအစဉ်မရှိဟု ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်က ပြောသည်။ သို့သော် "ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့မှာ တာဝန်ထမ်းဆောင်လိုတဲ့ မည်သည့်အရာရှိဝန်ထမ်းမဆို ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ တစ်ဆင့် ခေါ်ယူသောရာထူးနေရာများအတွက် ဖြေဆိုအောင်မြင်သူများကို သာခန့်ထားပါတယ်”ဟု ၄င်းက ဆက်ပြောသည်။ ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းမေးမြန်းသော မေးခွန်းကို ၄င်းကယင်းသို့ ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ခွင့်ပြုဖွဲ့စည်းပုံရှိသည့် အတိုင်းသာ ခန့်အပ်ပေးနိုင်မည်ဖြစ်ပြီး၊ ပြုန်းတီးအင်အားနှင့် အသစ်တိုးအင်အားကို ချိန်ဆ၍ မွေးထုတ်ပေးလျက်ရှိပါကြောင်းနှင့် အစိုးရဝန်ထမ်းအဖြစ်ဆောင်ရွက်လိုခြင်းမရှိသော်လည်း ပြင်ပတွင်အခြားသောကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများကိုသာ လုပ်ဆောင်လိုသော ဆရာဝန်များလည်းရှိနေပါသည်ဟုဒုတိယ၀န်ကြီးက ဆိုသည်။ ပြည်သူ့လွှတ်တော်ကို