Skip to main content

Posts

Showing posts from February 21, 2015

မိတ်ကပ်ဖျက်ဖို့ဘာကြောင့် အရေးကြီးတာလဲ

ဖိနပ်ကို ကန်ထုတ်လိုက်ပြီး အိပ်ရာပေါ် တန်းပစ်လှဲလိုက်ချင်ကြသူ ချည်းပါပဲ။ မိတ်ကပ်ဖျက်ခြင်းဟာ ဘာကြောင့်အရေးပါသလဲဆိုတာ အနည်းငယ် ရှင်းပြပါရစေ။ ပုံမှန်အားဖြင့် အလွန်စွဲမြဲစေတဲ့ ရေစိုခံ မျက်တောင်ကော့ဆေးတွေဟာ မျက်လုံးမှာ တစ်ညလုံးရှိနေတဲ့ အခါ အမြင်အာရုံနဲ့ပတ်သက်ပြီး ပိုးမွှားဝင်တာတွေ ဖြစ်နိုင်ပါတယ်။ ပိုးမွှားတွေဟာ လိုင်နာရဲ့ gel အရည်မျိုးထဲမှာ ပိုမိုလျှင်မြန်စွာ ၀င်ရောက်နိုင်ပါတယ်။ အသက်အရွယ်ရလာတဲ့ သူတွေအဖို့ ပိုပြီးတောင် သတိထားသင့်ပါတယ်။ မိတ်ကပ်လိမ်းပြီး တစ်ညတာလုံး မိတ်ကပ်နဲ့အတူ အိပ်စက်လိုက်တဲ့အခါ ချွေးပေါက်ပိတ်ပြီး အသားအရေကို ပုပ်သိုးသွားစေပါတယ်။ - မျက်နှာသစ် ပုဝါတွေဟာ တကယ်အသုံးဝင်ရဲ့လား? ညအချိန်မတော် ပြန်လာတတ်သူ မိန်းမပျင်းလေးများအတွက် ဒီမိတ်ကပ်ဖျက် ပုဝါလေးတွေဟာ အကျိုးကျေးဇူးထူး တစ်ခုလို့ထင်နိုင်ပါတယ်။ စသုံးလိုက်ချိန်မှာ ပါးလေးတွေနီရဲသွားတဲ့အတွက် သိပ်နှစ်သက်စရာကောင်းတာပဲလို့ ထင်နိုင်ပါတယ်။ တကယ့်အမှန်တရားအစစ်ကတော့ နှင်းဆီသွေးရောင်ဖြစ်သွားတာမျိုး မဟုတ်ပါဘူး။ အလွတ်တန်းမိတ်ကပ်ပညာရှင် Larry Yeoက “ရေနဲ့ကောင်းစွာဆေးကြောခြင်း မရှိဘဲနဲ့တော့ အညစ်အကြေးတွေဟာ အလွှာပါးလေးတစ်လွှာစာလောက်တော့ ကျန်ခဲ့မှာပါပဲ။” လို့

အားဖြည့်အချိုရည်နှင့်အရက် တွဲဖက်သောက်ခြင်းက ဆိုးကျိုးပိုများ

အားဖြည့်အချိုရည်နှင့်အရက် တွဲဖက်သောက်ခြင်းက ဆိုးကျိုးပိုများ ဂျာမန်ထုတ် Jagermeister အရက်ကို Red Bullကဲ့သို့ အားဖြည့်အချိုရည်များနှင့် တွဲဖက်ပေးထားသည့် Jager Bomb ယမကာ အခင်းအကျင်းသည် အနောက်နိုင်ငံများတွင် သိသိသာသာ ခေတ်စားလာသော်လည်း ယင်းသည် အန္တရာယ်ကို ဖိတ်ခေါ်မှု တစ်ခုဟု အမေရိကန် ပညာရှင်များက ပြောကြားခဲ့ အားဖြည့်အချိုရည်နှင့်အရက် တွဲဖက်သောက်ခြင်းက ဆိုးကျိုးပိုများ အရက်ကို အားဖြည့်အချိုရည်များနှင့် ရော၍ သောက်သုံးခြင်းသည် အရက်ချည်းသက်သက် သောက်ခြင်းထက် အန္တရာယ် ပိုကြီးမားကြောင်း သုတေသီများက သတိပေးလိုက်သည်။ ဂျာမန်ထုတ် Jagermeister အရက်ကို Red Bullကဲ့သို့ အားဖြည့်အချိုရည်များနှင့် တွဲဖက်ပေးထားသည့် Jager Bomb ယမကာ အခင်းအကျင်းသည် အနောက်နိုင်ငံများတွင် သိသိသာသာ ခေတ်စားလာသော်လည်း ယင်းသည် အန္တရာယ်ကို ဖိတ်ခေါ်မှု တစ်ခုဟု အမေရိကန် ပညာရှင်များက ပြောကြားခဲ့သည်။ အရက်ကို အားဖြည့်အချိုရည်နှင့် ရောစပ်သောက်သုံးခြင်းသည် အဘက်ဘက်မှ ဆိုးကျိုးသက်ရောက်နိုင်ပြီး အရက်စွဲလမ်းမှု ဖြစ်ပေါ်အောင် ပိုမို လှုံ့ဆော်ပေးကြောင်းလည်း သိရှိရသည်။ အားဖြည့်အချိုရည်၏ အာနိသင်ကြောင့် နိုးကြားနေသည့်အခါ အရက်ကို ပိုမို၍ များများစားစား သေ

ခွန်အားဖြည့် အချိုရည်များက နှလုံးခုန်နှုန်းကို နှေးကွေးသွားစေ

ကဖိန်းဓာတ် ပါဝင်သည့် ခွန်အားဖြည့် အချိုရည်များအား ထိုသူများကို သောက်သုံးစေပြီးနောက် တစ်နာရီ အကြာတွင် ဇီဝကမ္မ ဖြစ်စဉ်များကို လေ့လာခဲ့ခြင်း ဖြစ်သည်။ ခွန်အားဖြည့် အချိုရည်များက နှလုံးခုန်နှုန်းကို နှေးကွေးသွားစေ ခွန်အားဖြည့် အချိုရည်များသည် နှလုံး၏ လုပ်ငန်းဆောင်တာများကို အနှောင့်အယှက် ပေးနိုင်သည့် သက်ရောက်မှုမျိုး ရှိနေကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ဂျာမနီနိုင်ငံ၊ ဘွန်းတက္ကသိုလ်မှ ပညာရှင်များသည် လူ(၁၇)ဦး၏ နှလုံးလှုပ်ရှားမှုများကို လေ့လာပြီးနောက် ယခုကောက်ချက်ကို အခိုင်အမာ ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ကဖိန်းဓာတ် ပါဝင်သည့် ခွန်အားဖြည့် အချိုရည်များအား ထိုသူများကို သောက်သုံးစေပြီးနောက် တစ်နာရီ အကြာတွင် ဇီဝကမ္မ ဖြစ်စဉ်များကို လေ့လာခဲ့ခြင်း ဖြစ်သည်။ ထိုအခါတွင် အားဖြည့်အချိုရည် သောက်သုံးထားသည့်နောက် နှလုံးခုန်နှုန်း သိသိသာသာ နှေးကွေးသွားသည်ကို ဖော်ထုတ် တွေ့ရှိနိုင်ခဲ့သည်။ သုတေသီ တစ်ဦးဖြစ်သည့် ဂျိုနက်စ် ဒေါနားက "ခွန်အားဖြည့် အချိုရည်တွေကြောင့် နှလုံးရဲ့ လုပ်ဆောင်မှုတွေကို သက်ရောက်သွားတဲ့ အကြောင်းရင်းကိုတော့ ကျွန်တော်တို့ ခုထိ တိတိကျကျ မသိရသေးဘူး။ ဒါပေမဲ့ အားဖြည့် အချိုရည်တွေမှာ ပါဝင်တ

ကျား/မ ဟော်မုန်းဓါတ်မြင့်တက်လာမည့် မြင်းခွါရွက်ဆေးနည်း

မြင်းခွါရွက်ဟာ မြန်မာ့ဆေးဖက်ဝင် အသီးအနှံတစ်မျိုးဖြစ်ရုံတင်မကပဲ အိန္ဒိယ၊ ထိုင်း၊ တရုတ်အစရှိတဲ့နိုင်ငံတို့မှ ရိုးရာဆေးနည်းများတွင်လည်း ပါဝင်နေတာကို တွေ့ရပါတယ်။ ရုက္ခဗေဒလို Centella asiatica ခေါ်တယ်။ Sanskrit သင်္သကရိုက်ဘာသာနဲ့ Mandooka Parni ခေါ်ပြီး၊ အင်္ဂလိပ်လို Asiatic pennywort နဲ့ စွယ်စုံကျမ်းမှာ Centella asiatica (Gotu Kola) လို့ပါတယ်။ အများဆုံး Indian Pennywort လို့ ခေါ်တယ်။ အရှေ့တိုင်းဆေးနည်းဖြစ်တဲ့ Ayurvedic အာယုဗေဒဆေးနည်းမှာ Vayasthapana သတ္တိ အသက်ရှည်ဆေးအဖြစ် သုံးတယ်။ သွေးကြော၊ အာရုံကြောတို့ကို အားကောင်းစေတယ်၊ ဆီးရွှင်စေတယ်။ ထိုင်းနိုင်ငံမှာ မြင်းခွါရွက်ကို နေ့ချင်း စိတ်တက်ကြွစေတယ်လို့ ယုံကြတယ်။ ၁၉၆၆-၇၉ ထုတ် စာအုပ်တစ်အုပ်မှာ Youth Vitamin X လို့ ပြောထားတယ်။ ဆေးပညာခွဲ အစုံပါတဲ့ အိန္ဒိယက Med-India မှာ အာရုံကြောနဲ့ ဦးနှောက်ကို အားပေးတဲ့ Tonic အားဆေး၊ Aphrodisiac လိင်စိတ်ကို အားပေးတဲ့ဆေးအဖြစ် သုံးတယ်လို့ ရေးထားပါတယ်။ သိပ္ပံနည်းကျ ဆရာတချို့က တနေ့ ၃ ရွက်သာစားသုံးပါ နုပျိုစေပါမယ်။ အသက်ရော Sex ရော ကောင်းစေပါသတဲ့။ အသုံးပြုနည်း (၁) မြင်းခွါရွက်ကို လက်တစ်ဆုပ်ခန့် ရေစင်အောင်ဆေးပြီး ထုထောင်း၍ လက်ဖက်

ဂေါ်ရခါးသီးနှင့် ကျန်းမာရေး

ဂေါ်ရခါးသီး ကိုမြန်မာနိုင်ငံမှာ ဈေးသက်သက် သာသာနဲ့ အလွယ်တကူ ၀ယ်ယူ ရရှိနိုင်ပါတယ်။ ရှမ်းပြည်မှာ ဆိုရင် ဆောင်းရာသီမှာ မမြင်ချင်မှ အဆုံး တောင်ပုံရာပုံနဲ့ ပေါများလှပါတယ်။ ရှမ်းပြည်မှာတော့ (sugar ) ဆူကာသီးလို့ ခေါ်ပါတယ်။ အိမ်တိုင်းမှာ လိုလို စင်တင်ပြီး စိုက်ထားကြပါတယ်။ စားချင်တဲ့ အချိန်မှ သွားခူးစားကြမျိုးပါ။ ဒါကြောင့် ပိုလတ်ဆတ်ပြီး ပိုအာဟာရပြည့်တဲ့ ဆူကာသီးတွေကို စားရတာပေါ့။ စီးပွား ဖြစ်စိုက်ပျိုးကြတဲ့ စိုက်ခင်းတွေ ဆိုတာကလည်း တမျှော်တခေါ် မျက်စိတဆုံးပဲမို့ တစ်နိုင်ငံလုံး ကိုတောင် ရောင်းချ နိုင်လောက်အောင် ကို ဖြစ်ထွန်းအောင်မြင်နေတာပါ ။ တခြားနေရာဒေသတွေမှာလည်း ဂေါ်ရခါးသီး မထွက်ပေမယ့် လူတိုင်း ၀ယ်ယူ စားသုံး နိုင်လောက်အောင်ကို ဈေးသက်သာမယ် ပေါများမယ် ဆိုတာ သေချာပါတယ်။ ဒါပေမယ့် အဲဒီ ဂေါ်ရခါးသီးက ကျန်းမာရေးကို ဘယ်လောက်အထောက်အကူ ဖြစ်လဲ ဆိုတာတော့ သတိထားမိတဲ့ သူရှားပါတယ်။ ဒါကြောင့် ဂေါ်ရခါးသီးနဲ့ လူသားတွေရဲ့ ကျန်းမာရေး ပတ်သက်တဲ့ အချက်တွေကို ပြောပြချင်ပါတယ်။ ဂေါ်ရခါးသီးမှာ လူသားတွေရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေတတ်တဲ့ သဘာဝ ကစီဓါတ် ၊ ဗီတာမင်စီ ၊ အမိုင်နိုအက်ဆစ်နဲ့ ဗီတာမင် ဘီ အုပ်စုတို့ ကြွယ်ဝစွာ ပါရှိပါတ