Skip to main content

Posts

Showing posts from May 12, 2014

သြစတြေးလျသို့ အိန္ဒိယ ဧည့်သည်များ ပိုမိုလာရောက်မည် ခန့်မှန်းထား သြစတြေးလျနိုင်ငံ...

သြစတြေးလျသို့ အိန္ဒိယ ဧည့်သည်များ ပိုမိုလာရောက်မည် ခန့်မှန်းထား သြစတြေးလျနိုင်ငံသည် ၂၀၂၀ ခုနှစ် တွင် အိန္ဒိယမှခရီးသည်များ သုံးသိန်းအထိရောက်ရှိရန်နှင့် ရောက်ရှိ လာသည့် အိန္ဒိယခရီးသည်များအနေဖြင့် သြစတြေးလျတွင့် သြစတြေးလျ ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ သုံးစွဲကြမည်ဟု မျှော်မှန်းတွက်ချက်ထားကြောင်း အိန္ဒိယအိတ်စပရက်စ် သတင်းတွင် မေ ၁၂ရက်ကရေး သားသည်။ “ လာရောက်လည်ပတ်မှုနှင့် ငွေကြေးသုံးစွဲမှုများအရ နောင်တစ်ချိန်မှာ အိန္ဒိယဟာ သြစတြေးလျအတွက် မဟာဈေးကွက်ကြီးဖြစ်လာပါလိမ့်မယ်။ ၂၀၂၀ မှာ အိန္ဒိယ ခရီးသည် ၃၀၀,၀၀၀ အထိရှိလာမည်ဖြစ်ပြီး သြစတြေးလျမှာ ဒေါ်လာ ၂ ဒသမ ၃ဘီလီ ယံသုံးစွဲကြလိမ့်မယ်လို့ ခန့်မှန်းပါတယ်” ဟု သြစတြေးလျဆိုင် ရာ ခရီးသွားလုပ်ငန်း မန်နေဂျာ နီရှန်ကရှီခါက ပြောသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1jbIeFC

တရုတ်က အမေရိကန်ပြည်ထောင်စုသို့ ရထားလမ်းဖောက်လုပ်ရန်စိတ်ဝင်စား တရုတ်နိုင်ငံသည် ရ...

တရုတ်က အမေရိကန်ပြည်ထောင်စုသို့ ရထားလမ်းဖောက်လုပ်ရန်စိတ်ဝင်စား တရုတ်နိုင်ငံသည် ရုရှနိုင်ငံကိုဖြတ်လျက် ပစ္စဖိတ်သမုဒ္ဒရာရေအောက်လိုဏ်ခေါင်းမှနေ၍အမေရိကန်ပြည် ထောင်စုရှိ အလာစကားနှင့် ကနေဒါတို့မှတစ်ဆင့် အမေရိကန်နိုင်ငံသို့ ရောက်ရှိနိုင်မည့် ကီလိုမီတာ ၁၃, ၀၀၀ ရှည်လျားသော မီးရထားလမ်းဖောက်ရန် စီစဉ်လျက်ရှိသည်ဟု တရုတ်အင်ဂျင်နီယာ တက္ကသိုလ်မှပညာ ရှင် ၀မ်မင်ရှူက တရုတ်အစိုးရ သတင်းမီဒီယာကို ပြောပြသည်ဟု အိုင်ဘီလိုက်သတင်းတွင် မေလ ၉ ရက်က ရေးသားဖော်ပြသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1lfE6jP

ပြည်တွင်းလမ်းအချို့ကို မြန်မာ-အိန္ဒိယပူးပေါင်း အဆင့်မြှင့်တင်မည် စည်သူအောင် ကချ...

ပြည်တွင်းလမ်းအချို့ကို မြန်မာ-အိန္ဒိယပူးပေါင်း အဆင့်မြှင့်တင်မည် စည်သူအောင် ကချင်၊ ချင်း၊ ရခိုင်ပြည်နယ်ရှိ လမ်းပိုင်းအချို့ကို မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပူပေါင်းပြီး အဆင့်မြှင့်တင်မည်ဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မေလ ၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ လမ်းပန်းဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ရွှေဘို၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်း၊ ရိဒ်-တီးတိန်လမ်းပိုင်းနှင့် ဘူးသီးတောင်-မောင်တောလမ်းပိုင်းတို့ကို နှစ်နိုင်ငံပူးပေါင်း၍ အဆင့်မြှင့်တင်သွားမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံ အာဆီယံလမ်းမကြီးကိုလည်း မြန်မာနိုင်ငံနှင့်ပူးပေါင်း၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်သွားရန် စီစဉ်ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး Ms. Sujata Mehta နှင့် ကိုယ်စားလှယ်အဖွဲ့သည် မေလ ၇ ရက်တွင် မြန်မာ နိုင်ငံသို့ လာရောက်ခဲ့သည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1snrcUG

ဆင်ရိုင်းများ တရားမ၀င် ဖမ်းဆီးခိုင်းစေမှု အရေးယူပေးစေလို အောင်ကိုဦး| အင်္ဂါနေ့၊ေ...

ဆင်ရိုင်းများ တရားမ၀င် ဖမ်းဆီးခိုင်းစေမှု အရေးယူပေးစေလို အောင်ကိုဦး| အင်္ဂါနေ့၊ မေလ ၁၃ ရက် ၂၀၁၄ ခုနှစ် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တောမှော်ကျေးရွာရှိ သစ်ခိုးထုတ်သူများနှင့် ကျောက်မှောင်ခို လုပ်ကိုင်နေကြသူများသည် လုပ်ငန်းတွင် အသုံးပြုရန် ဆင်ရိုင်းများ ဖမ်းပြီး လေ့ကျင့်ကာ ခိုင်းနေခြင်းများကို သက်ဆိုင်ရာက ဖမ်းဆီးအရေးယူမှုများမရှိသဖြင့် တရားမ၀င်ဆင်ဖမ်းအဖွဲ့များကို အရေးယူဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံများက မဇ္ဈိမကို ပြောကြားသည်။ ဖမ်းဆီးရမိသော ဆင်ရိုင်းများကို တောမှော်ကျေးရွာ စံဖဲချောင်းအနီး တောတွင်းတွင် ကူးခတ်၍ လေ့ကျင့်ပေး နေကြောင်း၊ ဒေသခံများက ဆိုသည်။ ဆင်ရိုင်းများ ရှားပါးလာခြင်းကြောင့် တရားမ၀င် သစ်တောထွက် ပစ္စည်းရှာဖွေသူများမှာလည်း ပိုမိုအတင့်ရဲလာကြပြီး သစ်တောထွက်ရှာဖွေမှုကို အုပ်စုဖွဲ့ လုပ်ကိုင်နေခြင်း ကြောင့် သစ်တောများ ပြုန်းတီးလာပြီး ရာသီဥတုလည်း ဖောက်ပြန်လာကြောင်း၊ အဆိုပါ ဒေသတွင် အကြောက်တရားများနှင့် နေထိုင်ကြရသောကြောင့် မပြောရဲကြကြောင်း ၎င်းတို့က ဆိုသည်။ တရားမ၀င် ဆင်ရိုင်းဖမ်းဆီးမှုကြောင့် ဆင်ရိုင်းများ ရှားပါးပြီး သစ်တောထွက်ပစ္စည်းလည်း ရှားပါးလာကာ ဆင်ရိုင်းများ ဖမ်းဆီးမှုကို ၂၀၁၃ ခုနှစ်နိုဝင

အမျိုးဘာသာ စောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်)က အချက်လေးချက်ပါ ကြေညာချက်ထုတ်ပြန...

အမျိုးဘာသာ စောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်)က အချက်လေးချက်ပါ ကြေညာချက်ထုတ်ပြန် အောင်ကိုဦး| အင်္ဂါနေ့၊ မေလ ၁၃ ရက် ၂၀၁၄ ခုနှစ် မျိုးစောင့်ဥပဒေရေးဆွဲနေခြင်းကို ကန့်ကွက်ခြင်းနှင့် ပတ်သက်၍ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်)က မေ ၉ ရက်တွင် အချက် ၄ ချက်ပါ ကြေညာချက်အမှတ် (၅/၂၀၁၄)ကို ထုတ်ပြန်ခဲ့ကြောင်း ယင်းအဖွဲ့၏ ဦးဆောင်ဆရာတော် အရှင်ဣန္ဒာစက္ကာဘိဝံသက မဇ္ဈိမကို မိန့်ကြားသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူနှင့် ဖန်တီးအိမ်လူမှုအဖွဲ့အစည်း ဒါရိုက်တာ ဒေါ်ရွှေရွှေစိန် လတ်အပါအ၀င် အရပ်ဘက်လူ့အဖွဲ့အစည်း ၉၀ ကျော်က မျိုးစောင့်ဥပဒေရေးဆွဲနေခြင်းကို ကန့်ကွက်လျက်ရှိသည်။ “အခုလုပ်နေတာ အမျိုးသမီးအခွင့်အရေး ချိုးဖောက်နေတာ မပါဘူး။ မရသေးတဲ့ အခွင့်အရေးတွေရအောင် လုပ်ဖို့နဲ့ အခွင့်အရေးတွေ မဆုံးရှုံးဖို့ လုပ်နေတာပါ။ ဗုဒ္ဓဘာသာနိုင်ငံမှာ မျိုးစောင့်ဥပဒေ မရှိလို့ မရဘူး။ ဒါ ကြောင့်လည်း မဖြစ်ဖြစ်အောင် လုပ်ဆောင်နေကြတယ်” ဟု ဦးဆောင် ဆရာတော်က မိန့်ကြားသည်။ အဆိုပါကြေညာချက်တွင် ဖန်တီးအိမ်လူ့အဖွဲ့အစည်း ဒါရိုက်တာဒေါ်ရွှေရွှေစိန်လတ်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူပါ အဖွဲ့အစည်း ၉၇ ခုကို အမျိုးသားရေး သစ္စာဖောက်အ

ကျောင်းသားများ သိပ္ပံပညာ အားကောင်းလာစေရန် ဆရာများကို ဓာတ်ခွဲခန်း သင်တန်းများ ပေးရ...

ကျောင်းသားများ သိပ္ပံပညာ အားကောင်းလာစေရန် ဆရာများကို ဓာတ်ခွဲခန်း သင်တန်းများ ပေးရန်စီစဉ် ရန်ကုန်၊ မေ ၁၂ မြန်မာနိုင်ငံတွင် အထက်တန်း ကျောင်းသားများ သိပ္ပံပညာ လေ့လာမှု အားကောင်းလာစေရန်အတွက် လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်ကာ အထက်တန်းပြ ဆရာများကို သိပ္ပံဘာသာရပ် (ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ) ဆိုင်ရာ လက်တွေ့ဓာတ်ခွဲခန်း သင်တန်းများ သင်ကြားပေးမည် ဖြစ်ကြောင်း အဆိုပါ သင်တန်းပေးခြင်းကို စီစဉ်သူ ပါမောက္ခ ဒေါက်တာဇေယျာဦးက The Voice သို့ ပြောကြားသည်။ မြန်မာနိုင်ငံ၏ အခြေခံပညာ အထက်တန်းကျောင်းများတွင် လက်တွေ့ သင်တန်းကို ထိရောက်စွာ သင်ကြားပေးနိုင်မှု မရှိသေးသည့်အတွက် ကျောင်းသား လူငယ်များအကြား သိပ္ပံပညာ လေ့လာမှု အားနည်းနေသည်ကို တွေ့ရှိရကြောင်း၊ သိပ္ပံဘာသာရပ် လက်တွေ့သင်တန်းများကို နဝမတန်း၊ ဒသမတန်း ကျောင်းသားများ တတ်မြောက်စေရန်အတွက် အခြေခံပညာ ကျောင်းများမှ အထက်တန်းပြ ဆရာ၊ ဆရာမများကို သင်တန်းပေးရန် စီစဉ်ခြင်း ဖြစ်ကြောင်း ဒေါက်တာဇေယျာဦးက ရှင်းလင်း ပြောကြားသည်။ သိပ္ပံဘာသာရပ်အတွက် လက်တွေ့ဓာတ်ခွဲခန်း သင်တန်းများ ပေးနိုင်ရန် စီမံချက်များ ရေးဆွဲနေပြီး အဆိုပါ သင်တန်းအတွက် Proposal ကို ပညာရေး ဝန်ကြီးဌာနကို တင်ပြကာ အတည်ပြုချက်

သာသနာတော် တည်တံ့ရေး နိုင်ငံတော် သံဃမဟာနာယက အဖွဲ့နှင့် ဂိုဏ်းပေါင်းစုံ သံဃာများ ည...

သာသနာတော် တည်တံ့ရေး နိုင်ငံတော် သံဃမဟာနာယက အဖွဲ့နှင့် ဂိုဏ်းပေါင်းစုံ သံဃာများ ညှိနှိုင်းလုပ်ဆောင်ရန် သီတဂူဆရာတော် တိုက်တွန်း ရန်ကုန်၊ မေ ၁၂ ဗုဒ္ဓသာသနာ တည်တံ့ရေးအတွက် သာသနာ့ရေးရာများကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့နှင့် ဂိုဏ်းပေါင်းစုံ သံဃာများ ပူးပေါင်းညှိနှိုင်း လုပ်ဆောင်ရန် သီတဂူဆရာတော် အရှင်ဉာဏိဿရက တိုက်တွန်း လျှောက်ထားကြောင်း ဂိုဏ်းပေါင်းစုံ သံဃာအဖွဲ့များမှ ဆရာတော်များက မိန့်ကြားသည်။ မေလ ၁၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်ကြီးတွင် ပြုလုပ်သော ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးတွင် သီတဂူဆရာတော် အရှင်ဉာဏိဿရက ယင်းသို့ မိန့်ကြားခဲ့ခြင်း ဖြစ်သည်။ “နိုင်ငံတော်က ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးပြီး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေချိန်မှာ ဘုန်းကြီးတို့ ဘုရားသားတော်တွေကလည်း သာသနာရေး ကိစ္စရပ်တွေကို ညှိနှိုင်း ဆောင်ရွက်ကြပါဘုရား” ဟု သီတဂူဆရာတော်က မိန့်ဆိုသည်။ ထို့အပြင် သံဃမဟာနာယက အဖွဲ့ကို နိုင်ငံတော်အဆင့်သာမက ဂိုဏ်းအသီးသီးတွင်လည်း လွတ်လပ်စွာ ဖွဲ့စည်းပေးသင့်ကြောင်း သီတဂူဆရာတော်က ထောက်ပြ မိန့်ကြားသည်။ “အရင်ခေတ်တုန်းက သံဃမဟာနာယက ဆိုရင် နိုင်ငံတော် သံဃမဟ

လယ်ယာမြေပြဿနာနှင့် အလုပ်သမား၊ လယ်သမားအရေးများကို လေးလပတ် အစည်းအဝေးသို့ တင်ပြမည်...

လယ်ယာမြေပြဿနာနှင့် အလုပ်သမား၊ လယ်သမားအရေးများကို လေးလပတ် အစည်းအဝေးသို့ တင်ပြမည် မျိုးသန့်| အင်္ဂါနေ့၊ မေလ ၁၃ ရက် ၂၀၁၄ ခုနှစ် မန္တလေးမြို့ ရွှေပြည်သာဟိုတယ်တွင် မေလ ၁၀ ရက် ညနေ လေးနာရီခွဲခန့် နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ပါတီများ၊ လူမှုအဖွဲ့အစည်းများ တွေ့ဆုံ၍ လိုအပ်ချက်၊ တောင်းဆိုချက်များကို မေးမြန်းခဲ့ပြီး သမ္မတရုံးဝန်ကြီးများ၏ လေးလပတ် အစည်းအဝေးတွင် တင်ပြပေးသွားမည်ဟု ပြောဆိုခဲ့ကြောင်း တက်ရောက်ခဲ့သော ပါတီများနှင့် လူမှုအဖွဲ့အစည်းများက ပြောသည်။ “လယ်ယာမြေပြဿနာတွေ၊ အလုပ်သမား လယ်သမားအရေးတွေကို တင်ပြခဲ့ပါတယ်။ အဲဒါတွေကို လေးလပတ် အစည်းအဝေးမှာ တင်ပြပေးမယ်လို့ ပြောပါတယ်။ ကျေနပ်လောက်တဲ့ အဖြေလည်း မရခဲ့ပါဘူး” ဟု အိုင်အယ်လ်အိုနှင့် ဆက်သွယ်ဆောင်ရွက်သူများ ကွန်ရက်မှ ကိုအေးသိန်းက ပြောသည်။ မန္တလေးခရိုင်အတွင်း အလုပ်သမားနေ့တွင် အလုပ်ဆင်းနေရသည့်သူများရှိပြီး အလုပ်သမားနေ့ကို ပီပီပြင်ပြင် သတ်မှတ်ပေးစေလိုခြင်း၊ အနည်းဆုံး အခြေခံလစာ သတ်မှတ်မည့်ကိစ္စကို အချိန်မဆွဲဘဲ အမြန်ဆုံး လုပ်ဆောင်ပေးစေလိုခြင်း၊ သမဂ္ဂဖွဲ့စည်းရာတွင် လက်ရှိစည်းကမ်းချက်များကို ဖြေလျှော့ပေးစေလိုခြင်းနှင့် တာဝန်ရှိသူများနှင့် တစ်လတစ်ကြိမ် တေ

ဇွဲကပင် ကေဘယ်လ် အဆောက်အအုံ မေလနောက်ဆုံးပတ် စတင်ဆောက်မည် နန်းမြင့်| အင်္ဂါနေ့၊ မေလ...

ဇွဲကပင် ကေဘယ်လ် အဆောက်အအုံ မေလနောက်ဆုံးပတ် စတင်ဆောက်မည် နန်းမြင့်| အင်္ဂါနေ့၊ မေလ ၁၃ ရက် ၂၀၁၄ ခုနှစ် ကရင်ပြည်နယ်ရှိ ဇွဲကပင်တောင် ဆံတော်ရှင်စေတီကို မိနစ်အနည်းငယ်ဖြင့် ဖူးမြော်နိုင်မည့် ကေဘယ်လ် ကားစီမံကိန်း အောက်ခြေအထိုင် အဆောက်အအုံကို မေနောက်ဆုံးပတ်အတွင်း စတင်တည်ဆောက်မည် ဖြစ်သည်ဟု ဇွဲကပင်တောင် ဆံတော်ရှင် ကေဘယ်လ်ကား စီမံကိန်းဖြစ်မြောက်ရေးကော်မတီမှ ပြန်ကြားရေးမှူး ဦးစောကြည်ဝင်းက မဇ္ဈိမကို ပြောသည်။ အထိုင်အဆောက်အအုံကို မလေးရှားနိုင်ငံမှ တရုတ်ပညာရှင်များ လာရောက်ပြီး စတင်အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။ “မေလအတွင်းမှာ မလေးရှားက တရုတ်ပညာရှင်တွေ လာမယ်။ ကေဘယ်လ် ထိုင်မယ့် အဆောက်အအုံ စတင်လုပ်မယ်”ဟု ဦးစောကြည်ဝင်းက ပြောသည်။ အဆောက်အအုံကို အနောက်ဘက် ဇွဲကပင်တောင်ခြေရင်းတွင် ဆောက်လုပ်သွားရန် လျာထားပြီး ပညာ ရှင်များ လာရောက်မှသာ အထိုင်အဆောက်အအုံဒီဇိုင်း သိရှိရမည် ဖြစ်သည်။ ယင်းစီမံကိန်း ဖြစ်မြောက်ရေး၏ ကုန်ကျမည့်စရိတ်မှာ အမေရိကန်ဒေါ်လာသန်း ၂၀ကျော်ဖြစ်၍ ဆရာတော် ကြီးများက ရန်ပုံငွေတရားပွဲများ မြန်မာနိုင်ငံ အနှံ့အပြားတွင် ပြုလုပ်လျက် ရှိသည်။ from Mizzima - News in Burmese's Facebook Wall

မတရားသင်း ဆက်သွယ်မှုဖြင့် ဖမ်းခံရသူ SNLD တာဝန်ခံကိစ္စ အဖြေမထွက်သေး ကျော်စွာဝင်း|...

မတရားသင်း ဆက်သွယ်မှုဖြင့် ဖမ်းခံရသူ SNLD တာဝန်ခံကိစ္စ အဖြေမထွက်သေး ကျော်စွာဝင်း| အင်္ဂါနေ့၊ မေလ ၁၃ ရက် ၂၀၁၄ ခုနှစ် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)ဖြင့် အမှုဖွင့်ခံထားရသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNLD) ကျိုင်းတုံမြို့နယ် နမ့်လင်းမိုင်ကျေးရွာ တာဝန်ခံ ဦးစိုက်အိုက်ကန်ကိစ္စ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းနှင့် မေ ၁၁ရက်တွင် ဆက်သွယ်ဖြေရှင်းခဲ့သော်လည်း အဖြေ မထွက်သေးဟု SNLD ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က မဇ္ဈိမကို ပြောသည်။ “သမ္မတအနေနဲ့လည်း အာဆီယံ အစည်းအဝေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာကြောင့် တစ်ရက် နှစ်ရက် လောက် သည်းခံပြီး စောင့်ပေးဖို့ပြောပါတယ်”ဟု SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က မဇ်္ဈိမသို့ ပြော သည်။ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် SNLD တာဝန်ရှိသူတို့ ဖုန်းဖြင့်ဆက်သွယ် ပြောဆိုခြင်း ဖြစ်သည်။ ဦးအောင်မင်းက ၎င်းမြစ်ကြီးနားသွားရန်ရှိသဖြင့် အခြားသော သမ္မတရုံးဝန်ကြီးတစ်ဦးဖြစ်သည့် ဦးစိုးသိန်း ဆက်လက်တာဝန်ယူ ညှိနှိုင်းပေးမည်ဟုလည်း ဦးစိုင်းလိတ်က ပြောသည်။ အဆိုပါ ကျေးရွာပါတီတာဝန်ခံကို မေလ ၅ ရက်ညပိုင်းက ရှမ်းပြည်တောင်ပိုင်း တပ်မတော်/ ရှမ်းပြည် ပြန် လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ဆက်သွ

#emg_editorials ၂၀၁၄ မေလ ၁၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်...

#emg_editorials ၂၀၁၄ မေလ ၁၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော် ပြည်ပနိုင်ငံများရောက် ရွှေ့ပြောင်းလုပ်သားများအရေး အာဆီယံအလှည့်ကျဥက္ကဋ္ဌ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများသည် အိမ်နီးချင်း အာဆီယံဒေသတွင်း နိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ရောက်ရှိအလုပ်လုပ်ကိုင် နေကြရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။ ရွှေ့ပြောင်းလုပ်သားများ အရေးနှင့်ပတ်သက်၍ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ ဖြေရှင်းခဲ့ရသော ပြဿနာများလည်း များစွာရှိခဲ့ပြီးဖြစ်သည်။ သို့သော် နိုင်ငံပြင်ပရောက် ရွှေ့ပြောင်းလုပ်သားများ အရေးသည် မည်သည့်အခါတွင်မှ ရိုးအီမသွားနိုင်သော ဇာတ်လမ်းများပမာ ဖြေရှင်းရခက်သည့် ပဟေဠိပုစ္ဆာများအဖြစ် ရှိနေဆဲဖြစ်သည်။ အဓိကအားဖြင့် Dirty၊ Difficult၊ Dangerous ဟု ဆိုသည့် 3D အလုပ်များကိုသာ လုပ်ကိုင်ရသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် လုပ်သားအခွင့်အရေး ဆုံးရှုံးမှုများစွာ ရှိနေသည်။ သက်ဆိုင်ရာအစိုးရ အသီးသီးနှင့် ညှိနှိုင်းလုပ်ဆောင် နေသည်ဟု ဆိုသော်လည်း ဖြစ်ပွားသည့် ပြဿနာနှင့် ဖြေရှင်းနိုင်မှုစွမ်းအား မျှတခြင်း မရှိသေးပါ။ ပြီးခဲ့သည့်ရက်များက မြန်မာနိုင်ငံမှ တာဝန်ရှိသူများက ဒေသတွင်းနိုင်ငံအချို

#thedailyelevencover

#thedailyelevencover from Eleven Media Group's Facebook Wall http://ift.tt/1mjRsiZ

မေလ ၁၃ ရက်နေ့ထုတ် First Eleven Sports Journal အတွဲ ၁၄ အမှတ် ၄၉ အား Download ရယူန...

မေလ ၁၃ ရက်နေ့ထုတ် First Eleven Sports Journal အတွဲ ၁၄ အမှတ် ၄၉ အား Download ရယူနိုင်ပါသည်။ #11Download http://ift.tt/1mjRs2m http://ift.tt/1mjRtTV http://ift.tt/1jlVmlJ http://ift.tt/1mjRtU1 http://ift.tt/1mjRtU5 from Eleven Media Group's Facebook Wall http://ift.tt/1jlVmlN

အကူအညီပေးရေးအဖွဲ့ ၉၀ ရာခိုင်နှုန်း ရခိုင်ပြည်နယ်တွင် လုပ်ငန်းများပြန်စ ကေဇူး| အဂ...

အကူအညီပေးရေးအဖွဲ့ ၉၀ ရာခိုင်နှုန်း ရခိုင်ပြည်နယ်တွင် လုပ်ငန်းများပြန်စ ကေဇူး| အင်္ဂါနေ့၊ မေလ ၁၃ ရက် ၂၀၁၄ ခုနှစ် လွန်ခဲ့သည့် မတ်လပိုင်းက ဖြစ်ခဲ့သည့် ပဋိပက္ခများကြောင့် အကူညီပေးရေးလုပ်ငန်းများ ရပ်နားထားသည့် အဖွဲ့များ၏ ၉၀ ရာခိုင်နှုန်းမှာ အကူအညီပေးရေး လုပ်ငန်းများပြန်လည် စတင်နေပြီဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က မေ ၁၂ ရက်တွင် မဇ်္ဈိမကို ပြောသည်။ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များကို ဒေသတွင်းမှ ထွက်ခွာသွားရန် ဆန္ဒထုတ်ဖော်မှု၊ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး အကူအညီပေးရေး လုပ်ငန်းများ ရပ်နားခဲ့ရာမှ ပြန်လည်လုပ် ကိုင်နေခြင်း ဖြစ်သည်။ နိုင်ငံတကာ အဖွဲ့အစည်းများသည် ဧပြီ ၂၂ ရက်က စတင်၍ ရခိုင်ပြည်နယ်သို့ ရောက်ရှိခဲ့ပြီး ပထမဆုံး ၁၀ ဖွဲ့စတင်ခဲ့ကာ ယခု မေ ၁၂ရက်တွင် စုစုပေါင်း အကူအညီပေးရေးအဖွဲ့ ၂၃ ဖွဲ့မှ ၂၀ ပြန်လည်ရောက်ရှိ၊ လုပ် ငန်းစတင်နေပြီ ဖြစ်သည်။ NGO အဖွဲ့များအနေဖြင့် အကူအညီပေးရေး လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများအကြား အရေးပေါ်ညှိနှိုင်းရေး ဗဟိုဌာန ECC (Emergency Coordinate C

အင်းလေးဇုန် ၀င်ခွင့်ရငွေ တစ်ဝက်ကို ပညာရေးရန်ပုံငွေ စိုက်ထူမည် ဂျွန်ချစ်ငြိမ်း|...

အင်းလေးဇုန် ၀င်ခွင့်ရငွေ တစ်ဝက်ကို ပညာရေးရန်ပုံငွေ စိုက်ထူမည် ဂျွန်ချစ်ငြိမ်း| အင်္ဂါနေ့၊ မေလ ၁၃ ရက် ၂၀၁၄ ခုနှစ် အင်းလေးဇုန်ဝင်ခွင့် အပ်ငွေ၏ ၅၀ ရာခိုင်နှုန်းကို ဦးတင်ဧ(ရှမ်းပြည်)အမည်ဖြင့် ပညာရေးရန်ပုံငွေ စိုက်ထူသွားမည်ဖြစ်ကြောင်း အင်းတိုင်းရင်းသားရေးရာ ၀န်ကြီးဦးဝင်းမြင့်က မေ ၁၂ရက် မဇ္ဈိမကို ပြောသည်။ ၂၀၁၂ -၂၀၁၃ ခုနှစ်အတွင်း အင်းလေးဇုန်ဝင်ခွင့် ငွေ၏တစ်ဝက်ဖြစ်သည့် ကျပ်သိန်း ၃၀၀ကို ရန်ပုံငွေ စိုက် ထူမည်ဖြစ် အတိုးငွေဖြင့် ပညာရေးအတွက် လိုအပ်နေသည့် ကျောင်းသားများကို ထောက်ပံ့သွားနိုင်ရန် စီ စဉ်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။ “အဓိကက ငွေကြေးချို့တဲ့ပြီး တက္ကသိုလ်ဝင်တန်း မတက်နိုင်တဲ့ ကလေးတွေ အင်းသူ၊ အင်းသားတွေကို ကူညီထောက်ပံ့ပေးဖို့ ရည်ရွယ်ထားပါတယ်” ဟု ၀န်ကြီး ဦးဝင်းမြင့်က ပြောသည်။ လတ်တလော အခြေအနေတွင် ဦးတင်ဧ(ရှမ်းပြည်)ပညာရေးရန်ပုံငွေအဖွဲ့ ဖွဲ့စည်းနိုင်ရန် အင်းသူ၊ အင်း သားများ၊ ရပ်မိရပ်ဖများနှင့် တိုင်ပင်ဆွေးနွေးနေပြီး ဇွန်လဆန်းတွင် ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက် သွားမည် ဖြစ်သည်။ “ဒီအဖွဲ့မှာ နိုင်ငံရေးသမားတွေ၊ ပြည်သူ့ဝန်ထမ်းတွေ ပါဝင်မှာ မဟုတ်ပါဘူး။ ကျွန်တော် ကိုယ်တိုင်လည်း အင်းတိုင်းရင်းသားရေးရာ ၀န်ကြီးတ

အဓမ္မ၀ါဒီများ ၀င်ရောက်မည့်အန္တရာယ် အရေးတကြီး ကာကွယ်ရန်လိုပြီဟု သာသနာရေး အာဏာပိုင်မ...

အဓမ္မ၀ါဒီများ ၀င်ရောက်မည့်အန္တရာယ် အရေးတကြီး ကာကွယ်ရန်လိုပြီဟု သာသနာရေး အာဏာပိုင်များဆို မင်းမင်း လက်ရှိ သံဃာ့အဖွဲ့အစည်းအတွင်း အဓမ္မ၀ါဒီ (တရားသဘောနှင့် ဆန့်ကျင်သည့် ဟောပြော၊ ရေးသား၊ ဖြန့်ဝေမှု) များ ၀င်ရောက်ပူးသတ်မည့် အန္တရာယ်ကို ကာကွယ်ရန် လိုအပ်နေပြီဟု သာသနာရေးဝန်ကြီး ဦးဆန်းဆင့်နှင့် သံဃာတော်များက ပြောကြားလိုက်သည်။ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူအတွင်း မေ ၁၂ ရက်က ကျင်းပသည့် သံဃာပေါင်း ၂,၅၅၈ ပါး တက်ရောက်သော ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။ ၁၈နှစ်ကြာမှသာ ပြန်လည်ကျင်းပနိုင်သည့် အဆိုပါသံဃာ့အစည်းအဝေးအား အကြောင်းရင်း ငါးခုကြောင့် ကျင်းပရခြင်းဖြစ်ကြောင်း ၀န်ကြီးဦးဆန်းဆင့်က လျှောက်ထားသည်။ အခြားသော သံဃာတော်များကလည်း သံဃာထုအတွင်း အဓမ္မ၀ါဒီများ ပေါ်ပေါက်နေသည်ဟု မိန့်ကြား ကြသည်။ “ဗုဒ္ဓစကားနဲ့ မညီသော စကားပေါ့။ တရားနဲ့မလျော်ညီသော စကား၊ တရားနဲ့ မလျော်ညီသော စကားပေါ့။ မရှိဘူးလို့ ဘယ်ပြောနိုင်မလဲ။ အဲလိုမျိုးတွေ နည်းနည်းပါးပါးတော့ ရှိတာပေါ့။ ရှိပါတယ်” ဟု အစည်းအဝေး တက်ရောက်လာသည့် ကလေးမြို့ ကျောင်းတိုက်ရွာ၊ မဟာသန္တိသုခကျောင်းတိုက်မှ ဦးဉနိန္ဒက မိန့်သည်။ ထို့ပြင်“တို့သွားချင်သလို

အဓမ္မ၀ါဒီများ ၀င်ရောက်မည့်အန္တရာယ် အရေးတကြီး ကာကွယ်ရန်လိုပြီဟု သာသနာရေး အာဏာပိုင်မ...

အဓမ္မ၀ါဒီများ ၀င်ရောက်မည့်အန္တရာယ် အရေးတကြီး ကာကွယ်ရန်လိုပြီဟု သာသနာရေး အာဏာပိုင်များဆို မင်းမင်း| အင်္ဂါနေ့၊ မေလ ၁၃ ရက် ၂၀၁၄ ခုနှစ် လက်ရှိ သံဃာ့အဖွဲ့အစည်းအတွင်း အဓမ္မ၀ါဒီ (တရားသဘောနှင့် ဆန့်ကျင်သည့် ဟောပြော၊ ရေးသား၊ ဖြန့်ဝေမှု) များ ၀င်ရောက်ပူးသတ်မည့် အန္တရာယ်ကို ကာကွယ်ရန် လိုအပ်နေပြီဟု သာသနာရေးဝန်ကြီး ဦးဆန်းဆင့်နှင့် သံဃာတော်များက ပြောကြားလိုက်သည်။ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူအတွင်း မေ ၁၂ ရက်က ကျင်းပသည့် သံဃာပေါင်း ၂,၅၅၈ ပါး တက်ရောက်သော ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။ ၁၈နှစ်ကြာမှသာ ပြန်လည်ကျင်းပနိုင်သည့် အဆိုပါသံဃာ့အစည်းအဝေးအား အကြောင်းရင်း ငါးခုကြောင့် ကျင်းပရခြင်းဖြစ်ကြောင်း ၀န်ကြီးဦးဆန်းဆင့်က လျှောက်ထားသည်။ အခြားသော သံဃာတော်များကလည်း သံဃာထုအတွင်း အဓမ္မ၀ါဒီများ ပေါ်ပေါက်နေသည်ဟု မိန့်ကြား ကြသည်။ “ဗုဒ္ဓစကားနဲ့ မညီသော စကားပေါ့။ တရားနဲ့မလျော်ညီသော စကား၊ တရားနဲ့ မလျော်ညီသော စကားပေါ့။ မရှိဘူးလို့ ဘယ်ပြောနိုင်မလဲ။ အဲလိုမျိုးတွေ နည်းနည်းပါးပါးတော့ ရှိတာပေါ့။ ရှိပါတယ်” ဟု အစည်းအဝေး တက်ရောက်လာသည့် ကလေးမြို့ ကျောင်းတိုက်ရွာ၊ မဟာသန္တိသုခကျောင်းတိုက်မှ ဦးဉနိန္ဒက မိန

မျိုးစောင့်ဥပဒေကို ကန့်ကွက်မှု ထိရောက်မည်မဟုတ်ဟု ဦးဝီရသူမိန့် မင်းမင်း| အင်္ဂါနေ့...

မျိုးစောင့်ဥပဒေကို ကန့်ကွက်မှု ထိရောက်မည်မဟုတ်ဟု ဦးဝီရသူမိန့် မင်းမင်း| အင်္ဂါနေ့၊ မေလ ၁၃ ရက် ၂၀၁၄ ခုနှစ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က ပြဋ္ဌာန်းစေလိုသော မျိုးစောင့်ဥပဒေများအပေါ် ကန့်ကွက်သူတို့၏ လုပ်ဆောင်ချက် ထိရောက်မည်မဟုတ်ဟု မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူက မဇ္ဈိမကို မိန့်ကြားလိုက်သည်။ မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းလိုက်ပါက ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှုကို ပျက်ပြားနိုင် သည်ဟု အရပ်ဘက် အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က ယခုလ ၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ပြီး ကန့်ကွက်လိုက်မှုအပေါ် ဦးဝီရသူက တုံ့ပြန် ရည်ညွှန်းလိုက်ခြင်း ဖြစ်သည်။ “မျိုးစောင့်ဥပဒေကို နှစ်ယောက်တစ်ပိုင်း ဖွဲ့ထားတဲ့ အဖွဲ့သေးသေးလေးတွေက ၀ိုင်းဝန်းပြီး ကန့်ကွက်တာ ကို ပြည်သူလူထုက အားမလျှော့နဲ့။ အဲဒီအဖွဲ့အစည်းတွေ အားလုံးပေါင်းလိုက်တော့မှ ဦးဇင်းရဲ့ တရားပွဲ တစ်ပွဲစာလောက်တောင် လူဦးရေ မရှိပါဘူး။ အဲ့ဒါကြောင့် ခွေးလေးခုန်လို့ ဖုန်မထပါဘူး” ဟု ဆရာတော် က မိန့်သည်။ သံဃာပေါင်း ၂၅၀၀ ကျော် တက်ရောက်သည့် မေလ ၁၂ ရက် ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်း အဝေးအပြီး မဇ္ဈိမ၏ မေးမြန်းမှုကို အထက်ပါအတိုင်း မိန့်ခဲ့ခြင်းဖြစ်သည်။ မျိုးစောင

ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးအတွက် လျာထားသည့် ဘတ်ဂျက်ငွေ အစိုးရမသုံးနိုင်...

ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးအတွက် လျာထားသည့် ဘတ်ဂျက်ငွေ အစိုးရမသုံးနိုင် လပြည့်ဝန်း| အင်္ဂါနေ့၊ မေလ ၁၃ ရက် ၂၀၁၄ ခုနှစ် ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး စီမံကိန်းအတွက် အသုံးပြုရမည့် ဘတ်ဂျက် လျာထားချက်ကို အစိုးရက မသုံးစွဲနိုင်သည့်အတွက် ချေးငွေရယူခြင်း အပါအ၀င် အချက်သုံးချက်ဖြင့် အကောင်အထည်ဖော်ရမည်ဟု JICA မှ စီမံကိန်းရေးဆွဲရေးအဖွဲ့မှအဖွဲ့ဝင် Mr.Takashi Shoyama က မေ ၁၂ရက်တွင် ပြောကြားလိုက်သည်။ အာရှပလာဇာတွင် ပြုလုပ်သည့် ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး ပင်မစီမံကိန်း YUTRA ဆိုင်ရာဆွေး နွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပင်မစီမံကိန်း YUTRA ၏ ရေရှည်စီမံကိန်းအတွက် စုစုပေါင်းကုန်ကျငွေကို အမေရိကန်ဒေါ်လာ၂၅ ဘီလီ ယံ လျာထားပြီး အစိုးရက အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၃ ဘီလီယံသာ အသုံးပြုနိုင်မည် ဖြစ်သည်ဟု ဆိုသည်။ ကျန်ငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့်ကို ပြည်သူများထံမှ ယာဉ်ကြောကျပ်တည်းမှု ဖြစ်နေသည့် ကားများကို ငွေကြေးကောက်ခံခြင်း၊ ကားပါကင်ကြေး ကောက်ခံခြင်း၊ အခွန်များကောက်ခံခြင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များမှ အလှူငွေ ကောက်ခံခြင်း၊ နိုင်ငံတကာမှ ချေးငွေယူများ ရယူခြင်းစသည့် လုပ်ငန်းများဖြင့် အကောင်အထည်ဖော်ရမည်

(မေလ ၁၃ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်) အခြေခံဥပဒေ အကျပ်အတည်းနဲ့...

(မေလ ၁၃ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်) အခြေခံဥပဒေ အကျပ်အတည်းနဲ့ တတိယလမ်း နိုင်ငံတစ်နိုင်ငံမှာ အရှည်သဖြင့် မကြည့်မမြင် တတ်လို့ပဲဖြစ်ဖြစ်၊ ကြည့်နိုင်မြင်နိုင်စွမ်း မရှိလို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ပညာရှိသတိဖြစ်ခဲ ဆိုသလိုပဲဖြစ်ဖြစ်၊ တမင် ရည်ရွယ်ရင်းကြောင့်ပဲဖြစ်ဖြစ် ဖွဲ့စည်းအုပ်ချုပ်အခြေခံ ဥပဒေရဲ့ အားနည်းချက်များရှိနေခဲ့ရင် အဲဒီနိုင်ငံမှာ မလွဲမသွေ နိုင်ငံရေး အကျပ်အတည်းနဲ့ ကြုံကြိုက်ရလေ့ရှိပါတယ်။ အဲသလို အကျပ်အတည်းမျိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတွေကို ပြန်ကြည့်ရင် ဘာသာရေးအရပဲဖြစ်ဖြစ်၊ လူမျိုးရေးအရပဲဖြစ်ဖြစ်၊ နိုင်ငံရေးအရပဲဖြစ်ဖြစ် မတူကွဲပြားသူအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့ ဗဟုလူ့အဖွဲ့အစည်းရဲ့ တန်ဖိုးကို မျက်ကွယ်ပြုပြီး မတူကွဲပြားခြားနားသူများအပေါ် ခွဲခြားဆက်ဆံနိုင်ရေး တစ်ခုတည်းအပေါ်မှာ အခြေစိုက်ရေးဆွဲတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမျိုး ကျင့်သုံးကြတဲ့နိုင်ငံတွေ ဖြစ်နေတာ သွားတွေ့ရပါတယ်။ ဒီလို အခြေခံဥပဒေအပေါ်မူတည်ပြီး ဖြစ်ပွားရတဲ့ နိုင်ငံရေး၊ ဘာသာရေး ပြဿနာတွေဟာ တခြားပြဿနာတွေထက် ပိုပြီးဖြေရှင်းရ ခက်တတ်ပါတယ်။ ဘာပြုလို့လဲဆိုတော့ ခွဲခြားဆက်ဆံခြင်းဆိုတဲ့ မှား
ဘုရားကြီး မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးတွင် အင်တာနက် အခမဲ့အသုံးပြုနိုင် myanmar.mmtimes.com မန္တလေးမြို့ရှိ ဘုရားကြီး မဟာမုနိရုပ်ရှင်တော်မြတ်ကြီးတွင် Red Link Communications ကုမ္ပဏီ က ရင်ပြင်တော် ပရ၀ဏ်အတွင်းနှင့် လိပ်ကန်တွင် ဘုရားဖူးလာ အများပြည်သူများ အင်တာနက် အခမဲ့အသုံးပြုနိုင်ရန် ဧပြီလ ၃၀ ရက်နေ့တွင် လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။ from The Myanmar Times's Facebook Wall http://ift.tt/SVyYef

ရန်ကုန် ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေရန် အချက်သုံးချက် အမြန်ဆုံး ပြင်ဆင်သင့်ဟု JI...

ရန်ကုန် ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေရန် အချက်သုံးချက် အမြန်ဆုံး ပြင်ဆင်သင့်ဟု JICA အကြံပြု ရန်ကုန်၊ မေ ၁၂ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည့် ရန်ကုန်မြို့တော်တွင် အများပြည်သူများ ခရီးသွားလာရေး လွယ်ကူစေရန် BRT စနစ် အကောင်အထည်ဖော်ရေး၊ ယာဉ်ကြောပိတ်ဆို့မှု စီမံခန့်ခွဲရေးနှင့် ဥပဒေ၊ နည်းဥပဒေ ပြန်လည် ပြုပြင်ခြင်း ဟူသည့် အချက်သုံးချက်ကို အမြန်ဆုံး ပြုပြင်သင့်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ၏ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး အစီအစဉ်ရေးဆွဲရေး အဖွဲ့ခေါင်းဆောင် Mr.TaKashi Shoyama က အကြံပြုသည်။ မေလ ၁၂ ရက်က ရန်ကုန်မြို့ Asia Plaza တွင် ပြုလုပ်သည့် Yangon Urban Transport Master Plan နှင့် ပတ်သက်သည့် ဟောပြောပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ သီးသန့်လမ်းကြောင်းဖြင့် ဘတ်စ်ကားများ ပြေးဆွဲသည့် BRT (BUS Rapid Transit) Network စနစ်ကို ကျင့်သုံးပါက ခရီးသွားလာရ လွယ်ကူသွားမည် ဖြစ်ကြောင်း၊ လမ်းပေါ်တွင် ယာဉ်များ ရပ်နားထားမှုများကြောင့် လမ်းယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေခြင်းကြောင့် ကားပါကင် နေရာအသစ်များ ထားရှိပေးရန် လိုကြောင်း၊ အလားတူ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး ဥ

အပစ်အခတ် ရပ်စဲရေးအတွက် အရေးပါသည့် KIO နှင့် ဆွေးနွေးပွဲ ဒုဗိုလ်ချုပ်ကြီးမြင့်စို...

အပစ်အခတ် ရပ်စဲရေးအတွက် အရေးပါသည့် KIO နှင့် ဆွေးနွေးပွဲ ဒုဗိုလ်ချုပ်ကြီးမြင့်စိုး တက်ရောက်နိုင်ခြင်း မရှိ မြစ်ကြီးနား၊ မေ ၁၂ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် အရေးပါသည့် ဆွေးနွေးပွဲ တစ်ခုဖြစ်သော အစိုးရနှင့် KIO တို့ ယနေ့ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး တက်ရောက်နိုင်ခြင်း မရှိကြောင်း မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။ “တက်ရောက်နိုင်ခြင်း မရှိဘူးလို့ သိရတယ်” ဟု ဦးလှမောင်ရွှေက ပြောကြားသည်။ မြစ်ကြီးနားမြို့၌ ပြုလုပ်မည့် အဆိုပါ ဆွေးနွေးပွဲကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်းက ဦးဆောင် ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ သို့သော် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး ဆွေးနွေးပွဲသို့ မတက်ရောက်နိုင်ခြင်း၏ အကြောင်းရင်းကိုမူ မသိရှိရပေ။ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးသည် အစိုးရနှင့် KIO တို့၏ ယခင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အထူးအာဏာကုန် လွဲအပ်ခြင်း ခံရသည့် တပ်မတော် ထိပ်ပိုင်းခေါင်းဆေ

သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းများ ပြင်ဆင်ရန် ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အ...

သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းများ ပြင်ဆင်ရန် ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီးသို့ အဆိုတင်သွင်း သံဃာ့အဖွဲ့အစည်း အခြေခံ စည်းမျဉ်းများ ပြင်ဆင်ရန် ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေး ပွဲကြီးသို့ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်မှ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသက အဆိုတင်သွင်းခဲ့သည်။ မေ ၁၂ ရက်တွင် ရန်ကုန်မြို့ ကမ္ဘာအေး မဟာပါသာဏလိုဏ်ဂူတွင် ကျင်းပသည့် ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲတွင် ၎င်းအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း စတုတ္ထအကြိမ် ပြင်ဆင်ဖြည့်စွက်ချက်မူကြမ်းကို ယနေ့ကျင်းပသည့် အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားလှယ် သံဃာတော်တစ်ပါးစီက ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် သီးခြားဂိုဏ်းများဖြစ်သည့် ရွှေကျင်ဂိုဏ်း၊ မဟာဒွါရဂိုဏ်း၊ ငှက်တွင်းဂိုဏ်းတို့မှ ကိုယ်စားလှယ်သံဃာတော် တစ်ပါးစီက ပါဝင်ဆွေးနွေး ခဲ့ကြသည်။ ၎င်းအပြင် ဗုဒ္ဓဘာသာဆိုင်ရာ ကျမ်းဂန်စာအုပ်များ၊ စာစောင်များ၊ အသံသွင်းခွေများကို နိုင်ငံတော်သံဃ မဟာနာယကအဖ

မြစ်ကြီးနားမြို့၌ (ယနေ့) ပြုလုပ်မည့် အစိုးရနှင့် KIO တို့၏ ဆွေးနွေးပွဲတွင် လက်ရှ...

မြစ်ကြီးနားမြို့၌ (ယနေ့) ပြုလုပ်မည့် အစိုးရနှင့် KIO တို့၏ ဆွေးနွေးပွဲတွင် လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့် စစ်ဘေးဒုက္ခသည်များအား နေရာချထားပေးရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကဆွေးနွေးမည် အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မြစ်ကြီးနားမြို့၌ ယနေ့(မေ ၁၃ ရက်) တွင် စတင်မည်ဖြစ်ပြီး အဆိုပါဆွေးနွေးပွဲတွင် လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့် စစ်ဘေးဒုက္ခသည်များအား ပြန်လည်နေရာချထားပေးရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထားဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။ မန္တလေးမြို့တွင် မေ ၇ ရက် မှ ၁၁ ရက်အထိပြုလုပ်သည့် လူငယ်နှင့် ငြိမ်းချမ်းရေးဖိုရမ် နောက်ဆုံးနေ့တွင် တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ "KIA နဲ့ပတ်သက်ပြီးတော့ ဆွေးနွေးမယ့်ကိစ္စတွေမှာ အခုသူတို့တွေ မီဒီယာတွေကနေပြောဆိုနေတာကို အကြမ်းဖျင်းကြည့်လိုက်မယ်ဆိုရင် အဓိကအချက်နှစ်ချက်ပဲ သွားတွေ့ရပါတယ်။ နံပါတ် (၁) အချက်က လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို လျှော့ချဖို့၊ နောက်တစ်ချက်

စစ်ဆေးရေးဂိတ်တွင် ပိုက်ဆံကောက်ခံ မရတော့သဖြင့် ထိုင်းလဝကရဲများ မြန်မာအလုပ်သမားမျာ...

စစ်ဆေးရေးဂိတ်တွင် ပိုက်ဆံကောက်ခံ မရတော့သဖြင့် ထိုင်းလဝကရဲများ မြန်မာအလုပ်သမားများကို ရိုင်းပျစွာဆက်ဆံဟုဆို စစ်ဆေးရေးဂိတ်တွင် ပိုက်ဆံကောက်ခံ၍ မရတော့သဖြင့် ထိုင်းလဝကရဲများ မြန်မာအလုပ်သမားများကို ရိုင်းပျစွာ ဆက်ဆံနေကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမား အဖွဲ့အစည်းများမှ သတင်းရရှိသည်။ မဲဆောက်-ဘန်ကောက် အဝေးပြေးလမ်း (အာရှလမ်းမကြီး)ရှိ ပထမဆုံး ဟွေဟင်းဖုန်း စစ်ဆေးရေးဂိတ်တွင် အလှူခံပုံးထား၍ မြန်မာအလုပ်သမားများကို ငွေကောက်ခံ၍ မရတော့သဖြင့် ခရီးသွားမြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ ယာယီပတ်(စ်)ပို့များ လွှင့်ပစ်ခြင်း၊ ဆဲဆိုခြင်းများဖြင့် ထိုင်းလဝကရဲများ ရိုင်းစိုင်းစွာပြုမူ ဆက်ဆံလျက်ရှိကြောင်း သိရသည်။ “မေလ ၅ ရက်က ဒုဝန်ကြီးနဲ့တွေ့ဆုံဖို့ မဲဆောက်-ဘန်ကောက်လမ်းကို ဖြတ်ပြီး ခရီးသွားတယ်။ ကျွန်တော့် ပတ်(စ်)ပို့ သက်တမ်းမတိုးထားဘူး ဆိုပြီးတော့ ရှေ့ဆက်မသွားနိုင်အောင် လဝကရဲက တားဆီးလို့ မဲဆောက်ကို ပြန်ခဲ့ရတယ်။ နောက်နေ့မှသာ မဲဆောက်အခြေစိုက် MRPWG က ထိုင်းရှေ့နေတွေကိုခေါ်ပြီး ဂိတ်(စ်)ကိုပြန်ပြီး ကျွန်တော့်ပတ်(စ်)ပို့ကို ပြန်သွားယူခဲ့ရတယ်။ အမှန်မှာ ကျွန်တော့်ရဲ့ ပတ်(စ်)ပို့ စာအုပ်က သက်တမ်းမကုန်သေးပါဘူး။ ကျွန

ရာသီအကူးအပြောင်းတွင် ဖျားနာသည့် ကလေးငယ်အချို့၌ သွေးလွန်တုပ်ကွေးလက္ခဏာများ စတင်တေ...

ရာသီအကူးအပြောင်းတွင် ဖျားနာသည့် ကလေးငယ်အချို့၌ သွေးလွန်တုပ်ကွေးလက္ခဏာများ စတင်တွေ့ရှိနေဟုဆို ရာသီအကူးအပြောင်းကာလတွင် အရွယ်မရွေး အပူလျှပ်ခြင်း၊ တုပ်ကွေးဖြစ်ခြင်းများအပြင် ဖျားနာသည့်ကလေးငယ်အချို့၌ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများကို စတင်တွေ့ရှိနေရပြီဖြစ်ကြောင်း အထွေထွေရောဂါကုဆရာဝန်များထံမှ သိရသည်။ လက်ရှိကာလသည် နွေအကုန်မိုးအကူးကာလဖြစ်နေပြီး ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်တတ်သည့် ဖျားနာခြင်း၊ တုပ်ကွေးဖြစ်ခြင်းများအပါအ၀င် မိုးရွာသွန်းပြီး ရေကျန်ခြင်းများကြောင့် ခြင်များပေါက်ဖွားလာပြီး ကလေးငယ်များတွင် သွေးလွန်တုပ်ကွေးရောဂါများ စတင်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။ "နေ့အပူချိန်ရဲ့ ပြင်းတဲ့အရှိန်က ကျန်နေသေးပြီး မိုးကဆက်တိုက်များများ မရွာသေးတဲ့အတွက် ရာသီအကူးအပြောင်းကြောင့် ဖျားနာတာ တုပ်ကွေးဖြစ်တာကတော့ ရှိနေတာပေါ့။ ရွာသမျှမိုးရေက ရပ်ကွက်တွေထဲမှာ သိကြတဲ့အတိုင်း အိုင်ပြီးကျန်ခဲ့တယ်။ ရေစီးရေလာမကောင်းတော့ ခြင်တွေပေါက်လာတယ်။ ဒီကတစ်ဆင့် ကလေးတွေမှာ သွေးလွန်တုပ်ကွေးတွေဖြစ်လာတယ်။ အရင်လတွေကလည်း သွေးလွန်တုပ်ကွေးလူနာတွေ တစ်ဦးစနှစ်ဦးစရှိပေမယ့် အခုမိုးရွာတဲ့တစ်ရက်နှစ်ရက်အတွင်းမှာ သွေးလွန်တုပ်ကွေး သံသယလူနာ

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် မင်္ဂလာဆောင်မှ ပြန်လာသော ယာဉ်မှောက်၍ သတို့သား သေဆ...

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် မင်္ဂလာဆောင်မှ ပြန်လာသော ယာဉ်မှောက်၍ သတို့သား သေဆုံး မိတ္ထီလာခရိုင် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် အောင်ပန်းမြို့မှ မင်္ဂလာဆောင်ပြန်လာသော ကားတစ်စီး တိမ်းမှောက်ခဲ့ရာ အသက်သုံးဆယ်အရွယ် သတို့သား သေဆုံးခဲ့ကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့ရုံးမှ သိရသည်။ ဖြစ်စဉ်မှာ မေ ၁၁ ရက်က ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၃၅၃ အနီးရှိ မြေတိုင်ကန် ကျေးရွာအနီးတွင် တောင်ဘက်မှ မြောက်ဘက်သို့ ယာဉ်မောင်း ရန်မျိုးအောင် အသက်(၂၉)နှစ် မောင်းနှင်၍ အောင်ပန်းမြို့တွင် မင်္ဂလာဆောင်ခဲ့သော သတို့သား ဇော်မြင့်မိုးနှင့် ဇနီးဖြစ်သူ အပါအ၀င်လူခြောက်ဦးတို့ လိုက်ပါလာသော Toyota Alphard ယာဉ်အမှတ် ၂ဃ/--- သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သဖြင့် ခရီး သည်ခြောက်ဦး ဒဏ်ရာရရှိခဲ့ကာ ၀မ်းတွင်းမြို့နယ်ဆေးရုံသို့ တင်ပို့ကုသစဉ် ဇော်မြင့်မိုး အသက် ၃၀ နှစ် (ဘ)ဦးငယ်လေးမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကို ၀မ်းတွင်းမြို့မ ရဲစခန်းမှ ယာဉ်(ပ)၂၃/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄ (က)/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ from Eleven Media Group's Facebook Wall http://ift

သံဃာ့ အဖွဲ့အစည်းများတွင် အဓမ္မဝါဒီများ၏ အန္တရာယ်ရှိနေဟု ဦးဆန်းဆင့်ဆို ရန်ကုန်၊ေ...

သံဃာ့ အဖွဲ့အစည်းများတွင် အဓမ္မဝါဒီများ၏ အန္တရာယ်ရှိနေဟု ဦးဆန်းဆင့်ဆို ရန်ကုန်၊ မေ ၁၂ မြန်မာနိုင်ငံအတွင်းရှိ သံဃာ အဖွဲ့အစည်းများအတွင်း အဓမ္မဝါဒီများ ဝင်ရောက်ကာ ပူးသတ်မည့် အန္တရာယ်ရှိကြောင်း သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ပြောကြားသည်။ မေလ ၁၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေ မဟာဝိပါသာဏ လှိုင်ဂူတော်ကြီးအတွင်း ပြုလုပ်သော ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးပွဲတွင် သာသနာရေးဆိုင်ရာများ လျောက်ထားရာ၌ ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။ “သံဃာ့ အဖွဲ့အစည်းများအတွင်း အဓမ္မဝါဒီများ ဝင်ရောက် ပူးသတ်လာမယ့် အန္တရာယ်ကို ကာကွယ်ရန် လိုအပ်လာခြင်းဟာ ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးပွဲကြီး ကျင်းပရတဲ့ အခြေခံ အကြောင်းအရင်း ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်း သံဃာတော် သုံးသိန်းကျော် ရှိရာမှ ယခုအခါ ငါးသိန်းကျော် ရှိလာသောကြောင့် သံဃာစည်းမျဉ်းတို့ကို ပြင်ဆင်သတ်မှတ် ပြဋ္ဌာန်းရန်နှင့် သံဃာ စည်းလုံး ညီညွတ်မှုကို ပြသရန် လိုအပ်သောကြောင့် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးပွဲ ကျင်းပရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ မြတ်စွာဘုရားရှင် ဟောပြောခဲ့သော တရားတော်များကို ဆန့်ကျင်သော အကျင့

ယနေ့ မိုးလေဝသအခြေအနေ

ယနေ့ မိုးလေဝသအခြေအနေ from The Voice Weekly's Facebook Wall http://ift.tt/SVpZK5

(မေလ ၁၃ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial) အာဆီယံဥက...

(မေလ ၁၃ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial) အာဆီယံဥက္ကဋ္ဌ မြန်မာနှင့် တောင်တရုတ်ပင်လယ်အရေး မြန်မာနိုင်ငံသည် အာဆီယံခေါ် အရှေ့တောင်အာရှ နိုင်ငံများအသင်း၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူပြီး အာဆီယံထိပ်သီး အစည်းအဝေးများကို ပထမဦးဆုံးအကြိမ် အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပပေးလျက် ရှိသည်။ ထိုအစည်းအဝေးများနှင့်အတူ အာဆီယံနိုင်ငံများ အချင်းချင်း နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးများ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်နေသည့် ကိစ္စရပ်များ အပြင် အခါအားလျော်စွာ ပေါ်ပေါက်လာသော အခက်အခဲ၊ ပြဿနာများကို စေ့စပ်ညှိနှိုင်းသော နည်းလမ်းဖြင့် ဖြေရှင်းရန် ဆွေးနွေး အဖြေရှာကြသည်။ မြန်မာနိုင်ငံတွင် ယခုနှစ် ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် မီဒီယာများ အပါအဝင် ကမ္ဘာတစ်ဝန်းက လေ့လာစောင့်ကြည့်သူများ စိတ်ဝင်စားကြသည်မှာ တောင်တရုတ်ပင်လယ်ပြင်ရှိ ကျွန်းစုများနှင့် ရေပိုင်နက် ကိစ္စအပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် ဗီယက်နမ်၊ ဖိလစ်ပိုင် နိုင်ငံတို့အကြား အငြင်းပွား တင်းမာမှုများကို မည်သို့ ကိုင်တွယ် ဖြေရှင်းမည် ဆိုသော ကိစ္စပင် ဖြစ်သည်။ အာဆီယံဥက္ကဋ္ဌ ရာထူးတာဝန်ကို ပထမဦးဆုံးအကြိမ် တာဝန်ယူ စီမံခန့်ခွဲရမည
Government mulls options on ‘missing’ census data www.mmtimes.com Ministry of Immigration and Population staff said last week they were still considering ways of allowing populations skipped by the national census to be counted, but said no decisions had been made. from The Myanmar Times's Facebook Wall http://ift.tt/1jUAp6j
တရုတ်များနှင့် လက်ထပ်ရန် အမျိုးသမီးငယ်များကို စည်းရုံးသူ လူကုန်ကူးမှုဖြင့် အရေးယူခံရ myanmar.mmtimes.com မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရပ်ကွက်၊ ကန်ပတ်လမ်းသို့ တရုတ်နိုင်ငံ၌ တရုတ်အမျိုးသားနှင့် အိမ် ထောင် ကျနေသော အမျိုးသမီးတစ်ဦးရောက်လာပြီး တရုတ်အမျိုးသား များနှင့် လက်ထပ်ရန် အမျိုးသမီးငယ်လေးများကို ဧပြီနောက်ဆုံး ပတ်က လာရောက်စည်းရုံး ခေါ် ဆောင်မှု ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာမြို့နယ်ရဲစ… from The Myanmar Times's Facebook Wall http://ift.tt/1jUAp64

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ Donetsk ဒေသက လွတ်လပ်ရေးကို ကြေညာလိုက်ပြီး...

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ Donetsk ဒေသက လွတ်လပ်ရေးကို ကြေညာလိုက်ပြီး သူတို့ကို ရုရှားနိုင်ငံရဲ့ အစိတ်အပိုင်းအဖြစ်နဲ့ ပါဝင်ခွင့်ပြုဖို့အတွက် စဉ်းစားဖို့ရုရှားအစိုးရကို တောင်းဆိုလိုက်ပါတယ်။ ခွဲထွက်ရေးခေါင်းဆောင် ဒန်းနစ္စ် ပူရှီလင် (Denis Pushilin) က ဒိုညက်စ်ဒေသကို “ဒိုညက်စ် ပြည့်သူသမ္မတနိုင်ငံ” အဖြစ် ခေါ်ဆိုလိုက်ပြီး သူတို့ဟာ အချုပ်အခြာ အာဏာပိုင်ဆိုင်တဲ့နိုင်ငံဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ယူကရိန်းအရှေ့ခြမ်းပြည်နယ်နှစ်ခု လွတ်လပ်ရေးကြေညာ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1nGZPVx
ဗုဒ္ဓနည်းကျစီမံခန့်ခွဲမှုသင်တန်း သို့ နိုင်ငံခြားတက္ကသိုလ်မှ ဆရာ များ လာရောက်သင်ကြားပေ� myanmar.mmtimes.com စစ်ကိုင်းတောင်ရိုး ဗုဒ္ဓဘာသာ ပညာ ရေး စင်တာကျောင်းတိုက်မှ ဖွင့်လှစ် သင်ကြားသော ဗုဒ္ဓနည်းကျစီမံခန့်ခွဲမှု နည်းပညာသင်တန်း ပဉ္စမအကြိမ်မြောက်တွင် နိုင်ငံခြားတက္ကသိုလ်မှ ပရော်ဖက်ဆာ ဆရာများနှင့် ပညာရှင် များ လာရောက်သင်ကြားသွားမည်ဖြစ် ကြောင်း ပညာရေးစင်တာကျောင်းတိုက် ပဓာန နာယက ဆရာတော် ဦးသောဘိတက မိန့်ကြားသည်။ from The Myanmar Times's Facebook Wall http://ift.tt/1ggD7E1