Skip to main content

#emg_editorials ၂၀၁၄ မေလ ၁၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်...



#emg_editorials



၂၀၁၄ မေလ ၁၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်



ပြည်ပနိုင်ငံများရောက် ရွှေ့ပြောင်းလုပ်သားများအရေး



အာဆီယံအလှည့်ကျဥက္ကဋ္ဌ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများသည် အိမ်နီးချင်း အာဆီယံဒေသတွင်း နိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ရောက်ရှိအလုပ်လုပ်ကိုင် နေကြရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။ ရွှေ့ပြောင်းလုပ်သားများ အရေးနှင့်ပတ်သက်၍ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ ဖြေရှင်းခဲ့ရသော ပြဿနာများလည်း များစွာရှိခဲ့ပြီးဖြစ်သည်။ သို့သော် နိုင်ငံပြင်ပရောက် ရွှေ့ပြောင်းလုပ်သားများ အရေးသည် မည်သည့်အခါတွင်မှ ရိုးအီမသွားနိုင်သော ဇာတ်လမ်းများပမာ ဖြေရှင်းရခက်သည့် ပဟေဠိပုစ္ဆာများအဖြစ် ရှိနေဆဲဖြစ်သည်။



အဓိကအားဖြင့် Dirty၊ Difficult၊ Dangerous ဟု ဆိုသည့် 3D အလုပ်များကိုသာ လုပ်ကိုင်ရသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် လုပ်သားအခွင့်အရေး ဆုံးရှုံးမှုများစွာ ရှိနေသည်။ သက်ဆိုင်ရာအစိုးရ အသီးသီးနှင့် ညှိနှိုင်းလုပ်ဆောင် နေသည်ဟု ဆိုသော်လည်း ဖြစ်ပွားသည့် ပြဿနာနှင့် ဖြေရှင်းနိုင်မှုစွမ်းအား မျှတခြင်း မရှိသေးပါ။



ပြီးခဲ့သည့်ရက်များက မြန်မာနိုင်ငံမှ တာဝန်ရှိသူများက ဒေသတွင်းနိုင်ငံအချို့မှ တာဝန်ရှိသူများနှင့် မြန်မာအလုပ်သမားများအရေး ဆွေးနွေးခဲ့သည်ဟု သိရသည်။ ထိုသို့ ဆွေးနွေးမှုများအရ မြန်မာရွှေ့ပြောင်း အလုပ်သမားအများဆုံး ရောက်ရှိနေသည့် ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ တာဝန်ရှိသူများက အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရေး အပါအ၀င် ၎င်းတို့နိုင်ငံသားများနည်းတူ အလုပ်သမား အခွင့်အရေး တန်းတူပေးမည်ဟု ကတိပေးပြောကြားကြကြောင်း သိရသည်။ ကြိုဆိုရမည်ဖြစ်သလို လက်တွေ့တွင် အောက်ခြေအထိ သက်ရောက်ရန်လည်း စောင့်ကြည့်တွန်းအားပေးရမည့် ကိစ္စရပ်ပင်ဖြစ်သည်။



ဆင်းရဲ၍ အလုပ်အကိုင်ရှားပါးမှုက နိုင်ငံတွင်း လုပ်သားများစွာကို ပြည်ပနိုင်ငံများသို့ ရေကြည်ရာ မြက်နုရာ ရှာဖွေကြသူများအဖြစ် ရောက်ရှိသွားစေခဲ့ပြီး ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်မှ ယခင်ထက်ကောင်းမွန်သော ၀န်းကျင်ကောင်းများ ဖန်တီးနိုင်ရန် အာမခံချက်များရှိရန် လုပ်ဆောင်နေသည်ဟု ဆိုသော်လည်း ပြည်ပနိုင်ငံများရောက် မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် ခိုင်မာသည့် အာမခံချက် မရှိပါက ၎င်းတို့အား မိခင်နိုင်ငံသို့ ပြန်လာရန် ယုံကြည်အောင် ဆွဲဆောင်နိုင်ဦးမည် မဟုတ်ပါ။ ထိုအခါ ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်သော ပြဿနာများက ရှိနေဦးမည်သာ ဖြစ်သည်။



အခြေခံအလုပ်သမား အခွင့်အရေး မဆိုထားနှင့် တရားဝင် အထောက်အထားများဖြင့် ရပ်တည်နိုင်ရန်ပင် လုပ်ဆောင်ပေးနိုင်မှု အားနည်းချက်များ ရှိနေသည်။ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်တွင် နေထိုင်လုပ်ကိုင် နေကြသော ရွှေ့ပြောင်းလုပ်သား ထက်ဝက်ကျော်ခန့်သည် အထောက်အထားမဲ့ တရားမ၀င် အလုပ်သမားများအဖြစ် ရှိနေဆဲဟု သိရသည်။ ယာယီပတ်(စ်)ပို့ပြုလုပ်ရာ၌ အကျိုးဆောင် အေဂျင်စီအချို့နှင့် ပွဲစားများက လိမ်လည်ခြင်း၊ ထိုင်းဥပဒေ အကန့်အသတ်အရ ပတ်(စ်)ပို့ထုတ်ပေးရေး လုပ်ငန်းစဉ်များတွင် မြန်မာအလုပ်သမားများ ကိုယ်တိုင်မပြုလုပ်နိုင်သဖြင့် ကုန်ကျစရိတ်များပြားခြင်း၊ ထိုင်းရဲများ၏ အထောက်အထား ရှိရှိမရှိရှိ ငွေကြေးတောင်းခံ နေမှုတို့ကြောင့် အလုပ်သမားများ အနေဖြင့် ပတ်(စ်)ပို့ပြုလုပ်ရန် စိတ်ဝင်စားမှု နည်းပါးနေကြောင်း သိရသည်။ ထို့ပြင်သက်ဆိုင် ရာစစ်ဆေးရေး ဂိတ်များတွင် ယခင်ကကဲ့သို့ ငွေကောက်ခံ၍ မရသောအခါ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ယာယီပတ်(စ်)ပို့များ လွှင့်ပစ်ခြင်း၊ ဆဲဆိုခြင်းများဖြင့် ထိုင်းလ၀ကရဲများ ရိုင်းစိုင်းစွာပြုမှု ဆက်ဆံလျက်ရှိကြောင်း ၀မ်းနည်းဖွယ် သိရှိရသည်။



ထို့ကြောင့် လက်ရှိတွင် အာဆီယံဥက္ကဋ္ဌအဖြစ် ဒေသတွင်း ပြဿနာများကို ဦးဆောင် ဖြေရှင်းရသည့်နည်းတူ ဒေသတွင်းနိုင်ငံများ အပါအ၀င် ပြည်ပနိုင်ငံများရောက် အခြေခံအခွင့် အရေးဆုံးရှုံးနေသော မြန်မာရွှေ့ပြောင်း လုပ်သားများ အရေးကိုလည်း အလေးထား လုပ်ဆောင်သင့်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းအပ်ပါသည်။

from Eleven Media Group's Facebook Wall http://ift.tt/1mjRsj4

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...