Skip to main content

Posts

Showing posts from March 31, 2014
Footballers assist HIV awareness campaign www.mmtimes.com Stars of Myanmar football, Kyaw Ko Ko of Yangon United and Than Than Htwe – whose goals from midfield contributed to the Myanmar women’s team claiming bronze at the 27th SEA Games – featured in the ‘Protect the Goal’ campaign launched on March 26 targeted at HIV prevention. from The Myanmar Times's Facebook Wall http://ift.tt/1okzwrJ

#emg_opinions တိုင်းပြည်ကို တကယ်ချစ်ရဲ့လား (Written by: မောင်ကြည်) အခုနောက်...

#emg_opinions တိုင်းပြည်ကို တကယ်ချစ်ရဲ့လား (Written by: မောင်ကြည်) အခုနောက်ပိုင်း မိမိကိုယ်မိမိ မကြာခဏမေးမိသော မေးခွန်းတစ်ခုရှိပါတယ်။ အဲဒါကတော့ 'ငါ့တိုင်းပြည်ကို ငါတကယ်ချစ်ရဲ့လား' ဆိုတဲ့မေးခွန်းပါပဲ။ တချို့က ရေးကြီးခွင့်ကျယ်လုပ်လို့ ဒါများမေးစရာလားဟု ပြောကောင်းပြောကြပါလိမ့်မယ်။ ဒီမေးခွန်းဟာ မေးစရာမလိုဘူးလို့ထင်ရပေမယ့် မေးဖို့လိုအပ်တဲ့မေးခွန်းတစ်ခုဆိုတာတော့ သေချာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ ပစ္စက္ခအခြေအနေအရ မေးဖို့လိုအပ်လာလို့ပါပဲ။ ကျွန်တော်တို့တိုင်းပြည်မှာ မျိုးချစ်စိတ်တို့ နိုင်ငံချစ်စိတ်တို့အကြောင်းပြောရင် တော်တော်များများက 'အလကား ပေါ်လစီတွေပါ' လို့ထင်ကြပါတယ်။ ဒါလည်းအပြစ်တော့မဆိုသာပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မျိုးချစ်စိတ်ဆိုတဲ့စကားလုံးကို ပေါ်လစီဆန်ဆန်ရိုက်တဲ့ ပညာပေးရုပ်ရှင်ဇာတ်လမ်းတွေ၊ ပေါ်လစီဆောင်းပါးတွေထံမှာ လှိုင်းလှိုင်းကြီးသုံးစွဲနေကြလို့ပါပဲ။ ထိုဇာတ်ကားတွေ ထိုဆောင်းပါးတွေကို ဖန်တီးသူတွေကိုယ်တိုင်က တကယ်ပဲရင်ထဲကမပါဘဲ လူကြားကောင်းအောင် (တစ်စုံတစ်ခုအကျိုးမျှော်ကိုးပြီး) သုံးစွဲနေကြလို့ပါပဲ။ အဲဒီအတွက် မျိုးချစ်စိတ်လို့ပြောလိုက်ရင် တော်တော်များများက နှာခေါင်းရ

#emg_opinions ပုဂ္ဂလိကသတင်းစာများ တစ်နှစ်ခန့်ကြာသော် (Written by: မောင်တင်ဦး...

#emg_opinions ပုဂ္ဂလိကသတင်းစာများ တစ်နှစ်ခန့်ကြာသော် (Written by: မောင်တင်ဦး (မြောင်းမြ)) နိဒါန်း ၂၀၁၃ ခုနှစ်၊ ဧပြီ ၃ ရက်ထုတ် Weekly Eleven ဂျာနယ်မှာရေးသားခဲ့တဲ့ "ပုဂ္ဂလိက သတင်းစာဖတ်ရတော့မယ်"ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် တင်ပြခဲ့ပါတယ်။ ပြည်သူတွေ လွတ်လပ်တဲ့သတင်းစာငတ်နေခဲ့လို့ ထွက်လာမယ့် ပုဂ္ဂလိကသတင်းစာကို မျှော်လင့်နေခဲ့ကြတာပါ။ ခုတော့ ပုဂ္ဂလိကသတင်းစာတွေထွက်လာတာ တစ်နှစ်သက်တမ်းရှိလာပါပြီ။ တစ်နှစ်အတွင်း ဘာတွေဖြစ်ခဲ့သလဲ။ ပြည်သူ့အတွက် ဘာတွေဖြည့်ဆည်းပေးခဲ့သလဲ။ ပုဂ္ဂလိကသတင်းစာ ပုဂ္ဂလိကသတင်းစာဆိုတဲ့ အစိုးရပိုင်မဟုတ်တဲ့သတင်းစာကို ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်က စတင်ထုတ်ဝေခွင့်ပြုလိုက်ပါတယ်။ စတင်ထုတ်ဝေသည့် ဧပြီ ၁ ရက်မှာ မှတ်သိသရွေ့ သတင်းစာလေးစောင် စတင်ထုတ်ဝေတယ် ထင်ပါတယ်။ အခြားအခြားသော ပုဂ္ဂလိကသတင်းစာများက ဧပြီလနောက်ပိုင်း၊ မေလများမှ ထုတ်ဝေနိုင်ကြပါတယ်။ လက်ရှိထုတ်ဝေနေဆဲ နေ့စဉ်ပုဂ္ဂလိကသတင်းစာက ၁၀ စောင်လောက်ပဲ ရှိပါတယ်။ သတင်းစာဆိုတာ နေ့စဉ်ထုတ်ဝေနေရပြီး နံနက် ၈ နာရီမထိုးမီ စာဖတ်သူထံရောက်ရမယ့်တာဝန် ရှိပါတယ်။ သတင်းတွေဟာလည်း မှန်ရမယ်။ တိကျရမယ်။ လက်ဦးမှုရှိရမယ်။ မြန်ဆန်ရမယ်။ ဒီအချက်တွေနဲ့မညီရင် သတင်းစာဟာ တဖြည

လတ်တလောဖြေရှင်းပေးရန်လိုနေသည့် ရွှေ့ပြောင်းခံအိမ်ခြေယာမဲ့ များအရေး အစိုးရနှင့်လွှတ...

လတ်တလောဖြေရှင်းပေးရန်လိုနေသည့် ရွှေ့ပြောင်းခံအိမ်ခြေယာမဲ့ များအရေး အစိုးရနှင့်လွှတ်တော်တို့ သွေးအေးနေမှု မေးခွန်းထုတ်ခံရပြီ လတ်တလော ဖြေရှင်းရန်လိုနေသည့် ရွှေ့ပြောင်းခံ အိမ်ခြေယာခြေမဲ့များ၏ အရေးကို လွှတ်တော်နှင့် အစိုးရက လျင်မြန်စွာ ဖြေရှင်းမပေးဘဲ ကြန့်ကြာနေခြင်း အ ပေါ် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက မေးခွန်း ထုတ်သည်။ ဒီမိုကရေစီ ၁ဝ ပါတီစုစည်းထားသည့် ဒီမိုကရေစီ မိတ်ဆွေများ ပါတီမှ ပြောရေးဆိုခွင့်ရှိသူက ”အပြန်အလှန် ထိန်း ကျောင်းမှုစနစ်ဆိုတာ အပြောပဲရှိတာလားလို့ ကျွန်တော် မေးကြည့်ချင်တယ်”ဟု ပြောသည်။ နေရာ အစားပြန်မပေးဘဲ အင်အားသုံးကာ ဖယ်ရှားသည့် နည်းလမ်းကိုသာ လုပ်ဆောင်နေသော အစိုးရနှင့် အစိုးရကို ထောက်ပြ ရမည့် လွှတ်တော် က ယနေ့အချိန်ထိ နှုတ်ဆိတ်နေမှုအပေါ် ၄င်းက မေးခွန်းထုတ် လိုက်ခြင်း ဖြစ်သည်။ ကျူးကျော်အိမ်ခြေတစ်သိန်းခန့် ရှိနေသည့် ရန်ကုန်တိုင်း ဒေသကြီးတစ်ခု တည်းမှာပင် ပြဿနာများအား အစိုးရက မဖြေရှင်းနိုင်သေးမှု အပေါ် လွှတ်တော် က ယနေ့ အချိန် အထိ ထောက်ပြမှုမရှိသေး ကြောင်း ၄င်းက ဆက်ပြောသည်။ ပြည်ထောင်စု လွှတ်တော် ဆဋ္ဌမ ပုံ မှန် အစည်းအဝေးတွင် အခြေအနေမဲ့နေ ထိုင်သူများ အရေးနှင့် ပတ်သက်၍ ပြည် ခိုင်ဖြိုး ပါတီမှ ရွှေပြည်သာ

မိကျောင်းကန် သပိတ်စခန်း ဒုတိယအကြိမ် ဖြိုခွဲခံရမှု လူ ၃၀ ခန့် ဒဏ်ရာရ

ရန်ကုန်၊ မတ် ၃၁ ရန်ကုန်မြို့လယ် မြို့တော်ခန်းမအနီး မဟာဗန္ဓုလပန်းခြံဘေးတွင် လူ ၂၅၀ ခန့်ဖြင့် ဆန္ဒထုတ်ဖော်နေသည့် မိကျောင်းကန် သပိတ်စခန်းကို မတ်လ ၃၁ ရက်နေ့ နံနက် ၃ နာရီခန့်က (လူအများ နှစ်ခြိုက်စွာ အိပ်မောကျနေချိန်) စည်ပင်ဝန်ထမ်းနှင့် အရပ်ဝတ်ဖြင့် လက်မောင်းတွင် တာဝန် အမှတ်တံဆိပ်ပါ လက်မောင်းပတ် တပ်ဆင်ထားသူ အပါအဝင် စုစုပေါင်း လူအင်အား ၄၀၀ ခန့်က သပိတ်စခန်းကို ဒုတိယအကြိမ် ဖြိုခွဲခဲ့ရာ ဆန္ဒထုတ်ဖော်နေသူ လူ ၃၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သပိတ်စခန်းမှ ဆန္ဒထုတ်ဖော်သူများက The Voice သို့ ပြောကြားသည်။ သပိတ်စခန်း ဖြိုခွဲသူများမှာ သစ်သားတုတ်၊ ဝါးရင်းတုတ်၊ အုတ်ခဲများ ကိုင်ဆောင်ပြီး ရှေ့နောက်ပိတ်ကာ သပိတ်စခန်း ဖွင့်ထားသော ယာယီမြေစိုက် အမိုးအကာ ဝါးလုံးများကို ဆွဲဖြုတ်ခြင်း၊ ဆန္ဒထုတ်ဖော်သူ များကို နှစ်ဖက်ဝါးလုံးဖြင့် ညှပ်ကာ တရကြမ်းဆွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းကဲ့သို့ သပိတ်စခန်း ဖြိုခွင်းမှုကြောင့် ဝါးလုံးဖြင့် ရိုက်မိခြင်း၊ ဝါးရှခြင်း၊ ချော်လဲခဲ့သဖြင့် ဒဏ်ရာရခဲ့သူ ၃၀ ခန့်အနက် လက်ကျိုးသူ၊ နှလုံးရောဂါအခံကြောင့် မေ့လဲသူ ကိုးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဆန္ဒပြသူများထံမှ သိရှိရသည်။ “နောက်ကတွန်း ရှေ့ကဆွဲဆိုတော့ ဝါးတေ

မြို့သုံးမြို့တွင် နှစ်ပေါင်း ၅၀ အတွင်း စံချိန်တင် အမြင့်ဆုံး အပူချိန်ရောက်

ရန်ကုန်၊ မတ် ၃၁ ရာသီဥတု ပြောင်းလဲမှုများ နှစ်စဉ် ကြုံတွေ့ရလျက် ရှိရာ ယခုနှစ် နွေရာသီ ရခိုင်ပြည်နယ် ကျောက်တော်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နှင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တို့၌ နှစ်ပေါင်း ၅၀ အတွင်း နေ့အပူချိန် အမြင့်ဆုံး စံချိန်သစ်သည် မတ်လ ၃၁ ရက်နေ့တွင် ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သည်။ အဆိုပါ နေ့အပူချိန် စံချိန်သစ်မှာ ညောင်ဦးမြို့တွင် ၄၂ ဒသမ ၆ ဒီဂရီ စင်တီဂရိတ်၊ ကလေးဝမြို့တွင် ၄၂ ဒသမ ၂ ဒီဂရီ စင်တီဂရိတ်နှင့် ကျောက်တော်မြို့တွင် ၃၉ ဒသမ ၇ ဒီဂရီ စင်တီဂရိတ် ဖြစ်ပြီး စံချိန်ဟောင်းမှာ၂၀၀၄ ခုနှစ်တွင် ညောင်ဦးမြို့၌ ၄၂ ဒသမ ၃ ဒီဂရီ စင်တီဂရိတ်၊ ၂၀၁၀ ပြည့်နှစ်တွင် ကလေးဝမြို့၌ ၄၁ ဒသမ ၈ ဒီဂရီ စင်တီဂရိတ်နှင့် ၁၉၉၅ ခုနှစ်တွင် ကျောက်တော်မြို့၌ ၃၉ ဒသမ ၆ ဒီဂရီ စင်တီဂရိတ်တို့ ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။ “ဒီပြင့် မြို့တွေမှာလည်း နေ့အပူချိန်က ဒီအတိုင်းအတာထက် ပိုပူနေပေမယ့် ဒီမြို့တွေကတော့ ပုံမှန် မဟုတ်တာကြောင့် အမြင့်ဆုံး စံချိန်သစ် တင်သွားတာ” ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ရှင်းပြ ပြောဆိုသည်။ မြန်မာနှ

လိပ်ကြီးတွေ တန်းစီ ---------------------- ဒီရက်ပိုင်းတွေအတွင်းရွှေပြည်ကြီးကို အု...

လိပ်ကြီးတွေ တန်းစီ ---------------------- ဒီရက်ပိုင်းတွေအတွင်းရွှေပြည်ကြီးကို အုပ်စီးထားတဲ့ လူကြီးတချို့ဟာ စကားအရာမှာ အတော်လေးကိုပဲ အတိုင်အဖောက်ညီနေတာ တွေ့ရတယ်ဗျ။ သမ္မတရယ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရယ်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရယ်ဆိုတဲ့ အနှီကြီးသုံးကြီးဆီက လူသိနတ်သိထွက်လာတဲ့ စကားအရာများကို နားထောင်ရတာ ကြိုတင်များ စကားလုံးယိမ်းတိုက်ထားသလားလို့တောင်မှထင်ရပါတယ်။ အလွန်ညီတာ။ ဆောင်းပါးအပြည့်အစုံ..... http://ift.tt/1s1gbeq လိပ်ကြီးတွေ တန်းစီ 7daydaily.com ဒီရက်ပိုင်းတွေအတွင်းရွှေပြည်ကြီးကို အုပ်စီးထားတဲ့ လူကြီးတချို့ဟာ စကားအရာမှာ အတော်လေးကိုပဲ အတိုင်အဖောက်ညီနေတာ တွေ့ရတယ်ဗျ။ သမ္မတရယ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရယ်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရယ်ဆိုတဲ့ အနှီကြီးသုံးကြီးဆီက လူသိနတ်သိထွက်လာတဲ့ စကားအရာများကို နားထောင်ရတာ ကြိုတင်များ စကားလုံးယိမ်းတိုက်ထားသလား... from 7Day News Journal's Facebook Wall http://ift.tt/1s1g96k
ယမကာ တရားဝင်တင်သွင်းခွင့်ပြုရန် ကြန့်ကြာနေဆဲ myanmar.mmtimes.com ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစတင်၍ ပြည်ပမှ ယမကာများ တရားမ၀င်တင်သွင်းသည့်လုပ်ငန်း များကို အရေးယူ ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ယမကာ တင်သွင်းမှုကို တရားဝင်ခွင့်ပြုပေးရန်ရှိသော်လည်း လက်တွေ့တွင် ကြန့်ကြာလျက် ရှိပြီး ယမကာအသင်းအပါအ၀င် ပြည်တွင်း ထုတ်လုပ်သူများ ကလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက... from The Myanmar Times's Facebook Wall http://ift.tt/1mtzTvp

ရန်ကုန်မြို့၏ မြို့ပြမြေ အသုံးချမှုဇုန် ခွဲခြားသတ်မှတ်ရာတွင် ပြည်သူများ၏ အဆိုပြုခ...

ရန်ကုန်မြို့၏ မြို့ပြမြေ အသုံးချမှုဇုန် ခွဲခြားသတ်မှတ်ရာတွင် ပြည်သူများ၏ အဆိုပြုချက်ကို ထည့်သွင်း စဉ်းစားမည် ရန်ကုန်၊ မတ် ၃၁ ရန်ကုန်မြို့တော်ကို ဟန်ချက်ညီညီ လည်ပတ်နိုင်ရန်အတွက် ရန်ကုန်မြို့တွင် မြို့ပြမြေ အသုံးချမှုဇုန် ခွဲခြားသတ်မှတ်ရာတွင် ပြည်သူများ၏ အဆိုပြုချက် များကို တောင်းခံကာ ထည့်သွင်း စဉ်းစားမည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာန၊ မြို့ပြစီမံကိန်း ရေးဆွဲရေး ပညာရှင် ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။ ရန်ကုန်မြို့တော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတတ်မှုအတွက် ဇုန်အမျိုးအစား ၁၁ မျိုး ခွဲခြား သတ်မှတ်ရာတွင် ပညာရှင်များ၏ အဆိုပြုချက်များ အပြင် လက်ရှိ နေထိုင်သူများ၏ အဆိုပြုချက်များကိုပါ ထည့်သွင်း စဉ်းစားကာ အဆင်ပြေဆုံးနှင့် အကောင်းဆုံး အစီအစဉ်များကို ရေးဆွဲမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ “ပြည်သူတွေအနေနဲ့လည်း အဆိုပြုချက် တောင်းခံရင် ဌာနနဲ့ ပူးပေါင်း ဆောင်ရွက်ပြီး အဆိုပြုပေးရင် အကောင်းဆုံးပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ မြို့ပြမြေ အသုံးချမှုဇုန်များကို အထပ်နိမ့် လူနေသိပ်သည်းမှုနည်းဇုန်၊ အလယ်အလတ် သိပ်သည်းမှု လူနေဇုန်၊ အထပ်မြင့်လူနေဇုန်၊ အသုံးပြုမှုမျိုးစုံ ရောနှော ပါဝင်သောဇုန်၊ စီးပွားရေးဇုန်

တောင်ကြီးမြို့နယ်အတွင်း An International Medical Relif Group ၊ World Health Amb...

တောင်ကြီးမြို့နယ်အတွင်း An International Medical Relif Group ၊ World Health Ambassador Team (WHA)အဖွဲ့မှ ရွှေ့လျားစနစ်ဖြင့် ဆေးကုသမှုပေးနေသည်ကို ဧပြီလ ၁ရက်က တွေ့ရစဉ်၊(ဓာတ်ပုံ-ဂျွန်ချစ်ငြိမ်း၊မဇ္ဈိမ)။ ဆေးကုသမှုကို မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး အမေရိကန်၊ကနေဒါ၊ ဗီယက်နမ် နိုင်ငံတို မှ အထွေထွေ ရောဂါကုဆရာဝန်ကြီးများနှင့် မြန်မာနီုင်ငံမှ ဆရာဝန်ကြီးများက ကုသပေးကြသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1fiEDCL

အိုပေမယ့် စွမ်းသေးသူတစ်ဦး ------------------- *တိရစ္ဆာန်ရုံက ကျားလို လှောင်အိမ်...

အိုပေမယ့် စွမ်းသေးသူတစ်ဦး ------------------- *တိရစ္ဆာန်ရုံက ကျားလို လှောင်အိမ်ထဲမှာတလွန့်လွန့်နဲ့ ကျားညွန့်တုံးတွေ ထင်သလား မှားလိုက်တဲ့ အမြင် ဟားတိုက်လို့ ရယ်ချင်စရာ။ ဆောင်းပါးအပြည့်အစုံ........ http://ift.tt/1jSIVEN အိုပေမယ့် စွမ်းသေးသူတစ်ဦး 7daydaily.com *တိရစ္ဆာန်ရုံက ကျားလို လှောင်အိမ်ထဲမှာတလွန့်လွန့်နဲ့ ကျားညွန့်တုံးတွေ ထင်သလား မှားလိုက်တဲ့ အမြင် ဟားတိုက်လို့ ရယ်ချင်စရာ။ from 7Day News Journal's Facebook Wall http://ift.tt/1hXxcxX
ကုန်သည်ကြီးများဟိုတယ်အနီးဗျောက်အိုးဖောက်သူကို အမှုဖွင့်စစ်ဆေး myanmar.mmtimes.com ကျောက်တံတားမြို့နယ်တွင် လူအများအထိတ်တလန့်ဖြစ်စေရန်ဆောင်ရွက်ပြုမူခဲ့သူကို အရေးယူပေးရန်တိုင်ကြားခဲ့မှု မတ်လ ၃၀ ရက်နေ့ ကဖြစ်ပွားခဲ့သည်။ from The Myanmar Times's Facebook Wall http://ift.tt/1iUwwwI

မိုင်းတုံမြို့နယ်ရှိ SSA စခန်းများ သန်းခေါင်စာရင် ကောက်ခွင့် အမိန့်မရသေး မိုင်း...

မိုင်းတုံမြို့နယ်ရှိ SSA စခန်းများ သန်းခေါင်စာရင် ကောက်ခွင့် အမိန့်မရသေး မိုင်းတုံ၊ မတ် ၃၁ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် အတွင်းရှိ ရှမ်းပြည်တောင်ပိုင်း တပ်မတော် SSA ၏ စစ်အခြေစိုက် စခန်းများတွင် သန်းခေါင်စာရင်း ကောက်ယူခွင့်သည် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) မှ ညွှန်ကြားချက် မရှိသေး၍ ကောက်ယူနိုင်မည် မဟုတ်သေးကြောင်း SSA မှ မိုင်းဆတ်-မိုင်းတုံ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဆက်ဆံရေး တာဝန်ခံ ဗိုလ်ကြီးလွန့်ဆန်က ပြောကြားသည်။ “စခန်း တာဝန်ခံတွေကတော့ ကောက်စေချင်တယ်။ ဒါပေမဲ့ အထက်က ညွှန်ကြားချက် မလာသေးလို့ သန်းခေါင်စာရင်း အဖွဲ့တွေ ကောက်လို့ မရသေးဘူး၊ ရှမ်းလူငယ်တွေကပဲ ကောက်ပြီး ပေးရမယ် ထင်တယ်။ စခန်းတွေက ရှမ်းပြည်နယ်ရဲ့ ၄၀ ရာခိုင်နှုန်းမှာ ရှိနေပြီး မိုင်းတုံ တစ်ခုထဲ မဟုတ်လို့ အထက်ကလည်း စဉ်းစားနေတယ် ထင်ပါတယ်။ ဒါပေမဲ့ အပြည့်အဝ ပူးပေါင်း လုပ်ဆောင်သွားမယ် ဆိုတာတော့ သိထားပါတယ်” ဟု ၎င်းကဆိုသည်။ မိုင်းတုံမြို့နယ်အတွင်း သန်းခေါင်စာရင်း လိုက်လံကောက်ခံသည့် စာရင်းကောက် အဖွဲ့ဝင်များနှင့် SSA လှုပ်ရှားတပ်ဖွဲ့ဝင်များ တွေ့ဆုံခဲ့လျှင် မည်သည့် အန္တရာယ်မျှ တွေ့ကြုံရမည် မဟုတ်ဘဲ ပူးပေါင်းကူညီ ဆောင်ရွက်ပေးေ
Ban Ki-moon calls president over census concerns www.mmtimes.com United Nations secretary-general Ban Ki-Moon has called President U Thein Sein, urging him to ensure that the nationwide census currently underway is conducted in a peaceful and credible manner. from The Myanmar Times's Facebook Wall http://ift.tt/1dMrtz7
ဆိုင်ကယ်စီးလာသူများက စက်ဘီးစီးလာသည့်ဇနီးမောင်နှံကို လုယက် myanmar.mmtimes.com လှိုင်သာယာမြို့နယ်တွင် စက်ဘီးစီးနင်းသူဇနီးမောင်နှံထံမှ ကျပ်တစ်သိန်းဖိုးခန့် လုယူသွားသည် ဆိုကာ တိုင်ကြားခဲ့မှု မတ်လ ၂၈ ရက် နေ့ကဖြစ်ပွားခဲ့သည်။ from The Myanmar Times's Facebook Wall http://ift.tt/1hdzYOx
War and peace: ceasefires and the future of the KNU www.mmtimes.com KNU Central Executive Committee member U Mann Nyein Maung discusses the Tatmadaw, a federal army and the hope of finally achieving peace for his people. from The Myanmar Times's Facebook Wall http://ift.tt/1dMrtiE

"လူငယ်နှင့်မီဒီယာ အခွင့်အလမ်း စာအုပ်ထွက်ရှိ " ရန်ကုန် ဧပြီ ၁ ရက် မြန်မာနိုင်င...

"လူငယ်နှင့်မီဒီယာ အခွင့်အလမ်း စာအုပ်ထွက်ရှိ " ရန်ကုန် ဧပြီ ၁ ရက် မြန်မာနိုင်ငံတွင် ပထမဆုံး ထုတ်ဝေခဲ့သော ၁၈၃၆ ခုနှစ် မတ်လ ထုတ် မော်လမြိုင် ခရော်နီကယ် သတင်းစာ မှသည် ယနေ့ခေတ် ပုဂ္ဂလိက နေ့စဉ် ထုတ်သတင်းစာ များအထိ မြန်မာနိုင်ငံ သတင်းစာ များ သမိုင်း အပါအ၀င် မြန်မာနိုင်ငံတွင် သမိုင်းနှင့် အတူ ဖြစ်ပေါ်လာသော မီဒီယာ ပါရာဒိုင်း အရွေ့ကို ဆောင်းပါး ၂၂ ပုဒ် ဖြင့် ပြုစုတင်ပြထားသည်။ မင်းတုန်းမင်း၊ ဦးနေ၀င်းမှသည် ဦးသိန်းစိန်အထိ ပြောင်းလဲ လာသော နိုင်ငံရေးဖြစ်စဉ်များ၊ စာနယ်ဇင်း အတတ်ပညာနှင့်အယ်ဒီတာ၊ ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်း ပွဲမြင်ကွင်း၊ ပုဂ္ဂလိက သတင်းစာများ၏ အရွေ့နှင့် လားရာများ၊ သတင်း တစ်ပုဒ်၏ အင်္ဂါရပ် များနှင့် အခြေခံ ရေးသားပုံများကို တင်ပြထားသည်။ စာအုပ်ပြုစုသူအနေဖြင့် ယနေ့ သတင်းစာဂျာနယ်လောကတွင် လက်ရှိဖြတ်သန်းနေသူတစ်ဦးလည်းဖြစ်ရာ သတင်းလောကထဲမှ ပြုံးစရာများကိုလည်း ရေးသားဖော်ပြထားသည်။ သိန်းအေး ရေးသားပြီး Global Peace Group စာအုပ်တိုက်မှ တန်ဖိုး ကျပ် ၁၈၀၀ ဖြင့် ထုတ်ဝေဖြန့်ချိထားသည်။ from Popular Myanmar News Journal's Facebook Wall http://ift.tt/1oko7Ic

သင်္ကြန်ကာလအတွင်း ရန်ကုန်နှင့် မန္တလေးတွင် ပျော်စရာပွဲတော်များ Coca Cola ကျင်းပမည်...

သင်္ကြန်ကာလအတွင်း ရန်ကုန်နှင့် မန္တလေးတွင် ပျော်စရာပွဲတော်များ Coca Cola ကျင်းပမည် ရန်ကုန်၊ မတ် ၃၁ နာမည်ကျော် အချိုရည်ကုမ္ပဏီ ကိုကာကိုလာနှင့် ထိုင်းအခြေစိုက် Index Creative Village တို့ ပူးပေါင်းကာ ယခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ထူးခြားသည့် ပျော်ပွဲရွှင်ပွဲများ ကျင်းပသွားမည်ဟု ကိုကာကိုလာမြန်မာမှ ဈေးကွက်မြှင့်တင်ရေး မန်နေဂျာ Rommel Fuentebella က The Voice သို့ ပြောကြားသည်။ “ကျွန်တော်တို့ မန္တလေးနဲ့ ရန်ကုန်မှာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပမယ်။ မြန်မာပြည်မှာ ပျော်စရာ အကောင်းဆုံး အကြီးကျယ်ဆုံး ပွဲတွေဖြစ်အောင် လုပ်မယ်” ဟု ၎င်းကဆိုသည်။ Coca-Coal Myanmar Summer Festival 2014 အမည်ဖြင့် ပျော်ပွဲရွှင်ပွဲကို ရန်ကုန်မြို့ ရှင်စောပုလမ်းပေါ်ရှိ Myanmar Event Park တွင် ကျင်းပသွားမည် ဖြစ်ပြီး ရေကစားရန် နေရာ၊ ကလေးကစားကွင်း၊ ရေမြှုပ်ပူဖောင်းများဖြင့် ကစားနိုင်မည့် Foam Party၊ တေးဂီတ ဖျော်ဖြေတင်ဆက်မှုများ၊ နံရံတွယ်ကပ် ကစားနည်းအတွက် နေရာများ၊ ရေလွှာလျှောစီး၊ အမြင့်ပေါ်မှ ရော်ဘာကြိုးဖြင့် ခုန်ချကစားရသည့် ကစားနည်း (Bungee) များ ထည့်သွင်းထားကြောင်း ကိုကာကိုလာမြန်မာ ကုမ္ပဏီထံမှ သိရှိရသည်။ “ရန်ကုန်မှာက

အပစ်ရပ်စာချုပ် ဆွေးနွေးပွဲ RCSS/SSA တက်မတက် ယနေ့ ဆုံးဖြတ်မည် ရန်ကုန်၊ မတ် ၃၁ တ...

အပစ်ရပ်စာချုပ် ဆွေးနွေးပွဲ RCSS/SSA တက်မတက် ယနေ့ ဆုံးဖြတ်မည် ရန်ကုန်၊ မတ် ၃၁ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းရေးဆွဲရေး ဆွေးနွေးပွဲသို့ ရှမ်းပြည်တပ်မတော်/ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တက်ရောက်မည် မတက်ရောက်မည်ကို ယနေ့ (ဧပြီ ၁ ရက်) ပြုလုပ်မည့် ဗဟိုကော်မတီ အစည်းအဝေး၌ ဆုံးဖြတ်မည် ဖြစ်ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက ပြောကြားသည်။ အဆိုပါ ဗဟိုကော်မတီ အစည်းအဝေးကို ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့နယ်ခွဲရှိ လွယ်တိုင်းလျန်း ဒေသရှိ RCSS/SSA ၏ ဌာနချုပ်တွင် ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။ “ရာခိုင်နှုန်း ၈၀၊ ၉၀ လောက်တော့ တက်ဖြစ်မယ်လို့ ခန့်မှန်းတယ်” ဟု ဗိုလ်မှူးကြီးစိုင်းလက ဆိုသည်။ ဧပြီလ ၅ ရက်မှ ၆ ရက်နေ့အထိ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) တွင် ကျင်းမည့် အပစ်ရပ်မူကြမ်း ရေးဆွဲရေးတွင် တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့ ကိုယ်စားပြု ပါဝင်သည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ၏ ကိုယ်စားလှယ် ကိုးဦးနှင့် အစိုးရ ကိုယ်စားလှယ် ကိုးဦးတို့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူ
UN extends special rapporteur mandate www.mmtimes.com The United Nations has extended the mandate of the special rapporteur for human rights in Myanmar and renewed its call for the government to allow the opening of a country office of the UN High Commissioner for Human Rights. from The Myanmar Times's Facebook Wall http://ift.tt/1dMnHps