Skip to main content

Posts

Showing posts from May 13, 2014

တိုက်ပွဲများ ဖြစ်ပွားနေမှု လျှော့ချရန် အစိုးရနှင့် KIO တို့ပူးပေါင်း၍ ပဋိပက္ခ ဖြေရှင်းရေးအဖွဲ့ ဖွဲ့မည်

မြစ်ကြီးနား၊ မေ ၁၃ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ဒေသအချို့တွင် တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ဖြစ်ပွားနေမှုကို လျှော့ချရန်အတွက် နှစ်ဖက်ကိုယ်စားလှယ်များ ပါဝင်သော ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO/KIA အဖွဲ့တို့ သဘောတူညီခဲ့ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ပြောကြားသည်။ မြစ်ကြီးနားမြို့ မဂျွယ်ခန်းမတွင် မေလ ၁၃ ရက်နေ့က ပြုလုပ်သည့် နှစ်ဖက် အဖွဲ့များအကြား စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲ၌ ယင်းသို့ သဘောတူလိုက်ခြင်း ဖြစ်သည်။ တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမှုမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်း ဆွေးနွေး သဘောတူခဲ့သော ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ ဖွဲ့စည်းရန် ပျက်ကွက်နေခြင်းကြောင့် ဖြစ်ကြောင်း၊ ယခုယင်းကော်မတီ၏ ပထမအဆင့် အနေနှင့် အစိုးနှင့် KIO ကိုယ်စားလှယ် ငါးဦးစီ ပါဝင်သော ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။ “အဖွဲ့မှာ ဘယ်သူတွေပါမယ် ဆိုတာတော့ မဆုံးဖြတ်ရသေးဘူး” ဟု ၎င်းက

မိုးတွင်းကာလများတွင် ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်း (၃) ကြိမ်ခန့် ဖြစ်ပွားနိုင်ကြောင်း မိုး/ဇလခန့်မှန်း

from Eleven Daily News http://ift.tt/T0FoJ1

ရွှေမော်ဓောစေတီ ရင်ပြင်ပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် မော်တော်ယာဉ်ဖြင့် တက်ရောက် ညောင်ရေသွန်း

ရန်ကုန်၊ မေ ၁၃ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းရှိ ထင်ရှားကျော်ကြားသော စေတီများအနက် တစ်ဆူဖြစ်သော ပဲခူးမြို့ ရွှေမော်ဓော စေတီရင်ပြင်ပေါ်သို့ မေလ ၁၃ ရက် နံနက် ၇ နာရီက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းသည် မော်တော်ယာဉ်ဖြင့် တက်ရောက်ကာ ညောင်ရေသွန်း ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စေတီရင်ပြင်တွင် မေလ ၁၃ ရက်နေ့ ကဆုန်လပြည့်နေ့က ကျင်းပသည့် ညောင်ရေသွန်း ပွဲတော်သို့ ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း အပါအဝင် ပင့်ဆောင်ထားသည့် သံဃာတော်များက ရင်ပြင်တော်ပေါ်သို့ မော်တော်ယာဉ်များဖြင့် တက်ရောက်ခဲ့ကြောင်း ရွှေမော်ဓောစေတီ ဂေါပကရုံးခန်းမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။ “အရေးကြီးတဲ့ ပုဂ္ဂိုလ်မို့လို့ပါ။ ကျန်တဲ့သူဆို ခွင့်မပြုဘူး။ မော်တော်ပီကယ်တွေကော လုံခြုံရေးတွေပါ ပါတယ်။ ဝန်ကြီးအပြင် ပင့်ထားတဲ့ ဘုန်းကြီးတွေလည်း ပါတယ်။ ၇ နာရီလောက်က လာတယ်။ ဂေါပကရုံးခန်းမှာ စကားပြောပြီး ၈ နာရီလောက် ပြန်သွားတယ်” ဟု ၎င်းကဆိုသည်။ ၁၉၉၅ ခုနှစ်ဝန်းကျင် ယခင် ဂေါပကဥက္ကဋ္ဌ လက်ထက်တွင် ဘုရားမြောက်ဘက်မုခ် အရှေ့ဘက် ကပ်လျက်တွင်ရှိသော လမ်းဟောင်းကို လမ်းသစ်ခင်းခဲ့ပြီးနောက် ၎င်းကိုယ်တိုင်ကားဖြင့် ဂေါပကရုံးခန်းသို့ သွားခဲ့ဖူးကြောင်း ပဲခူးမြို့ပေါ်တွင် ဆေးခန်း ဖ

အရေးပေါ်ကိစ္စ ပေါ်ပါက အစည်းအဝေးအမြန်ခေါ်ရန်အပါအ၀င် (၁၈)ချက်ကို ပြင်၍ သံဃာ့အခြေခံစည်းမျဉ်း အတည်ပြု၊

from Eleven Daily News http://ift.tt/1jr9NoN

အစိုးရနှင့် KIA နှစ်ဖက်အကြား အပြန်အလှန် နားလည်မှု၊လေးစားမှု၊ ယုံကြည်မှုဖော်ဆောင်ရေး၌ အားနည်းဟုဆို

from Eleven Daily News http://ift.tt/1jr9Lxh

အမြန်လမ်း ယာဉ်တိမ်းမှောက်မှုမှ သေဆုံးခဲ့သည့် ခရီးသည်များကို လျော်ကြေးငွေ ပေးအပ်မည်

from Eleven Daily News http://ift.tt/1jr9N88

မဲဆွယ်စည်းရုံးခွင့် ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို ပြင်ဆင်ထား သည့် ပြည်ထောင်...

မဲဆွယ်စည်းရုံးခွင့် ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို ပြင်ဆင်ထား သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ညွန်ကြား ချက်မူကြမ်းသည် အနာဂတ်ရွေး ကောက်ပွဲများ၏ လွတ်လပ်မှုနှင့် တရားမျှ တမှု တို့ကို ဆိတ်သုဉ်း စေမည်ဟု နိုင်ငံရေး ပါတီများ ဝေဖန်လိုက်သည်။ ပါတီများသို့ ဖြန့်ဝေထားသည့် အဆိုပါ ညွှန်ကြား ချက်မူကြမ်းတွင် မဲဆွယ်စည်းရုံးခြင်း ဆိုင်ရာ စုဝေးဟော ပြောပွဲခြင်းနှင့် မီဒီယာမှတစ်ဆင့် ပြောဆိုမှုများကို ခွင့်ပြုချက်ယူရန် လိုအပ်ခြင်း၊ သက်ဆိုင်ရာမဲဆန္ဒနယ်၏ ကိုယ်စားလှယ်လောင်းမဟုတ်သူ ဟောပြောလိုပါက ကြိုတင်ခွင့်ပြုချက်ယူရန် လိုအပ်ခြင်း၊ မဲဆွယ်စည်းရုံး ရေးကာလကို ရွေးကောက်ပွဲ စတင်မည့်နေ့ မတိုင်မီ တစ်လသတ်မှတ်ခြင်းစသဖြင့် ပါဝင်နေသည့် အပေါ် မှတ်ချက်ပြု ပြောခြင်းဖြစ်သည်။ မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်မူကြမ်း လွတ်လပ်မှုနှင့် တရားမျှတမှု ဆိတ်သုဉ်းနေ - သစ်ထ� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1oNo83S

ဘောလုံးလောကအတွက် အကြီးမားဆုံး တော်လှန်ရေး -------- မြန်မာနေရှင်နယ်လိဂ် သက်တမ်းေ...

ဘောလုံးလောကအတွက် အကြီးမားဆုံး တော်လှန်ရေး -------- မြန်မာနေရှင်နယ်လိဂ် သက်တမ်းခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သက်တမ်းအလိုက် လူငယ်ပြိုင်ပွဲဝင် ကစားသမားများ၏ အသက်မှန်ကန်မှုအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တင်းကျပ်စွာ စတင်စစ်ဆေးခဲ့သည်။ သတင်းဆောင်းပါး အပြည့်အစုံ... http://ift.tt/1jr8xC5 ဘောလုံးလောကအတွက် အကြီးမားဆုံး တော်လှန်ရေး | 7Day News Journal - ၇ ရက် သတင်းဂျာနယ် 7daynewsjournal.com မြန်မာနေရှင်နယ်လိဂ် သက်တမ်းခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သက်တမ်းအလိုက် လူငယ်ပြိုင်ပွဲဝင် ကစားသမာ... from 7Day News Journal's Facebook Wall http://ift.tt/1jr8xC7

ကုသဖို့ခက်နေဆဲ ပဲလောကမှရောဂါ --------- ပဲဈေးကွက်တွင် ပဲကုမ္ပဏီများက လေရောင်းလေ၀ယ...

ကုသဖို့ခက်နေဆဲ ပဲလောကမှရောဂါ --------- ပဲဈေးကွက်တွင် ပဲကုမ္ပဏီများက လေရောင်းလေ၀ယ် (ကြိုပွိုင့်)ဖြင့် ရောင်းဝယ်ထားပြီး ငွေကြေးပြဿ နာတက်ကာ မရှင်းနိုင်လျှင် ထွက်ပြေးသော ဖြစ်စဉ်က မထူးဆန်းတော့ပါ။ ထူးဆန်းနေသည်က မကြာခဏ ငွေကြေးပြဿနာတက်နေသော ပဲလောကတွင် အလားတူဖြစ်စဉ်မျိုး မပေါ်ပေါက်အောင် အစိုးရနှင့် သက်ဆိုင်ရာအသင်းအဖွဲ့တို့က မတားဆီးနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် ပဲလောကတွင် ဘယ်အချိန်၌ ထွက်ပြေးသော ပဲကုန်သည်ပေါ်လာဦးမလဲဆိုသောသံသယဖြင့် လုပ်ကိုင်နေကြရသည်။ ယခုမေလဆန်းတွင် မိုးသက်ကုမ္ပဏီက ငွေကြေးပြဿနာပေါ်နေသည်။ သတင်းဆောင်းပါး အပြည့်အစုံ... http://ift.tt/1lltIHa ကုသဖို့ခက်နေဆဲ ပဲလောကမှရောဂါ | 7Day News Journal - ၇ ရက် သတင်းဂျာနယ် 7daynewsjournal.com သိမ့်သိမ့်စိုး၊ ပြည်သိမ်း ပဲဈေးကွက်တွင် ပဲကုမ္ပဏီများက လေရောင်းလေ၀ယ် (ကြိုပွိုင့်)ဖြင့် ရောင်းဝယ်ထားပြီး ... from 7Day News Journal's Facebook Wall http://ift.tt/1jZzLEn

ကချင်ဒေသတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခြင်းမှာ သန်းခေါင်စာရင်းကြောင့် မဟုတ်ဟ...

ကချင်ဒေသတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခြင်းမှာ သန်းခေါင်စာရင်းကြောင့် မဟုတ်ဟု ဦးခင်ရီငြင်းဆို မြစ်ကြီးနား၊ မေ ၁၃ ကချင်ပြည်နယ်အတွင်း ဧပြီလဆန်းမှ စတင်၍ တပ်မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲများ ဖြစ်ပွားနေမှုမှာ သန်းခေါင်စာရင်း ကောက်ယူမှုကြောင့် မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက The Voice သို့ ပြောကြားသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့ မြစ်ကြီးနားမြို့ မဂျွယ်ခန်းမ၌ မေလ ၁၃ ရက်နေ့က တွေ့ဆုံစဉ် အဆိုပါ ကော်မတီဝင်လည်းဖြစ်သူ ဦးခင်ရီက The Voice သို့ ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။ “တိုက်ပွဲတွေက သန်းခေါင်စာရင်းကြောင့် ဖြစ်တယ်ဆိုတာ လုံးဝမဟုတ်ဘူး” ဟု ၎င်းက ပြောဆိုသည်။ သို့သော် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တာဝန်ရှိသူ တစ်ဦးကမူ ဧပြီလ တိုက်ပွဲများမှာ သန်းခေါင်စာရင်း ကောက်ယူရာမှ အစပြုကြောင်း၊ စာရင်းကောက် အဖွဲ့များကို ကေအိုင်အေက ခြိမ်းခြောက်မှုများကြောင့် နယ်မြေရှင်းလင်းရာမှ နှစ်ဖက်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။ တိုက်ပွဲများ ဖြစ်ပွားရခြင်းမှာ နှစ်ဖက် အသိအမှတ်ပြု ထိန်းချုပ

#thedailyelevencover

#thedailyelevencover from Eleven Media Group's Facebook Wall http://ift.tt/1mp5lwa

လုံခြုံရေးဆောင်ရွက်ပါ၊ မတရားအနိုင်ကျင့်တာတော့ မလုပ်ပါနဲ့ စည်သူအောင်မြင့် (ဆောင...

လုံခြုံရေးဆောင်ရွက်ပါ၊ မတရားအနိုင်ကျင့်တာတော့ မလုပ်ပါနဲ့ စည်သူအောင်မြင့် (ဆောင်းပါး) လတ်တလော အစိုးရတပ်နဲ့ ကေအိုင်အေ တိုက်ပွဲတွေ ဟိုနားဒီနားပြန်ဖြစ်၊ ပြဿနာတချို့ပေါ်၊ ဒီလိုနဲ့ မြစ်ကြီးနား ဆွေးနွေးပွဲ စတင်နေချိန် ရှမ်းပြည်နယ်ထဲမှာတော့ ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်မယ့် နောက်ထပ် ပြဿနာတွေ ပေါ်ပေါက်လာ ပြန်ပါတယ်။ အဲဒီပြဿနာတွေကတော့ ရှမ်းပြည်နယ် ကျိုင်းတုံမြို့က အစိုးရနဲ့ ပြည် ထောင်စုအဆင့် အပစ်ရပ် လက်မှတ်ရေးထိုးထားပြီးဖြစ်တဲ့ RCSS/SSA ရှမ်ပြည်တပ်မတော် ဆက်ဆံရေးရုံးခန်းကို တပ်မတော်စစ်ဘက်ဆိုင်ရာ လုံခြုံရေး စရဖ တပ်ဖွဲ့တွေက ၀င်ရောက် မွှေနှောက် ရှာဖွေခဲ့တဲ့ ကိစ္စ၊ နိုင်ငံရေးပါတီကြီးတစ်ခုဖြစ်တဲ့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ နမ့်လင်းမိုင်ကျေးရွာပါတီ ဥက္ကဋ္ဌကို စရဖ တပ်ဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင် ရိုက်နှက်စစ်ဆေးပြီးနောက် ရဲစခန်းပြန်အပ်၊ မတရား အသင်း အက်ဥပဒေပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုထားတဲ့ ကိစ္စတွေပဲ ဖြစ်ပါတယ်။ ဒီကိစ္စနှစ်ခုကလည်း ဆက်စပ်နေပါတယ်။ ပြဿနာတွေ ဘယ်လိုဖြစ်ရတာပါလဲ၊ ပြဿနာပြေလည်ဖို့ ဘယ်လို ကြိုးစားနေကြပါလဲ၊ တပ်မတော်ဘက်ရဲ့ အခုလုပ်ရပ်ကြောင့် ငြိမ်းချမ်းရေး တည်ဆောက်နေတာကို ထိခိုက်နိုင်မလားဆိုတာ ဒီကေ

ကဆုန်လပြည့်နံနက်က ညောင်ရေသွန်းပွဲကျင်းပရာ ပဲခူး မြို့ ရွှေမော်ဓောစေတီ ရင်ပြင် တေ...

ကဆုန်လပြည့်နံနက်က ညောင်ရေသွန်းပွဲကျင်းပရာ ပဲခူး မြို့ ရွှေမော်ဓောစေတီ ရင်ပြင် တော်ပေါ်အထိ ကော်ဇောနီလမ်း တစ်လျှောက် ကားမောင်းတက် ခဲ့သည့် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ သတင်းဓာတ်ပုံများ အင် တာနက်စာမျက်နှာများပေါ်တွင် တက်လာသဖြင့် ဝေဖန်မှုများစွာ ထွက်ပေါ်လာခဲ့သည်။ ‘‘ဘုရားပေါ်မှာ ဘယ်သူမှ ဖိနပ်မစီးဘူး။ ဘုန်းကြီးရော၊ လူ ရော၊ ဘယ်သူမှ စီးခွင့်မရှိပါဘူး။ လူတွေက ကားနဲ့လာရင် တက်လို့ ရတယ်ဆိုတာ မသိကြလို့ပါ။ ရင်ပြင်တော်ကို ကားနဲ့လာဖို့ လမ်းလုပ်ထားတာ အခုမှမဟုတ်ဘူး။ လူတွေက မသိကြလို့ပါ။ လူတိုင်းက မြို့ထဲဘက်ကပဲ တက်ကြတာလေ’’ ဟု ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး တင်နွယ်ထွန်းက ပြောသည်။ ရွှေမော်ဓောစေတီရင်ပြင်တော်အထိ ပဲခူးတိုင်းအစိုးရအဖွဲ့ ကားမောင်းတက်၍ ဝေဖန်ခံရ - သစ်ထူးလ www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1gmfycS

ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းရှိ ထင်ရှားကျော်ကြားသော စေတီများအနက် တစ်ဆူဖြစ်ေ...

ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းရှိ ထင်ရှားကျော်ကြားသော စေတီများအနက် တစ်ဆူဖြစ်သော ပဲခူးမြို့ ရွှေမော်ဓော စေတီရင်ပြင်ပေါ်သို့ မေလ ၁၃ ရက် နံနက် ၇ နာရီက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းသည် မော်တော်ယာဉ်ဖြင့် တက်ရောက်ကာ ညောင်ရေသွန်း ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စေတီရင်ပြင်တွင် မေလ ၁၃ ရက်နေ့ ကဆုန်လပြည့်နေ့က ကျင်းပသည့် ညောင်ရေသွန်း ပွဲတော်သို့ ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း အပါအဝင် ပင့်ဆောင်ထားသည့် သံဃာတော်များက ရင်ပြင်တော်ပေါ်သို့ မော်တော်ယာဉ်များဖြင့် တက်ရောက်ခဲ့ကြောင်း ရွှေမော်ဓောစေတီ ဂေါပကရုံးခန်းမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။ ရွှေမော်ဓောစေတီ ရင်ပြင်ပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် မော်တော်ယာဉ်ဖြင့် တက်ရောက် ညောင www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1gmfv0U

#emg_editorials ၂၀၁၄ မေလ ၁၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်...

#emg_editorials ၂၀၁၄ မေလ ၁၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော် လိုအပ်နေသော လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစဉ်များ နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာလာသော ရာဇာမင်း ခရီးသည်တင် ယာဉ်တစ်စီးသည် မေ ၁၂ ရက် ည ၇ နာရီခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၉၇/၆ အနီးရှိ ပျဉ်းမနား-တောင်တွင်းကြီး မီးရထား ခုံးကျော်တံတားအောက် ထိုးကျခဲ့ရာ ခရီးသည် ၁၄ ဦးသေဆုံးပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့သည်။ ၂၀၀၅ ခုနှစ်က တပ်မတော်အစိုးရသည် စစ်ဘက်ဆိုင်ရာ အင်ဂျင်နီယာများအား မြို့တော်သစ် နေပြည်တော်နှင့် ရန်ကုန်ကို ဆက်သွယ်ရန် လမ်းမအသစ်တစ်ခု အမြန်ဖောက်လုပ်ရန် အမိန့်ပေးခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ၃၆၆ မိုင်အရှည်ရှိ လမ်းမကြီး ပြီးစီးခဲ့သည်။ သို့သော် အင်ဂျင်နီယာများက တက်သုတ်ရိုက်ကာ အမြန်တည်ဆောက်ခဲ့ရကြောင်း ၀န်ခံခဲ့ကြသည်။ ယင်းနောက် အဆိုပါလမ်းမကြီးသည် မြန်မာနိုင်ငံ၏ အန္တရာယ်အများဆုံး အမြန်လမ်းမကြီးဖြစ်လာပြီး အမြန်လမ်းလုံခြုံရေး ရဲတပ်ဖွဲ့၏ စာရင်းဇယားများအရ ၂၀၀၉ မတ်လမှ ၂၀၁၃ ဧပြီလအထိ ယာဉ်မတော်တဆမှုပေါင်း ၄၃၂ မှုဖြစ်ပွားကာ လူပေါင်း ၂၁၆ ဦး သေဆုံးလျက် ၆၇၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ ဧပြီ ၂၂ ရက်

၂၀၁၄ ခုနှစ် ပထမလေးလအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၂၂၀၀ ကျော်ရှိခဲ့ပြ...

၂၀၁၄ ခုနှစ် ပထမလေးလအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၂၂၀၀ ကျော်ရှိခဲ့ပြီး သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် အများဆုံးမြှုပ်နှံခဲ့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ ဧပြီလအထိ ပထမလေးလပတ်အတွင်း မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ လာရောက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၂၂၀၀ ကျော်ရှိခဲ့ပြီး သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် အများဆုံး ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ အဆိုပါ လေးလတာကာလအတွင်း စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၂၂၁၀ ဒသမ ၈၆၈ သန်းရှိခဲ့ပြီး ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှု အခြေအနေမှာ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၄၂၆ ဒသမ ၈၂၈ သန်း၊ သတ္တုတူးဖော် ရှာဖွေထုတ်လုပ်ရေး လုပ်ငန်းတွင် ဒေါ်လာ ၂၈ ဒသမ ၆၉ သန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွင် ဒေါ်လာ ၅၆ ဒသမ ၉၇၉ သန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၄၉ ဒသမ ၈၄၂ သန်း၊ အိမ်ခြံမြေလုပ်ငန်းတွင် ဒေါ်လာ ၂၆၇ ဒသမ ၈၇၆ သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းတွင် ဒေါ် လာ ၆၇ သန်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် ဒေါ်လာ ၁၁ ဒသမ ၀၅၉ သန်း၊ အခြားဝန်ဆောင်မှု လုပ်ငန်းများတွင် ဒေါ်

လမ်းပေါ်ရောက် ကလေးငယ်များအတွက် အထောက်အကူပြု ဗဟိုဌာန ဖွင့်ရန်စီစဉ် ဇာနည်အောင်| ဗု...

လမ်းပေါ်ရောက် ကလေးငယ်များအတွက် အထောက်အကူပြု ဗဟိုဌာန ဖွင့်ရန်စီစဉ် ဇာနည်အောင်| ဗုဒ္ဓဟူးနေ့၊ မေလ ၁၄ ရက် ၂၀၁၄ ခုနှစ် ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးမူဆိုင်ရာ ပင်မ အထောက်ကူပြုဗဟိုဌာနကို စံနမူနာအဖြစ် ရန်ကုန်မြို့တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိသည်ဟု လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးတင်ဇော်မိုးက မေ ၁၃ ရက်တွင် မဇ်္ဈိမကို ပြောသည်။ လမ်းပေါ်ကလေးငယ်များ အပါအ၀င် မိဘရှိပြီး စားဝတ်နေရေး အဆင်မပြေသည့် မိသားစုကလေးငယ်များ နှင့် မိဘမဲ့ ကလေးငယ်များကို အဆိုပါစင်တာက ပြုစုစောင့်ရှောက်ပေးနိုင်ရန် စီစဉ်သွားမည် ဖြစ်သည်။ “ဖွင့်လှစ်နိုင်ရေး စီစဉ်နေဆဲ ရှိပါသေးတယ်။ နှစ်မကုန်ခင် ဖွင့်လှစ်နိုင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေပါတယ်။ ဖွင့်လှစ်ပြီးရင်တော့ ကလေးငယ်တွေရဲ့ ဘ၀ရပ်တည်နိုင်ရေးမှာ ထောက်ကူပြုစေမယ့် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ သင်ကြားပေးမယ်။ ဘ၀ကိုပိုပြီး ပြည့်စုံအောင် အဘက်ဘက်က ပိုမိုကောင်းမွန်တဲ့ ပံ့ပိုးမှုမျိုးတွေပါ ပြုလုပ်ပေးသွားမှာ ဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။ ကလေးသူငယ်များ၏ အဓိက အခွင့်ရေး လေးရပ်ဖြစ်သည့် ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတတ်ခွင့်၊ အကာကွယ် ရပိုင်ခွင့်နှင့် ပ

KNU နှင့် တပ်မတော်ကြား အပစ်ရပ်ရေးကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ထပ်မံဖြ...

KNU နှင့် တပ်မတော်ကြား အပစ်ရပ်ရေးကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ထပ်မံဖြစ်ပေါ်နေဆဲ ဇာဏီထွဏ်း၊ ကြယ်ပြာ| ဗုဒ္ဓဟူးနေ့၊ မေလ ၁၄ ရက် ၂၀၁၄ ခုနှစ် ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် မြန်မာအစိုးရတပ်တို့အကြား ပဏာမ အပစ်အခတ်ရပ်စဲပြီးနေက် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ထပ်မံဖြစ်ပေါ်လျက်ရှိသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ထုတ်ပြန်လိုက်သည်။ ၂၀၁၄ ခုနှစ်၊ မေလဟု ရက်စွဲတပ် ထုတ်ဝေထားသည့် ဆိုင်းငံ့ခြင်း သို့မဟုတ် အသွင်ကူးပြောင်းခြင်း ဟူ သည့် စစ်တမ်းကို မီဒီယာလိုက်ဘရီတွင် မေ ၁၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ် ပြန်လိုက်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှဒေသများမှာ ဘားအံ၊ ဒူးပလာယာ၊ ဖာပွန်၊ မကွေး-ထားဝယ်၊ ညောင်လေး ပင်၊ တောင်ငူ၊ သထုံမြို့များရှိ ကရင်လူထုများသည် ပဋိပက္ခဖြစ်ပွားစဉ် ကာလအတွင်း လူ့ အခွင့်အရေး ချိုး ဖောက်မှုများ ခံစားခဲ့ရသည် ဟု KHRG - Karen Human Rights Group စစ်တမ်းက ဖော်ပြသည်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက် တပ်မတော်က အရပ်သားများအပေါ်တိုက် ခိုက်ခြင်း၊ အဓမ္မဖမ်းဆီးထိန်းသိမ်းထားခြင်း၊ အဓမ္မအခွန်ကောက်ခံခြင်းနှင့်

ရှမ်းမြောက်တွင် စစ်ရေးတင်းမာနေ ဖနိဒါ| ဗုဒ္ဓဟူးနေ့၊ မေလ ၁၄ ရက် ၂၀၁၄ ခုနှစ် ရှမ်...

ရှမ်းမြောက်တွင် စစ်ရေးတင်းမာနေ ဖနိဒါ| ဗုဒ္ဓဟူးနေ့၊ မေလ ၁၄ ရက် ၂၀၁၄ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း တိုင်းရင်းသားအဖွဲ့အစည်းများနှင့် မြန်မာအစိုးရ စစ်တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေကာ စစ်ရေးတင်းမာမှုများ ရှိနေဆဲဟု တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ အတွင်းရေးမှူး ဗိုလ်မှူးကြီး မိုင်းဘုန်းကျော်က မဇ္ဈိမကို ပြောသည်။ မေလ ၁၃ ရက်တွင်လည်း ရှမ်းပြည် နယ် နမ့်ခမ်းမြို့နယ် ထပ်ကျက်ကျေးရွာအနီး TNLA တပ်ရင်း ၄၇၈ နှင့် အစိုးရ၏ တပ်မ ၈၈ လက်အောက်ခံ တပ်ဖွဲ့တို့အကြား တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၎င်းက ပြောသည်။ “တိုက်ပွဲက ကြိုးကြားကြိုးကြားဖြစ်တာ တစ်ပတ်ကျော်ရှိလာပြီ””ဟု မိုင်းဘုန်းကျော် က မဇ္ဈိမကို ပြောသည်။မေလ ၆ ရက်မှစတင်ကာ ရှမ်းပြည်နယ် မူဆယ်ခရိုင် မုံးကိုးမြို့နယ်အတွင်း TNLA၊ KIA နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်(NNDAA)၊ ကိုးကန့် တပ်မတော်တို့ ပူးပေါင်းတပ်ဖွဲ့များ နှင့် အစိုးရစစ်တပ် ၏ တပ်ရင်း ၁၂ရင်းထိုးစစ်ဆင်လာသဖြင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယနေ့အထိ စစ်ရေး တင်းမာမှုများ ရှိနေသည်ဟု ဆိုသည်။ from Mizzima - News in Burmese's Facebook Wall http://ift.

ဗုဒ္ဓဘာသာဆိုင်ရာ စာပေများကို စိစစ်ပြီးမှသာ ထုတ်ဝေခွင့်ပြုရန် သံဃာ့အစည်းအဝေး ဆုံြး...

ဗုဒ္ဓဘာသာဆိုင်ရာ စာပေများကို စိစစ်ပြီးမှသာ ထုတ်ဝေခွင့်ပြုရန် သံဃာ့အစည်းအဝေး ဆုံးဖြတ် ရန်ကုန်၊ မေ ၁၃ ဗုဒ္ဓဘာသာဆိုင်ရာ စာပေများ၊ စာစောင်များနှင့် အသံသွင်း တိပ်ခွေများတွင် အယူအဆ အလွဲများဖြင့် ရေးသား၊ ဟောပြောမှုများ ပါရှိနေ၍ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က စိစစ်ပြီးမှသာ ထုတ်ဝေခွင့်ပြုရန် ပဉ္စမအကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးတွင် ဆုံးဖြတ်ကြောင်း ဂိုဏ်းပေါင်းစုံ သံဃာတော်များထံမှ သိရသည်။ မေလ ၁၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတွင်ပြုလုပ်သော ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးတွင် အထက်ပါအတိုင်း ဆွေးနွေး ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့က မိန့်ကြားသည်။ အဆိုပါ ဗုဒ္ဓဘာသာဆိုင်ရာ စာပေများကို အခြားလောကီဆိုင်ရာ စာပေများကဲ့သို့ ထုတ်ဝေပြီးမှ ပြန်လည် တင်ပြသည့် စနစ်ကျင့်သုံးပါက အဓမ္မဝါဒ စာအုပ်တို့ အလွန်ပြန့်ပွားသွားပြီး သန့်ရှင်းသော သာသနာတော်ကြီး ကွယ်ပျောက် သွားနိုင်ကြောင်း နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ တွဲဖက် အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဓမ္မပါလာ ဘိဝံသက မိန့်ကြားသည်။ “အဓမ္မဝါဒ စာအုပ်တို့ အလွန်ပြန့်ပွား သွားပါက သန့်ရှင်းသော သာသနာတော်ကြီး ကွယ်ပျောက် သွားနိုင်ပါ

တိုက်ပွဲများလျှော့ချရန် ပဋိပက္ခဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းရေး အစိုးရနှင့် ကေအိုင်အိ...

တိုက်ပွဲများလျှော့ချရန် ပဋိပက္ခဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းရေး အစိုးရနှင့် ကေအိုင်အို သဘောတူ ----------- မေလ ၁၃ ရက်တွင် ပြုလုပ်သော အစိုးရနှင့် ကေအိုင်အို ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး ပဋိပက္ခဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းသွားရန် နှစ်ဖက်သဘောတူညီမှု ရရှိခဲ့သည်။ သတင်းအပြည့်အစုံ... http://ift.tt/1jr2L3e from 7Day News Journal's Facebook Wall http://ift.tt/1jr2L3j

သြစတြီးယား ထိပ်သီးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရန် ဆွေးနွေး စည်သူအောင်| ဗ...

သြစတြီးယား ထိပ်သီးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရန် ဆွေးနွေး စည်သူအောင်| ဗုဒ္ဓဟူးနေ့၊ မေလ ၁၄ ရက် ၂၀၁၄ ခုနှစ် သြစတြီးယားနိုင်ငံမှ တာဝန်ရှိသူများနှင့် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ၄၀ဦး ပါဝင်သော အဖွဲ့သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်နိုင်ရန်အတွက် မေလ ဒုတိယပတ်အတွင်း လာရောက် ဆွေးနွေးခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြာမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။ အဆိုပါအစည်းအဝေးကို မြန်မာဘက်မှ ဒုတိယ၀န်ကြီး ဒေါ်လဲ့လဲ့သိန်း ဦးဆောင်သော မြန်မာတာဝန်ရှိသူ ၇၀ ခန့် တက်ရောက်ခဲ့ပြီး သြစတြီးယားလုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်း များ၊ အခွင့်အရေးများ၊ လုပ်ငန်းစီမံကိန်းများ၊ ဖွံ့ဖြိုးမှုစီမံကိန်းများ၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးစသည့် မြန်မာ့ စီးပွားရေးအခြေအနေများကို အဓိကထား ဆွေးနွေးခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။ ဖွံ့ဖြိုးမှု စီမံကိန်းအစည်းအဝေးကို သြစတြီးယား ပို့ဆောင်ရေး၊ နည်ပညာနှင့်တီထွင်ဖန်တီးမှုဆိုင်ရာဝန်ကြီး Ms . Doris Bures၊ သြစတြီးယား ပြည်ထောင်စုစီးပွားရေးအသင်း ဒုတိယဥက္ကဋ္ဌ Dr. Christoph Matzn-etter အပါအ၀င် သြစတြီးယား ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ၄၀ ဦ

အစိုးရနှင့် ကေအိုင်အို တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များ မပါဝင်သော်လည်း ဆွေးနွေး...

အစိုးရနှင့် ကေအိုင်အို တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များ မပါဝင်သော်လည်း ဆွေးနွေးပွဲ အောင်မြင်ဟု ပြောကြား တင်ဇာအောင်| ဗုဒ္ဓဟူးနေ့၊ မေလ ၁၄ ရက် ၂၀၁၄ ခုနှစ် အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တွေ့ဆုံဆွေးနွေးခဲ့သော မြစ်ကြီးနားမြို့ ဆွေးနွေးပွဲတွင် အစိုးရ စစ်တပ်ဘက်မှ ထိပ်ပိုင်းခေါင်းဆောင်များ မပါဝင်သော်လည်း ဆွေးနွေးပွဲမှာနှောင့်နှေးမှု မရှိဘဲ အောင်မြင်ခဲ့သည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒု-က္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မေ ၁၃ ရက်ဆွေးနွေးပွဲအပြီးတွင် မီဒီယာများကို ပြောကြားသည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မဂျွယ်ခန်းမတွင် ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာတွင် စစ်တပ်ဘက်မှ ထိပ်ပိုင်းခေါင်း ဆောင်များ ပါဝင်မှုမရှိခြင်းကို မီဒီယာများက မေးခွန်းထုတ်ရာတွင် ၀န်ကြီး ဦးအောင်မင်းက ယင်းသို့ပြော ကြားလိုက်ခြင်းဖြစ်ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် တက်ရောက်သည့်အတွက် အဆင် ပြေသည်ဟုလည်း ဆိုသည်။ ထိပ်ပိုင်းခေါင်းဆောင်များ

မဘသ တရားဝင်ရပ်တည်နိုင်ရန် အထမမြောက်သေး မင်းမင်း| ဗုဒ္ဓဟူးနေ့၊ မေလ ၁၄ ရက် ၂၀၁၄ ခု...

မဘသ တရားဝင်ရပ်တည်နိုင်ရန် အထမမြောက်သေး မင်းမင်း| ဗုဒ္ဓဟူးနေ့၊ မေလ ၁၄ ရက် ၂၀၁၄ ခုနှစ် နိုင်ငံတော် သံဃမဟာနာယက(မဟန)အဖွဲ့မှ တစ်ပါး အခြားသော သံဃာအဖွဲ့အစည်းများ ဖွဲ့စည်းခွင့် မရှိဟူသည့်အချက်ကို ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးတွင် ပြင်ဆင်နိုင်မည်ဟု သံဃာတော် အချို့ဦးဆောင်သည့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က မျှော်လင့်ထားသော်လည်း မေ ၁၃ ရက်တွင် ဆုံးဖြတ်ခဲ့သည့် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း ပြင်ဆင်ချက်တွင် မပါဝင်ခဲ့ပေ။ ၁၉၈၀ ပြည့်နှစ်က ကျင်းပသည့် ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးက ဆုံးဖြတ်ခဲ့သည့်အခြေ ခံစည်းမျဉ်းတွင် ပါဝင်သည့် (မဟန) အဖွဲ့မှတစ်ပါး မည်သည့်သံဃာ့အဖွဲ့အစည်းမျှ တရားဝင် ဖွဲ့စည်းခွင့် မရှိစေရဟူသော အချက်ကို ပဉ္စမအကြိမ်တွင် ပြင်ဆင်ပေးမည်ဟု မျှော်လင့် ယုံကြည်ထားသည်ဟု (မဘ သ) ဆရာတော်အချို့က အစည်းအဝေး ပထမနေ့ မေ ၁၁ ရက်တွင် ထုတ်ဖော် မိန့်ကြားကြခြင် ဖြစ်သည်။ “ပြင်ပေးနိုင်မယ်လို့ ယုံကြည်တယ်။ ဆွေးနွေးခွင့်ရမယ်ဆိုရင် မဘသ ကိုယ်တော်တွေက ဆရာတော်ကြီး တွေကို ရှင်းလင်းလျှောက်ထားမှာပါ” ဟု မဘသဗဟိုအဖွဲ့ဝင် ဆရာတော် ဒေါက်တာသောပါက က မိန့် သည်။ သို့သော် ကမ္ဘာအေကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူအတွင်

ရာဇာမင်းခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဒုသမ္မတဦးဆောင်စုံစမ်းစစ်ဆေး ---------- ခရီး...

ရာဇာမင်းခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဒုသမ္မတဦးဆောင်စုံစမ်းစစ်ဆေး ---------- ခရီးသည် ၁၄ ဦး သေဆုံးခဲ့သော ရာဇာမင်း ခရီး သည်ယာဉ် အမြန်လမ်းပေါ်မှ တိမ်းမှောက်ထိုးကျခဲ့သော ဖြစ်စဉ် ကို ဒုတိယသမ္မတဦးဉာဏ်ထွန်း ကိုယ်တိုင် ဦးဆောင်စုံစမ်းစစ် ဆေးနေကြောင်း သတင်းရရှိ သည်။ သတင်းအပြည့်အစုံ... http://ift.tt/1v2wPM6 from 7Day News Journal's Facebook Wall http://ift.tt/1lcxTGt

ဘာသာရေးအကြောင်းပြ၍ မဲဆွယ်ပါက အရေးယူမည် ---------- လာမည့်ရွေးကောက်ပွဲများတွင် ဘာသ...

ဘာသာရေးအကြောင်းပြ၍ မဲဆွယ်ပါက အရေးယူမည် ---------- လာမည့်ရွေးကောက်ပွဲများတွင် ဘာသာရေးအကြောင်း ပြ၍ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ပါက ဥပဒေအတိုင်းထိ ရောက်စွာ အရေးယူမှုများ ပြု လုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သတင်းရရှိသည်။ သတင်းအပြည့်အစုံ... http://ift.tt/1v2wNUs from 7Day News Journal's Facebook Wall http://ift.tt/1v2wMA8

ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးတွင် သံဃာ့အဖွဲ့အခြေခံစည်းမျဉ်း ၁၈ ချက် ပြင်ဆင် အဆိ...

ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးတွင် သံဃာ့အဖွဲ့အခြေခံစည်းမျဉ်း ၁၈ ချက် ပြင်ဆင် အဆိုပြုချက် ၉ ခုအတည်ပြု ---------- ၁၉ နှစ်ကြာ ကျင်းပနိုင် ခဲ့ခြင်းမရှိဘဲ ယခုနှစ်တွင် ပြန်လည် ကျင်းပခဲ့သည့် ပဉ္စမအကြိမ်ဂိုဏ်း ပေါင်းစုံသံဃာ့အစည်းအဝေးကြီး က သံဃာ့အဖွဲ့အခြေခံစည်းမျဉ်း မှ ခေတ်အခါနှင့် လိုက်လျောညီ ထွေရှိစေရန် အချက်ပေါင်း ၁၈ ချက် ကို ပြင်ဆင်နိုင်ခဲ့ပြီး သာသနာ တော်ထွန်းကားပြန့်ပွားရေးဆိုင် ရာ အဆို ကိုးခုကို အတည်ပြုဆုံး ဖြတ်မှုပြုခဲ့ကြောင်း သတင်းရရှိသည်။ သတင်းအပြည့်အစုံ... http://ift.tt/1v2wMjD from 7Day News Journal's Facebook Wall http://ift.tt/1lcxQul
အမြန်လမ်းတွင် သေဆုံးမှုစံချိန်တင်ခဲ့သည့် ရာဇာမင်း ယာဉ်တိမ်းမှောက်မ from Eleven Media Group's Facebook Wall http://ift.tt/1jqZMbg

တောင်တရုတ်ပင်လယ်ကိစ္စနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုအနေဖြင့် ယင်း၏ ဆောင်ရွက်နေမှု...

တောင်တရုတ်ပင်လယ်ကိစ္စနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုအနေဖြင့် ယင်း၏ ဆောင်ရွက်နေမှုများကို အလေးအနက်ဆင်ခြင်ရန် တရုတ်တိုက်တွန်း ပေကျင်း၊ မေ ၁၃ တောင်တရုတ်ပင်လယ်ကိစ္စနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုအနေဖြင့် ယင်း၏ ဆောင်ရွက်နေမှုများကို အလေးအနက်ဆင်ခြင်ရန် တရုတ်က တိုက်တွန်းလိုက်သည်။ "တောင်တရုတ်ပင်လယ်ကိစ္စနဲ့ ပတ်သက်လို လှုံ့ဆော်နှိုးဆွမှုတွေကိုလုပ်နေတာပါပဲ။ ဒါပေမယ့် အဲဒီနိုင်ငံကတရုတ်နိုင်ငံမဟုတ်ဘူး"ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် မစ္စ ဟွာချွန်ယင်းက နေ့စဉ်ပြုလုပ်မြဲ သတင်းစာရှင်းလင်းပွဲတွင် ယနေ့ပြောပါသည်။ "အမေရိကန်တွေရဲ့ မှားယွင်းတဲ့မှတ်ချက်တွေဟာ အန္တရာယ်ဖြစ်စေဖို့ကိုအားပေးတဲ့ လှုံ့ဆော်နှိုးဆွမှုတွေပဲဖြစ်တယ်"ဟုလည်း သူကပြောပါသေးသည်။ "အမေရိကန်ပြည်ထောင်စုအနေနဲ့ ကိုယ့်လုပ်ဆောင်မှုတွေပေါ်မှာ အလေးအနက်ဆင်ခြင်ဖို့ ကျွန်မတို့မျှော်လင့်ပါတယ်"ဟု မစ္စဟွာကပြောပါသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ ယနေ့နံနက်က ဖုန်းဖြင့် အချိန်အတန်ကြာ ဆွေးနွေးမှုပြီးသည့်နောက်တွင် မစ္စဟွာချွန်ယင်းက ယခုကဲ့သို့ပြောကြားခြင်းဖြစ်သည်။ PN 002 r

ဗုဒ္ဓစာပေနှင့် တရားခွေများ သံဃမဟာနာယက ခွင့်ပြုမှ ထုတ်ဝေခွင့်ရမည် မင်းမင်း| ဗုဒ္ဓဟ...

ဗုဒ္ဓစာပေနှင့် တရားခွေများ သံဃမဟာနာယက ခွင့်ပြုမှ ထုတ်ဝေခွင့်ရမည် မင်းမင်း| ဗုဒ္ဓဟူးနေ့၊ မေလ ၁၄ ရက် ၂၀၁၄ ခုနှစ် ဗုဒ္ဓဘာသာဆိုင်ရာ စာအုပ်များ၊ စာစောင်များနှင့် အသံသွင်းတိပ်ခွေများကို နိုင်ငံတော် သံဃမဟာနယကအဖွဲ့ (မဟန)က စိစစ်ခွင့်ပြုပြီးမှသာ ထုတ်ဝေခွင့် ရရှိတော့မည် ဖြစ်သည်။ ဗုဒ္ဓဘာသာဆိုင်ရာ စာပေများ မထုတ်ဝေမီတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန)သို့ တင်ပြ စိ စစ်ခံသင့်သည်ဟု အဂ္ဂမဟာပဏ္ဍိတ ဆရာတော်တစ်ပါး၏ အဆိုပြုချက်ကို ဂိုဏ်းပေါင်းစုံမှ သံဃာတော် ၂၅၅၈ ပါးက အတည်ပြုလိုက်ခြင်း ဖြစ်သည်။ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူအတွင်း မေ ၁၃ ရက်က ကျင်းပသည့် ဂိုဏ်းပေါင်းစုံ သံဃ အစည်းအဝေးတွင် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ ရွှေစေတီကျောင်းတိုက်မှ နိုင်ငံတော် ဗဟိုသံဃာ့ဝန် ဆောင်အဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဓမ္မပါလာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဒမ္မဇောတိက ဓဇ)က အထက်ပါအတိုင်း အဆိုပြုခဲ့ခြင်း ဖြစ်သည်။ “ပဋိကတ်တော်နှင့် မညီသောရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို တားဆီးကာ ကွယ်ရန်ဟူသော ရည်ရွယ်ချက်သည် အဓမ္မ၀ါဒစာအုပ်စာပေ စသည်တို့ကို ရေးသားထုတ်ဝေ ဟောပြော အသံသွင်းဖြန့်ချိပြီးမှ စိစစ်ရန်တင်ခြင်းဟူသော ထုတ်ေ

မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်မူကြမ်း လွတ်လပ်မှုနှင့် တရားမျှတမှု ဆိတ်သုဉ်းနေေ...

မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်မူကြမ်း လွတ်လပ်မှုနှင့် တရားမျှတမှု ဆိတ်သုဉ်းနေ အေးမြင့်စန်း၊ ရွှေရည်ဝင်းထက် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ညွန်ကြားချက်မူကြမ်းသည် အနာဂတ်ရွေး ကောက်ပွဲများ၏ လွတ်လပ်မှုနှင့် တရားမျှတမှုတို့ကို ဆိတ်သုဉ်းစေမည်ဟု နိုင်ငံရေးပါတီများ ဝေဖန်လိုက်သည်။ ပါတီများသို့ ဖြန့်ဝေထားသည့် အဆိုပါ ညွှန်ကြားချက်မူကြမ်းတွင် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ စုဝေးဟော ပြောပွဲခြင်းနှင့် မီဒီယာမှတစ်ဆင့် ပြောဆိုမှုများကို ခွင့်ပြုချက်ယူရန် လိုအပ်ခြင်း၊ သက်ဆိုင်ရာမဲဆန္ဒနယ်၏ ကိုယ်စားလှယ်လောင်းမဟုတ်သူ ဟောပြောလိုပါက ကြိုတင်ခွင့်ပြုချက်ယူရန် လိုအပ်ခြင်း၊ မဲဆွယ်စည်းရုံး ရေးကာလကို ရွေးကောက်ပွဲစတင်မည့်နေ့မတိုင်မီ တစ်လသတ်မှတ်ခြင်းစသဖြင့် ပါဝင်နေသည့် အပေါ် မှတ်ချက်ပြု ပြောခြင်းဖြစ်သည်။ “မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းမှာ အစဉ်အလာ မဟုတ်ဘူးလေ။ ကျန်တဲ့ နိုင်ငံတကာမှာလဲ မဲဆွယ်စည်းရုံး ခွင့်က ကိုယ့်ပါတီ အနိုင်ရရှိရေးအတွက် ပါတီခေါင်းဆောင်တွေက စည်းရုံးရတာပဲလေ။ အိုဘာမား အနိုင်ရ ရှိရေး အိုဘာမား တစ်ယောက်တည်း စည်းရုံးတာမှ မဟုတ်ဘဲ” ဟု အမျိုးသားဒီမိုက

(မေလ ၁၄ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်) အကောင်းမြင်မှုနှင့် အယုံသွ...

(မေလ ၁၄ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်) အကောင်းမြင်မှုနှင့် အယုံသွင်း လုပ်ဆောင်မှုများ အမေရိကန်သမ္မတ ဘာရက်အိုဘားမား မကြာသေးမီက မလေးရှားနိုင်ငံတွင် ဟောပြောခဲ့သော သူ၏မိန့်ခွန်းထဲတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ထည့်သွင်း ဝေဖန်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အိုဘားမားက ချီးကျူးခဲ့သော်လည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် အန္တရာယ်တစ်ခုမှာ ဘာသာရေးနှင့် လူမျိုးရေးပဋိပက္ခများ ပွင့်အန်ထွက်လာနိုင်ခြင်းဖြစ်ပြီး ထိုပဋိပက္ခများသည် မြန်မာနိုင်ငံကို လမ်းကြောင်းမှားဆီသို့ ဦးတည်သွားစေနိုင်ကြောင်း သတိပေးခဲ့သည်။ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဝေဖန်ခဲ့သူမှာ အိုဘားမား တစ်ယောက်တည်းတော့ မဟုတ်ပေ။ မြန်မာစစ်ဘက်နှင့် အမေရိကန် ပူးပေါင်းဆောင်ရွက်ရေး စည်းကမ်းသတ်မှတ်ချက်များ ပြဋ္ဌာန်းရန် အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်များက ဖိအားပေးလျက်ရှိကြကာ လူ့အခွင့်အရေးအခြေအနေများနှင့် တိုင်းရင်းသား ပြည်နယ်များတွင် မြန်မာစစ်တပ်၏ စစ်ရေးဆောင်ရွက်မှုများအပေါ် စိုးရိမ်ကြောင်း ပြောဆိုခဲ့ကြသည်။ မြန်မာအစိုးရ မည်ကဲ့သို့ ပြောဆိုရှင်းပြနေသည်ဖြစ်စေ၊ မြန်မာနိုင်ငံသည် နောက်သို့ ပြန်ဆုတ်သွားကြေ

မျောက်မင်းစွန်းဝူခုံး သရုပ်ဆောင် မြန်မာနိုင်ငံလာမည် မန္တလေး၊ မေ ၁၃ ပြည်တွင်း၌ တ...

မျောက်မင်းစွန်းဝူခုံး သရုပ်ဆောင် မြန်မာနိုင်ငံလာမည် မန္တလေး၊ မေ ၁၃ ပြည်တွင်း၌ တရုတ်ရုပ်သံ ဇာတ်လမ်းတွဲများ ခေတ်စားစအချိန်တွင် နာမည်ကျော် လူကြိုက်များခဲ့သော အနောက်အရပ်သို့ ခရီးသွားခြင်း (Journey to the West) ဇာတ်လမ်းတွဲ၌ တရုတ် ဘုန်းတော်ကြီး တစ်ပါးနှင့်အတူ အိန္ဒိယနိုင်ငံသို့ ပိဋကတ်သုံးပုံ ပင့်ဆောင်သည့် ဇာတ်ဝင်ခန်းများတွင် မျောက်မင်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည့် စွန်းဝူခုံးခေါ် (မစ္စတာ လူချင်ဟိုလင်းတန်) သည် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောကြားသည်။ ယင်းသို့ မန္တလေးမြို့တော်သို့ လာရောက် လည်ပတ်မည့် Journey to the West ဇာတ်ကားတွင် မျောက်မင်းအဖြစ် သရုပ်ဆောင်ခဲ့သည့် စွန်းဝူခုံးသည် မေလ ၂၁ ရက်နေ့တွင် ရန်ကုန် မြို့တော်သို့ ရောက်ရှိလာမည် ဖြစ်ပြီး ရန်ကုန်ရှိ ယဉ်ကျေးမှုတက္ကသိုလ်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဗဟိုအမှုဆောင်များနှင့် တွေ့ဆုံပြီး နိုင်ငံတော်အဆင့် အကြီးအကဲများကို တွေ့ဆုံ ဂါရဝပြုနိုင်ရန် နေပြည်တော်သို့ ဆက်လက်ထွက်ခွာမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ နေပြည်တော်မှအပြန် မန္တလေးမြို့တော်သို့ လာရောက်ပြီး တ
ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် ရန်ကုန်မြို့တွင်းရှိ တန်ခိုးကြီးဘုရား from Eleven Media Group's Facebook Wall http://ift.tt/1oNfvGP