Skip to main content

ကချင်ဒေသတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခြင်းမှာ သန်းခေါင်စာရင်းကြောင့် မဟုတ်ဟ...



ကချင်ဒေသတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခြင်းမှာ သန်းခေါင်စာရင်းကြောင့် မဟုတ်ဟု ဦးခင်ရီငြင်းဆို



မြစ်ကြီးနား၊ မေ ၁၃



ကချင်ပြည်နယ်အတွင်း ဧပြီလဆန်းမှ စတင်၍ တပ်မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲများ ဖြစ်ပွားနေမှုမှာ သန်းခေါင်စာရင်း ကောက်ယူမှုကြောင့် မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက The Voice သို့ ပြောကြားသည်။



ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့ မြစ်ကြီးနားမြို့ မဂျွယ်ခန်းမ၌ မေလ ၁၃ ရက်နေ့က တွေ့ဆုံစဉ် အဆိုပါ ကော်မတီဝင်လည်းဖြစ်သူ ဦးခင်ရီက The Voice သို့ ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

“တိုက်ပွဲတွေက သန်းခေါင်စာရင်းကြောင့် ဖြစ်တယ်ဆိုတာ လုံးဝမဟုတ်ဘူး” ဟု ၎င်းက ပြောဆိုသည်။



သို့သော် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တာဝန်ရှိသူ တစ်ဦးကမူ ဧပြီလ တိုက်ပွဲများမှာ သန်းခေါင်စာရင်း ကောက်ယူရာမှ အစပြုကြောင်း၊ စာရင်းကောက် အဖွဲ့များကို ကေအိုင်အေက ခြိမ်းခြောက်မှုများကြောင့် နယ်မြေရှင်းလင်းရာမှ နှစ်ဖက်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။



တိုက်ပွဲများ ဖြစ်ပွားရခြင်းမှာ နှစ်ဖက် အသိအမှတ်ပြု ထိန်းချုပ်နယ်မြေများ ကျယ်ကျယ်ပြန့်ပြန့် မသတ်မှတ်နိုင်သည့်အတွက် နှစ်ဖက်တပ်များ လှုပ်ရှားစဉ် ထိတွေ့မှုများကြောင့် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။



ဧပြီလ ၁၀ ရက်နေ့က စတင်ကောက်ယူခဲ့သည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုတွင် ကချင်ပြည်နယ် အတွင်းရှိ ကေအိုင်အို ထိန်းချုပ်နယ်မြေများ၌ သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိသည့်အတွက် ဆက်လက်ကောက်ယူရန် ညှိနှိုင်းနေကြောင်း ဦးခင်ရီက ရှင်းပြသည်။



“သန်းခေါင်စာရင်း ကောက်လို့ရ မရတော့ မသေချာသေးဘူး” ဟု ဦးခင်ရီက ဆိုသည်။



၂၀၁၄ ခုနှစ် ဧပြီလအတွင်း သန်းခေါင်စာရင်း ကောက်ယူ၍ မရရှိခဲ့သည့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူမျိုးများနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ထိန်းချုပ်နယ်မြေတွင် ရှိသည့် ကျေးရွာ ၉၇ ရွာကို မေလအတွင်း သန်းခေါင်စာရင်း ပြန်ကောက်ယူနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။







from The Voice Weekly's Facebook Wall http://ift.tt/1mTRmkS

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3