Skip to main content

Posts

Showing posts from March 11, 2014

နိုင်ငံရေးတွင် မွန်အမျိုးသမီးပါဝင်မှု အလွန်နည်းသည်ဟု မွန်ပြည်သစ်ပါတီပြော မော်လမြ...

နိုင်ငံရေးတွင် မွန်အမျိုးသမီးပါဝင်မှု အလွန်နည်းသည်ဟု မွန်ပြည်သစ်ပါတီပြော မော်လမြိုင်၊ မတ် ၁၁ နိုင်ငံရေးလှုပ်ရှားမှု အခန်းကဏ္ဍတွင် ယနေ့ခေတ် မွန်အမျိုးသမီးတို့၏ ပါဝင်မှုသည် အလွန်နည်းပါးနေကြောင်း မွန်ပြည်သစ်ပါတီ အမျိုးသမီး ဗဟိုကော်မတီဝင် မိစာတာက ပြောကြားသည်။ ရာခိုင်နှုန်းဖြင့် ဖော်ပြ၍ မရလောက်အောင်ပင် မွန်အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှုမှာ နည်းပါးပြီး ထိုသို့ ပါဝင်လာရန် အမျိုးသားများကို စည်းရုံးရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ “ကျွန်မတို့ အမျိုးသမီးတွေ နိုင်ငံရေးထဲမှာ ပါဝင်ဖို့က အမျိုးသားတွေကိုပါ စည်းရုံးရမယ်၊ လှုံ့ဆော်ရမယ်” ဟု မိစာတာက ဆိုသည်။ အမျိုးသမီးတို့၏ ကဏ္ဍကို မြှင့်တင်ပေးရန်၊ ငြိမ်းချမ်းရေးဖြစ်စဉ်၊ နိုင်ငံရေးတွင် အမျိုးသမီးများ တရားနည်းလမ်းတကျ ပါဝင်လာစေရန်နှင့် ဆုံးဖြတ်ချက်ချသည့် ကဏ္ဍတွင် စွမ်းရည်မြင့် အမျိုးသမီးများ ပါဝင်လာနိုင်ရန် ရည်ရွယ်ပြီး မွန်အမျိုးသမီး ညီလာခံ တစ်ရပ်ကိုလည်း မတ်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့ထိ ကျင်းပခဲ့သည်။ “လက်ရှိ ပြည်တွင်းနိုင်ငံရေး လှုပ်ရှားမှုမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအားက အင်မတန် နည်းပါတယ်။ လူမှု အဖွဲ့အစည်းတွေမှာပဲ ပါဝင်တာများတယ်။ အကျိုးမရှိဘူးလားဆိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒ

အခွန်ဥပဒေကြမ်းနှစ်ခု လွှတ်တော်အမတ်များ တင်ပြချက်ပယ်၍ မူလအတိုင်းအတည်ပြု နေပြည်တော...

အခွန်ဥပဒေကြမ်းနှစ်ခု လွှတ်တော်အမတ်များ တင်ပြချက်ပယ်၍ မူလအတိုင်းအတည်ပြု နေပြည်တော်၊ မတ် ၁၁ မြန်မာ့အခွန်ကောက်ခံရေးစနစ် အသက်ပြန်သွင်းရန် အရေးကြီးသည့် ဥပဒေအဖြစ် ပညာရှင်အချို့ ထောက်ပြထားသော ကုန်သွယ် လုပ်ငန်းခွန် ဥပဒေကြမ်းနှင့် ဝင်ငွေခွန် ဥပဒေတို့ကို ပြည်ထောင်စု လွှတ်တော်အတွင်း ဆွေးနွေးရာတွင် လွှတ်တော် ကိုယ်စားလှယ်များ၏ တင်ပြချက်များကို ပယ်၍ အစိုးရက မူလရေးဆွဲထားသည့် ပြဋ္ဌာန်းချက်များ အတိုင်းသာ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဆုံးဖြတ်လိုက်သည်။ ယင်းဥပဒေ နှစ်ခုကို ယနေ့ (မတ်၁၁) ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုလိုက်ခြင်း ဖြစ်သည်။ ဒဂုံမြို့သစ်မြောက်ပိုင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး၊ ဧရာဝတီ အမှတ် (၆)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီနှင့် ပေါက်တော မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်ခိုင်တို့က ဥပဒေကြမ်း နှစ်ခုပါ ပြဋ္ဌာန်းချက်များကို ဖြည့်စွက်ရန်နှင့် ပြန်လည် ပြင်ဆင်ရန် အချက် ၂၀ ခန့် တင်ပြခဲ့သော်လည်း လွှတ်တော်က မူလပြဋ္ဌာန်းချက်များအတိုင်း အတည်ပြုခဲ့ကြောင်း ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ဆိုသည်။ “အခုပြင်ဆင်ဖို့ ပြောတဲ့သူတွေ့ရဲ့ တ

ဒုချီးရားတန်း ကောလာဟလ အဖွဲ့အစည်းတစ်ခုက စနစ်တကျ လုပ်ဆောင်ဟု ကော်မရှင်ဆို ရန်ကုန်...

ဒုချီးရားတန်း ကောလာဟလ အဖွဲ့အစည်းတစ်ခုက စနစ်တကျ လုပ်ဆောင်ဟု ကော်မရှင်ဆို ရန်ကုန်၊ မတ် ၁၁ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာများတွင် ဖြစ်ပွား ခဲ့သည့် ဖြစ်စဉ်များတွင် ဘင်္ဂါလီများ အကြမ်းဖက် ခံရသည်ဟု အစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်း တစ်ခုခုက စနစ်တကျ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဖွဲ့စည်း တာဝန်ပေးထားသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်က ပြောကြားသည်။ ဒုချီးရားတန်းတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ရှိ မြန်မာ ငြိမ်းချမ်းရေး စင်တာတွင် မတ်လ ၁၁ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်များတွင် ရခိုင် တိုင်းရင်းသားများနှင့် ရဲတပ်ဖွဲ့ဝင်များက လုပ်ဆောင်သည်ဟု စွပ်စွဲချက်များသည် အစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်း တစ်ခုက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ လုပ်ဆောင်နေသည်ဟု သုံးသပ်ရသော်လည်း တိကျခိုင်မာသည့် သတင်းများ မရရှိသေးသဖြင့် မည်သည့် အဖွဲ့အစည်း ဆိုသည်ကို တိတိကျကျ ပြောဆို၍ မရသေးကြောင်း ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြသည်။ “လုပ်သွားတဲ့ ပုံစံကို ကြည့်မယ်ဆိုရင်၊ သတင်းတေ

လူသုံးသောင်း အလုပ်ရနိုင်မည့် ဟောင်ကောင်အထည်ချုပ်များ ဝင်ရောက်မည် ရန်ကုန်၊ မတ် ၁...

လူသုံးသောင်း အလုပ်ရနိုင်မည့် ဟောင်ကောင်အထည်ချုပ်များ ဝင်ရောက်မည် ရန်ကုန်၊ မတ် ၁၁ သီလ၀ါ စီးပွားရေး အထူးဇုန်တွင် အနည်းဆုံး လုပ်သားသုံးသောင်းခန့်ကို အလုပ်အကိုင် အခွင့်အလမ်း ပေးနိုင်မည့် ဟောင်ကောင် စီးပွားရေးကုမ္ပဏီ ၁၂ ခု၏ အစုအဖွဲ့လိုက် အထည်ချုပ်လုပ်ငန်းများ လာမည့် ၂၀၁၅ နှစ်လယ်ပိုင်း၌ တည်ထောင် လုပ်ကိုင်မည် ဖြစ်ကြောင်း South China Morning Post သတင်းစာက ဖော်ပြသည်။ အဆိုပါ စီမံကိန်းကို အထည်ချုပ် ကုမ္ပဏီများ သီးသန့် စုစည်းထားသော (Industrial Park) အဖြစ် တည်ထောင်မည်ဖြစ်ပြီး လာမည့် ၂၀၁၅ နှစ်ကုန်ပိုင်းတွင် လည်ပတ်နိုင်မည် ဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။ မြန်မာလုပ်သား တစ်ဦးအတွက် တစ်လလျှင် လုပ်အားခ အမေရိကန်ဒေါ်လာ ၁၀၀ (ကျပ် ၉၇,၀၀၀) မှ ၁၂၀ (ကျပ် ၁၁၆,၄၀၀) ကျပ်အကြား လုပ်အားခပေးမည် ဖြစ်ပြီး ချုပ်လုပ်ပြီး အထည်များကို ဥရောပ နိုင်ငံများသို့ တင်ပို့မည် ဖြစ်ကြောင်း South China Morning Post က ဖော်ပြသည်။ မြန်မာနိုင်ငံတွင် လုပ်အားခ ဈေးပေါခြင်းကြောင့် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်သည်ဟု တရုတ်နိုင်ငံ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့် ဟောင်ကောင်မှ လစ်ဘရယ်ပါတီ ဥပဒေပြုရေးအဖွဲ့မှ Felix Chung Kwok-pan ၏ပြောကြာ

ရေထွက်ပို့ကုန် ပြည်ပတင်ပို့မှု ကန်ဒေါ်လာသန်း ၉၀ ခန့်ကျဆင်း ရန်ကုန်၊ မတ် ၁၁ ဘဏ္ဍာန...

ရေထွက်ပို့ကုန် ပြည်ပတင်ပို့မှု ကန်ဒေါ်လာသန်း ၉၀ ခန့်ကျဆင်း ရန်ကုန်၊ မတ် ၁၁ ဘဏ္ဍာနှစ် ကုန်ဆုံးရန် သီတင်းပတ် အနည်းငယ်ခန့်သာ ကျန်ရှိချိန်ထိ မြန်မာ့ ရေထွက်ကုန် ပြည်ပ တင်ပို့မှုသည် ယမန်နှစ် တင်ပို့မှုကိုပင် ပြည့်မီခြင်း မရှိဘဲ အမေရိကန်ဒေါ်လာ သန်း ၉၀ ကျော် လျော့နည်းလျက် ရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောကြားသည်။ ရေထွက်ကုန် ပြည်ပတင်ပို့မှု လျော့ကျခြင်းသည် သဘာဝအတိုင်း ဖမ်းဆီးရမိမှုကိုသာ အားပြုရလျက်ရှိပြီး မွေးမြူရေးပိုင်းကို တိုးတက်အောင် မလုပ်ဆောင်နိုင်ခြင်းကြောင့် ဖြစ်သည်ဟု မြန်မာ့ရေလုပ်ငန်းတွင် နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံရှိခဲ့သည့် ၎င်းကဆိုသည်။ ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဖေဖော်ဝါရီလ နောက်ဆုံးပတ်အထိ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုသည် အမေရိကန်ဒေါ်လာ သန်း ၅၉၀ နီးပါး ရရှိခဲ့သော်လည်း ယခုဘဏ္ဍာနှစ် အလားတူ ကာလတွင်မူ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုသည် သန်း ၅၀၀ နီးပါးသာ ရရှိထားရာ အမေရိကန်ဒေါ်လာ သန်း ၉၀ ကျော် လျော့ကျလျက် ရှိသည်ဟု ၎င်းကရှင်းပြသည်။ ယခုဘဏ္ဍာနှစ်အတွင်း အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်း ခဲ့သော်လည်း မြန်မာ ရေထွက်ကုန်များမှာ အဆိုပါ နိုင်

MPU ကတ်များ သုံးလအတွင်း အွန်လိုင်း ငွေပေးချေနိုင်မည်ဟုဆို ရန်ကုန်၊ မတ် ၁၁ ငွေသ...

MPU ကတ်များ သုံးလအတွင်း အွန်လိုင်း ငွေပေးချေနိုင်မည်ဟုဆို ရန်ကုန်၊ မတ် ၁၁ ငွေသား ကိုင်တွယ်အသုံးပြုမှု လျှော့ချနိုင်ရန် ပြည်တွင်းဘဏ်များ ပူးပေါင်း ထုတ်လုပ်ထားသော MPU ကတ်များဖြင့် အွန်လိုင်း စတိုးများတွင် ဈေးဝယ်နိုင်မည့် ဝန်ဆောင်မှုကို မေလအတွင်း ရရှိမည် ဖြစ်ကြောင်း MPU (Myanmar Payment Union) အမှုဆောင် အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောကြားသည်။ အဆိုပါ ဝန်ဆောင်မှု ပေးနိုင်ရန် Myanmar Payment Union က ထိုင်းနိုင်ငံ အခြေစိုက် 2C2P ကတ်ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းနှင့် ပူးပေါင်း အကောင်အထည် ဖော်နေပြီး လက်ရှိတွင် စမ်းသပ် လုပ်ဆောင်မှုများ ပြုလုပ်နေကြောင်း ၎င်းက ရှင်းပြသည်။ “နောက်အကျဆုံး မေလကုန်ပဲ။ အသေးစိတ်ကိုတော့ မိတ်ဆက်ပြီး ပြောသွားမယ်” ဟု ၎င်းကပြောဆိုသည်။ ပြည်တွင်းတွင် MPU ကတ်ဖြင့် အွန်လိုင်း ဈေးဝယ်မှုများ ပြုလုပ်နိုင်သည့် အတွက် ကောင်းသော်လည်း အင်တာနက်လိုင်း မကောင်းမှုကို ဖြေရှင်းရန် လိုကြောင်း MPU ကတ် သုံးစွဲကြသူများက ဆိုသည်။ ယင်းစနစ် အကောင်အထည် ဖော်ပြီးပါက MPU ကတ် ကိုင်ဆောင်သူများသည် အွန်လိုင်း ငွေပေးချေမှုစနစ်ကို အသုံးပြုနိုင်ရန် ကတ်ပြုလုပ်သည့် ဘဏ်တွင် လာရောက် လျှောက်ထားရန် လိုကြောင်း 2C2P ကတ် ငွေကြေး ဝန်

ကမ္ဘာ့အကောင်းဆုံး ခရီးစဉ် ဒေသဆုကြောင့် ခရီးသွားအဝင် မြင့်တက်ဖွယ်ရှိ ရန်ကုန်၊ မတ်...

ကမ္ဘာ့အကောင်းဆုံး ခရီးစဉ် ဒေသဆုကြောင့် ခရီးသွားအဝင် မြင့်တက်ဖွယ်ရှိ ရန်ကုန်၊ မတ် ၁၁ ဥရောပ ခရီးသွား လုပ်ငန်းနှင့် ကုန်သွယ်ရေးကောင်စီ (EUROPEAN UNION COUNCIL ON TOURISM AND) က ပေးအပ်သည့် ကမ္ဘာပေါ်ရှိ ခရီးသွား လုပ်ငန်းကဏ္ဍအတွက် အမြင့်ဆုံး ဆုဖြစ်သည့် WORLD BEST TOURIST DESTINATION AWARD ကို မြန်မာနိုင်ငံက လက်ခံရရှိပါက မြန်မာနိုင်ငံကို ကမ္ဘာက သိရှိသွားမည် ဖြစ်သည့်အတွက် နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်စားမှု မြင့်တက်၍ မြန်မာနိုင်ငံကို ဝင်ရောက်မှု မြင့်တက် လာမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “ဆုပေးအပ်မယ့်ရက် အတိအကျတော့ မသိရသေးဘူး။ ဥရောပ ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေးကောင်စီက မြန်မာနိုင်ငံကို ကိုယ်စားလှယ် အဖွဲ့လွှတ်မယ်။ ဆုကို ကြေညာပေးမယ်” ဟု ၎င်းကဆိုသည်။ ဥရောပ ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေးကောင်စီ (EUROPEAN UNION COUNCIL ON TOURISM AND TRADE) က ၂၀၁၄ ခုနှစ်၏ ကမ္ဘာ့အကောင်းဆုံး ခရီးစဉ်ဒေသဆု (THE AWARD FOR WORLD BEST TOURIST DESTINATION FOR 2014) ကို ပေးအပ်ချီးမြှင့်ရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး
http://ift.tt/1oL3fov Pirates of the Ayeyarwady www.mmtimes.com Nineteen members of a gang accused of stopping and robbing vessels on the Ayeyarwady River have been arrested south of Mandalay, regional police say. from The Myanmar Times's Facebook Wall http://ift.tt/NZpvQl Tag : Jokes-7news, facebook-7news, mmtimes-7news

အပြောအဆို သတိပြုရန် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို သူရဦးရွှေမန်း သတိပေး နေပြည်...

အပြောအဆို သတိပြုရန် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို သူရဦးရွှေမန်း သတိပေး နေပြည်တော်၊ မတ် ၁၁ လွှတ်တော် အစည်းအဝေးများအတွင်း ဝင်ရောက် ဆွေးနွေးစဉ် အပြောအဆို သတိပြုရန် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးကို သတိပေး ပြောဆိုခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ မတ်လ ၁၁ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ဝင်ငွေခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဝင်ရောက် ဆွေးနွေးစဉ် ၎င်းကယင်းသို့ သတိပေးခဲ့ခြင်း ဖြစ်သည်။ ဒေါ်တင်နွယ်ဦးက ဝင်ငွေခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး “အခွန်ထမ်းတွေ အနေနဲ့ အခွန်ပညာရှင်တွေ မဟုတ်လို့ ဥပဒေကို ရှင်းလင်းစွာ နားလည် သဘောပေါက်ပြီးတော့ ကိုယ်တိုင် စည်းကြပ်မှုကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်၊ အခု အခွန်များ သဘောကလည်း စည်းကြပ်တဲ့ သူကလည်း စာရင်းကို နားမလည်ဘူး၊ လာဘ်စားဖို့ပဲ နားလည်တယ်၊ အခွန်ထမ်းတဲ့ သူကလည်း စာရင်းနားမလည်ဘူး၊ ကိုယ့်စာရင်းကိုယ် ဘာရှိလို့ရှိမှန်း မသိဘူး၊ အဲဒါကြောင့် တိုင်းပြည်က အများကြီး

ပုဂ္ဂလိကဆေးရုံများ၏ လူနာမှတ်တမ်း စာရင်းကို ဆော့ဖ်ဝဲ စနစ် ပြောင်းသိမ်းမည် ရန်ကုန်...

ပုဂ္ဂလိကဆေးရုံများ၏ လူနာမှတ်တမ်း စာရင်းကို ဆော့ဖ်ဝဲ စနစ် ပြောင်းသိမ်းမည် ရန်ကုန်၊ မတ် ၁၁ မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ဆေးရုံတိုင်း၏ အခြေခံ ဆေးမှတ်တမ်း သိမ်းဆည်းမှုများကို ဆော့ဖ်ဝဲစနစ် ပြောင်းလဲ မှတ်တမ်းသွင်းရန် အကောင်အထည် ဖော်မှုကို ၂၀၁၄ ခုနှစ်ဆန်းကတည်းက စတင်ပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး သတင်းအချက်အလက်ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ သက်သက်မူက The Voice သို့ ပြောကြားသည်။ အခြေခံ ဆေးမှတ်တမ်း သိမ်းဆည်းမှု အားလုံးကို ဆော့ဖ်ဝဲစနစ် ပြောင်းလဲရန် ကနဦး အနေနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကချမှတ်ထားသော ရောဂါ သင်္ကေတ မှတ်သားနည်း ဆော့ဖ်ဝဲ သင်တန်းကို ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ပို့ချပေးနေပြီ ဖြစ်ကြောင်း၊ ပုဂ္ဂလိက ဆေးရုံတိုင်းတွင် အခြေခံ ဆေးမှတ်တမ်း သိမ်းဆည်းမှု ဆော့ဖ်ဝဲကို ယခုနှစ်အတွင်း စတင်နိုင်ဖွယ် ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ ယင်းမှတ်တမ်း သိမ်းဆည်းမှု စနစ်ကျပါက ပုဂ္ဂလိကဆေးရုံနှင့် ပြည်သူ့ဆေးရုံတို့အကြား ဆက်သွယ်မှု ပိုမြန်ဆန် လာနိုင်သည့်အပြင် လူနာ ဆေးမှတ်တမ်း ပျောက်ဆုံးမှု များ လျော့နည်းနိုင်ကြောင်း ဒေါက်တာ သက်သက်မူက ပြောဆိုသည်။ “တချို့ဆေးရုံလောက်ပဲ စနစ်ကျတာ။ အားလုံးက ဆေးမှတ်တမ်းက

နာမည်ကျော်ဘဏ်နှင့် ကုမ္ပဏီအချို့ အခွန်မဆောင်စာရင်း မှားယွင်း ထည့်သွင်းခြင်းခံရမှု...

နာမည်ကျော်ဘဏ်နှင့် ကုမ္ပဏီအချို့ အခွန်မဆောင်စာရင်း မှားယွင်း ထည့်သွင်းခြင်းခံရမှု အခွန်ရုံးတောင်းပန် ရန်ကုန်၊ မတ် ၁၁ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွက် အခွန်မဆောင်ရသေးသည့် ကုမ္ပဏီ တစ်သောင်းကျော် စာရင်းကို ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့ရာ နာမည်ကျော် ဘဏ်များနှင့် ကုမ္ပဏီအချို့ မှားယွင်း ဖော်ပြခံရသဖြင့် တောင်းပန်ကြောင်း ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး ညွှန်ကြားရေးမှူး ဦးတင်ထွန်းနိုင်က ပြောကြားသည်။ ကွန်ပျူတာစာရင်း မှားယွင်းသဖြင့် ထုတ်ပြန်မှု မှားခြင်းဖြစ်ပြီး ယခုအခါ အခွန်မဆောင်သည့် ကုမ္ပဏီများ စာရင်းကို ပြန်လည် ပြင်ဆင် ဖော်ပြလျက် ရှိကြောင်း မတ်လ ၁၁ ရက်နေ့က ရန်ကုန်မြို့တော်ရှိ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် ရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းကပြောဆိုသည်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွက် အခွန်စည်းကြပ်မှု ခံယူရခြင်း မရှိသေးသည့် ကုမ္ပဏီများ စာရင်းကို မတ်လ ၇ ရက်နေ့က ပြည်တွင်းအခွန်များ ဦးစီးဌာန အင်တာနက် စာမျက်နှာတွင် သတင်းထုတ်ပြန်ခဲ့ရာ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ရိုးမဘဏ်တို့အပြင် အခြားနာမည်ကျော် ကုမ္ပဏီ များကိုလည်း မှားယွင်း ထည့်သွင်းခဲ့သဖြင့် တောင်းပန်ကြောင်း ဦးတင်ထွန်းနိုင်ကေ

ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တော၌ လုံခြုံရေးအင်အား တိုးမြှင့်ပေးရန် ကော်မရှင်အကြံပြု...

ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တော၌ လုံခြုံရေးအင်အား တိုးမြှင့်ပေးရန် ကော်မရှင်အကြံပြု ရန်ကုန်၊ မတ် ၁၁ ပဋိပက္ခများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မြို့နယ် တစ်ခုဖြစ်သည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် လုံခြုံရေးအင်အား တိုးမြှင့်ပေးရန်၊ ခေတ်မီလက်နက်များ တပ်ဆင်ပေးရန်၊ ဒုချီးရားတန်း ဖြစ်စဉ်များ စစ်ဆေးရန် နိုင်ငံတော်သမ္မတက ဖွဲ့စည်း တာဝန်ပေးခဲ့သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင် ပါရှိသည်။ ယင်းဒေသတွင် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် လုံခြုံရေးရဲကင်း သို့မဟုတ် ရဲတပ်ဖွဲ့အင်အား တိုးမြှင့်ချထားရေးအနက် တစ်ခုခုကို အမြန်ဆုံး ပြုလုပ်ပေးသင့်ကြောင်း၊ ရဲကင်း စခန်းများတွင် ရဲတပ်ဖွဲ့အင်အား၊ အဓိကရုဏ်း နှိမ်နင်းရေး လက်နက်ကိရိယာ၊ ယင်းလက်နက်များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်မှု၊ အဓိကရုဏ်း နှိမ်နင်းရေး စွမ်းရည်များကို ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် လပိုင်းက မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့သည့် ဒုချီးရားတန်းနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ဘင်္ဂါလီ ၂၁၀၀၀ ကျော် ရှိပြီး တိုင်းရင်းသားကျေးရွာ သုံးရာတွင် လူဦးရေ ၁၃၀၀ ဝန်းကျင
http://ift.tt/1lyq2Ur Orchid smuggling putting rare species at risk, warn experts www.mmtimes.com Orchid raiders are putting entire species of the rare flowers at risk, specialists say. For the past 20 years, illegal traders have been looting native wild orchids from the country’s forests. from The Myanmar Times's Facebook Wall http://ift.tt/1cvYY88 Tag : Jokes-7news, facebook-7news, mmtimes-7news
http://ift.tt/1lyq4vI Gas turbines rise to fight nation's power battle www.mmtimes.com The government is banking on natural gas-fired power plants to meet the nation’s immediate needs. Are they up to the challenge? from The Myanmar Times's Facebook Wall http://ift.tt/1cvYXRK Tag : Jokes-7news, facebook-7news, mmtimes-7news

ယနေ့ မိုးလေဝသအခြေအနေ

ယနေ့ မိုးလေဝသအခြေအနေ from The Voice Weekly's Facebook Wall http://ift.tt/1eqsNCy

(မတ်လ ၁၂ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial) နောက်ဆု...

(မတ်လ ၁၂ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial) နောက်ဆုံး ဆုံးဖြတ်သူ မြန်မာ့ဖွံ့ဖြိုးရေးကို တည်ဆောက်သည့် အခါတွင် ‘ဦးခေါင်းနှစ်လုံးသည် တစ်လုံးထက်သာသည်’ ဆိုသော စကားအတိုင်း ပြည်ပ ပညာရှင်များ၊ အစိုးရများ၊ အဖွဲ့အစည်းတို့ထံမှ အကြံဉာဏ်မျိုးစုံ ရယူရမည် မှန်သော်လည်း နောက်ဆုံး ဆုံးဖြတ်သူသည် မြန်မာနိုင်ငံသားတို့ ဖြစ်ရန်လိုသည်။ ယနေ့ မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ရေပန်းစားနေသောကြောင့် မူဝါဒရေးရာ အကြံဉာဏ်များ ပေးလိုသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ကြီးကြီးငယ်ငယ်တို့လည်း နိုင်ငံစုံ၊ ဒေသစုံမှ ဥဒဟို ဝင်ရောက်နေကြသည်။ ယင်းတို့ထံမှ အကြံဉဏ်တို့ကို စေ့စေ့စုံစုံကြားရ သိရ၊ အတွေ့အကြုံချင်း ဖလှယ်ခြင်းဖြင့် မြန်မာနှင့်ဆင်သော အခြေအနေမျိုးကို ကြုံခဲ့ ဖြတ်သန်းခဲ့သည့် နိုင်ငံတို့မှ ပုဂ္ဂိုလ်များထံမှ အတွေ့အကြုံများ၊ သင်ခန်းစာများ ရယူကာ မိမိအလှည့်တွင် ရှောင်စရာ ရှိသည်ကိုရှောင်၊ ပြင်ဆင်စရာ ရှိသည်ကို ကြိုတင် ပြင်ဆင်ထားနိုင်သည်။ မြန်မာနိုင်ငံသည် ပညာရေးစနစ် ယိုယွင်းခဲ့သောကြောင့် ငယ်မွေးခြံပေါက် အကြံထုတ်သူများ ရှားသည့်အတွက် နိုင်ငံခြားသားတို့၏ အကြံဉာဏ်များ၊ တင်ပြချက်များသည် အဖိုးတန်သည်။ သို့သော် အကြံေ

ယနေ့ထုတ် #7DayNews ဂျာနယ်အတွက် အထူးအချပ်ပို #7DayDaily သတင်းစာ

http://ift.tt/1lUmfE2 ယနေ့ထုတ် #7DayNews ဂျာနယ်အတွက် အထူးအချပ်ပို #7DayDaily သတင်းစာ from 7Day News Journal's Facebook Wall http://ift.tt/1lUmhvC Tag : facebook-7news,7Day News Journal-7news

ယနေ့ထုတ် #7DayNews ဂျာနယ် မျက်နှာဖုံး

http://ift.tt/1lUmhf8 ယနေ့ထုတ် #7DayNews ဂျာနယ် မျက်နှာဖုံး from 7Day News Journal's Facebook Wall http://ift.tt/1lUmfnz Tag : facebook-7news,7Day News Journal-7news

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူဟာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ေ...

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူဟာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် အကူအညီပေးနိုင်ဖို့ ဒေသခံတွေရဲ့ အခက်အခဲတွေကို ဒီနေ့ မေးမြန်းခဲ့တယ်လို့ သိရပါတယ်။ ဒီခရီးစဉ်မှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနဲ့ ဒုက္ခသည်တွေအတွက် ဘာတွေကူညီပေးရမလဲသိချင်လို့ ကြွှရောက်တာဖြစ်တယ်လို့ ဆရာတော် ဦးဝီရသူက မိန့်ကြားပါတယ်။ သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin: ဆရာတော် ဦးဝီရသူ ပေါက်တောဒေသခံတွေနဲ့ တွေ့ဆုံ www.thithtoolwin.com from Myanmar News Now's Facebook Wall http://ift.tt/NYSbZG via IFTTT

လူထုအများက တောင်းဆိုနေကြတဲ့ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံ...

လူထုအများက တောင်းဆိုနေကြတဲ့ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (ဃ)၊ (စ) နဲ့ ပုဒ်မ ၄၃၆ တို့ကို ပြင်ဆင်ဖို့ ဒါမှမဟုတ် ပယ်ဖျက်ပေးဖို့ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီး တွဲဘက်အတွင်းရေးမှူး ဆရာတော် ဦးသူရိယက အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဌ ဆရာတော်ကြီးထံ လျှောက်ထားလိုက်ပါတယ်။ သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin: သမ္မတအရည်အချင်း ကန့်သတ်ချက် ဖယ်ရှားရေး သမ္မတထံတင်ပြဖို့.. www.thithtoolwin.com from Myanmar News Now's Facebook Wall http://ift.tt/1oKGfWF via IFTTT

ဇန်န၀ါရီလဆန်းပိုင်းတုန်းက ရခိုင်ပြည်နယ် ဒုချီယားတန်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တယ...

ဇန်န၀ါရီလဆန်းပိုင်းတုန်းက ရခိုင်ပြည်နယ် ဒုချီယားတန်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ လျှို့ဝှက်အစီရင်ခံစာပါ စွပ်စွဲချက်တွေဟာ အခြေအမြစ် ခိုင်ခိုင်လုံလုံ မရှိဘူးလို့ ဒုချီယားတန်းကိစ္စ စုံစမ်းရေးကော်မရှင်က ပြောပါတယ်။ ဒုချီယားတန်းအရေး စုံစမ်းရေးကော်မရှင် တွေ့ရှိချက် အစီရင်ခံစာကို ဒီကနေ့ အများပြည်သူကို ထုတ်ပြန်လိုက်ရာမှာ၊ ဒုချီယားတန်းနဲ့ ပတ်သက်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေက ရေးသားပြောဆိုခဲ့တာ အတော်များများကို မဟုတ်မမှန်တဲ့အကြောင်း ငြင်းဆန်ထားပါတယ်။ ဒီအစီရင်ခံစာနဲ့ပတ်သက်လို့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။ သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin: MSF နဲ့ ကုလ စွပ်စွဲချက် ဒုချီယားတန်းကော်မရှင် ပယ်ချ www.thithtoolwin.com from Myanmar News Now's Facebook Wall http://ift.tt/1oKGeSF via IFTTT

ရခိုင်ပြည်နယ် အမ်းမြို့နဲ့ ၂၂ မိုင်ခန့်ကွာဝေးတဲ့ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငေ...

ရခိုင်ပြည်နယ် အမ်းမြို့နဲ့ ၂၂ မိုင်ခန့်ကွာဝေးတဲ့ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ ကြားစခန်းတခုမှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလက တရုတ်အလုပ်သမားတွေနဲ့ မြန်မာအလုပ်သမားတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ၂ ထပ် အဆောင်တခု မီးရှို့မှု ဖြစ်ခဲ့ပါတယ်။ ဒီအတွက် ချင်းတိုင်းရင်းသား မြန်မာအလုပ်သမား ၁၇ ဦးကို မီးရှို့မှုအပါအ၀င် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုခဲ့ပြီး မတ်လ ၁၀ ရက်နေ့က ရုံးတင်စစ်ဆေးခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။ သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin: အမ်းသဘာဝဓာတ်ငွေ့ ကြားစခန်း မြန်မာအလုပ်သမားတွေကို... www.thithtoolwin.com from Myanmar News Now's Facebook Wall http://ift.tt/NYS807 via IFTTT

အခွန် ထမ်းဆောင်ဖို့ ပျက်ကွက်ခဲ့တဲ့ ကုမ္ပဏီ တစ်သောင်းကျော်စာရင်းမှာ အခွန်အခတွေ မထမ...

အခွန် ထမ်းဆောင်ဖို့ ပျက်ကွက်ခဲ့တဲ့ ကုမ္ပဏီ တစ်သောင်းကျော်စာရင်းမှာ အခွန်အခတွေ မထမ်းဆောင်ဘူးဆိုပြီး ကုမ္ပဏီကြီး တချို့ကို စာရင်း မှားယွင်း ဖော်ပြခဲ့တယ်လို့ ပြည်တွင်း အခွန်များဦးစီးဌာန၊ ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။ ဒီစာရင်း အမှားကို မတ်လ(၇)ရက်နေ့မှာ ပြည်တွင်း အခွန်ဦးစီးဌာနက ထုတ်ပြန် လိုက်တာဖြစ်ပြီး အဲဒီထဲမှာ AGD Bank, Yoma Bank, Small & Medium Industrial Bank, A-1 Garment Co., Ltd, Korea Development Bank စတဲ့ လုပ်ငန်းတွေ ပါဝင်တယ်လို့ ထုတ်ပြန် ထားပါတယ်။ သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin: အခွန်မထမ်းဆောင်ဘူးဆိုပြီး ကုမ္ပဏီကြီး တချို့ကို... www.thithtoolwin.com from Myanmar News Now's Facebook Wall http://ift.tt/1oKGelx via IFTTT

၁၁.၃.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန်ခန့်တွင် မှော်ဘီမြို့၊ ဆပ်သွားတော ကျေးရွာ၊ ရန်ကုန်-ြ...

၁၁.၃.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန်ခန့်တွင် မှော်ဘီမြို့၊ ဆပ်သွားတော ကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ် (၂၈/၀)အနီးတွင် ရန်ကုန်ဘက်မှ မှော်ဘီဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသော S---- ဟိုင်းလတ်အဖြူရောင် အောင်တံခွန်ယာဉ်လိုင်း ခရီးသည် တင်ယာဉ်သည် အရှိန်လွန်ကာ လမ်း၏ယာဘက်သို့တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းမှာ အခင်းဖြစ် နေရာတွင်ယာဉ်ကိုထားကာ ထွက်ပြေး တိမ်းရှောင်သွားခဲ့ပါသည်။ သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin: အရှိန်လွန်ကာ ယာဉ်တိမ်းမှောက်ခဲ့သဖြင့်... www.thithtoolwin.com from Myanmar News Now's Facebook Wall http://ift.tt/1oKGe56 via IFTTT

လက်ရှိ ယူကရိန်းခေါင်းဆောင်တွေရဲ့ Crimea ပြဿနာ ကိုင်တွယ်ဖြေရှင်းမှုဟာ Crimea ဒေသကိ...

လက်ရှိ ယူကရိန်းခေါင်းဆောင်တွေရဲ့ Crimea ပြဿနာ ကိုင်တွယ်ဖြေရှင်းမှုဟာ Crimea ဒေသကို ယူကရိန်းနိုင်ငံကနေ ခွဲထွက်သွားအောင် လုပ်နေတာဖြစ်တယ်လို့ ဖြုတ်ချခံရသူ ယူကရိန်းသမ္မတဟောင်း Viktor Yanukovych က သူ့အတိုက်အခံတွေကို ဒီကနေ့ ပြစ်တင် ဝေဖန်လိုက်ပြီး သူဟာ ယူကရိန်းသမ္မတအဖြစ်ရော တပ်မတော်စစ်ဦးစီးချုပ် အဖြစ်ပါ ရှိနေသေးတယ်လို့ ပြောပါတယ်။ သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin: ယူကရိန်းခေါင်းဆောင်အဖြစ် ဆက်ရပ်တည်ကြောင်း Yanukovych... www.thithtoolwin.com from Myanmar News Now's Facebook Wall http://ift.tt/NYS7cA via IFTTT

တနှစ်ဝင်ငွေ ကျပ် သိန်း ၂၀ အထက်ရှိတဲ့ နိုင်ငံသားတိုင်း အခွန်ဆောင်ရမယ့် ၀င်ငွေခွန်...

တနှစ်ဝင်ငွေ ကျပ် သိန်း ၂၀ အထက်ရှိတဲ့ နိုင်ငံသားတိုင်း အခွန်ဆောင်ရမယ့် ၀င်ငွေခွန် ဥပဒေမူကြမ်းတခုကို ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေး အတည်ပြုလိုက်ပါတယ်။ ၀င်ငွေခွန်ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ ၂ ရက်ကြာ အကြိတ်အနယ် ဆွေးနွေးပြီး အတည်ပြုလိုက်တာပါ။ သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin: ၁ နှစ်ဝင်ငွေ သိန်း ၂၀ အထက်ရှိသူများ ၀င်ငွေခွန်ဆောင်ရမည် www.thithtoolwin.com from Myanmar News Now's Facebook Wall http://ift.tt/NYS9B7 via IFTTT

မလေးရှားလေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစင်း ပျောက်ဆုံးနေတဲ့ ကိစ္စဟာ အကြမ်းဖက်မှု...

မလေးရှားလေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစင်း ပျောက်ဆုံးနေတဲ့ ကိစ္စဟာ အကြမ်းဖက်မှုနဲ့ ဆက်စပ်ပုံ မရဘူးလို့ Interpol နိုင်ငံတကာရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။ လေယာဉ်ပေါ်ကို ခိုးရာပါ နိုင်ငံကူးလက်မှတ် အသုံးပြုပြီး လိုက်ပါသွားတဲ့ ခရီးသည် ၂ ယောက်နဲ့ ပတ်သတ်ပြီး အသစ်ရရှိတဲ့ အချက်အလက်တွေအရ လေယာဉ်ဟာ အကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး ပျောက်သွားခဲ့ပုံ သိပ်မရှိဘူးလို့ Interpol အတွင်းရေးမှူးချုပ် Ronald Noble က ပြောပါတယ်။ သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin: ပျောက်ဆုံးဆဲ မလေးရှား လေယာဉ် အကြမ်းဖက်မှုကြောင့်... www.thithtoolwin.com from Myanmar News Now's Facebook Wall http://ift.tt/NYS6Fk via IFTTT

စနေနေ့က ပျောက်ဆုံးသွားတဲ့ မလေးရှား ခရီးသည်တင် လေယာဉ်ဟာ မူလပုံမှန် ဦးတည်ထားတဲ့ က...

စနေနေ့က ပျောက်ဆုံးသွားတဲ့ မလေးရှား ခရီးသည်တင် လေယာဉ်ဟာ မူလပုံမှန် ဦးတည်ထားတဲ့ ကွာလာလမ်ပူ ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကိုအသွား ပုံမှန်လမ်းကြောင်းကနေ တော်တော်ကွာဝေးတဲ့ နေရာအထိ သွေဖီသွားခဲ့တယ်လို့ မလေးရှား စစ်ဖက်ရေးရာ တာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားတဲ့ နေရာဟာ မလေးရှားအရှေ့ဖက် ကမ်းရိုးတမ်းရဲ့ အနောက်ဖက် ကီလိုမီတာ ရာနဲ့ချီပြီးတော့ဝေးတဲ့ မလက္ကာ ရေလက်ကြားပေါ်မှာ တွေ့ခဲ့ရတယ်လို့ မလေးရှား တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ပြောဆိုလိုက်တာပါ။ သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin: ပျောက်ဆုံးလေယာဉ် မူလလမ်းကြောင်း... www.thithtoolwin.com from Myanmar News Now's Facebook Wall http://ift.tt/NYS5RR via IFTTT

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အတွင်း မေခမြစ်ကမ်းဘေး လမ်းဖြစ်သော မံဝိန်း- ချီဖေ...

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အတွင်း မေခမြစ်ကမ်းဘေး လမ်းဖြစ်သော မံဝိန်း- ချီဖွေ ကားလမ်းအပိုင်း ရှငေါ်ရွာတွင် ရွှေတူးဖော်ရေး ကုမ္ပဏီများက စက်ယန္တရားများဖြင့် ရွှေတူးဖော်မှုကြောင့် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းအပိုင် လမ်းနယ်များ ပျက်စီးလျက် ရှိကြောင်း ရှငေါ်ရွာ ဒေသခံများထံမှ သိရသည်။ သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin: ရွှေတူးဖော်ရေး လုပ်ငန်းများကြောင့် လမ်းနယ်များ... www.thithtoolwin.com from Myanmar News Now's Facebook Wall http://ift.tt/1iwtmSK via IFTTT

အစိုးရသစ် တက်လာပြီးနောက်တွင် နိုင်ငံတစ်ဝန်း လျှပ်စစ်မီး ရရှိရန်အတွက် လက်ရှိ လျှပ...

အစိုးရသစ် တက်လာပြီးနောက်တွင် နိုင်ငံတစ်ဝန်း လျှပ်စစ်မီး ရရှိရန်အတွက် လက်ရှိ လျှပ်စစ်ဓာတ်အား ရောက်ရှိနေသည့် နေရာအဆုံးမှ နှစ်မိုင်အတွင်း ရွာများကို လျှပ်စစ်မီး ရရှိရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားသည်။ အဆိုပါ စီမံကိန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အစီအစဉ်အရ ဘဏ်များထံမှ ငွေချေးယူ၍ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့ ပူးပေါင်း စီစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin: လျှပ်စစ်ဓာတ်အား ရောက်ရှိသည့် နေရာအဆုံးမှ... www.thithtoolwin.com from Myanmar News Now's Facebook Wall http://ift.tt/1iwtnWE via IFTTT

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်က လယ်သမား ၁၅၀၀ နီးပါးဟာ မှတ်ပုံတင်ကြေး ပေးသွင...

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်က လယ်သမား ၁၅၀၀ နီးပါးဟာ မှတ်ပုံတင်ကြေး ပေးသွင်းပြီးပေမယ့် လယ်ယာမြေ လုပ်ခွင့်ပြုလက်မှတ် ပြန်မရသေးဘူးလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ ရေဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာအုပ်စု ကွင်းအမှတ် ၂၉ နဲ့ ၃၀ မှာ လက်ရှိ လယ်ယာမြေကို အသုံးပြုခွင့် ရထားတဲ့ ဒေသခံတောင်သူ ၁၅၀၀ နီးပါးဟာ လယ်ယာမြေ လုပ်ပိုင်ခွင့်ရဖို့အတွက် မှတ်ပုံတင်ကြေး ပေးသွင်းပြီး ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တဆင့် မြို့နယ် ကြေးတိုင်နဲ့ မြေစာရင်းဦးစီးဌာနကို ၂၀၁၃ ခုနှစ် သြဂုတ်လကတည်းက လျှောက်ထားပြီး ဖြစ်ပေမယ့် လုပ်ပိုင်ခွင့်လက်မှတ် မရရှိသေးဘူးလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin: ရေဖြူမြို့နယ် လယ်သမား ၁၅၀၀ ခန့်... www.thithtoolwin.com from Myanmar News Now's Facebook Wall http://ift.tt/1iwtmC1 via IFTTT

ပြည်ခရိုင်တွင် အခွန်ရှောင် ပြေးဆွဲနေသည့် လိုင်းကား ၂၀၀ ဝန်းကျင်ရှိ ပြည်၊ မတ် ၁၀...

ပြည်ခရိုင်တွင် အခွန်ရှောင် ပြေးဆွဲနေသည့် လိုင်းကား ၂၀၀ ဝန်းကျင်ရှိ ပြည်၊ မတ် ၁၀ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ ပြည်ခရိုင်တွင် အခွန်ရှောင်၍ မြို့တွင်းတွင် လှည့်လည် ပြေးဆွဲနေသည့် လိုင်းကားစီးရေမှာ အနည်းဆုံး ၂၀၀ ဝန်းကျင်ရှိကြောင်း ပြည်ခရိုင် မော်တော်ယာဉ် လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီထံမှ စုံစမ်း သိရှိရသည်။ “လိုင်းဝင်မယ်ဆိုရင် ယာဉ်ပိုင်ရှင် နာမည် ပြောင်းတာက ငါးသိန်းဝန်းကျင်၊ လုပ်ငန်း လိုင်စင်အတွက်က တစ်နှစ်ကို သုံးသောင်းခွဲကနေ လေးသောင်းအထိ ပေးရတယ်။ ဒီကြားထဲမှာ ဌာနဆိုင်ရာ ဒေသဖွံ့ဖြိုးရေး အတွက် ကားလိုင်းတွေ လိုက်ပေးရတဲ့ ကဏ္ဍတွေလည်း ရှိတယ်။ အခွန်ရှောင်တဲ့သူ ကြတော့ ဘာကြေးမှ ပေးစရာ မလိုဘူး။ မိရင်တော့ ဒဏ်တပ်ခံရတယ်။ အခွန်ရှောင်တဲ့ ကားတွေအတွက် တိုင်းအဆင့်ကို တင်ပြထားတယ်။ သူတို့ ညွှန်ကြားချက်ရမှ ဆက်လုပ်ရမယ်” ဟု အဆိုပါ ကော်မတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ဆိုသည်။ ကိုယ်ပိုင် သုံးဘီးဆိုင်ကယ်၊ လိုက်ထရပ်နှင့် ဒိုင်နာကားများနှင့် မြို့နယ်တွင်း ခရီးစဉ်များတွင် လုပ်ငန်းလိုင်စင် (အနီ) မရှိဘဲ လိုင်စင် အနက်များဖြင့် ပြေးဆွဲနေသဖြင့် တရားဝင် လိုင်းကားများ နစ်နာနေရကြောင်း လုပ်ငန်း လိုင်စင်ဖြင့် လိုင်းကား ပြေးဆွဲသူများထံမှ

ရွှေတူးဖော်ရေး လုပ်ငန်းများကြောင့် လမ်းနယ်များ ပျက်စီးဟုဆို မြစ်ကြီးနား၊ မတ် ၁၀...

ရွှေတူးဖော်ရေး လုပ်ငန်းများကြောင့် လမ်းနယ်များ ပျက်စီးဟုဆို မြစ်ကြီးနား၊ မတ် ၁၀ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အတွင်း မေခမြစ်ကမ်းဘေး လမ်းဖြစ်သော မံဝိန်း- ချီဖွေ ကားလမ်းအပိုင်း ရှငေါ်ရွာတွင် ရွှေတူးဖော်ရေး ကုမ္ပဏီများက စက်ယန္တရားများဖြင့် ရွှေတူးဖော်မှုကြောင့် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းအပိုင် လမ်းနယ်များ ပျက်စီးလျက် ရှိကြောင်း ရှငေါ်ရွာ ဒေသခံများထံမှ သိရသည်။ ကုမ္ပဏီများက လမ်းနယ်များ အတွင်းသို့ ဝင်ရောက် ရွှေတူးဖော်မှုကြောင့် ကမ်းပါးယံများ ပြိုကျကာ ယခင်လမ်းနှင့် ရွှေတူးဖော်သည့် ကမ်းပါးယံမှာ ၂ ဖာလုံခန့် ကွာဝေးရာမှ ယခုအခါ လမ်းပုခုံးနှင့် ကားလမ်းအထိ သို့ပင် ရောက်ရှိနေပြီ ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ထိုသို့ လမ်းနယ်များတွင် ဝင်ရောက် တူးဖော်မှုကြောင့် ဝိုင်းမော်မြို့မှ မိုင်တိုင် ၁၇/ ၄ မှ မိုင်တိုင် ၁၈/ ၄ အထိ (၁ မိုင်ခန့်) မှာ မူလ လမ်းဟောင်း မရှိတော့ဘဲ အတွင်းဘက်တွင် လမ်းသစ်ဖောက်ထားကာ နောက်ထပ် မိုင်တိုင် ၁၃/ ၄ မှ မိုင်တိုင် ၁၄ (၄ ဖာလုံခန့်) အထိကိုလည်း ရွှေတူးဖော်နိုင်ရေး အတွက် ကုမ္ပဏီတစ်ခူက စီစဉ်လျက်ရှိကြောင်း ရှငေါ်ရွာ ဒေသခံများက ပြောကြားသည်။ “လက်ရှိ ကုမ္ပဏီတစ်ခုက ဒီလမ်းနယ် ၄ ဖာလုံလောက်ကို ရွှေတူးချင်တော့ လမ်း
http://ift.tt/1nfKZs1 တိုင်းမဂ္ဂဇင်းမှ ဆောင်းပါးရှင်တစ်ဦးအား ပြည်ဝင်ခွင့်မပြုခဲ့ myanmar.mmtimes.com တိုင်းမ်မဂ္ဂဇင်းမှ ဆောင်းပါရှင် ဟန်နာဘိခ်ျ၏ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှုကို မြန်မာနိုင်ငံ အစိုးရက ခွင့်မပြုခဲ့ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကို ကိုးကား၍ The Voice Weekly က ရေးသားခဲ့သည်။ from The Myanmar Times's Facebook Wall http://ift.tt/1nfKZs7 Tag : Jokes-7news, facebook-7news, mmtimes-7news

လျှပ်စစ်ဓာတ်အား ရောက်ရှိသည့် နေရာအဆုံးမှ နှစ်မိုင်အတွင်း ရွာများအတွက် လျှပ်စစ်မီ...

လျှပ်စစ်ဓာတ်အား ရောက်ရှိသည့် နေရာအဆုံးမှ နှစ်မိုင်အတွင်း ရွာများအတွက် လျှပ်စစ်မီးရရန် စီစဉ်နေဟုဆို ရန်ကုန်၊ မတ် ၁၀ အစိုးရသစ် တက်လာပြီးနောက်တွင် နိုင်ငံတစ်ဝန်း လျှပ်စစ်မီး ရရှိရန်အတွက် လက်ရှိ လျှပ်စစ်ဓာတ်အား ရောက်ရှိနေသည့် နေရာအဆုံးမှ နှစ်မိုင်အတွင်း ရွာများကို လျှပ်စစ်မီး ရရှိရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားသည်။ အဆိုပါ စီမံကိန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အစီအစဉ်အရ ဘဏ်များထံမှ ငွေချေးယူ၍ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့ ပူးပေါင်း စီစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ “မကြာမီက စာတစ်စောင် ဝင်လာပါတယ်။ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက မွေးရေ၊ ကျေးလက်နဲ့ ပေါင်းပြီး ကျေးလက်အရောက် လျှပ်စစ်ဓာတ်အား ပို့ပေးဖို့ အစီအစဉ်ပါ” ဟု ၎င်းကဆိုသည်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် အရှေ့ပိုင်းနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့ရှိ ဒေသအချို့တွင် လျှပ်စစ်မီး မရရှိသေးကြောင်း၊ နယ်စပ်ဒေသများတွင် တစ်ဖက်နိုင်ငံ၏ လျှပ
http://ift.tt/1fnpUGL ရေသုတ်တံနှင့် ကားမီးခွက်များဖြုတ်ယူမှုဖြင့် လူနှစ်ဦးကို ဖမ်းဆီး myanmar.mmtimes.com ရပ်ထားသည့်ကားများမှ ရေသုတ်တံနှင့် ကားမီးခွက်များဖြုတ်ယူခဲ့သည်ဆိုသူများကို သက်ဆိုင် ရာက ဖမ်းဆီးအရေးယူခဲ့ကြောင်းသိရသည်။ မတ်လ ၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရဲ တပ်ဖွဲ့၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ရန်ကင်းမြို့မရဲစခန်းတွင် (ပ)၃၅ /၁၄၊ပြစ်မှုပုဒ်မ ၃၇၉/၅၄ အမှုဖြင့် အရေးယူထားသည့်ေ... from The Myanmar Times's Facebook Wall http://ift.tt/OgDz7X Tag : Jokes-7news, facebook-7news, mmtimes-7news

မန္တလေးတိုင်း ဒေသကြီးလွှတ်တော် ဒေသန္တရ စီမံကိန်း ဥပဒေ အပါအဝင် ဥပဒေ ခြောက်ခု အတည်ပြု...

မန္တလေးတိုင်း ဒေသကြီးလွှတ်တော် ဒေသန္တရ စီမံကိန်း ဥပဒေ အပါအဝင် ဥပဒေ ခြောက်ခု အတည်ပြုမည် မန္တလေး၊ မတ် ၁၀ ပထမအကြိမ် မန္တလေးတိုင်း ဒေသကြီး လွှတ်တော် နဝမ ပုံမှန် အစည်းအဝေးကို မတ် ၁၀ ရက်နေ့က စတင် ကျင်းပလျက် ရှိရာ ဒေသန္တရ စီမံကိန်း ဥပဒေ အပါအဝင် ဥပဒေ ခြောက်ခု တင်သွင်း အတည်ပြုရန် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောကြားသည်။ မန္တလေးတိုင်း ဒေသကြီး အတွက် အရေးကြီး ဥပဒေ နှစ်ခုဖြစ်သည့် မန္တလေးတိုင်း ဒေသကြီး ၂၀၁၄-၂၀၁၅ ဒေသန္တရ စီမံကိန်း ဥပဒေ၊ မန္တလေးတိုင်း ဒေသကြီး ၂၀၁၄- ၂၀၁၅ ဘဏ္ဍာငွေရသုံး ဥပဒေ၊ မန္တလေးတိုင်း ဒေသကြီး ဆိပ်ကမ်းများ သင်္ဘောဆိပ်များ ဆိပ်ခံများ ဥပဒေ၊ မန္တလေးတိုင်း ဒေသကြီး ကုန်တင်ကုန်ချ လုပ်သား ဥပဒေ၊ မန္တလေးတိုင်း ဒေသကြီး ပုဂ္ဂလိက ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေ၊ မန္တလေးတိုင်း ဒေသကြီး စည်ပင်သာယာရေး အဖွဲ့များ ဥပဒေကို ပြင်ဆင်သည့် ဥပဒေတို့ကို တင်သွင်း အတည်ပြုရန် ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ လက်ရှိအချိန်ထိ မန္တလေးတိုင်း ဒေသကြီး လွှတ်တော်က ဥပဒေ ၂၀ ခု အတည်ပြု ပြဋ္ဌာန်းပြီး ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။ လွှတ်တော် အသီးသီးက ပြဋ္ဌာန်းလိုက်သော ဥပဒေမျာ

လင်းဇင်းကုန်းရှိ ထိုင်းဘုရင် ဥဒုမ္ဗရ မဟာထေရ စေတီတော် ဌာပနာ ပိတ်ပွဲ ကျင်းပမည် မန္တ...

လင်းဇင်းကုန်းရှိ ထိုင်းဘုရင် ဥဒုမ္ဗရ မဟာထေရ စေတီတော် ဌာပနာ ပိတ်ပွဲ ကျင်းပမည် မန္တလေး၊ မတ် ၁၀ မြန်မာ့သမိုင်းတွင် ကုန်းဘောင်မင်းဆက် ထူထောင်သူ အလောင်းဘုရား၏ သားတော် ဆင်ဖြူရှင် ဘုရင်လက်ထက်တွင် ဖမ်းဆီး ခေါ်ဆောင်လာသည့် ထိုင်းဘုရင်ကို ထားရှိသော မန္တလေးမြို့တော် အမရပူရမြို့နယ် လင်းဇင်းကုန်းရပ်တွင် ထိုင်းနိုင်ငံသားများက ဖမ်းဆီးခံ ထိုင်းဘုရင် အထိမ်းအမှတ် အဖြစ် တည်ထားသည့် ဥဒုမ္ဗရ မဟာထေရ စေတီတော် ဌာပနာ ပိတ်ပွဲကို မတ်လ ၂၆ ရက်နေ့ (တပေါင်း လပြည့်နေ့) တွင် ထိုင်းမင်းမျိုး မင်းနွယ်များက လာရောက် ကျင်းပမည် ဖြစ်ကြောင်း ယင်းလင်းဇင်းကုန်း တူးဖော်ရေး တာဝန်ခံ ဦးမြင့်စန်းက ပြောကြားသည်။ ထိုင်းမင်းမျိုးမင်းနွယ် များနှင့် ထိုင်းလူမျိုးများ၊ လင်းဇင်းကုန်း ဝန်းကျင်ရှိ အလှူရှင်များက ဗုဒ္ဓ၏ ဓာတ်တော်များ၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားများ၊ သတ္တဌာန ပုံစံများ ပါဝင်သည့် ဌာပနာများကို ယင်းစေတီ၏ ဒုတိယ အဆင့်တွင် ထည့်သွင်းပြီး ဌာပနာ ပိတ်ပွဲ ကျင်းပမည် ဖြစ်ပြီး အဆိုပါ ဌာပနာ ပိတ်ပွဲသို့ မြို့နယ် သံဃနာယက အပါအဝင် လင်းဇင်းကုန်း ဝန်းကျင်ရှိ ကျောင်းတိုက်များမှ သံဃာတော် ၂၉ ပါးနှင့် ထင်ရှားသော ဆရာတော်ကြီးများ ကြွရောက်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြေ

လက်ပံတောင်း ကြေးနီ စီမံကိန်း အတွင်းရှိ လယ်တီသိမ် ကို စတင်ရွှေ့ဖို့ အတွက် အစီရင်ခ...

လက်ပံတောင်း ကြေးနီ စီမံကိန်း အတွင်းရှိ လယ်တီသိမ် ကို စတင်ရွှေ့ဖို့ အတွက် အစီရင်ခံစာ အကောင်အထည် ဖေါ်ရေး ကော်မတီက ဆုံးဖြတ်ပြီး လယ်တီသိမ် ဘေးနားရှိ စေတီ နှစ်ဆူ ကို စတင်ဖျက်နေတဲ့ အကြောင်း ဒေသခံ တွေ က ပြောပါတယ်။ ဒေသခံတွေ ရဲ့ ဆန္ဒသဘောထား နဲ့ အညီ ဆောင်ရွက်ရမယ် လို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မတီ ရဲ့ အစီရင်ခံစာ မှာ အတိအလင်း ပါပေမဲ့၊ အကောင်အထည် ဖေါ်ရေး ကော်မတီ ဘက်ကတော့ ဒေသခံတွေရဲ့ ဆန္ဒ ရယူတာမျိုး မရှိပါဘူး။ သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin: လယ်တီသိမ်ရွှေ့ဖို့ အနီးက စေတီနှစ်ဆူစဖြို www.thithtoolwin.com from Myanmar News Now's Facebook Wall http://ift.tt/1g41DRu via IFTTT

မလေးရှားလေယာဉ် ပျောက်ဆုံးမှုဟာ နားလည်ရ အင်မတန် ခက်ခဲတဲ့ ဂမ္ဘီရ ပုစ္ဆာ တပုဒ်လို ဖြစ်...

မလေးရှားလေယာဉ် ပျောက်ဆုံးမှုဟာ နားလည်ရ အင်မတန် ခက်ခဲတဲ့ ဂမ္ဘီရ ပုစ္ဆာ တပုဒ်လို ဖြစ်နေ ပါတယ်။ လူပေါင်း ၂၃၉ ယောက်တင်ဆောင်ထားတဲ့ ဧရာမ လေယာဉ်ကြီးဟာ ကောက်ရိုး ပုံထဲ ကျသွားတဲ့ အပ်လို အစအနတောင် ရှာမရပဲ ပျောက်ခြင်း မလှကြီး ပျောက် နေ တာဟာ သာမန်လူတွေ အတွက်သာ မကဘဲ ပညာရှင်တွေ ကျွမ်းကျင်သူတွေ အတွက်ပါ အံ့အားသင့်စရာ ဖြစ်လာနေပါတယ်။ သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin: နားလည်ရခက်တဲ့ မလေးရှား လေယာဉ် www.thithtoolwin.com from Myanmar News Now's Facebook Wall http://ift.tt/PncVvp via IFTTT

မန္တလေး ဧရာဝတီမြစ်ကြောင်း လုံခြုံရေး အင်အား ၂၀၀ ဦးကျော်ဖြင့် ရေကြောင်း ရဲတပ်ဖွဲ့...

မန္တလေး ဧရာဝတီမြစ်ကြောင်း လုံခြုံရေး အင်အား ၂၀၀ ဦးကျော်ဖြင့် ရေကြောင်း ရဲတပ်ဖွဲ့ ဖွဲ့စည်းမည် မန္တလေး၊ မတ် ၁၀ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ လက်နက်ကိုင် လုယက်မှုများ ဖြစ်ပေါ်လျက်ရှိသော ဧရာဝတီမြစ်ကြောင်း တစ်လျှောက် လုံခြုံရေးအတွက် အင်အား ၂၀၀ ဦးကျော်ဖြင့် ရေကြောင်း ရဲတပ်ဖွဲ့ကို မန္တလေး မြို့တော်တွင် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း အဆိုပါ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယ ရဲမှူးကြီး ဇော်မင်းဦးက ပြောကြားသည်။ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကုန်တင်စက်လှေ၊ သင်္ဘောများပေါ်မှ ကုန်ပစ္စည်းများကို အုပ်စုလိုက် ခိုးယူခြင်း၊ လက်နက်ဖြင့် ခြိမ်းခြောက်ယူခြင်း ဖြစ်ပွားမှု များပြားလာသည့် အတွက် ရေကြောင်း လုံခြုံရေးအတွက် ယင်းသို့ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ဒုတိယ ရဲမှူးကြီး ဇော်မင်းဦးက ထပ်မံ ပြောကြားသည်။ “မန္တလေးတိုင်း ဧရာဝတီမြစ်ကြောင်း တစ်လျှောက်မှာ မြစ်ကြောင်း လုံခြုံရေးအတွက် ရေကြောင်း ရဲတပ်ဖွဲ့ ဖွဲ့စည်းတာပါ၊ အခု လောလောဆယ်မှာ ရုံးခန်းဖွင့်ဖို့ မြေနေရာ ရှာနေတယ်။ နေရာရတာနဲ့ ချက်ချင်း လုပ်ဆောင်မှာပါ။ အင်အား ဖွဲ့စည်းပုံကတော့ ဦးရေ ၂၀၀ ကျော်ပါ။ ရဲမှူးတစ်ဦး ဦးဆောင်ပြီး လုပ်ဆောင်မှာပါ” ဟု ၎င်းက ထပ်မံ ပြောကြားသည်။ အဆိုပါ

MPU ကတ်များ ငွေစုဘဏ်စာရင်းနှင့် ချိတ်ဆက်ရန် အဆင်သင့်ဟုဆို ရန်ကုန်၊ မတ် ၁၀ ပြည်...

MPU ကတ်များ ငွေစုဘဏ်စာရင်းနှင့် ချိတ်ဆက်ရန် အဆင်သင့်ဟုဆို ရန်ကုန်၊ မတ် ၁၀ ပြည်တွင်းထုတ် ငွေပေးချေ ကတ်စနစ် MPU ကတ်စာရင်းကို အတိုးနှုန်း ရရှိသည့် ငွေစုဘဏ် အပ်ငွေစာရင်း (Saving Account) နှင့် ချိတ်ဆက် အသုံးပြုနိုင်မည့် ဝန်ဆောင်မှုပေးရန် MPU အဖွဲ့ဝင် ဘဏ်များအားလုံး အဆင်သင့် ဖြစ်ကြောင်း MPU (Myanmar Payment Union) အမှုဆောင် အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောကြားသည်။ ပြည်တွင်းဘဏ်များ ပူးပေါင်း ထုတ်လုပ်ထားသည့် MPU ကတ်များနှင့် ငွေစုဘဏ်စာရင်း တရားဝင် ချိတ်ဆက် အသုံးပြုနိုင်ရန် အတွက်မူ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက် ရရှိရန် တင်ပြထားကြောင်း ၎င်းကရှင်းပြသည်။ “ဘဏ်တွေ အားလုံးက Ready (အဆင်သင့်) ပဲ။ ခွင့်ပြုချက် ကျတာနဲ့ ရပြီ” ဟု ၎င်းကဆိုသည်။ MPU ကတ်များကို ငွေစုဘဏ် အပ်ငွေစာရင်းနှင့် ချိတ်ဆက်နိုင်ပါက ကတ်စာရင်း သီးသန့် မလိုအပ်တော့သည့် အတွက် အဆင်ပြေကြောင်း ယင်းကတ်သုံးစွဲသူ များက ပြောဆိုသည်။ MPU ကတ်များကို ၂၀၁၂ ခုနှစ် နှောင်းပိုင်းတွင် စတင် ထုတ်ဝေခဲ့ပြီး ကတ်စာရင်းသို့ ငွေပမာဏ အကန့်အသတ် မရှိ ထည့်သွင်းနိုင်ကာ တစ်ရက်လျှင် ကျပ် ၁၀ သိန်းခန့် ထုတ်ယူနိုင်ကြောင်း ပုဂ္ဂလိက ဘဏ်များထံမှ စုံစမ်း သိရှိရသည်။ from The Vo

မြန်မာ့ကုန်သွယ်မှု မူဝါဒ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ရုံးတွင် သုံးရက်ကြာ သုံးသပ်မည် ရန...

မြန်မာ့ကုန်သွယ်မှု မူဝါဒ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ရုံးတွင် သုံးရက်ကြာ သုံးသပ်မည် ရန်ကုန်၊ မတ် ၁၀ မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသော ကုန်သွယ်မှု မူဝါဒများနှင့် ပတ်သက်၍ လေ့လာသုံးသပ်ခြင်း လုပ်ငန်းစဉ်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် အဖွဲ့ဝင် ၁၄ ဦးတို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (WTO) ရုံးတွင် မတ်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ သုံးရက်ကြာ ပြုလုပ်မည် ဖြစ်ကြောင်း ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ကုန်သွယ်မှု မူဝါဒ ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြတ်ထွန်းကျော်က The Voice သို့ ပြောကြားသည်။ အဆိုပါ အဖွဲ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အကောက်ခွန် ဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနနှင့် စီမံကိန်းရေးဆွဲရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်ကြောင်း ၎င်းက ပြောဆိုသည်။ “ပထမ တစ်ရက်မှာ ဒီ Trade Policy (ကုန်သွယ်ရေး မူဝါဒ) နဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို WTO အဖွဲ့ဝင်နိုင်ငံ အားလုံးကို ဖြန့်ဝေထားပြီးသ

၂၀၁၅ ရွေးကောက်ပွဲတွင် ဟင်္သာတ မဲဆန္ဒနယ်မှ ဝင်ပြိုင်မည်ဟု ဦးဌေးဦး ပြောကြား ပုသိမ်...

၂၀၁၅ ရွေးကောက်ပွဲတွင် ဟင်္သာတ မဲဆန္ဒနယ်မှ ဝင်ပြိုင်မည်ဟု ဦးဌေးဦး ပြောကြား ပုသိမ်၊ မတ် ၁၀ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက၂၀၁၅ ရွေးကောက်ပွဲတွင် ဟင်္သာတ မဲဆန္ဒနယ်မှ ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။ ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီးထောင့် မြို့နယ်သို့ ရောက်ရှိစဉ် ၂၀၁၀ ပြည့်နှစ်က ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည့် မူလ မဲဆန္ဒနယ် ဖြစ်သည့် ဟင်္သာတ မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင် အရွေးခံမည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။ တပ်မတော်အစိုးရ လက်ထက်က ဧရာဝတီတိုင်း ဒေသကြီးတွင် တိုင်းမှူးအဖြစ် လည်းကောင်း၊ သမဝါယမဝန်ကြီး၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး အဖြစ် တာဝန်ယူခဲ့ပြီးနောက် ၂၀၁၀ ရွေးကောက်ပွဲတွင် ဇာတိမြေ ဖြစ်သော ဟင်္သာတ မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။ “အခြား နေရာတွေကလည်း ကျွန်တော့်ကို ခေါ်ထားတာတော့ ရှိပေမယ့် ဟင်္သာတ မြို့ကပဲ အရွေးခံမယ်၊ ဒီဒေသမှာ ရှိတဲ့ လယ်သမားတွေကို ငွေချေးဖို့ဆိုပြီး သမဝါယမဝန်ကြီး အဖြစ်နဲ့ရော လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး အဖြစ်နဲ့ပါ ရောက်ခဲ့တယ်။ ဒါတွေက ကျွန်တော့်အတွက် အမှတ်ရစရာတွေပါ” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။ ၎င်းက ယင်းသု

ငြိမ်းချမ်းရေးလုပ်ငန်း စတင် အကောင်ထည် ဖော်သည့် အနေနှင့် တိုင်းရင်းသား လက်နက်ကိုင...

ငြိမ်းချမ်းရေးလုပ်ငန်း စတင် အကောင်ထည် ဖော်သည့် အနေနှင့် တိုင်းရင်းသား လက်နက်ကိုင် များနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူထားပြီး နိုင်ငံရေး ဆွေးနွေးမှု မပြီးသေးသည့် အချိန်တွင် နိုင်ငံတကာမှ ကူညီပေးသော အဖွဲ့အစည်းများက ဒုက္ခသည် စခန်းများနှင့် I.D.P (နိုင်ငံတွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်း နေထိုင်သူများ) စခန်းများတွင် နေထိုင်သူ လေးသိန်းကျော်ကို ထောက်ပံ့ မှုများ လျှော့ချမှုကြောင့် အခက်အခဲ ကြုံတွေ့ရလျက် ရှိကြောင်း ဒုက္ခသည် စခန်းများထံမှ စုံစမ်း သိရှိရသည်။ သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin: ထောက်ပံ့ရေး လျှော့ချမှုကြောင့် စစ်ရှောင်ဒုက္ခသည်... www.thithtoolwin.com from Myanmar News Now's Facebook Wall http://ift.tt/Pn4Oic via IFTTT

စားသုံးသူ ကာကွယ်ရေး အသင်းက ကျန်းမာရေးနှင့် ကိုက်ညီမှု မရှိသော ဓာတုပစ္စည်း ပါဝင်သည့...

စားသုံးသူ ကာကွယ်ရေး အသင်းက ကျန်းမာရေးနှင့် ကိုက်ညီမှု မရှိသော ဓာတုပစ္စည်း ပါဝင်သည့် အိုအိရှိ အာလူးကြော်နှင့် ထိုင်းနိုင်ငံထုတ် DeeDo အအေးဘူးကို မသောက်သုံးရန် ကြေညာ ထားသော်လည်း ပြည်တွင်း ဈေးကွက်တွင် မတ်လ ၁၀ ရက်နေ့အထိ ဝယ်လိုအား ကျဆင်းမှု မရှိကြောင်း ရန်ကုန်မြို့ ညောင်ပင်လေးဈေး အချိုရည် ဈေးကွက်ထံမှ စုံစမ်း သိရှိရသည်။ သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin: အန္တရာယ်ရှိ ဓာတုပစ္စည်းပါ အိုအိရှိနှင့် DeeDo အအေးဘူး... www.thithtoolwin.com from Myanmar News Now's Facebook Wall http://ift.tt/1g3UO2i via IFTTT

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရဲတပ်ရင်း ဆောက်လုပ်ဖို့ အဓမ္မ မြေသိမ်းခံခဲ့ရ...

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရဲတပ်ရင်း ဆောက်လုပ်ဖို့ အဓမ္မ မြေသိမ်းခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်က အရေးယူဆောင်ရွက်ပေးဖို့ ဒေသခံတွေက နေပြည်တော်မှာ တောင်းဆိုနေကြပါတယ်။ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အုံတုံပင်ကျေးရွာမှာ ပြီးခဲ့တဲ့သီတင်းပတ်က ရဲတပ်ရင်းတခု တည်ဆောက်ဖို့ အာဏာပိုင်တွေ မြေယာ အကြမ်းဖက်သိမ်းဆည်းခဲ့တဲ့အတွက် ဒေသခံတွေ မကျေမနပ်ဖြစ်နေကြတာ ဖြစ်ပါတယ်။ သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin: ယင်းမာပင် အကြမ်းဖက်မြေသိမ်းမှု ဖြေရှင်းပေးရန်... www.thithtoolwin.com from Myanmar News Now's Facebook Wall http://ift.tt/Pn4NLg via IFTTT

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒတွေ ချမှတ်ဆောင်ရွက်ဖို့ နှောင့်နှေးနေမယ်ဆိုရင် မြ...

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒတွေ ချမှတ်ဆောင်ရွက်ဖို့ နှောင့်နှေးနေမယ်ဆိုရင် မြန်မာနိုင်ငံမှာ ရေရှားပါးမှုဒဏ်နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေက သတိပေးလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီ အခြေစိုက် East West Center က ကမကထပြုပြီး ရန်ကုန်မြို့ ကုန်သည်နဲ့ စက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာ ကျင်းပနေတဲ့ နိုင်ငံတကာ သတင်းမီဒီယာ ညီလာခံ မှာ ပြောကြားခဲ့ကြတာပါ။ သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin: ရာသီဥတုမူဝါဒ မရှိရင် ရေရှားမှုဒဏ်ခံရနိုင် www.thithtoolwin.com from Myanmar News Now's Facebook Wall http://ift.tt/Pn4LDf via IFTTT

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ရန်ကုန်) ၏ ရုံးခန်း နေရာသစ် အဖြစ် အသုံးပြုမည့်...

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ရန်ကုန်) ၏ ရုံးခန်း နေရာသစ် အဖြစ် အသုံးပြုမည့် တိုက်ခန်းတစ်ခန်း ဝယ်ယူရန် နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် လိုအပ်သော ကဏ္ဍများတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံး ရော့ခ်တီးဝိုင်းနှင့် တေးဂီတ အဖွဲ့ဖြစ်သော Iron Cross ၏ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို မတ်လ ၂၂ ရက်နေ့ ည ၇ နာရီတွင်၊ တာမွေ မြို့နယ် အရှေ့မြင်းပြိုင်ကွင်း လမ်းရှိ ရွှေထွဋ်တင် ကွင်း၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း NLD အဖွဲ့ချုပ် (ရန်ကုန်) ၏ အလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောကြားသည်။ သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin: Iron Cross ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ရန်ကုန်... www.thithtoolwin.com from Myanmar News Now's Facebook Wall http://ift.tt/1g3UMYf via IFTTT

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ရန်ကုန်) ၏ ရုံးခန်း နေရာသစ် အဖြစ် အသုံးပြုမည့်...

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ရန်ကုန်) ၏ ရုံးခန်း နေရာသစ် အဖြစ် အသုံးပြုမည့် တိုက်ခန်းတစ်ခန်း ဝယ်ယူရန် နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် လိုအပ်သော ကဏ္ဍများတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံး ရော့ခ်တီးဝိုင်းနှင့် တေးဂီတ အဖွဲ့ဖြစ်သော Iron Cross ၏ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို မတ်လ ၂၂ ရက်နေ့ ည ၇ နာရီတွင်၊ တာမွေ မြို့နယ် အရှေ့မြင်းပြိုင်ကွင်း လမ်းရှိ ရွှေထွဋ်တင် ကွင်း၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း NLD အဖွဲ့ချုပ် (ရန်ကုန်) ၏ အလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောကြားသည်။ သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin: Iron Cross ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ရန်ကုန်... www.thithtoolwin.com from Myanmar News Now's Facebook Wall http://ift.tt/Pn4Nei via IFTTT
http://ift.tt/1kdzIDN The need for power: ‘Not just hype’ www.mmtimes.com Parami Energy Group CEO Ken Tun on Myanmar's burgeoning energy sector. from The Myanmar Times's Facebook Wall http://ift.tt/NUZVvV Tag : Jokes-7news, facebook-7news, mmtimes-7news