Skip to main content

(မတ်လ ၁၂ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial) နောက်ဆု...

(မတ်လ ၁၂ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial)



နောက်ဆုံး ဆုံးဖြတ်သူ



မြန်မာ့ဖွံ့ဖြိုးရေးကို တည်ဆောက်သည့် အခါတွင် ‘ဦးခေါင်းနှစ်လုံးသည် တစ်လုံးထက်သာသည်’ ဆိုသော စကားအတိုင်း ပြည်ပ ပညာရှင်များ၊ အစိုးရများ၊ အဖွဲ့အစည်းတို့ထံမှ အကြံဉာဏ်မျိုးစုံ ရယူရမည် မှန်သော်လည်း နောက်ဆုံး ဆုံးဖြတ်သူသည် မြန်မာနိုင်ငံသားတို့ ဖြစ်ရန်လိုသည်။



ယနေ့ မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ရေပန်းစားနေသောကြောင့် မူဝါဒရေးရာ အကြံဉာဏ်များ ပေးလိုသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ကြီးကြီးငယ်ငယ်တို့လည်း နိုင်ငံစုံ၊ ဒေသစုံမှ ဥဒဟို ဝင်ရောက်နေကြသည်။ ယင်းတို့ထံမှ အကြံဉဏ်တို့ကို စေ့စေ့စုံစုံကြားရ သိရ၊ အတွေ့အကြုံချင်း ဖလှယ်ခြင်းဖြင့် မြန်မာနှင့်ဆင်သော အခြေအနေမျိုးကို ကြုံခဲ့ ဖြတ်သန်းခဲ့သည့် နိုင်ငံတို့မှ ပုဂ္ဂိုလ်များထံမှ အတွေ့အကြုံများ၊ သင်ခန်းစာများ ရယူကာ မိမိအလှည့်တွင် ရှောင်စရာ ရှိသည်ကိုရှောင်၊ ပြင်ဆင်စရာ ရှိသည်ကို ကြိုတင် ပြင်ဆင်ထားနိုင်သည်။ မြန်မာနိုင်ငံသည် ပညာရေးစနစ် ယိုယွင်းခဲ့သောကြောင့် ငယ်မွေးခြံပေါက် အကြံထုတ်သူများ ရှားသည့်အတွက် နိုင်ငံခြားသားတို့၏ အကြံဉာဏ်များ၊ တင်ပြချက်များသည် အဖိုးတန်သည်။



သို့သော် အကြံပေးတိုင်း အဆင်သင့် ဆွဲမသုံးဘဲ မြန်မာနိုင်ငံသားတို့ ကိုယ်တိုင် စဉ်းစား ဆုံးဖြတ်သင့်သည်။ သူ့ခေတ်က၊ သူ့လူနှင့်၊ သူ့စနစ်နှင့် အလုပ်ဖြစ်သည့် အကြံဉာဏ် မိမိခေတ်၊ မိမိလူ၊ မိမိစနစ်တွင် အလုပ်ဖြစ်ချင်မှ ဖြစ်နိုင်သောကြောင့် နိုင်ငံနှင့်ကိုက်မည့် အကြံဉာဏ်ကို ကိုယ်တိုင်စဉ်းစား ရွေးချယ်ရန်လိုသည်။ အကြံပေးသူသည် ဆိုင်ရာ ဘာသာရပ်တွင် တစ်ဖက်ကမ်းခတ် ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း သန်ရာသန်ရာ ရှုထောင့်မှ အကြံပေးမည် ဖြစ်သောကြောင့် မိမိက စဉ်းစား ချင့်ချိန်ပြီးမှ ဆုံးဖြတ်သင့်သည်။



အကြံပေးသူသည် မြန်မာနိုင်ငံနှင့် ရင်းနှီးကျွမ်းဝင်မှသာ ‘အကြံဉဏ်၏ အရည်အသွေး’ မြင့်မားမည်။ မြန်မာနိုင်ငံသို့ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးလျှင် အကြံဉာဏ်တို့သည် ထင်သလောက် မထိရောက်နိုင်။ မူဝါဒ အကြံဉာဏ်တို့ကို အကောင်အထည် ဖော်သူတို့မှာ မြန်မာနိုင်ငံသားတို့ ဖြစ်သည့်အတွက် မြန်မာနိုင်ငံသားတို့၏ ဓလေ့စရိုက်၊ ယဉ်ကျေးမှု၊ လုပ်ပုံကိုင်ပုံ၊ ကိုယ်ကျင့်တရားတို့ကို မသိနားမလည်သောကြောင့် မူဝါဒတွင် ထည့်သွင်း စဉ်းစားမထားနိုင်လျှင် ထိုမူဝါဒ မအောင်မြင်နိုင်။



မြန်မာနိုင်ငံအတွက် ရပ်နီးရပ်ဝေးမှ နိုင်ငံခြားသား မိတ်ဆွေအပေါင်းတို့၏ အကြံဉာဏ်တို့သည် ပိုသည်မရှိပါ။ သို့သော် ထိုအကြံဉာဏ်တို့သည် မြန်မာ့မြေ မြန်မာ့ရေနှင့် လိုက်ဖက်ခြင်းရှိ မရှိကို မြန်မာတို့ကသာ ရွေးချယ် ဆုံးဖြတ်ရပေမည်။



အယ်ဒီတာ (၁၁.၃.၂၀၁၄)







from The Voice Weekly's Facebook Wall http://ift.tt/1eqsNCr

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...