Skip to main content

Posts

Showing posts from October 16, 2014

အရှိန်မထိန်းနိုင်သော ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့သဖြင့် ခရီးသည် (၁၉)ဦးဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၇ ၁၆.၁၀.၂၀၁၄ ရက်နေ့ ၁၃၃၀ အချိန် လှည်းကူးမြို့နယ်၊ ရန်ကုန်-ပဲခူးလမ်းအတိုင်း ရန်ကုန်ဘက်မှ ပဲခူးဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသော M----ဟိုင်းလပ်၊ အမှတ်(၅)ယာဉ်လိုင်း၊ ရန်ကုန်-ပဲခူး-ညောင်လေးပင် ခရီးသည် တင်ယာဉ်သည် လှည်းကူးမြို့နယ်၊ ဝါးနက်ကုန်း ကျေးရွာအနီး လမ်းလယ်ကျွန်း အမှတ်(၁၈၁)အရောက်တွင် အရှိန်မထိန်းနိုင်ဘဲလမ်း၏ယာဘက်သို့ တိမ်းမှောက် သွားခဲ့ပြီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာ ထွက်ပြေး တိမ်းရှောင်သွားခဲ့ပါသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပျက်စီးသွားခဲ့ပြီး ယာဉ်ပေါ်ပါခရီးသည် ကျား/မ (၁၉)ဦးတို့ တွင် ဖူးရောင်၊ ပေါက်ပြဲ၊ နာကျင်ဒဏ်ရာများရရှိကာ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ လှည်းကူးဆေးရုံနှင့် ၃/၁၀၀ တပ်ဆေးရုံတို့တွင် အတွင်း/ အပြင်လူနာများ အဖြစ် အသီးသီး ဆေးဝါးကုသမှု ခံယူလျက်ရှိပါသည်။ ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သဖြင့် တိမ်းမှောက်မှုဖြစ်ကာ ထွက်ပြေး တိမ်းရှောင်သွားသူ ယာဉ်မောင်း (စုံစမ်းဆဲ)အား လှည်းကူးမြို့မရဲစခန်းယာဉ် (ပ)၈၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇/၂၇၉/ ၂၀၂ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ Yangon Police http://ift

မီးကွင်းဘုရားမှ အသံထွက်သည်ဆို၍ လာရောက်ကြည့်ရှုသူများခဲ့ – တာမွေအောင်ကို

ထူးဆန်းသည့် အသံကြီးမှာ ဘုရားကြီးသည် မြစ်ကမ်း နံဘေးတွင်ရှိ၍ ဂန္ဓကုဋီ တိုက်အောက်တွင် လိုဏ်ခေါင်း ဖြစ်ပေါ်ကာ ငါးကြီးများ ရှိနေ၍ ရိုက်ခတ်သံ လည်း ဖြစ်နိုင်ကြောင်း . . . ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ကျိုက်လတ်မြို့ တန်ခိုးကြီးမီးကွင်းဘုရားကြီး၌ သီတင်းကျွတ်လပြည့်နေ့ နောက်~ တစ်ရက် လပြည့်ကျော် ၁ ရက်၊ ၂ ရက်၊ ၃ ရက်၊ အောက်တိုဘာလ ၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက်နေ့များတွင် နဂါးလှုပ်သံများ၊ ထူးဆန်းသည့် အသံများ ကြားနေရသဖြင့် ကျိုက်လတ်မြို့ရှိ မဟာ ဒွါရနိကာယဆရာတော် ဘုရားကြီးကိုယ် တိုင် မီးကွင်း ဘုရားကြီးသို့ သွားရောက်ကြကာ ဘုရားအနေကဇာတင် ပူဇော်ခဲ့ကြပြီး မေတ္တာပို့၊ အမျှများ ပေးဝေခဲ့ရကြောင်း မီးကွင်းဘုရား သြ၀ါဒ ဆရာတော်များဖြစ်ကြသည့် ကျိုက်လတ်မြို့မှ ဓမ္မပါလရွှေကျင် ကျောင်း ဆရာတော် ဦးဝိမလနှင့် ပညာဇေ ယျုံဆရာတော် ဦးနနိ္ဒယသီရိတို့ မိန့်ကြားခဲ့ကြ သည်။ ဂေါပကဥက္ကဋ္ဌ ဦးတင်အုန်းက- ဆီးမီးတစ်ထောင်၊ ပန်းတစ်ထောင်၊ သစ်သီးတစ်ထောင် အလှူပွဲရှိတဲ့နေ့က ထိုင် နေကြတာ၊ ပြီးတော့ နှစ် ယောက် တည်း ကျန်နေကြ တာ၊ မော်တော်ေ ရပက် သလို ကြားနေရတော့ သွားကြည့်တာ မဟုတ်ဘူး ဖြစ်နေ တယ်။ ဘယ်လိုအသံလဲဆိုတာ ပြောမပြတတ်ဘူး။ အဲဒီညက ဘာမှမလုပ်ခဲ့ဘူး။ ဒုတ

စားသောက်ကုန်အန္တရာယ် တရုတ် အမည်မသုံးဖို့ ကာကွယ်

တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထိခိုက်ပျက်ပြားစေနိုင်တဲ့ အတွက် မြန်မာဈေး ကွက် အတွင်းက အများပြည်သူ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ တရုတ်နိုင်ငံထုတ် မုန့်မျိုးစုံနဲ့ စားသောက်ကုန်တွေကို တရုတ်နိုင်ငံက တင်သွင်းတယ်လို့ မပြောဆို မသုံးနှုန်းဘဲ တဖက်နိုင်ငံက တင်သွင်းတယ်လို့သာ သုံးနှုန်းကြဖို့ နေပြည်တော်အာဏာပိုင်တွေက သတိပေးညွှန်ကြားထားတယ်လို့ သိရပါတယ်။ မြန်မာဈေးကွက်အတွင်းက စားသုံးဖို့မသင့်တဲ့ မုန့်တွေကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး အသင်း က မီးရှို့ဖျက်ဆီးနေတဲ့အတွက် နေပြည်တော်ကောင်စီက တားမြစ်ထားသလို၊ နေပြည်တော် အခြေစိုက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနဲ့ စားသုံးသူ ရေးရာ ဦးစီးဌာနကလည်း သတိပေးထားတယ်လို့ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က RFA ကို ပြောပါတယ်။ "အန္တရာယ်ရှိတဲ့ မုန့်တွေပေါ့ ပြည်တွင်းထုတ်လည်းပါတယ်၊ တရုတ်ကတင်သွင်းတာတွေလည်းပါတယ်၊ အဲ့ဒါတွေကို ကျနော်တို့ နေပြည်တော်ကောင်စီကနေပြီးတော့ နေပြည်တော် ပျဉ်းမနား တာဝန်ခံ ဦးသူရဇော်ခေါ်ပြီးတော့ ဒီလိုဆက်လုပ်နေရင်တော့ တရုတ်နဲ့ စစ်ဖြစ်အောင်လုပ်နေတာလား၊ အဲ့ဒီတော့ လုပ်ခွင့်ပြုချက်မရရင် ဆက်

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ထောင်ဒဏ် ၁၃နှစ် ချမှတ်ခံရ

ယနေ့(အောက်တိုဘာ ၁၇ရက်) နံနက်ပိုင်းက နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ပုဒ်မ ၄၀၉ အတွက် ထောင်ဒဏ် ၃နှစ် နှင့် အစိုးရကို အကြည်အငြိုပျက်စေမှု ပုဒ်မ ၁၂၄(က) အတွက် ထောင်ဒဏ် ၁၀နှစ်နှင့် ငွေဒဏ် ၁သိန်း သီးခြားစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ ပုဒ်မ ၁၂၄(က)အတွက် ချမှတ်သည့် ငွေဒဏ် ၁သိန်းအား မထမ်းဆောင်ပါက ထောင်ဒဏ် ၁နှစ် ထပ်တိုး ချမှတ်ခံရမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။ လွန်ခဲ့သော ဇွန်လ ၁၉ ရက်က သာသနာရေးဝန်ကြီးဟောင်းဦးဆန်းဆင့်အား ငွေကျပ်သိန်း ၁၀၀ အလွဲသုံးစားမှုဖြင့် (စ.စ.စ)က အမှုဖွင့်အရေးယူခဲ့ပြီး ယနေ့ပြုလုပ်သည့် ၂၇ကြိမ်မြောက် ရုံချိန်း၌ ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ထွန်း(နေပြည်တော်) News Watch(စောင့်ကြည့်သတင်းဂျာနယ်) http://ift.tt/1pl2P7H from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1F98Dge

အရက်မူးနေသော ယောကျာ်းဖြစ်သူက ဇနီးဖြစ်သူကို ဓားဖြင့်ထိုးသတ်

တောင်ငူ အောက်တိုဘာ ၁၆ ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့နယ် အမှတ်(၃)နယ်မြေ ရဲစခန်း အပိုင် ညောင်ပင်သာ ကျေးရွာ၌ အောက်တိုဘာ ၁၂ ရက် ည ၇နာရီ ခွဲက လင်မယားချင်း ရန်ဖြစ်ရာမှ အမျိုးသမီး သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မိုးကောင်း ကျေးရွာ အုပ်စု ညောင်ပင်သာ ကျေးရွာနေ ထိန်လင်းဦး (ခ) ရွှေကို(၂၂ နှစ်)သည် အရက်မူးကာ နေအိမ်သို့ ပြန်ရောက် လာပြီး ဇနီးဖြစ်သူ မကြည်စန်း (၁၉ နှစ်)နှင့် လင်မယားချင်း စကားများ ခဲ့ရာမှ ထိန်လင်းဦး (ခ) ရွှေကိုက အရိုးအသွား ၁၇ လက်မခွဲရှိ ဓားဖြင့်ထိုးခဲ့ကြောင်း သိရသည်။ ဓားဒဏ် ရာကြောင့် မကြည်စန်း၏ ဝဲနံကြား၊ ဝဲလက်မောင်း၊ ရင်ညွန့်၊ ဝဲလက်ဖျံ၊ ယာလက်ဖျံ တို့တွင် ဒဏ်ရာများရရှိပြီး နေအိမ်အတွင်း သေဆုံးခဲ့သဖြင့် တောင်ငူအမှတ်(၃) နယ်မြေ ရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ MOI Webportal Myanmar http://ift.tt/1s1d5bS from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1rhmCpK

တရုတ်မုန့်ကို ကျေးဇူးရှင်မုန့်လို့ ခေါ်ရမလား – ရှိန်းဝေနောင်

နေပြည်တော်က စားသုံးသူကာကွယ်ရေး အသင်းတာဝန်ခံ ကိုသူရဇော် ကို ခေါ်ပြီးတော့ တရုတ်နဲ့ ဗမာစစ် ဖြစ် အောင် လုပ်နေတာလား။ အဲဒီ လိုမျိုး ပြောတယ်။ နောက်ဆက်ပြီး မသိမ်းဖို့ပေါ့။ သူ့ခွင့်ပြုချက် မရ ဘဲနဲ့ နေပြည် တော်ကောင်စီမှာ ဘာမှမလုပ်ဖို့တားတဲ့အတွက် အခု နေပြည်တော်က အားလုံးရပ်ထားရတယ် … ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အန္တရာယ်ရှိ တရုတ်မုန့်များဟု ခေါ်ဆိုခြင်းမပြုရန်၊ ထိုသို့ခေါ်ဆိုခြင်းမှာ တရုတ် -မြန်မာ ချစ်ကြည်ရေးကို ထိခိုက် စေနိုင်ကြောင်း နေပြည်တော် ကောင် စီက မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းမှ နေပြည်တော် တာဝန် ခံဖြစ်သူ ဦးသူရဇော်အား အောက်တိုဘာလ ၃ ရက်နေ့တွင် ခေါ်ယူသတိပေးခဲ့ သည်။ ထိုသို့ခေါ်ယူသတိပေးမှုနှင့်ပတ်သက်၍ ပြည်တွင်းအပတ်စဉ်ထုတ် မြန်မာပို့စ်ဂျာနယ်၌ ““အန္တရာယ်ရှိသော တရုတ်မုန့်များဟု ခေါ်ဆိုခြင်းမှာ တရုတ်နှင့် ချစ်ကြည်ရေးကို ပျက်ပြားစေနိုင်ခြင်းကြောင့် ခေါ်ဆိုခြင်း မပြု ရန် နေပြည်တောင်ကောင်စီ သတိပေး””ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်။ ယင်း သတင်းဖော်ပြချက်အား အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာများ၌ အချင်း ချင်းပြန်လည်မျှဝေကြရာမှ လူထုအကြား ပျံ့နှံ့ခဲ့ပြီး နေပြည်ေ တာ် ကောင်စီ အပေါ် ဝေဖန်မှုများစွာ ထွက

ISIS စစ်သွေးကြွများ နှင့် ကာ့ဒ်မျိုးနွယ်စုများ အကြား တိုက်ပွဲများ စတင်ဖြစ်ပွားသည့် အချိန်မှစ၍ သေဆုံးသူ ၆၀၀ ကျော်ထိမြင့်တက်

ဒမတ်စကတ် ၊ ၁၇-၁၀-၂၀၁၄ ISIS စစ်သွေးကြွ များနှင့် ဆီးရီးယား နိုင်ငံအတွင်းရှိ ကာ့ဒ်မျိုးနွယ်စု များအကြား ကိုဘာနီမြို့ တိုက်ပွဲစတင် ဖြစ်ပွားသည့် အချိန်မှစ၍ သေဆုံးသူ ဦးရေမှာ အရပ်သားများ အပါအဝင် ၆ဝဝ ကျော်အထိ မြင့်တက် လာခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ စောင့် ကြည့် လေ့ လာရေး အဖွဲ့ကြီး က ယမန်နေ့တွင် ပြောကြား ခဲ့သည်။ သေဆုံးသူ များတွင် ကာ့ဒ် အရပ်သား ၂ဝ၊ ကာ့ဒ်ပြည်သူ့ ကာကွယ်ရေး အဖွဲ့( YPG ) မှ တပ်ဖွဲ့ဝင်နှင့် အခြား ကာ့ဒ် တိုက်ခိုက်ရေး သမား ၂၅၈ ဦးတို့ ပါဝင်ပြီး ကျန်ရှိသူ များမှာ ISIS စစ်သွေးကြွများ ဖြစ်ကြောင်း သိရသည်။ တစ်ချိန်တည်း မှာပင် အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်း တပ်ဖွဲ့များက အောက်တိုဘာ ၁၅ ရက် ညပိုင်းမှ နောက်တစ်နေ့ နံနက်အထိ ISIS စစ်သွေးကြွ များအပေါ်သို့ လေကြောင်းမှ တိုက်ခိုက်မှု ၆ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုတွင် စစ်သွေးကြွ ရာပေါင်းများစွာ သေဆုံးခဲ့သည် ဟု သိရသည်။ ISIS စစ်သွေးကြွ များနှင့် YPG တပ်ဖွဲ့ဝင် များသည် ကိုဘာနီမြို့ တောင်ပိုင်းနှင့် အနောက် တောင်ပိုင်း တွင် ဆက်လက် တိုက်ခိုက် လျက်ရှိပြီး YPG တပ်ဖွဲ့ဝင်များက စစ်ရေးအရ တိုက်ခိုက်လျက် ရှိကြောင်း လေ့လာ စောင့်ကြည့်ရေ

တိမ်မြုပ်နေတဲ့ တရားမျှတမှု

မြန်မာပြည်မှာ အရပ်သား တပိုင်း အစိုးရ သက်တမ်း သုံးနှစ်ကျော်လာပေမယ့် ဖြစ်ပျက်နေတဲ့ ပြဿနာနဲ့ ပဋိပက္ခတွေကိုကြည့်ရင် ဒီမိုကရေစီ အသွင်ကူး ပြောင်းဖို့ အမြစ်မတွယ် နိုင်သေးဘူးလို့ နယူးရောက် အခြေစိုက် ICTJ (International Center for Transitional Justice) အဖွဲ့ရဲ့  ဇူလိုင်လက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။ အသွင်ကူး ပြောင်းနေတုန်း တရားမျှတရေး ကိစ္စ ဆွေးနွေးတာဟာ ပြဿနာ ရှာသလို ဖြစ်နေတယ်လို့ မြင်သူတွေလည်း ရှိပါတယ်တဲ့။ စစ်အာဏာပိုင်တွေ မတရား လုပ်ခဲ့တာကို ထုတ်ဖော်ပြီး တရားမျှတရေးကို တောင်းဆိုရင် ချက်ချင်း လက်တုံ့ပြန်လာနိုင်တယ်လို့လည်း မြင်ကြပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးကို တကယ်တမ်း တည်ဆောက်နိုင်ဖို့နဲ့ ရေရှည်တိုးတက်ဖွံ့ဖြိုးဖို့အတွက် အတိတ်က ပြဿနာတွေကို ကိုင်တွယ်ဖို့လိုတယ်လို့ ဆိုပါတယ်။ အသွင်ကူးပြောင်းရေးဟာ တဖက်စောင်းနင်း ဖြစ်နေပါတယ်တဲ့။ အရပ်သားအဖွဲ့အစည်းတွေ ပိုမိုလွတ်လပ်လာမှု၊ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်မှု၊ NLD အဖွဲ့ချုပ် လှုပ်ရှားနိုင်မှု စတာတွေရှိပေမဲ့ ကချင်ပြည်နယ်လိုနေရာမှာ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေပါတယ်။ အပစ်အခတ်ရပ်စဲနိုင်တဲ့ ဒေသမှာ ကုမ္ပဏိကြီးတွေက မြေယာအများအပြား သိမ်းယူနေလို့ ဒေသခ

““သမ္မတလက်စွဲကျော် … ၀န်ကြီးမင်းခင်ဗျား”” တပ်မတော်အစိုးရနဲ့သာ လိုက်လျောညီထွေတဲ့ အုပ်ချုပ်ရေးတဲ့လား – လင်းထိုက် (Y.I.T)

ဦးစိုးသိန်းရဲ့ ပြောကြားချက်ဟာ တကယ်တော့ ကိုယ့်ပေါင်ကိုယ် ပြန်လှန်ေ ထာင်းလိုက်တဲ့ ၀န်ခံ ချက်ဖြစ်နေ … မိမိလက်အောက်က တပည့်လက်သား အုပ်ချုပ်ရေး အောက်ခြေ ၀န်ထမ်းများ အပေါ် အပြစ်ပုံချလိုက်တဲ့ သဘော ပါ။ အောက်ခြေက လွဲနေ၊ မှားနေလည်း ထိပ်ပိုင်းက တာဝန်ခံရတယ် ဆိုတဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး (Good Governance)ရဲ့ လက္ခဏာ တစ်ရပ်ဖြစ်တဲ့ တာဝန်ခံမှု (Accountability)ဆိုတာကို ၀န်ကြီးမေ့လျော့ေ န ရော့သလား … ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၂၀၁၄ အောက်တိုဘာ ၁ ရက်နေ့က ““အပစ်ရပ်စာချုပ် လက်မှတ်မထိုးနိုင်ရင် ၂၀၁၅ရွေးကောက်ပွဲ ကျင်းပဖို့ မရေရာဘူး”” လို့ ပြောကြားခဲ့တဲ့ သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားပြီး နောက်ပိုင်း ၂၀၁၅ ရွေး ကောက်ပွဲနဲ့ ပတ်သက်ပြီး မီဒီယာများမှာ အမြင်အမျိုးမျိုးနဲ့ သုံးသပ်ချက်တွေ ပေါ်ပေါက်လာပါတယ်။ နောက် …သမ္မတရဲ့ လက်စွဲတော် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကလည်း သမ္မတမိန့်ခွန်းအပြီး ရက်ပိုင်းမှာပဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်း အဝေးခန်းမမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ““ပြုပြင်ပြောင်းလဲရေးကိုလုပ် ပြီး ပြန်သုံး သပ်တဲ့အခါ အုပ်ချုပ်ရေးက တပ်မတော်အစိုးရ၊ ဆိုရှယ်လစ်အစိုးရနဲ့ လိုက်လျောညီေ

ဖျာပုံခရိုင်တွင် ရဲတပ်ဖွဲ့က NLD ပါတီဝင်အင်အား စာရင်း တောင်း ယူမှု ကော်မရှင်အဆင့်ဆင့်သို့ တင်ပြကန့်ကွက်မည်

ဖျာပုံ၊ အောက်တိုဘာ ၁၅ ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံခရိုင် အတွင်းရှိ မြို့နယ်များ၌ သက်ဆိုင်ရာ ရဲတပ်ဖွဲ့၏ ညွှန်ကြား ချက်ဟုဆိုကာ ရပ်/ကျေး NLD ပါတီဝင် အင်အား စာရင်းများအား ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများက တောင်း ယူစိစစ်မှုများ ပြုလုပ်နေခြင်းသည် လုပ်နည်းလုပ်ဟန်လွဲချော်နေပြီး နိုင်ငံရေး ပါတီ တစ်ရပ်၏ စည်းရုံးရေး လုပ်ငန်း စဉ်များကို အခွင့် အာဏာသုံး၍ ကန့်သတ် ထိန်းချုပ်လိုသည့် သဘော သက်ရောက်နေသည့် အတွက် သက်ဆိုင် ရာ ခရိုင်နှင့်မြို့ နယ်ကော်မရှင်အဖွဲ့ခွဲများသို့ တင် ပြကာ ဥပဒေနှင့်အညီ ကန့်ကွက်မှု များဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဖျာပုံခရိုင် NLD ပါတီ၏ အတွင်းရေးမှူးဖြစ်သူ ဦးစိန်ဝင်း က အောက်တိုဘာ ၁၅ ရက်တွင် မြန်မာ သံတော်ဆင့်သို့ပြောသည်။ ဖျာပုံခရိုင်အတွင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က NLD ပါတီဝင်အင် အားစာရင်း များ တောင်းယူခဲ့သည့် မြို့နယ်များ မှာ ဖျာပုံမြို့နယ်နှင့် ကျိုက်လတ်မြို့နယ် တို့ဖြစ်ပြီး အောက်တိုဘာ ၁၂ရက်တွင် ကျိုက်လတ်မြို့နယ် ဖောင်ရိုး ချောင်းကျေး ရွာ၊ လေးအိမ်တန်းကျေးရွာတို့၌ နီးစပ်ရာ ရုံးဒေါင့်ရဲတပ်ဖွဲ့စခန်းမှ NLD ပါတီဝင်အင်အား စာရင်း အား တောင်းယူခိုင်းသည်ဟုဆိုကာ သက်ဆိုင်ရာ ကျေးရွာအုပ

အမေရိကန် လာမယ့် အနောက် အာဖရိက ခရီးသွား တားမြစ်ဖို့ မလို

အမေရိကန်သမ္မတ ဘားရက် အိုဘားမားက အာဖရိက အနောက်ပိုင်း ဒေသကနေ လာတဲ့ ခရီးစဉ်ကို ပိတ်ပင်တဲ့ လုပ်ရပ်ဟာ အီဘိုလာရောဂါကို တိုက်ဖျက်တဲ့ နည်းလမ်း မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဂီနီ၊ လိုက်ဘေးရီးယားနဲ့ ဆီယာရာလီယွန်း စတဲ့ တိုင်းပြည်တွေကနေလာရောက်ကြတဲ့ ခရီးသွားတွေကို အမေရိကန် ပြည်ထောင်စုမှာ မထားရဘူး ဆိုတဲ့အပေါ်မှာ သဘောတရားအရ ကန့်ကွက်စရာ မရှိဘူးလို့ မစ္စတာအိုဘားမားက ကြာသပတေးနေ့ အိမ်ဖြူတော်မှာ သတင်းသမားတွေကို ပြောပါတယ်။ ဒါပေမဲ့ ဒီလိုပိတ်ပင်တားမြစ်မှုဟာ လက်ရှိ ရှိနေပြီးသား ရောဂါဖြစ်ပွားမှု ကာကွယ်ရေး လုပ်ထုံးလုပ်နည်းတွေလောက် ထိရောက်မှု မရှိဘူးလို့ သူ့ကို ကျွမ်းကျင်သူတွေက ပြောကြကြောင်း သမ္မတကပြောပါတယ်။ ခရီးသွားတွေကို ပိတ်ပင်လိုက်မယ်ဆိုရင် စစ်ဆေးဖို့ ကုသဖို့ ဆိုတာတွေကို မလုပ်နိုင်တော့ဘူး၊ အဲဒီအခါ ရောဂါ ဖြစ်မှုတွေ လျှော့မလာပဲ ပိုတိုးလာလိမ့်မယ်လို့ သမ္မတကပြောပါတယ်။ ကွန်ဂရက်လွှတ်တော်မှာ တချို့က ခရီးသွားလာမှု ပိတ်ပင်ဖို့ တောင်းဆိုနေကြ ပါတယ်။ သမ္မတကတော့ အိုဘိုလာရောဂါကို အာရုံစူးစိုက်မှု မပြတ်ထားရှိဖို့ အရေးကြီးသလို၊ လူတွေအနေနဲ့ ဒီရောဂါရဖို့ မလွယ်ဘူးဆိုတာ နားလည်ကြဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။ ဗွီအိုအေ (မြန်မာပိုင်း) http:

အီဘိုလာအတွက် အာဖရိက ၁၅နိုင်ငံကို ပိုကူမယ်

အီဘိုလာ ရောဂါနောက်ထပ် ပြန့်ပွားမှုကို ကာကွယ်ဖို့နဲ့ ရောဂါ တိုက်ဖျက်ရေးအတွက် အာဖရိက ၁၅နိုင်ငံကို အထူး အာရုံစိုက်ပြီး ကူညီသွား မယ်လို့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ်က ပြောပါတယ်။ အီဘိုလာ ရောဂါကူးစက်မှုဟာ ၄ပတ် တကြိမ်လောက် ၂ဆဖြစ်လာပြီး အခုအခါ ရောဂါဖြစ်သူ ၉၀ဝ၀ကျော်နဲ့ သေဆုံးသူ ၄၅၀ဝကျော် သွားပြီလို့ WHO အရာရှိက ဂျနီဗာမှာ ပြောသွားပါတယ်။ အမေရိကန်ဆေးရုံတခုက သူနာပြု ဆရာမတယောက်ကို ဒုတိယမြောက် အဖြစ် အီဘိုလာ ကူးစက်တဲ့ သတင်းကို မီဒီယာတွေက အာရုံစိုက်ကောင်း စိုက်နိုင်ပေမယ့် တကယ် ဦးစားပေးရမှာကတော့ အာဖရိက ဖြစ်တယ်လို့ WHOက ပြောပါတယ်။ ကြောက်စရာ ကောင်းတဲ့ အနေအထားကတော့ ရောဂါဖြစ်ပွားမှု အဆိုးဆုံးနိုင်ငံတွေက အိမ်နီးချင်းနိုင်ငံတွေကို ပြန့်နိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ အထူးသဖြင့် ကျန်းမာရေး စောင့်ရှောက်မှုအားနည်းတဲ့ မာလီ အိုင်ဗရီကိုးစ် တောင်ဆူဒန်နဲ့ ဗဟိုအာဖရိက သမ္မတနိုင်ငံတို့က ဒီအထဲမှာ ပါဝင်ပါတယ်။ ဒီနိုင်ငံတွေအနေနဲ့ အီဘိုလာ ဖြစ်ပွားမှုကို စုံစမ်းပြီး အမြန်တုံ့ပြန်ဖို့ ရောဂါ မပြန့်ပွားအောင် လုပ်ဖို့လိုတယ်လို့ ပြောပါတယ်။ ဒီလိုလုပ်ဖို့ သူတို့ကို နိုင်ငံတကာမှ ကူညီပံ့ပိုးမှု လိုအပ်ပါတယ်။ နိုင်ငံတကာက တုံ့ပြန်မှုနဲ့ပတ်သက်ရင် အလွန

အာဖရိက ၁၅ နိုင်ငံမှာ အီဘိုလာ ပညာပေးလုပ်မယ်

အီဘိုလာ ​ရောဂါ ​ပျံ့နှံ့မှု ​ဖြစ်နေတဲ့ ​အနောက် ​အာဖရိက ​ဒေသက ​သုံးနိုင်ငံကိုသာမက ​အဲဒီဒေသ တဝိုက်က ​နိုင်ငံပေါင်း ​၁၅ ​နိုင်ငံကိုလည်း ​အာရုံစိုက် ​စောင့်ကြည့်နေကြောင်း ​ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ​WHO ​က ​ပြောပါတယ်။ ရောဂါ ​ပျံ့နှံ့မှု ​ဖြစ်နေတဲ့ ​ဂီနီ၊ ​လိုင်ဘေးရီးယားနဲ့ ​ဆီရာယာလီယွန်နိုင်ငံမှာ ​အီဘိုလာကြောင့် ​သေဆုံးသူ ​၄၅၀၀ ​နီးပါး ​ရှိသွားပြီ ​ဖြစ်ပါတယ်။ အဲဒီလို ​အခြေ ​အ ​နေ ​ကြောင့် ​ရောဂါ ​ဖြစ်ပွား ​နေတဲ့ ​နိုင်ငံတွေနဲ့ ​အိမ်နီးချင်း ​ဖြစ်နေတဲ့ ​Ivory ​Coast ​နဲ့ ​မာလီ ​လိုနိုင်ငံမှာ ​ဘယ်လောက်အထိ ​ပြင်ဆင်မှု ​ရှိနေပြီလည်း ​ဆိုတာကို ​ကမ္ဘာ့ ​ကျန်းမာရေး ​အဖွဲ့က ​စမ်းသပ် ​နေပြီ ​ဖြစ်ပါတယ်။ ပြင်ဆင်ရေးအနေနဲ့ ​ကျန်းမာရေးလုပ်သားတွေကို ​ကြိုတင် ​သင်တန်းပေးတာတွေ ​လုပ်ဆောင်နေပြီး ​ကိုယ့်ကိုကိုယ် ​ကာကွယ်ဖို့နဲ့ ​အီဘိုလာ ​ကုသရေးမှာ ​အသုံးပြုတဲ့ ​ပစ္စည်းတွေကို ​ဘယ်လို ​ကိုင်တွယ် ​အသုံးပြုရသလဲဆိုတာတွေကိုပါ ​သင်ပြသွားမယ်လို့ ​သိရပါတယ်။ အီဘိုလာရန်ကို ​ကြောက်လို့ ​Vanuatu ​မှာ ​နိုင်ငံတကာအစည်းအဝေး ​မကျင်းပဖြစ် တချိန်တည်းမှာပဲ ​ပစိဖိတ်ဒေသအတွင်းက ​Vanuatu ​ကျွန်းနိုင်ငံမှာ ​နောက်လကြရင် ​နိုင်ငံတကာ ​အစည်းအဝေြး

မဟာဓာတ်အားလိုင်းအောက်ရှိ မြေကွက်ဖော်ထုတ်ရောင်းချမှုအား ဖျက်သိမ်း

ပုသိမ်၊ အောက်တိုဘာ ၁၅ ဧရာဝတီတိုင်း ဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ပုသိမ်-ရန်ကုန် (သို့မဟုတ်) ပုသိမ်-မုံရွာအမြန်ကား လမ်းမ ကြီးဘေး မဟာဓာတ်အားလိုင်း အောက်ရှိ မြို့မြေနေရာ လွတ်များတွင် မြို့နယ်အုပ်ချုပ်ရေး မှူးနှင့် မြို့နယ်မြေစာ ရင်းတို့ ညှိနှိုင်း၍ မြေကွက်သစ် များဖော် ထုတ်ရောင်း ချနေမှုကို အောက်တို ဘာ လ(၇) ရက်နေ့တွင် ဖျက်သိမ်း လိုက်ပြီဖြစ်သည်။ အဆိုပါမြေနေရာမှာ ကန်ကြီးထောင့်မြို့ မျက်နှာစာတန်းနှင့် အမြန်ကားလမ်းမဘေးရှိ မြေနေရာများဖြစ်ပြီး ယင်း မြေကွက်ပေါ်တွင် ဓာတ်အားလိုင်း ဖြတ်သန်းသွားရာ အန္တရာယ်ရှိနိုင်သည့် အတွက် ဒေသ ခံပြည်သူများက သမ္မတထံစာ ရေးသားတင်ပြခဲ့ပြီးနောက် ယခုကဲ့ သို့ မြေကွက်သစ်ဖော်ထုတ် ရောင်းချမှုအား ဖျက်သိမ်း လိုက် ခြင်းဖြစ်သည်။ …““ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါ်ခင်စော မူ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကန်ကြီးထောင့်မြို့နယ်မှ ဦးကျော်ဝင်းရယ်၊ အန်ကယ်ရယ်၊ မြို့နယ်စည်ပင်ယာသာယာ အဖွဲ့ ရယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့ နယ်မြေစာရင်း ဦးစီးမှူးရယ်ပါတဲ့ စက်တင်ဘာ ၇ရက်နေ့မှာ လုပ်တဲ့ အစည်း အဝေးမှာ ဒီမြေကို နဂို အတိုင်းမြို့မြေနေရာလပ်အဖြစ်မြေပုံမှာတင်ပြီး မြို့မြေအဖြစ်ထား

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား အောက်တိုဘာ ၁၇ ရက်တွင် အပြီးသတ် အမိန့်ချမှတ်မည်

ရန်ကုန်၊ အောက်တိုဘာ ၁၅ ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု ပြစ်မှုပုဒ်မ ၄၀၉/၁၀၉နှင့် အစိုးရကို အကြည် ညို ပျက်စေမှု ပုဒ်မ ၁၂၄(က) အမှုတို့ဖြင့် စွဲဆိုထားသည့် သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်အား အောက်တိုဘာ ၁၇ ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်မည် ဖြစ်ကြောင်း ဦးဆန်းဆင့်၏ အစ်ကိုလည်းဖြစ်၊ တရား လွှတ်တော် ရှေ့နေလည်း ဖြစ်သူ ဦးဆန်းမြင့်က အောက်တိုဘာ ၁၅ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။ နောက်ဆုံး အမိန့်ချမှတ်မည့် အောက်တိုဘာ ၁၇ ရက်နေ့သည် ဦးဆန်းဆင့်၏ (၂၆) ကြိမ်မြောက် ရုံးချိန်းဖြစ်ပြီး အောက်တိုဘာ ၁၄ ရက်နေ့ ဒက္ခိဏခရိုင် တရားရုံးတွင် ဦးဆန်းဆင့်၏ (၂၅) ကြိမ်မြောက် ရုံးချိန်း တွင် နှစ်ဖက် ရှေ့နေများ က နောက်ဆုံး လျှောက်လဲချက် အပြန်အလှန် ပေးခဲ့ကြသည်။ ““အောက်တိုဘာ ၁၇ ရက်နေ့မှာ နောက်ဆုံး အမိန့်ချပါမယ်။ အောက်တိုဘာ ၁၄ ရက်နေ့ကတော့ နောက် ဆုံး လျှောက်လဲချက် ပေးကြတာပေါ့။ ကျွန်တော် တို့ ဘက်ကတော့ အမှု နှစ်ခုစလုံးကို စွပ်စွဲထားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၉၊ ၁၂၄(က) စွဲဆိုချက်ပါ အင်္ဂါရပ်တွေနဲ့ အမှုအကြောင်း အခြင်းအရာသည် ညီညွတ်မှု မရှိသည့် အတွက် ဒီအမှုကနေ အပြီးအပြတ် ပြန်လွှတ် ဖို့ လျှောက်လဲ ချက် ပေးပါတယ်။ ဟိုဘက်က တရားလိုဆိုက်မှာ