Skip to main content

မဟာဓာတ်အားလိုင်းအောက်ရှိ မြေကွက်ဖော်ထုတ်ရောင်းချမှုအား ဖျက်သိမ်း



ပုသိမ်၊ အောက်တိုဘာ ၁၅

ဧရာဝတီတိုင်း ဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ပုသိမ်-ရန်ကုန် (သို့မဟုတ်) ပုသိမ်-မုံရွာအမြန်ကား လမ်းမ ကြီးဘေး မဟာဓာတ်အားလိုင်း အောက်ရှိ မြို့မြေနေရာ လွတ်များတွင် မြို့နယ်အုပ်ချုပ်ရေး မှူးနှင့် မြို့နယ်မြေစာ ရင်းတို့ ညှိနှိုင်း၍ မြေကွက်သစ် များဖော် ထုတ်ရောင်း ချနေမှုကို အောက်တို ဘာ လ(၇) ရက်နေ့တွင် ဖျက်သိမ်း လိုက်ပြီဖြစ်သည်။


အဆိုပါမြေနေရာမှာ ကန်ကြီးထောင့်မြို့ မျက်နှာစာတန်းနှင့် အမြန်ကားလမ်းမဘေးရှိ မြေနေရာများဖြစ်ပြီး ယင်း မြေကွက်ပေါ်တွင် ဓာတ်အားလိုင်း ဖြတ်သန်းသွားရာ အန္တရာယ်ရှိနိုင်သည့် အတွက် ဒေသ ခံပြည်သူများက သမ္မတထံစာ ရေးသားတင်ပြခဲ့ပြီးနောက် ယခုကဲ့ သို့ မြေကွက်သစ်ဖော်ထုတ် ရောင်းချမှုအား ဖျက်သိမ်း လိုက် ခြင်းဖြစ်သည်။ …““ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါ်ခင်စော မူ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကန်ကြီးထောင့်မြို့နယ်မှ ဦးကျော်ဝင်းရယ်၊ အန်ကယ်ရယ်၊ မြို့နယ်စည်ပင်ယာသာယာ အဖွဲ့ ရယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့ နယ်မြေစာရင်း ဦးစီးမှူးရယ်ပါတဲ့ စက်တင်ဘာ ၇ရက်နေ့မှာ လုပ်တဲ့ အစည်း အဝေးမှာ ဒီမြေကို နဂို အတိုင်းမြို့မြေနေရာလပ်အဖြစ်မြေပုံမှာတင်ပြီး မြို့မြေအဖြစ်ထားဖို့ ဆုံးဖြတ်လိုက်ပါပြီ။ မြို့နယ် အုပ်ချုပ်ရေးမှူးက မြေကွက်ဖော်ပြီး ရောင်းခဲ့တာ ကိုလည်း ရောင်း မှားဝယ်မှား အဖြစ်သတ်မှတ် လိုက်ပါ တယ်။ ၀ယ်ထားမိတဲ့လူတွေကိုလည်း ပိုက်ဆံ ပြန်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်”ဟု ကန်ကြီးထောင့် မြို့နယ် မဲဆန္ဒနယ် ၁မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချစ်လွင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။


အဆိုပါ မြေနေရာမှာ နေရာအကွက်အကွင်းကောင်းပြီး တန်ကြေးမြင့် သည့် မြေနေရာဖြစ်ကာ မြို့စတင် တည် ဆောက်စဉ်ကတည်း ကအိုးအိမ်ဦးစီးဌာ နများ၏ မြေပုံအရ မြေကွက်လပ်အဖြစ်ထား ရှိ သောနေရာ ဖြစ် သည်။ သို့သော် မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ်မြေစာရင်းနှင့် ညှိနှိုင်းကာ ငွေကြေးချမ်းသာသူ လူတစ်စုအား အကွက်ဖော်ထုတ် ရောင်းချနေကြောင်း၊အဆိုပါဖော်ထုတ်ရောင်း ချနေသည့် မြေကွက်များအပေါ် တည့် တည့်တွင် ၁၁ကေဗွီအေ မဟာ ဓာတ်အားလိုင်းသွယ်တန်းထားရှိ သဖြင့် အန္တရာယ်များစွာရှိပြီး လျှပ်စစ် ဥပဒေ နှင့် လည်း မညီညွတ်သည့်အတွက် စက်တင်ဘာလ (၁၉)ရက် တွင် နိုင်ငံတော်သမ္မတကြီးထံသို့ စာရေးတင်ပြ တိုင်ကြားထား ခဲ့ကြောင်း၊ ယခုကဲ့သို့ နဂိုမူလအတိုင်း ပြန်ဖြစ်သွားသည့်အတွက်များစွာ ၀မ်းသာကြောင်း လက်မှတ်ရေးထိုး တိုင်ကြားသူထဲများတွင် ပါဝင်သော ကန်ကြီးထောင့်မြို့နေ ဦးတင်မြင့်က ပြော သည်။


ရဲရင့်ထွန်း (ပုသိမ်)

မြန်မာသံတော်ဆင့်သတင်းဌာန- http://ift.tt/1t7d2bL






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1rDy3Iq

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...