Skip to main content

Posts

Showing posts from February 22, 2015

သွေးဆုံးသည့်အချိန်ရောက်မည်ကိုစိုးရိမ်ပူပန်ရန်မလို

အမျိုးသမီးတိုင်း မလွဲမသွေ ကြုံတွေ့ရမည့် သွေးဆုံးသည့် အချိန်သို့မရောက်မီ ကြိုတင်စိုးရိမ် စိတ်များ၍ ကြောက်နေစရာမလိုဘဲ ကြုံတွေ့လာမည့်အခြေအနေများ ကို ကြိုတင်ပြင်ဆင်မှုများပြုလုပ်၍ ရင်ဆိုင်သင့်ကြောင်း ဗဟိုအမျိုး သမီးဆေးရုံကြီးမှသားဖွားမီးယပ် အထူးကုဒေါက်တာစိုးလွင်က ပြော သည်။ အမျိုးသမီးတို့သည် သွေးဆုံး ချိန်သို့ရောက်ပါက အပြောင်းအလဲ တစ်ခုမဟုတ်တစ်ခု ကြုံတွေ့ရ တတ်ပြီး စိတ်ဓာတ်ကျကာ မိသားစု နှင့် ထပ်တူထပ်မျှမကျခြင်းများ ဖြစ်တတ်ကြောင်း၊ ထိုအချိန်သို့ ရောက်ပါက အိမ်ရှိမိသားစုများ ကလည်း အစစအရာရာနားလည် မှု ပေးထားသင့်ကြောင်း သားဖွား နှင့်မီးယပ်အထူးကုဆရာဝန်တစ်ဦး ကပြောသည်။ ''အဲ့ဒီအချိန်ဆိုရင် စိတ်ဓာတ် ကျနေတတ်ကြတယ်။ ကိုယ်ကလဲ ဝေဒနာခံစားနေရတော့ သူတို့ အပေါ်မှာ အရင်လိုမဆက်ဆံနိုင်၊ သူတို့ကလဲ ကိုယ့်ကိုအလိုမကျနဲ့ သွေးဆုံးရင်ဒါတွေဖြစ်တတ်တယ်'' ဟု၎င်းကပြောသည်။ ယင်းကဲ့သို့ မဖြစ်စေရန် အရိုး သန်မာစေသော အစားအသောက် များကို သွေးမဆုံးမီ ငယ်စဉ်က တည်းကစားသောက်သင့်ခြင်းနှင့် ပဲနို့တစ်နေ့တစ်ဘူး သောက်ခြင်း၊ ပဲပုပ်၊ ပဲပိစပ် စသော ပဲပါသော အစားအသောက်များ စားသောက် ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာမျာြး

ပန်းရောင် နှုတ်ခမ်းလေးတွေ ပိုင်ဆိုင်နိုင်ဖို့

နှုတ်ခမ်းတွေ မည်းနေတတ်ပြီး ပန်းရောင် နှုတ်ခမ်းလေး တွေကို ပိုင်ဆိုင်ချင်တယ် ဆိုတဲ့ ပျိုမေတွေ အနေနဲ့ နွားနို့အေးနဲ့ နနွင်းမှုန့်တို့ကို ရောစပ်ပြီး နှုတ်ခမ်းကို သုတ်လိမ်းပေးပါ... ပြီးတော့ ငါးမိနစ်လောက် ဒီအတိုင်း ထားရပါမယ်... ဒီနည်းလမ်းအတိုင်း တစ်ပတ်လောက် လုပ်သွားမယ် ဆိုရင်ပဲ သင့်နှုတ်ခမ်း အရောင်အသွေးဟာ သိသာ ထင်ရှားစွာ ပြောင်းလဲ လာတာကို တွေ့ရပါလိမ့်မယ်။ လူအများစုဟာ သူတို့ရဲ့မျက်နှာနဲ့ ခန္ဓာကိုယ်ကို အစိုဓာတ် ထိန်းသိမ်း တတ်ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ နှုတ်ခမ်းတွေကိုတော့ အာရုံစိုက်မှု အလွန်နည်းပါတယ်။ ဆောင်းရာသီမှာ နှုတ်ခမ်းဟာ အစိုဓာတ် ဆုံးရှုံးကာ ခြောက်ပြီး အခြပ်လိုက် ကွာတတ်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းကို အဆီတောင့် (petroleum jelly) ဒါမှမဟုတ် နှုတ်ခမ်းဆိုးဆေးတွေ များများဆိုးပြီး ပျော့ပြောင်း မှုကို ထိန်းသိမ်းရပါမယ်။ အိပ်ရာ မဝင်ခင်မှာ ဗွီတွတ်(beetroot) ဖျော်ရည် နည်းနည်းကို နှုတ်ခမ်းမှာ လိမ်းပေးပါ။ ဗွီတွတ်တွေဟာ သဘာဝ အရောင်တင်ဆေး ဖြစ်တဲ့အတွက် မနက် အိပ်ရာထတဲ့ အချိန်မှာ သင့်နှုတ်ခမ်းတွေဟာ သဘာဝ အတိုင်း ပန်းရောင် သန်းနေပါလိမ့်မယ်။ နှင်းဆီအနီရဲ့ ပွင့်ချပ်တွေကို ကြေအောင်ကြိတ်ပြီး သင့်နှုတ်ခမ်းပေါ် သုတ်လိမ်းပါ။ သင့်န

သွေးပေါင် ကျခြင်းမှ ကာကွယ်ဖို့

ချွေးထွက်တွေ များပြီး သွေးတိုး မရှိတဲ့ လူတွေက သွေးပေါင် အရမ်းကျ ကျပါတယ်။ သွေးတိုးရင်တော့ သွေးပေါင်ကျအောင် လုပ်ရသလို သွေးပေါင် ကျရင်လည်း သွေးပေါင် ပြန်တက်အောင် လုပ်လို့ရပါတယ်။ ဒါပေမယ့် မကျခ င်မှာ ကြိုတင်ကာကွယ်တဲ့ နည်းလမ်း လေးတွေကို သိထားရင်လည်း ကြိုတင်ကာကွယ် ထားနိုင်ပါတယ်။ မုန်လာဥ အစိမ်းကို ဖျော်ရည်လုပ်၍ သောက်ခြင်းသည် သွေးတွေကျစေရန် သွေးပေါင်ချိန် ထိန်းရန် အလွန် အကျိုးရှိသော ကုသမှု ဖြစ်ပါတယ်။ မုန်လာဥ ဖျော်ရည် တစ်ခွက်ကို တစ်နေ့ နှစ်ကြိမ် သောက်သုံးပါ။ အာဟာရဓာတ် ကြွယ်ဝစေဖို့ အတွက် ပရိုတင်း၊ ဗိုက်တာ မင်စီနဲ့ ဘီအုပ်စုများ ပါဝင်တဲ့ အစာများကို မှီဝဲခြင်းက သွေးအတက်အကျကို ကာကွယ်ချိန် ညှိပေး နိုင်ပါတယ်။ သွေးပေါင်ကျခြင်းကို ထိန်းသိမ်းဖို့ရာ ဆားကို အသုံးပြုပေးပါ။ သွေးပေါင်ချိန် ပုံမှန်ရှိသူ တစ်ယောက်ပင် ဖြစ်စေကာမူ ဆားပါဝင်သော အစားအသောက်ကို စားသုံးပေးပါ။ ဆားလက်ဖက်ရည် ဇွန်းတစ်ဝက်ခန့်ကို ရေတစ်ဖန်ခွက်နှင့် ဖျော်၍ နေ့စဉ် သောက်သုံး ပေးလျှင် ကောင်းမွန် ပါတယ်။ ခန္ဓာကိုယ်ထဲမှ ရေဓာတ် ဆုံးရှုံးလျှင်လည်း သွေးပေါင်ချိန် ကျစေပြန်ပါတယ်။ သွေးပေါင်ချိန် ကျနေသော လူကို အရည်များများ ၀င်နိုင်သမျှ ၀င်အောင် တိုက်ပေးခြင်း