Skip to main content

Posts

Showing posts from October 28, 2014

နွေမိုးဆောင်း ရာသီမရွေး မီးတောက်နေသည့် ကံမမြို့ အနီးမှ ထူးခြားသော နတ်မီးတောက်တောင်

မကွေးတိုင်း ဒေသကြီး သရက်ခရိုင် ကံမမြို့နယ် နတ်မီးတောင် ကျေးရွာအုပ်စု နတ်မီးတောင် ကျေးရွာလေး တွင် တည်ရှိသော နတ်မီးတောက် တောင်တွင် နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး မီးငြိမ်းခြင်း မရှိဘဲ ထူးခြားဆန်းပြားစွာ မြေကြီးကျောက်ပုံ များကြားမှ မီးတောက်နေလျက် ရှိကြောင်း သိရသည်။ အဆိုပါ နတ်မီးတောက် တောင်မှာ သရက်မြို့မှ ဆိုလျှင် ၁၄ မိုင်ခန့်ဝေးပြီး ပြည်မြို့မှ ဆိုလျှင် ၃၉ မိုင်ခန့် အကွာအဝေးတွင် ရှိကာ ကံမမြို့နှင့် သရက်မြို့သို့ ဆက်သွယ်ထားသော ကားလမ်းဘေးတွင် တည်ရှိသည်။ အဆိုပါ နတ်မီးတောက်တောင်မှာ ရှေးနှစ်ပေါင်း မည်မျှကတည်းက တည်ရှိခဲ့သည်ကို ယင်းဒေသတွင် နေထိုင်လျက် ရှိကြသော နှစ်ပေါင်း ၈ဝ ကျော် ဒေသခံများပင် မမီခဲ့ကြကြောင်း၊ ယင်းနတ်မီးတောက် တောင်ကို ဒေသခံများက မင်းမဟာဂီရိခေါ် ပန်းပဲ မောင်တင့်တယ်နတ် လာရောက် နေထိုင်သည်ဟု ယုံကြည်လျက် ရှိကြကြောင်း၊ ယခင်က ဝါတွင်းကာလတွင် မီးတောက်ခြင်း မရှိဘဲ သီတင်းကျွတ်လ ပြီးမှသာ အဆက်မပြတ် မီးတောက်လျက် ရှိကြောင်း၊ ယခုအခါ ပြီးခဲ့သည့် သုံးနှစ်တာ ကာလမှစ၍ ဝါတွင်း ကာလတွင်ပါ မီးတောက်လျက် ရှိကြောင်းနှင့် ယခင်က လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုကြောင့် လူသူ အသွားအလာ နည်းပြီး လူသိနည်းခြင်း ဖြစ်ပြီး ယ

အစ္စရေးတွင် ဇနီး ၂၁ ဦးနှင့်သမီးများအပေါ် လိင်ပိုင်းကျူးလွန်သူကို ထောင်နှစ် ၃၀ ချမှတ်

အစ္စရေး တရားရုံး တခုက မယားပြိုင် ယဉ်ကျေးမှု ခေါင်းဆောင် တဦးကို သူ့ဇနီးတွေနဲ့ သမီးတွေ အပေါ် လိင်ပိုင်း ရာဇဝတ်မှု ကျူးလွန်တဲ့ အတွက် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့က ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်ပါတယ်။ ရှေ့နေတွေကတော့ နတ်ဘုရား တည်ရှိမှု အပေါ် ယုံမှားလွန်တာနဲ့ ထင်ယောင်ထင်မှား ဖြစ်မှု လွှမ်းမိုးတာရဲ့ အစိတ်အပိုင်း လို့ ပြောပါတယ်။ အသက် ၆၄ နှစ်အရွယ် ခုခံလျှောက်လဲသူ ဂိုအယ် ရတ်ဇန်ကတော့ မဖွယ်မရာလုပ်မှုနဲ့ မုဒိမ်းမှု စွဲချက်တွေ ကို ငြင်းဆိုထားပါတယ်။ တဲလ်အဗစ်ခရိုင် တရားရုံးကတော့ မြို့တလွှားက အိမ်အသီးသီးမှာ ပိတ်ထားတဲ့ ဇနီးသည် ၂၁ ယောက်နဲ့သမီး ၃၈ ယောက်အပေါ် ကျွန်ပြုမှု သီးခြားအမှုတွဲတွေကနေ သူ့ကို တရားသေလွှတ်ပေးခဲ့ဖူးပါတယ်။ ကိုယ်ပေါ်မှာ သူ့ရုပ်ပုံနဲ့ နာမည်ကို ဆေးမင်ကြောင်ထိုးထားတဲ့ ဇနီးသည်အများအပြားက သူတို့သဘောနဲ့ သူတို့ အတူနေခဲ့ကြတာ မဟုတ်ဘူးလို့ ငြင်းပါတယ်။ ဇနီးသည်တွေထဲက တယောက်ကတော့ အစ္စရေးစစ်တပ်ရေဒီယိုနဲ့ လူတွေ့ မေးမြန်းခန်းအတွင်း ခုတကြိမ် ပြစ်ဒဏ်စီရင်မှုကို ကြိုဆိုလိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ်က အစ္စရေးရဲ့ချန်နယ်တန်း ရုပ်သံလိုင်းက တဲလ်အဗစ်မြို့က သူ့အိမ်တလုံးကို ချဉ်းကပ်ပြီး သူ့ဘဝကို ရှား

လေဆာ သွားတိုက်ဆေး Colgate ကုမ္ပဏီက ဝယ်ယူ

အမေရိကန် ပြည်ထောင်စုရှိ ကမ္ဘာကျော် Colgate-Palmolive ကုမ္ပဏီိကြီးက မြန်မာနိုင်ငံက လေဆာ တံဆိပ် သွားတိုက်ဆေး ထုတ်လုပ်ဖြန့်ဖြူးမှု လုပ်ငန်းကို မူလပိုင်ရှင် ရွှေဧရာနဒီ ကုမ္ပဏီကနေ ဒေါ်လာ သန်း ၁ဝဝ လောက်နဲ့ ဝယ်ယူလိုက်ပြီလို့ အမေရိကန် Wall Street Journal သတင်းစာက ဖော်ပြလိုက်ပါတယ်။ အမေရိကန်ရှိ အတွင်းသိ ပညာရှင်တွေက ဒီအရောင်းအဝယ်ကိစ္စကို ထုတ်ဖော် ပြောကြားကြပြီး Colgate Co ကတော့ ဘာမှ အသေးစိတ် ကြေညာတာ မရှိသေးပါဘူး။ မြန်မာနိုင်ငံအပေါ် စီးပွါးရေးပိတ်ဆို့မှုတွေ ၂ဝ၁၂ ခုနှစ်က ပြန်လည် ရုတ်သိမ်းလိုက်ပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံခြားကုမ္ပဏီတစ်ခုက အများဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်တယ်လို့ စီးပွါးရေး ပညာရှင်တွေက ပြောကြပါတယ်။ အခု ချုပ်ဆိုပြီးသွားတဲ့ စာချုပ်အရ၊ လေဆာ သွားတိုက်ဆေး ထုတ်လုပ်ဖြန့်ဖြူးမှုလုပ်ငန်း အရပ်ရပ်ကို Colgate Co က တာဝန်ယူ လုပ်ကိုင်သွားမှာဖြစ်ပြီး၊ ထိုင်းနိုင်ငံမှာ ထုတ်လုပ်နေတဲ့ ကိုးလ်ဂိတ် ပစ္စည်းတွေကိုလည်း မြန်မာနိုင်ငံမှာ ဖြန့်ဖြူးရောင်းချသွားမယ်လို့ သိရပါတယ်။ နောက်ပိုင်းကျရင် ထိုင်းနိုင်ငံမှာ ထုတ်လုပ်နေတဲ့ လုပ်ငန်းကို မြန်မာနိုင်ငံထဲ ရွှေ့ပြောင်း ထုတ်လုပ်သွားမယ်လို့လည်း သိရပါတယ်။ RFA Burmese http://ift.

အင်းစိန်မြို့နယ်တွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပွား

ရန်ကုန်၊ အောက်တိုဘာ ၂၉ ၂၉.၁၀.၂၀၁၄ရက်နေ့ ၀၄၀၀အချိန်ခန့်တွင် အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များသည် အင်းစိန်မြို့နယ်၊ တညင်းကုန်း ရပ်ကွက်၊ စက်မှုဇုန် (၄)၊ ဆိပ်ကမ်းသာလမ်း၊ လှိုင်မြစ်ကမ်းဘေးတွင် မြစ်ရေ တိုက်စား မှုကြောင့် ကမ်းပါး ပြိုကျမှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေး ခဲ့ပါသည်။ ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာရှိ သင်္ဘောကျင်းမြေကွက်အမှတ် (၁၄၀/၁၄၁)တွင် အလျား (၅၀၀)ပေ၊ အနံ (၃၀၀)ပေခန့်ရှိ ကမ်းပါးပြိုကျမှုဖြစ်ပွား နေသည်ကို တွေ့ရှိခဲ့ရပြီး ၎င်းကမ်းပါး ပြိုကျသည့်နေရာဘေးတွင် နေထိုင်သော ကျူးကျော်တဲများမှ မိသားစုဝင်လူဦးရေ (၁၀၀)ခန့်မှာ ဆိပ်ကမ်းသာလမ်းပေါ်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကာ လူနှင့် ပစ္စည်းတစ်စုံတစ်ရာထိခိုက်ပျက်စီး ဆုံးရှုံးမှု မရှိကြောင်း သတင်းရရှိပါသည်။ Yangon Police http://ift.tt/1oASl5N from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1xCIZuN

တောင်ကြီးမြို့ တန်ဆောင်တိုင် လုံခြုံရေး တင်းကြပ်စွာ စီစဉ်

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ကျင်းပမယ့် တန်ဆောင်တိုင်ပွဲတော် လုံခြုံရေး အတွက် လုံခြုံရေးတပ်ဖွဲ့ အင်အား တစ်ထောင်ကျော်ကို တာဝန် ပေးထားတယ်လို့ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ထူးက ဒီကနေ့ ပြောပါတယ်။ တန်ဆောင်တိုင် ပွဲတော်လုံခြုံရေးဆောင်ရွက်မှု အခြေအနေနဲ့ပတ်သက်ပြီး တောင်ကြီးမြို့၊ အမှတ်(၂)အခြေခံအထက်တန်းကျောင်း၊ ပညာအလင်္ကာခန်းမမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးရာ ရဲမှူးကြီးမြင့်ထူးက အခုလိုပြောခဲ့တာပါ။ "ကျင်းပတဲ့အချိန်မှာ လုံခြုံရေးကိုတော့ ကျနော်တို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့နဲ့ ဆောင်ရွက်တာဖြစ်ပါတယ်၊ ဆောင်ရွက်ချိန်မှာ ရှိနေတဲ့အင်အားအပြင် တောင်ကြီးတောင်းပိုင်းခရိုင်မှာရှိတဲ့ ၄ ခရိုင် အင်အားတွေကို ခေါ်ယူပြီးမှသာ ကျနော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်၊ ဆောင်ရွက်တဲ့နေရာမှာလည်း ကျနော်တို့ လုံခြုံရေးကို အခြေ ၃ ခြေနဲ့ ဆောင်ရွက်ခဲ့ပါတယ်၊ သာမန်အခြေ လုံခြုံရေး၊ အရေးကြီးတဲ့လုံခြုံရေး၊ အရေးပေါ်လုံခြုံရေးဆိုပြီးတော့မှ ၃ ပိုင်းခွဲပြီးတော့ ကျနော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်၊ ပြီးတော့ ကျနော်တို့နဲ့ လုံခြုံရေးမှာဆိုရင်လည်း ကျနော်တို့အင်အားအပြင် စွမ်းအားရှင်တွေအပါအဝင် အင်အား ၁ဝဝဝ ကျော်နဲ့ပါ

ဒေါ်လာဈေးတွေ တက်ပြီး ကျပ်ဈေးတွေကျ

မြန်မာနိုင်ငံက ငွေလဲကောင်တာတွေမှာ မြန်မာငွေနဲ့ အမေရိကန် ဒေါ်လာ လဲနှုန်းဟာ အခု ရက်ပိုင်းအတွင်း တစ်ဒေါ်လာကို နှစ်ဆယ်ကျပ်လောက် ဈေးတက်သွားပါတယ်။ ဒေါ်လာငွေ လဲနှုန်းဟာ၂၀၁၂ ခုနှစ်လောက် ကစပြီး အစိုးရက ၈၈၅ ကျပ် စတင် သတ်မှတ်ပြီး နောက်ပိုင်း အခု တစ်ထောင်ကျော် ကို ပထမဆုံး ရောက်လာတာ ဖြစ်ပါတယ်။ ဒေါ်လာဈေး တက်ရင် ပြည်ပကို မြန်မာနိုင်ငံ အဓိက တင်ပို့နေတဲ့ ပို့ကုန်တွေ ဖြစ်တဲ့ ဆန်တို့ ပဲတို့ ငါးတို့ ပုဇွန် ရောင်းတဲ့သူတွေက တွက်ခြေ ကိုက်တယ်လို့ ပြောလို့ ရပေမယ့် လက်ရှိ မြန်မာနိုင်ငံ က ပြည်ပ ပို့ကုန် တင်ပို့မှုက အခု ရက်ပိုင်း ကျဆင်းနေတယ်လို့ ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ဖြစ်တဲ့ ဒေါက်တာ စိုးထွန်း က ဘီဘီစီကို ပြောပါတယ်။ အခုလို ဆန်တင်ပို့မှုတွေ ကျဆင်းနေသလို ပဲကလည်း အဓိက ဝယ်နေတဲ့ အိန္ဒိယက အဝယ်နည်း နေပါတယ်။ ဒါအပြင် အရင်က ပြည်ပ ဝင်ငွေ အရများတဲ့ စာရင်းမှာ ပါတဲ့ ငါး ပုဇွန် တင်ပို့မှုဟာ ဒီနှစ်တွေထဲမှာ သိသိသာသာ ကျဆင်း နေပါတယ်။ ဒီလို ဝင်ငွေရတဲ့ ပို့ကုန်တွေ ကျဆင်း နေပေမယ့် ပြည်တွင်းက မဖြစ်မနေ ဝယ်ပြီး တင်သွင်းနေတဲ့ ဒီဇယ်တို့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းတွေကတော့ ပွင့်လင်း ရာသီဆိုရင် ပိုပြီး တင်သွင်း ရလေ့ ရှိပါတယ်။ အစ

ကျပ်ငွေတန်ဖိုး ၂ နှစ်အတွင်း အနိမ့်ဆုံး ဈေးကို ရောက်

မြန်မာနိုင်ငံရဲ့ သွင်းကုန်တွေ တစ်နေ့တခြား မြင့်မားလာပြီး အမေရိကန်ဒေါ်လာက ဈေးခိုင် တောင့်တင်းလာတာကြောင့် မြန်မာကျပ်ငွေဟာ ပြီးခဲ့တဲ့ ၂ နှစ်ကာလအတွင်း အနိမ့်ဆုံး ဈေးကိုရောက်နေတယ်လို့ ဗဟိုဘဏ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစက်အောင်က ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ရေးသားလိုက်ပါတယ်။ အဲ့ဒီလို ဈေးကျနေတာဟာ ဒေသတွင်းက အိမ်နီးချင်းနိုင်ငံတွေက ငွေကြေးတွေနဲ့ ဆက်စပ်နေတာဖြစ်ပြီး ရှေ့လထဲမှာ ကျပ်ငွေဟာ ဈေးပြန်တက်လာစရာရှိတာကြောင့် ဗဟိုဘဏ်အနေနဲ့ ဘာမှဝင်စွက်စရာမလိုဘူး၊ အဓိကအကြောင်းရင်းက ကျပ်ငွေ အားယုတ်သွားတာမဟုတ်ပဲ ဒေါ်လာ ဈေးကောင်းလာတာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ အမေရိကန် ဒေါ်လာနဲ့ လဲလှယ်နှုံးမှာ ကျပ်ငွေဟာ တနင်္လာနေ့မနက်ပိုင်းက ၁ဝဝ၃ ကျပ် ရှိခဲ့ပြီး မနေ့မနက်ကတော့ ၁ဝဝ၄ ဖြစ်သွားခဲ့ပါတယ်။ တနင်္လာနေ့က ပြင်ပဈေးကွက် ပုဂ္ဂလိကဘဏ်တွေမှာ အမေရိကန် ဒေါ်လာဟာ ဝယ်ဈေး ၉၉၄ ကျပ်ရှိပြီး ရောင်းဈေး ၁ဝဝဝ ရှိခဲ့ပါတယ်။ RFA Burmese http://ift.tt/1kBhvP9 from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1tIITUs

လူကိုတိုက်မိပြီး ထွက်ပြေးသည့်ကား ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်းဖမ်းမိ

မိတ္ထီလာ အောက်တိုဘာ ၂၈ မိတ္ထီလာမြို့ ရန်ကုန်-မန္တလေးကားလမ်း အင်းကန်ကျေးရွာအနီး မိုင်တိုင် အမှတ်(၃၃၂/၆)တွင် အောက်တိုဘာ ၂၇ ရက် ည ၇ နာရီက ပန်းရန်လုပ်သား ဇင်ကိုချစ်ဦး (၂ဝ နှစ်)သည် တောင်မှမြောက်သို့ လော့ဂျာ ၁၁ဝ ဆိုင်ကယ်ကို စီးလာစဉ် မျက်နှာချင်းဆိုင်မှ ယာဉ်အမျိုးအစား နံပါတ်မမှတ်မိ၊ ကားကြီးတစ်စီးက ဝင်တိုက်သွားသဖြင့် ဇင်ကိုချစ်ဦးမှာ ဒဏ်ရာများရရှိသွားပြီး နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ကာ ဆိုင်ကယ်ရှေ့ပိုင်းမှာလည်း ကြေမွပျက်စီးသွား ခဲ့သည်။ မြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး သိန်းဟန်ဦးဆောင်၍ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်ရန်နိုင်ထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များသည် ရန်ကုန်လမ်းအတိုင်း ယင်းတော်၊ ပျော်ဘွယ်၊ ရမည်းသင်းရဲတပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ လူတိုက် ပြေးသော ကားနောက်ကို အဆက်မပြတ်လိုက်လံရှာဖွေရာ ရမည်းသင်းမြို့နယ် သဲကွဲဂိတ်တွင် လူတိုက်ပြေးသော ကားကို ည ၁ဝ နာရီတွင် ဖမ်းဆီးရမိ ခဲ့သည်။ ကားမှာ မန္တလေးမြို့ စက်မှု(၁)ပြည်ကြီးတံခွန် မြို့နယ်နေ ယာဉ်မောင်း စိုးမင်းဇော်(ခ)ရှမ်းလေး(၃၂ နှစ်)မောင်းနှင်သည့် ၈ှု။ ---- နီဆန်း ၁၂ ဘီး လိမ္မော်ရောင်ယာဉ်ဖြစ်ပြီး မြို့မရဲစခန်းက ယာဉ်မောင်း စိုးမင်းဇော်ကို အမှုဖွင့်အရေးယူထားကြော

အရှေ့ယူကရိန်း ရွေးကောက်ပွဲကို အသိအမှတ်မပြု

အခုလာမဲ့ တနဂင်္နွေနေ့ မှာ ရုရှ ထောက်ခံတဲ့ သူပုန်တွေ ထိန်းချုပ် နယ်မြေ အရှေ့ယူကရိန်း မှာ ကျင်းပမဲ့ ရွေးကောက်ပွဲ ဟာ တရားမဝင် တဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပြောတဲ့ သတင်း ကို ဘီဘီစီ သတင်းထောက် ဒီနာနယူးမင်း က ပေးပို့ လိုက်ပါတယ်။ ကနေဒါနိုင်ငံ မှာ ကျင်းပ တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ကအခုလို စီစဉ်ခြင်းဟာ ရုရှ ရော၊ ခွဲထွက်ရေး သမားတွေ ပါ၊ မင့်စ်ခ် မြို့ မှာ ခံဝန် သဘောတူ လက်မှတ်ရေးထိုး ခဲ့တာကို ပြောင်ပြောင်တင်းတင်း ချိုးဖေါက်တာ ဖြစ်တဲ့ အတွက် အမေရိကန် ရော နိုင်ငံတကာ ဘက်ကပါ အသိအမှတ် ပြုမှာ မဟုတ် ဘူး လို ပြောတာပါ။ အခုလို စီစဉ်ခြင်းအားဖြင့် ပြီးခဲ့တဲ့ စက်တင်ဘာလ က အပစ်ရပ်ရေး သဘောတူညီချက် ကိုလည်း ခြိမ်းခြောက်ရာ ရောက်တယ် လို့ ယူကရိန်း သမ္မတ ပိုရိုရှန်ကို ကလည်း ပြောပါတယ်။ သူပုန်တွေ ဘက်က တွက်တာ ကတော့ သူ့နယ် သူ့ပယ် ရွေးကောက်ပွဲ က အနိုင်ရ ခဲ့ရင် တရားဝင်မှု ရှိတာနဲ့ အမျှ နောင် ကို ယူကရိန်းအစိုးရ နဲ့ ဆွေးနွေးတဲ့ အခါမှာပင်၊ တန်းတူ ရည်တူ အဆင့် ရောက်ပြီ ဆိုတဲ့ အချက်ပါဘဲ။ ယူကရိန်း အစိုးရ ကလည်း ပါလီမန် ရွေးကောက်ပွဲ ပြီးပြီ ဖြစ်တဲ့ အတွက် ညွန့်ပေါင်း အစိုးရ ဖွဲ့ဖွယ်ရှိပါတ

လူရွှင်တော်မျက်နှာဖုံးစွပ် လက်နက်ကိုင်ဂိုဏ်း ပြင်သစ်နိုင်ငံတောင်ပိုင်း၌ ရဲတပ်ဖွဲ့ဖြိုခွင်း

ပါရီ အောက်တိုဘာ ၂၈ ပြင်သစ်နိုင်ငံ တောင်ပိုင်း အဂ္ဂဒေး မြို့၌ ဆပ်ကပ်လူရွှင်တော် မျက်နှာဖုံးတပ် ဆင်ကာ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်နေသော ဂိုဏ်းတစ်ဂိုဏ်းကို ရဲတပ်ဖွဲ့ က ဖြိုခွင်းခဲ့ကြောင်း ဒေသဆိုင်ရာ သတင်း ဌာနများ က အောက်တိုဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။ အဖွဲ့ဝင် ၁၄ ဦးပါ အဆိုပါဂိုဏ်း၏ ဂိုဏ်းဝင်များမှာ ဆယ်ကျော်သက်ရွယ်လူငယ် များဖြစ်ကြပြီး သေနတ် များ ၊ ဓားများနှင့် တင်းပုတ်များကို ကိုင်ဆောင်ကာ အများ ပြည်သူတို့အား ခြိမ်းခြောက် လျက်ရှိ ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ပြင်သစ်နိုင်ငံ အဂ္ဂဒေးမြို့ရှိ အထက် တန်းကျောင်းတစ်ကျောင်း၏ ကားရပ်နား ရာနေရာတွင် လက်နက်များ ကိုင်ဆောင် ထားသည့် ဆယ်ကျော်သက်ရွယ်လူငယ် ၁၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ထိုစဉ်အတွင်း မောင့်ပယ်လီယာမြို့၌ ဆပ်ကပ်လူရွှင်တော်မျက်နှာဖုံးစွပ် အကြမ်း ဖက်သမားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့သည်။ အဆိုပါ အကြမ်းဖက်သမားသည် လမ်းသွားလမ်းလာများကို သံတုတ်တစ်ချောင်း ဖြင့် လိုက်ရိုက်နေခဲ့သူဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ မကြာသေးမီ ရက်သတ္တပတ်များ အတွင်း ပြင်သစ်၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့ရှိ မြို့အချို့တွင် ဆပ်ကပ် လူရွှင်တော်မျက်နှာဖုံးစွ

ဆီးရီးယားအစိုးရထိန်းချုပ်ရာ အိုင်းဒလစ်မြို့ကို သူပုန်များတိုက်ခိုက်သိမ်းပိုက်

ဒမတ်စကတ် အောက်တိုဘာ ၂၈ အယ်လ်ခိုင်ဒါနှင့် ဆက်နွှယ်သော စစ်သွေးကြွများနှင့် အခြားသော ဆီးရီးယား သူပုန်အုပ်စုများက အစိုးရ ထိန်းချုပ်သော အိုင်းဒလစ်မြို့ရှိ အစိုးရ အဆောက်အအုံများကို တိုက်ခိုက်သိမ်းပိုက် လိုက်သည်။ အဆိုပါ သေနတ်သမားများက အစိုးရတပ်ဖွဲ့ဝင် ဒါဇင်ပေါင်းများစွာ အား သတ်ဖြတ်ခဲ့ကြောင်း နူဆရာ တပ်ဦးသူပုန်အဖွဲ့က ပြောသည်။ ဆီးရီးယားအစိုးရသည် ၂ဝ၁၂ ခုနှစ်ကတည်းက အဆိုပါမြို့ကို သူပုန် များထိန်းချုပ်မှုအောက်မှ ရယူထား သည်။ လေးနှစ်တာဆီးရီးယားစစ်ပွဲ အတွင်း သေဆုံးသူ ၂ဝဝဝဝဝ ကျော် ရှိ သွားပြီဖြစ်ကြောင်း သိရသည်။ ဆီးရီးယားကာ့ဒ်မြို့ ကိုဘာနီ၌ ဗြိတိသျှသတင်းထောက်ဂျွန်ကင်တိုင်း အား အိုင်အက်စ်တို့က ခေါင်းဖြတ် သည့် ဗီဒီယိုထွက်ပေါ်လာပြီးနောက် အစိုးရထိန်းချုပ်သော အိုင်းဒလစ် မြို့ကို သူပုန်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့ဝင်များက ကိုဘာနီမြို့ရှိ အိုင်အက်စ်တို့အား တိုက် ခိုက်နေချိန် အမေရိကန်တို့ကလည်း လေကြောင်းမှ လက်နက်များပံ့ပိုး ပေးလျက်ရှိသည်။ တူရကီနှင့်နယ်စပ် အနီး အဆိုပါမြို့တွင်းနှင့် မြို့ပြင်တို့ ၌တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။ ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့ဝင် များကိုကူညီရန်နှင့် အီရတ်ကာ့ဒ်တ

ဘီဘီစီ ပရိတ်သတ်တွေ ရွေးတဲ့ သြဇာရှိ အမျိုးသမီး ၁၀ ယောက်

ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်က ကမ္ဘာ့ နယ်ပယ် အသီးသီးက အမျိုးသမီး ၁၀ဝ ကို ဘီဘီစီ ရုံးချုပ်ဆီ ဖိတ်ခေါ်ပြီး ဆွေးနွေး ခဲ့ကြတဲ့ တစ်နှစ် ပြည့် အထိမ်း အမှတ် အထူး အစီအစဉ်တွေ တင်ဆက်ပေးနေပါတယ်။ အခုနှစ်မှာတော့ ပြီးခဲ့တဲ့ နှစ်က အမျိုးသမီးတွေ အရေး ဆွေးနွေး ခဲ့ကြတာတွေကို ပြန်လည် လေ့လာ သုံးသပ်ကြည့်ရင်း ကမ္ဘာမှာ ထင်ရှား ကျော်ကြားတဲ့ အမျိုးသမီးတွေ၊ သတ္တိရှင် အမျိုးမီးတွေ စုစုပေါင်း ၁၀ဝ ကို ရွေးထုတ် ပြီး သူတို့ အကြောင်း အစီအစဉ်တွေကို ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်ကနေ တင်ဆက်ပေးနေပါတယ်။ ဘီဘီစီ မြန်မာ ဌာနကတော့ ဘီဘီစီ ပရိတ်သတ်တွေ လေးစား အားကျတဲ့ အမျိုးသမီး ၁၀ ယောက်စာရင်း ပေးဖို့ ရေဒီယို အွန်လိုင်းနဲ့ ဖေ့စ်ဘွတ်တို့မှာ ဖိတ်ခေါ်ခဲ့တာ အခု စာရင်း ထွက်လာပါပြီ။ အဲဒီ စာရင်း အရ နံပတ် ၁ နေရာမှာ ဒေါ်အောင်ဆန်း စုကြည်က နေရာယူထားပါတယ်။ ဘီဘီစီ ပရိတ်သတ်တွေ လေးစားတဲ့ မြန်မာ အမျိုးသမီး ၁၀ ယောက်ကို အမှတ်စဉ် အလိုက် ဖော်ပြရရင် (၁) ဒေါ်အောင်ဆန်းစုကြည် (၂) ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက် (နာရေးကူညီမူအသင်း) (၃) ဒေါ်ဖြူဖြူသင်း (AIDS လူနာ စောင့်ရှောက်ရေး) (၄) ဒေါ်သန်းမြင့်အောင် (ဆည်းဆာရိပ် ဂီလာန ဘိုးဘွားရိပ်သာ) (၅) ဒေါက်တာ စင်သီယာမောင် (မယ်တော်

သတိထားရမယ့် သတင်းမီဒီယာတွေအကြောင်း ကိုမင်းကိုနိုင်နဲ့ မေးမြန်းချက် (အသံဖိုင်)

ပြည်သူ့ဘက်မှာ တချိန်က ရပ်တည်ခဲ့ပေမယ့် ဒီကနေ့လက်ရှိမှာ ဒီမိုကရေစီရေးကို သေးသိမ်အောင် လုပ်ဆောင်မယ်ဆိုရင် အဲဒီလို မီဒီယာမျိုးတွေကို သတိထားရမှာ ဖြစ်တယ်လို့ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြား လိုက်ပါတယ်။ RFA အဖွဲ့သား ဦးခင်မောင်စိုးက ကိုမင်းကိုနိုင် ကို ၈၈ ငြိမ်းချမ်းရေးးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဌာနချုပ်မှာ တွေ့ဆုံ မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။ RFA Burmese http://ift.tt/1mveILg from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1wJSrzE

တစ်ချိန်က မန္တလေးမြို့ အရုဏ်ဦး

မန္တလေးမြို့ရဲ့ နေ့သစ် တစ်ခုကို ဘုရားကြီးရဲ့ ဗုံတောင် ခေါက်သံနဲ့ စလိုက်တယ်။ မန္တလေးသား၊ မန္တလေးသူ တွေက မနက်စောစော ထတတ်၊ နိုးတတ်တဲ့ အလေ့အထ ရှိတယ်။ မနက် လေးနာရီ ဆိုရင် ဘုရားကြီး ပရိဝုဏ် အတွင်းက ဗုံတောင်ခေါက်ပြီ။ ဒီအချိန်မှာ မန္တလေးက လူအများစုဟာ ဘုရားကြီးနဲ့ နီးသူရော၊ ဝေးသူပါ အိပ်ရာက ထကြတယ်။ ဒီအချိန်ကို အလေးအနက် ထားကြတယ်။ ဂရုတစိုက် ရှိကြတယ်။ အရှေ့စောင်းတန်း အာရုံခံ တန်ဆောင်း အတွင်းမှာ ဗုံတောင် မခေါက်ခင် ကတည်းက ရေတော် ဆရာတော်နဲ့ သံဃာတော်တွေ၊ လူပုဂ္ဂိုလ်တွေ ဟာ ဗုံတောင် ခေါက်ချိန်ကို စောင့်ဆိုင်း နေကြတယ်။ မနက်စောစော မျက်နှာသစ် တော်ရေ ကပ်လှူတဲ့ အချိန်ဟာ ဘုရားကြီး ရင်ပြင်တော်မှာ နွေ၊ မိုး၊ ဆောင်း ဘယ်ရာသီပဲ ဖြစ်ဖြစ် သာယာ နေပါတယ်။ ဘုရားကြီး အတွင်း ရောက်လာ သူတိုင်း ကြည်နူးမှု၊ အေးချမ်းမှုတွေ ခံစားကြ ရတယ်။ စိတ်ကြည်လင် နေတတ်တယ်။ ပူပင်သောကတွေ၊ စိုးရိမ် ကြောင့်ကျမှု တွေ အထိုက်အလျောက် လျော့နည်း ပျောက်ကွယ် သွားမြဲပါ။ မြင်မြင်သမျှ တွေ့ရသမျှ ရဟန်းရှင်လူ တွေရဲ့ မျက်နှာတိုင်း ကြည်လင်ရွှင်ပျ အေးမြနေကြတယ်။ ဗုံတောင်ခေါက်လို့ တံခါးတွေ ဖွင့်ပြီး ဆိုတာနဲ့ ရေတော် ကပ်မယ့် ဆရာတော်နဲ့ တကွ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူကြ

အောက်တိုဘာလ (၂၉)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

အောက်တိုဘာလ (၂၉)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ အောက်တိုဘာလ (၂၉)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1xBgBt0

D Wave Vol 3 No 36

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1teqqfD via IFTTT

Myanmar Times (English) Issue 752

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1teqnRb via IFTTT

Kumudra Vol 4 No 23

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1teqnR3 via IFTTT

The Messenger Vol 5 No 22

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1nNOFSE via IFTTT