Skip to main content

Posts

Showing posts from April 26, 2016

တစ်ပတ်အတွင်းSix Packထွက်စေမယ့် လေ့ကျင့်ခန်း - SHWEMOM

Six Packရဖို့ကို လူတိုင်းလိုချင်ကြပါတယ်။ ဒါပေမယ့် ကြိုးစားတဲ့နည်းစနစ်မှားနေရင်တော့ တစ်လလည်းထွက်လာ မှာမဟုတ်သလို ၂လလည်း မထွက်လာပါဘူး။ အခုဖော်ပြပေးမယ့် Youtube Video လေးကတော့ Six Pack ကို တစ်ပတ်အတွင်းထွက်အောင် နည်းမှတ်လမ်းမှန်နဲ့လေ့ကျင့်နည်းလေးဖြစ်ပါတယ်။ Youtube ပေါ်မှာ လူ၈သန်းလောက်ကြည့်ရှုခဲ့တဲ့ ဗီဒီယိုလေးဖြစ်ပြီး ကျေးဇူးတင်သူအများအပြားရခဲ့တဲ့ဗီဒီယိုလေး ဖြစ်ပါတယ်။ လေ့ကျင့်ခန်းတွေဟာ ရိုး၇ှင်းပြီး ထိရောက်တာကိုတွေ့ရပါတယ်။ Source: youtube The post တစ်ပတ်အတွင်းSix Packထွက်စေမယ့် လေ့ကျင့်ခန်း appeared first on SHWEMOM. from Latest Myanmar Breaking News ( မြန်မာ့ သတင်း) http://ift.tt/1VPFbGv via IFTTT

ရခိုင်အမျိုးသားပါတီမှ အစိုးရဖွဲ့ခွင့်ရရှိရေး သံတွဲနှင့် တောင်ကုတ်တွင် ဆန္ဒပြတောင်းဆ�

သတင်း ပြည်တွင်း စစ်တွေ၊ဧပြီ ၂၆ ။ ။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ANP က ဦးဆောင်ဖွဲ့စည်းခွင့်ရရှိရေးအတွက် ယနေ့ ဧပြီ ၂၆ ရက်နေ့တွင် သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်များတွင် လူထုဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆန္ဒဖော်ထုတ်ပွဲကို သံတွဲမြို့နယ်တွင် လူဦးရေ ၁၂၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြပြီး၊ တောင်ကုတ်မြို့နယ် ဆန္ဒဖော်ထုတ်ပွဲကို လူဦးရေ ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ ဆန္ဒဖော်ထုတ်ရာမှာ ကြွေးကြော်သံများအဖြစ် " ANP အစိုးရဖွဲ့စည်းရေး ဒို့အရေး၊ ရခိုင်အမျိုးပါတီကို ထောက်ခံတယ် ..ထောက်ခံတယ် ၊ တစ်ပါတီအာဏာရှင် စနစ်အလိုမရှိ၊ ရခိုင်ပြည်သူ ဆန္ဒကို လေးစားပါ..လေးစားပါ" စသည့် ပိုစတာ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကြွေးကြော်ခဲ့ကြကြောင်းတောင်ကုတ်မြို့နယ် ဆန္ဒဖော်ထုတ်မှုတွင် ဦးဆောင်ပါဝင်သူ ရခိုင်လူမှုကွန်ရက် အဖွဲ့မှ ဦးညွှန့်အောင်က မဇ္ဈိမကို ယခုလို ပြောကြားခဲ့သည်။ “အဓိက ရည်ရွယ်ချက်ကတော့ ရခိုင်အမျိုးသားပါတီ အစိုးရအဖွဲ့ဖွဲ့စည်းရေးပါပဲ၊ ဒါဟာ ပြည်သူတွေရဲ့ ဆန္ဒပဲဖြစ်ပါတယ်။"၎င်းကဆိုသည်။ ရခိုင်အမျိုးသားပါတီ အစိုးရဖွဲ့စည်းရေးနှင့် ၁/၂၀၁၆ ကြေညာချက်ကို ထောက်ခံဆန္ဒဖော်ထုတ်မှုများအဖြစ် စစ်တွေ၊ မင်းပြား၊ြေ

အုတ်ကြားမြက်ပေါက် ရုပ်ရှင် ဇာတ်ကား မေလ ၆ရက်တွင် စတင် ရုံတင်မည်

ဖျော်ဖြေရေး ပြည်တွင်း ရန်ကုန် ၊ ဧပြီ ၂၆ ။ ။ ရွှေစင်ဦး ရုပ်ရှင် ၊ ဗီဒီယို ထုတ်လုပ်ရေးမှ စီစဉ် ပြီး ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူး ထားသည့် အုတ်ကြားမြက်ပေါက် ရုပ်ရှင် ဇာတ်ကားကြီး ကို မေ ၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများတွင် စတင် ပြသ သွားမည် ဖြစ်သည်။ အုတ်ကြားမြက်ပေါက် ရုပ်ရှင် ဇာတ်ကားကို ဇာတ်လမ်း မောင်ရွှေစွန် ၊ ဇာတ်ညွှန်း ဆဲဗင်းဒေး ဖြစ်ပြီး ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးကာ သရုပ်ဆောင်များ အဖြစ် နေတိုး ၊ နေမင်း ၊ ထွန်းထွန်း ၊ သက်မွန်မြင့် ၊ စိုးမြတ်သူဇာ နှင့် သရုပ်ဆောင် များစွာမှ ပါဝင် ထားကြသည်။ ဇာတ်ကားသည် မိဘတွေကြောင့် သားသမီးများ လမ်းမှား ရောက်ရပုံ ၊ လူငယ်တွေကြား ဖြစ်တတ်သည့် သဘာဝ နှင့် မိဘ များ၏ သားသမီးပေါ် ထားသည့် မေတ္တာတရား အကြောင်းတွေကို ဒါရိုက်တာ မှ ရိုက်ကူး ပုံဖော် ပေးထားခြင်း ဖြစ်သည်။ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် က " မိဘ နှင့် သားသမီး ကြား နားလည်မှု လွဲခဲ့လျှင် မိဘ က သားသမီး ထိန်းချုပ်သည့် လမ်းကြောင်း လွဲသွားလျှင် သားသမီးသည် လမ်းကြောင်း လွဲသွားနိုင်ကြောင်း မိဘ မှ အချစ် လွန်ပြီး ထိန်းချုပ်မှု များသွားလျှင် လည်း လမ်းကြောင်းလွဲသွားနိုင်ပုံများကို ပုံဖော

"သမ္မတ ဦးထင်ကျော်ထံသို့ တီမောလက်စ်တေသံအမတ်ကြီး ခန့်အပ်လွှာပေးအပ် "

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ် မစ္စတာ ဂျိုအာ ဖရိတက်စ် ဒီ ကမ်မာရာ သည် ယနေ့(ဧပြီ ၂၆ရက်) နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ကြောင်း သတင်းရရှိသည်။ ဓာတ်ပုံ-သမ္မတရုံး Let's block ads! (Why?) from Latest Myanmar Breaking News ( မြန်မာ့ သတင်း) http://ift.tt/1SLuJik via IFTTT

Listening Skillတိုးတက်ချင်သူတိုင်းနားထောင်သင့်တဲ့အသံဖိုင် - SHWEMOM

Listeningတိုးတက်ချင်သူတွေအတွက် အရမ်းကောင်းတဲ့အသံဖိုင်တင်ပေးလိုက်ပါတယ်။ How to…..ပါ။ သူက BBC ကနေ စီစဉ်တင်ဆက်ထားတာပါ။ နေ့စဉ်သုံးနေရတဲ့ အရာတွေကိုအဓိကထားပြီး ဖော်ပြထားတာပါ။ဥပမာ How to complain,How to give directions, How to gossipစသဖြင့်ပေါ့။ အရမ်းကိုမိုက်ပါတယ်။ Listeningလည်း တိုးတက်ပြီးSpeakingလည်းတိုးတက်နိုင်ပါတယ်။ အမြဲတမ်းဖုန်းထဲထည့်ထားပြီး ဘတ်စကားပေါ်မှာလည်းနားထောင်နိုင်ပါတယ်။ ညအိပ်ခါနီးလည်းနားထောင်နိုင်ပါတယ်။ Shwemomပရိတ်သတ်ကြီး အင်္ဂလိပ်စာအမြန်ဆုံးတိုးတက်ကြပါစေနော်။ အောက်ပါlinkမှာ ဒေါင်းလုပ် လုပ်နိုင်ပါတယ်။ Download Here source:bbc The post Listening Skillတိုးတက်ချင်သူတိုင်းနားထောင်သင့်တဲ့အသံဖိုင် appeared first on SHWEMOM. from Latest Myanmar Breaking News ( မြန်မာ့ သတင်း) http://ift.tt/1XU2AUy via IFTTT

လှချင်ရင် ဒီအစားအစာ(၅)မျိုးကိုစားပါ - SHWEMOM

အလှအပနဲ့ပတ်သက်ရင် လူတွေဟာ အပေါ်ယံအရေပြားကို ကြည့်ပြီး မျက်မြင်နဲ့ဆုံးဖြတ်ကြပါတယ်။ ဒါကလည်း ယေဘု ယျသဘောအရ မှန်ပါတယ်။ ဒီတော့ အလှအပနဲ့ ပတ်သက်လာတဲ့အခါ အသားအရေဟာ ယေဘုယျကျတဲ့ အလှတရား ထဲမှာ အရေးကြီးစွာ နေရာယူထားပါတယ်။ ဒါကြောင့် Shwemom ပရိသတ်ကြီးအတွက် အသားရေလှဖို့အတွက် သင့် တော်တဲ့ အစားအစာ (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ထောပတ်သီး ထောပတ်သီးဟာ အသားရေကိုသာမက ဆံပင်ကိုလည်း နက်မှောင်သန်စွမ်းစေပါတယ်။ ထောပတ်သီးမှာ Biotin ဓာတ်လို့ခေါ်တဲ့ ဗီတာမင် B ပါဝင်ပြီး အသားအရေကို ကျန်းမာစေပါတယ်။ ဗီတာမင် E လည်း ကြွယ်ဝစွာ ပါဝင်လို့ ဆံပင် နဲ့ ခန္ဓာကိုယ် အသားအရေအတွက် စိတ်ချရပါတယ်။ (၂) ခရမ်းချဉ်သီး ခရမ်းချဉ်သီးကို The post လှချင်ရင် ဒီအစားအစာ(၅)မျိုးကိုစားပါ appeared first on SHWEMOM. from Latest Myanmar Breaking News ( မြန်မာ့ သတင်း) http://ift.tt/1NvJ28F via IFTTT

ကမ္ဘာပေါ်မှာသရဲအခြောက်ဆုံး ဟိုတယ်(၃)ခု - SHWEMOM

Stanley Hotel Estes Park, CO The Shining ဆိုတဲ့ စာအုပ်ဖတ်ဖူးလား၊သို့မဟုတ် ရုပ်ရှင်ရောကြည့်ဖူးလား။ နာမည်ကျော်သရဲဝတ္ထုတွေကို အသက်သွင်းခဲ့သူ Stephen Kingဆိုတဲ့ စာရေးဆရာရဲ့ ကြောက်စရာအကောင်းဆုံးသရဲဝတ္ထုThe Shining ထဲက ဟိုတယ်ဟာ Stanley Hotelပဲဖြစ်ပါတယ်။ ဒီဟိုတယ်ကိုတည်ထောင်ခဲ့သူကတော့ Stanley Steamer Automomobiles များကိုတီထွင်ခဲ့သူလည်းဖြစ်ပါတယ်။ နာမည်က F.O. Stanleyဖြစ်ပါတယ်။ ဒီဟိုတယ်မှာ မကြာခဏဆိုသလို သူတို့လင်မယားရဲ့ဝိညင်တွေဟာ ခန်းမထဲမှာဖြတ်လျှောက်နေတတ်ပြီး တစ်ခါတစ်လေ စန္ဒရား တီးနေတတ်ကြပါတယ်။ ဒါ့အပြင် ဒီဟိုတယ်မှာ မကျွတ်မလွတ်သေးတဲ့ ဝန်ထမ်းတွေလည်း များစွာရှိနေပါတယ်။ အခန်း ၂၁၇ဆိုရင် ဘယ်သူမှမသွားရဲပါဘူး။ အဲ့ဒိအခန်းထဲမှာသေသွားတဲ့ဝန်ထမ်းဟာ အခုအချိန်အထိ လာသမျှ လူတိုင်းကို ခြောက်လှန့်တတ်လို့ပါ။ တစ်ခါတစ်လေ သရဲမယုံကြည်သူများကတော့ ဒီဟိုတယ်မှာ လေ့လာရေး အဖြစ်ညလာအိပ်တတ်ကြပြီး များသောအားဖြင့် ကြောက်လန့်သွားကြတတ်ကြပါတယ်။ The 1886 Crescent The post ကမ္ဘာပေါ်မှာသရဲအခြောက်ဆုံး ဟိုတယ်(၃)ခု appeared first on SHWEMOM. from Latest Myanmar Breaking News ( မြန်မာ့ သတင်း) http://ift.tt/1XU2xZ1 via IFTTT

NCA လက်မှတ်မထိုးထားသည့် အဖွဲ့သုံးဖွဲ့က လက်ရှိအာဏာရအစိုးရဖြင့်သာ တွေ့ဆုံရန်ကြိုးပမ်းမ�

သတင်း ပြည်တွင်း ချင်းမိုင်၊ဧပြီ ၂၆ ။ ။ ပလောင်၊ ကိုးကန့်နှင့် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်း ၃ ဖွဲ့က မြန်မာ့တပ်မတော် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦးနှင့် ယခင်အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) ကိုယ်စားလှယ်များ၏ တွေ့ဆုံရန်ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်ပြီး လက်ရှိအာဏာရအစိုးရဖြင့်သာ တွေ့ဆုံရန်ကြိုးပမ်းမည်ဖြစ်ကြောင်း PSLF/TNLA ဥက္ကဌ တာအိုက်ဘုန်းက ပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းက ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)ညှိနှိုင်းပေးမှုဖြင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - MNDAA ၊ တအာင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် - TNLA နှင့် ရက္ခိုင့်တပ်မတော် - AA တို့နှင့် ယင်းကိုယ်စားလှယ်အဖွဲ့မှာထိုင်းနိုင်ငံတွင် တွေ့ဆုံရန် စီစဉ်ထားခြင်းဖြစ်သည်။ ဧပြီ ၂၆ရက်နေ့ ရက်စွဲဖြင့် အဆိုပါ အဖွဲ့(၃)ဖွဲ့မှု ပူးတွဲ ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ ယခုကဲ့သို့ တွေ့ဆုံရန်ငြင်းဆန်လိုက်ခြင်းဖြစ်သည်။ “သူတို့ အာဏာရှိတဲ့ အချိန်ကြတော့ မတွေ့ချိန်ဘူး။ ကျွန်တော်တို့နဲ့ ပါဝင်ခွင့်လည်း မပေးချင်ဘူးဆိုတော့ အခုချိန်မှာ တွေ့ချင်တယ် ဆိုတဲ့ဟာက ကျွန်တော်တို့ဘက်က စဉ်းစားစရာတခုဖြစ

အတိတ်ကို ပြည်ဖုံးကားချချင်တဲ့ NLD လွှတ်တော်အမတ်

အတွေးအမြင် ဆောင်းပါး စစ်အာဏာရှင်ခေတ်ဆိုးကြီး တစ်စတစ်စမှေးမှိန်လာချိန်တွင် နိုင်ငံရေးအကျဉ်းသားအဖြစ် ဆယ်စုနှစ် နှစ်ခုကျော်ဖြတ်သန်းလာသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်က အတိတ်ကိုရင်ဝယ်ပိုက်ထားခြင်း မရှိဘဲ အကောင်းမြင်သောခြေလှမ်းများဖြင့် ရှေ့ဆက်လှမ်းရန် အားသန်နေပြီဖြစ်သည်။ နေပြည်တော် (Myanmar Now)— ဘုံအဆင့်ဆင့်ဆောက်လုပ်ထားသည့် အဆောက်အဦများ၊အစိမ်းရောင် မြက်ခင်းတို့ လွှမ်းထားသောနေပြည်တော် လွှတ်တော်ဝင်းကြီးသည် နတ်ပြည်နတ်နန်းလော၊ သို့တည်းမဟုတ် မွန်းတည့်ချိန် ပြင်းထန်လွန်းသည့် နေအပူရှိန်ကြောင့် ဖြစ်ပေါ်လာသော တံလျှပ်ခိုးများကြား သီးခြားတည်ရှိနေသော ထိုအဆောက်အအုံများသည် ငရဲပြည်လောဟု အမျိုးအမျိုး ထင်မှတ်မှားစရာ ရှိသည်။ အစိမ်းရောင်၊ အနီရောင်၊ အဝါရောင်ခြယ်ထားသော လွှတ်တော်အဆောက်အဦတစ်ခုအတွင်း သစ်သားစားပွဲကြီးတစ်ခုနောက်တွင် ပင်နီတိုက်ပုံ၊ ကချင်လုံချည်ဝတ်ဆင်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးသည် ၎င်း၏ ပြည်သူ့လွှတ်တော်ဆိုင်ရာ နိုင်ငံတကာဆက်ဆံရေးကော်မတီအတွင်းရေးမှုး တာဝန်ဖြင့် အလုပ်များနေသည်။ သံရုံးဖိတ်ကြားစာများ၊ သံတမန်တို့၏တွေ့ခွင့်တောင်းဆိုမှုများနှ

ညစ်ပတ်တဲ့အတွင်းခံဘောင်းဘီတွေဝတ်ခြင်းက အသက်အန္တာရယ်အထိခြိမ်းခြောက်နိုင် - SHWEMOM

ညစ်ပတ်တဲ့အတွင်းခံတွေယတ်ခြင်းက ရှက်စရာလည်းကောင်းသလို ကျန်းမာရေးအရလည်း အသက်အန္တာရာယ်အထိ ထိခိုက်နိုင်ပါတယ်။ ဒီလိုသာမန်ဘာမဟုတ်တဲ့ ပျင်းရိမှုလေးကနေ အသက်အန္တာရယ်အထိဖြစ်နိုင်တယ်ဆိုတာ သင်တွေး မိမှာမဟုတ်ပါဘူး။ အတွင်းခံတွေကို နေ့စဉ်လျှော်သင့်သလို၊ နေ့တိုင်းလည်း ပြောင်းလဲဝတ်ဆင်သင့်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုက ကျန်းမာရေးကောင်းခြင်းရဲ့ ပထမဆုံးအဆင့်ပါ။ တစ်ကိုယ်ရေသန့်ရှင်းခြင်းကရောဂါပိုးတွေ၊ ဘက်တီးရီးယားတွေကို သင်နဲ့ဝေးစေပါတယ်။ စစ်တမ်းအချို့အရ လူတော်တော်များများဟာ အတွင်းခံတွေကို ပုံမှန်လဲပြီးဝတ်ဆင်လေ့မရှိဘူး လို့ သိရပါတယ်။ သင်ရော အဲ့ဒိထဲမှာပါပါသလား၊ ပါတယ်ဆိုရင်တော့ သင်အောက်ပါအချက်လေးတွေကို သိသင့်ပါ တယ်။ သင်ဟာအတွင်းခံတွေကို ပုံမှန်လဲလည်ဝတ်ဆင်သူမဟုတ်ရင် သင့်ရဲ့အတွင်းပေါင်သားတစ်ဝိုက်ယားယံလာပါမယ်။ ဒီလိုဖြစ်ရခြင်းရဲ့အခြေခံအချက်က သင်ရဲ့အတွင်းဟာ သင်အိမ်သာတက်တိုင်း သင့်ရဲ့အညစ်အကြေးတွေကထွက်ပြီး သင်မမြင်နိုင်လောက်အောင်သေးတဲ့ အညစ်အကြေးစတွေ ကပ်စင်ပါတယ်။ ဒီအညစ်အကြေးတွေဟာ ခန္တာကိုယ်ထဲ ကိုပြန်မဝင်သင့်တဲ့ အညစ်အကြေးတွေပါ။ ဒီအညစ်အကြေးတွေက သင့်ကိုယားယံစေရုံတင်မဟုတ်ပါဘူး။ ဆီးလမ်း ကြောင်းနဲ့သက်ဆိုင်တဲ့ရောဂါတွေကိုပြါ

“လေ့ကျင့်ပျံသန်းနေသော တပ်မတော်ရဟတ်ယာဉ် မုန်တိုင်ဆည်အတွင်းပျက်ကျ”

လေ့ကျင့်ပျံသန်းနေသော မိထ္ထီလာတပ်နယ်၊လေကြောင်းအတတ်သင်လေ တပ်စ ခန်းဌာနချုပ်မှ ရဟတ်ယာဉ်တစ်စင်းသည် ယနေ့ ဧပြီ ၂၆ ရက်နံနက် ၈နာရီ ၂၆မိနစ်က မိထ္ထီလာမြို့ မုန်တိုင်ဆည်အတွင်း ထိုးဆင်းပျက်ကျခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။ ပျက်ကျခဲ့သော ရဟတ်ယာဉ်မှာBell-206 အမျိုးအစား ရဟတ်ယာဉ်အမှတ် ၀၁၂၅ဖြစ်ပြီး ဆည်အတွင်း ကမ်းစပ်မှ ပေ ၅၀၀ အကွာ ရေပြင်အထက် အမြင့်ပေ ၃၀၀ ခန့်မှ ရုတ်တရက်စက်ချို့ယွင်းပြီး ထိုးဆင်းပျက်ကျခြင်းဖြစ်သည်။ ရဟတ်ယာဉ်ပျက်ကျချိန်တွင် ဆည်အတွင်းရှိနေသော ငါးဖမ်းလှေများက ရဟတ်ယာဉ်ပေါ်ပါ လေသူရဲနှစ်ဦးကို ချက်ချင်းဆယ်ယူနိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်သည်။ ရဟတ်ယာဉ်ပျက်ကျခဲ့သောကြောင့် ပွန်းပဲ့ဒဏ်ရာအနည်းငယ်ရခဲ့သော လေသူရဲနှစ်ဦးကို ဆေးရုံတင်ဆောင်ထားကြောင်း သတင်းထုတ်ပြန်သည်။ ပျက်ကျရဟတ်ယာဉ်မှာ မုန်တိုင်ဆည်အတွင်း နစ်မြုပ်သွားခဲ့သည်။ ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး Let's block ads! (Why?) from Latest Myanmar Breaking News ( မြန်မာ့ သတင်း) http://ift.tt/1SLjCpV via IFTTT

ပူပြင်းခြောက်သွေ့သည့်ရာသီဥတုက မြန်မာနိုင်ငံခရီးသွားလာမှု လုပ်ငန်းအပေါ် သက်ရောက်မှုရှိ

သတင်း ပြည်တွင်း ညောင်ဦးမြို့ ပုဂံရှေးဟောင်း ဘုရားသို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားဧည့်သည်များအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ) ရန်ကုန် ၊ဧပြီ ၂၆ ။ ။ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှ နိုင်ငံအချို့တွင် ယခုနှစ် ခံစားရသောပူပြင်းခြောက်သွေ့သည့် ရာသီဥတုကြောင့် မြန်မာနိုင်ငံခရီးသွားလာမှုအပေါ် သက်ရောက်မှု ရှိလာနိုင်ကြောင်း သိရသည်။ ယခုနှစ် အယ်လ်နီညို ရာသီဥတုအပူရှိန်ကြောင့် ပုဂံယဉ်ကျေးမှု ဒေသအပါအ၀င် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများသို့ လာရောက်လည်ပတ်သည့် ပြည်ပခရီးသွားများ လျော့နည်းပြီး ကမ်းခြေဒေသများ သို့ရီးသွားလာမှုမြင့်တက်လာကြောင်း ပြင်သစ်အခြေစိုက် အွန်လိုင်းဟိုတယ် အခန်းဌားဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သည့် Jovago၏ လေ့လာချက်အရသိရသည်။ ''ပုဂံလိုနေရာမျိုးကို တခြားနေရာတွေထက်စာရင်သွားလာမှု နည်းပါးလာတာတွေ့ရတယ်။ အခုလိုအချိန်မှာခရီးသွားအဝင်နည်းလာတဲ့ ပုဂံလိုဒေသမျိုးကိုသွားရောက် လည်ပတ်မယ်ဆိုရင် ကောင်းပါတယ် ဧည့်သည် ရဖို့အတွက် ဈေးနှုန်းတွေ ချပေးလာတာမျိုးတွေရှိတယ်တဲ့အတွက် ပြည်တွင်းခရီးသွားလာသူတွေအတွက် အခွင့်အလမ်းပါပဲ '' ဟုJovago ၏ မြန်မာနိုင်ငံဆိုင်ရာမန်နေးဂျင်း ဒါရို

ဒီဇိုင်းအသစ်နဲ့ MIUI 8 ကို မေလ ၁၀ ရက်နေ့မှာ မိတ်ဆက်မည် - DigitalTimes.com.mm (Myanmar Technology...

Xiaomi ကုမ္ပဏီဟာ နောက်လ ၁၀ ရက်နေ့၊ ဘေဂျင်းမြို့မှာပြုလုပ်မယ့် ကုန်ပစ္စည်းမိတ်ဆက်ပွဲမှာ MIUI 8 ၊ Mi Max phablet နဲ့ Mi Band 2 တို့ကို စတင်မိတ်ဆက်သွားမှာဖြစ်ကြောင်း တရားဝင်ကြေငြာလိုက်ပါတယ်။ ဒီဇိုင်းအသစ်နဲ့ MIUI 8 မှာ notification bar ပုံစံကပြောင်းလဲသွားပြီး၊ Notification Shade ဆိုတဲ့ ဒီဇိုင်းအသစ်နဲ့ ဖြစ်ပါတယ်။ Mi Max ဖုန်းအကြောင်းကိုတော့ အသေးစိတ်ပြောကြားခြင်းမျိုးမရှိခဲ့ဘဲ၊ Mi Max ဆိုတဲ့ နာမည်၊ ထွက်ထားတဲ့သတင်းတွေအရ ဒီဖုန်းဟာ စခရင်ကြီးကြီးနဲ့ ဖုန်းနဲ့တက်ဘလက်ကြား၊ ဖက်ဘလက်မျိုးဖြစ်မယ်လို့ သိထားပါတယ်။ Xiaomi က ကြော်ငြာမိတ်ဆက်လုပ်ထားတဲ့ပုံအရ Mi Max ဖုန်းဟာ ဂျင်းဘောင်းဘီအိတ်ကပ်ထဲ ထည့်ယူသွားနိုင်လောက်တဲ့ ဒီဇိုင်းလည်းရှိတာကြောင့်၊... The post ဒီဇိုင်းအသစ်နဲ့ MIUI 8 ကို မေလ ၁၀ ရက်နေ့မှာ မိတ်ဆက်မည် appeared first on DigitalTimes.com.mm (Myanmar Technology News). from Latest Myanmar Breaking News ( မြန်မာ့ သတင်း) http://ift.tt/1XTTTcT via IFTTT