Skip to main content

Posts

Showing posts from April 6, 2014

" ဒဂုန်တာရာ နှင့် နိုင်ငံရေး " ဆရာ ဒဂုန်တာရာ၏ နိုင်ငံရေးကို ခွဲခြမ်းစိတ်ဖြာကြည့...

" ဒဂုန်တာရာ နှင့် နိုင်ငံရေး " ဆရာ ဒဂုန်တာရာ၏ နိုင်ငံရေးကို ခွဲခြမ်းစိတ်ဖြာကြည့်ရာတွင် နှစ်ပိုင်းတွေ့ ရ၏။ တစ်ပိုင်းမှာ သူ၏ တော်လှန်ရေး အမြင်ဖြစ်သည်။ သူသည် တက္ကသိုလ် ကျောင်းသား ဘ ဝ ကတည်းက မာ့က်စ် လီနင်ဝါဒကို လက်ခံသူဖြစ်ကြောင်း သူ ၏စာများနှင့် သူ့အပေါင်းအသင်းများ ကိုလေ့လာဆန်းစစ်ကြည့်ရာတွင် တွေ့ ရလေသည်။သူသည် ဗ မာပြည်ကွန်မြူ နစ်ပါတီခေါင်းဆောင်များနှင့် ရင်းနှီးပြီး သူတို့နှင့် သဘောတရားအမြင်ချင်းတူ သော်လည်း ကွန်မြူနစ်ပါတီနှင့်ပတ်သက် ခြင်းမရှိပေ။ သူ့ကို ဖဆပလနှင့် အေ နာက် အုပ်စုက လက်ဝဲစာရေးဆရာအဖြစ် သတ် မှတ်ကြသည်။ ထိုသို့ဖြစ်အောင်လည်း သူက ဆိုရှယ်လစ်စနစ်တို့ကို ဦးတည် ရေးလေ့ ရှိပါသည်။ ဆရာတာရာသည် လွတ်လပ်မှုကိုမြတ်နိုးသူဖြစ်၏။ သူသည် ပါတီအဖွဲ့အစည်းများ၏ ချုပ်ကိုင်မှု အောက်တွင် မရှိလိုသူဖြစ်ပါသည်။ စစ် ပြီးခေတ်သူ၏ စာပေလှုပ် ရှားမှု များမှာ ဆိုရှယ်လစ်စနစ်ကို ဦးတည်လေသည်။ တော်လှန်ရေးအသံများဖြင့် ထုံမွှန်းနေသည်။ ဆရာတာရာ၏ နိုင်ငံရေးအမြင် မှာအမြဲလိုလို ခေတ်မီတိုးတက်လျက်ရှိ ပါသည်။ ဥပမာ ၂ဝဝဝပြည့်နှစ်ဝန်းကျင် များက နိုင်ငံရေးနှင့် စီးပွားရေး ကမ္ဘာ့ အင်အားစုတွင် ဂလိုဘယ်လိုက်ဇေးရှင်း မှာရှေ့တန်းရောက်နေ၏။ ထ
Central Bank sets sights on credit bureau www.mmtimes.com A new Financial Institutions Supervision Department will be formed under the auspices of the Central Bank this year to act as a credit bureau in a bid to increase credit access across the country, officials said last week. from The Myanmar Times's Facebook Wall http://ift.tt/1e6hQfj

ကျုံးတောင်ဘက် မဏ္ဍပ်ဆောက်ခွင့်ပါမစ် တစ်ဆင့်ရောင်းချမှု ကျပ်သိန်းရာဂဏန်းရှိ မျိုးသန...

ကျုံးတောင်ဘက် မဏ္ဍပ်ဆောက်ခွင့်ပါမစ် တစ်ဆင့်ရောင်းချမှု ကျပ်သိန်းရာဂဏန်းရှိ မျိုးသန့် မန္တလေး၊ ဧပြီ ၆ မန္တလေးမြို့ မဟာသင်္ကြန်ပွဲတော်အတွင်း ကျုံးဘေးပတ်လည်တွင် ရေကစားမဏ္ဍပ်တစ်ခု တည်ဆောက်ခွင့် ပါမစ်ကို တစ်ဆင့်ပြန်လည်ရောင်းချပါက ကျုံး တောင်ဘက်ခြမ်းတွင် ကျပ်သိန်းရာဂဏန်း ၀န်းကျင်အထိ ဈေးနှုန်းရှိနေကြောင်း သင်္ကြန်မဏ္ဍပ်မဲစနစ်ဖြင့် ရွေးချယ်ရာတွင် မဲမပေါက်ခဲ့သော ပြင်ပမှဝယ်ယူလိုသူများ ထံမှ သိရသည်။ “သင်္ကြန်မဏ္ဍပ် မဲနှိုက်တာမပေါက်တဲ့ အတွက် ပြင်ပကနေ လက်လွှဲပြန်လည် ၀ယ်ယူဖို့အတွက် ဈေးစုံစမ်း တော့ ကျုံး တောင်ဘက်ခြမ်းမှာ ကျပ်သိန်း၈၀နဲ့ ၁၀၀ ကြား ဈေးနဲ့ ပြန်ရောင်းချင်တဲ့သူတွေရှိပါတယ်။ ၀ယ်ယူတဲ့သူရှိပါတယ်။ ကျွန်တော် တို့ကတော့ မ၀ယ်ပါဘူး” ဟု ကုမ္ပဏီတစ်ခု၏ မန်နေဂျာတစ်ဦးက ပြောသည်။ ကျုံးဘေးပတ်လည်တွင် ကျုံးတောင် ဘက်ခြမ်း၌ မဏ္ဍပ် ၁၅ ခုသာ ဆောက်လုပ်ခွင့်ပြုထားသည်။ တည် ဆောက်လိုသည့် အရေအတွက်နှင့် ချထားပေးသည့် အရေ အတွက်မှာ ကိုက်ညီမှုမရှိသဖြင့် ယခုကဲ့သို့ ပြင်ပပေါက်ဈေးတစ်ရပ် ပေါ်ထွန်းလာခြင်း ဖြစ်သည်။ “သင်္ကြန်မဏ္ဍပ်တည်ဆောက်ခွင့်အတွက် မဲစနစ်နဲ့ မြို့တော်စည်ပင်မှာ နှိုက် ပါတယ်။ အဲဒီထဲမှာ တချို့က မရလည်း အရင်း၊ ရလည်းအမြတ်ဆိုပြီး ၀င်နှိုက်တာ တွေ ပါ

မြစ်ဆုံအထိ လမ်းလျှောက်သူအချို့ လမ်းမလျှောက်နိုင်၍ ကားစီး ရွှေရည်ဝင်းထက် ရန်ကုန်...

မြစ်ဆုံအထိ လမ်းလျှောက်သူအချို့ လမ်းမလျှောက်နိုင်၍ ကားစီး ရွှေရည်ဝင်းထက် ရန်ကုန်၊ ဧပြီ ၆ မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်တန့်ရေး မြစ်ဆုံအထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်သည့်အဖွဲ့မှ သက်ကြီးရွယ် အိုအချို့ မော်တော်ယာဉ် အကူအညီဖြင့် လိုက်ပါနေရသည်ဟု ခရီးစဉ်တွင်ပါဝင်သည့် နိုင်ငံရေး အကျဉ်း သားဟောင်းများအဖွဲ့ချုပ်မှ ဦးဆောင်အဖွဲ့ဝင် ဦးမြင့်ဝင်းမောင်က ဧပြီ ၆ ရက်တွင် မဇ္ဈိမ ကို ပြောသည်။ “သက်ကြီးရွယ်အိုတွေပေါ့ဗျာ။အသက် ၅၀ ကျော်၊ ၆၀ ကျော် အရွယ်တွေကတော့ ကားစီးတာ ရှိပါတယ်။ ဒါပေမဲ့ အချိန်ပြည့် တော့ မဟုတ်ပါဘူး။ နာရီအပိုင်းအခြားနဲ့ လည်း မဟုတ်ဘူး။ သူတို့ကလည်း အမြဲ တမ်းကြီး ကားပေါ်မှာနေနေတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ကလည်း မြစ်ဆုံထိ လမ်းလျှောက်မှာ ဆိုတော့ သူတို့ကို မစီးနဲ့လို့လည်း မပြောရက်ဘူး”ဟု ဦးမြင့်ဝင်းမောင်က ပြောသည်။ ခရီးစဉ်တွင် အဖွဲ့နှင့်အတူ အ၀တ်အထည်အသုံးဆောင် တင်ဆောင်ရန် Toyota Lite Ace တစ်စီးနှင့် ဆေးဝါးပစ္စည်းသယ်ယူသည့် Suzuki R+ တစ်စီး ပါဝင်သည်။ အဆိုပါ မော်တော်ယာဉ်များ ဖြင့်သာ အဖွဲ့ဝင် သက်ကြီးရွယ်အိုအချို့ လိုက်ပါ စီးနင်းနေခြင်းဖြစ်သည်ဟု ၎င်းင်းက ရှင်းပြသည်။ မတ် ၂၃ ရက်တွင် ရန်ကုန်မှ လူအင် အား ၁၀၀ ခန့်ဖြင့် စတင်

အင်န်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုးတို့၏ အဓိက ပြိုင်ဘက်သည် တိုင်းရင်းသားပါတီများဟုဆ...

အင်န်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုးတို့၏ အဓိက ပြိုင်ဘက်သည် တိုင်းရင်းသားပါတီများဟုဆို စိုးသန်းလင်း နေပြည်တော်၊ ဧပြီ ၆ ၂၀၁၄ ခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲ၌ အင်န်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုး ပါတီကြီး နှစ်ခုတို့၏ အဓိကပြိုင်ဘက်မှာ ဒေသခံ တိုင်းရင်းသားပါတီများဖြစ်ကြောင်း ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ရခိုင်အမျိုးသားပါတီတို့က ပြောသည်။ “ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေ မှာ ဒေသခံပြည်သူတွေရဲ့ နိုင်ငံရေးနိုးကြားမှုတွေက ကိုယ့်ဒေသ ကိုယ်တည်ဆောက်မှ ဖြစ်မယ်ဆိုတဲ့ စိတ်ဓာတ်တွေ ပိုခိုင်မာလာတယ်။ ဒီတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီး တွေမှာ အခြေစိုက်တဲ့ တိုင်းရင်းသားပါတီ တွေဟာ အင်အားကြီးပါတီ နှစ်ခုအတွက်တော့ အဓိက ပြိုင် ဘက်တွေ ဖြစ်လာမယ်” ဟု ရခိုင်အမျိုးသားပါတီ၏ ဒုတိယခေါင်း ဆောင်၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာအေးမောင်က ပြောသည်။ “တိုင်းရင်းသားပါတီတွေ အာဏာရမှသာ ဒေသအကျိုးကို စွမ်းဆောင်နိုင်မယ်ဆိုတဲ့ အယူအဆတွေ အားပို ကောင်းလာတယ်။ လက်ရှိမှာ ဥပမာပြရရင် ကိုယ့်ဒေသထွက်တဲ့ စွမ်းအင်(လျှပ်စစ်)ကို ရန်ကုန်ကိုယူသွား ပြီး ပြည်မမှာ တစ်ယူနစ် ကို ၃၅ ကျပ်လောက်နဲ့ သုံးနေကြချိန်မှာ အဲဒ

ကြားဖြတ်ရွေးကောက်ပွဲအတွက် ဇွန်လတွင် ရှမ်းနှစ်ပါတီဆွေးနွေးမည် ဟိန်းကိုစိုး ရန်က...

ကြားဖြတ်ရွေးကောက်ပွဲအတွက် ဇွန်လတွင် ရှမ်းနှစ်ပါတီဆွေးနွေးမည် ဟိန်းကိုစိုး ရန်ကုန်၊ ဧပြီ ၆ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD)နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) တို့ ဇွန်လဆန်း၌ တောင်ကြီးမြို့တွင် ကျင်းပမည့် ပထမ အကြိမ် ပါတီပေါင်းစည်းရေးဆွေးနွေးပွဲအတွင်း ၂၀၁၄ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲအရေး ထည့်သွင်းဆွေးနွေးသွား မည်ဟု နှစ်ပါတီတာဝန်ရှိသူတို့က ဧပြီ ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။ “ပါတီနှစ်ခု ပေါင်းစည်းရေးအတွက် ပထမဆုံးအကြိမ်တွေ့ကြမှာ။ အဲဒီမှာလည်း ရွေးကောက်ပွဲအတွက် ဘယ်လိုယှဉ်ပြိုင်ကြမလဲဆိုတာကို ဆွေးနွေးရမှာပေါ့” ဟု SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့် လွင်က ဆိုသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နှစ်ကုန်ပိုင်းတွင် လစ်လပ်မဲဆန္ဒနယ် ၃၁ ခု အတွက် ကြား ဖြတ်ရွေးကောက်ပွဲကျင်းပပေးမည်ဟု မတ်လလယ်တွင် ထုတ်ဖော်ပြောဆိုထားသည်။ ထို့ကြောင့် လစ်လပ်စာရင်းတွင် လေးနေရာပါဝင်နေသည့် ရှမ်းပြည်နယ် မဲဆန္ဒနယ်များတွင် ၀င်ရောက် ယှဉ်ပြိုင်မည့်အရေးကို ဒေသအခြေစိုက် အဆိုပါနှစ်ပါတီတို့ ဆွေးနွေးရန်ရှိလာခြင်းဖြစ်သည်။“နှစ်ပါတီ မျက်နှာချင်းဆိုင်တစ်ခါမှမတွေ့ရသေးဘူး။ ရွေးကောက်ပွဲသာမက အကြောင်းရာတွေ အများကြီး
Police stop more power protests www.mmtimes.com Police in Mandalay have stopped another candlelight demonstration against a recent hike in electricity prices but promised not to take legal action against activists. from The Myanmar Times's Facebook Wall http://ift.tt/1khTVfd

သန်းခေါင်စာရင်းကောက် ကျောင်းအုပ်ဆရာမတစ်ဦး ဆိုင်ကယ်တိမ်းမှောက်၊ တစ်ညတာ သတိလစ်သွာ...

သန်းခေါင်စာရင်းကောက် ကျောင်းအုပ်ဆရာမတစ်ဦး ဆိုင်ကယ်တိမ်းမှောက်၊ တစ်ညတာ သတိလစ်သွား ကိုတိုးကြီး ယင်းမာပင်၊ ဧပြီ ၆ သန်းခေါင်စာရင်းကောက်ယူရာမှ ပြန်လာသည့် သန်းခေါင်စာရင်းကောက်ကွက်တာဝန်ကျမူလတန်း ကျောင်းအုပ် ဆရာမတစ်ဦးသည် ဆိုင်ကယ်တိမ်း မှောက်ရာမှ ဦးခေါင်းဒဏ်ရာရပြီး တစ်ညတာ သတိ လစ်မေ့မျောသွားသည့် ဖြစ်စဉ်တစ်ခုကို စစ်ကိုင်းတိုင်း၊ ယင်းမာ ပင်မြို့နယ်တွင် ဧပြီလ ၅ ရက် ညနေ ပိုင်းက ဖြစ်ပွားခဲ့သည်ဟု မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးမှ အမည်မဖော် လိုသူ ၀န်ထမ်းတစ်ဦးက ပြောကြားခြင်း ဖြစ်သည်။ ယင်းမာပင်မြို့နယ်အတွင်းရှိ ကောက်ကွက် အမှတ်(၂)ဖြစ်သည့် အင်းကျေးရွာအုပ်စု၊ ပေါက်သဖကျေးရွာ တွင် တာဝန်ကျသူ ယင်းမာပင်မြို့နယ်၊ မန်းကျည်းကုန်းကျေးရွာ မူလတန်းကျောင်း ကျောင်းအုပ်ဆရာမ ဒေါ်ခင်မာကြည်သည် သန်းခေါင်စာရင်းကောက် ယူအပြီး ပြန်လာစဉ် ညနေ ၆ နာရီခန့်၌ မြောက်ယမား ဆည် လက်တံမြောင်း ပေါင်ပေါ်တွင် ၎င်းကိုယ်တိုင် တစ်ယောက်တည်း စီးနင်းလာသည့်ဆိုင်ကယ်တိမ်း မှောက်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါ ၀န်ထမ်းက ဆိုသည်။ “ပေါက်သဖကျေးရွာကနေ သန်းခေါင်စာရင်းကောက်ယူပြီး အပြန်ပုလဲ မြို့နယ် ပိတောက်ကုန်းကျေးရွာနဲ့ သာ စည်ကျေးရွာအကြား ဆည်မြောင်းလက် တံပေါင်ပေါ်မှ

အင်န်အယ်လ်ဒီနာယက ဦးဝင်းတင် ကျန်းမာရေးအခြေအနေ ကောင်းမွန် တင်ဇာအောင် ရန်ကုန်၊ ဧ...

အင်န်အယ်လ်ဒီနာယက ဦးဝင်းတင် ကျန်းမာရေးအခြေအနေ ကောင်းမွန် တင်ဇာအောင် ရန်ကုန်၊ ဧပြီ ၆ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာ ရေးအခြေအနေမှာ ကောင်းမွန်လာကြောင်း ၎င်းနှင့်နီးစပ်သူ မိတ်ဆွေများက ဧပြီလ ၆ ရက် ည ၇ နာရီ ကျော်တွင် မဇ္ဈိမကို အတည်ပြု ပြောကြားသည်။ ဦးဝင်းတင်၏ မိတ်ဆွေတစ်ဦးဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က “တော်တော်လေး ကောင်းလာပါပြီ။ တဖြည်းဖြည်း တိုးတက်လာပါတယ်။ အရင်ကထက်စာရင် တိုးတက်လာတယ် ပြောရ မယ်။ ဒီလိုရောဂါမျိုးတွေကတော့ တစ်မုဟုတ်ချင်း ပျောက်သွားတာတော့ မရှိပါဘူး။ ဖြည်းဖြည်းနဲ့မှန်မှန် တိုးတက်လာတယ်”ဟု ဆိုသည်။ ဒီလှိုင်းဂျာနယ် အမှုဆောင်အယ်ဒီတာ မုံရွာအောင်ရှင်ကလည်း “တော်တော်ကောင်းသွားပါပြီ။ အခြေအနေ တိုးတက်လာပါတယ်”ဟုဆိုသည်။ လက်ရှိအချိန်တွင် ဦးဝင်းတင်ကို နိုင်ငံခြားသို့ သွားရောက်ဆေးကုသရန် အစီအစဉ်မရှိသေးဟုလည်း ဦးထွန်း ကြည်က မဇ္ဈိမကို ပြောသည်။ ဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လာစေရန်အတွက်ဆုတောင်းပွဲများကို ရန်ကုန်အပါအ၀င် မန္တလေးမြို့ကြီးများတွင် ပြုလုပ်ခဲ့သည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1jn8WJ

သမီးကလေးရွာသားများကို တပ်ထဲသို့ သွင်းမည်မဟုတ်ဟု ဒီကေဘီအေ ဆို ကေဇူး ရန်ကုန်၊ ဧြ...

သမီးကလေးရွာသားများကို တပ်ထဲသို့ သွင်းမည်မဟုတ်ဟု ဒီကေဘီအေ ဆို ကေဇူး ရန်ကုန်၊ ဧပြီ ၆ သမီးကလေးရွာသားများကို ဒီကေဘီအေ စစ်တပ်တွင်းသို့ ထည့်သွင်းမည်မဟုတ်ဟု အဆိုပါဒုက္ခသည်များ ကို တာဝန်ယူခေါ် ဆောင်သွားသူ ဒီကေဘီအေမှ ဗိုလ်မှူးကြီး စောဆန်းအောင်က ဧပြီလ ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ သမီးကလေးကျေးရွာ၊ အင်မတီးကျေးရွာနှင့် ဒေါ် ကာလီကျေးရွာမှ အိမ် ထောင်စု ၈၀၊ လူဦး ရေ ၃၀၀ ခန့်သည် ဒီကေဘီအေ ထိန်းချုပ်နယ်မြေဖြစ်သည့် ကျောက်ခတ်ရွာသို့ ရောက်ရှိပြီး ထိုကျေးရွာတွင် နေအိမ်များ ဆောက်ပေးမည်ဟု ဗိုလ်ကြီးစောဆန်းအောင်က ပြောသည်။ “သူတို့ကို ဒုက္ခတွင်းထဲခေါ်လာတာ မဟုတ်ဘူး။ ဒီကေဘီအေတပ်ထဲကိုမသွင်းဘူး။ သူတို့ဝင်ချင်တယ်ဆို ရင်တောင် သွင်းမှာမဟုတ်ဘူး” ဟု ဗိုလ်မှူးကြီး စောဆန်းအောင်ကဆိုသည်။ သမီးကလေးကျေးရွာမှ ရွာသားများ အပါအ၀င် ဒုက္ခသည် ၃၀၀ ခန့်သည် ဒီကေဘီအေနှင့်အတူ လိုက်ပါခဲ့ သော်လည်း ကရင်ပြည်နယ် အစိုးရကတားဆီးမှုကြောင့် မွန်ပြည်နယ်သို့ သုံးရက်ခန့် ဘုရားဖူးခရီးအဖြစ် သွားရောက်ခဲ့သည်။ ထိုကာလတွင် ကရင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဒီကေဘီအေမှ ဗိုလ်မှူးကြီးစောစန်းအောင် တို့၏ ညှိနှိုင်းမှုအရ ဒုက္ခသည်များ ဒီကေဘီေ

ပုံနှိပ်ထုတ်ဝေနည်းဥပဒေ ပြင်ဆင်ချက်များကို စာနယ်ဇင်းအဖွဲ့များက ပေးပို့မည် အေးမြင...

ပုံနှိပ်ထုတ်ဝေနည်းဥပဒေ ပြင်ဆင်ချက်များကို စာနယ်ဇင်းအဖွဲ့များက ပေးပို့မည် အေးမြင့်စန်း ရန်ကုန်၊ ဧပြီ ၆ ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲထားသည့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေကြမ်းနှင့် ပတ်သက်ပြီး ၀န်ကြီးဌာနက အကြံပြုချက်များတောင်းခံထားရာ ပြင်ဆင်လိုသည့်အချက်များကို ပြည်တွင်း စာနယ်ဇင်းအဖွဲ့အစည်းအချို့က ပေးပို့သွားမည်ဖြစ်သည်ဟု ဧပြီ ၆ ရက်တွင် စာနယ်ဇင်းအဖွဲ့များမှ တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။ ပြည်တွင်း စာနယ်ဇင်းအဖွဲ့များဖြစ်သည့် မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)နှင့် မြန်မာနိုင်ငံသတင်းစာဆရာများအသင်း (MJA) တို့က အဆိုပါနည်းဥပဒေမူကြမ်း အတွက် ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်များထည့်သွင်းကာ ဧပြီ ၁၁ ရက်တွင် နောက်ဆုံးထားပေးပို့သွားမည် ဟုဆိုသည်။ MJN ၏ အကြံပြု ဖြည့်စွက်ချက်တွင် “ထုတ်ဝေခြင်းအသိအမှတ်ပြုလက်မှတ်” စည်းကမ်းချက်များတွင် ပါဝင် သည့် “ထုတ်ဝေခွင့် အသိအမှတ်ပြုလက်မှတ်ရရှိပြီး ခြောက်လအတွင်း လုပ်ငန်းစတင်ဆောင်ရွက်ရန်၊ လုပ်ငန်းကို သုံးလတစ်ဆက်တည်း လုပ်ကိုင်ခြင်းမရှိပါက ထုတ်ဝေခွင့်ပြန်လည် ရုပ်သိမ်းမည်” ဟူသည့် အချက်ကို ပြင်ဆင်ပေးရန် အကြံပြုတင်ပြသွားမည်ဖြစ်ြ

အပစ်ရပ်မူကြမ်းအတွက် စကားလုံးသုံးနှုန်းမှု မတူညီခြင်းကြောင့် ဆွေးနွေးပွဲ မပြီးပြတ်ေ...

အပစ်ရပ်မူကြမ်းအတွက် စကားလုံးသုံးနှုန်းမှု မတူညီခြင်းကြောင့် ဆွေးနွေးပွဲ မပြီးပြတ်သေး နန်းလွင်နှင်းပွင့် ရန်ကုန်၊ ဧပြီ ၆ အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ ( NCCT) တို့ ရေးဆွဲထားသည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး မူကြမ်းနှစ်ခုကို တိုက်ဆိုင်ကြည့်ရာ စကားလုံးအသုံးအနှုန်းများ ကွာဟနေသဖြင့် ရလဒ် တစ်စုံတစ်ရာ မထွက်ရှိခဲ့ဘဲ ထပ်မံဆွေးနွေးရန် နှစ်ဖက် သဘောတူညီခဲ့သည်ဟု ဆွေးနွေးပွဲ တက်ရောက်သူ နာဂပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းက ဧပြီ ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။ အဆိုပါ မူကြမ်း နှစ်ခုကို ပူးပေါင်းပြီး အပစ်ရပ် မူကြမ်း တစ်ခုတည်း ရေးဆွဲရန် မူလက သတ်မှတ်ထား သည့် ဧပြီ ၅ ရက်နှင့် ၆ ရက်တွင် ဆွေးနွေးမှု ရလဒ် တစ်စုံတစ်ရာ တိကျစွာ မထွက်ရှိခဲ့သဖြင့် ဧပြီ ၇ ရက်၊ နံနက် ၉ နာရီမှ စ၍ ထပ်မံဆွေးနွေးရန် နှစ်ဖက်သဘောတူညီထားသည်။ ဦးလှထွန်းက “တကယ်ဆို အစက သတ်မှတ်ထား သလိုပဲ ၂ ရက်နဲ့ ပြီးရမယ်ဆိုတာ မှန်တာပေါ့ဗျာ။ ဒီ အစည်းအဝေးမတိုင်ခင်ကတည်းကသာ အပြင်မှာ တစ်ဖက်ကို ကိုယ်စားလှယ် ၄၊ ၅ ယောက်စီနဲ့ ရေးထား တဲ့မူတွေကို အရင်ပြမယ်ဆိုရင် ဒီလိ

ဒု-ကာချုပ်ဟောင်း ဦးထွန်းရီအတွက် ဦးသန်းရွှေနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင...

ဒု-ကာချုပ်ဟောင်း ဦးထွန်းရီအတွက် ဦးသန်းရွှေနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၀မ်းနည်းစကားပါး ဝေမာသိမ့် ရန်ကုန်၊ ဧပြီ ၆ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဥက္ကဋ္ဌနှင့် ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဖြစ်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းရီ (ငြိမ်း) ကွယ်လွန်သွားခြင်းအတွက် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက ၀မ်းနည်း စကားပါးခဲ့သည်ဟု ဦးထွန်းရီ၏ စတုတ္တမြောက်သမီးဖြစ်သူ မဥမ္မာထွန်းက မဇ္ဈိမ ကိုပြောသည်။ အသက် ၈၈ နှစ်အရွယ်တွင် ဧပြီလ ၄ ရက်က ကွယ်လွန်သွားသည့် ဦးထွန်းရီ၏ နာရေးသို့ ဦးသန်းရွှေက မြေးဖြစ်သူ ကိုနေရွှေသွေးအောင်ခေါ် ဖိုးလပြည့်ကိုစေလွှတ်ကာ ၀မ်းနည်းစကားပါးခဲ့ခြင်းဖြစ်သည်ဟု မဥမ်္မာထွန်းက ပြောသည်။ “ဗိုလ်ချုပ်မှူးကြီးရဲ့မြေးလာတယ်။ အဘိုးကလွှတ်လိုက်လို့ဆိုပြီး ၀မ်းနည်းကြောင်း ပါးလိုက်တယ်ဆိုတဲ့ အကြောင်း ပြောရင်း နာရေးကို လာမေးသွားတယ်” ဟု မဥမ္မာထွန်းက ပြောသည်။ အလားတူပင် လက်ရှိတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တပ်မ တော် (ကြည်း၊ ရေ၊ လေ) မိသားစုကိုယ်စား မလာရောက်နိုင်သည့်အတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်း မှူး ဆန်းဦးမှတစ်ဆင့် ဂါရ၀ပြု ၀မ်းနည်းကြောင်း အမှာစကားပါးလာသည်ဟု

လှည်းကူးပဋိပက္ခ ပါဝင်သူများ ဖမ်းဆီးရန် ကျန်နေသေး မင်းမင်း ဧပြီ ၄ ရက် ညနေပိုင်းက...

လှည်းကူးပဋိပက္ခ ပါဝင်သူများ ဖမ်းဆီးရန် ကျန်နေသေး မင်းမင်း ဧပြီ ၄ ရက် ညနေပိုင်းက လှည်းကူးမြို့တွင် ရန်ပွဲတစ်ခုမှစတင်ခဲ့သည့် ပဋိပက္ခတွင် ပါဝင်ပတ်သက်သူများ ကို ဖမ်းဆီးရန် ကျန်နေသေးသည်ဟု မြို့နယ်ရဲမှူး ခင်မြင့်က ထုတ်ဖော်ပြောဆိုလိုက်သည်။ သို့သော် ဖမ်းမိထားသူအရေအတွက်နှင့် ဖမ်းဆီးရန်ကျန်သည့် အရေအတွက်ကိုမူ ၎င်းကထုတ်ပြောရန် ငြင်းဆန်ခဲ့သည်။ “ညီလေးတို့ သတင်းဖော်ပြလိုက်လို့ရှိရင် မမိတော့မှာစိုးလို့ပါ။ ပြောလို့မရပါဘူး။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ အားနာပါတယ်” ဟု ၎င်းက ဆိုသည်။ ဧပြီ ၄ ရက် ညနေက လှည်းကူးမြို့မဈေး အရှေ့ဘက်ရှိ အမိုးအကာကူရှင် ဆိုင်ပိုင်ရှင် ဦးကိုကို၏သား ရန်နိုင် (ခ) ရန်အောင်ကိုကို(ခ) အစ္စမန် အပါအ၀င် သုံးဦးနှင့် “ချစ်မိတ်ဆွေ”နာရီနှင့် အပိုပစ္စည်း ရောင်း ၀ယ်ရေးဆိုင်မှ သက်ပိုင်ဦးတို့ ခိုက် ရန်ဖြစ်ပွားရာမှ သုံးဦးက တုတ်ဖြင့်ရိုက်၊ ချွန်ထက်သောအရာဖြင့် ထိုးခဲ့သဖြင့် သက်ပိုင်ဦး၏ မျက်လုံးနှင့် ဦးခေါင်းတို့တွင် ဒဏ်ရာရခဲ့သည်။ ယင်းဖြစ်ရပ်အပေါ် မကျေနပ်သဖြင့် အချွန်ဖြင့်ထိုးသူများ ထွက်ပြေးသွားသည့် ဟူစင်မုန့်ဆိုင်ကို လူအုပ်စု များကခဲဖြင့် ပစ်ပေါက်ခဲ့သည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်ရပ်များအပေါ် အဓိကရု

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနှင့် ခင်သူသူဝင်းတို့ကို ဗိုလ်ချုပ်အေ...

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနှင့် ခင်သူသူဝင်းတို့ကို ဗိုလ်ချုပ်အောင်ဆန်း ပန်းချီကားအား မင်္ဂလာဦး အမှတ်တရအဖြစ်ပေးအပ်စဉ်။ မင်္ဂလာဧည့်ခံပွဲ အခမ်းအနားကို ၆.၄.၂၀၁၄၊ တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ Sky Star Hotel ၌ ကျင်းပခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၈၈ မျိုးဆက် နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ လက်နက်ကိုင် အဖွဲ့အစည်းအချို့မှ ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ စာပေ အနုပညာရှင်များ စီးပွားရေးလုပ်ငန်းရှင်များ၊ ဆွေမျိုးမိတ်သင်္ဂဟများ၊ သံတမန်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။ ဓါတ်ပုံ လင်းဘိုဘို from Mizzima - News in Burmese's Facebook Wall http://ift.tt/1jn8Tx0

မှော်ဘီမြို့နယ်တွင် မီးရထားလမ်းပေါ် အိပ်နေသူတစ်ဦး ရထားကြိတ်မိသဖြင့် ခြေလက်များ...

မှော်ဘီမြို့နယ်တွင် မီးရထားလမ်းပေါ် အိပ်နေသူတစ်ဦး ရထားကြိတ်မိသဖြင့် ခြေလက်များ ပြတ်ခဲ့ပြီး အဆိုပါ အမျိုးသားကို မီးရထားဥပဒေဖြင့် အရေးယူရန် ဧပြီ ၅ ရက်တွင် အမှုဖွင့်ထားသည်ဟု တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ရထားကြိတ်မှုမှာ ဧပြီ ၄ ရက် ည ၁၀ နာရီဝန်းကျင်က ဖူးကြီး၊ ဝါးနက်ချောင်း ရထားလမ်း မိုင်တိုင်အမှတ် (၃၅/၃)နှင့် (၃၅/၄)အကြားတွင် ရထားသံလမ်းပေါ် အိပ်နေခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မှ ပုဂံသို့ မောင်းနှင်လာသည့် အမှတ် (၆၁) အဆန်ရထားက ကြိတ်မိခဲ့ခြင်း ဖြစ်သည်။ ရထားကြိတ်ခံရ၍ ခြေလက် ပြတ်သွားသူကို ဘူတာရုံပိုင်က တရားစွဲ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1jQEXtY

ရထားကြိတ်ခံရ၍ ခြေလက် ပြတ်သွားသူကို ဘူတာရုံပိုင်က တရားစွဲ

ရန်ကုန်(မဇ္ဈိမ)။ ။ မှော်ဘီမြို့နယ်တွင် မီးရထားလမ်းပေါ် အိပ်နေသူတစ်ဦး ရထားကြိတ်မိသဖြင့် ခြေလက်များ ပြတ်ခဲ့ပြီး အဆိုပါ အမျိုးသားကို မီးရထားဥပဒေဖြင့် အရေးယူရန် ဧပြီ ၅ ရက်တွင် အမှုဖွင့်ထားသည်ဟု တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ရထားကြိတ်မှုမှာ ဧပြီ ၄ ရက် ည ၁၀ နာရီဝန်းကျင်က ဖူးကြီး၊ ဝါးနက်ချောင်း ရထားလမ်း မိုင်တိုင်အမှတ် (၃၅/၃)နှင့် (၃၅/၄)အကြားတွင် ရထားသံလမ်းပေါ် အိပ်နေခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မှ ပုဂံသို့ မောင်းနှင်လာသည့် အမှတ် (၆၁) အဆန်ရထားက ကြိတ်မိခဲ့ခြင်း ဖြစ်သည်။ ရထားကြိတ်ခံရသူမှာ ဖူးကြီးကျေးရွာ ခရမ်းကုန်းပိုင်းနေ အောင်သက် ဆိုသူဖြစ်ပြီး ရထားသံလမ်းပေါ်သို့ ခြေလက်များတင်လျက် အိပ်နေသည့်အတွက် ရထားမှ ကြိတ်မိခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ဝဲလက်မောင်း၊ ဝဲခြေထောက်ပြတ်ဒဏ်ရာ ရရှိခဲ့ပြီး ရထားမှာ မိနစ် (၄၀)ခန့် ရပ်တန့်ခဲ့ပြီး ဒဏ်ရာ ရရှိသူကို တိုက်ကြီးဆေးရုံသို့ တင်ပို့ပေးခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ ထို့ပြင် ခြေလက်များ ပြတ်ခဲ့သည့် အောင်သက်ဆိုသူကို အရေးယူပေးရန် ဖူးကြီးဘူတာ ရုံပိုင် ဦးမျိုးလှိုင်က တရားလိုပြုလုပ် တိုင်တန်းထားသည်။ ယင်းတိုင်တန်းမှုကြောင့် ရဲစခန်းက (ပ) ၁၈၈/၂၀၁၄ ဖြင့် အမှုဖွင့်လိုက

MH370 ရေဒါကိုရှောင်ကွင်းပျံသန်းခဲ့ဟု CNN ဆို

ကွာလာလမ်ပူ၊ ဧပြီ ၆ ပျောက်ဆုံးနေဆဲဖြစ်သော မလေးရှားလေကြောင်းမှ ခရီးစဉ်အမှတ်MH370 သည် မလေးရှားနိုင်ငံ၏ စစ်ဖက်ဆိုင်ရာရေဒါပေါ်မှ ပျောက်ဆုံးသွားခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံလေပိုင်နက်အတွင်း ပျံသန်းခဲ့သေးကြောင်း မလေးရှားမှ အမည်မဖော်သော အကြီးတန်းအရာရှိတစ်ဦးက ယနေ့ပြောကြားကြောင်း CNN သတင်းတစ်ရပ်အရသိရသည်။ အဆိုပါ ဘိုးအင်း ၇၇၇ လေယာဉ်သည် ရေဒါကို တမင်တကာပင် ရှောင်ကွင်းပျံသန်းခဲ့ပုံရကြောင်း အဆိုပါအရာရှိကပြောကြားသည်။ PP (Xinhua) Popular Myanmar News Journal from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1kez7W2

ရဲတပ်ဖွဲ့ ဝင်တချို့  နေအိမ်လိုင်းခန်း မရှိ

နေပြည်တော်သို့ ပြောင်းရွှေ့လာသည့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် နေအိမ်လိုင်းခန်း မရရှိသည့် အခက်အခဲများဖြစ်ပေါ် လျှက်ရှိ ပါသည်။ တိုင်းနှင့်ပြည်နယ် အသီးသီးမှ ပြောင်းရွှေ့ရောက်ရှိသည့် တပ်ဖွဲ့ဝင်များအတွက် နေအိမ်လိုင်းခန်းများ လောက်ငမှု မရှိသဖြင့် အခက်အခဲများစွာ ဖြစ်ပေါ်လျှက်ရှိ နေပါသည်။ အချို့တပ်ဖွဲ့ဝင်များသည်နီးစပ်ရာ ရပ်ကွက်များတွင် နေအိမ်ဌားရမ်း နေထိုင်ရသဖြင့် ရရှိသောလစာများအိမ်ဌား စာရိတ်ပေးရသဖြင့် စားဝတ်နေရေး အကြပ်အတည်းများ ဖြစ်ပေါ်နေပါသည်။ သမ္မတကြီးနှင့် မိမိတပ်ဖွဲ့အရာရှိကြီးများ လိုလားလျှက်ရှိသော လက်ပေးလက်ယူ ကင်းစင်ပပျောက် စေလိုလျှင် တပ်ဖွဲ့ဝင်များ၏ အဓိကအခက်အခဲ ဖြစ်သော နေအိမ်လိုင်းခန်းများ ရရှိစေရန် ဆောင်ရွက်ပေး စေလိုပါသည်။ အချို့တပ်ဖွဲ့များတွင်လိုင်းခန်း အလွတ်များရှိနေပြီး လိုင်းခန်းမရရှိသေးသော တပ်ဖွဲ့ဝင်များအတွက် ညှိနှိုင်းဆောင်ရွက် ပေးစေလိုပါသည်။ နေပြည်တော်ရှိ တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ ၀င်များ၏ နေထိုင်မှုအခက်အခဲများအား အထက်လူကြီးများ သိစေရန်တင်ပြ လိုက်ပါသည်။ နေပြည်တော် ရဲတပ်ဖွဲ့ဝင်တဦး from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1kez6Br

"MH370 ရေဒါကိုရှောင်ကွင်းပျံသန်းခဲ့ဟု CNN ဆို" ကွာလာလမ်ပူ၊ ဧပြီ ၆ ပျောက်ဆုံးနေ...

"MH370 ရေဒါကိုရှောင်ကွင်းပျံသန်းခဲ့ဟု CNN ဆို" ကွာလာလမ်ပူ၊ ဧပြီ ၆ ပျောက်ဆုံးနေဆဲဖြစ်သော မလေးရှားလေကြောင်းမှ ခရီးစဉ်အမှတ်MH370 သည် မလေးရှားနိုင်ငံ၏ စစ်ဖက်ဆိုင်ရာရေဒါပေါ်မှ ပျောက်ဆုံးသွားခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံလေပိုင်နက်အတွင်း ပျံသန်းခဲ့သေးကြောင်း မလေးရှားမှ အမည်မဖော်သော အကြီးတန်းအရာရှိတစ်ဦးက ယနေ့ပြောကြားကြောင်း CNN သတင်းတစ်ရပ်အရသိရသည်။ အဆိုပါ ဘိုးအင်း ၇၇၇ လေယာဉ်သည် ရေဒါကို တမင်တကာပင် ရှောင်ကွင်းပျံသန်းခဲ့ပုံရကြောင်း အဆိုပါအရာရှိကပြောကြားသည်။ PP (Xinhua) from Popular Myanmar News Journal's Facebook Wall http://ift.tt/1hPwAhx

ရန်ကုန်− ရေလိုအပ်ချက်မြင့်မား နေသော လှိုင်သာယာမြို့နယ်တွင် ရေကန်လေးကန်တူးခြင်းနှင...

ရန်ကုန်− ရေလိုအပ်ချက်မြင့်မား နေသော လှိုင်သာယာမြို့နယ်တွင် ရေကန်လေးကန်တူးခြင်းနှင့် စက် ရေတွင်းတူးခြင်းအချို့ကို ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁,၀၀၀ ထဲမှ ပြုလုပ်ခဲ့သော်လည်း ယင်းမြို့နယ်ရှိ ရပ်ကွက်များ၌ ရေပြဿနာ ခက်ခဲနေသေးကြောင်းရပ်ကွက်သူ၊ ရပ်ကွက်သားများ ကပြောကြားသည်။ ရန်ပုံငွေကျပ်သိန်း ၁,၀၀၀ ကို ကျောင်းခြံ စည်းရိုးပြင်ခြင်း၊ ကျောင်းအိမ်သာ ပြုပြင်ခြင်း၊ ကျောင်းထိုင်ခုံ အချို့ပြုပြင်ခြင်းနှင့် ကွန်ကရစ်လမ်းခင်းခြင်း စသည်တို့ကိုလည်း လုပ်ဆောင်ခဲ့ရသေးကြောင်း ယင်းမြို့နယ်၏ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်ဝင်း ကပြောကြားသည်။ လှိုင်သာယာ ရေပြဿနာ ကျပ်သိန်းတစ်ထောင်နှင့်မဖြုံ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1huj52h

မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူ...

မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူရန်အတွက် စာရင်းကောက်နှင့် စာရင်းစစ်တာဝန်အတွက် ဆရာ/ဆရာမ (၅၀၀)ကျော် တာဝန်ပေးစေခိုင်းခဲ့ပါတယ်။ ထိုဆရာ/ဆရာမများအား (၁၇.၃.၂၀၁၄) မှ (၂၂.၃.၂၀၁၄)နေ့အထိ (၆)ရက်ကြာ စာရင်းကောက် စာရင်း စစ်သင်တန်းများ ပေးခဲ့ပါတယ်။ နိုင်ငံတော်မှ သင်တန်း စရိတ်အဖြစ် သင်တန်းသား တစ်ဦးကို (၆၅၀၀)ကျပ် ထောက်ပံ့ပေးသည်ဟု သိရပါတယ်။ သန်းခေါင်စာရင်စစ် သင်တန်း စရိတ်အခုထိ မပေးသေး - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1huj4LV

နေပြည်တော်သို့ ပြောင်းရွှေ့လာသည့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် နေအိမ်လိုင်းခန်း မရရ...

နေပြည်တော်သို့ ပြောင်းရွှေ့လာသည့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် နေအိမ်လိုင်းခန်း မရရှိသည့် အခက်အခဲများဖြစ်ပေါ် လျှက်ရှိ ပါသည်။ တိုင်းနှင့်ပြည်နယ် အသီးသီးမှ ပြောင်းရွှေ့ရောက်ရှိသည့် တပ်ဖွဲ့ဝင်များအတွက် နေအိမ်လိုင်းခန်းများ လောက်ငမှု မရှိသဖြင့် အခက်အခဲများစွာ ဖြစ်ပေါ်လျှက်ရှိ နေပါသည်။ ရဲတပ်ဖွဲ့ ဝင်တချို့  နေအိမ်လိုင်းခန်း မရှိ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/PA3Krf

ရထားကြိတ်ခံရ၍ ခြေလက် ပြတ်သွားသူကို ဘူတာရုံပိုင်က တရားစွဲ Written by ဇော်ဇော်ေ...

ရထားကြိတ်ခံရ၍ ခြေလက် ပြတ်သွားသူကို ဘူတာရုံပိုင်က တရားစွဲ Written by ဇော်ဇော်ထွေး ရန်ကုန်(မဇ္ဈိမ)။ ။ မှော်ဘီမြို့နယ်တွင် မီးရထားလမ်းပေါ် အိပ်နေသူတစ်ဦး ရထားကြိတ်မိသဖြင့် ခြေလက်များ ပြတ်ခဲ့ပြီး အဆိုပါအမျိုးသားကို မီးရထားဥပဒေဖြင့် အရေးယူရန် ဧပြီ ၅ ရက်တွင် အမှုဖွင့်ထားသည်ဟု တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ရထားကြိတ်မှုမှာ ဧပြီ ၄ ရက် ည ၁၀ နာရီဝန်းကျင်က ဖူးကြီး၊ ဝါးနက်ချောင်း ရထားလမ်း မိုင်တိုင်အမှတ် (၃၅/၃)နှင့် (၃၅/၄)အကြားတွင် ရထားသံလမ်းပေါ် အိပ်နေခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မှ ပုဂံသို့ မောင်းနှင်လာသည့် အမှတ် (၆၁) အဆန်ရထားက ကြိတ်မိခဲ့ခြင်း ဖြစ်သည်။ ရထားကြိတ်ခံရသူမှာ ဖူးကြီးကျေးရွာ ခရမ်းကုန်းပိုင်းနေ အောင်သက် ဆိုသူဖြစ်ပြီး ရထားသံလမ်းပေါ်သို့ ခြေလက်များတင်လျက် အိပ်နေသည့်အတွက် ရထားမှ ကြိတ်မိခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ဝဲလက်မောင်း၊ ဝဲခြေထောက်ပြတ်ဒဏ်ရာ ရရှိခဲ့ပြီး ရထားမှာ မိနစ် (၄၀)ခန့် ရပ်တန့်ခဲ့ပြီး ဒဏ်ရာ ရရှိသူကို တိုက်ကြီးဆေးရုံသို့ တင်ပို့ပေးခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ ထို့ပြင် ခြေလက်များ ပြတ်ခဲ့သည့် အောင်သက်ဆိုသူကို အရေးယူပေးရန် ဖူးကြီးဘူတာ ရုံပိုင် ဦးမျိုးလှိုင်က တရားလိုပြုလုပ်

"ဖိလစ်ပိုင်နိုင်ငံဝယ် အမျိုးသမီးသတင်းထောက်တစ်ဦး သေနပ်ပစ်ခံရ" မနီလာ၊ ဧပြီ ဖိလ...

"ဖိလစ်ပိုင်နိုင်ငံဝယ် အမျိုးသမီးသတင်းထောက်တစ်ဦး သေနပ်ပစ်ခံရ" မနီလာ၊ ဧပြီ ဖိလစ်ပိုင်နိုင်ငံဝယ် အမျိုးသမီးသတင်းထောက်တစ်ဦး ယနေ့နံနက်ပိုင်းက သေနပ်ပစ်ခံခဲ့ရကြောင်းသိရသည်။ ထိုအမျိုးသမီးသတင်းထောက်မှာ အသက် ၅၂ နှစ်အရွယ်ရှိ၊ ရူဘီ ဂါစီယာ ဖြစ်ပြီး၊ Remate သတင်းစာအတွက်အလုပ်လုပ်ပေးနေသော သတင်းထောက်တစ်ဦးဖြစ်ကာ သူ့အိမ်အ၀င် လှေကားထစ်ဝယ် သေနပ်ဒဏ်ရာဖြင့် လဲနေသည်ကို ယနေ့နံနက် ၉ နာရီခန့်က တွေ့ရခြင်းဖြစ်သည်။ ရူဘီ ဂါစီယာ သေနပ်ပစ်ခံရခြင်းနှင့်ပတ်သက်၍ လက်ရှိအစိုးရအနေဖြင့် အမြန်ဆုံးတာဝန်ယူဆောင်ရွက်ပေးရန် ဖိလစ်ပိုင်နိုင်ငံအမျိုးသားသတင်းကလပ်မှ ဥက္ကဌက ကြေညာလိုက်သည်။ "သတင်းလွတ်လပ်ခွင့်ရဲ့ ရန်သူတွေဟာ နေ့တိုင်းလိုလိုပိုပြီးရဲတင်းလာနေကြပြီ"ဟု ဖိလစ်ပိုင်နိုင်ငံအမျိုးသားသတင်းကလပ်မှ ဥက္ကဌ အင်တီပိုဒါကပြောပါသည်။ "ဒေသခံရဲတွေရဲ့ ထုံးစံအတိုင်းမျက်နှာလွဲခဲပစ်နေမှုကြောင့်ပဲ ခုလိုရိုင်းစိုင်းရဲတင်းနေတာပေါ့။ ဒါကြောင့်လဲ ခုလိုသေနပ်နဲ့ပစ်ပြီး ရှောင်ထွက်သွားနိုင်တာပဲပေါ့"ဟုလည်း အင်တီပိုဒါက ထပ်မံပြောပါသေးသည်။ ရူဘီ ဂါစီယာ ရရှိသော သေနပ်ဒဏ်ရာမှာ စိုးရိမ်ဖွယ်ရာရှိပြီး၊ လက်ရှိအခြေအနေကိုမူ မသိရသေးချေ။ PP (ref:

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ထိန်ကုန်းကျေးရွာတွင် မတ်လ ၂၀ ရက်နေ့က ရွ...

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ထိန်ကုန်းကျေးရွာတွင် မတ်လ ၂၀ ရက်နေ့က ရွာမြေအနီး ရွှေမျော တိုက်ခြင်းများ ဆက်တိုက် လုပ်ကိုင်မှုကြောင့် ကမ်းပါးပြိုခဲ့ရာ အိမ်သုံးလုံး ပျက်စီးခဲ့ပြီး သားအဖနှစ်ဦး အသက်ဆုံးရှုံး ခဲ့ခြင်းကြောင့် ရွာခံအိမ်ထောင်ဦးစီး ၄၆ ဦး စုပေါင်း လက်မှတ်ရေးထိုး၍ သမ္မတထံ တိုင်ကြားခဲ့ကြောင်း ဒေသခံ ကျေးရွာသားများက ပြောကြားသည်။ “ရွာအနီးမှာ ရွှေမျောတွေ ဖောင်ဖွဲ့ပြီးရှာတာ ၂၄ ဖောင်ရှိတယ်။ အဲဒီနေ့က နေ့လယ်ခင်း၂ နာရီလောက်မှာ မျောထိုးနေရင်း မြေတွေပြိုကျပြီး ကမ်းပါးက အိမ်ထဲမှာနေတဲ့ သားဖနှစ်ဦး ပါသွားတာ။ မြေပိပြီး ဆုံးခဲ့တာ၊ ဒဏ်ရာရတဲ့ အဘွားအိုတစ်ဦးကိုတော့ ဟုမ္မလင်းဆေးရုံမှာ ဆေးကုသမှု ခံယူနေတုန်းပဲ” ဟု ထိန်ကုန်းကျေးရွာတွင် နေထိုင်သော အမျိုးသားတစ်ဦးက ဆိုသည်။ ရွှေမျောကြောင့် အိမ်သုံးလုံးပြိုကျခဲ့ပြီး သားအဖနှစ်ဦး အသက်ဆုံးရှုံးခဲ့မှု သမ္မတထံတိုင� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1e1rPlS

သင်္ကြန်ကာလတွင် ဆိုင်ကယ်များဖြင့် လည်သည့် အလေ့အထ ရှိသော မုံရွာမြို့ပေါ်တွင် ယခုနှစ်...

သင်္ကြန်ကာလတွင် ဆိုင်ကယ်များဖြင့် လည်သည့် အလေ့အထ ရှိသော မုံရွာမြို့ပေါ်တွင် ယခုနှစ် သင်္ကြန်ကာလအတွင်း အိတ်ဇောဖွင့်နှင့် သရုပ်ပျက် ဆိုင်ကယ်များကို အရှိန်မြှင့် ဖမ်းဆီးသွားမည် ဖြစ်ပြီး သင်္ကြန်ကာလ ပြီးမှသာလျှင် တရားရုံးတင်ပြီး တရားစွဲဆိုပြီးမှသာ ဆိုင်ကယ်များ ပြန်ထုတ်ပေးမည် ဖြစ်ကြောင်း မုံရွာမြို့နယ် ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ သင်္ကြန်ကာလ၌ အိတ်ဇောဖွင့်၊ သရုပ်ပျက် ဆိုင်ကယ်များ ဖမ်းဆီးမှု အရှိန်မြှင့်မည် - သစ်ထူးလွင� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1q7GtYN

လှည်းကူးမြို့ပဋိပက္ခတွင် ပါဝင်ခဲ့သူများ၊ ဆူပူမှုဖြစ်ပွားအောင် လှုံ့ဆော်သူများကို ရဲ...

လှည်းကူးမြို့ပဋိပက္ခတွင် ပါဝင်ခဲ့သူများ၊ ဆူပူမှုဖြစ်ပွားအောင် လှုံ့ဆော်သူများကို ရဲတပ်ဖွဲ့က ဧပြီ ၄ ရက် တစ်ညလုံး လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ၁၃ ဦးထက်မနည်း ဖမ်းဆီးခဲ့ပြီး ဧပြီ ၅ ရက်တွင် မြို့အခြေအနေ တည်ငြိမ်အေးချမ်းနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘ဒီနေ့မှာ ဘာမှပြဿနာမ ဖြစ်တော့ပါဘူး။ အားလုံးတည်ငြိမ်နေပါပြီ။ ဈေးလည်းပုံမှန်အတိုင်းပြန်ဖွင့်နေပါတယ်’’ ဟု လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးခင်မြင့်က ပြောသည်။ လှည်းကူးပဋိပက္ခတွင် ပါဝင်သူ၊ လှုံ့ဆော်သူ ဆယ်ဦးကျော် ဖမ်းဆီး - သစ်ထူးလွင် (နေ့စဉ်သတင်း) - Th www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1e1rMqn