Skip to main content

Posts

Showing posts from December 16, 2014

သံဓာတ်အားနည်းနေသည့် လက္ခဏာများ

သံဓာတ်အားနည်းတဲ့ရောဂါဟာအမေရိကန်ပြည်ထောင်စုမှာအမျိုးသမီးအတော်များများ ခံစားရလေ့ရှိတဲ့ ရောဂါဖြစ်ပါတယ်။သံဓာတ်ဟာ အောက်ဆီဂျင် သယ်ဆောင်ဖို့လိုအပ်တဲ့ သွေးနီဥတွေတည်ဆောက်ရာမှာလိုအပ်တဲ့ ဟေမိုဂလိုဘင် ဖြစ်ပေါ်ဖို့ရာ အရေးကြီးတဲ့ဓာတ် ဖြစ်ပါတယ်။ သံဓာတ်မလုံလောက်တာ ကြာတဲ့အခါ သွေးအားနည်းရောဂါကိုခံစားရတာဖြစ်ပါတယ်။ ဒါကြောင့်သံဓာတ် မလုံလောက်တာမို့ခံစားရတဲ့ ရောဂါလက္ခဏာတွေကို လေ့လာနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။ မောပန်းနွမ်းနယ်ခြင်း သံဓာတ်မပြည့်ဝတဲ့အခါ အဓိကဖြစ်လေ့ရှိတဲ့ရောဂါလက္ခဏာကတော့ ပင်ပန်းနွမ်းနယ်ပြီး စိတ်ပါဝင်စားမှု လျော့နည်းတာ ဖြစ်ပါတယ်။ ဒီလက္ခဏာဟာ စမ်းသပ်စစ်ဆေးဖို့အခက်ခဲဆုံးဖြစ်ပြီးအမျိုးသမီးတွေမကြာခဏ ဖြစ်လေ့ရှိတယ်လို့သိရပါတယ်။ သံဓာတ်လျော့နည်းတဲ့အခါတစ်သျှူးတွေဆီ အောက်ဆီဂျင် ရောက်ရှိတဲ့ ပမာဏ လျော့နည်းသွားတဲ့ အတွက် ခန္ဓာကိုယ်ရဲ့ စွမ်းအင်အဆင့်တွေ ကျဆင်းပြီး မောပန်းနွမ်းနယ်တာတွေ ခံစားရတာ ဖြစ်ပါတယ်။ တကယ်လို့ ပင်ပန်းနွမ်းနယ်တာဟာ အားနည်းတာ၊ စိတ်ဂနာမငြိမ်ဖြစ်တာ၊ စိတ်ပါ ၀င်စားမှု နည်းတာစတာတွေနဲ့တွဲပြီး ဖြစ်ပေါ်လာရင်တော့ ပေါ့ပေါ့ဆဆမနေသင့်ပဲ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး ဆေးဝါးမှီဝဲသင့်ပါတယ်။ ရာသီသွေးဆင်းမှုများခြင်း မိန

Erectile Dysfunction Causes ပန်းသေ-ပန်းညှိုး အချက် (၁ဝ) ချက်

1. စိတ်ဓါတ်ကျခြင်း လိင်စိတ်ဖြစ်ပေါ်တာ ဦးနှောက်ကနေ စတယ်။ စိတ်ဓါတ်ကျနေရင် ဘယ်လိုစိတ်မျိုးမဆို ပုံမှန်မဖြစ်စေတာထဲမှာ Erectile dysfunction (ED) လိင်အင်္ဂါမသန်မာနိုင်တာလဲ ပါတယ်။ ပြဿနာက စိတ်ကျဆေးသောက်လို့ ပိုဆိုးနိုင်ပြန်သေးတယ်။ 2. အရက် အရက်နဲနဲသောက်ရင် စိတ်ပေါ့ပါးပြီး လုပ်ရဲကိုင်ရဲဖြစ်လာမယ်လို့ ယူဆကြတယ်။ တန်ဆေး-လွန်ဘေးအစစ်က အရက် ဖြစ်တယ်။ အရက်များရင် လူရော လိင်အင်္ဂါပါ မသန်မာနိုင်မာတာ့ဘူး။ ဒီလိုဖြစ်တာက ယာယီသဘောပါ။ 3. ဆေးဝါး ED ဖြစ်စေနိုင်တဲ့ ရောဂါကု ဆေးဝါးတွေရှိတယ်။ သွေးတိုးကျဆေး၊ အနာသက်သာဆေး၊ စိတ်ကျဆေး၊ နောက်ပြီး Street drugs မူးယစ်ဆေးတွေထဲက Amphetamines, Cocaine နဲ့ Marijuana တွေကနေလဲ ဖြစ်စေနိုင်တယ်။ 4. စိတ်-ရုပ် ဖိစီးမှု ရုံးအလုပ်၊ အိမ်အလုပ် လုပ်စရာတွေ များနေတာကနေ လူ-စိတ်ပင်ပန်း၊ ကျားအင်္ဂါ မလန်းနိုင်ဖြစ်စေတယ်။ လူနေမှုပုံစံပြင်ပါ။ အိပ်ချိန်-စားချိန်မှန်ပါစေ။ ကိုယ်လက်လှုတ်ရှား၊ အားကစားလုပ်ပါ။ လိုအပ်ရင် ပညာရှင်နဲ့ ကုသမှုခံယူပါ။ 5. ဒေါသ ဒေါသထွက်နေသူ မျက်နှာနီရဲလာတယ်။ လိင်မှုကိစ္စအတွက် သွေးပိုလျှောက်လာဘို့က ကျားအင်္ဂါမှာဖြစ်နေတယ်။ စိတ်တိုနေရင် စိတ်ကူးလေးတွေ ဘယ်လိုယဉ်မလဲ။ 6. စိုးရိမ်စိတ် ဆက်ဆံမှု မပြုခင်ကတ

ရှားစောင်းလက်ပပ်က အသားအရေကို ချောမွေ့ စေနိုင်

မက္ကဆီကို နိုင်ငံသား တွေက အသားအရေ နီမြန်းမှုနဲ့ ကြမ်းတမ်းတဲ့ ပြဿနာ တွေကို ကုသဖို့ ရှားစောင်းကို သုံးခဲ့ကြ ပါတယ်။ တက်ဆက် တက္ကသိုလ် လေ့လာမှု အရ ရှားစောင်း လက်ပပ်ဟာ အသားအရေ နီမြန်းမှုကို လျော့ကျစေတာ၊ အနာ ကျက်စေတာ၊ အရေပြား အစို ဓာတ်ကို မြှင့်တင်ပေးတာနဲ့ ဆပ်ပြာနဲ့ ဓာတုပစ္စည်း တွေဒဏ်ကို ခံနိုင်ရည် ရှိတာစတဲ့ အစွမ်းတွေ ရှိကြောင်း သိရပါတယ်။ အသားအရေ ခြောက်သွေ့ ယားယံမှုကိုလည်း လျော့ ပါးစေပြီး အဖုအပိမ့်တွေကို သက်သာ စေကာ အရေပြား ဆဲလ်သစ်တွေ ထွက်လာအောင် အားပေးပါတယ်။ သင့်အရေပြားမှာ အပြစ်အနာ အဆာတွေ ရှိနေရင် ရှားစောင်း ပါတဲ့ ခရင်မ် ဒါမှမဟုတ် ဂျဲလ်ကို လိမ်းပေး သင့်ပါတယ်။ ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်) မြ၀တီ http://ift.tt/1oFF4sG from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1DJ59Tn

မြန်မာတွေ ပိန်ဖို့

ဒေါက်တာ အေးမင်းထူး မြန်မာတွေ ဝိတ်ချတယ်ဆိုပြီး ဘာကြောင့် မပိန်သေးတာလဲ။ ပိန်အောင် လုပ်ချင်သူ၊ ကြိုးစားချင်သူတွေ အများကြီးထဲ မှာမှ တကယ် ဝိတ်ချနိုင်တဲ့ ဦးရေက ဘာကြောင့်နည်း ရတာပါလဲ။ လူတော်တော် များများ စဉ်းစားရ ကျပ်တဲ့ မေးခွန်းတစ်ခုကို ပြန်မေး မိတယ်။ သေချာ လေ့လာကြည့် တဲ့အခါ နံပါတ်တစ် တွေ့တာက ဝိတ်ချနည်းကို ကောင်းကောင်း မသိလို့။ အသုံးမချ တတ်လို့ပါ။ ဘယ်လို ဝိတ်ချရင် ကျမလဲ။ စနစ်တကျ မလုပ်တတ် သေးလို့ဆိုတာ တွေ့တယ်။ နောက်တစ်ချက် က ဝိတ်ကျဆေးတွေ ဈေးကြီးပေး ဝယ်သောက်ရင် ပျောက်မယ် ထင်နေ ကြသူတွေ တစ်နေ့တခြား များလာလို့ ဆိုရင်လဲ မမှားဘူး။ အများစုက ဆေးအပေါ်မှာ အားကိုးမှီခို လွန်းတယ်။ တချို့ကျတော့ ထမင်းတစ်နပ် လျှော့စားရင် ဝိတ်ကျမယ် ထင်သူတွေလဲ ရှိသေးတယ်။ တကယ်တမ်း လျှော့စား ကြည့်တဲ့အခါ သိပ်ကြာကြာ မခံဘူးဆိုတာ တွေ့ရပါတယ်။ ပိုဆိုးတာက ညစာတော့ ရှောင်ပါရဲ့။ အဆာပြေ အာလူး ချောင်းကြော် တစ်ထုပ် စားမိလိုက်တယ်။ ဝင်လာတဲ့ ကယ်လိုရီကို သတိမထား မိဘူး။ ကစီဓာတ်၊ အဆီဓာတ်၊ အသားဓာတ် တွေရဲ့အခြေခံ အကြောင်းအရာ ကို နားမလည် သေးရင် ဝိတ်ချရတာ ခက်တယ်။ ဝိတ်ချသူတွေ ထဲမှာမှ စားနိုင် သောက်နိုင်၊ ချမ်းသာသူတွေ အတွက် ဝိတ်ချရတာ အခက်ခဲဆုံး ဖြစ်ေ

ကျောက်သယ်ကား တမ်းမှောက် တစ်ဦးသေဆုံး

မကွေး ဒီဇင်ဘာ ၁၆ မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ပိတောက်ပင် ကျေးရွာမူလတန်းကျောင်းအနီး ဒီဇင်ဘာ ၁၄ ရက် နံနက် ၃ နာရီ ၄၅ မိနစ်က ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ သရက်-မင်းတုန်းကားလမ်းအတိုင်း သရက်မြို့မှ ကျောက်ကြီးကျေးရွာဘက်သို့ယာဉ်မောင်း စောနောင် (၃ဝ နှစ်) ကသစ်ကန်ကျေးရွာ အောင်လံမြို့နယ်နေ သူသည် ၉ဌ/---- လိမ္မော်ရောင် FAW ခြောက်ဘီး ကျောက်သယ်ယာဉ်ကို တစ်ဦးတည်းမောင်းနှင်လာစဉ် မိုင်တိုင်အမှတ် (၈)အနီးအရောက်တွင် လမ်း၏ ဝဲဘက်သို့ အရှိန်မထိန်းနိုင်ဘဲ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် စောနောင် တွင်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွား ခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သရက်မြို့မ ရဲစခန်းက ယာဉ်မောင်း စောနောင်ကို အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။ ကျော်ဇေယျ Myanmaalinn http://ift.tt/1xK4A5u from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1zoEPKe

မလေးရှားပြန် မြန်မာတွေ ဖမ်းဆီးခံရ

မလေးရှားနိုင်ငံမှာ ၃ နှစ်ကျော် တရားမ၀င်နေထိုင်ပြီးနောက် ထိုင်းနယ်စပ်ကိုဖြတ်ကျော်ဖို့ ကြိုးပမ်းစီစဉ်နေတဲ့ မြန်မာနိုင်ငံသား ၇၆ ယောက်ကို မလေးရှားအာဏာပိုင်တွေက ဒီကနေ့ ဖမ်းဆီးလိုက်ပါတယ်။ မလေးရှား လူကုန်ကူးမှုကာကွယ်ရေး ရဲတပ်ဖွဲ့ဝင်တွေဟာ ကွာလာမ်ပူမြို့ Kampung Baru ရပ်ကွက်မှာရှိတဲ့ နေအိမ်တစ်ခုကို ဒီကနေ့ မနက် ၉ နာရီလောက်က ရှောင်တခင်ဝင်ရောက်စီးနင်းပြီး၊ အသက် ၁၇ နှစ်နဲ့ ၆၁ နှစ်ကြားအရွယ် မြန်မာနိုင်ငံသား ၇၆ ယောက်ကို ဖမ်းဆီးခဲ့တာလို့ မလေးရှားရဲတွေက ပြောပါတယ်။ အဖမ်းခံရသူတွေဟာ ဂျိုဟော၊ ပီနန်နဲ့ ကွာလာလာမ်ပူဒေသတွေမှာ တရားမ၀င်နေထိုင် အလုပ်လုပ်ကိုင်နေသူတွေဖြစ်ပြီး၊ ထိုင်းနယ်စပ်ကိုခေါ်ဆောင်သွားမယ့် လူကုန်ကူးဂိုဏ်းအဖွဲ့ဝင်တစ်ဦးကို စောင့်ဆိုင်းနေစဉ် အဲဒီနေအိမ်မှာ အခုလို တစုတဝေးတည်း ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ မလေးရှားရဲတွေက ပြောပါတယ်။ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား ၂၀ ကျော် သတ်ဖြတ်ခံရမှုနောက်ပိုင်း အာဏာပိုင်တွေက တရားမ၀င် မြန်မာအလုပ်သမားတွေကို ပစ်မှတ်ထားဖမ်းဆီးမှုတွေ သိသိသာသာ တိုးမြှင့်လုပ်ဆောင်လာတယ်လို့ 'ဧရာဝတီ' စေတနာ့ဝန်ထမ်းအဖွဲ့ (မလေးရှားလူမှုကွန်ရက်) ရဲ့ အမှုဆောင်အဖွဲ့ဝင် ဦးအောင်သန်းညွန့်ကေ

ပါကစ္စတန်ကျောင်း တိုက်ခိုက်ခံရမှု လူ ၁၃၀ သေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Peshawar မြို့က ကျောင်းတကျောင်းမှာ ကျောင်းသားအများစု အပါအဝင် လူပေါင်း ၁၃၀ မကကို သတ်ဖြတ်ခဲ့တဲ့ တာလီဘန်စစ်သွေးကြွတွေ ဝင်ရောက်စီးနင်းတဲ့ ဖြစ်ရပ် ပြီးဆုံးသွားပါပြီ။ စစ်ယူနီဖောင်းဝတ်ထားပြီး ဖောက်ခွဲရေးပစ္စည်းတွေ ကိုယ်မှာတပ်ထားတဲ့ စစ်သွေးကြွတွေက စစ်တပ်က ဖွင့်ထားတဲ့ကျောင်းကို ဒီကနေ့ ၀င်ရောက် တိုက်ခိုက်ခဲ့တာပါ။ လုံခြုံရေးတပ်ဖွဲ့တွေက စစ်သွေးကြွအနည်းဆုံး ၆ ဦးကို သတ်ပစ်လိုက်တယ်လို့ စစ်တပ်ပြောခွင့်ရသူက ဆိုပါတယ်။ ငိုကြွေးနေကြတဲ့ ကျောင်းသားမိဘတွေ ဆေးရုံကို ရောက်လာကြပြီး သူတို့ကလေးတွေရဲ့ ရုပ်အေလာင်းတွေဆီကို လိုက်လာကြပါတယ်။ အခြားသူတွေကလည်း ဒဏ်ရာရသူ ၁၀၀ ကျော်အတွက် သွေးလှူဒါန်းဖို့ ဆေးရုံကို လာရောက်ကြတယ်လို့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။ ၀န်ကြီးချုပ် Nawaz Sharif က ဒီတိုက်ခိုက်မှုကို ရှုတ်ချပြီး၊ ဒီဖြစ်ရပ်ဟာ တတိုင်းပြည်လုံးအတွက် ကြေကွဲဝမ်းနည်းဖွယ် ဖြစ်ရပ်လို့ ပြောပါတယ်။ Peshwar မြို့ကို ဒီနေ့ပဲ ရောက်လာတဲ့ Mr.Sharif က ဒီကြမ်းကြုတ်ရက်စက်တဲ့ လုပ်ရပ်ကြောင့် အစိုးရဟာ နောက်တွန့်သွားမှာ မဟုတ်ဘူး၊ စစ်သွေးကြွတွေအပေါ် စစ်ဆင်ရေးတွေ ဆက်ပြီး ပြုလုပ်နေမယ်လို့ ကတိပြုသွားပါတယ်။ အိန္ဒိ

မြန်မာလုပ်ငန်းပိုင်ရှင်တဦး ပြန်ပေးဆွဲ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး လူဆိုးဂိုဏ်းအုပ်စုကို မလေးရှား ရဲတပ်ဖွဲ့မှ ဖမ်းဆီး

ကွာလာလမ်ပူ ဆန်တူတွင် မြန်မာစီးပွားရေး လုပ်ငန်းရှင် ပိုင်ရှင်တဦးကို ပြန်ပေးဆွဲ အသတ်ခံရမှုနဲ့ ပတ်သက်ပြီ သံသရှိသူ ၂ ဦးကို မလေးရှား ရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်ပြီ လွန်ခဲ့တဲ့လ နိုဝင်ဘာ ၁၂ ရက်နေ့က Pusat Bandar Utara Sentulရှိ အသတ်ခံရတဲ့သူ၏ နေထိုင်ရာ စားသောက်ဆိုင်သို့ အမည်မသိ လူ ၄ ဦးကနေပြီ အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ပြီနောက် သေဆုံးနေတဲ့ အလောင်းကို လမုပင် ခြေရင်ရှိ ရွှံ့ဗွက်နေရာတွင် မြေမြုပ်ထားပစ်ခဲ့ပြီ အသတ်ခံရသူ၏ အလောင်းအား ယခုလ ဒီဇင်ဘာ ၁ ရက်နေ့က တွေ့ရှိခဲ့တာဖြစ်တယ် ထိုအသတ်ခံရသူမှာ အသက် ၃၀ နှစ်အရွယ်ဖြစ်ကြောင်း ဒီဇင်ဘာ ၈ ရက်နေ့ ဘားနားမာ သတင်းစာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။ ဒီလူသတ်သမား သံသယရှိသူ၂ ဦးက စင်္ကာပူဘက်သို့ ထွက်ပြေး တိမ်းရှောင်ရန် စင်္ကာပူနယ်စပ်ဂိတ်နေရာတွင် ဒီဇင်ဘာ ၃ ရက်နေ့က လူသတ်သမား ၂ ဦးကို တွေ့ရှိခဲ့ပြီနောက် လူသတ်သမား ၂ ဦးကို နယ်စပ်ဂိတ်နဲ့ခပ်လှမ်းလှမ်းတဲ့နေရာက ဖမ်းဆီးခဲ့တာဖြစ်တယ် သူတို့ရဲ့ နောက်ကွယ်မှာ လူဆိုး ဂိုဏ်ခေါင်းဆောင်တွေနဲ့ ပါဝင်ပတ်သက်မှုရှိနေကြောင်း အသတ်ခံရတဲ့အမှုကို ဆက်လက် စုံစမ်းဖော်ထုတ် ပြုလုပ်သွားမည်ဟု ရဲအရာရှိ ACP R. Munusamyက ပြောဆိုသွားသည်။ ပထမဆုံး လူသတ်သမားအ

ရန်ကုန် တက္ကသိုလ် ကျောင်းသား များသမဂ္ဂဖွဲ့စည်း

ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကျောင်း သူ၊ ကျောင်းသားတွေက ရန်ကုန်တက္ကသိုလ် ကျောင်း သားများသမဂ္ဂကို ဖွဲ့စည်းကြောင်း ဒီနေ့ကြေညာလိုက် ပါတယ်။ သမဂ္ဂကို ယာယီအလုပ်အမှု ဆောင်အဖွဲ့ဝင် ၁၇ ဦးနဲ့ စတင်ဖွဲ့စည်းလိုက်ကြောင်း သမဂ္ဂအဖွဲ့ဝင်တွေက ရန်ကုန်တက္ကသိုလ်ဝင်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်း ပွဲမှာ ပြောပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားတွေရဲ့ အကျိုး ကိုဆောင်ရွက်ရေးအတွက် အခုလိုဖွဲ့စည်းခဲ့တာဖြစ်တယ် လို့ ယာယီအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ မအိဆွေမြတ် က ပြောပါတယ်။ " ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂဆိုတာ ရန်ကုန်တက္ကသိုလ်မှာ ရှိတဲ့ ကျောင်းသားတွေအကုန် လုံးအပြင် တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသား သမဂ္ဂ ကျောင်းသားတွေအကုန်လုံးကို ကိုယ်စားပြု တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ကျနော် တို့ခံယူထားပါတယ်၊ ယာယီအလုပ်အမှုဆောင်အဖွဲ့မှာ ကျနော်တို့ ၁၇ ယောက်ပါ ပါတယ်၊ ၁၇ ယောက်မှာ ဒုတိယနှစ်နဲ့ မာစတာတန်း အမ်ဝမ်း၊ အမ်တူး မာစတာတွေနဲ့ ဖွဲ့စည်းထားတာပါ၊ ကျနော်တို့ မြန်မာစာ၊ သမိုင်း၊ အိုင်အာ၊ ဘူမိတို့ မေဂျာတော့ အဆုံသေးပါဘူး၊ ဒါယာယီ အလုပ်အမှုဆောင်အဖွဲ့ပါ" ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအနေနဲ့ ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်တည်

ပါကစ္စတန် စာသင်ကျောင်း အတိုက်ခံရ၊ ၁၂၆ ဦး သေ

သေဆုံး ဒဏ်ရာရသူ အများစုက ကျောင်းသားငယ်တွေ ဖြစ် ပါကစ္စတန် နိုင်ငံ အနောက်မြောက်ပိုင်းက ပက်ရှ်ဝါ ဒေသမှာ စာသင်ကျောင်း တစ်ကျောင်းကို တာလီဘန်တွေ ဝင်ရောက် စီးနင်း တိုက်ခိုက် ခဲ့ကြတဲ့အတွက် ကျောင်းသား ကလေးငယ် အများစု ဖြစ်တဲ့ လူ ၁၂၆ ယောက် သေဆုံး ခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ စစ်တပ်က ဖွင့်ထားတဲ့ အဲဒီ ကျောင်း အဆောက်အဦကို ဝင်ရောက် တိုက်ခိုက်တဲ့ စစ်သွေးကြွ ၆ ယောက်လုံး သေဆုံး ခဲ့ပြီး အဲဒီ အထဲက တစ်ယောက်က အသေခံ ဖောက်ခွဲ တိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။ ပါကစ္စတန်မှာ ဖြစ်ခဲ့တဲ့ စစ်သွေးကြွ တွေရဲ့ တိုက်ခိုက်မှုတွေ အတွင်း လူတွေ ထောင်နဲ့ချီ သေဆုံး ခဲ့ရပြီး ဖြစ်ပေမယ့် အခု တိုက်ခိုက်မှုကတော့ အဆိုးရွားဆုံး ဖြစ်ပါတယ်။ စစ်သွေးကြွတွေဟာ ကျောင်းသားတွေကို ဓားစာခံ အဖြစ် ဖမ်းဆီးဖို့ ရည်ရွယ်ပုံ မရဘဲ များနိုင်သမျှ များများ သတ်ဖြတ်ဖို့သာ ရည်ရွယ်ခဲ့ပုံ ရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ မြောက်ဘက် ဝါဇီရစ္စတန် ဒေသနဲ့ ခိုင်ဘာ ဒေသတွေမှာ တာလီဘန်တွေ အပေါ် ထိုးစစ် ဆင်နေတာကို လက်တုန့်ပြန်တဲ့ အနေနဲ့ အခုလို တိုက်ခိုက်ခဲ့တာလို့ တာလီဘန်တွေက ကြေညာ ထားပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1GLRp6H from သစ်ထူးလွင် (နေ့စဉ်သ

ဆစ်ဒနီ သေနတ်သမား စောင့်ကြည့်စာရင်းမှာ ရှိမနေခဲ့

သေဆုံးသူ ၂ ဦးအတွက် ဝမ်းနည်းခြင်း အမှတ်တရ ပန်းစည်းတွေ ချထားစဉ်။ ဆစ်ဒနီမြို့လယ်က ကော်ဖီဆိုင်ကို တနင်္လ࿿ာနေ့က ဝင်စီးထားခဲ့တဲ့ သေနတ်သမားဟာ ဘာကြောင့် စောင့်ကြည့် စာရင်းမှာ ရှိမနေခဲ့သလဲ ဆိုတာကို သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့က မေးခွန်း ထုတ်လိုက်ပါတယ်။ အဲဒီ သေနတ်သမားဟာ တခြား ပြစ်မှုတွေလည်း ကျူးလွန် ထားခဲ့ပေမယ့် ဘာကြောင့် အာမခံနဲ့ လွှတ်ပေး ထားခဲ့သလဲ ဆိုတာကို ပြန်စစ်ဆေး ရမယ်လို့လည်း မစ္စတာ အက်ဘော့က ပြောပါတယ်။ ကော်ဖီဆိုင်ကို ရဲတွေ ဝင်ရောက် ရှင်းလင်းရာမှာ သေဆုံးခဲ့ရတဲ့ ဓားစာခံ ၂ ဦး အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေနဲ့ ဆစ်ဒနီ မြို့လယ်မှာ လူတွေက ပန်းစည်းတွေ လာရောက် ချထားခဲ့ကြပါတယ်။ သေနတ်သမား ဝင်စီးထားတဲ့ ကော်ဖီဆိုင်ကို ရဲတွေရဲ့ ဝင်ရောက် ရှင်းလင်းခဲ့မှု အပေါ် စုံစမ်း စစ်ဆေးမှု တစ်ရပ်ကိုလည်း စတင် လိုက်ပါတယ်။ အလားတူ အီရန် နိုင်ငံသား ခိုလှုံသူ ဖြစ်တဲ့ သေနတ်သမားရဲ့ အကြမ်းဖက်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးလည်း စုံစမ်း စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1zmAKGp from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1GLRmaQ

ပါကစ္စတန်ကျောင်းတိုက်ခိုက်ခံရမှု လူ ၁၂၆ ဦးထက်မနည်း သေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Peshawar မြို့က ကျောင်းတကျောင်းကို တာလီဘန်စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်မှုကြောင့်၊ ကျောင်းသားအများစု အပါအဝင် လူပေါင်း ၁၂၆ ဦးထက်မနည်း သေဆုံးသွားတယ်လို့ အရာရှိတွေက ပြောပါတယ်။ စစ်တပ်က ဖွင့်ထားတဲ့ကျောင်းကို စစ်သွေးကြွတွေ ဝင်ပစ်သွားတာမှာ အနည်းဆုံး နောက်ထပ်လူ ၁၀၀ ကျော်လည်း ဒဏ်ရာရသွားတယ်လို့ ပြည်နယ် အရာရှိတွေက ပြောပါတယ်။ ဒဏ်ရာရသူ အတော်များများဟာ စိုးရိမ်ရတဲ့ အနေအထားရှိတယ်လို့ ဆေးရုံက ပြောပါတယ်။ မောင်းပြန်သေနတ်တွေ ကိုင်ဆောင်ထားတဲ့ အမျိုးသား ၆ ဦး အထိဟာ ကျောင်းထဲကို ဝင်လာခဲ့ပြီး အဲဒီထဲက တယောက်က ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်ခဲ့တာပါ။ သူတို့ထဲက အနည်းဆုံး နောက်ထပ် ၂ ဦးလည်း သေဆုံးသွားပါတယ်။ စစ်သွေးကြွတွေဟာ စစ်တပ်ဝတ်စုံတွေ ဝတ်ဆင်ထားကြတယ်လို့ ပြည်နယ် အစိုးရ ပြောခွင့်ရသူက ဆိုပါတယ်။ ကျောင်းကိုဝင်စီးတော့ ကျောင်းသားနဲ့ ဝန်ထမ်း အများစုကို ဘေးလွတ်ရာကို ခေါ်ထုတ်ခဲ့နိုင်ပြီး တချို့က ကျောင်းစုဝေးခန်းမမှာ ဓားစာခံတွေအဖြစ် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ကို ကယ်တင်နိုင်ဖို့ အခုထိ ကြိုးစားနေကြတုန်းပါ။ နိုင်ငံရဲ့ အနောက်မြောက်ပိုင်း အာဖဂန်နယ်စပ်နဲ့ကပ်နေတဲ့ တိုင်းရင်းသား ဒေသတွေမှ

သိမ်းပိုက်မြေ ပြန်ရရေး တိုင်းဝန်ကြီးချုပ်နဲ့ ဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်နဲ့ ကန်ကြီးထောင့်မြို့နယ်တွေမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေဧက တစ်ထောင်ကျော် ပြန်လည်ရရှိရေးအတွက် ဖြေရှင်းဆောင်ရွက်ပေးဖို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်ကို လယ်သမား ၁၁ ဦးက ပုသိမ်မြို့ တိုင်းဒေသကြီးအစိုးရရုံးမှာ ဒီကနေ့ တွေ့ဆုံတင်ပြခဲ့ပါတယ်။ ဝန်ကြီးချုပ်က တစ်ပတ်အတွင်း ဖြေရှင်းပေးမယ်လို့ ကတိပေးခဲ့ကြောင်း တွေ့ဆုံပွဲမှာပါဝင်ခဲ့တဲ့ ပုသိမ်မြို့နယ်က တောင်သူ မမိုးစန္ဒာက ပြောပါတယ်။ "မူလလက်ငုတ်လက်ရင်း လုပ်ကိုင်ခဲ့တဲ့ ဒေသခံတောင်သူများကို လယ်ယာမြေဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့အညီ ပြန်လည်လျှောက်ထားခွင့်ကို ပြုလုပ်ရန်၊ စာရွက်စာတမ်း အထောက်အထားနဲ့ မြေပြင်တွင်ဖြစ်ပေါ်နေသည့် လယ်နီးခြင်းအများစုရဲ့ ထောက်ခံချက် အခြေအနေများကို အမှီသဟဲပြုပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်များပြုရန်၊ တည်ဆဲလယ်ယာမြေဥပဒေများကို ချိုးဖောက်နေသည့် လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိထားသူများကို တည်ဆဲဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ရန်နှင့် နောက်ဆက်တွဲဖြစ်ပေါ်နေသည့် အခြေအနေများကို ကုစားဆောင်ရွက်မှု ချက်ချင်းပြုလုပ်ပေးရန် ကော်မတီ ၁၁ ဦးဖွဲ့ပြီးတော့ အဲ့လိုမျိုးတောင်းဆိုတယ်" ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းန

မြို့တော်ခန်းမပိတ်ဆို့ ဆန္ဒပြသူတွေကို အရေးယူမည်

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြနေကြတဲ့ မိကျောင်းကန် ပြည်သူတွေဟာ ဥပဒေကို ချိုးဖောက်ပြီး အစိုးရဋ္ဌာနရုံးတစ်ခုကို ပိတ်ဆို့နေကြတာဖြစ်တဲ့အတွက် တရားဥပဒေအတိုင်း အရေးယူသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။ မြို့တော်ခန်းမကို ပိတ်ဆို့ပြီး လေးရက်မြောက်နေ့အဖြစ် ဆန္ဒပြနေကြတဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း (၁-၂-၃) က ပြည်သူတွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေက မေးမြန်းရာမှာ ဗိုလ်မှူးကြီး တင်ဝင်းက အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။ "ရုံးဌာနတစ်ခုကို ပိတ်ထားတာဟာ ဥပဒေမဲ့လုပ်တာလား၊ ဥပဒေနဲ့လုပ်တာလား၊ ဥပဒေမဲ့လုပ်တယ်ဆိုရင် ဥပဒေနဲ့ အရေးယူရမှာပေါ့၊ ကျနော်တို့က ဥပဒေချိုးဖောက်တဲ့လူမှန်သမျှကို ဥပဒေနဲ့အညီ အရေးယူရမှာပဲ၊ ဒီအတိုင်းထားလို့မရဘူး၊ ဒီအတိုင်းထားရင် အကုန်လုံးက ဒုက္ခရောက်ကုန်မှာပေါ့၊ သူတို့ကိုလည်း ကျနော်တို့ကပြောပြီးပြီ၊ သူတို့ဘာကိုလိုလားလဲ၊ မရတဲ့ဟာတစ်ခုကို ကိုယ်မပိုင်ဆိုင်တဲ့ဥစ္စာ အတင်းတောင်းဆိုလို့မရဘူး၊ သူ့ဟာသူပိုင်ဆိုင်တယ်ဆိုရင် ပိုင်ဆိုင်ခွင့်အထောက်အထားတွေနဲ့ တင်ပြရမယ်" ဒါ့အပြင် မိကျောင်းကန် မြေယာသိ