Skip to main content

Posts

Showing posts from October 19, 2014

လိပ်ကျွန်းလူသတ်မှုဖော်ထုတ်ရေး ကမ္ဘာကျော် စကော့တလန်ယာ့ဒ် စုံထောက်အဖွဲ့ကို စေလွှတ်တော့မည်

ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်း ခေါ် လိပ်ကျွန်းမှာဖြစ်ပွားခဲ့တဲ့ ဗြိတိသျှနိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရမှုအတွက် စုံစမ်းဖော်ထုတ်ရာမှာ ကူညီဆောင်ရွက်ဖို့ ကမ္ဘာကျော် စကော့တလန်ယာ့ဒ် စုံထောက်အဖွဲ့ကို မကြာခင်ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံကိုစေလွှတ်တော့မယ်လို့ လန်ဒန်မြို့တော် ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။ ဗြိတိန်နိုင်ငံသားစုံတွဲဖြစ်တဲ့ David Miller နဲ့ Hannah Witheridge တို့ သတ်ဖြတ်ခံရမှုမှာ လူသတ်တရားခံ အစစ်အမှန်ကိုဖော်ထုတ်ပြီး၊ တရားဥပဒေအရ ပွင့်လင်းမှု၊ မျှတမှုရှိရှိ စီရင်ဆောင်ရွက်နိုင်အောင် စကော့တလန်ယာ့ဒ် စုံထောက်ရဲတပ်ဖွဲ့အနေနဲ့ ထိုင်းရဲတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ လန်ဒန်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီအစီအစဉ်ဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ အီတလီနိုင်ငံမှာ တွေ့ဆုံမှု အတွင်း ရရှိခဲ့တဲ့ နှစ်ဖက်သဘောတူညီမှုကြောင့် ပေါ်ပေါက်လာတာ ဖြစ်တယ်လို့ မြန်မာ့အရေးဆောင်ရွက်နေတဲ့ လန်ဒန်မြို့အခြေစိုက် Burma Democratic Concern အဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသိန်းက ပြောပါတယ်။ "အီတလီနိုင်ငံမှာ သူတို့ဆွေးနွေးသွားမှာဆိုလို့ရှိရင် ဗြိတိန်ဝန်ကြီးချုပ်

ဦးဆန်းဆင့်အတွက် စိုးရိမ် သောက ရောက်နေ ရှာသော ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များသို့

၂၀၁၄ခုနှစ်၊ အောက်တိုဘာ ၁၈ရက် များမကြာမီက “ပုဒ်မ ၄၃၆ပြင်ဆင်ရေး”အတွက် ပြည်သူ (၄၉၄၁၉၉၈)ဦးက လက်မှတ်ရေးထိုး၍ လွှတ်တော်ထံပို့ခဲ့စဉ်က လွှတ် တော်ဥက္ကဋ္ဌ ၂ဦးဖြစ်သော ဦးရွှေမန်းနှင့် ဦးခင်အောင်မြင့်တို့က ထိုလက်မှတ်များသည် သြဇာသက်ရောက်မှု မရှိကြောင်း မျက်နှာ ပြောင်တိုက်၍ ငြင်းပယ်ခဲ့ကြ ဖူးလေသည်။ ယခု သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အမှုတွင်မူ “ဆရာတော်၊ သံဃာတော်များ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ် ၅၁ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ပြည်သူ ၁ဝဝ၄ဦး”တို့က လက်မှတ်ရေးထိုးတင်ပြသည့်စာကိုတော့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက အရေးတယူပြုပြီး သမ္မတထံသို့ သဝဏ်လွှာပေးခဲ့သည်။ နှိုင်းယှဉ်ပြောရမည်ဆိုလျှင် “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး” သည် တစ်တိုင်းတစ်ပြည်လုံး၊ ပြည်သူလူထုတစ်ရပ်နှင့် သက်ဆိုင်သော အရေးအရာကိစ္စဖြစ်သည်။ “သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်” အမှုသည် တစ်ဦးချင်းကိစ္စ၊ တစ်ဦးချင်းပြဿနာမျှသာ ဖြစ်သည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် တစ်တိုင်းတစ်ပြည်လုံး၊ ပြည်သူလူထုတစ်ရပ်လုံးနှင့်သက်ဆိုင်သော အရေးအရာကိစ္စနှင့် တစ်ဦးချင်းကိစ္စ၊ တစ်ဦးချင်းပြဿနာသည် နှိုင်းယှဉ်ထိုက်သည့်ကိစ္စမဟုတ်ပါ။ ဦးရွှေမန်းနှင့် ဦးခင်အောင်မြင့်တို့၏ သဘောထား ခံယူပုံ ထင်ရှားပေါ်

ကေအဲန်ယူ ခေါင်းဆောင်ကြီးတွေ သမိုင်းကြောင်း ကောင်းကြ ပါစေ

(အောက်တိုဘာ ၁၅၊ ၂၀၁၄ခုနှစ်) ဒီနေ့ကာလဟာ ကေအဲန်ယူအတွက် အရေးကြီးတဲ့ ကာလတစ်ခု ဖြစ်သလို ကရင်အမျိုးသားတွေ အတွက်လည်း အင်မတန် အရေးကြီးပြီး ကေအဲန်ယူ ဘယ်လို ခြေလှမ်း လှမ်းမလဲဆိုတာ မျက်လုံး ဒေါက်ထောက် ကြည့်နေ ပြောနေရမယ့် ကာလလည်း ဖြစ် ပါတယ်။ ဒီနေ့ကာလမှာ ကေအဲန်ယူအတွင်း ကေအဲန်ယူရဲ့ မူ၊ ကေအဲန်ယူရဲ့ ပေါ်လစီအပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်ပြီး တပ်ပေါင်းစုနဲ့ အောင်ပွဲပန်းတိုင်ကို အရောက်သွားချင်တဲ့ အမာခံခေါင်းဆောင်တွေနဲ့ အုပ်စုဖွဲ့လိုရာဆွဲ ကိုယ့်လမ်းကိုယ်ဖောက်၊ ကိုယ့်ပန်းကို ကောက်ချင်နေသူ လွန်ဆွဲနေတဲ့ကာလ ဖြစ်ပါတယ်။ ဒါကြောင့် ကေအဲန်ယူ ဗဟိုကော်မတီ အရေးပေါ် ညီလာခံခေါ်ဖို့အတွက်ကို ကရင့်ခေါင်းဆောင်ကြီးတွေ စိုင်းပြင်းနေကြပါတယ်။ သမိုင်းတွေကို နောက်ကြောင်းပြန်မဆွဲချင်ပေမယ့် ကေအဲန်ယူသမိုင်းမှာ ဒီလိုအရေးပေါ် ညီလာခံခေါ်ပြီး ပြောဆိုဆွေးနွေး စေ့စပ် ညှိနှိုင်းခဲ့ရတာတွေလည်း အကြိမ်များစွာရှိခဲ့ပါတယ်။ မပြေလည်ဘဲ ဖဲ့ထွက်၊ ခွဲ ထွက်၊ လက်နက်ချ၊ ရန်သူနဲ့ ပူးပေါင်း စတဲ့သမိုင်း ကြောင်းတွေရှိခဲ့သလို အထိန်းကောင်း အဖာကောင်း ဦးဆောင်မှုတွေကောင်းခဲ့လို အချိန်မှီကုစားနိုင်ခဲ့တဲ့ သာဓကတွေလည်း ကေအဲန်ယူမှာ ရှိခဲ့ပါတယ်။ စာရေးသူအနေနဲ့  ကေအဲန်ယူ ကရင့်ေ

တရားမ၀င် ၀င်ရောက်လာသော တူရကီနိုင်ငံသား များအား ဆိုင်ကယ်ဖြင့် ခေါ်လာသူများကို အမှုဖွင့် အရေးယူ

ကျိုင်းတုံ ၊ ၂၀-၁၀-၂၀၁၄ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မြန်မာနိုင်ငံသို့ အထောက်အထားမဲ့ တရားမဝင် ခိုးဝင်လာသည့် တူရကီ နိုင်ငံသား များကို ဆိုင်ကယ်ဖြင့် ပို့ဆောင် ပေးခဲ့သူ မြန်မာနိုင်ငံသား ဆိုင်ကယ် ကယ်ရီသမား များကို လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ အရ အမှုဖွင့် အရေးယူ ထားသည် ဟု ကျိုင်းတုံမြို့မ ရဲစခန်းမှ သိရသည်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ မြို့အမှတ်(၂) ရပ်ကွက် လက်ဖက်ရည်ဆိုင် တွင် အောက်တိုဘာ ၁၆ ရက် နံနက် ၁၁ နာရီခန့် က မသင်္ကာဖွယ် တွေ့ရသော တူရကီ နိုင်ငံသား ငါးဦးကို ခေါ်ယူ စစ်ဆေးခဲ့ရာ ၄င်းတို့သည် ခိုင်မာသည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသောကြောင့် ပြည်နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနက အရေးယူ ပေးရန် တိုင်တန်းမှုကို ကျိုင်းတုံမြို့နယ် ရဲစခန်း က (ပ) ၁၂ဝ/၂ဝ၁၄၊ ၁၉၄၇ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက် အက်ဥပဒေ ပုဒ်မ ၁၃(၁)/ ၁၃(၅) အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။ ဖြစ်စဉ်ကို စစ်ဆေး ခဲ့ရာတွင် အဆိုပါ တူရကီ နိုင်ငံသား ငါးဦးကို ဆိုင်ကယ် ကယ်ရီမောင်းသူ မြင့်နိုင် ပါ မြန်မာ နိုင်ငံသား ငါးဦး က ဆိုင်ကယ် ကယ်ရီ ငါးစီးဖြင့် အောက်တိုဘာ ၁၁ ရက်က တရုတ်နိုင်ငံ ရွှေလီမြို

ဥပဒေနဲ့အညီ နိုင်ငံသားစိစစ်ရေးတောင်းဆိုဖို့ ရခိုင်ကိုယ်စားလှယ်တွေ ဆုံးဖြတ်

ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ မွတ်စလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ စိစစ်ဆောင်ရွက်နေရာမှာ အစိုးရအနေနဲ့ တိကျမှန်ကန်စွာ စိစစ်ပေးဖို့ တင်ပြတောင်းဆို သွားမယ်လို့ ရခိုင်ပြည်နယ်တစ်ခုလုံးက ကိုယ်စားလှယ်တွေ တက်ရောက်နေတဲ့ စစ်တွေမြို့ ဆွေးနွေးပွဲကနေ မနေ့က အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ် မတိုင်ခင်ကတည်းက နိုင်ငံသားအဖြစ် လျှောက်ထားခဲ့ခြင်းမရှိတဲ့ မိဘတွေက မွေးဖွားလာတဲ့ သားသမီးတွေဟာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားလာတဲ့ကိစ္စတွေဟာ ဥပဒေနဲ့ ညီညွှတ်မှုမရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။ "ဒီနိုင်ငံမှာ ၄၈ မတိုင်ခင်ကတည်းနေတယ်၊ ၄၈ နောက်ပိုင်းမှာ ၈၂ အတည်ဖြစ်တဲ့အချိန်အထိ နေတယ်ဆိုတဲ့ အထောက်အထားတွေရှိသလားဆိုတာကို ကျမတို့စိစစ်နေပါတယ်၊ ဒါတွေကိုစိစစ်ပြီးမှသာလျှင် နိုင်ငံသားဖြစ်တဲ့လူတွေက မွေးတဲ့လူတွေအပေါ်ကျန်ခဲ့လို့ရှိရင် နိုင်ငံသားပြုခွင့် လျှောက်ထားခွင့်ရပါမယ်၊ မွေးမိပြီးတဲ့ အမိအဖတွေကိုယ်တိုင်က လျှောက်ထားခဲ့တာမျိုးမရှိဘူး၊ နိုင်ငံသားဖြစ်ခြင်းမရှိခဲ့ဘူးဆိုတာကို ဒီအချိန်ကျပြီးမှ ၈၂ ဥပဒေရေးဆွဲချက်အရ လျှောက်မယ်ဆိုတာမျိုးက ဥပဒေနဲ

စပိန် သူနာပြု အီဘိုလာ ရောဂါ ပျောက်ပြီ

အီဘိုလာ ရောဂါ ကူးစက် ခံရတဲ့ စပိန်က သူနာပြု အမျိုးသမီး မှာ ရောဂါ ပျောက်ကင်း သွားပြီလို့ စပိန် အစိုးရက ကြေညာ လိုက်ပါတယ်။ ဗိုင်းရပ်စ် ပိုး လုံးဝ မရှိတော့ ဘူးလား သိရဖို့ စပိန် သူနာပြု Teresa Romero ကို နောက်တကြိမ် ဆေးစစ်ဖို့ လိုအပ် ပါသေး တယ်။ အီဘိုလာ ရောဂါ ကူးစက် ခံခဲ့ရပြီး အသက်ဘေးက လွတ်ကင်း ခဲ့သူ တဦးရဲ့ သွေးရည်ကြည် နဲ့ စပိန် သူနာပြု အမျိုးသမီးကို ကုသ ပေးခဲ့ပါတယ်။ ဒီကုသမှုမှာ တခြား အမည် မဖော်လိုတဲ့ ဆေးဝါး တွေကိုလည်း သုံးစွဲ ခဲ့တယ် လို့ သိရပါတယ်။ မဒရစ် မြို့ ဆေးရုံ တရုံ မှာ လာပြီး ဆေးကုသ ခံခဲ့တဲ့ ခရစ်ယာန် ဘုန်းတော်ကြီး ၂ ပါးကို ကုသပေးရင်း မစ္စ ရိုမီရို ကို အီဘိုလာ ရောဂါ ကူးစက် ခဲ့တာ ဖြစ်ပါတယ်။ မစ္စ ရိုမီရိုဟာ ဒီတခေါက် အီဘိုလာ ရောဂါကပ်ဘေး အတွင်း အနောက် အာဖရိက တိုက် အပြင်မှာ ပထမဆုံး ရောဂါ ကူးစက် ခံခဲ့ရတဲ့ သူ ဖြစ်ပါတယ်။ ဘီဘီစီိ (မြန်မာပိုင်း) http://ift.tt/1y8SNNX အာဖရိက တိုက် အပြင်မှာ ပထမဆုံး အီဘိုလာ ကူးစက် ခံရတဲ့ စပိန် နိုင်ငံ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1y8SNO2

ဖားကန့်မှာ မိုင်းကွဲလို့ လူ ၃ ဦး ဒဏ်ရာရ

အစိုးရ စစ်တပ်နဲ့ ကချင် လွတ်မြောက်ရေး တပ် (ကေအိုင်အေ) တိုက်ပွဲဖြစ်ဖို့ ဟန်ပြင်နေတဲ့ ဖားကန့် ဒေသက ရွာတရွာ မှာ မနေ့ ညနေ ပိုင်းက မိုင်းကွဲလို့ လူ ၃ ဦး အပြင်းအထန် ဒဏ်ရာ ရခဲ့ပါတယ်။ ဖားကန့်နဲ့ ၁၆ မိုင် လောက် ဝေးတဲ့ ကံစီးရွာ တွဲဖက် အတန်းကျောင်း နောက်မှာ မိုင်းတလုံး ပေါက်ကွဲ ခဲ့လို့ ဒေသခံ မိသားစု ၃ ဦး ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရသွား ပါတယ်။ လက်ရှိ ကံစီးရွာ ပတ်ဝန်းကျင် မှာ တပ်မ ၆၆ လက်အောက်ခံ အစိုးရ တပ်ရင်း တွေက နေရာယူ ထားပြီး တော့ မလှမ်းမကမ်း ဥရုချောင်း တဘက် မှာတော့ ကေအိုင်အေ တပ်ရင်း ၆ က တပ်စွဲ ထားပါတယ်။ ကံစီးရွာထဲမှာ ပေါက်ကွဲလို့ ကေအိုင်အေ မဝင်အောင် တပ်က ထောင်တဲ့ မိုင်းလို့လည်း ဆိုကြပါတယ်။ ကံစီးမှာ ကွဲခဲ့တဲ့ မိုင်းဟာ ဘယ်လို အမျိုးအစားလဲ ဘယ်သူ့ လက်ချက် ဖြစ်နိုင်လဲ ဆိုတာ သွားစစ်ဆေးလို့ မလွယ်သေးလို့ သိနိုင်ဖို့ ခက်တယ်လို့ လုံးခင်း ရဲစခန်းက ဆိုပါတယ်။ လတ်တလော အနေအထား ကို ရဲတပ်ဖွဲ့ ကလည်း စောင့်ကြည့် ပြီး အသင့် အနေအထား နေပေးနေရ တယ်လို့ လည်း လုံးခင်း ရဲစခန်းက ပြောပါတယ်။ တိုက်ပွဲတွေ ဖြစ်နိုင်တဲ့ အဓိက နေရာတွေ မှာတော့ အထုပ်အပိုးနဲ့ ဘယ်မှ မသွား မလာရ တားထားလို့ အစိုးရ စစ်တပ် က တားမြစ် ထားလို့ ဒေသခံတွေ ရိက္ခာ အခ

ဖြူးမြို့နယ်၌ စိတ်မနှံ့သူက ဓားဖြင့်ခုတ်၍ လူသေမှုဖြစ်ပွား

ဖြူး အောက်တိုဘာ ၁၉ ပဲခူးတိုင်းဒေသကြီး ဖြူးအရှေ့ အုတ်ဖြတ် ကျေးရွာအုပ်စု အိုးဘိုကုန်း ကျေးရွာတွင် စိတ်ဖောက်ပြန် နေသူက မိခင်၊ ညီမနှင့် သံဃာတော် တစ်ပါးအား ကိုင်းခုတ်ဓားမဖြင့် ခုတ်၍ လူသေမှု ဖြစ်ပွားကြောင်း သိရသည်။ ဖြစ်ပွားပုံမှာ အောက်တိုဘာ ၁၈ ရက် ညနေ ၅ နာရီခွဲတွင် အုတ်ဖြတ်ကျေးရွာအုပ်စု အိုးဘိုကုန်းရွာနေ ဒေါ်သန်းနွဲ့ (၆၇)နှစ်နှင့် သမီးဖြစ်သူ မနီနီဝင်း(၂၃)နှစ် တို့သည် နေအိမ်တွင်ရှိနေကြစဉ် အတူနေသားဖြစ်သူ ငမျိုး(ခ)မျိုးသိန်း (၃၃)နှစ်သည် စိတ်ဖောက်ပြန်လာပြီး မိခင်ဒေါ်သန်းနွဲ့နှင့် ညီမ မနီနီဝင်းတို့အား ဓားမ၊ ပေါက်တူးတို့ဖြင့်ခုတ်၍ ဒေါ်သန်းနွဲ့၏ ဝဲနဖူး ပြတ်ရှဒဏ်ရာတစ်ချက်၊ မနီနီဝင်း၏ ဦးခေါင်းနောက်စေ့တွင် ပြတ်ရှဒဏ်ရာ တစ်ချက်ရရှိသေဆုံးခဲ့ပြီး ငမျိုး(ခ)မျိုးသိန်းမှာ ရွာလမ်းအတိုင်း ထွက်ပြေးရာ ရွာဦးဘုန်းတော်ကြီး မြရောင်ခြည် ကျောင်းမုခ်ဦး တန်းလျားတွင် ထိုင်နေသော ဦးပညာသာမိ(ခ)ဦးမြသန်း(၅၅)နှစ် သုံးဝါကို ဆက်လက်ခုတ်သဖြင့် ဦးခေါင်းနောက်စေ့အောက် ပြတ်ရှဒဏ်ရာတစ်ချက်ရရှိသေဆုံးသွားသည်။ ပြစ်မှုကျူးလွန်သူ ငမျိုး(ခ)မျိုးသိန်းမှာ လွန်ခဲ့သည့် ငါးနှစ်ခန့်က ဦးခေါင်းခွဲစိတ်ခံထားရပြီး စိတ်ဖောက်ပြန်နေသူတစ်ဦးဖြစ်ကြောင်း စုံ

အစိုးရစစ်တပ်နဲ့ရှမ်းလက်နက်ကိုင်တပ်ဖွဲ့အကြား အပစ်အခတ်ရပ်

တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ အစိုးရစစ်တပ်နဲ့ SSPP-SSA ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ အကြား အပစ်အခတ် ရပ်နိုင်ပြီ လို့ SSPP ပြောခွင့်ရပုဂ္ဂိုလ် က ဘီဘီစီ ကိုပြောပါတယ်။ ကျေးသီးမြို့နယ်အတွင်း က SSPP-SSA ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ စခန်းထိုင်ရာ နေရာတခု ဖြစ်တဲ့ တာဖာဆောင်စခန်း နေရာ ကို အစိုးရစစ်တပ်ဖက် က ဆုတ်ပေးဖို့ တောင်းဆိုခဲ့ပြီး SSPP-SSA ဖက်က အဲဒီ တောင်းဆိုချက်ကို လိုက်လျောခဲ့ပြီးတဲ့နောက် အခုလို အပစ်အခတ်ရပ်စဲ တာ ပြန်ဖ်ြစ လာခဲ့တာပါ။ ၂၀၁၂ ခုနှစ်အတွင်းကတည်းက အစိုးရစစ်တပ်နဲ့ SSPP-SSA တပ်တွေအကြား အပစ်အခတ်ရပ်စဲရေး သဘောတူထားကြပေမယ့် တိုက်ပွဲတွေ က ပြန်ဖြစ်ခဲ့ပါတယ်။ အခု အောက်တိုဘာလ အစောပိုင်းတုန်းက လည်း သူတို့ ၂ ဘက်အကြားတိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မီတီ ဒုဥက္ကဌ ဦးသိန်းဇော် ဦးဆောင်ပြီး အရှေ့အလယ်ပိုင်း၊ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်တို့က တိုင်းမှူးတွေပါ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ နဲ့ SSPP-SSA တို့အကြား ဆွေးနွေးခဲ့ကြပြီးတဲ့နောက် အခုလို ရလဒ် ရလာခဲ့ကြောင်း SSPP-SSA ကိုယ်စားလှယ်အဖွဲ့ ကို ဦးဆောင်သူလည်းဖြစ်၊ အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး လည်းဖြစ်တဲ့ စဝ်ခွန်ဆိုင် က ဘီဘ

အမေရိကန်ပြည်သူ ၄၈ သန်း ဆင်းရဲမှုနှင့်ကြုံတွေ့

ဝါရှင်တန် အောက်တိုဘာ ၁၉ အမေရိကန်နိုင်ငံ၌ ဆင်းရဲနွမ်းပါးသူ ၄၈ သန်း ရှိရာတွင် ကလေး ၁၆ ရာခိုင်နှုန်း ပါဝင်နေကြောင်း အမေရိကန် သန်းခေါင်စာရင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အမေရိကန်နိုင်ငံ ပြည်နယ်အချို့၌ ဆင်းရဲသူများ သိသိသာသာတိုးလာသည့်အတွက် အဆိုပါစာရင်းဇယားတွင် ဆင်းရဲသူများ အသစ်ထပ်မံတိုးလာသည်ဟု ဆိုသည်။ ''ဒီအရေအတွက်က အမေရိကန်နိုင်ငံမှာတော့ ဆိုးရွားတဲ့ရလဒ်တစ်ခုပါ။ ဝါရှင်တန်တက္ကသိုလ်က သုတေသနပြုလေ့လာခဲ့တဲ့အထဲမှာတော့ ဆိုးရွားတဲ့အနေအထား ပါပဲ''ဟု သန်းခေါင်စာရင်းတာဝန်ရှိသူ ရောဘတ်ဒိုရာက ပြောသည်။ အမေရိကန်နိုင်ငံ၌ ဆင်းရဲနွမ်းပါးသူအများစုကို မြို့ကြီးများ၌တွေ့ရကြောင်း၊ မြို့ကြီးများ၌ နေထိုင်သူများသည် တည်းခိုနေထိုင်စရိတ်၊ စားစရိတ်နှင့် ခရီးသွားလာစရိတ်တို့အတွက် တစ်နှစ်အမေရိကန်ဒေါ်လာ ၃ဝဝဝဝ ဝင်ငွေရှိမှသာဖြစ်နိုင်ကြောင်းဖြင့်လည်း ၄င်းအစီရင်ခံစာ၌ ဖော်ပြသည်။ ကယ်လီဖိုးနီးယားတွင် ယမန်နှစ်က ဆင်းရဲမှုနှုန်း ၁၆ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၂၃ ဒသမ ၄ ရာခိုင် နှုန်းအထိ တိုးလာသည်ဟု ဆိုသည်။ လူပေါင်း ၁၁ သန်း ခန့်သည်ဆေးဖိုးကုန်ကျစရိတ်များကြောင့် ဆင်းရဲသား အဖြစ်သို့ ရောက်ရှိခဲ့ရကြောင်း သန်းခေါင်စာရင်း ထုတ်ပြန

အိုင်အက်စ်ထောက်ပံ့သူနှစ်ဦး ဂျာမန်ရဲတပ်ဖွဲ့ဖမ်းဆီး

ဘာလင် အောက်တိုဘာ ၁၉ ဂျာမန်ရဲတပ်ဖွဲ့သည် အစ္စလာမ္မစ်နိုင်ငံ(အိုင်အက်စ်)ကို ထောက်ပံ့လျက်ရှိသည်ဟု သံသယ ရှိသော အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး စစ်သွေးကြွ အစ္စလာမ္မစ်အုပ်စုများကို ထောက်ပံ့သူများ ဟု မသင်္ကာရသူ ၁၃ ဦး၏ နေအိမ်များကိုလည်း ဝင်ရောက်စီးနင်းခဲ့ကြောင်း အစိုးရရှေ့နေ များက စနေနေ့တွင် ပြောသည်။ အာချင်မြို့အနောက်ပိုင်း၌ ဖမ်းဆီးခဲ့သော အမျိုးသားနှစ်ဦးအနက် တစ်ဦးမှာ တူနီးရှား နိုင်ငံသား အသက် ၃၈ နှစ်ရှိ ကာဗဲလ်ဘင်ယာဟီယာအက်စ်ဆိုသူဖြစ်ပြီး ကျန်တစ်ဦးမှာ အသက် ၂၈ နှစ်ရှိ ရုရှားနိုင်ငံသား ယူဆွတ်ဂျီ ဖြစ်ကြောင်း အစိုးရရှေ့နေများ၏ ကြေညာချက် တွင် ဖော်ပြထားသည်။ တူနီးရှားနိုင်ငံသားသည် ၂ဝ၁၃ ခုနှစ် ဇူလိုင်မှစ၍ အိုင်အက်စ်ကို ငွေသား ယူရို ၃၄ဝဝနှင့် ယူဂို ၁၁ဝဝတန်ဖိုးရှိသည့် အဝတ်အထည်များ ထောက်ပံ့ခဲ့သည်ဟု သံသယရှိသည်။ ယင်းအပြင် ဂျာမနီနိုင်ငံမှ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးကို တူရကီနိုင်ငံမှတစ်ဆင့် ဆီးရီးယားနိုင်ငံသို့ စစ်သွေးကြွအုပ်စုများနှင့် ပူးပေါင်းရန် တရားမဝင်လမ်းကြောင်းဖြင့် ပို့ပေးခဲ့သည်ဟုလည်း သံသယရှိသည်။ ရုရှားနိုင်ငံသားသည် လူငယ်ကို တရားမဝင် ဆီးရီးယားသို့ပို့ရာ၌ အကူအညီပေးခဲ့သည်ဟု လည်းကောင်း၊ နိုင်ငံခြား အြ

ကဒ်သူပုန်တွေကို တူရကီလက်နက် ထောက်မည်မဟုတ်

တူရကီနဲ့ကပ်နေတဲ့ ဆီရီးယားနိုင်ငံထဲက Kobani မြို့ကို ကာကွယ်ခုခံတိုက်နေကြတဲ့ Kurd တိုက်ခိုက်ရေးသမားတွေကို တူရကီက လက်နက်တပ်ဆင် ပေးမှာမဟုတ်သလို လက်နက်ပေးဖို့လည်း သဘောမတူနိုင်ဘူးလို့ တူရကီအစိုးရက ပြောလိုက်ပါတယ်။ Kurd တပ်တွေဟာ တူရကီမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ အနှစ် ၃၀ ပုန်ကန်တိုက်နေကြတဲ့ Kurdistan Workers Party နဲ့ အတူတူပဲလို့ တူရကီသမ္မတ Recep Tayyip Erdogan က ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။ တူရကီနိုင်ငံရော အမေရိကန်ပြည်ထောင်စုကပါ Kurdistan Workers Party ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။ နေတိုးမဟာမိတ် အမေရိကန်အနေနဲ့လည်း Kurd တပ်တွေကို တူရကီအစိုးရက လက်နက်အကူအညီပေးပါမယ်လို့ လူသိရှင်ကြားပြောဖို့ မျှော်လင့်နေမယ် ဆိုရင်တော့ သိပ်ကိုမှားတာပဲလို့ သမ္မတ Erdogan ကပြောပါတယ်။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စလို့လည်း သူက ဖော်ပြပြောခဲ့ပါတယ်။ Kobani မြို့မှာ Islamic State စစ်သွေးကြွတွေကို တိုက်နေတဲ့ Kurd တပ်ဖွဲ့တွေနဲ့ ဆက်နွယ်နေတဲ့ ဆီးရီးယားနိုင်ငံရေးပါတီ Kurdish Democratic Union Party နဲ့ အမေရိကန်က ပထမဆုံး တိုက်ရိုက် ဆွေးနွေးခဲ့ပြီး တရက်အကြာမှာ တူရကီက ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ ခုလို တြ

ရန်ကုန်မြို့လယ် စဥ့်အိုးတန်းလမ်းဘေး ယာဉ်တိုက်မှုနှင့် ယာဉ်မီးလောင်မှုဖြစ်ပွား

ရန်ကုန် အောက်တိုဘာ ၁၉ အောက်တိုဘာ ၁၉ ရက် နံနက် ၄ နာရီခန့်က လသာမြို့နယ် ၃ရပ်ကွက် စဥ့်အိုးတန်း(အောက်လမ်း) လမ်းဘေးယာဉ်ရပ်နားရန် ရေးဆွဲ ထားသော မျဉ်းဝါတန်းအတွင်း ညအိပ်ရပ်နားထားသော ကိုယ်ပိုင် အိမ်စီးယာဉ်နှစ်စီးကို လမ်းအတွင်းဝင် ရောက်လာသော အနက်ရောင်ယာဉ် တစ်စီးကဝင်တိုက်သွားသည့် ဖြစ်ရပ် ဖြစ်ပွားခဲ့ရာ လမ်းဘေးရပ်ယာဉ်နှစ်စီး အနည်းပျက်စီးသွားကြောင်း ယင်း နေရာအနီးတွင် နေထိုင်သူအိမ်ရှင် အမျိုးသားတစ်ဦးက ဆိုသည်။ အောက်တိုဘာ ၁၈ ရက် ညနေ ၆နာရီခွဲက ကမ်းနားလမ်းမသစ်ကြီး အတိုင်း အနောက်မှအရှေ့သို့ မောင်းနှင်လာသော Honda Fatz အမျိုးအစား အနက်ရောင် ယာဉ် နံပါတ်မပါ အိမ်စီးယာဉ်ငယ် မောင်းလာစဉ် စဥ့်အိုးတန်းကမ်းနား ဝင်ပေါက်အရောက် ယာဉ်မှာ မီးခိုး များထွက်လာ၍ ကားရပ်ပြီးရေဖြင့် ငြှိမ်းသတ်သော်လည်း မရဘဲ မီး တောက်ကြီးမားလာသဖြင့် ယာဉ် မောင်းမှာ ထွက်ပြေးသွားကြောင်း မကြာမီ မီးသတ်ယာဉ်နှစ်စီးရောက် ရှိလာပြီး ငြှိမ်းသတ်ရကြောင်း၊ အဆိုပါယာဉ်ငယ်မှာ မီးလောင်မှု ဖြစ်စဉ်ကြောင့် လုံးဝပျက်စီးသွား သည်ဟု အဆိုပါဖြစ်စဉ်ကို အစ အဆုံးမြင်တွေ့ခဲ့ရသော ဒလမြို့မှ လသာမြို့အတွင်း အလုပ်လာဆင်း သော လူရွယ်အလုပ်သမားများက ဆိုသည်။ အောက်တိုဘာ ၁၈ ရက် နံနက် ၇ နာရီ

အမျိုးသမီးတစ်ဦး ရေတွင်းထဲ ပြုတ်ကျသေဆုံး

ကသာ အောက်တိုဘာ ၁၉ ကသာခရိုင် ပင်လည်ဘူးမြို့နယ် မြို့မရဲစခန်း၏ တောင်ဘက်မိုင် ၂ဝ ခန့် အကွာ ကမ်းနီအုပ်စု အင်းဂါးကျေးရွာ၌ အမျိုးသမီးတစ်ဦး ရေခပ်ရာမှ ရေတွင်း ထဲပြုတ်ကျပြီး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ပင်လည်ဘူး မြို့မရဲစခန်းမှူး ဒုရဲမှူး ကြည်ဦးသည်ရဲစခန်းတွင် စခန်းမှူး တာဝန်ဆောင်ရွက်နေစဉ် အောက်တိုဘာ ၁၆ ရက် ညနေ ၄ နာရီ၌ ကမ်းနီကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့်က အင်းဂါးကျေးရွာတွင် အမျိုး သမီးငယ်တစ်ဦးမှ ရေတွင်းထဲပြုတ်ကျပြီးရေနစ်သေဆုံးကြောင်း သတင်းပေးပို့ ချက်အရ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ရေတွင်းထဲပြုတ်ကျပြီးရေနစ်သေဆုံးသူမှာ ပင်လည်ဘူးမြို့နယ် အင်းဂါး ကျေးရွာနေ မသိန်းမြ(၁၈ နှစ်)ဖြစ်ပြီး အင်းဂါးကျေးရွာ ရွာလယ်ပိုင်းရှိ ရေတွင်း၌ ရေခပ်နေစဉ် ရေတွင်းထဲပြုတ်ကျ၍ ရေနစ်သေဆုံးကြောင်း တွေ့ရှိ ရသည့်အပြင် ရေတွင်းထဲမှ သွပ်ရေပုံးတစ်ပုံးအရှည် ၁၂ ပေခန့်ရှိ နိုင်လွန် ကြိုးတစ်ချောင်း၊ မိန်းမစီးကော်ဖိနပ်တစ်ရန်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ဦးရဲ(ကသာ) Myanmaalinn http://ift.tt/1xK4A5u from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1we9g35

အောက်တိုဘာလ (၁၆)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမှတ် ၉၃၄

အောက်တိုဘာလ (၁၆)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမှတ် ၉၃၄ အောက်တိုဘာလ (၁၆)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမှတ် ၉၃၄ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1t045ni

အောက်တိုဘာလ (၁၅)ရက်နေ့ ထုတ် ကျန်းမာရေးနှင့် အလှအပရေးရာ ဂျာနယ် အမှတ် ၅၀၉

အောက်တိုဘာလ (၁၅)ရက်နေ့ ထုတ် ကျန်းမာရေးနှင့် အလှအပရေးရာ ဂျာနယ် အမှတ် ၅၀၉ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1t045n6

အောက်တိုဘာလ (၂၀)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

အောက်တိုဘာလ (၂၀)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ အောက်တိုဘာလ (၂၀)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1rm4ScY