Skip to main content

ကေအဲန်ယူ ခေါင်းဆောင်ကြီးတွေ သမိုင်းကြောင်း ကောင်းကြ ပါစေ



(အောက်တိုဘာ ၁၅၊ ၂၀၁၄ခုနှစ်)

ဒီနေ့ကာလဟာ ကေအဲန်ယူအတွက် အရေးကြီးတဲ့ ကာလတစ်ခု ဖြစ်သလို ကရင်အမျိုးသားတွေ အတွက်လည်း အင်မတန် အရေးကြီးပြီး ကေအဲန်ယူ ဘယ်လို ခြေလှမ်း လှမ်းမလဲဆိုတာ မျက်လုံး ဒေါက်ထောက် ကြည့်နေ ပြောနေရမယ့် ကာလလည်း ဖြစ် ပါတယ်။


ဒီနေ့ကာလမှာ ကေအဲန်ယူအတွင်း ကေအဲန်ယူရဲ့ မူ၊ ကေအဲန်ယူရဲ့ ပေါ်လစီအပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်ပြီး တပ်ပေါင်းစုနဲ့ အောင်ပွဲပန်းတိုင်ကို အရောက်သွားချင်တဲ့ အမာခံခေါင်းဆောင်တွေနဲ့ အုပ်စုဖွဲ့လိုရာဆွဲ ကိုယ့်လမ်းကိုယ်ဖောက်၊ ကိုယ့်ပန်းကို ကောက်ချင်နေသူ လွန်ဆွဲနေတဲ့ကာလ ဖြစ်ပါတယ်။


ဒါကြောင့် ကေအဲန်ယူ ဗဟိုကော်မတီ အရေးပေါ် ညီလာခံခေါ်ဖို့အတွက်ကို ကရင့်ခေါင်းဆောင်ကြီးတွေ စိုင်းပြင်းနေကြပါတယ်။


သမိုင်းတွေကို နောက်ကြောင်းပြန်မဆွဲချင်ပေမယ့် ကေအဲန်ယူသမိုင်းမှာ ဒီလိုအရေးပေါ် ညီလာခံခေါ်ပြီး ပြောဆိုဆွေးနွေး စေ့စပ် ညှိနှိုင်းခဲ့ရတာတွေလည်း အကြိမ်များစွာရှိခဲ့ပါတယ်။ မပြေလည်ဘဲ ဖဲ့ထွက်၊ ခွဲ ထွက်၊ လက်နက်ချ၊ ရန်သူနဲ့ ပူးပေါင်း စတဲ့သမိုင်း ကြောင်းတွေရှိခဲ့သလို အထိန်းကောင်း အဖာကောင်း ဦးဆောင်မှုတွေကောင်းခဲ့လို အချိန်မှီကုစားနိုင်ခဲ့တဲ့ သာဓကတွေလည်း ကေအဲန်ယူမှာ ရှိခဲ့ပါတယ်။ စာရေးသူအနေနဲ့  ကေအဲန်ယူ ကရင့်တော်လှန်ရေးမှာ ပါဝင်ဖြတ်သန်းခဲ့ဘူးတဲ့ အချိန်ကာလအရ ဒီလိုအခြေအနေမျိုး (၂)ကြိမ် ကြုံခဲ့ဘူးပါတယ်။


အနီးစပ်ဆုံးကတော့ ၂၀၀၃ ကေအဲန်ယူ ဗဟိုကော်မတီ အရေးပေါ်ညီလာခံပါ။ ဒီအကြိမ်ကတော့ ကရင့်သမိုင်းမှာရော ကေအဲန် ယူသမိုင်းမှာပါ သြဇာအာဏာကြီးမားတဲ့ ကေအဲန်ယူ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြရဲ့ သမိုင်းကို အဖတ်ဆယ်ခဲ့ရတဲ့ပွဲ ကေအဲန်ယူ သမိုင်းကောင်းအောင် ထိန်းခဲ့ရတဲ့ ပွဲတစ်ပွဲလို့ပဲ ပြောရပါလိမ့်မယ်။


စာရေးသူအနေနဲ့ ကိုယ့်အဖွဲ့အစည်းနဲ့ ကိုယ့်ခေါင်းဆောင်တွေကို ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို မလုပ်ချင်ပေမယ့် ဒါတွေ ဟာ သမိုင်းတွေ၊ သင်ခန်းစာယူစရာတွေ ယခု အုပ်စုဖွဲ့  ကိုယ်လိုရာကိုဆွဲနေတဲ့ ခေါင်းဆောင်ကြီးတွေအတွက် အရေးပေါ် ကုစား နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရေးရ၊ ပြောရခြင်းဖြစ်ပါတယ်။


၂၀၀၀ခုနှစ်၊ ကေအဲန်ယူ(၁၂)ကြိမ်မြောက်ညီလာခံအပြီးမှာ ကေအဲန်ယူ ဥက္ကဋ္ဌ ရာထူးနေရာ အပြောင်းအလဲဖြစ်ခဲ့ပါတယ်။ ဥက္ကဋ္ဌ ပဒိုစောဘသင်စိန်နဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောဘိုမြပါ။ ဒီအရင်နှစ်တွေက ကေအဲန်ယူအတွင်း ဥက္ကဋ္ဌရာထူးကို ဗိုလ်ချုပ်ကြီးစော ဘိုမြက ဆယ်စုနှစ်တစ်စုကျော်ကျော် တာဝန်ယူခဲ့တာပါ။ ဒါကို အခွင့်ကောင်းတခုလို အသုံးချပြီး ကေအဲန်ယူကိုအမဲဖျက်ဖို့ အမြဲ စောင့်ကြည့် ချောင်းမြောင်းနေတဲ့ နအဖ ခေါင်းဆောင်တချို့နဲ့ ငြိမ်းချမ်းရေးလုပ်စား ပွဲစားတချို့ မြ၀တီ-မဲဆောက်လမ်းကြောင်းက နေ ဗိုလ်ချုပ်မြထံကို တိုက်ရိုက် ချည်းကပ်ခဲ့ကြတယ်။


ဗိုလ်ချုပ်ကြီးကိုတော့ ကေအဲန်ယူကလူတွေ ဥက္ကဋ္ဌ ရာထူးကနေ တဖြည်းဖြည်း ဖယ်ရှားနေပြီ။ နောက်ဆို ဗိုလ်ချုပ်ကြီး နေရာ ပျောက်သွားလိမ့်မယ်။ အခုလက်ရှိ ဒုဥက္ကဋ္ဌရာထူးအဆင့်နဲ့  ကျနော်တို့နဲ့ ငြိမ်းချမ်းရေးစကားပြောပါ။ ကရင်ပြည်သူတွေအတွက် ဗိုလ်ချုပ်ကြီးသမိုင်းကို မှတ်တိုင်ထူလိုက်ပါ။ တပ်ပေါင်းစုနဲ့ ခရီးဆက်နေမယ်ဆိုရင်တော့ ဗိုလ်ချုပ်ကြီးတို့ လိုချင်နေတဲ့ ငြိမ်းချမ်း ရေးက အလှမ်းဝေးနေလိမ့်မယ်။ ကျနော်တို့နဲ့ ဆွေးနွေးကြည့်ပါ။ ခြေလှမ်းစလှမ်းကြည့်ပါ။ မနစ်နာရပါဘူး စတဲ့ သူတို့သုံးနေကျ မဲပြာပုဆိုးအကွက်တစ်ကွက်နဲ့ စတင်ခင်းခဲ့ပါတယ်။


အဲ့ဒီအခြေအနေတွေက စပြီး ဗိုလ်ချုပ်မြကိုယ်တိုင် ရန်ကုန်ဆင်း၊ ဗိုလ်ချုပ်ခင်ညွန့်နဲ့ တွေ့ခဲ့။ အမေရိကန်အားကိုး တရုတ်အားကိုး ကစလို့ ဖထီး၊ ဖိုးဒိုနဲ့ ဆိုတဲ့ သမိုင်းဝင်စကားတွေပြောခဲ့။ ဗိုလ်ချုပ်မြရဲ့မွေးနေ့ပွဲကိုတောင်မှ သူတို့က တခမ်းတနား ကျင်းပပေးခဲ့ ကြတာက ဟိုးလေးတစ်ကြော်ကြော်ဖြစ်ခဲ့တာမို့ ကရင်ပြည်သူတွေ အားလုံးသိကြမှာပါ။ အပေါ်ယံက ကြည့်ရင်တော့ ဗိုလ်ချုပ် ကြီးစောဘိုမြ ကြိုးပမ်းမှုကြောင့် ကရင်တွေအတွက် ငြိမ်းချမ်းရေး ရောင်ခြည်သန်းဖို့ လမ်းစပြီလို ထင်ရပေမယ့် ကေအဲန်ယူဗဟို ကော်မတီနဲ့ တိုင်းရင်းသားခေါင်းဆောင်ပိုင်းတွေလောက်သာသိပြီး ကရင်ပြည်သူတွေ မသိတဲ့အချက်က ၁၉၉၇ခုနှစ်၊ ကေအဲန် ယူ တပ်မဟာ(၆)နယ်မြေမှာလုပ်ခဲ့တဲ့ မယ်သရောထာ သဘောတူညီချက်ကို ဗိုလ်ချုပ်မြချိုးဖောက်ခဲ့တာပဲဖြစ်ပါတယ်။


ဒီသဘောတူညီချက်က ကေအဲန်ယူဟာ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို သဘောတူတယ်။ ဘ၀တူတိုင်းရင်းသားတွေ မဟာမိတ်တွေ နဲ့ အောင်ပွဲပန်းတိုင်ကို အရောက်သွားမယ်ဆိုတဲ့ သဘောတူညီချက်ပါပဲ။ ဒီအချက်ကို ကေအဲန်ယူမူပေါ်မှာ ခိုင်ခိုင်မာမာ ရပ် တည်ခဲ့တဲ့ ကေအဲန်ယူခေါင်းဆောင်တွေက ဗိုလ်ချုပ်မြကို ထောက်ပြကြပါတယ်။ တချိန်ထဲမှာပဲ ဗဟိုကော်မတီဆုံးဖြတ်ချက်မရ ဘဲ ခေါင်းဆောင်တစ်ဦးတစ်ယောက်သဘောထားနဲ့ ဆုံးဖြတ်လို့ မရဘူးဆိုတာကိုလည်း ပြောခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း နအဖ ကျားငစဉ်းလဲနဲ့ ငြိမ်းချမ်းရေးလုပ်စားပွဲစားတွေက ကေအဲန်ယူကို အမဲဖျက်ဖို့အတွက် ဗိုလ်ချုပ်မြကို အသေကပ်ထားသ လို ဗိုလ်ချုပ်မြရဲ့ နောက်က သူရဲ့ သားတွေရဲ့ တပ်တွေ။ တပ်မဟာ(၇)က ဗိုလ်ချုပ်မြနဲ့ မယားညီအစ်ကို တော်စပ်တဲ့ ဗိုလ်ချုပ်ထင် မောင်နဲ့ နောက်လိုက်တွေကိုပါ မြ၀တီ-မဲဆောက်စီးပွားရေး ဈေးကွက်ဇုံဖွင့်ရေး အကျိုးအမြတ်နဲ့ စည်းရုံးထားကြပါတယ်။


ငြိမ်းချမ်းရေး စာချုပ် ချုပ်ရေး မချုပ်ရေး ကေအဲန်ယူအတွင်း သဘောထားကွဲလွဲမှုတွေဖြစ်လာချိန် ဗိုလ်ချုပ်မြကျန်းမာရေး ချို့တဲ့ လာတဲ့အချိန်အထိ မဲဆောက်ဆေးရုံထဲအထိတောင် ဗိုလ်ချုပ်မြ လက်မှတ်ထိုးဖို့ကို တစ်ချိန်လုံး စည်းရုံးခဲ့ကြပါတယ်။ ဒီအခြေအ နေတွေကြောင့် ၂၀၀၃ခုနှစ်မှာ ကေအဲန်ယူ ဗဟိုကော်မတီ အရေးပေါ်ညီလာခံ ခေါ်ခဲ့ရပါတယ်။ ဗိုလ်ချုပ်မြနောက်မှာ စစ်တပ် နောက်ခံတွေရှိနေတဲ့အတွက် ကေအဲန်ယူ အမာခံတွေအတွက် လုံခြုံရေး စိတ်မချတာကြောင့် အရေးပေါ် ညီလာခံကို ကေအဲန် ယူ လွတ်မြောက်နယ်မြေမှာတောင် မကျင်းပနိုင်ဘဲ မဲဆောက်မြို့အစွန်က ရီဆော့(Resort)တစ်ခုမှာ လုပ်ခဲ့ရပါတယ်။


ဒီဆွေးနွေးပွဲမှာ ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတာမလာဘော၊ ပဒိုမန်းရှာနဲ့ လက်ရှိ ကေအဲန်ယူမှာ တာဝန်ယူဆဲဖြစ်တဲ့ ပဒိုဒေးဗစ်သကဘောတို့က မယ်သရောထာမူပေါ်မှာ အမာခံရပ်တည်ဆွေးနွေးခဲ့ကြသလို ပဒိုစောဘသင်စိန်နဲ့  ကေအဲန်ယူ နာယကကြီးတွေဖြစ်ကြတဲ့ ဗိုလ်ချုပ်တင်ဦး(ဖူးတာအယ်)၊ ဗိုလ်မှူးချုပ်ကျော်သောင်းတို့က ညီညွှတ်ရေးအတွက် ပွဲထိုးခဲ့ကြပါ တယ်။ တစ်ချိန်ထဲမှာပဲ ခရိုင်၊ တပ်မဟာက ခေါင်းဆောင်တွေကလည်း ကေအဲန်ယူရဲ့ မူနဲ့ ပေါ်လစီပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ ကြလို့ ဗိုလ်ချုပ်မြကို အချိန်မှီတားနိုင်ခဲ့သလို ကေအဲန်ယူသမိုင်းကိုလည်း အမည်းစက်မဖြစ်အောင် ထိန်းသိမ်းနိုင်ခဲ့ကြပါတယ်။


ဒါကြောင့်မို့လည်း ဗိုလ်ချုပ်မြရဲ့ တော်လှန်ရေးသမိုင်းဟာ ဇာတ်သိမ်းကောင်းသွားခဲ့ပါတယ်။ ဒါပေမယ့် တပ်မဟာ(၇)က ဗိုလ်မှူး ချုပ်ထင်မောင်နဲ့အဖွဲ့ကတော့ နောက်ပိုင်းမှာ အဖဲ့ခံလိုက်ရပြီး ကေအဲန်ယူကနေ တစ်စင်ထောင် ခွဲထွက်သွားကြပါတယ်။ ကေ အဲန်ယူ ကရင့်တော်လှန်ရေးဟာ ကမ္ဘာပေါ်မှာ နှစ်အကြာဆုံး သက်တမ်းအကြာဆုံး တော်လှန်ရေးကြီးတခုပါ။ ဒီတော်လှန်ရေး ကြီးမှာ ပါဝင်ခဲ့၊ တာဝန်ယူခဲ့၊ ထမ်းဆောင်ခဲ့၊ ထမ်းဆောင်နေကြဆဲဖြစ်တဲ့ ခေါင်းဆောင်ကြီးတွေရဲ့ ပေးဆပ်မှုတွေရဲ့တန်ဖိုးက အလွန်ကို ကြီးမားကြပါတယ်။


ဒါပေမယ့် ကရင့်တော်လှန်ရေးကြီးထဲမှာ အချိန်တွေ ဘယ်လောက်ပဲ ကြာခဲ့ကြာခဲ့။ တန်ဖိုးကြီးကြီး ဘယ်လောက်ပဲ ပေးဆပ်ခဲ့ ပေးဆပ်ခဲ့ နောက်ဆုံးမှာ အမှားတစ်ကွက်ဖြစ်ခဲ့ရင် အဲ့ဒီသမိုင်းဟာ အဲ့ဒီခေါင်းဆောင်အတွက် ဇာတ်သိမ်းမကောင်းသလို ဖြစ် တတ်တာကို ကျမ သတိထားမိပါတယ်။


ယခုလက်ရှိ ကေအဲန်ယူရဲ့ ဗဟိုမှာတာဝန်ယူနေတဲ့ ခေါင်းဆောင်ကြီးတွေထဲမှာ နှစ်ပေါင်းများစွာ ပါဝင်ပေးဆပ်လုပ်ကိုင်ခဲ့တဲ့ ခေါင်းဆောင်ကြီးတွေရှိပါတယ်။ ခေါင်းဆောင်ပိုင်းဖြစ်နေလို့ကို အဖွဲ့အစည်းရဲ့ မူနဲ့ ပေါ်လစီကို ပိုလို့ အာမခံရ၊ တာဝန်ယူရ၊ စံပြ ဖြစ်နေရမှာ ဖြစ်ပါတယ်။ တစ်ချိန်ထဲမှာပဲ ကိုယ်ဦးဆောင်ဦးရွက်ပြုနေတဲ့ အဖွဲ့အစည်းဟာ ကိုယ့်ပြည်သူလူထုရဲ့ သဘောဆန္ဒကို လေးစားလိုက်နာဖို့ပါ လိုအပ်ပါတယ်။ ပြည်သူ့သဘောဆန္ဒကို ဆန့်ကျင်တာမျိုး၊ ကိုယ့်အဖွဲ့အစည်းရဲ့ မူပေါ်လစီကို ချိုးဖျက်တာ မျိုးဖြစ်ရင်တော့ အဲ့ဒီခေါင်းဆောင်ရဲ့ သမိုင်းဇာတ်သိမ်းဟာ ဘယ်လိုမှ ဇာတ်သိမ်းကောင်းမှာ မဟုတ်ဘူးဆိုတာကို ကရင်ပြည်သူ တစ်ယောက်အနေနဲ့ တင်ပြလိုက်ရပါတယ်။


ခိုင်မာကျော်ဇော

ကေအိုင်စီ - ကရင်သတင်းဌာန

http://ift.tt/1Dr6UkA






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1Dr6RoZ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...