Skip to main content

Posts

Showing posts from March 17, 2014

TRUE NEWS အတွဲ ၅ အမှတ်၂၂

TRUE NEWS အတွဲ ၅ အမှတ်၂၂ from True News ဂျာနယ်'s Facebook Wall http://ift.tt/OxkrCP

#emg_opinions လေယာဉ်ပျက်ကျ ပျောက်ဆုံးမှုများ (Written By - တက္ကသိုလ်မိုးဝါ) မေ...

#emg_opinions လေယာဉ်ပျက်ကျ ပျောက်ဆုံးမှုများ (Written By - တက္ကသိုလ်မိုးဝါ) မလေးရှားလေယာဉ်ပျံသန်းမှု အမှတ် ၃၇၀ (Flight 370) အစအနမကျန်အောင် ပဟေဠိဆန်စွာ ပျောက်ကွယ်သွားခဲ့မှုမျိုးမှာ ယခုမှဖြစ်ခဲ့ဖူးသည်မဟုတ်။ ၂၀၀၃ ခုနှစ်တုန်းကလည်း ဘိုးအင်း ၇၂၇ တစ်စင်းသည် အင်ဂိုလာနိုင်ငံ၏မြို့တော် လူအန်ဒါ၌ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ဖူးသည်။ ယင်းလေယာဉ်သည် Quatro de Fevereiro အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ၂၀၀၃ ခုနှစ် မေ ၂၅ ရက်တွင် ပျံတက်သွားပြီး လေယာဉ်၏ ရေဒီယိုဆက်သွယ်ရေးကိရိယာမှာလည်း အလုပ်ကောင်းစွာ မလုပ်ဟုဆိုသည်။ ယင်းလေယာဉ်ပေါ်တွင် အင်ဂျင်နီယာတစ်ဦးနှင့် အခြားခရီးသည်သုံးဦး လိုက်ပါခဲ့သည်ဟု သတင်းများအရ သိရသည်။ အဆိုပါလေယာဉ်အစိတ်အပိုင်းနှင့်တူသော အစအနများကိုပင် ယနေ့တိုင်ရှာဖွေမတွေ့ဘဲ ရှိနေလေသည်။ ၂၀၀၉ ခုနှစ် ပြင်သစ်လေကြောင်းဆိုင်ရာ ပျံသန်းမှုအမှတ် ၄၄၇ (Flight 447) ( အဲဘတ်စ်အေ ၃၃၀ အမျိုးအစား) သည် ပါရီမြို့သို့သွားရန် ရီယိုဒီဂျနေရိုးမှ ထွက်ခွာခဲ့ရာ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကျော်ပြီး နာရီအနည်းငယ်အကြာတွင် မြေပြင်ဗဟို ထိန်းချုပ်ဌာနသို့ ရေဒီယိုဖြင့် နောက်ဆုံးဆက်သွယ်မှု ပြုလုပ်လိုက်သေးသည်ဆိုသည်။ ယင်းမှာ ၂၀၀၉ ခုနှစ် မေ ၃၁ ရက်တွင

#emg_opinions နိုင်ငံတော်သို့ ပေးစာတစ်စောင် (Written By - မင်းခေါင်ကျော်စွာ)...

#emg_opinions နိုင်ငံတော်သို့ ပေးစာတစ်စောင် (Written By - မင်းခေါင်ကျော်စွာ) ၂၈.၂.၂၀၁၄ နေ့မှာ Daily Eleven သတင်းစာကို ဖတ်မိတဲ့အချိန်မှာ စိတ်မကောင်းများစွာ ဖြစ်ရတဲ့အတွက် ဒီစာစုကို ရေးသားရခြင်းဖြစ်ပါတယ်။ ဦးစွာကျွန်တော်တို့ မြန်မာနိုင်ငံမှာ မိသားစုတစ်စုဟာ တစ်နေ့ဝင်ငွေလေး ထောင်မျှရှိရုံနဲ့ ထမင်းနပ်မှန်ဖို့ မလွယ်ကူတာကို လူကြီးမင်းတို့ နေ့စဉ်စားသောက်နေတဲ့ မနက်ခင်းစာ (Breakfast) ကို လူကြီးမင်းတို့ကိုယ်တိုင် ငွေကြေးစိုက်ထုတ် သွားဝယ်ပြီး စားကြည့်လျှင် သိရှိပါလိမ့်မယ်။ မနက်ခင်းစာကို ဘယ်လောက်ကုန်ကျတယ်သိသွားရင် လူကြီးမင်းတို့ စာနာ၊ နားလည်နိုင်မယ်ထင်ပါတယ်။ ကျားကကျားစာ၊ ကြောင်ကကြောင်စာ၊ ကြွက်ကကြွက်စာဆိုတာကို ကောင်းစွာ နားလည်သဘောပေါက်သော်လည်း၊ မရှိဆင်းရဲသားများသည်လည်း လူသားများဖြစ်ကြောင်းကို လူကြီးမင်းတို့ နားလည်ပေးသင့်ပါသည်။ နိုင်ငံတော်တော်များများမှာ ၀င်ငွေခွန်ကောက်ခံနေသည် မှန်သော်လည်း ထမ်းဆောင်တဲ့ အခွန်ထမ်းအပေါ် နိုင်ငံရဲ့ပြန်လည်တာဝန်ကျေပွန်မှုကိုလည်း တာဝန်တစ်ခု၊ အသိတစ်ခုအနေဖြင့် အစီအစဉ်ချမှတ်သင့်ပြီး အခွန်ထမ်းရဲ့ခံစားခွင့်၊ ရပိုင်ခွင့်တွေကို သေချာစွာ ဖော်ပြအကောင်အထည်ဖော် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။

ယနေ့ထုတ် #7DayDaily သတင်းစာ

ယနေ့ထုတ် #7DayDaily သတင်းစာ from 7Day News Journal's Facebook Wall http://ift.tt/Nq5X6V
စိုးသန်းလင်း သစ်တောဥပဒေ၊ နည်းဥပဒေတို့က စီးပွားဖြစ်မဟုတ်သော အိမ်သုံး၊ လယ်ယာသုံး၊ ငါးဖမ်းလုပ်ငန်းသုံးတို့ အတွက် ဒေသခံပြည်သူတို့ သစ်ထုတ်လုပ်ယူခွင့် ပေးထားသော်လည်း လက်တွေ့၌ ထိုသို့ဆောင်ရွက်မိသော ပြည်သူတို့ ကျွဲ၊ နွားလှည်းများ ဆုံးရှုံးရုံသာမက ထောင်ပါကျရမည့်ဖြစ်ရပ်များ နိုင်ငံတ၀န်း ရှိနေကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအားလုံးနှင့် လွှတ်တော်ကပါ ပူးပေါင်းဆောင်ရွက်မှသာ အဆိုပါဖြစ်ရပ်များ ပြေလည်နိုင်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ပြည်သူ့လွှတ်တော် န၀မပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ အမေးအဖြေအစီအစဉ်တွင် တိုက်တွန်းပြောကြားလိုက်သည်။ “ဒေသခံတောင်သူလယ်သမားတွေဟာ အိမ်ဆောက်ဖို့ မျှောသားတွေခုတ်တာ၊ ထင်းအတွက် ကိုယ်တစ် နိုင်သုံးဖို့ ခုတ်ရင်းသယ်ရင်းက ဒီလိုပြဿနာတွေ ဖြစ်နေကြပါတယ်၊ ဥပဒေလုပ်ထုံးလုပ်နည်းတွေအရ တရား ရုံးတင်တာ၊ ထောင်ဒဏ်ကျတာ၊ လှည်းနွားတွေသိမ်းပြီး လေလံပစ်ခံရတာတွေ ရှိနေကြပါတယ်၊ ဒီကိစ္စ က သစ်တောရေးရာဝန်ကြီးဌာနတစ်ခုတည်း ဆောင်ရွက်လို့ရနိုင်တဲ့ ကိစ္စမဟုတ်ဘူး၊ ၀ိုင်းဝန်းဖြေရှင်းကြ မှသာ ပြေလည်နိုင်ပါတယ်၊ ဒါကြောင့် သက်ဆိုင်ရာ လွှတ်တော်ရေးရာ ပြည်သူ့အင်အားစီမံခန့်ခွဲရေး ကော်မတီဘက်ကလည်း လိုပါမယ်။ သ
မျိုးသန့် မန္တလေးမြို့လမ်းမများပေါ်တွင် ပြိုင်ကားများကို စည်းကမ်းမဲ့မောင်းနှင်ခြင်းကြောင့် အများပြည်သူ အနှောင့်အယှက်မဖြစ်စေရန် မတ်လမှစ၍ စစ်ဆေးအရေးယူမှုများကို တင်းကျပ်စွာ လုပ်ဆောင်တော့မည်ဖြစ် ကြောင်း မန္တလေးတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၀န်ကြီး ဦးကျော်ဆန်းက မတ်လ ၁၇ ရက်က မဇ္ဈိမကို ပြောသည်။ “ပြိုင်ကားတွေကို စည်းကမ်းမဲ့မောင်းနှင်တာ၊ သတ်မှတ်အရှိန်ထက် ပိုမောင်းနှင်တာ၊ ဆူညံအောင် တမင် ပြုလုပ်မောင်းနှင်တာတွေကို နေရာအလိုက် ဖမ်းဆီးစစ်ဆေးတော့မှာ ဖြစ်ပါတယ်။ နောင် အဲလိုမဖြစ် အောင် ထိရောက်တဲ့ပြစ်ဒဏ်ချမှတ်နိုင်အောင်လည်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်”ဟု ၀န်ကြီးက ပြော သည်။ ကျုံးဘေးပတ်လည်၊ အဓိကလမ်းမကြီးများတွင် ရဲနှင့်ယာဉ်ထိန်းရဲ ပူးပေါင်းဖမ်းဆီးသွားမည်ဖြစ်ကြောင်း၊ စည်းကမ်းမလိုက်နာဘဲ မောင်းနှင်နေသော ပြိုင်ကားမောင်းသူများကို ကျူးလွန်သည့်ပြစ်မှုပေါ် မူတည်ကာ ပြစ်ဒဏ်များကို ချမှတ်နိုင်ရန်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသော ပြစ်ဒဏ်များမှ ပြောပလောက်သောပြစ်ဒဏ်မဟုတ်လျှင် ထိုက်သင့်သောပြစ်ဒဏ်များကို ပြင်ဆင် ချမှတ်သွားမည်ဖြစ်သည်။ “ပြိုင်ကားမောင်းပြီး ယာဉ်တိုက်မှုဖြစ်ပွားတာတွေ၊ အရက်သေစာ သောက်စားမူးယစ်ပြီးေ
မျိုးသန့် ဂျပန်နိုင်ငံထုတ် အင်ဂျင်ပါဝါသေးငယ်သည့် ခရီးသည်နှင့် ကုန်တင်ပစ်ကပ်ယာဉ်ငယ်များနှင့် အင်ဂျင်ပါဝါ နိမ့်သည့် မော်ဒယ်နိမ့်ကားများ ဈေးကွက်၌ အရောင်းအ၀ယ်သွက်လျက်ရှိသည်ဟု ကားအရောင်းစင်တာ ပိုင်ရှင်တစ်ဦးက ပြောသည်။ “အင်ဂျင်ပါဝါနိမ့်ကားတွေကို ကျောင်းသုံးနဲ့ပစ္စည်းအသေးလေးတွေ သယ်ပို့ဖို့ ၀ယ်ကြတာများတယ်။ ဆီ စားလည်းသက်သာတာကြောင့် ကုန်စုံဆိုင်ဖွင့်သူတွေ ကုန်သယ်ဖို့လည်း ၀ယ်ကြပါတယ်”ဟု ကားအ ရောင်းစင်တာတစ်ခုမှ တာဝန်ခံတစ်ဦးက ပြောသည်။ ဂျပန်နိုင်ငံထုတ် အင်ဂျင်ပါဝါ ၆၆၀ စီစီအောက် အဲကွန်းပါမော်တော်ယာဉ် တစ်စီးလျှင် ယာဉ်တန်ဖိုး၊ သင်္ဘောတင်စရိတ်၊ စာရွက်စာတမ်းနှင့် အခွန်ငွေ အားလုံးပေါင်း ကျပ်သိန်း ၅၀၊ ၆၀ နီးပါး ရှိနေပြီး ဈေး ကွက်တွင် ကျပ်သိန်း ၇၀ ၀န်းကျင်ဖြင့် အရောင်းအ၀ယ်ဖြစ်လျက် ရှိသည်။ မော်တော်ယာဉ်တင်သွင်းသည့် ကုမ္ပဏီများက အမြတ်နည်းသော်လည်း ပစ္စည်းရောင်းချရမှုများသဖြင့် အရင်းအနှီးများသော ဇိမ်ခံဆလွန်းကားများထက် ဈေးနှုန်းနည်းသည့် ယင်းကားများကို ပိုမိုဝယ်ယူ တင် သွင်းလာကြခြင်းဖြစ်သည်။ “လက်ရှိ ကားဈေးကွက်ထဲမှာ အင်ဂျင်ပါဝါမြင့်တဲ့ကားတွေ၊ ဇိမ်ခံဆလွန်းကားတွေ အရောင်းအ၀ယ်အေး နေပါတယ်။ အင်ဂျင်ပါဝါနည်းပြီး ဆီစားသက်သာတဲ့
အောင်ကိုဦး မန္တလေးတိုင်းအတွင်းရှိ ပြည်သူလူထုအားလုံး၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ အသေးစိတ်အချက် အလက်များ သိရှိနိုင်စေရန်နှင့် ပြည်သူလူထုအကျိုးကို အချိန်နှင့်တစ်ပြေးညီ ကူညီသွားနိုင်စေရန် မန္တလေး တိုင်း အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းသတင်းနှင့်ပြန်ကြားရေးကော်မတီကို မတ် ၁၇ ရက်က ဖွဲ့စည်း လိုက်ကြောင်း ယင်းအဖွဲ့ချုပ်ထံမှ သိရှိရသည်။ သတင်းနှင့်ပြန်ကြားရေးကော်မတီကို ဦးလှကောင်း၊ ဦးထွန်းကြည်၊ ဦးရွှေနောင်ရိုး၊ ဦးအောင်အောင်နိုင်၊ ဦး အောင်အောင်၊ ဒေါ်မိုးသီတာအေးနှင့် ဒေါ်စံမွန် စသည့်အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားသည်ဟု ယင်းအ ဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယခင်က ယာယီသာဖွဲ့စည်းထားခဲ့သော်လည်း ယခုအခါ တရားဝင်ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ယင်းအဖွဲ့ကို ဦးလှကောင်းက အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်သွားမည်ဟု ဆိုသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1nzYaUU
မျိုးသန့် မန္တလေးမြို့ ရှုခင်းများကို ကြည့်ရှုနိုင်သော မြို့ပတ်မိုးပျံရထားလမ်းတစ်ခု ဆောက်လုပ်ရန် ကမ်းလှမ်းမှုတစ် ခုကို လက်ခံရရှိထားကြောင်း မန္တလေးတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၀န်ကြီး ဦးကျော်ဆန်းက မတ်လ ၁၇ ရက်က မဇ်္ဈိမကို ပြောသည်။ “မြို့ပတ်မိုးပျံရထားတစ်စင်းကို သံလမ်းတစ်ချောင်းတည်းနဲ့ပြေးတဲ့ မီးရထား (Mono Rail)စနစ်ကို ကျင့်သုံး တဲ့ မြို့ပတ်ရထားတစ်စင်း တည်ဆောက်သွားဖို့ ကမ်းလှမ်းထားတာရှိပါတယ်။ ဘာမှ ဆွေးနွေးရခြင်းမရှိ သေးပါဘူး”ဟု ၀န်ကြီးက ပြောသည်။ တည်ဆောက်ရန် တံတားဦးလေဆိပ်မှ မန္တလေးမြို့တွင်း ရှုခင်းကောင်းသောနေရာများကို မြင်နိုင်သည့်နေ ရာများကို မိုးပျံရထားဖြင့် ကြည့်ရှုနိုင်ရန် လုပ်ဆောင်သွားမည့် ကိစ္စတစ်ခုဖြစ်သည်။ အဆိုပါစီမံကိန်းအတွက် ငွေကြေးစိုက်ထုတ်တည်ဆောက်လို၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြလာ လျှင် လက်ခံဆောင်ရွက်သွားရန်လည်း စီစဉ်ထားကြောင်း သိရသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/Nq5WzQ
အောင်ကိုဦး မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ ကံကြီးကုန်းရွာရှိ အထက်မြန်မာပြည် ဆေးဝါးထုတ်လုပ်ရေးစက်ရုံဝင်းပြင် ပရှိ တောကို တောမီးကာကွယ်ရန် ပေါင်းရှင်းမီးရှို့ရာမှ စက်ရုံဝင်းအတွင်းသို့ ကူးစက်လောင်ကျွမ်းလာ သည့်အတွက် အဆောက်အအုံများထံ မကူးစက်စေရန် စက်ရုံဝန်ထမ်းများနှင့် ပြင်ဦးလွင်ခရိုင်မီးသတ်တို့ ၀ိုင်းဝန်းငြှိမ်းသတ်နေကြရာ ညနေ ၆ နာရီခွဲအထိ ဆက်လက် လောင်ကျွမ်းဆဲဖြစ်သည်။ တောမီးရှို့ရခြင်းမှာ တောမီးရန်မှကာကွယ်ခြင်းဖြစ်ပြီး တစ်နှစ်ကို နှစ်ကြိမ်ခန့် ယခုကဲ့သို့ လုပ်ကြောင်းနှင့် စက်ရုံသို့ ကူးစက်လောင်ကျွမ်းလာပါကလည်း ငြှိမ်းသတ်ရန် မီးသတ်ဆေးဘူး ၇၈ ဘူး၊ မီးသတ်ငုတ် ၄၀ ရှိကြောင်း၊ ပိုက်ခွေကြီးများလည်း ရှိကြောင်းနှင့် ရေသုံးသိန်းဆန့် မြေအောက်ကန်များနှင့် ရေဂါလန် လေး သိန်းဆန့် မြေပေါ်ကန်များလည်း လုပ်ထားကြောင်း စက်ရုံတာဝန်ရှိသူတစ်ဦးက မဇ်္ဈိမကို ပြောသည်။ “ကျွန်တော်တို့ ဒီမှာက နှစ်ကြိမ်လောက် လုပ်ပေးရတယ်။ ဒီလိုတွေ ငြှိမ်းနိုင်အောင်လည်း သရုပ်ပြမှုတွေ နှစ်စဉ် လုပ်ထားတယ်။ စက်ရုံမှာလည်း မီးသတ်ဖွဲ့စည်းထားတယ်။ ၃၅ ဦးနဲ့ပါ”ဟု ၎င်းက ပြောသည်။ တောမီးရှို့ရာမှ စက်ရုံဝင်းအတွင်းသို့ ကူးစက်လာသော အဆိုပါမီးကို ၀ိုင်းဝန်းငြှိမ်းသတ

စစ်ကိုင်းတိုင်းရှိမြေသိမ်းခံ အုံတုံပင်ရွာ ထန်းတက်တောင်သူများ လုပ်

from Eleven Daily News http://ift.tt/1iXI1q6

မြောင်းမြမြို့တွင်ပြုပြင်ဆဲအဆောက်အအုံ ပြိုကျရာမှ လူတစ်ဦးေ

from Eleven Daily News http://ift.tt/1iXI3hT

မလေးရှားလေယာဉ်ပျောက်ဆုံးမှုအတွက်လေယာဉ်မှူးများကို

from Eleven Daily News http://ift.tt/1iXI3hJ

၂၀၀၈ အခြေခံဥပဒေကိုပြင်ဆင်ခြင်းမရှိပါကငြိမ်းချမ်းရေးဖြစ်စဉ်

from Eleven Daily News http://ift.tt/1iXI31p

(၇)ကြိမ်မြောက် အာဆီယံလူငယ်ဖိုရမ်သို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်

from Eleven Daily News http://ift.tt/1iXI0Tc

အင်းစိန်ထောင်မှ အကျဉ်းသား ခုနစ်ဦး တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆို ရန်ကုန်၊ မတ်...

အင်းစိန်ထောင်မှ အကျဉ်းသား ခုနစ်ဦး တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆို ရန်ကုန်၊ မတ် ၁၇ အင်းစိန် ဗဟိုအကျဉ်းထောင်တွင် ပြစ်မှုအသီးသီးဖြင့် ပြစ်ဒဏ်ကျခံနေရသူ အကျဉ်းသားများအနက် အသက် ၂၀ အောက် အကျဉ်းသား ခုနစ်ဦးသည် ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အဆိုပါ အကျဉ်းထောင်ရှိ အမှတ် ၃ အခြေခံပညာ အလယ်တန်းကျောင်းတွင် ဝင်ရောက် ဖြေဆိုကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင် ထံမှ စုံစမ်း သိရှိရသည်။ အဆိုပါ အကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားသူ အကျဉ်းသား ၁၀ ဦးအနက် သုံးဦးမှာ ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့သည့် အတွက် ခုနစ်ဦးသာ ဖြေဆိုကြောင်း၊ အသက် ၂၀ အောက် အကျဉ်းကျ ခံနေရသူ မောင်ဟိန်းထက်၊ မောင်ဂျူလိုင်မိုး၊ မောင်ဟန်ဝင်း၊ မောင်မျိုးလွင်ဦး၊ မောင်မျိုးအောင်နှင့် မောင်မျိုးညွှန့်ဦးတို့ ဖြစ်ကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင်မှ တာဝန်ခံ ဦးကျော်ဌေးက ပြောကြားသည်။ အခြေခံပညာ အထက်တန်း တက်ရောက် သင်ကြားနေချိန် ထောင်ဒဏ် ကျခံနေရသော ကျောင်းသား အကျဉ်းသားများ၏ ပညာသင်ကြားမှု အခွင့်အရေး မဆုံးရှုံးစေရန် ပြည်ထဲရေး ဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန၊ ဗဟိုအကျဉ်းထောင်နှင့် အမှတ်(၃) အခြေခံပညာ ဦးစီးဌာန ရန်ကုန် (မြောက်ပိုင်း) ခရိုင် ပညာရေ

ယူကရိန်း ကရိုင်းမီးယား မဲဆန္ဒရှင် ၉၅ ရာခိုင်နှုန်းကျော် ရုရှား လက်အောက်တွင် နေရန်...

ယူကရိန်း ကရိုင်းမီးယား မဲဆန္ဒရှင် ၉၅ ရာခိုင်နှုန်းကျော် ရုရှား လက်အောက်တွင် နေရန် မဲပေးဟုဆို မော်စကို၊ မတ် ၁၇ ရုရှားနိုင်ငံ၏ လက်အောက်တွင် နေမည်လော၊ ယူကရိန်း လက်အောက်တွင် နေမည်လော ဆုံးဖြတ်သည့် ကရိုင်းမီးယား လူထု ဆန္ဒခံယူပွဲကို အဆိုပါ ပြည်နယ်တွင် ပြုလုပ်ခဲ့ရာ မဲဆန္ဒရှင် စုစုပေါင်း၏ ၉၅ ဒသမ ၅ ရာခိုင်နူန်းက ရုရှားနိုင်ငံ၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ရပ်တည်မည် ဖြစ်ကြောင်း မဲပေးခဲ့ကြသည်ဟု BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။ ကရိုင်းမီးယား ခေါင်းဆောင်က ရုရှားနိုင်ငံနှင့် ပူးပေါင်းခွင့်ကို တနင်္လာနေ့တွင် တင်ပြသွားမည်ဟု ပြောကြားခဲ့ကာ ရုရှားသမ္မတ ဗလာတီမာပူတင်က ကရိုင်းမီးယား ပြည်သူများ၏ ဆန္ဒကို လေးစားသွားမည်ဟု ပြောကြားခဲ့သည်။ ယူကရိန်း အစိုးရက ယင်းဆန္ဒ ခံယူပွဲကို အသိအမှတ် မပြုခြင်းအား ကရိုင်းမီးယား ဒေသတွင် ထောက်ခံသူ များစွာရှိပြီး ဥရောပသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုတို့ကလည်း ယင်းဆန္ဒ ခံယူပွဲသည် တရားမဝင်ဟု ကြေညာထားသည်။ ဖေဖော်ဝါရီလတွင် ရုရှားဘက်ကို လိုလားသော စစ်တပ်အဖွဲ့က ကရိုင်းမီးယား ဒေသကို လက်နက်ကိုင်ပြီး ဝင်ရောက် ထိန်းချုပ်ခဲ့သည်။ လမ်းမပေါ် ဆန္ဒပြပွဲများဖြင့် ရုရှားက ထောက်ခံပေးထားသော ယူကရိန်း၏ သမ္မတ ဗစ်တာယာနူကိုဗစ်ခ်ျက

အဝေးပြေးယာဉ်လိုင်း အချို့ ဧပြီလအတွက် ကြိုတင် လက်မှတ် စတင်လက်ခံ ရန်ကုန်၊ မတ် ၁၇...

အဝေးပြေးယာဉ်လိုင်း အချို့ ဧပြီလအတွက် ကြိုတင် လက်မှတ် စတင်လက်ခံ ရန်ကုန်၊ မတ် ၁၇ နှစ်သစ်ကူး ရက်ရှည် ရုံးပိတ်ရက် ဧပြီလအတွင်း အဝေးပြေးခရီးစဉ် ကြိုတင် လက်မှတ်များကို ယာဉ်လိုင်းအချို့ စတင် လက်ခံလျက် ရှိပြီး ယာဉ်စီးခ နှုန်းထားများ ပြောင်းလဲခြင်း မရှိကြောင်း အဆိုပါ ယာဉ်လိုင်းများထံမှ စုံစမ်း သိရှိရသည်။ မတ်လ ၁၀ ရက်နေ့ ဝန်းကျင်ကတည်းက ကြိုတင် လက်မှတ်များ စတင် လက်ခံခြင်း ဖြစ်ပြီး မှာယူသည့် အရေအတွက် အတိအကျ မပြောနိုင်သော်လည်း ကြိုတင် မှာယူသူ များပြားကြောင်း ရန်ကုန်-ထားဝယ် ပြေးဆွဲနေသော ရွှေထားဝယ် ယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ကြိုတင်လက်မှတ် မှာယူမှု များပြားသောကြောင့် ယာဉ်စီးရေ ပိုမို ပြေးဆွဲမည် ဖြစ်သော်လည်း လက်မှတ်ခ နှုန်းထားများကိုမူ ပုံမှန်နှုန်း အတိုင်းသာ ရောင်းချမည် ဖြစ်ကြောင်း ရန်ကုန်-မန္တလေး ခရီးစဉ် ကြိုတင် မှာယူမှု စတင် လက်ခံနေသော JJ Express ယာဉ်လိုင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်က ပြောဆိုသည်။ “ပုံမှန်ထက် နှစ်ဆတိုး ပြေးဆွဲမယ်။ ဘွတ်ကင် လုပ်တဲ့ လူတွေလည်း တစ်ခါတည်း လက်မှတ်ဖြတ်ရင် ပိုအဆင်ပြေမယ်” ဟု ၎င်းကဆိုသည်။ နှစ်သစ်ကူး ပိတ်ရက်အတွင်း အချို့ အဝေးပြေး ယာဉ်လိုင်း များမှာ ဈေးနှုန်း မြင့်တက်လေ့ ရှိကြောင
From the Gold Coast to the Golden Land www.mmtimes.com Yangon United manager Eric Williams has turned the Lions into serious MNL contenders and shaped some of the country's most talented young players. from The Myanmar Times's Facebook Wall http://ift.tt/1lJRZIY

‘၀’ ပြည်သွေးစည်းညီညွတ်ရေးပါတီ၏ နိုင်ငံရေးဗျူရိုတွင် တရုတ်နိုင်ငံသားတစ်ဦးအား အဆင့်မြင့်ရာထူး ခန့်အပ်ထားဟုဆို

‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီလက်အောက်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)မှ တပ်သားအချို့ စစ်ရေးပြအခမ်းအနားတွင်တွေ့ရစဉ် UNITED WA STATE ARMY ‘၀’ ပြည်သွေးစည်းညီညွှတ်ရေးပါတီ(UWSP/UWSA)၏ နိုင်ငံရေးဗျူရိုတွင် တရုတ်လူမျိုးတစ်ဦးအား အဆင့်မြင့်ရာထူး တာဝန်ပေးအပ်ကာ ခန့်အပ်ထားကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ ဆွီဒင်သတင်းစာဆရာ ဘာတေးလ်လင့်တနာကပြောသည်။ မတ်လ ၁၇ရက်က ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဖြစ်စဉ်၊ from Myanmar CNN http://ift.tt/1iXC3Wc

အမည်မသိလေယာဉ်ဝင်မလာလို့ အာရှ အလယ်ပိုင်း နိုင်ငံတွေ ဆို

လူ ၂၃၉ယောက် တင်ဆောင်ပြီး အစအန ရှာမရ ဖြစ်နေတဲ့ မလေးရှား လေယာဉ် ပျောက်ဆုံးခဲ့တဲ့ မတ်လ ၉ရက်နေ့မှာ သူတို့ နိုင်ငံ လေကြောင်းပိုင်နက်ထဲကို အမည်မသိ လေယာဉ် တစင်းမှ ဝင်ရောက်လာတာ မရှိခဲ့ဘူးလို့ အာရှ အလယ်ပိုင်းက ကာဇက်စတန်နဲ့ ခါဂစ်စတန် နိုင်ငံတွေက ပြောပါတယ်။ ကွာလာလမ်ပါ ကနေ ဘေဂျင်းကို ပျံသန်းရင်း လမ်းကြောင်းပြောင်းသွားခဲ့ပြီးတဲ့နောက် ဒီပျောက်နေတဲ့ လေယာဉ် သွားနိုင်တဲ့ မြောက်ဖက်နဲ့ တောင်ဖက် လမ်းနှစ်ခု အနက် from Myanmar CNN http://ift.tt/1ommGFY

ဘင်္ဂလီ၂ ဦးကို ခြောက်လုံးပူးတစ်လက်၊ ၎င်းကျည် ၁၁တောင့်နှင့် အတူ မောင်တောတွင်ဖမ်းမိ

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်၊ အလယ်သံကျော်တွင် ဘင်္ဂလီ နှစ်ဦးကို အမေရိကန်လုပ် ခြောက်လုံးပူး တစ်လက်၊ ၎င်းကျည် ၁၁ တောင့်၊ ဓါးရှည် ခုနှစ်လက်၊ လေးဂွများနှင့် အတူ ဖမ်းမိကြောင်း ယနေ့ထုတ် Daily Eleven တွင် ဖေါ်ပြသည်။ မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီက မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်၊ ကညင်တန်း ကျေးရွာ အုပ်စု၊ နှခေါင်းတို ကျေးရွာ အနီးရှိ နတ်မြစ်ထဲသို့ စီးဝင်သည့် ချောင်းအတွင်းမှ from Myanmar CNN http://ift.tt/1ommGFQ

ဘဟားမားက ကြောက်စရာ ရေလွှာလျှောစီး

ဘဟားမားနိုင်ငံမှာ ရှိတဲ့ Mayan Temple ရေလွှာလျှောစီးကန် တစ်ခု မှာ ဖြစ်ပါတယ်။ ရေလွှာလျှောစီးကို ပုံမှာ မြင်တွေ့ရတဲ့အတိုင်း မာယာ ဗိသုကာ ကျောင်းဆောင် ကနေ ပြုလုပ်ထားပေးပါတယ်။ ပေ ၉၀ အမြင့်လောက် ကနေ လျှောဆင်းပြီး တစ်နာရီ ၃၅ မိုင်နှုန်းလောက် မြန် ပါတယ်။ ကန်ထဲမှာ အသားစား ငါးမန်းများ မွေးမြူထားတဲ့အတွက် ချောစီး ရင် ငါးမန်းတွေကို အနီးကပ် ကြည့်ရှု ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူသွားတဲ့ ပိုက်လိုင်းကို from Myanmar CNN http://ift.tt/1ommGFK

ကမ္ဘာ့အနောက်ခြမ်းက အကြီးဆုံး ကြောင်မျိုး - ဂျိုက်ဂွား

ကြောင်မျိုးဝင်တိရစ္ဆာန် Felin ထဲမှာ ကမ္ဘာ့ အကြီးဆုံး ကတော့ ခြင်္သေ့ ဖြစ်ပြီး ဒုတိယကတော့ ကျား ဖြစ်ပါတယ်။ တတိယ အကြီးဆုံးကတော့ Jaguar လို့ခေါ်တဲ့ အမေရိကန် အလယ်ပိုင်း ကျားသစ်တစ်မျိုး ဖြစ်ပါတယ်။ အမေရိက၊ ဥရောပတို့လို ကမ္ဘာ့နောက်ဘက် အခြမ်းမှာ အကြီးဆုံးနဲ့ အားအကောင်းဆုံး ကြောင်မျိုးကတော့ Jaguar (ဂျာဂူရာ) ခေါ် ဂျိုက်ဂွား ပဲ ဖြစ်ပါတယ်။ ယင်း အမည်ကို အစွဲပြုပြီး တော့တောင် ဗြိတိန်မှာ ကမ္ဘာကျော် မော်တော်ယာဉ် from Myanmar CNN http://ift.tt/1ommDtQ

ရခိုင်အမျိုးသမီးများ အစည်းအရုံး ညီလာခံ ကျင်းပမည် မောင်တော၊ မတ် ၁၇ ရခိုင်အမျိုး...

ရခိုင်အမျိုးသမီးများ အစည်းအရုံး ညီလာခံ ကျင်းပမည် မောင်တော၊ မတ် ၁၇ ရခိုင်အမျိုးသမီးထု စွမ်းရည် မြင့်မားလာစေရန် ရခိုင်အမျိုးသမီးများ အစည်း အရုံး (RWU) ၏ စတုတ္ထအကြိမ်မြောက် ညီလာခံကို စစ်တွေမြို့တွင် မတ်လ ၂၃ ရက်နေ့မှ စတင်ကာ လေးရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း အဆိုပါ အစည်းအရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်စောစံငြိမ်းသူက ပြောကြားသည်။ ရခိုင်အမျိုးသမီးများ အကြမ်းဖက်ခံ ဘဝမှ လွတ်မြောက်စေရန်၊ နိုင်ငံရေးနှင့် အခြားလူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍများတွင် ဦးဆောင်မှု နေရာတွင် ပိုမို ပါဝင်လာနိုင်ရန်၊ မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပြင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများတွင် အမျိုးသမီးများ ပိုမို ထိရောက်စွာ လုပ်ဆောင်လာနိုင်ရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ နာမည် ထင်ရှား ကျော်ကြားသော အမျိုးသမီးများ၊ တက်ကြွ လှုပ်ရှားသူများကို အထူးဧည့်သည်တော်များ အဖြစ် ဖိတ်ကြားသွားမည် ဖြစ်ပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းစသည့် နိုင်ငံတကာတွင် ရောက်ရှိနေသည့် RWU ကိုယ်စားလှယ်များ ကိုလည်း ဖိတ်ကြားသွားမည် ဖြစ်ကြောင်း ရခိုင်အမျိုးသမီးများ အစည်းအရုံးထံမှ သိရှိရသည်။ ရခိုင်အမျိုးသမီ

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီ

၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော် ကနေ ဖေဖေါ်ဝါရီ လဆန်း က လွှတ်တော် အမတ် ၃၁ ဦး ပါဝင်တဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး အကောင် အထည် ဖော်မှု ကော်မတီ ကို ဖွဲ့စည်းပေးခဲ့ ပါတယ်။ ဒီ ကော်မတီ အနေနဲ့ ပြင်ဆင်ဖို့ ဖြစ်နိုင်ခြေ အရှိဆုံး ပုဒ်မ ကနေ စကိုင်ဖို့ ရှိ နေပါတယ်။ သမ္မတ ဖြစ်ခွင့် ကန့်သတ်ချက် ပုဒ်မ ၅၉ အပါ အဝင် ၊ တချို့သော ပုဒ်မတွေ ကို ပြင်ဆင်ရာ မှာ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၇၅ ခိုင်နှုန်း ထောက်ခံချက် အပြင် ဆန္ဒ ခံယူပွဲ တဝက်ကျော် ရမှ ပြင်လို့ ရမယ် ဆိုတဲ့ ပုဒ်မ ၄၃၆ ( က) နဲ့ တချို့သော ဥပဒေတွေကို ပြင်ဖို့ အတွက် ဆန္ဒခံယူပွဲ မလိုအပ်တဲ့ ပုဒ်မ ၄၃၆ ( ခ) ဆိုပြီး နှစ်မျိုး ရှိတဲ့ အခါမှာ ၄၃၆ ( ခ) ကို စပြီး ပြင်မယ့် အခြေ အနေ မျိုး လို့ ၃၁ ဦး ကော်မတီဝင် ရခိုင်တိုင်းရင်းသား ခေါင်းဆောင် ဒေါက်တာအေးမောင် က ဘီဘီစီ ကို ရှင်းပြပါတယ်။ ၄၃၆ ( က)နဲ့ ( ခ) ကို စဉ်းစားရာ မှာ ( ခ) ဟာ ပထမ ခြေလှမ်း လို့ သုံးသပ်လို့ ရတဲ့ အကြောင်း၊ ဒါကြောင့် မို့( က) ကို ထားခဲ့ပြီး၊ ( ခ) နဲ့ စထွက် ဖို့ ဆွေးနွေးကြတဲ့ အကြောင်း ပြောပါတယ်။ ဒါပေမဲ့ ပုဒ်မ ၄၃၆ ဟာ လွှတ်တော်ထဲမှာ ပြင်ဖို့ အခက်အခဲတွေ ရှိတာကြောင့် လှ

(၁၇-၃-၂၀၁၄)ရက် ညနေ (၃း၅၂)နာရီအချိန် NOAA-18 ဂြိုဟ်တုက ရိုက်ယူပေး တဲ့ပုံအရ မြန်မာ...

(၁၇-၃-၂၀၁၄)ရက် ညနေ (၃း၅၂)နာရီအချိန် NOAA-18 ဂြိုဟ်တုက ရိုက်ယူပေး တဲ့ပုံအရ မြန်မာပြည်အတွင်းမှာ မြူမီးခိုးငွေ့တွေ ထွက်နေတဲ့ Hotspot နေရာပေါင်း ၁၂၃၁ နေရာကိုတွေ့ရှိရပါတယ်။ ဒီနှစ်မှာတော့ အများဆုံးအရေအတွက်ပါ။ဒေါက်တာထွန်းလွင် ရန်ကုန်-မတ်၁၈ (၁) (၁၆-၃-၂၀၁၄)နေ့က မလေး စင်္ကာပူဖက်မှာ တိမ်တွေတက်ပြီး မိုးလေးတွေ ရွာချလိုက်ပါတယ်။ ဒီကနေ့ (၁၇-၃-၂၀၁၄)ရက် မနက်မှာတော့ ဆူမတြာနဲ့မလေး ကျွန်းဆွယ်က မြူမီးခိုးငွေ့တွေဟာ မရှိတော့ သလောက် လျော့ကျသွား ပါတယ်။ (၂) မလေးဖက်မှာ (၁၆-၃-၂၀၁၄)ရက်နေ့က API တန်ဖိုးတွေ 343 အထိမြင့်တက်နေခဲ့ရာမှ မိုးရွာချလိုက်တဲ့အတွက် (၁၇-၃-၂၀၁၄)ရက်နေ့မှာတော့ API တန်ဖိုးတွေ 83 အထိ ကျဆင်းသွားခဲ့ပါတယ်။ (၃) (၁၇-၃-၂၀၁၄)ရက် ညနေ (၃း၅၂)နာရီအချိန် NOAA-18 ဂြိုဟ်တုက ရိုက်ယူပေး တဲ့ပုံအရ မြန်မာပြည်အတွင်းမှာ မြူမီးခိုးငွေ့တွေ ထွက်နေတဲ့ Hotspot နေရာပေါင်း ၁၂၃၁ နေရာကိုတွေ့ရှိရပါတယ်။ ဒီနှစ်မှာတော့ အများဆုံးအရေအတွက်ပါ။ ဓါတ်ငွေ့ထုတ်လွှတ်မှု အတွက်တော့ မကောင်းတဲ့လုပ်ရပ် ဖြစ်ပါတယ်။ အဲဒီကမှ တစ်ဆင့် တောမီးလောင်မှုတွေဖြစ်လာမယ်ဆိုရင် သဘာဝဘေးတစ်ခုဖြစ်လာရုံမက သစ်တောပြုန်းတီးမှုလည်း ဖြစ်လာတော့မှာပါဘဲ။ ဒီလောက်နေရာများများ မီးလောင

လက်နက်ကြောင့်ရရှိသောထိခိုက်ဒဏ်ရာများ ခွဲစိတ်ကုသမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျ...

လက်နက်ကြောင့်ရရှိသောထိခိုက်ဒဏ်ရာများ ခွဲစိတ်ကုသမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ တောင်ကြီးမြို့-မတ်၁၈ ကျန်းမာရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (အိုင်စီအာရ်စီ) တို့ပူးပေါင်း၍ လက်နက် ကြောင့်ရရှိသောထိခိုက်ဒဏ်ရာများ ခွဲစိတ်ကုသမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် မတ်လ ၁၈ ရက်မှ ၂ဝ ရက်အထိ (၃) ရက်ကြာ ကျင်းပလျက်ရှိသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ် (၂၇) ခုမှ ခွဲစိတ်ဆရာဝန် များနှင့် ခရိုင်/မြို့နယ်/မြို့နယ်ခွဲ/တိုက်နယ်များမှ ဆရာဝန်များ စုစုပေါင်း (၂၅) ဦးခန့်တက်ရောက်လျက်ရှိသည်။ ''ဒီအလုပ်ရုံဆွေးနွေးပွဲရဲ့ရည်ရွယ်ချက်ကတော့ အိုင်စီအာရ်စီနဲ့ မြန်မာနိုင်ငံက ကျန်းမာရေးဝန်ထမ်းတွေအကြား လက်နက်ကြောင့်ထိခိုက်ဒဏ်ရာရထားတဲ့လူနာတွေကို ပြုစုကုသတဲ့အတွေ့အကြုံနဲ့ နည်းပညာတွေ ဖလှယ်ဖို့ဖြစ် ပါတယ်'' ဟု ရှမ်းပြည်နယ်မှ အိုင်စီအာရ်စီလုပ်ငန်းများအတွက်တာဝန်ခံ မစ္စကလော်ဒီယာမက်တာက ပြောသည်။ လက်နက်ကြောင့်ရရှိသောထိခိုက်ဒဏ်ရာများကုသရာတွင် ဝါရင့်ခွဲစိတ်ဆရာဝန်ကြီးတစ်ဦးဖြစ်သော ဒေါက်တာဂွန်တာ ဝင်းမ်ဟော့ဖ်ဖာမှဦးဆောင်ကာ ရှမ်းပြည်နယ်အတွင်း ခွဲစိတ်ကုသမှုလုပ်ဆောင်လျက