Skip to main content

Posts

Showing posts from March 12, 2014

ပုဂ္ဂလိက ကျောင်းဝတ်စုံ စကပ်တိုနှင့် ဘောင်းဘီများ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ခွင...

ပုဂ္ဂလိက ကျောင်းဝတ်စုံ စကပ်တိုနှင့် ဘောင်းဘီများ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ခွင့်မပြု ရန်ကုန်၊ မတ် ၁၂ နိုင်ငံတစ်ဝန်း ပုဂ္ဂလိက အထက်တန်းကျောင်းများ အနက် စကပ်တိုနှင့် ဘောင်းဘီ ယူနီဖောင်းများကို တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရာတွင် ဝတ်ဆင်ခွင့် မပြုကြောင်း အခြေခံပညာရေး တာဝန်ရှိသူများထံမှ သိရသည်။ ရန်ကုန်မြို့ရှိ ကောင်းစုံ ကိုယ်ပိုင်အထက်တန်းကျောင်း တီရှပ်၊ စကပ်တိုနှင့် ဘောင်းဘီ ယူနီဖောင်းကြောင့် မတ်လ ၁၂ ရက်နေ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့တွင် သတိပေးခံခဲ့ရပြီး အခြား ဘာသာရပ်များကို အဖြူနှင့်အစိမ်း ကျောင်းစိမ်းဝတ်စုံ ဖြင့်သာ လာရောက်ဖြေဆိုရန် သတိပေးခဲ့ကြောင်း အဆိုပါကျောင်း တည်ထောင်သူ ဦးသန်းနိုင်က ပြောကြားသည်။ “ယဉ်ကျေးမှုနဲ့ ဖီလာရင်တော့ ပြောပေါ့။ အခုက ကျောင်းက သတ်မှတ်ထားတဲ့ ကျောင်းဝတ်စုံကို အသိအမှတ် မပြုတဲ့ ပုံလို့ မြင်တယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။ ပြည်ထဲရေးနှင့် ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ထမ်းများ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရာတွင် ယူနီဖောင်း အပြည့်အစုံသာ ဝတ်ဆင်ကြပြီး ယင်းသို့ ဖြေဆိုရန် သတိပေး တားမြစ်ခြင်းသည် ကျောင်းသား၊ ကျောင်းသူများ အတွက် စိတ်အနှောင့်အယှက် ဖြစ်စေကြောင်း ICEC ကိုယ်ပိုင် အထက်

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ လေးသောင်းကျော် ပျက်ကွက် ရန်ကုန်၊...

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ လေးသောင်းကျော် ပျက်ကွက် ရန်ကုန်၊ မတ် ၁၂ ပညာရေး ဝန်ကြီးဌာန၏ ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မြန်မာစာ ဘာသာရပ်ကို ဖြေဆိုရန် စာရင်းသွင်းထားသူ ၄၆,၈၀၂ ဦး ပျက်ကွက်ခဲ့ကြောင်း မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က The Voice သို့ ပြောကြားသည်။ တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့် ရရှိသူ ၅၈၈,၆၁၂ ဦးအနက် ၅၄၁,၈၁၀ ဦးသာ လာရောက်ဖြေဆိုခဲ့ပြီး ပြည်ပ စာဖြေဌာန ၁၅ ခုက ပျက်ကွက်သူ စာရင်းနှင့် ကရင်ပြည်နယ်ရှိ ရွှေ့ပြောင်းလုပ်သား ကလေးငယ်များ တက္ကသိုလ်ဝင်ခွင့် ပျက်ကွက်မှု စာရင်းများကိုမူ ည ၇ နာရီ အချိန်ထိ စာရင်း မရရှိထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ ပြည်ပ စာဖြေဌာနများ အနက် စင်ကာပူနိုင်ငံက ဖြေဆိုသူ အများဆုံး ဖြစ်ပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံတွင် စာဖြေဌာနများမှ စာရင်း တင်သွင်းသူ ၈၀ ဦးအထိ ရှိကြောင်း မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။ အလားတူ ရွှေ့ပြောင်းလုပ်သား ကျောင်းသား၊ ကျောင်းသူ ၁၃၉ ဦး ဖြေဆိုခွင့် ပြုထားပြီး မြန်မာစာ ဘာသာရပ်အတွက် ဖြေဆို စာရင်းကိုမူ မသိရှိရသေးကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က ပြောဆိုသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မီဒီယာများကို သတင်း ကန့်သတ် ထုတ်ပြန် ရန်ကုန်၊ မတ် ၁၂ ရ...

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မီဒီယာများကို သတင်း ကန့်သတ် ထုတ်ပြန် ရန်ကုန်၊ မတ် ၁၂ ရန်ကုန် မြို့တော်တွင်းရှိ မြို့နယ်များတွင် နေ့စဉ် ဖြစ်ပွားလျက် ရှိသော မှုခင်း အခြေအနေ များကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ မီဒီယာများထံ တရားဝင် ထုတ်ပြန်ပေးလျက် ရှိရာမှ မတ်လ ၁ ရက်နေ့မှ စတင်ကာ သတင်း ထုတ်ပြန်ပေးမှုများ ကန့်သတ် ထုတ်ပြန်လျက် ရှိကြောင်း သတင်းမီဒီယာ အသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။ တိုင်းဒေသကြီး အတွင်း နေ့စဉ် ဖြစ်ပွားလျက် ရှိသော မှုခင်း သတင်းများကို ကွန်ပျူတာဌာနမှ ၎င်းတို့နှင့် ရင်းနှီးသူ မီဒီယာ အချို့ထံ ရောင်းစားနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သောကြောင့် ပုံနှိပ် မီဒီယာများကို သတင်း ထုတ်ပြန်ပေးရာတွင် သတင်းများ ထိမ်ချန်ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိ တစ်ဦးထံမှ သိရှိရသည်။ “မိန်းကွန်ပျူတာ ဌာနက သတင်း ရောင်းစားနေတာကို သိလို့ အရေးယူပြီး သတင်း မပေါက်ကြားအောင် နောက်ရဲတပ်ဖွဲ့ကို ပြောင်းခိုင်းထားပြီး အန္တရာယ်ရှိတဲ့ သတင်းမျိုးတွေ အပြင် မပေါက်ကြားအောင် ရဲမှူးကြီးက ဆောင်ရွက်ခိုင်းတာကြောင့် အရင်လို သတင်းတွေ အကုန်ထုတ် မပေးတော့ဘဲ ရွေးပြီး ပေးရတာ” ဟု အဆိုပါ ရဲအရာရှိက ပြောကြားသည်။ အထက်အရာရှိ ညွှန်ကြားချက

ဒေသသုံးခု သန်းခေါင်စာရင်း ကောက်ယူမှု ပြီးစီးသော်လည်း သီးသန့် ထုတ်ပြန်ပေးမည် မဟုတ်...

ဒေသသုံးခု သန်းခေါင်စာရင်း ကောက်ယူမှု ပြီးစီးသော်လည်း သီးသန့် ထုတ်ပြန်ပေးမည် မဟုတ်ဟုဆို ရန်ကုန်၊ မတ် ၁၂ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် ဒေသ သုံးခုတွင် ကြိုတင် သန်းခေါင်စာရင်း ကောက်ယူမှု ပြီးစီးသော်လည်း ရရှိလာသော အချက်အလက်များကို သီးသန့် ထုတ်ပြန်ပေးမည် မဟုတ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောကြားသည်။ သွားလာရေးနှင့် ဒေသလုံခြုံရေး အခက်အခဲ ရှိသည့် ဒေသများ ဖြစ်သော မိုင်းလား၊ ပူတာအို ခရိုင်နှင့် ကိုကိုးကျွန်း မြို့နယ်တို့တွင် သန်းခေါင်စာရင်း ကောက်ယူမှုကို မတ်လ ၁၂ ရက်နေ့တွင် အပြီးသတ် ကောက်ယူခဲ့သော်လည်း သီးသန့်ထုတ်ပြန်ရန် အစီအစဉ် မရှိကြောင်း ၎င်းကဆိုသည်။ “သီးသန့် ထုတ်ပြန်ပေးဖို့ မရှိပါဘူး။ အားလုံး ကောက်ခံပြီးမှ တစ်နိုင်ငံလုံးစာ ပေါင်းပြီးတော့ ထုတ်ပြန်ပေးမှာပါ” ဟု ဦးမြင့်ကြိုင်က ပြောကြားသည်။ ယင်းဒေသများသည် သန်းခေါင်စာရင်း ကောက်ယူရန် အတွက် ရက်၂၀ ကျော် သွားရောက်ရသော ခရီးစဉ်များ ဖြစ်သောကြောင့် ကောက်ယူပြီး စာရင်း အပြည့်အစုံကို ရောက်ရှိလာခြင်း မရှိသေးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ အလားတူ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အထူးဒေသ (၂) တွ

စာပေဆုများ ချီးမြှင့်ငွေကို တိုးမြှင့်ပေးရန် အစီအစဉ် မရှိသေးဟုဆို နေပြည်တော်၊ မ...

စာပေဆုများ ချီးမြှင့်ငွေကို တိုးမြှင့်ပေးရန် အစီအစဉ် မရှိသေးဟုဆို နေပြည်တော်၊ မတ် ၁၂ မြန်မာ စာပေလောက ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထူးချွန် ပြောင်မြောက်စွာ စွမ်းဆောင်နိုင်မှုကြောင့် စာပေ ပညာရှင်များကို ချီးမြှင့်ပေးနေသည့် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသား စာပေဆုနှင့် စာပေဗိမာန် စာမူဆု ချီးမြှင့်ငွေများကို လာမည့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း ထပ်တိုး ချီးမြှင့်ရန် မရှိသေးကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြောကြားသည်။ လက်ရှိတွင် အမျိုးသားစာပေ ဆုအတွက် ဘာသာရပ် ၁၆ မျိုးတွင် တစ်ဆုလျှင် ကျပ် ၁၀ သိန်းနှင့် စာပေဗိမာန် စာမူဆုအတွက် ပထမဆု ကျပ် ငါးသိန်း၊ ဒုတိယဆု ကျပ် သုံးသိန်းနှင့် တတိယဆု ကျပ် နှစ်သိန်း၊ အမျိုးသားစာပေ တစ်သက်တာ ဆုကို ကျပ် ၁၅ သိန်း ချီးမြှင့်လျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနထံမှ သိရသည်။ မတ်လ ၁၂ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ နဝမ ပုံမှန်အစည်းအဝေး ၂၄ ရက်နေ့ မြောက်တွင် အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၏ မေးမြန်းချက်ကို ပြန်ကြားရေး ဒုဝန်ကြီးက ယင်းသို့ ပြန်လည် ဖြေဆိုခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆုချီးမြှင့်ငွေ တိုးမြှင့်ပေးခြင်းသည်

ရေနံယိုဖိတ်မှု တုံ့ပြန် ဆောင်ရွက်ရေး အရေးပေါ် စီမံချက် လုပ်ဆောင်မည် နေပြည်တော်၊ မ...

ရေနံယိုဖိတ်မှု တုံ့ပြန် ဆောင်ရွက်ရေး အရေးပေါ် စီမံချက် လုပ်ဆောင်မည် နေပြည်တော်၊ မတ် ၁၂ မြန်မာ့ ပင်လယ်ပြင်တွင် ရေနံ ယိုဖိတ်မှုများကြောင့် ဆုံးရှုံးမှုနှင့် ရေပြင် ညစ်ညမ်းမှုများအား ကာကွယ်သွားနိုင်ရေး အတွက် သက်ဆိုင်ရာ ဆိပ်ကမ်းများ အလိုက် ရေနံယိုဖိတ်မှု ကာကွယ် ထားဆီးရေးနှင့် တုံ့ပြန် ဆောင်ရွက်မည့် အစီအမံများကို ရေးဆွဲ ထားပြီ ဖြစ်ကြောင်း စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။ ကျောက်ဖြူမြို့နယ် မဒေးကျွန်း ရေနက်ဆိပ်ကမ်းရှိ ရေနံစိမ်းကန်ကြီး ၁၂ ခုနှင့် ဝင်ရောက် သယ်ယူနေသော သင်္ဘောများမှ ရေနံ ယိုဖိတ်မှုများ ဖြစ်ပေါ်လာပါက ဆောင်ရွက်မည့် အခြေအနေနှင့် ပတ်သက်၍ ဂွ မဲဆန္ဒနယ်မှ ဦးကြည်သာက ယနေ့ (မတ် ၁၂) ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းရာ ၎င်းက ယင်းသို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။ အဆိုပါ ရေနံစိမ်းကန် တစ်ခုလျှင် ကုဗမီတာ တစ်သိန်းစီ ရှိနေသောကြောင့် ယိုဖိတ်မှု စိုးရိမ်ရသည့် အခြေအနေ ရှိကြောင်း ဦးကြည်သာက ဆိုသည်။ အမျိုးသားအဆင့် ရေနံယိုဖိတ်မှု တုံ့ပြန် ဆောင်ရွက်ရေး အရေးပေါ် စီမံချက်ကို ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ဆိပ်ကမ်း အာဏာပိုင် အဖွဲ့အစည်းများမှ မူကြမ်း ရေးဆွဲထားပြီး နိုင်ငံတော်မှ အတည်ပြု

တံတားနီ အရေးအခင်း နှစ်ပါတ်လည်နေ့ ကျင်းပမည်

လာမယ့် မတ်လ ၁၆ ရက်နေ့မှာကျရောက်မယ့် ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု တံတားနီအရေးအခင်း ၂၆ နှစ်မြောက် နှစ်ပတ် လည်နေ့ကို ပြည်လမ်း၊ အင်းယားကန်ဘောင်မှာ ကျင်းပသွားမှာဖြစ်ပြီး အဲဒီနေ့မှာ မျိုးဆက်သစ်ကျောင်း သားတွေကို ကျောင်းသားသမဂ္ဂအလံ လွှဲအပ်သွားမယ် လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ က ပြောပါတယ်။ ၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့က ရန်ကုန်တက္ကသိုလ် နဲ့ စက်မှုတက္ကသိုလ်က ကျောင်းသူ၊ ကျောင်းသားတွေ ဟာ from Myanmar CNN http://ift.tt/1cVibeu

အခုတော့ သူ့ ကို ဂုဏ်ပြု မှတ်တမ်းတင်ကြပြီ

ဂုဏ်ပြု မှတ်တမ်းလွှာနှင့် အတူ တွေ့ရသော ဦးနေမင်း (ဓာတ်ပုံ – စိုင်းဇော်/ ဧရာဝတီ) သူပေါ့။ ရှစ်လေးလုံး ဆိုတာကြီးဖြစ်လာအောင် မိုးလုံးပြည့် မုသား မီဒီယာလက်နက်နဲ့ မီးထိုးပေးတယ်ဆိုပြီး စွပ်စွဲခံရ ကာ ထောင်ချ ခံ လိုက်ရတဲ့တဲ့ လူ။ သူ့ လက်ထဲမှာ သေနတ်တလက်မရှိဘူး၊ ကျည်ဆန်တတောင့် မရှိဘူး။ သတင်းတပုဒ်အတွက် အသက်ကို ထုပ် ပြီး လုပ်ခဲ့ရ တဲ့ သတင်းသမား။ ဟိုလူနဲ့ အင်တာဗျူး၊ ဒီလူနဲ့ အင်တာဗျူး၊ ကျည်ဆံတွေကြားထဲ၊ from Myanmar CNN http://ift.tt/1nlR2vf

ဧရာဝတီ ဦးအောင်ဇော်နဲ့ VOA အင်တာဗျူး

မြန်မာနိုင်ငံအတွင်း သတင်းရယူရေးမှာ ကန့်သတ်မှုတွေ ရင်ဆိုင်နေရပြီး အာဏာပိုင်တွေအနေနဲ့ သတင်း ဌာနတွေအပေါ်မှာ ကိုယ်နဲ့ မတူရင် ကိုယ့်ရန်သူဆိုတဲ့ အမြင်မျိုးတွေ ပြောင်းလဲဖို့ လိုတဲ့အကြောင်း ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးအောင်ဇော်က ပြောတာကို ဗွီအိုအေက ဖော်ပြထားပါတယ်။ အမေရိကန်ပြည်ထောင်စု Stanford တက္ကသိုလ်က ချီးမြှောက်တဲ့ Shorenstein သတင်းမီဒီယာဆုကို လက်ခံရရှိတဲ့ ဦးအောင်ဇော်ကို VOA မှ ဦးကျော်ဇံသာ Skpye from Myanmar CNN http://ift.tt/1cViaXR

သမီးလေးကျေးရွာသားများ ဒီကေဘီအေဒေသကို သွားရောက်ကြည့်ရှု

ပဲခူးတိုင်း အလိုင်နီကျေးရွာအုပ်စု၊ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ သမီးလေးကျေးရွာ မိသားစုတွေထဲက ရွာသား ၄ ဦးနဲ့ အောင်သိဒ္ဓိကျောင်း ဆရာတော် ဦးအဂ္ဂဓမ္မတို့ ဒီကေဘီအေအဖွဲ့က နေရာချထားမယ့်ဒေသကို မတ်လ ၁၁ ရက်က သွားရောက်ကြည့်ရှု လေ့လာခဲ့ကြပါတယ်။ ပဲခူးတိုင်းဒေသကြီး အစိုးရက ဒုက္ခသည်တွေကို ဘုန်းကြီးကျောင်းမှာ ဆက်လက်နေထိုင်ခွင့် မပြုတော့တာကြောင့် ဒီကေဘီအေတပ်ဖွဲ့က ရွာသားတွေဆန္ဒရှိရင် from Myanmar CNN http://ift.tt/1cVi8za

SSA/SSPP နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်

အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေဟာ မတ်လ ၁၁ ရက်နေ့ မနေ့က မနက်ပိုင်းက SSPP ၀မ်ဟိုင်းဌာနချူပ် အနီးမှာ ၄ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ရှမ်းပြည်မြောက်ပိုင်း ကျေးသီးမြို့နယ်အတွင်းက SSPP ၀မ်ဟိုင်းဌာနချူပ်ကို လုံခြုံရေးယူထားတဲ့ from Myanmar CNN http://ift.tt/1nlQZzB

ဆီးရီးယားစစ်ကြောင့် ကလေးငယ် ၅သန်းလောက် စစ်ဒဏ်ခံစားနေရ

ကုလသမဂ္ဂရဲ့ ကလေးသူငယ်များ ရံပုံငွေအသင်း UNICEF ရဲ့ထုတ်ပြန်ချက်အရ ဆီးရီးယားနိုင်ငံ ပြည်တွင်းစစ်ကြောင့် ကလေးငယ် ၅ သန်းလောက်ဟာ စစ်ရဲ့ဒဏ်ကို ခံစားနေရတယ်လို့ ပြောလိုက်ပါတယ်။ UNICEF ရဲ့ အစီရင်ခံစာအရ ကလေးငယ် အယောက် တစ်သန်းအထိ စစ်ရဲ့ ဆိုးကျိုးမှုဒဏ်ကို လည်စီးခံနေရပြီး ဒါဟာ အရင်နှစ်က ထုတ်ပြန်တဲ့ အစီရင်ခံစာထက် နှစ်ဆ များလာတာ ဖြစ်ပါတယ်။ ဆီးရီးယားနိုင်ငံက ကလေးငယ် ငါးသိန်းလောက်ဟာ အကူအညီလိုအပ်နေတယ်လို့ from Myanmar CNN http://ift.tt/1nlQZzu

ကိုလိုနီခေတ်လက်ရာ မြန်မာ့မီးရထားရုံးချုပ် ဟိုတယ်အဖြစ် အသက်သွင်းမည်

ရန်ကုန်၊ မတ် ၁၂ ကိုလိုနီခေတ်ဗိသုကာလက်ရာအဆောက်အဦဖြစ်သည့် မြန်မာ့မီးရထားရုံးချုပ်အား ဟိုတယ်အဖြစ် အကြီးစား ပြင်ဆင်မွမ်းမံမှုကို စတင်တော့မည်ဖြစ်သည်။ The Peninsula Yangon ဟိုတယ်အဖြစ် အကြီးစား ပြင်ဆင်မွမ်းမံသွားတော့မည့် အဆိုပါစီမံကိန်းအားThe Hongkong and Shanghai Hotels, လီမိတက်(HSH) နှင့် Yoma Strategic Holdings တို့က ပူးပေါင်းလုပ်ဆောင်မည်ဟု ရှယ်ယာရှင်များ၏ သဘောတူညီမှုထုတ်ပြန်ချက်အရသိရသည်။ from Myanmar CNN http://ift.tt/1cVi7LT

ရင်သွေးယူဖို့ သိပ်မဝေးတော့ပါဘူးလို့ဆိုလာတဲ့ သံသာဝင်း

အနဂ္ဂ နဲ့ သံသာဝင်းတို့ရဲ့ အိမ်ထောင်သက်တမ်းက တစ်နှစ်ကျော် ကာလထဲကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ချစ်သူ ဘဝထက် စာရင်တော့ အိမ်ထောင်သည် ဘဝကတော့ ခင်ပွန်းဖြစ်သူအပေါ်မှာ ဇနီးတစ်ယောက် အနေနဲ့ တာဝန်သိရတာမျိုးတွေတော့ ပိုလာတယ်လို့ သံသာဝင်း ကပြောပါတယ်။ အိမ်ထောင်သက် ၁နှစ်ကျော်ကာလ ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် အိမ်ရဲ့ ဆည်းလည်းလေးလို့ တင်စားခေါ်ဝေါ် ကြတဲ့ ရင်သွေးကိစ္စ ကိုလည်း ပရိသတ်တွေက သိချင်ကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် from Myanmar CNN http://ift.tt/1cVi7vb

Facebook ပေါ်မှာ သေနတ်နဲ့ ဓာတ်ပုံရိုက်ပြီးတင်သူ ဘဏ်ဓားပြ ဖမ်းဆီးခံလိုက်ရ

အမေရိကန် နိုင်ငံ၊ မီချီဂန် ပြည်နယ် မှာ ဖြစ်ပွား ခဲ့တဲ့ ဓားပြ တိုက်မှု တွေမှာ တရားခံ အဖြစ် ယူဆထား သူကို အက်ဖ်ဘီအိုင် က Facebook ကနေ ခြေရာခံ မိပြီး တဲ့နောက် ဖမ်းဆီး နိုင်ခဲ့ ကြောင်း သိရ ပါတယ်။ အသက် (၂၁)နှစ် အရွယ်ရှိ ဂျူးလက်စ်ဘာလာဟာ သူ့ရဲ့ Facebook မှာ သေနတ်နဲ့အတူ ဓာတ်ပုံရိုက်ထား တဲ့ ပုံတွေတင်ခဲ့ပါတယ်။ ဒီပုံတွေကို အက်ဖ် ဘီဘိုင် က ကြည့်ရှုပြီး တဲ့နောက် ဖေဖော်ဝါရီလ (၂၆) ကနေ မတ်လ (၄)ရက်အတွင်း ဖြစ်ပွား from Myanmar CNN http://ift.tt/1cVi7eR

မျက်လုံးထဲကို ပလက်တီနမ် အသည်းပုံ ခွဲထည့်ခြင်းများ ခေတ်စားနေ

ငွေကြေး တတ်နိုင်တဲ့ သူတွေဟာ အလှ အပ ရေးရာ အတွက် တစ်ကိုယ်လုံး ကို ခွဲစိပ် ပြုပြင် မှုတွေ ပြု လုပ် နေကြ ပါတယ်။ နောက်ဆုံး ခေတ်စား တဲ့ ဖက်ရှင် တစ်ခု ကတော့ မျက်လုံး ထဲမှာ ပလက် တီနမ် အသည်း ပုံ ထည့်သွင်း ခြင်းပဲဖြစ်ပါတယ်။ ဒါကို အမေရိကန် နိုင်ငံ က အစား အသောက် နဲ့ ကျန်းမာရေးဆိုင်ရာ အဖွဲ့ အစည်းတွေနဲ့ မျက်လုံးသုတေသန အဖွဲ့အစည်း တို့က ကန့်ကွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်း မှာ အမေရိကန်နိုင်ငံ၊ from Myanmar CNN http://ift.tt/1cVi7eO

မီတာခပိုကောက်မှု ဆန္ဒပြပွဲ ခေါင်းဆောင် ၄ ဦး တရားစွဲခံရ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ် သရက်တောကျေးရွာအုပ်စုက လျှပ်စစ်မီတာခ ပိုကောက်ခံတဲ့အတွက် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့သူတွေထဲက ဦးဆောင်သူ ၄ ဦးကို တရားမ၀င် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ပခုက္ကူမြို့နယ်တရားရုံးမှာ တရားစွဲလိုက်ပါတယ်။ ဆန္ဒပြဖို့ခွင့်ပြုမိန့် အကြိမ်ကြိမ်တောင်းခံပေမဲ့ မပေးခဲ့တာကြောင့် သူတို့အနေနဲ့ တရားမ၀င် ဆန္ဒပြတာဖြစ်ကြောင်း from Myanmar CNN http://ift.tt/1nlR1Y7

မြို့တော်ရန်ကုန် ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိသူများ စာရင်းထွက်ပေါ်

ရန်ကုန် ၊ ၁၃-၃-၂၀၁၄ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ကြီးမှူး ကျင်းပသည့် ဒုတိယ အကြိမ်မြောက် မြို့တော်ရန်ကုန် ရောင်စုံ ဓာတ်ပုံပြိုင်ပွဲ တွင် ဆုရရှိသူများ စာရင်း ထွက်ပေါ်လာပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲတွင် စိမ်းလန်းနေသော မြို့တော်ဥယျာဉ် ကဏ္ဍဖြင့် ၀င်ရောက် ယှဉ်ပြိုင်သူ ကိုစောလှိုင်ဝင်း မှာ မြို့တော်ဝန် ပေးအပ်သည့် အထူးဆု Grand Prize ကို ရရှိသွားကြောင်း သိရသည်။ အဆိုပါ from Myanmar CNN http://ift.tt/1cVi4j4

သားအိမ်ခေါင်းကင်ဆာ နဲ့ ကြိုတင်စစ်ဆေးနည်းသစ်

မြန်မာနိုင်ငံမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နှုန်း၊ သေနှုန်းများနေပြီး အဓိက ပြဿနာက အများစုသော လူနာတွေမှာ နောက်ကျသိပြီးမှ ဆေးရုံလာပြကြတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောဆိုကြပါတယ်။ အမှန်တကယ်တော့ ဒီသားအိမ်ခေါင်းကင်ဆာကို Condom အစွပ်သုံးပြီး၊ ကာကွယ်ဆေးထိုးကာ အတော်အသင့် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ကင်ဆာမဖြစ်ခင် အကြိုအဆင့်ဟာ နှစ်တွေနဲ့ချီ ဖြစ်လေ့ရှိတာမို့၊ ဒီအဆင့်ကို ကြိုသိအောင် နည်းသစ်အဖြစ် from Myanmar CNN http://ift.tt/1cVi4iU

ခွင့်ပြုမိန့် မရလျှင်လည်း တံတားနီ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်မည်

ရန်ကုန်၊ မတ် ၁၂ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလမ်းလျှောက်ခွင့် ဥပဒေ ပုဒ်မ ၁၈ အရ ခွင့်ပြုချက် မကျလျှင်လည်း ရန်ကုန်တက္ကသိုလ်များ ကျောင်းသားလှုပ်ရှားမှု (၂၆) နှစ်ပြည့် တံတားနီ အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ် သွားမည် ဖြစ်ကြောင်း အဆိုပါ အခမ်းအနား ကျင်းပရေး အဖွဲ့ဝင် ဦးဇော်မင်းက ပြောကြားသည်။ from Voice http://ift.tt/1ifsE9V

တစ်ပတ်အတွင်း တိုက်ပွဲလေးကြိမ် ဖြစ်ပွားမှု အစိုးရထံ တင်ပြမည်ဟု RCSS/SSA ဆို

ရန်ကုန်၊ မတ် ၁၂နှစ်ဖက်တပ်များ အကြား တစ်ပတ်အတွင်း တိုက်ပွဲလေးကြိမ် ဖြစ်ပွားခဲ့မှုကို ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီထံသို့ တင်ပြ ဆွေးနွေး သွားမည် ဖြစ်ကြောင်း RCSS/SSA တောင်ကြီး ဆက်ဆံရေးရုံး တာဝန်ခံ ဦးစိုင်းဦးက The Voice သို့ ပြောကြားသည်။ from Voice http://ift.tt/1ifsE9N

ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော်ရှိ အခြေခံပညာ ကျောင်းများတွင် တရုတ်မုန့် မရောင်းရေး ကျောင်းဖွင့်ရာသီ အမီ စစ်ဆေး ပညာပေးမည်

မန္တလေး၊ မတ် ၁၂ပြည်တွင်းရှိ ကျောင်းနေအရွယ် ကလေးငယ်များ စားသုံးမှု များပြီး ကလေးငယ်များ၏ ကျန်းမာရေးကို ခြိမ်းခြောက်မှုများ ရှိနေသော တရုတ်မုန့်များကို ရန်ကုန်နှင့် မန္တလေး မြို့တော်တို့ရှိ အခြေခံ ပညာသင် ကျောင်းပတ်ဝန်းကျင်ရှိ မုန့်ဆိုင်များတွင် ရောင်းချခြင်း မပြုရန် လာမည့် ကျောင်းဖွင့်ရာသီ အမီ စစ်ဆေး ပညာပေးသွားမည် ဖြစ်ကြောင်း စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားသည်။ from Voice http://ift.tt/1ifsE9L

တစ်နိုင်ငံလုံးတွင် ယာယီသက်သေခံ လက်မှတ် (White Card) ကိုင်ဆောင်သူ ရှစ်သိန်းခွဲကျော် ရှိဟုဆို

နေပြည်တော်၊ မတ် ၁၂လူဦးရေ ပေါက်ကွဲမှုနှုန်း မြင့်တက်နေသော နိုင်ငံ သုံးနိုင်ငံ အကြား တည်ရှိသည့် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ယာယီသက်သေခံ လက်မှတ် (White Card) ကိုင်ဆောင်သူ ဦးရေ ရှစ်သိန်းခွဲကျော် ရှိနေကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ စာရင်းဇယားများကို ကိုးကား၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ အဖွဲ့ဝင် ဦးစောမော်ထွန်းက ပြောကြားသည်။ from Voice http://ift.tt/1ifsE9E

နိုင်ငံသားများသာ ပါတီ တည်ထောင်ခွင့်ပြုရန် အမျိုးသားလွှတ်တော်တင်

နေပြည်တော်၊ မတ် ၁၂နိုင်ငံသား၊ ဧည့်နိုင်ငံသား အငြင်းပွားမှု ဖြစ်ပွားနေသော မြန်မာနိုင်ငံတွင် နိုင်ငံသားများသာ ပါတီ ထူထောင်ခွင့် ပြုရန် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ from Voice http://ift.tt/1ifsDTo

ပရဟိတ ကာ/ချုပ်ကြီး ဦးကျော်သူထံ အိတ်ဖွင့်ပေးစာ ကျွန်တော်သည် ပရဟိတလုပ်ငန်းဖြင့်...

ပရဟိတ ကာ/ချုပ်ကြီး ဦးကျော်သူထံ အိတ်ဖွင့်ပေးစာ ကျွန်တော်သည် ပရဟိတလုပ်ငန်းဖြင့် အများပြည်သူတို့အား အတ္တဖြုတ်၍ အနစ်နာခံပေးဆပ်ခဲ့ရာ ယခုဆိုလျှင် (၁၃) နှစ်ကျော်ခဲ့ပြီးဖြစ်သည်။ (၁၃) နှစ် ပြည့်သော အချိန် ကာလဖြစ်သည့် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့တွင် ကျွန်တော်၏ စိတ်အလျဉ်တို့သည် သာသနာပြုလိုသောစိတ် သာသနာပြန့်ပွားလိုသော စိတ်နှင့်အတူ ပရိဟိ တလောကသားများအတွက် ကမ္ဘာတည်သရွေ့မှတ်ကျောက်တင်နိုင်ရန် ပရဟိတ စေတီတော်တည်ထားကိုးကွယ် ရန်ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ယခု ၂ဝ၁၄ ခုနှစ် မတ်လတွင် မိမိစိတ်တွင် ဖြစ်ပေါ်လာသော ကောင်းမှုကုသိုလ်တော်ကြီး အား ဆရာတော်ကြီးများနှင့် ဆွေးနွေးတိုင်ပင် အကြံ ဥာဏ် များ တောင်းခံခဲ့ပြီး သည့် နောက် ပြည်မြို့တစ်ဖက်ကမ်းရှိ မြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်ကာလတွင် မြတ်စွာဘုရားကြွရောက် သာသနာပြုခဲ့ သည့် တောင်ကိုး လုံး တွင်ပါဝင်သော ဖိုးဦး တောင်အနီးရှိ ကြခတ်တောင်တော်ပေါ်တွင် ”မဟာပဏ္ဍိတ ပရဟိတအောင်တော် မူစေတီ”နှင့် မြတ်စွာဘုရား ဆင်းတုတော်ကြီး အား တည် ထားကိုး ကွယ်ရန်အတွက် ရည်စူး၍ နတ်မောက်မြို့နယ်အတွင်းရှိ သမိုင်းဝင် နှစ်ပေါင်းတစ်ထောင်ကျော် ရှိပြီဖြစ်သော ပင်းမဟာဗောဓိ ရွှေညောင်တော်နှင့် သပြေညီနောင်တို့ရှိရ

*သီတဂူဆရာတော်ကြီး၏အစီစဉ်ဖြင့် မလေးရှားမှ ရွှေ့ပြောင်းလုပ်သား ၈၀ ကျော်ထပ်မံရောက်ရ...

*သီတဂူဆရာတော်ကြီး၏အစီစဉ်ဖြင့် မလေးရှားမှ ရွှေ့ပြောင်းလုပ်သား ၈၀ ကျော်ထပ်မံရောက်ရှိ * ရန်ကုန်၊ မတ် ၂၃ သီတဂူဆရာတော်ကြီး၏အစီစဉ်ဖြင့် မလေးရှားတွင် ဆက်လက်လုပ်ကိုင်လိုခြင်းမရှိတော့သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၈၀ကျော်သည် မတ်လ၁၂ရက်နေ့ညနေ ၃နာရီခန့်တွင် ထပ်မံရောက်ရှိလာခဲ့သည်။ ယခုတစ်ခေါက်မှာ ၁၀ခေါက်မြောက်ပြန်လည် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး သီတဂူဆရာတော်ကြီး၏အစီစဉ်ဖြင့် ပြန်လည်ရောက်ရှိလာသူ စုစုပေါင်း ၁၆၀၀ကျော်သွားပြီးဖြစ်ကာ MAI လေကြောင်းလိုင်းမှ ခရီးစဉ်တိုင်းအား လေယာဉ်စရိတ်အခမဲ့စီစဉ်ပေး ခဲ့ခြင်းဖြစ်သည်။ ယခုတစ်ခေါက်တွင် အမျိုးသား ၇၉ဦး၊ အမျိုးသမီး ၅ဦးပါဝင်ပြီး စုစုပေါင်း ၈၄ဦးပါဝင်သည်။ ဖိုးလပြည့် from Popular Myanmar News Journal's Facebook Wall http://ift.tt/O4B0WQ

မန်းကျုံးတောင်ဘက် သင်္ကြန်မဏ္ဍပ် နေရာ ၉ခု အတွက် လျှောက်ထားသူ ၃၀၀နီးပါးမဲနှိုက် မန္တ...

မန်းကျုံးတောင်ဘက် သင်္ကြန်မဏ္ဍပ် နေရာ ၉ခု အတွက် လျှောက်ထားသူ ၃၀၀နီးပါးမဲနှိုက် မန္တလေး-မတ်၁၃ မန္တလေး-ကျုံးတောင် ဘက် သင်္ကြန်မဏ္ဍပ် နေ ရာ ၉ခု အတွက် မဏ္ဍပ် လျှောက် ထား သူ ၂၉၅ ဦး မဲနှိုက် ခဲ့သည်ဟု စည် ပင် သာယာ ရာဖြတ်ဌာန မှသိ ရသည်။ ကျုံး တောင် ဘက် တောင် ဘက် နေ ရာ သည် နှစ် စဉ် စည်ကား လေ့ရှိ သ ဖြင့် မဏ္ဍပ် လျှောက်ထား သူ အများစု ရ ချင် သော နေ ရာ ဖြစ် ကြောင်း သိ ရသည်။ မဏ္ဍပ် မဲနှိုက် သူ ၂၉၅ ဦးမှ မဲ မ ပေါက် သူ များကို စည် ပင် သို့  သွင်း ထားသော ငွေ ၅ သိန်းမှ ၄ သိန်းကို ပြန် လည် ပေးအပ် သွားမည် ဖြစ် ပြီး ကျန် တစ် သိန်း ကိုစည် ပင် သာ ယာရန်ပုံငွေ အတွက် ပေး ရ ကြောင်း အထက် ပါ ဌာန မှ တာဝန် ရှိသူ တစ် ဦးက ပြောသည်။ ယခင် နှစ် သင်္ကြန် မဏ္ဍပ် အ ရေ အတွက် ကျုံးပတ်ပတ်လည် တွင် ၃၀ ခု မြို့တွင်း ၂၁ ခု ကန် တော် ကြီးတွင် ၁၀ ခု စု စု ပေါင်း ၆၁ ခု ခန့်  ရှိခဲ့ ကြောင်း သိ ရသည်။ခက်ဆစ် ဓါတ်ပုံ-မန္တလေးမြို့တော်ဝန်မဏ္ဍပ်ဆောက်လုပ်နေစဉ် from Popular Myanmar News Journal's Facebook Wall http://ift.tt/1oOs3Ml

ရန်ကုန်မြို့မှာ ယနေ့ မွန်းတည့်ချိန် uv index 12.4 အထိရှိနှိုင် ရန်ကုန်-မတ်၁၃ြေ...

ရန်ကုန်မြို့မှာ ယနေ့ မွန်းတည့်ချိန် uv index 12.4 အထိရှိနှိုင် ရန်ကုန်-မတ်၁၃ မြောက်ပိုင်းစွန်း ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကလွဲ ရင် မြန်မာတနိုင်ငံလုံးမှာ uv index extreme level 11.0 - 12.4 အထိ ရှိနေနှိုင်ပါတယ်။ အများဆုံးတန်ဖိုးတွေကို မနက် (၁၁)နာရီမှ နေ့(၁)နာရီအတွင်းမှာ ကြုံတွေ့ရနှိုင်ပါတယ်ဟုဒေါက်တာထွန်းလွင်ဖေ့ဘွတ်စာမျက်နှာတွင်ဖော်ပြထားသည်။ from Popular Myanmar News Journal's Facebook Wall http://ift.tt/O4AZlJ