Skip to main content

Posts

Showing posts from February 9, 2015

လျှာကင်ဆာဆိုသည်မှာ

လျှာကင်ဆာဆိုသည်မှာ လျှာ၏အရှေ့(သို့မဟုတ်) အနောက်ဘက်တွင် ကင်ဆာအကျိတ်ဖြစ်တည်ခြင်း ကိုဆို၏။ လျှာအရှေ့ဘက်ကင်ဆာဖြစ်လျှင် စကားပြောရခက်ခဲပြီး၊ လျှာအနောက်ဘက် ကင်ဆာဖြစ်လျှင် အစာမျိုရန်ခက်ခဲပါသည်။ ထိုရောဂါသည် ယနေ့ကမ္ဘာပေါ်တွင် အဖြစ်အများဆုံးကင်ဆာ (၁ဝ)မျိုးစာရင်းထဲ မပါဝင်သော်ငြား၊ စစ်တမ်းများအရ အမျိုးသားများသည်အမျိုးသမီးများထက် လျှာကင်ဆာဖြစ်နိုင်ခြေပိုများပြီး၊အသက်(၄၅)နှစ်ကျော်သောအခါစတင် သတိပြု သင့်ပါပြီ။ လျှာကင်ဆာဖြစ်ခါစတွင် ကုသ ပျောက်ကင်းနိုင်သော်လည်း စဦးပိုင်းကာလ ထိရောက်စွာ ကုသမှုမရှိခဲ့ပါက ခံတွင်း၊ လည်ချောင်း၊ မေးရိုး၊ လည်ပင်း စသည့်အစိတ်အပိုင်းများသာမက အသည်း၊ အဆုတ်၊ တင်ပဆုံရိုးတို့အထိပါ ကင်ဆာဆဲလ်များ လျင်မြန်စွာပြန့်ပွားလာစေနိုင်သည်။ လျှာကင်ဆာ လက္ခဏာများ (၁) လျှာ၏ အရှေ့ပိုင်းသုံးပုံ နှစ်ပုံ(သို့မဟုတ်)လျှာ၏အနောက် ဘက်ပိုင်းသုံးပုံတစ်ပုံခန့်နေရာများ နှင့်သွားနှင့်ကပ်လျက် လျှာဘေး ပတ်လည်များတွင်အနီ(သို့မဟုတ်) အဖြူအကွက်များ ပေါ်လာခြင်း။ အချိန်ကြာလာသည်နှင့်အမျှ နီ-ဖြူအစက် အပြောက်များပိုပွားလာ ကာနာကျင်စွာခံစားရခြင်း။ (၂) မတော်တဆလျှာကိုက်မိခြင်းမရှိ ပါဘဲ၊အလိုအလျောက်လျှာရောင် ရမ်းနာကျင်လာခြင်း။ (၃) အချိန်

လိပ်ခေါင်းရောဂါအတွက် ဆေးကောင်းတစ်လက်

လိပ်ခေါင်းရောဂါနှင့် မြင်းသရိုက်ရောဂါများအတွက် သဘာဝဆေးနည်းကောင်း တစ်ခွက်ကို ညွန်ပေးလိုက်ပါတယ်။ ဆေးနည်းကတော့- နှမ်းစေ့နှင့် ပင်စိမ်းစေ့ကို ဆတူကြိတ်ပြီး ထန်းလျက်နဲ့ တေ၍ ဆီးကင်းလောက် အလုံးလေးများ လုံးထားပါ။ ခြောက်အောင် နေလှန်းပြီး ၄င်းဆေးလုံးကို နံနက်တစ်လုံး၊ ညတစ်လုံးစီ စားပေးပါ။ ထိုသို့စားပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ၊ မြင်းသရိုက်နာ ရောဂါများကို ပျောက်ကင်းစေပါသည်။ ဆီးချုပ်၊ ဆီးအောင့်၊ အသည်းရောင်၊ အသားဝါများကိုလည်း သက်သာပျောက်ကင်းစေပါသည်။ လူသားတိုင်း ကျန်းမာစွာဖြင့် အသက်ရှည်နိုင်ကြပါစေ။ စောနွဲ့ နေဆိုင်(ပူတာအို) ကိုးကား ။ ။ မြန်မာ့ရိုးရာသဘာဝဆေးနည်းများ ကျန်းမာရေးသတင်းများ from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1C9eL3r

အိပ်မပျော်ဘူးလား ဒါတွေစား

အိပ်မပျော်သူများဟာ မက်ဂနီစီယမ်ဓါတ် ချို့တဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ အိပ်မပျော်သူများဟာ ရေရှည်မှာ စိတ်ဖိစီးမှုဖြစ်လွယ်ခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်းနှင့် ဦးနှောက်မှတ်ညာဏ်လျှော့ပါးခြင်း တို့ကို ဖြစ်ပွါးစေနိုင်ပါတယ်။ ထို့ကြောင့် ကောင်းစွာအိပ်ပျော်စေရန် အောက်ပါ ဓါတ် ၃ မျိုးကို ဖြည့်တင်ပေးနိုင်မည့် အစားအစာတို့ကို စားသုံးပေးနိုင်ပါတယ်။ ၁။ နွားနို့ ၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ငါး၊ ငါးကြီးဆီ စသညတို့မှာ ဗီတာမင် D ကြွယ်ဝသည့်အတွက် ၄င်းတို့ကို စားပေးပါက နှစ်ချိုက်စွာ အိပ်ပျော်စေပါတယ်။ ၂။ ငှက်ပျောသီး၊ အာလူး၊ ပဲအမျိုးမျိုးတို့ကို စားပေးပါ။ ၄င်းတို့မှာ Potassium (ပိုတက်စီယမ်) ဓါတ်ပြည့်ဝသည့်အတွက် ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။ ၃။ အစိမ်းရင့်ရောင်ပါသော သစ်သီး၊ ဟင်းသီးဟင်းရွက်များ၊ ဖရုံစေ့များ၊ နှမ်းဆီများ၊ ပဲအမျိုးမျိုး စသည်တို့ကို စားပေးပါ။ ၄င်းတို့မှာ Magnesium (မက်ဂနီစီယမ်) ဓါတ် ကြွယ်ဝသည့်အတွက် ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။ ဦးနေဆိုင် (ပူတာအို) ဘာသာပြန်သည်။ Ref: Eat right, sleep tight. ကျန်းမာရေးသတင်းများ from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1C9eLAk

ညဖက်မှာ ရေချိုးရင် ဘာဖြစ်မလဲ

လူတိုင်းလိုလို ကိုယ်ခန္ဓာနုပျိုလန်းဆန်းနေတာကို အလိုရှိကြပါတယ်။ ရေချိုးခြင်းဟာလဲ ခန္ဓာကိုယ်လန်းဆန်းသွားအောင် လုပ်ဆောင်ခြင်းထဲမှ တမျိုးအပါအဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ ညဖက်ပိုင်းမှာ ရေချိုးခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်သလား ဆိုတာကို လေ့လာကြည့် ရအောင်ပါ။ ရေချိုးခြင်းဟာ ကိုယ်ခန္ဓာအပန်းပြေသွားအောင် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ပါတယ်။ တနေကုန် အလုပ်ထဲမှာ စိတ်ရော ကိုယ်ပါ ပင်ပန်းလာခဲ့တဲ့အတွက် ညနေဖက်မှာ သင့်ရဲ့ကိုယ်ခန္ဓာဟာ ပြန်လည်လန်ဆန်းဖို့ တခုခုလုပ်ဆောင်ရန် လိုအပ်ပါတယ်။ ညပိုင်းမှာ ရေချိုးလိုက်ခြင်းဖြင့် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ခန္ဓာခံနိုင်စွမ်းရည်အားကို ပြန်လည်မြှင့်တက်စေပါတယ်။ ညပိုင်းမှာ ရေချိုးမှုနဲ့ပက်သက်လို့ အယူအဆ ကွဲလွဲမှုတွေ အများကြီးရှိပါတယ်။ တချို့လူတွေက ဒီလိုရေချိုးခြင်းဖြင့် ကိုယ်ခန္ဓာကို ထိခိုက်စေမယ်။ ဖျားနာမှုနဲ့ ရောဂါတွေ ရရှိနိုင်မယ်လို့ ထင်ကြပါတယ်။ ပညာရှင်များကတော့ ထိခိုက်မှု ရှိနိုင်သလားဆိုရဲ့ အဖြေကတော့ “နိုး(NO)” တစ်လုံးထဲပါတဲ့။ ညဖက်မှာရေချိုးလိုက်လို့ ထိခိုက်မှုဖြစ်စေတယ်ဆိုတဲ့ သိပံ္ပနည်းကျ အထောက်အထားများ မတွေ့ရှိရဖူးလို့ ပြောပါတယ်။ ဒါဆိုရင် ဘယ်လိုအကျိုးရှိသလဲ? ရေနွေးနွေးလေးနဲ့ ချိုးလိုက

အသက်ငယ်ရွယ်စဉ်ဆံပင်ဖြူခြင်းမှ ကင်းဝေးစေရန်

၁။ခေါင်းလျှော်ရည်တစ်မျိုးထဲကိုသာသုံးပါ။ ဆံပင်ဖြူခြင်းကာကွယ်ဖို့အတွက်အခြေခံ အကျဆုံးကတော့ မိမိဆံသားနဲ့ကိုက်ညီတဲ့ခေါင်းလျှော်ရည်တစ်မျိုးထဲကို စွဲသုံးတာပဲဖြစ်ပါတယ်။ မိမိဆံသားနဲ့အဆင်ပြေတဲ့ခေါင်းလျှော်ရည်ရှိနေရင်တော့တစ်ခြားဟာတွေပြောင်းပြီး စမ်းသုံးကြည့်တာမျိုးမလုပ်သင့်ပါဘူး။ ခေါင်းလျှော်ရည်တွေတစ်မျိုးပြီးတစ်မျိုးပြောင်းသုံးတာဟာဆံသားကို ထိရောက်တဲ့ အကျိုးမရရှိစေတဲ့ အပြင်ဆံပင်ဖြူတာကိုလည်း အားပေးပါတယ်။ ၂။ကုလားဆီးဖြူသီးအသုံးပြုပါ။ ကုလားဆီးဖြူသီးဟာအရွယ်မတိုင်ခင်ဆံပင်ဖြူပေါက်တာနဲ့ဆံပင်ကျွတ်တာမှကာကွယ်ပေးနိုင်ပါတယ်။ အိန္ဒိယ ဆီးဖြူသီးကို ပါးပါးလှီးကာနှစ်ရက်ခန့်နေပူလှန်းပြီးရင်အုန်းဆီထည့်ကာ အပူပေးပါ။ခေါင်းမလျှော်ခင်တစ်ည လောက်ကြိုတင်ပြီးဦးရေပြားကိုနှံ့စပ်အောင်လိမ်းကာ မနက်ရောက်မှလျှော်ပါ။ဒါမှမဟုတ် အိန္ဒိယဆီးဖြူသီးအပိုင်းအစလေးတွေကို ရေနွေးထဲထည့်ပြုပ်ပြီး အအေးခံကာအဲဒီရေနဲ့ခေါင်းဆေးလို့ရပါတယ်။ ၃။ဆီပုံမှန်လိမ်းပါ။ အုန်းဆီ ဒါမှမဟုတ်မိမိလိမ်းနေကျဆီကိုတစ်ပတ်နှစ်ကြိမ်မှ သုံးကြိမ်လိမ်းပေးပါ။ဆီပုံမှန်လိမ်းတာဟာဆံသားကို ကျန်းမာသန်စွမ်းနေစေတဲ့အပြင်အရွယ်မတိုင်ခင်ဆံပင်ဖြူတာကြောင့် စိတ်ညစ်ရတာတွေမှလည်းသက်သာစေပါတယ်။ ၄။