Skip to main content

Posts

Showing posts from March 8, 2015

ချစ်တင်းနှောခြင်းအတွက်...ကျန်းမာရေးဆုလာဘ်

၁) ခေါင်းကိုက်ခြင်းကိုသက်သာစေပါသည် The University of Mumster မှ အာရုံကြောရောဂါရှာဖွေရေး သုတေသီများက ခေါင်းတစ်ခြမ်း ကိုက်ဝေဒနာသည်အမျိုးသား အမျိုး သမီးအယောက် ၁ဝဝဝ ဖြင့် လေ့လာမှုများပြုခဲ့ရာ ထိုလူနာ၏ ၆ဝ ရာခိုင်နှုန်းခန့်က ဖို-မ ဆက်ဆံ ပြီးနောက် ခေါင်းကိုက်ဝေဒနာ သိသိသာသာသက်သာလာတယ် လို့ဆိုပါတယ်။ (၂) နှစ်ခြိုက်စွာအိပ်ပျော်စေပါ တယ် The Berman Center(ခေါ်) အမျိုးသမီးများလိင်ပိုင်းဆိုင်ရာ ကျန်းမာရေးစင်တာမှ ဒါရိုက်တာ တစ်ဦးဖြစ်သူ Ms.Laura Berman က အမျိုးသမီးများအိပ်ရာမဝင်မီ လိင်ကိစ္စပြီးမြောက်ခြင်းက စိတ် ဖိစီးမှုများပြေလျော့ကာ တစ်ခဏ အတွင်း အိပ်ပျော်သွားစေတယ်လို့ ဆိုပါတယ်။ (၃) ကယ်လိုရီလောင်မြိုက်စေပါ တယ် ကိုယ်အလေးချိန်ကျလိုသူများ အတွက် သတင်းကောင်းလေးပါ။ မိနစ် ၃ဝကြာ ချစ်တင်းနှောခြင်း က ၁၄၄ကယ်လိုရီလောင်မြိုက်စေ ပြီး မကြာခဏပွေ့ဖက်နမ်းရှုံ့ခြင်း က ၆၈ကယ်လိုရီ လောင်မြိုက်စေ ကြောင်း Women’s Day ဂျာနယ် တစ်စောင်တွင် ဖော်ပြထားပါ တယ်။ (၄) နှလုံးကျန်းမာစေပါတယ် ချစ်တင်းနှောခြင်းက ကိုယ် အလေးချိန်ကျစေခြင်း၊ စိတ်ဖိစီးမှု များပြေပျောက်ပြီး ညဘက် အိပ် မောကျခြင်းစသည့် အကျိုးကျေးဇူး များရစေ၍ နှလုံးကို တစ်ဖက်တစ် လမ်းမှ အာြး

နေလောင်ကာခရင်မ် ရွေးချယ်နည်းလမ်းညွှန်

နွေရောက်ပါပြီ။ နေရောင်ထဲမှာပါလာတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားရဲ့အနက်ရှိုင်းဆုံးအထိ ထိုးဖောက်ဝင်ရောက်ပြီး အရေပြားဆဲလ်တွေကို တိုက်ခိုက် ပါတော့တယ်။ ဒါကြောင့် တစ်နေ့တခြား သိသိသာသာ ပူနွေးလာတဲ့ကမ္ဘာကြီးအတွက် သင့်အသားအရေကို ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှ ကာကွယ်ထားဖို့လိုအပ်ပါတယ်။ UV rays ဆိုတာ ခရမ်းလွန်ရောင်ခြည်လို့ခေါ်နေတဲ့ Ultraviolet (UV) မှာ UVA နှင့် UVB ဆိုပြီး နှစ်မျိုးရှိပါတယ်။ (၁) UVA က 'အိုမင်းရင့်ရော်ခြင်း' ကိုဖြစ်စေတဲ့အပြင် အရေပြားအောက်ခြေရှိ Collagen ကို ပျက်စီးစေကာ အသားအရေအဖတ်လန် ခြင်း၊ ခြောက်သွေ့ခြင်းနှင့် အရွယ်မတိုင်မီ အရေပြားအိုမင်းခြင်းကို ဖြစ်စေပါတယ်။ (၂) UVB 'နေလောင်ခြင်း' ကိုဖြစ် စေတာကြောင့်ဖြစ်နိုင်ရင် နံနက် ၁ဝ နာရီမှ ညနေ ၄နာရီအတွင်း နေပူဒဏ်မခံရင် အကောင်းဆုံးပါပဲ။ ခရမ်းလွန်ရောင်ခြည် ဒဏ်သက်သာစေဖို့နေပူထဲထွက်တဲ့အခါမှာ (က)ချည်သားအဝတ်အထည် ချောင်ချောင် ပွပွတွေကိုသာဝတ်ဆင်ပါ။ (ခ) အရောင် ဖျော့ဖျော့လေးတွေ ရွေးဝတ်ပါ။ (ဂ) ဦးထုပ်၊ထီးဆောင်းပါ။ (UV ကာကွယ် တဲ့ရောင်ပြန်ထီးတွေက လုံခြုံမှုကိုပေးပါ တယ်) (ဃ) မျက်စိအမြင်အာရုံတစ်ခုလုံး ကို ဖုံးအုပ်ပေးနိုင်တဲ့ နေကာမျက်မှန်ကြီး ကြ

ဆေးဖက်ဝင် ငပိရည်ဖျော်နည်း

ကျွန်မတို့ နေ့ စဉ်ထမင်းမြိန်စေတဲ့ ငပိရည်ဟာ စားလို့ တော့ကောင်းပါရဲ့ ။ ငပိရည်ဘယ်လိုဖြစ်လာတာကို သိသူနည်းပါးပါလိမ့် မယ်။ ဒါကြောင့် ဆေးဖက်ဝင် ငပိရည်ဖျော်နည်းအကြောင်းမပြောခင် ဦးစွာပထမ ငပိလုပ်နည်းကိုပြောပြချင်ပါတယ်။ ငပိတစ်ပိဿာအတွက် ငါးတစ်ပိဿာ နှစ်ဆယ့်ငါးကျပ်သားလောက် ၀ယ်ရပါမယ်။ ငပြေမကတော့ ပြောစမှတ်ဖြစ်ရအောင် အချို ဓာတ် လေးလေးပင်ပင်ရှိလှပါတယ်။ ဈေးမှာလွယ်လွယ်ဝယ်လို့ ရတဲ့ ငရံ့ ၊ ငခူ၊ ငကျီး၊ ငမွေထိုး စတဲ့ ရေချိုငါးတို့ ကိုလည်း သုံးနိုင် ပါတယ်။ ဦးစွာ ငါးတွေကို ဗိုက်ခွဲ အူထုတ်ပြီး ရေပြောင်အောင်ဆေးပေးပါ။ ငါးတစ်ကောင်ချင်းစီကို တစ်ထွာလောက်ထက် ပို၍ မကြီးသင့်ပါဘူး။ ငါးအကောင်ကြီးရင်တော့ ထက်ခြမ်းခွဲသင့်ပါတယ်။ ဒါမှသာ ပထမနေ့ မှာပဲအတော်အသင့် အစိုဓာတ်နဲသွားမှာ ပါ။ ဆားနယ်တဲ့အခါမှာ ပုံမှန်ဟင်းချက်တာထက်ပိုပြီးနယ်ရမှာပါ။ သို့ သော် ဆားထဲ့များရင် ငံလွန်းနေပြီး ဆားနည်းရင်တော့ ငါး တွေပုပ်တတ်ပါတယ်။ သဘာဝနည်းဖြစ်လို့ အချိုမှုန့် နဲ့  ယမ်းစိမ်း လုံးဝထည့်စရာ မလိုပါ။ *(သတိပြုရန်။ ငါးနေလှန်းတဲ့အခါ ယင် ကောင်များနားပါက၊ ဥချခဲ့ရင် ငပိထဲမှာလောက်ကောင်များ တွေ့ ရတတ်လို့  ယင်မနားပါစေနှင့်) *ငါးခြောက်ဖြစ်တဲ့ အထိ နေမ လှန်းပဲ အစို

ချိုင်းသား ဖြူနေစေမယ့် သဘာဝနည်းလမ်းများ

လက်မောင်းအောက် ချိုင်းသား မည်းနေသူတွေ စိတ်ညစ်မနေနဲ့တော့နော။ ကိုယ့်ရဲ့လက်တကမ်းမှာပဲ အလွယ်ရနိုင်တဲ့ ပစ္စည်းတွေနဲ့ပဲ ပြုပြင်လို့ရနေပြီ။ နည်းလမ်းတွေကို လွယ်လွန်းလိုက်တာ ဆိုပြီး အထင်တော့မသေးပါနဲ့။ အချိန်နဲ့ စိတ်ရှည်မှုပဲ လိုပါတယ်။ (၁) အာလူး က သိပ်ကောင်းတဲ့ သဘာဝ အရောင်ချွတ်ဆေးပါ။ သူ့မှာ အက်ဆစ်ပျော့တွေ ပါဝင်တာကြောင့် အရေပြားကို မယားယံစေပါဘူး။ အာလူးကို ပါးပါးလေးတွေ လွှာလှီးလိုက်ပြီး ချိုင်းနေရာကို ၅ မိနစ် ၁၀ မိနစ်လောက် ပွတ်တိုက်ရပါမယ်။ ပြီးရင်တော့ ရေ ကြက်သီးနွေးလေးနဲ့ ဆေးချလိုက်ပေါ့။ ချိုင်းသားလေး မြန်မြန်ဖြူချင်ရင် အနည်းဆုံး တစ်နေ့ ၂ ခါ လောက် လုပ်ပေးပါ တဲ့။ လွယ်တယ်မလား။ (၂) လီမွန် ဆိုတဲ့ ရှောက်သီး၊ သံပုရာ၊ သံပုရို သီးတွေကလဲ သဘာဝကိုက သန့်စင် သုတ်သင်ပေးတဲ့ ပစ္စည်းပါ။ သူ့မှာက ရောဂါပိုးတွေ သန့်စင်ပေးတဲ့၊ ဘက်တီးရီးယား သန့်စင်ပေးတဲ့ ဓာတ်တွေ ပါပြီးသား။ လီမွန်မှာပါတဲ့ အက်ဆစ်ဂုဏ်သတ္တိတွေက တောက်ပစေခြင်းနဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ရေမချိုးခင် သံပုရာသီးကို အစိပ်လိုက်လေး လှီးလိုက်ပြီး ချိုင်းကို ပွတ်ပေးရပါမယ်။ ပြီးရင်တော့ အသားအရေ မခြောက်သွားရအောင် moisturizer တမျိုးမျိုး လိမ်းထားလို့ ရပါတယ်။ သံပု

ကျန်းမာ အရွယ်တင် အသက်ရှည်ဆေး

သက်ရှည်ကျန်းမာ အသက် ၁ဝဝ နေနိုင်ခြင်း အကျိုးငှာ နေ့စဉ်လူနေမှုဘဝပုံစံကို စိတ်ဖိစီးမှုတွေလျှော့ချ၊ အိပ်ရေးဝဝအိပ်၊ ကိုယ်လက်လှုပ်ရှားမှုလုပ်၊ ရေဝဝသောက်၊ အသက်ရှူလေ့ကျင့်ခန်းလုပ်၊ အားရှိတဲ့ အစားအစာတွေစား၊ ကျန်းမာရေးအတွက် ဘေးဖြစ်စေတဲ့ အစားအစာတွေကိုရှောင်၊ လိုအပ်ရင် ပဋိဇီဝဆေးဝါးမှီဝဲ၊ အလှအပပြင်ဆင်၊ မိသားစုမိတ်ဆွေသင်္ဂဟများဖြင့် ပျော်ပျော်နေ စသည်ဖြင့် မည်မျှပင်ကြိုးစားအားထုတ်ပါစေ တကယ့် 'ကျန်းမာဆေး အရွယ်တင်ဆေး အသက်ရှည်ဆေး' ကို မိမိဖာသာ ဖော်စပ်နိုင်ပါမှ လောကီလောကုတ္တရာ နှစ်ဖြာအကျိုးများစေမှာ ဖြစ်ပါတယ်။ (၁) ကျန်းမာဖို့အတွက် မိမိဖာသာဖော်စပ်ရမည့် ဆေးကတော့ 'လောဘ ကင်းတဲ့စိတ်' ဖြစ်ပါတယ်။ (၂) အရွယ်တင် နုပျိုစေဖို့အတွက် မိမိဖာသာဖော်စပ်ရမည့် ဆေးကတော့ 'ဒေါသကင်းတဲ့စိတ်' ဖြစ်ပါတယ်။ (၃) အသက်ရှည်ဖို့အတွက် မိမိဖာသာဖော်စပ်ရမည့် ဆေးကတော့ မောဟကင်းတဲ့စိတ်' ဖြစ်ပါတယ်။ 'အလောဘသည်' ကျန်းမာရေးအတွက် အခြေခံကျသော အကြောင်း တရားဖြစ်သည်။ တပ်မက်မှုနည်းသူသည် မသင့်တော်သော အရာကို ရှောင်နိုင်သဖြင့် အနာ ကင်းလေသည်။ 'အဒေါသသည်' အရွယ်တင်မှုကိုဖြစ်စေသည်။ ဒေါသမီးသည် လူရုပ်ခန္ဓာကို လောက်မြိုက်သည့်အခါ အရေ

နံနက်အိပ်ယာထ ပျားရည်တစ်ဇွန်းသောက်လျှင် အဆီကျပိန်စေနိုင်

ပျားရည်ကို ရှေးနှစ်ပေါင်း ၂၅ဝဝ ကျော်ကပင် လူသားတို့သုံးစွဲခဲ့ကြပြီး ဆေးဖက်ဝင်အသက်ရှည်ဆေးအဖြစ် သုံးစွဲခဲ့ကြသည်။ ဗုဒ္ဓမြတ်စွာဘုရား လက်ထက်တော်ကပင် နာမကျန်းသူ၊ အသက်ဝါကြီးသူ၊ ရဟန်းတော်များ ကို အားဆေးအဖြစ် 'စတုမဓူ'ဖော်စပ် သုံးစွဲခဲ့ကြသည်။ ထိုစတုမဓူတွင် ပျားရည်၊ သကာရည်၊ တင်လဲရည်နှင့် ထောပတ်တို့ ပါဝင်သည်။ အချို့ကလည်း တင်လဲရည်အစား နှမ်းဆီထည့် ပြီး ဖော်စပ်သုံးစွဲခဲ့ကြသည်။ ပျားရည်သည် အနာကျက်စေနိုင်သော သတ္တိရှိသဖြင့် ဒဏ်ရာများကို ပျားရည်ထည့်ပြီး ပတ်တီးစည်းပေးပါက နောက်တစ်နေ့နံနက် ပတ်တီးဖြေ လိုက်သောအခါ အနာကျက်နေကြောင်း တွေ့ရသည်။ ရှေးနှစ်ပေါင်း ၁ဝဝ ကျော်က သက္ကတဘာသာဖြင့် ရေးသားခဲ့သော 'ဘေသဇ္ဇ မဉ္ဇူသာ' ဆေးကျမ်းကြီးကို ဘင်္ဂလားဆရာတော်ကြီးက ဘာသာ ပြန်ဆိုခဲ့သည်။ ထိုဆေးကျမ်းတွင် ပျားရည်အသုံးဝင်ပုံအမျိုးမျိုးပါရှိရာ ထူးခြားသော အသုံးနည်းတစ်မျိုးမှာ ပိန်ဆေးအဖြစ် သုံးစွဲခြင်းဖြစ်သည်။ ပျားရည်ကို နံနက်အိပ်ရာထချိန်တွင် ရေအေးဖြင့် ရောစပ်သောက် ခြင်းဖြင့် ပိန်သောခန္ဓာကိုယ်ဖြစ်စေနိုင်သည်ဟု ဆိုသည်။ နှစ်လ၊ သုံးလစွဲမြဲ ၍ သောက်ဖို့တော့လိုမည်ဖြစ်ပါသည်။ လူနာ ၁ဝ ဦးကို ဤနည်းဖြင့် စမ်းသပ်သောက်စေခဲ့ရာ ကိုလက်စထရော ထိုက

နေလောင်ကွက်များ ညတွင်းချင်း သက်သာ ပျောက်ကင်းနည်း

ပေါက်ပေါက် နေလောင်ကွက်တွေကြောင့် ဘာမှ စိတ်ညစ်မနေပါနဲ့။ ဟောဒီမှာ ညတွင်းချင်း သက်သာပျောက်ကင်း စေတဲ့ နည်းလမ်းကောင်းလေးရှိပါ တယ်။ သန့်ရှင်းလတ်ဆတ်တဲ့ ချည် သားအဝတ်စ၊ ပန်းသီးရှာလကာ ရည်(ခေါ်)Apple Cider Veniga (City Mart တွင်ရှိ)၊ အမွှေးရနံ့မပါသော သဘာဝ အုန်းဆီ စစ်စစ်တို့ လို အပ်ပါတယ်။ ရှေးဦးစွာ အဝတ်စခြောက် ခြောက်ကို စိုစွတ်သွားအောင် ရေဇလုံ တစ်ခုထဲနှစ်စိမ်ပြီး ထိုရေများ ကုန် စင်အောင်ညှစ်ပါ။ ပြီးရင် အဝတ်စကို ပန်းသီးရှာလကာရည် ပက်ဖျန်းပြီး ထိုအဝတ်စဖြင့် နေလောင်ကွက်ပေါ် အသာအယာဖိ၍ ကြပ်ထုပ်ထိုးပေး ပါ။ ချက်ချင်းဆိုသလို နာကျင်မှု ဝေဒနာများ သက်သာသွားပါလိမ့် မယ်။ ကြပ်ထုပ်ထိုးပြီးနောက် အရေပြား ခြောက်သွေ့သွားအောင် ၁ဝမိနစ်လောက်စောင့်ပြီး အုန်းဆီ ဖြင့် နေလောင်ကွက်ပေါ် ခပ်သာသာ ဖိ၍ အသားထဲစိမ့်ဝင်သွားအောင်လိမ်းပေးပါ။ နံနက်အိပ်ရာထတဲ့အခါ နေလောင်ကွက်များ သိသိသာသာ လျော့ပါးသွားတာကို ဒိဋ္ဌမြင်တွေ့ရ ပါလိမ့်မယ်။ နောက်နေ့တွေမှာလည်း အုန်းဆီဆက်လက် လူးပေးခြင်းဖြင့် နေလောင်အရေပြားများ အလွှာ လိုက် ကွာကျသွားစေပါတယ်။ နေလောင်ကွက်များကို သက်သာစေတဲ့ ခြားအိမ်တွင်းကုထုံးလေးများကတော့ (၁) ကွေကာအုတ် အခြောက်ကို ချည်သား အဝတ်အိတ်သန့်သန့်ထဲထည်