Skip to main content

Posts

Showing posts from March 2, 2015

လေးဘက်နာအတွက် သဘာဝဆေးကောင်းတစ်လက်

လေးဘက်နာ၊ အဆစ်မြစ်နာနှင့် အကြောရောဂါဝေဒနာများအတွက် သဘာဝဆေးနည်းကောင်းလေးကို ကျန်းမာရေးသတင်းများမှ မျှဝေပေးလိုက်တယ်။ ဆေးနည်း- (၁) ရှောက်သီးတစ်ခြမ်းကို ထမင်းစားဇွန်း တစ်ဇွန်းခန့်ရအောင် အရည်ညစ်ယူပါ။ (၂) ချင်း(ဂျင်းတက်)ကို ထုထောင်း၍ လက်ဖက်စားဇွန်း တစ်ဇွန်းခန့်ရအောင် အရည်ညစ်ယူပါ။ (၃) သဘာဝပျားရည်စစ်စစ် ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်ပါ။ (၄) ၄င်း ၃ မျိုးကို ဖန်ခွက်တစ်ခွက်ထဲတွင် အတူရောမွှေ၍ ရေနွေးချမ်းနှင့်သော်၎င်း၊ ရေအေးနှင့်သော်၎င်း မနက်၊ နေ့၊ ည တစ်နေ့ ၃ ကြိမ်သောက်ပါ။ ပျားရည်ကို သဘာဝပျားရည်၊ ရှောက်သီးကို ရှောက်ခါးသီး(တောရှောက်သီး) ဆိုလျှင် ပိုကောင်းပါသည်။ ၄င်းသဘာဝဆေးကို ပုံမှန်သောက်သုံးပေးပါက အဆစ်အမြစ်နာဖြစ်ခြင်း၊ ကိုက်ခဲခြင်း၊ အညောင်းအညာဖြစ်ခြင်းတို့မှ သက်သာပျောက်ကင်းစေပါသည်။ လူတိုင်းအနာရောဂါကင်းဝေး၍ ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။ ( မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော် ) နေဆိုင် (ပူတာအို) ကိုးကား ။ ။ မြန်မာ့ရိုးရာဆေးကျမ်းများ ကျန်းမာရေးသတင်းများ from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1DzcEXo

ဆီးပူ၊ဆီးအောင့်ခြင်းအတွက် သဘာဝဆေးနည်းများ

ယောကျာ်းမှားဆီး မိန်းမမှာမီး ဆိုတဲ့စကားအတိုင်း အမျိုးသမီးများအတွက် မီးဖွားချိန်ဟာ အရေးအကြီးဆုံးဖြစ်နေလို အမျိုးသမားများအတွက်လည်း ဆီးရောဂါဟာ အလွန်အရေးကြီးတဲ့ ရောဂါတစ်ခု ဖြစ်နေပါတယ်။ အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် ဆီးပူ၊ ဆီးအောင်၊ ဆီးနာ၍ ဆီးသွားလျှင် နာကျင်ခံစားနေရပါက ဆေးရုံဆေးခန်းသို့ ချက်ချင်းသွားပြရန် အခက်အခဲရှိသူများ အောက်ပါ ရိုးရာသဘာဝဆေးနည်းများဖြင့် ကုသနိုင်ကြပါတယ်။ ဆေးပြုလုပ်နည်း (၁) ကြက်သွန်နီ အနေတော် (၁)လုံးကို ကြိတ်၍ဖြစ်စေ၊ ထုထောင်း၍ဖြစ်စေ အရည်ရအောင် ညစ်ယူပါ။ (၂) လက်ဖက်ရည်ပန်းကန် တစ်လုံးစားခန့် ရေထည့်၍ အရည်ဖျော်လိုက်ပါ။ (၃) ကြက်သွန်ဖတ်များကို ဆယ်ထုတ်၍ အရည်ကို သကြားအနည်းငယ်ခန့် (ချို၍ သောက်နိုင်ရုံ ) ရော၍ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ပေးပါ။ နောက်တစ်နည်း ရှားစောင်လက်ပပ်အတွင်းသား(ဂျယ်လီလိုပုံစံ)ကို ဇွန်းနဲ့ ခြစ်ယူပြီး ဆန်ဆေးရည်နှင့် ၅ နာရီခန့် စိမ်ထားပြီး သကြားထည့်၍ လက်ဖက်ရည်ပန်းကန်လုံးခန့် မနက်၊ ညတစ်ကြိမ်စီ သောက်ပေးပါ။ နောက်တစ်နည်း ကန်းစွန်းရိုးနီရွက်နုနု လက်တစ်ဆုပ်ခန့်၊ မန်ကျီးသီးမှည့် အနည်းငယ်၊ ထန်လျက်ခဲ၊ ဆားတို့ဖြင့် သင်တော်သလိုချိန်ထည့်၍ ကျိုပြီး လက်ဖက်ရည်ပန်းကန်လုံး

ပိုးမွှားကိုက်သည့်ဒဏ်ရာကို ပျောက်ကင်းစေသောနည်းများ

(၁)ပျားတုတ်ခြင်း၊ ပိုးမွှားကိုက်ခြင်း၊ ယားယံခြင်းတို့ကို ငှက်ပျောသီးအခွံ ခွာပြီး ငှက်ပျောသီး၏ အခွံအတွင်း ပိုင်းကို အနာပေါ်သို့ တိုက်ရိုက်မိနစ် (၉၀)ခန့်အုံပါ။ ထို့နောက်ယင်းနေရာ ကို ရေဆေးချပြီး လက်သန့်စင်ရည်ကို လိမ်းခြင်းဖြင့် ယားယံခြင်းကို သက်သာ စေသည်။ (၂)ရေခဲကို အဝတ်သန့်နှင့်ထုတ်ပြီး အုံခြင်းဖြင့် ပိုးမွှားတုတ်၍ ရောင်ရမ်း ခြင်းကို လျော့ချစေသည်။ (၃)မုန့်ဖုတ်ဆိုဒါကို ရေနှင့်ရော၍ အနှစ်ပြုလုပ်ပြီး ပိုးမွှားကိုက်သည့် နေ ရာပေါ်သို့ အုံပါ။ ပိုးမွှား(၁)ကောင်မက အကိုက်ခံရပါက ရေနွေးနှင့် ရေချိုးပါ။ အကယ်၍ အကိုက် ခံရသည့်နေရာက အပေါက်ဖြစ်နေ လျှင် နံပါတ် (၃)အချက်ကို မပြုလုပ်ပါနှင့်။ (၄)လာဗင်ဒါနှင့် tea tree အဆီကို ဂွမ်းနှင့်တို့၍လိမ်းနိုင်သည်။ လာဗင် ဒါဆီက သဘာဝအရောင်ကျစေ သောပစ္စည်းတစ်မျိုးဖြစ်ပြီး tea tree အဆီက ပိုးသတ်ပေးနိုင်သည်။ (၅) သွားတိုက်ဆေးအနည်းငယ်ကို ပိုးမွှားကိုက်ဒဏ်ရာပေါ်ကို လိမ်း ပေးခြင်းဖြင့် နာကျင်မှုကို ပျောက် ကင်းစေသည်။ သွားတိုက်ဆေးတွင် ပါဝင်သော 'ဖလူအိုရိုက်' က ဓာတ် မတည့်၍ဖြစ်သော ရောဂါကုဆေး အဖြစ် စွမ်းဆောင်နိုင်သဖြင့် မိနစ်အနည်းငယ်အတွင်း ဝေဒနာကို ပျောက် ကင်းစေသည်။ (၆)ပါးစပ်ဆေးရည်ကို ဂွမ်

ဇက်ကြောတက်ခြင်း၏ အံ့ဩဖွယ်ရာ အချက်များ

ကျန်းမာရေးနှင့် ပတ်သက်ပြီး ဇက်ကြောတက်ခြင်း၏ အံ့ဩဖွယ်ရာ အချက်များ ဇက်လေ့ကျင့်ခန်း ပြုလုပ်ပါ အသက်ရှူ သွင်းပြီး အသက်ရှူ ထုတ်စဉ်မှာ သင်ရဲ့ညာဘက် နားရွက်ကို ဘယ်ဘက် ပခုံးထိ ရောက်အောင် ဖြည်းဖြည်းနှိမ့်ချ လာပါ။ အသက်ရှူ သွင်းရင်း ဦးခေါင်းကို မူလ နေရာ ပြန်ထားပေးပါ။ အသက်ပြင်းပြင်းနဲ့ ဖြည်းဖြည်း ရှူထုတ်ကာ မကြာခဏ ပြုလုပ် ပေးပါ။ တခြား တစ်ဘက် ပြောင်းလုပ်ပါ။ လည်ပင်း ရွေ့လျားမှု ပြုလုပ်ပါ ဇက်ကြော တက်တာဟာ လည်ပင်းရဲ့ ကြွက်သားတွေ တင်းမာမှုကြောင့် ဖြစ်တာပါ။ ထိုင်ခုံ တစ်ခုပေါ်မှာ သက်သောင့် သက်သာထိုင်ပြီး သင့် လည်ပင်းကို ရွေ့လျားမှု ပြုလုပ်နိုင်သမျှ ပြုလုပ်ပေးပါ။ ကြွက်သား Spasm ရတာ လျော့ကျသွားနိုင်ပြီး သူ့ ကြောင့်ဖြစ်တဲ့ နာကျင်မှုဝေဒနာ သက်သာနိုင် ပါတယ်။ ဆွဲဆန့်ပါ ဇက်ကြော တက်သူတွေ အနေနဲ့ အသက်ရှူသွင်းပြီး အသက်ရှူ ထုတ်စဉ်မှာ မေးစေ့ ကို ရင်ဘတ်အောက် ထိရောက်အောင် တဖြည်းဖြည်း နှိမ့်ချလာပါ။ အဲသလို နှိမ့်ချလာ စဉ်မှာ လည်ပင်းနောက်ပိုင်းမှာ တဖြည်းဖြည်း ဆွဲဆန့် လိုက်သလိုမျိုးဖြစ်လာပါမယ်။ ပြင်း ပြင်းနဲ့ ဖြည်းဖြည်း အသက်ရှူ ထုတ်ကာ မေးစေ့နှိမ့်ချတဲ့လေ့ကျင့်ခန်းကို မကြာခဏ ပြုလုပ်ပေးပါ။ အသက်ရှူသွင်း နေစဉ်မှာ သင့်ဦးခေါင်းကို နဂိုနေ

မတော်တဆ လဲတဲ့ ဒုက္ခ

မတော်တဆ လဲတဲ့ ဒုက္ခလူ့ဘဝ သက်တမ်းမှာ အရိုးကျိုး နိုင်ခြေများတဲ့ အချိန် နှစ်ချိန်တောင် ရှိတယ်။ ပထမ တစ်ချိန်ကတော့ ကလေး ဘဝပါပဲ။ ဒုတိယ တစ်ချိန် ကတော့ အသက်ကြီးလာတဲ့အရွယ် ပေါ့။ ဒီအရွယ်တွေမှာ အရိုးကျိုးတာ အဖြစ်များလေ့ ရှိကြောင်း လူတိုင်း နားလည် သဘောပေါက် ထားကြတယ်။ ကလေးဘဝမှာ အဆော့သန်၊ ခပ် ကြမ်းကြမ်းလေးနေလေ့ရှိတဲ့ ကလေး ရော၊ နမော်နမဲ့နေတဲ့ ကလေးပါ လဲကြပြုကြ ပြုတ်ကျကြတာနဲ့ မတော်တဆ ထိခိုက်ပြီး ကျိုးလေ့ရှိ တယ်။ ဒါပေမယ့် လူကြီး ဘဝရောက် ပြီးမှ အရိုးကျိုးတာထက် ကလေးဘဝ မှာ အရိုးကျိုးတာကတော့ ရှုပ်ထွေးမှု ပိုနည်းတတ်ပါတယ်။ အသက်ကြီးလာ လေ၊ အရိုးကျိုးလွယ်လေပါပဲ။ ဒီ့အပြင် ရောဂါအခံတွေ ဖြစ်တဲ့ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါ စတဲ့ နာတာရှည်ရောဂါတွေရှိရင် အနာ ကျက်တာ၊ အရိုးအက်တာတွေမှာ နှောင့်နှေးကြန့်ကြာပြီး ပိုမိုရှုပ်ထွေး လာတတ် ပါသေးတယ်။ သွေးခဲတဲ့ ပြဿနာတွေရှိတဲ့ သူတွေမှာ ဒီလိုအရိုး ကျိုးရင် မလှုပ်မရှား နေရတဲ့ အတွက် သေါးကြောတွေ ထဲမှာ သွေးခဲတွေ ကြောင့် ပိတ်တာ၊ သွေးခဲတွေ ပြုတ် ထွက်တာတွေနဲ့ ကြီးမားတဲ့ ကျန်းမာ ရေးပြဿနာတွေပါ ရင်ဆိုင်ရတတ်လို့ အရိုးမကျိုးအောင် ကြိုတင် ကာကွယ် နေထိုင်တတ်ဖို့ လိုတယ်။ အရိုးကျိုးတဲ

အသည်းကျန်းမာရေး ကောင်းပြီး အသက်ရှည်ရှည် နေနိုင်စေရန်

အသည်းဟာ အစားအစာတွေကို ကြေညက်ဖို့ ကူညီပေးပြီး အဆိပ်အတောက်တွေကို ပြေေ စနိုင် တာကြောင့် အသည်းကျန်းမာရေးကို ကောင်းအောင် ထားနိုင်မယ်ဆိုရင် ကိုယ်အလေး ချိန် ပြဿ နာ၊ ဆ...ီးချိုရောဂါ၊ နာတာရှည် မောပန်းတာနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို ထက်ဝက်ခန့် လျှော့ချနိုင် ပါတယ်။ အသည်းကျန်းမာရေး ကောင်းစေတဲ့ နည်းလမ်းတွေကို သုတေသီတွေက အောက်ပါ အ တိုင်း ဖော်ထုတ်ထားပါတယ်။ ၁။ အဆိပ်အတောက်တွေ ပြေဖို့ ကယ်လ်စီယမ် မှီဝဲပါ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ သဘာဝအားဖြင့် အနည်းငယ် ပါဝင်ပြီး ခန္ဓာကိုယ်က အလွယ် တကူ စုပ်ယူနိုင်တဲ့ Calcium d- glucarate ဟာ အသည်းအတွင်း အဆိပ်အတောက်တွေနဲ့ ပူးပေါင်းပြီး အဆိပ်တွေကို ဖြိုခွဲနိုင်ကာ ခန္ဓာကိုယ်မှ စွန့်ထုတ်ပစ်နိုင်တယ်လို့ အသည်းအထူးကု ဆရာဝန် က ပြောပါတယ်။ နေ့စဉ် ၄၀၀ မီလီဂရမ်မှ ၅၀၀ မီလီဂရမ် မှီဝဲတာကြောင့် အသည်းကို ကာကွယ်နိုင်ပြီး အသည်းဆဲလ်တွေ ကင်ဆာအကြို မဖြစ်အောင် ပိတ်ပင်နိုင်တယ်လို့ အိုဟိုင်းယိုး တက္ကသိုလ်မှ လေ့လာမှုအရ တွေ့ရှိထားပါတယ်။ ၂။ စွမ်းအင် ၅၅ ရာခိုင်နှုန်း မြင့်တက်လာအောင် ထောပတ်သီး စားပါ တစ်ပတ်ကို ထောပတ်သီး နှစ်လုံးစားတာဟာ အသည်း လုပ်ငန်းဆောင်တာ တိုးတက်နိုင်ပြီး နှစ်လ အတွင်း စွမ်းအင်အဆင့်

တညင်းသီးကြိုက်ရင် ဘယ်လိုစားမလဲ

မြန်မာလူမျိုးတို့အကြိုက် ရိုးရာအစားအစာဖြစ်သော တညင်းသီးစားခြင်းမှာ အနောက်တိုင်းဆေးပညာရှင် ဆရာဝန်ကြီးများ လုံးဝလက်မခံသော အစား အစာဖြစ်သည်။ ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းပိတ်ပြီး အသက်အန္တရာယ်ပြု နိုင်သော အစားအစာဖြစ်သည်။ များများစားမိ၍ ဆီးလမ်းကြောင်းပိတ်သွားသဖြင့် ခွဲစိတ်ခန်းဝင်ပြီး ဆီးချူရသူပင်ရှိသည်ဟု ဆိုသည်။ မြန်မာလူမျိုးတို့သည် တညင်းသီးကို အဘယ်ကြောင့်ကြိုက်ကြသနည်းဟူမူ နှုတ်မြိန်သောအစားအစာဖြစ်၍ဟု ဆိုနိုင်သည်။ တညင်းသီး၏ထူးခြားသော အစွမ်းသတ္တိမှာ ခံတွင်းပျက်ပြီးစားချင်သောက်ချင်စိတ်မရှိသူတို့ကို စေးထန်းသော၊ ဖန်ပြီးစပ်သောအရသာတို့ဖြင့် လျှာပေါ်ရှိအရသာဖုများကို နိုးကြားစေပြီး စားချင် သောက်ချင်စိတ်ဖြစ်လာသောကြောင့် ဖြစ်သည်။ တညင်းသီးစားပုံအမျိုးမျိုးရှိသည်။ ပြုတ်၍သော်လည်းကောင်း၊ မီးဖုတ်၍ သော်လည်းကောင်း၊ ဆားရည်စိမ်၍ သော်လည်းကောင်း၊ အဖန်ဓာတ်နှင့် အစေး ဓာတ်ကုန်အောင်ပြုပြင်စားသုံးကြသည်။ ရှေးယခင်က မန္တလေးဈေးချိုတော် အလယ် ပေါက်တွင်ရောင်းသော တညင်းသီးအုန်းနို့ဆမ်းသည် နာမည်ကြီးသော ဈေးချို သရေစာဖြစ်ခဲ့ဖူးသည်။ ယခုထိလည်းကျော်ကြားဆဲ ရောင်းကောင်းဆဲဖြစ်သည်။ ဗူအနမညအေငလန နြိငခငညန ဟုခေါ်သော ပေါင်းကူးဆေးပညာပါရဂူ ဒေါက်တာ ခ

တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကဲ့သို့အန္တရာယ်ဖြစ်စေတတ်သော အမွှေးတိုင်အငွေ့

မွှေးကြိုင်လွန်းသော အမွှေးတိုင် ရနံ့က အဆောက်အဦအတွင်း၌သာမ ဟုတ်ဘဲ လေဟာနယ်၌ ရှူရှိုက်မိခြင်း ဖြင့်ပင် အသက်ရှူသွင်းထုတ်စနစ် ကို ဒုက္ခပေးနိုင်သည်။ အမွှေးတိုင်တွင် ပါဝင်သော အမျိုးအမယ်စုံသည့် ဓာတုပစ္စည်းများမှ ဆက်နွယ်ဖြစ်ပေါ် လာသော အနံ့က ဆေးရွက် ကြီး၊ ဆေး လိပ်တို့ကို တစ်ဆင့်ခံရှူရသည် နှင့် ထပ်တူထပ်မျှ ကျန်းမာရေးဆိုး ကျိုးကို ရရှိစေသည်။ ယင်းအခိုးအငွေ့ တွင်ကာဗွန်မော့နော့ဆိုဒ်၊ နိုက်ဒြို ဂျင်ဒိုင်အောက်ဆိုဒ်၊ ဆာလ်ဖာဒိုင် အောက်ဆိုဒ်နှင့် အငွေ့ပြန်လွယ် သော ဇီဝဒြပ်ပေါင်းတို့ပါ ဝင်ပြီး ယင်း နှင့်ဆက်နွယ်၍ ခေါင်းကိုက်ခြင်း၊ အဆုတ်၊ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါများ၊ ကင်ဆာ၊ အသည်းပျက်စီးခြင်း၊ အကြောရောဂါ များဖြစ်လာစေသည်။ လေဝင်လေထွက်မကောင်း ခြင်း၊ လေထု ညစ်ညမ်းမှုဆိုင်ရာ လက္ခဏာ များ ဖြစ်စေတတ်သဖြင့် မရှောင်သာသည့် အခြေအနေမျိုးကြုံ ရပါက ရေ များများသောက်ပါ။ သစ် သီးများစားပါ။ လတ်ဆတ်သော လေ ကို ရှူသွင်း၊ ရှူထုတ်လေ့ကျင့်ခန်း များပြုလုပ်ပါ။ Health Updates Journal Vol.2, No.30 from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1B4cpVZ