Skip to main content

Posts

Showing posts from November 14, 2014

အိုဘားမား နေပြည်တော်ရောက်ရှိစဉ် သျှမ်းပြည်မြောက်ပိုင်း၌ ဗုံးများဆက်တိုက်ပေါက်ကွဲ

နိုဝင်ဘာ ၁၄ ရက် ၂၀၁၄ အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမား မြန်မာနိုင်ငံ ရောက်ရှိစဉ် သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့ နယ်အတွင်း နိုဝင်ဘာ ၁၃ ရက် ညဦးပိုင်းတွင် ဗုံးများဆက်တိုက် ပေါက်ကွဲ ခဲ့သောကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်ကြ သည်ဟု ဒေသခံများ ကပြောသည်။ နိုဝင်ဘာ ၁၃ ရက်နေ့ နေ့ခင်းပိုင်းတွင် အစိုးရ တပ်မတော် စစ်ကြောင်း စစ်ကားကြီး ၈ စီး စစ်သည်အင်အား ၃၀၀ ကျော် က မူစယ်၊ နမ့်ခမ်းမြို့နယ်အတွင်း သွားလာလှုပ်ရှားကြောင်း၊ ညနေပိုင်းတွင်မူ နမ့်ခမ်းမြို့အထွက် ဟိုနမ့်အသွားလမ်းတွင် ည ၈ နာရီ ခွဲလောက်တစ်ကြိမ်၊ ည ၉ နာရီကျော်အချိန်တွင် ကတ်မိန်းခမ်း အနီးတို့တွင် ဗုံးများပေါက်ခဲ့သည်ဟု ရပ်မိရပ်ဖ လုံးစိုင်းညွှန့်က ပြောသည်။ “ကျနော်ထင်တာကလေ သမ္မတ အိုဘားမားမြန်မာနိုင်ငံကိုလာတဲ့အချိန် မှာ ဗုံးက ထပေါက် တယ်။ လူထုက သတင်းစောင့်ကြည့်ချင်တယ်။ နားထောင်ချင်တယ်။ ဗုံးထပေါက်တော့ အိမ်တိုင်းက မီးငြိမ်းအိပ်။ အဲဒီလို ဖြစ်စေချင်လို့ လူထုမျက်စိ နားတွေကိုပိတ်ချင်လို့ ကြံဖန် လုပ်တာပဲဖြစ်နိုင်တယ်။ ဘယ်သူ ဘယ်ဝါ ဆိုတာ ကျနော်တို့လဲ မပြောလိုဘူး” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။ ဒုတိယ အကြိမ် ဗုံးပေါက်ကွဲရာနေရာမှာ မူးယစ်ဆေးဝါးသုံးစွ

အိုဘားမား မြန်မာပြည်က ပြန်လည်ထွက်ခွာ

သမ္မတ အိုဘားမားဟာ မြန်မာပြည်ကနေ သြစတြေးလျနိုင်ငံကို မနေ့ညနေက ထွက်ခွာသွားပါတယ်။ မနေ့မနက်ပိုင်းက အတွင်းဝန်ရုံးဟောင်းကို သွားရောက်ကြည့်ရှုခဲ့ရာမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ကြိုဆိုခဲ့ပြီး သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးက လိုက်လံပြသခဲ့ပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ကို တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေကို အမေရိကန်သံရုံးမှာ တွေ့ဆုံပါတယ်။ အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေရှိနေပေမယ့် လူ့အခွင့်အရေးကိစ္စတွေမှာ စိုးရိမ်စရာတွေ ရှိနေကြောင်း ပြောဆိုခဲ့တယ်လို့ တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ လူ့အခွင့်အရေးလှုပ်ရှားနေသူ Equality Myanmar အဖွဲ့ ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။ အဲဒီ့တွေ့ဆုံပွဲကို လူ့အခွင့်အရေး လှုပ်ရှားနေသူတွေ၊ စာနယ်ဇင်းလွတ်လပ်ခွင့် ဆောင်ရွက်နေသူတွေနဲ့ တိုင်းရင်းသားအရေး လှုပ်ရှားသူတွေ စုစုပေါင်း ၁၅ ဦး တက်ရောက်ခဲ့ပါတယ်။ ဆက်လက်ပြီး ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ မြန်မာနိုင်ငံက လူငယ်အများစု အပါအဝင် အရှေ့တောင်အာရှဒေသ နိုင်ငံတွေက လူငယ်စုစုပေါင်း ၅ဝဝ ကျော်လောက်နဲ့ တွေ့ဆုံရာမှာတော့

ဒေါ်အောင်ဆန်းစုကြည်နဲ့ အိုဘားမား သဘောထားတူညီ

မြန်မာပြည်ရဲ့ အခြေအနေကို အမှန်ပကတိ အတိုင်း သိရှိဖို့ အရေးကြီးကြောင်း သမ္မတ အိုဘားမားနဲ့ မိမိတို့နှစ်ဦးလုံး ရှုမြင်ကြတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။ RFA က တင်ဆက်နေတဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူက အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။ "ဒီဟာက သိပ်ပြီးတော့ အကောင်းမြင်ရင်လည်း မကောင်းဘူး၊ ဒီဟာက မျှမျှတတရှိရမယ့်ပေါ့နော်၊ အဖြစ်ကိုအဖြစ်တိုင်း မြင်နိုင်မျှသာ တကယ့်အထောက်အကူပြုနိုင်မှာပါ၊ သမ္မတ အိုဘားမား ပြောတဲ့အထဲမှာလည်းပါပါတယ်၊ အလွန်အကောင်းမြင်လို့ရှိရင်လည်း ဒီလောက်ဆိုတော်လောက်ပြီဆိုပြီးတော့ ခပ်ပေါ့ပေါ့ဖြစ်သွားမယ်လို့ သဘောပဲသူပြောသွားပါတယ်" တဆက်တည်းမှာပဲ လာမယ့်ရွေးကောက်ပွဲတွေမှာ မဲအများဆုံးရသူ အနိုင်ယူစနစ် ဆက်လက်ကျင့်သုံးဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံကြိုဆိုလိုက်ပါတယ်။ "ဒါဟာ လွှတ်တော်ရဲ့ အောင်မြင်ချက်လို့ပဲမြင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်အနေနဲ့ ဒီလိုသဘောထားမတူတဲ့ကိစ္စတစ်ခုကို တည်တည်ငြိမ်ငြိမ်နဲ့ လွှတ်တော်အတွင်းမှာ ဆွေးနွေးပြီးတော့ ကျလာတ

Kiss and Risks နမ်းတာကနေ ဘာရောဂါရနိုင်သလဲ

B ပိုးကာကွယ်ဆေးပြည့်အောင်မထိုးရသေးပဲနဲ့ ရောဂါပိုးရှိသူနဲ့ French kiss လုပ်မိရင် ရောဂါကူးနိုင်ပါသလား သိချင်ပါတယ်။ ဆေးစာမဖြေခင် အနမ်းဋီကာချဲ့ပါရစေ။ စာတပုဒ်ရေးထားတာရှိပေမဲ့ အများဖတ်စရာအနေနဲ့တော့ မတင်လိုပါ။ လျှာမပါဘဲ နှုတ်ခမ်းချင်းနမ်းတာကို Light Kissing ခေါ်တယ်။ နှုတ်ခမ်းချင်းနမ်းတာကို Lip kiss လို့ ပြောတာများတယ်။ တရားဝင် ခေါ်ကြတာက French kiss ဖြစ်ပါတယ်။ Deep Kissing လို့သတ်မှတ်တယ်။ အထဲထိနက်တယ်။ ဒီနမ်းနည်းမှာ တယောက်ရဲ့ နှုတ်ခမ်းနဲ့ နောက်တယောက်ရဲ့ နှုတ်ခမ်း + လျှာနဲ့ ထိတွေ့မှုလုပ်ကြတယ်။ အပြန်အလှန်သဘောရှိနိုင်တယ်။ တဖြေးဖြေးချင်းနဲ့ စိတ်လိုလက်ရရှိလာနိုင်တယ်။ ပေါ့ပေါ့ပါးပါးနမ်းတာကနေ • ရေယုံနဲ့ ဝဲ ကူးစက်နိုင်တယ်။ ထိစပ်တဲ့နေရာမယ် ရောဂါမရှိသူမှာ အပေါက်အပြဲ အနာအဆာ ရှိမှသာ ကူးမှာပါ။ • တီဘီ (သလိပ်ထဲ ပိုးတွေ့)၊ တုပ်ကွေး၊ အအေးမိဖြစ်နေသူက နမ်းတာမခံပါနဲ့။ • မြင်သာတဲ့ မန်းရည်လို၊ ပြည်လိုအနာရှိနေသူကို သွားမနမ်းပါနဲ့။ • ရေယုံ ဗိုင်းရပ်စ် အမျိုးအစား (၂)၊ အသဲရောင် (ဘီ) နဲ့ ဆစ်ဖလစ်ရောဂါတွေ ကူးနိုင်တယ်။ သွားရည်ထဲကနေ • Mononucleosis (မိုနိုနူကလီယိုးဆစ်) ကို Kissing disease အနမ်းရောဂါလို့ခေါ်တယ်။ (EBV) နဲ့ (CMV) ဗိုင်း

Cataract မျက်စိတိမ်

နာတာကျင်တာ ဘာမှမခံစားရဘဲ တဖြေးဖြေးနဲ့ ရေရှည် မျက်စိ မှန်ဘီလူးမှာ တိမ်လိုဖြစ်လာတာကို ခေါ်တယ်။ အမြင်စွမ်းအားက တဖြေးဖြေးမှုံဝါးလာမယ်။ ကြာရင် မျက်စိကွယ်တဲ့အထိ ဖြစ်နိုင်တယ်။ • Blurry Vision မျက်စိမှုံမယ်၊ • Glare ဝေဝါးလာမယ်၊ အလင်းရောင်များတာကို မခံနိုင်ဘူး။ ညအချိန်ကားမောင်းဘို့ ခက်လာမယ်။ • Double Vision (diplopia) အရုပ်ကို နှစ်ခုမြင်လာမယ်။ • Color Changes အရောင်တွေကိုခွဲခြားရတာခက်လာမယ်။ အညိုနဲ့ အဝါခွဲဘို့ခက်လာမယ်။ နောက်ပိုင်းမှာ အပြာနဲ့ ခရမ်းရောင်ကိုခွဲဘို့ခက်လာမယ်။ • Second Sight တခါတလေ အနီးကိုကြည့်ရတာ ခဏတာ ပိုကောင်းလာတတ်တယ်။ ကြာရင်တော့ ပိုပိုဆိုးလာမယ်။ • New Prescription မျက်မှန်တပ်နေရသူဆိုရင် ပါဝါလဲလဲပေးရမယ်။ • အသက်ကြီးမှဖြစ်တာများပေမဲ့ ငယ်သူတွေမှာလဲ ဖြစ်တတ်တယ်။ အမေရိကားမှာ အသက် ၆၅ နှစ်ကျော်သူတွေမှာ တဝက်မက တိမ်ရှိကြတယ်။ မွေးကတည်းက ရောဂါကြောင့်ဖြစ်ဖြစ်၊ ခိုက်မိလို့ဖြစ်ဖြစ် တိမ်ဖြစ်တာလဲ ရှိတတ်တယ်။ - ဆီးချို၊ - ဆေးလိပ်၊ - အရက်၊ - ထိခိုက်မိတာ၊ - Corticosteroids (စတီရွိုက်) ဆေးအကြာကြီးသုံးရတာ၊ - နေရောင်၊ ဓါတ်ရောင်ခြည်သင့်တာတွေကနေ ဖြစ်စေနိုင်တယ်။ Eye exam မျက်စိစမ်းသပ်ပါ။ လိုအပ်ရင် သူငယ်အိမ်ကျယ်ေ

အသားအရေ ကောင်းခြင်းအတွက် သခွားသီး

သခွားသီးဟာ မြန်မာ လူမျိုးတွေ ကြိုက်နှစ်သက်တဲ့ အသီးလို့ ပြောရင်လည်း မမှားပါဘူး။ သခွားသီး အစိမ်းကို သုပ်စားကြသလို၊ ထမင်းဝိုင်းမှာ ငါးပိ ရည်နဲ့ တွဲဖက်ပြီး တို့စရာ အနေနဲ့လည်း စားသုံး တတ်ကြပါတယ်။ အကင်ဆိုင် တွေမှာ သခွားသီးကို အရှည်လိုက် လေးတွေ လှီးထားပြီး အချဉ်ရည်နဲ့ တို့လို့ စားသုံး လာတတ်ကြပါတယ်။ တချို့ အိမ်ရှင်မတွေ ကတော့ သခွားသီးကို အသားဟင်း ချက်တဲ့ အထဲမှာထည့်ပြီး ချက်တာပဲ ဖြစ်ဖြစ်၊ မြေပဲမှုန့်၊ ပဲမှုန့်ပတ်ကို နှစ်ကြိမ်လောက် သခွားသီးကို မျက်နှာမှာ ကပ်ပေး သင့်ပါတယ်။ လေနဲ့ရေကြောင့် အသားအရေ ပျက်စီးတာ တွေကိုလည်း ကာကွယ် ပေးပါတယ်။ ဂျုံမှုန့် အနည်းငယ်၊ ကြက်ဥအကာ အနည်းငယ်၊ သခွားသီးရည် အနည်း ငယ်နဲ့ သံပရာသီးရည် တစ်စက်၊ နှစ်စက် လောက်ကို ပန်းကန် တစ်ခုထဲမှာ သမအောင် ရောမွှေကာ မျက်နှာပြင်ကို လိမ်းပေးပြီး နာရီဝက်လောက် အကြာမှာ ရေနဲ့ ဆေးချ လိုက်ပါ။ အလုပ် မအားလပ်သူ တွေနဲ့ သဘာဝ ပစ္စည်းများ တို့နဲ့လည်း သခွားသီးသုပ် သုပ်လို့ပဲဖြစ်ဖြစ် စားတတ် ကြပါတယ်။ သခွားသီးဟာ စားသုံးလို့ ကောင်းတဲ့ အသီးတစ်မျိုး ဖြစ်သလို အသားအရေ ကောင်းမွန်ဖို့ အတွက်လည်း အထောက် အကူပေးတဲ့ အသီး တစ်မျိုးပါ။ သခွားသီးမှာ Vitamin A.B.C နဲ့ ရေဓာတ် များစွာ

နားနေခြင်းနှင့် အောင်မြင်မှု

မကြာသေးမီက မိတ်ဆွေတစ်ဦးနှင့် စကားပြောစဉ် အလုပ်အောင်မြင်မှုနှင့် အားလပ်ချိန်ကိစ္စ ဆွေးနွေး ဖြစ်ခဲ့ကြသည်။ စီးပွားရေး စွမ်းဆောင်ရှင် အချို့သည် အလုပ်ပြီး အလုပ် ချာလည် ပတ်လည် နေကြသဖြင့် နားရကောင်းမှန်း မသိကြတော့။ မည်သည့်နှစ်၊ မည်သည့်အချိန်မဆို အောင်မြင်သော စီးပွားရေး လုပ်ငန်းသို့ သွားရာလမ်းတွင် နားနေခြင်းနှင့် စိတ်ဖြေလျှော့ အပန်းဖြေခြင်း တို့သည် အခြားအရာများနှင့် အတူ ပါဝင်သည် ဆိုသည်ကို သတိရ နေရမည် ဖြစ်၏။ ကျန်းမာရေး ဆိုင်ရာ ပြပွဲ တစ်ခုတွင် ကောင်းစွာ အိပ်ပျော်ရေးသည် မည်မျှ အရေးကြီးကြောင်း ပြသထားသည်။ လုံလောက်စွာ မအိပ်လိုက်ရသည့်အခါ ထိုနေ့တစ်နေ့လုံး အဆင်မပြေ ဖြစ်နေ တတ်သည် ဟုဆိုသည်။ စီးပွားရေး စွမ်းဆောင်ရှင်များ၊ ထူးချွန် ထင်ရှားသူများတွင် အများစုသည် တစ်ညလျှင် အိပ်ချိန် လေးနာရီ၊ ငါးနာရီမျှသာ ရှိကြောင်း သိရသည်။ စီးပွားရေး စွမ်းဆောင်ရှင် များစွာသည် အလုပ်လုပ်ခြင်းကို တန်ဖိုး ထားကြသလောက် နားနေခြင်းနှင့် စိတ်ဖြေလျှော့ အပန်းဖြေခြင်းတို့၌ တန်ဖိုး မထားတတ်ကြသည် ကို တွေ့ရ ၏။ အောင်မြင်ရေး အတွက် လှုပ်ရှားမှု အရေးကြီးသလို နားနေခြင်းလည်း အရေးကြီးပါသည်။ နားနေခြင်းသည် ကျန်းမာခြင်း၊ စိတ်သက်သာ ပျော်ရွှင်ခြင်း အတွက်သာ

ဟင်းသီးဟင်းရွက် စားသုံးခြင်းဖြင့် အဆုတ်ကင်ဆာ ဖြစ်ပွားခြင်းမှ လျော့ပါးစေနိုင်

မုန်လာဥကို နေ့စဉ် သို့မဟုတ် ရက်သတ္တ တစ်ပတ်တွင် တစ်ဥ စားပေးခြင်းဖြင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ၏ ထက်ဝက် သို့မဟုတ် ထို့ထက်ပို၍ လျော့နည်း သွားစေကြောင်း ကင်ဆာ အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဦးစိုးအောင်က ပြောကြားခဲ့သည်။ ''ဆေးလိပ်သောက်သူ၊ ဆေးလိပ်သောက်ပြီး ဖြတ်ထားသူနဲ့ ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံ ရှူမိသူတွေဟာ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ အလားအလာထဲမှာ ပါဝင်နေတယ်။ ဟင်းသီးဟင်းရွက် တွေမှာပါတဲ့ ဗီတာ ကလိုရင်းဓာတ်က အဆုတ်ကင်ဆာရဲ့ ကင်ဆာဆဲလ် အဖုအကျိတ်တွေကို မကြီးထွားအောင် ကာကွယ်ပေးတဲ့ အတွက် သက်တမ်းစေ့ နေနိုင်ခဲ့တဲ့ သာဓကတွေ အများကြီးပါ'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ ရက်သတ္တ တစ်ပတ်မှာ မုန်လာဥနီ နှစ်ဥစားလျှင် အဆုတ်ကင်ဆာ ဖြစ်ပွားနှုန်း ၆ဝ ရာခိုင်နှုန်းကျဆင်းစေသည်။ ရက်သတ္တ တစ်ပတ်မှာ အစိမ်းရောင် ပန်းဂေါ်ဖီ သတ္တုရည် နှစ်ကြိမ်သောက်လျှင် အဆုတ်ကင်ဆာ ဖြစ်ခြင်းကို ၇ဝ ရာခိုင်နှုန်း ကျဆင်းစေသည်။ အမျိုးသမီးများ အတွက် ပန်းဂေါ်ဖီနှင့် ခရမ်းချဉ်သီးတို့ဟာ ပို၍အကျိုး သက်ရောက်မှု ရှိသည်။ အမျိုးသားများ အတွက် မုန်လာဥနီနှင့် လိမ္မော်သီးများက ပို၍ အကျိုးသက်ရောက်မှု ရှိသည်။ မြန်မာနိုင်ငံတွင် အဆုတ်ကင်ဆာ ဖြစ်ပွားနှုန်းမှာ ရင်သားကင်ဆ

Gout (2) ဂေါက်-ရောဂါ (၂)

အမေရိကားမှာလူ ၅ သန်းခံစားနေကြရတယ်။ ယောက်ျားတွေကမိန်းမတွေထက် ၉ ဆ ပိုဖြစ်ကြတယ်။ Gout ဆိုတာ Hyperuricemia သွေးထဲမှာယူရစ်-အက်စစ် များနေတာကိုခေါ်တယ်။ မျိုးဗီဇကြောင့် ဖြစ်ကြရတာရှိသလိုတမူထူးတဲ့ အခြေအနေတွေကြောင့်လဲဂေါက်ရောဂါ ဖြစ်ရနိုင်တယ်။ လူဝတာ၊ အရက်သေစာများတာ၊ သွေးတိုးရှိနေတာ၊ ကျောက်ကပ် မကောင်းတာတွေ ပါတယ်။ နောက်ပြီးဆေးတချို့ကြောင့် ဖြစ်စေနိုင်တဲ့ စာရင်းထဲမှာ Hydrochlorothiazide (Dyazide]), Aspirin, Niacin, Cyclosporine, Pyrazinamide နဲ့ Ethambutolဆေးတွေပါတယ်။ နောက်တခါ တချို့ရောဂါတွေကြောင့် ဆိုးဝါးစေနိုင်တယ်။ Leukemias, Lymphomas နဲ့ Hemoglobin disorders တွေဖြစ်ကြတယ်။ ဒါ့ပြင် ရေဓါတ်နည်းတယ၊ ခိုက်မိတာ၊ ဖျားနေတာ၊ အစားလွန်လွန်ကဲကဲစားမိတာ၊ အရက်များတာ၊ ခွဲစိတ်တာတွေကနေရောဂါကိုထစေနိုင်တယ်။ လူတွေစားတဲ့ အစားအစာထဲမှာပါတဲ့ Purines ကိုကျေချက်ရာကနေ Uric acid ဆိုတာဖြစ်လာတာပါ။ တချို့လူတွေမှာ သွေးထဲမှာ Uric acid levels (Hyperuricemia) မြင့်နေတာသာဘဲရှိနေနိုင်တယ်။ ဂေါက်ကိုမခံစားရသေးဘူး။ ရောဂါ ရှုတ်ထွေးပုံတခုကတော့ အဆစ်နာထနေချိန်မှာ သွေးစစ်ရင် Uric acid နည်းနေသူတွေရှိတယ်။ ခြေမဆစ်ကအဖြစ် အများဆုံး ဖြစ်တယ်။ Podagraလိ

Gout (1) ဂေါက် ရောဂါ (၁)

1. ဆရာရှင့် ဂေါက်ရောဂါ အကြောင်း သိချင်လို့ပါ။ အထူးသဖြင့် ရှောင်ရမည့် အစားအစာ တွေကို ပြောပြပေးစေချင်ပါတယ်။ 2. လေးဘက်နာနဲ့ အဆစ်နာအကြောင်းတွေကို ရှာတွေ့ပေမဲ့ ဂေါက်အကြောင်းသပ်သပ်ရေးထားတာ မတွေ့မိလို့ သိချင်ပါတယ်။ “ဂေါက်” ဆိုတာအဆစ်မှာနာ-ရောင်-နီ-ပူဆိုတာ ဖြစ်လိုက်၊ ပျောက်လိုက်နေတဲ့ နာတာရှည် ရောဂါတခုပါ။ ခြေမမှာအများဆုံး (တဝက်လောက်) ဖြစ်တတ်တယ်။ ဒူး၊ ဖနောင့်၊ လက်ကောက်ဝတ်၊ လက်ချောင်းတွေမှာလဲ ဖြစ်တာဘဲ။ အနောက်နိုင်ငံတွေမျာလူဦးရေရဲ့ ၁-၂% လောက်ဖြစ်နေကြတယ်။ ဖြစ်တဲ့သူလဲတိုးလာနေသေးတယ်။ ဂေါက်ရောဂါကို “ရှင်ဘုရင်ရောဂါ” လို့လဲပြောစမှတ် ရှိတယ်။ ဘာလို့လဲဆိုတော့ အင်္ဂလန်ဘုရင် လူဝကြီး Henry VIII ဟင်နရီ၊ Charlemagne ရှာလ်မိန်း၊ ရိုမန်-အင်ပါယာ Charles V ပဉ္စမြောက် ချားလ်တို့မှာ ဖြစ်ခဲ့လို့ပါ။ နောက်ပြီး နာမည်ကြီးတွေ ရှိပါသေးတယ်။ Leonardo da Vinci လီယိုနာဒို-ဒါဗင်ချီ၊ Voltaire ဗော်လ်တဲယား၊ Sir Isaac Newton နယူတန်၊ Charles Darwin ချားလ်စ်-ဒါဝင်၊ အမေရိကန် ဒေါ်လာ ၁ဝဝ တန်ငွေစက္ကူပေါ်က Benjamin Franklin ဘင်ဂျမင်-ဖရင့်ကလင် တို့မှာလဲဂေါက်ရောဂါ ရှိခဲ့ကြတယ်။ အဆစ်နာတာအပြင် အားယုတ်တာ၊ ဖျားတာနဲ့ တွဲဖြစ်တတ်တယ်။ ကျောက်ကပ်နာ၊ ဆီးကျောက

Uric acid (ယူရစ်-အက်စစ်)

1. ဆရာ ယူရစ် အက်ဆစ်များတာကော ဘာလုပ်ရမလဲဆရာ ဖြစ်နိုင်ရင်ဖြေပေးပါ။ 2. ဆရာခင်ဗျာ ကျွန်တော့ခြေထောက်ဘယ်ဘက်ခြေချင်းဝတ်နှင့်ခြေမျက်စိ ရောင်ပြီး နည်းနည်းနာတော့ ဆရာဝန်သွားပြတော့ သွေးစစ်ခိုင်းတယ်။ ဆေးစစ်တော့ ယူရစ်အက်စစ် 340 ရှိပြီး နည်းနည်းများတယ်။ အရိုးအဆစ်ရောင်တော့ ဘယ်ဆရာဝန်နဲ့ပြသင့်သလဲ။ ဂေါက်ရောဂါလို့ ခေါ်ပါသလား၊ ကုသလို့ရောဂါကော ပျောက်သလား၊ ဘာဆက်လုပ်ရမှာလဲ၊ ကျေးဇူးပြု ဖြေပေးပါဆရာ။ 3. ကျွန်တော့် အသက် ၃၇ နှစ်ပါ၊ ဘယ်ဘက် လက်ကောက်ဝတ် နာလို့ ဆရာဝန်က သွေးစစ်ကြည့်တာ Uric acid များနေလို့ပါ။ Uric acid 7.6mg/dl, 456umol/L ဖြစ်နေလို့ပါ။ Uric acid များရင် ဘာတွေဖြစ်နိုင်လည်းဆရာ။ ကျွန်တော့် ဘာဆေးသောက်ရမှာလဲ၊ ရှောင်ရန် ဆောင်ရန်လေး ဆရာ၏အကြံပြုချက်ကလေးများ ပြောကြားပေးပါ ဆရာ။ ကျွန်တော့် ရန်ကုန်၊ မြန်မာပြည်ကပါ၊ ကျားပါ ဆရာ။ 4. Uric acid များရင် ဆိုးကျိုးကဘာဖြစ်တတ်လဲ။ 5.7 ရှိရမှာကို 8.8 ဖြစ်နေတာပါ။ အစားအစာကရောဘာတွေ ရှောင်ရမလဲဆိုတာပြောပြပေးပါ။ ဓါတုဗေဒကျောင်းသားတွေကတော့ Uric acid ဆိုတာ C5H4N4O3 လို့ ရေးကြမယ်။ ဆေးကျောင်းသားတွေကတော့ သွေးထဲမှာ (ယူရစ်-အက်စစ်) များနေရင် Gout (ဂေါက်) ဆိုတဲ့ အဆစ်နာရောဂါ ဖြစ်မယ်လို့ သင်ကြရတယ

ကျန်းမာရေးအသိဖြင့် နေထိုင် စားသောက်နည်းများ

ပိုမိုကျန်းမာတဲ့ ဘဝနေထိုင်မှု ရရှိအောင် တွေ့ရှိချက် အသစ်တွေနဲ့ ကျန်းမာရေး အမြင်သစ်များကို စာဖတ်သူ ဂျာနယ် အောက်တိုဘာ(၂ဝ၁၃)မှ ထုတ်နုတ် ဖော်ပြလိုက်ပါတယ်။. . . . . ကော်ဖီသောက်ပါ ကော်ဖီတစ်ခွက် နေ့တိုင်းသောက်ရင် ဦးခေါင်းနဲ့ လည်ပင်းကင်ဆာ မဖြစ်နိုင်ပါ။ လေ့လာမှု ၁ဝ ခုမှာ ကော်ဖီ၊ လက်ဖက်ရည် မသောက်သူ ထက် သောက်တဲ့သူက ဘဝနေထိုင်မှု စနစ်မြင့်စေပါတယ်။ ငါးစားခြင်း ဘဝနေထိုင်မှု စနစ်မြင့်တက်ဖို့ တစ်ပတ်မှာ အနည်းဆုံး ပင်လယ်ငါးနှစ်ကြိမ်၊ သုံးကြိမ် စားပေးရမယ်။ ပင်လယ်ငါးမှာ ပါဝင်တဲ့ အိုမီဂါ (၃)၊အိုမီဂါ (၆)နဲ့ ဖက်တီးအက်စစ်ဟာ အမြင်အာရုံကို တိုးတက်စေပြီး မျက်လုံးအမြင်၊ နားကြားမှု စွမ်းရည် ၅ဝ ရာခိုင်နှုန်း သန်စွမ်းစေတယ်။ စာရေးခြင်း စာရေးခြင်းဟာ လူ့စိတ်ဂနာမငြိမ် ဖြစ်ခြင်းကို ငြိမ်းအေးစေတယ်။သင့်ထင်မြင်ချက်၊ ရည်ရွယ်ချက်၊ ခံစားမှုတို့ကို စိတ်ဖိစီးမှု မခံရအောင် စာရေးသားခြင်းဖြင့် ဖြေဖျောက်ပါ။ လူတစ်ယောက် နေ့စဉ် နာရီဝက်လောက် စာရေးသားခြင်းဖြင့် ဘာသာရပ်တစ်ခု သို့မဟုတ် စာအရေးအသား သို့မဟုတ် ရည်ရွယ်ချက်ကို ပုံဖော်စေတယ်။ ကိုယ့်ကိုအကျိုးရှိစေတယ်။ အထိုင်များခြင်းရှောင်ပါ အမေရိကန် ကင်ဆာအဖွဲ့တစ်ခုမှ နည်းပြဆရာမနဲ့ နည်းပြမလုပ်တဲ့ အမျိုးသမီ

လက်ကိုင်ဖုန်း ဆက်သွယ်မှု ကန်ထောက်လှမ်း

အမေရိကန် အစိုးရဟာ ရာဇ၀တ်မှု ကျူးလွန်ဖွယ် ရှိတာတွေကို စုံစမ်းထောက်လှမ်းဖို့ အတွက် ဆဲလ်ဖုန်း ဆက်သွယ် ပြောဆိုချက် တွေနဲ့ နေရာတွေ ကို လေယာဉ် ငယ်လေးပေါ်မှာ တပ်ဆင် ထားတဲ့ အဆင့်မြင့် ရှုပ်ထွေးတဲ့ ကိရိယာကို အသုံးပြုပြီးတော့ ရယူနေ တယ်လို့ Wall Street Journal က သောကြာနေ့မှာ ရေးသားဖော်ပြလိုက်ပါတယ်။ ၀ရမ်းပြေးတွေကို လိုက်ဖမ်းရတဲ့ အမေရိကန် တရားရေးဌာန လက်အောက်ခံ US Marshals တပ်ဖွဲ့ဟာ Cessana 182 လေယာဉ် လို လေယာဉ်ငယ်လေးတွေမှာ ဆဲလ်ဖုန်းတိုင်တွေမှာ တပ်ဆင်ထားတဲ့ကိရိယာတွေလိုမျိုး အလားသဏ္ဍာန်တူ ကိရိယာတွေကို တပ်ဆင် အသုံးပြုနေတယ်လို့ သတင်းစာကဆိုပါတယ်။ Dirtbox လို့ခေါ်တဲ့ ကိရိယာလေးတွေဟာ ဆဲလ်ဖုန်းခေါ်တဲ့အခါ အနီးအနားက တိုင်တွေကို အသုံးပြုမယ့်အစား သူတို့ကနေ တဆင့် ဆက်သွယ်အောင် လှည့်ပေးတာဖြစ်ပါတယ်။ ဆဲလ်ဖုန်းတွေရောက်နိုင်တဲ့ အကွာအဝေး ကနေ လေယာဉ်ငယ်လေးက ပျံသန်းနေပြီး ဖုန်းခေါ်တာတွေအားလုံး dirtbox ကနေ ဖြတ်သွားတာနဲ့အမျှ အော်ပရေတာတွေအနေနဲ့ ဘယ်လို ခေါ်ဆိုချက်တွေ က အရေးကြီးတယ် ဆိုတာကို လေ့လာဆန်းစစ်နိုင်မှာဖြစ်ပါတယ်။ ဆဲလ်ဖုန်းတွေကို အသုံးမပြုဘဲ ရှိနေရင်တောင်မှ dirtbox တွေဟာ အချက်အလက်တွေ ကို စုဆောင်းရယူနိုင်တယ်လို့ သတင်း ရင်းမြစ်တွေ

ဘတ် ၃၀ ဖိုး ကောက်ညှင်းနဲ့ ကြက်သား ကြော်ထုပ် ပျောက်ရာ ကနေ ပရိသတ်သန်းကျော်နဲ့ နာမည်ကြီး

နိုဝင်ဘာလ ၁၄ ရက် ၂၀၁၄ ထိုင်းနိုင်ငံ စတွန်းခရိုင်မှာ နေထိုင်တဲ့ အသက် ၁၅ နှစ်အရွယ် မိန်းခလေး - ခနစ်ထာ ကျန်ဆဝမ် (နောင့်လိုင်လာ့) ဟာ ကောက်ညှင်းပေါင်းနဲ့ကြက် သားကြော်ထုပ်ပျောက်လို့ မကျေမနပ်မှုကို ဗီဒီယိုခလစ်နဲ့ရင်ဖွင့်ပြီး အွန်လိုင်းပေါ်တင်လိုက်တာနဲ့ ၁ ရက် ၂ ရက်အတွင်းမှာ ပရိသတ်သန်းကျော် ကြည့်ရှုအားပေးလို့ ယခုပတ်အတွင်း ထိုင်းနိုင်ငံတဝှမ်းမှာ နာမည်အကြီးဆုံး ဖြစ်နေပါတယ်။ အခုဆိုရင် နောင့်လိုင်လာ့ကို လက်ကိုင်ဖုန်းအရောင်း ကိုယ်စားလှယ်တော်တော် များများက ပရီစင်တာ လုပ်ပေးဖို့ ဖုန်းဆက်ပြော ဆိုလာကြတဲ့အထိဖြစ် လာတာပါ။ နောင့်လိုင်လာ့ဟာ စတွန်းခရိုင် စတွန်းမြို့တွင်းမြို့နယ် မှာနေထိုင်တဲ့ ဆင်းရဲသားမိသားစု က ပေါက်ဖွားလာတာဖြစ်ပါတယ်။ သူမဟာ အဖွားနဲ့ အတူနေထိုင်ပါတယ်။ နိုဝင်ဘာ ၉ ရက်နေ့က သူတို့ ရပ်ကွက်ရဲ့လမ်းထိပ် ဆဲဗင့်အီလဲဗင့်စတိုးရဲ့ရှေ့က ကောက်ညှင်းပေါင်း ကြက်သားကြော် ဘတ် ၃၀ ဖိုးဝယ်ပြီးဆိုင်ကယ်ခြင်းထဲထည့်ထားပါတယ်။ အဲဒီနောက် ဆဲဗင့်စတိုးထဲ ဝင်ပြီး ဖုန်းဖိုးသွင်းတဲ့ ၅ မိနစ်အတွင်းမှာကောက်ညှင်းပေါင်း ကြက်သားကြော် ထုပ်ပျောက် သွားပါတယ်။ ထပ်ဝယ် ဖို့ပိုက်ဆံလည်းမကျန် ဗိုက်ကလည်း ဆာလောင်နေတာကြောင့် နောင့်လိုင်လာ့ဟာ အရမ်း စိ

ကမ္ဘာ့အန္တရာယ် အရှိဆုံး အမျိုးသမီးအကြမ်းဖက် သမားကို ရုရှားလက်ဖြောင့် သမားက ယူကရိန်းနိုင်ငံ တွင် အသေပစ်သတ်နိုင်ခဲ့

လန်ဒန် ၊ ၁၄-၁၁-၂၀၁၄ ကမ္ဘာ့ အန္တရာယ် အရှိဆုံး အမျိုးသမီး အကြမ်းဖက် သမားအဖြစ် တင်စားခြင်း ခံရသည့် ဗြိတိန်နိုင်ငံသူ တစ်ဦးကို ရုရှား လက်ဖြောင့်သမား တစ်ဦးက ယူကရိန်းနိုင်ငံ အတွင်း အသေပစ်ခတ် နိုင်ခဲ့ကြောင်း ဗြိတိန် နိုင်ငံထုတ် သတင်းစာ တစ်စောင်တွင် နိုဝင်ဘာ ၁၂ ရက်က ဖော်ပြခဲ့သည်။ ဆမန်သာ လျှူဝေသီ အမည်ရှိ အဆိုပါ အမျိုးသမီးသည် ''လူဖြူမုဆိုးမ'' ဟု တင်စားခြင်း ခံထားရပြီး ဗြိတိန်နိုင်ငံ က အလိုရှိ ဆုံးသော အကြမ်းဖက် သမားတစ်ဦး ဖြစ်သည်။ အသက် ၂၈ နှစ်အရွယ်ရှိ ဆမန်သာ သည် အာဖရိက နှင့် အရှေ့ အလယ်ပိုင်း နိုင်ငံများအတွင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် သီတင်းပတ် နှစ်ပတ် အတွင်းက ယူကရိန်းနိုင်ငံ အတွင်း ရုရှား လက်ဖြောင့် တပ်ဖွဲ့ဝင် တစ်ဦး၏ လက်ချက်ကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။ သူမသည် ယူကရိန်း စစ်ဘက်၏ အပျော်တမ်း တပ်ဖွဲ့တွင် ပါဝင် တိုက်ခိုက် နေစဉ် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ရုရှား သတင်း အေဂျင်စီ တစ်ခုဖြစ်သည့် ရက်ဂ်နမ် က ဖော်ပြ ခဲ့သည်။ ဆမန်သာသည် မြောက် အိုင်ယာလန် နိုင်ငံတွင် မွေးဖွား ခဲ့သူ တစ်ဦးဖြစ်ပြီး စစ်မှုထမ်း ဟောင်း တစ်ဦး၏ သမီး ဖြစ်ကြောင်း၊ သူမသည် အကြမ်းဖက် သမားတစ်ဦးြ

"ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်" (ရုပ်/သံ)

အမေရိကန် သမ္မတ ဘားရတ် အိုဘားမားက နိုဝင်ဘာ ၁၄ရက်နေ့ ရန်ကုန် တက္ကသိုလ် စိန်ရတုခန်း မိန့်ခွန်း ကောက်နှုတ်ချက်။ DVB TV News ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1GVWpsf
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1zTWZET via IFTTT