Skip to main content

Posts

Showing posts from May 29, 2014

မြန်မာ-စင်ကာပူ ဆရာဝန်များဖြင့် နှလုံးသွေးကြောချဲ့ ကုသခြင်းကို မန္တလေးဆေးရုံကြီးတွ...

မြန်မာ-စင်ကာပူ ဆရာဝန်များဖြင့် နှလုံးသွေးကြောချဲ့ ကုသခြင်းကို မန္တလေးဆေးရုံကြီးတွင် ဆောင်ရွက်နိုင် ဖြိုး| သောကြာနေ့၊ မေလ ၃၀ ရက်၊ ၂၀၁၄ခုနှစ် အရေးပေါ်နှလုံးသွေးကြောချဲ့ကုသခြင်းကို ပိုမိုထိရောက်စွာကုသနိုင်ရန် မြန်မာနိုင်ငံ ကျန်းမာရေးဦးစီးဌာနနှင့် စင်ကာပူနိုင် Tan Tock Seng Hospital တို့က သဘောတူစာချုပ်ချုပ်ဆိုကာ နှစ်နိုင်ငံပညာရှင်များ ပူးတွဲကုသခြင်းကို မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် မေလ၂၉ရက်မှ စတင်ကုသပေးနေပြီဖြစ်သည် မန္တလေးပြည့်သူဆေးရုံကြီး နှလုံးရောဂါအထူးကုဌာနတွင် နှလုံးရောဂါဝေဒနာရှင်များအတွက် ကုန်ကျစ ရိတ် သက်သာစွာဖြင့် နိုင်ငံခြားဆေးရုံကြီးများကဲ့သို့ ခွဲစိတ် ကုသပေးနိုင်တော့မည်ဖြစ်ကြောင်း အဆိုပါဌာ နမှ တာဝန်ခံဆရာဝန်က ပြောသည်။ နှလုံးနှင့်သွေးကြောများ ပုံရိပ်ဖော်ကုသသောစက်သစ် Cardiac Catheterization Laboratory နှင့် နှလုံး ခုန်ချက်မမှန်သော ရောဂါများကို ရှာဖွေကုသနိုင်သော Elect- rophysiology Study Unit and Radio-frequency Ablation Set စက်သစ်ကြီးဖြင့် နှလုံးရောဂါဝေဒနာရှင်များ ခွဲစိတ်ကုသ နိုင်မည်ဖြစ်သည်။ ယခင်က အရေးပေါ်နှလုံးသွေးကြောချဲ့ကုသခြင်းကို ပြည်ပနိုင်ငံများတွင် ကုန်ကျစရိတ်များစွာဖြင့် ကုသခဲ့ ရ

SMS News==>> ချဲလ်ဆီးသည် ပီအက်စ်ဂျီ အသင်းမှ အာဂျင်တီးနား ကွင်းလယ်တိုက်စစ် ကစား...

SMS News==>> ချဲလ်ဆီးသည် ပီအက်စ်ဂျီ အသင်းမှ အာဂျင်တီးနား ကွင်းလယ်တိုက်စစ် ကစားသမား လာဗက်ဇီကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး ယင်းတို့အသင်း၏ ဘရာဇီး လက်ရွေးစင် ကွင်းလယ်လူ အော်စကာကို ထိုက်တန်သည့် ပြောင်းရွှေ့ကြေး ရရှိပါက ထုတ်ရောင်းရန် ပြင်ဆင်နေသည်။ မဇ္ဈိမ from Mizzima - News in Burmese's Facebook Wall http://ift.tt/1tsZFlk

SMS News==>> ပြင်သစ်အိုးပင်း လက်ရှိချန်ပီယံ ရာဖေးလ်နာဒယ်သည် သြစတြီယားမှ ဒိုမီနစ...

SMS News==>> ပြင်သစ်အိုးပင်း လက်ရှိချန်ပီယံ ရာဖေးလ်နာဒယ်သည် သြစတြီယားမှ ဒိုမီနစ်သီယန်ကို ပြတ်ပြတ်သားသား အနိုင်ယူကာ တတိယအဆင့်သို့ တက်ရောက်သွားခဲ့သည်။ မဇ္ဈိမ from Mizzima - News in Burmese's Facebook Wall http://ift.tt/1tsZFlf

SMS News==>> မဟော်ဂနီ ထုတ်လုပ်ရေးမှ သရုပ်ဆောင်သူရိယနှင့် နှစ်ဦးသဘောတူ စာချုပ်...

SMS News==>> မဟော်ဂနီ ထုတ်လုပ်ရေးမှ သရုပ်ဆောင်သူရိယနှင့် နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်းပြီး အနုပညာလုပ်ငန်းကို မည်သူနှင့်မဆို လွတ်လပ်စွာ လုပ်ခွင့်ပြုလိုက်သည်။ မဇ္ဈိမ from Mizzima - News in Burmese's Facebook Wall http://ift.tt/1tsZFld

SMS News==>> လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်နှင့် Tomorrow ဂျာနယ်တို့...

SMS News==>> လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်နှင့် Tomorrow ဂျာနယ်တို့ မီဒီယာ စီမံကိန်းများ အကျိုးတူ လုပ်ကိုင်ရန် သဘောတူ လက်မှတ်ရေးထိုးသည်။ မဇ္ဈိမ from Mizzima - News in Burmese's Facebook Wall http://ift.tt/1tsZHcN

SMS News==>> သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ်နှင့် ဗိုလ်ကြီးအောင်မျိုးသူ တို့၏ မင်္ဂလာဧ...

SMS News==>> သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ်နှင့် ဗိုလ်ကြီးအောင်မျိုးသူ တို့၏ မင်္ဂလာဧည့်ခံပွဲကို ဆီဒိုးနားဟိုတယ်၌ မေ ၃ဝရက် မနက်၉နာရီမှ၁၁နာရီထိ ကျင်းပမည်။ မဇ္ဈိမ from Mizzima - News in Burmese's Facebook Wall http://ift.tt/1kPSSkK

SMS News==>> သရုပ်ဆောင်စွမ်းနှင့် နန်းခင်ဇေယျာသည် ဒါရိုက်တာ ဒေါန ရိုက်ကူးသည့် "...

SMS News==>> သရုပ်ဆောင်စွမ်းနှင့် နန်းခင်ဇေယျာသည် ဒါရိုက်တာ ဒေါန ရိုက်ကူးသည့် "ကံထူးတဲ့ဂန်ဒူး" ဗီဒီယို ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်လျက် ရှိသည်။ မဇ္ဈိမ from Mizzima - News in Burmese's Facebook Wall http://ift.tt/1kPSUsO

SMS News==>> အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ)၏ ထောက်ခံမှု နှင့်...

SMS News==>> အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ)၏ ထောက်ခံမှု နှင့် သမ္မတ က လွတ်ငြိမ်းချမ်းသာခွင့် ထပ်ပေးဖို့ သင်္ကန်းကျွန်းမြို့နယ် လွှတ်တော်အမတ် ဦးသိန်းညွှန့်က မေ၂၉ရက်မှာ တင်သွင်းမည့်အဆိုအား လွတ်တော်က တစ်ရက်ရွှေ့ဆိုင်း လိုက်သည်။ မဇ္ဈိမ from Mizzima - News in Burmese's Facebook Wall http://ift.tt/1tsZE0N

SMS News==>> လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းခံရသည့် ၁၈လ ပြည့်အဖြစ် မေ၂၉ရက...

SMS News==>> လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းခံရသည့် ၁၈လ ပြည့်အဖြစ် မေ၂၉ရက်က ဆူးလေတွင် လူ၁ဝ ဦးကျော်က မျက်နှာဖုံးစွပ်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ မဇ္ဈိမ from Mizzima - News in Burmese's Facebook Wall http://ift.tt/1kPSRNQ

SMS News==>> ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ကျောက်တလုံး ဘင်္ဂလီဒုက္ခသည်စခန်းတ...

SMS News==>> ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ကျောက်တလုံး ဘင်္ဂလီဒုက္ခသည်စခန်းတွင် အကူအညီပေးနေမှုများ မမျှတဟုဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှူးကို တိုင်ကြားထားသည်မှာ တလကျော်ပြီဖြစ်ပေမယ့် ဖြေရှင်းမပေးသေးဘူးလို့ စခန်းရှိ ဒုက္ခသည်များက မဇ္ဈိမကို ပြောသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1kPSRND

SMS News==>> ဒီပဲယင်း ၁၁နှစ်ပြည့် အခမ်းအနားကို မေ၃ဝရက်တွင် စစ်ကိုင်းတိုင်း ဒီပဲ...

SMS News==>> ဒီပဲယင်း ၁၁နှစ်ပြည့် အခမ်းအနားကို မေ၃ဝရက်တွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျည်ရွာ ၌ မြို့နယ် NLD နှင့် ဒေသခံများ ပူးပေါင်းပြုလုပ်မည်။ မဇ္ဈိမ from Mizzima - News in Burmese's Facebook Wall http://ift.tt/1tsZExH

SMS News==>> ဆေးဝါးထုတ်လုပ်မှု ကဏ္ဍတွင် ကုန်ကြမ်းခက်ခဲမှုကြောင့် နိုင်ငံခြားရင်းနှီ...

SMS News==>> ဆေးဝါးထုတ်လုပ်မှု ကဏ္ဍတွင် ကုန်ကြမ်းခက်ခဲမှုကြောင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဝင်ရောက်ရေးနှောင့်နှေးစေဟု ပြည်တွင်းတိုင်းရင်းဆေးထုတ် ကုမ္ပဏီ၏ MD က ဆိုသည်။ မဇ္ဈိမ from Mizzima - News in Burmese's Facebook Wall http://ift.tt/1tsZBC8

SMS News==>> အလှမယ် နန်းခင်ဇေယျာ မှ ယနေ့ နေလည် ၁၂ နာရီတွင် မြောက်ဒဂုံမြို့နယ် ဥ...

SMS News==>> အလှမယ် နန်းခင်ဇေယျာ မှ ယနေ့ နေလည် ၁၂ နာရီတွင် မြောက်ဒဂုံမြို့နယ် ဦးကျော်သူ နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ကလေး အယောက် ၁ဝဝ ကို လက်ဆေးနည်း သင်ကြားပေးမည်။ မဇ္ဈိမ from Mizzima - News in Burmese's Facebook Wall http://ift.tt/1tsZBlJ

SMS News==>> အကောက်ခွန်မဲ့ပစ္စည်း ဖမ်းဆီးရရှိမှုမှာ ဧပြီလ ၁ရက်မှ မေ ၂ဝရက်အထိ ရက်ေ...

SMS News==>> အကောက်ခွန်မဲ့ပစ္စည်း ဖမ်းဆီးရရှိမှုမှာ ဧပြီလ ၁ရက်မှ မေ ၂ဝရက်အထိ ရက်ပေါင်း ၅ဝအတွင်း ကျပ်သန်း ၅၅ဝကျော်ရှိပြီဟု အကောက်အခွန် ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ ဖမ်းဆီးရမိမှုတွင် ဖုန်း၊ ကွန်ပျူတာ၊ စီစီတီဗီကင်မရာ၊ ကျောက်စိမ်း၊ အလှကုန်ပစ္စည်း၊ မော်တော်ကား စသည်တို့ ပါဝင်သည်။ မဇ္ဈိမ from Mizzima - News in Burmese's Facebook Wall http://ift.tt/1tsZBlF

SMS News==>> ရန်ကုန်ယူနိုက်တက်အသင်းသည် သြစတြေးလျ လူငယ်ဂိုးသမား မက်သရူးအပ်တန်နှင...

SMS News==>> ရန်ကုန်ယူနိုက်တက်အသင်းသည် သြစတြေးလျ လူငယ်ဂိုးသမား မက်သရူးအပ်တန်နှင့် မေလ(၃၁)ရက်နေ့တွင် တရားဝင်စာချုပ် ချုပ်ဆိုတော့မည်ဖြစ်သည်။ မဇ္ဈိမ from Mizzima - News in Burmese's Facebook Wall http://ift.tt/1kPSRgL

SMS News==>> Let's Go to Brazil ပရိုဂရမ် ရိုက်ကူးမည့် မြန်မာအဆိုတော်များနှင့်ြ...

SMS News==>> Let's Go to Brazil ပရိုဂရမ် ရိုက်ကူးမည့် မြန်မာအဆိုတော်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီး နိုင်ငံ သံအမတ်တို့ ဇွန် ၄ ရက်တွင် ရန်ကုန် ၌ တွေ့ဆုံရန်ရှိသည်။ မဇ္ဈိမ from Mizzima - News in Burmese's Facebook Wall http://ift.tt/1tsZBlC

ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ဟစ်တိုင် ဇွန်လဆန်း စတင်အသုံးပြုခွင့်ပေးမည် ပုသိမ်၊ေ...

ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ဟစ်တိုင် ဇွန်လဆန်း စတင်အသုံးပြုခွင့်ပေးမည် ပုသိမ်၊ မေ ၂၉ ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော် ပုသိမ်တွင် ပြည်သူများ၏ မကျေနပ်ချက်၊ ခံစားချက်နှင့် နစ်နာချက်များကို ထုတ်ဖော် ပြောဆိုနိုင်သည့် ပရိသတ် ၅၀၀ နီးပါးဆံ့ ပြည်သူ့ဟစ်တိုင်ကို ဇွန်လဆန်းမှ စတင်၍ အသုံးပြုခွင့်ပေးမည် ဖြစ်ကြောင်း ယင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က ပြောကြားသည်။ ပြည်သူ့ဟစ်တိုင်အဖြစ် သတ်မှတ် ဆောင်ရွက်ခွင့်ပြုမည့် နေရာမှာ ပုသိမ်မြို့ အမှတ် (၃) ရပ်ကွက်၊ မဟာဗန္ဓုလလမ်း ကန်သာယာကန်ဘေး (တိုင်းဒေသကြီး မိခင်နှင့် ကလေးရုံးနှင့် ဧရာရွှေစင် စက်သုံးဆီ အရောင်းဆိုင်ကြားရှိ) မြေကွက်လပ် အလွတ်တွင် သတ်မှတ် ပေးထားကြောင်း၊ ယင်းကွင်းထိပ်တွင် ၁၂ ပေ ပတ်လည် အမြင့်ငါးပေရှိ စင်မြင့်တစ်ခု တည်ဆောက် ပေးထားကြောင်း၊ ယင်းစင်မြင့်ဘေးတွင် ‘ပြည်သူ့ဟစ်တိုင်’ ဟူသော စာတိုင်ကိုကျွန်း (သို့မဟုတ်) အုတ်တိုင်ဖြင့် ရှေးမြန်မာမင်းများ ပုံစံအတိုင်း စိုက်ထူပေးထားမည်ဟု ၎င်းကပြောဆိုသည်။ “ပြည်သူ့ဟစ်တိုင် နေရာမှာ ပြည်သူတွေက သူတို့ရဲ့ မကျေနပ်ချက်တွေ၊ ခံစားချက်တွေ၊ နစ်နာ ဆုံးရှုံးမှုတွေကို တင်ပြခွင့် ရမယ်ဆိုရင် ပြည်သူတွေရဲ့ အသံကို အစိုးရအဖွဲ့

ဒေါ်အောင်ဆန်းစုကြည် မီဒီယာများနှင့် နာရီဝက်ကြာ တွေ့ -------- နေပြည်တော်- အမျိုးသာ...

ဒေါ်အောင်ဆန်းစုကြည် မီဒီယာများနှင့် နာရီဝက်ကြာ တွေ့ -------- နေပြည်တော်- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် သတင်းမီဒီယာများနှင့် မိနစ်သုံးဆယ်ကြာ တွေ့ဆုံခဲ့သည်။ သတင်းအပြည့်အစုံ... http://ift.tt/1k6yvB4 ဒေါ်အောင်ဆန်းစုကြည် မီဒီယာများနှင့် နာရီဝက်ကြာ တွေ့ www.7daydaily.com နေပြည်တော်- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် သတင်းမီဒီယာများနှင့် မိနစ်သုံးဆယ်ကြာ တွေ့ဆုံခဲ့သည်။ from 7Day News Journal's Facebook Wall http://ift.tt/1k6yz3G

ဦးသိန်းညွန့်၏ လွတ်ငြိမ်းချမ်းသာခွင့်အဆို ယနေ့တင်သွင်းခွင့်ရ ---------- သတင်းအြ...

ဦးသိန်းညွန့်၏ လွတ်ငြိမ်းချမ်းသာခွင့်အဆို ယနေ့တင်သွင်းခွင့်ရ ---------- သတင်းအပြည့်အစုံ... http://ift.tt/1pCTgne ဦးသိန်းညွန့်၏ လွတ်ငြိမ်းချမ်းသာခွင့်အဆို ယနေ့တင်သွင်းခွင့်ရ www.7daydaily.com နေပြည်တော်- မေလ ၂၉ ရက်က ရွှေ့ဆိုင်းခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၏ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ထပ်ပေးရန် နိုင်ငံတော်သမ္မတအား တိုက်တွန်းကြောင်း အဆိုမှာ ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပုံမှန်အစီအစဉ်၌ ဆွေးနွေးမည် ဖြစ်သည်။ from 7Day News Journal's Facebook Wall http://ift.tt/1pCTgng

ဒဂုံဆိပ်ကမ်းမြို့နယ် ကမ်းနားရှိ အိမ်ခြေ ၂၀ကျော် ယနေ့နံနက်သုံးနာရီကျော်တွင် အင်အာ...

ဒဂုံဆိပ်ကမ်းမြို့နယ် ကမ်းနားရှိ အိမ်ခြေ ၂၀ကျော် ယနေ့နံနက်သုံးနာရီကျော်တွင် အင်အားသုံးဖြိုဖျက်ခံခဲ့ရ ရန်ကုန်၊ မေ ၃၀ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ကမ်းနား ၆၇ ရပ်ကွက်ရှိ အိမ်ခြေ အလုံးနှစ်ဆယ်ကို ယနေ့မေလ ၃၀ရက်နေ့နံနက် သုံးနားရီခွဲကျော်တွင်အင်အားသုံးဖြိုဖျက်ခြင်းခံခဲ့ရကြောင်း ၄င်းနေအိမ်ဖြိုဖျက်ခံရသူများက ပေါ်ပြူလာနယူးစ်သို့ပြောသည်။ နေအိမ်လာရောက်ဖြိုဖျက်သူများတွင်တုတ်၊ဓါး၊ပုဆိန်စသည့်လက်နက်များပါရှိခဲ့ပြီး လူအင်အားသုံးရာကျော်နီးပါးဖြင့် ၀င်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု အိမ်ဖြိုဖျက်ခံခဲ့ရပြီး မျက်မြင်တွေ့ရှိခဲ့ရသူ ဦးကြိုင်ကပြောသည်။ " လော်စပီကာကြီးနဲ့လာအော်တယ် ဘယ်နှစ်မိနစ်တွင်း အပြီးဖယ်ပေးပါဆိုပြီး။ ပြီးတော့ သိပ်မကြာပါဘူး အိမ်တွေကို အတင်းဝင်ဖျက်တော့တာပဲ။ ပစ္စည်းတစ်ချို့ လည်း ဖျက်တဲ့သူတွေယူသွားကြတယ်။" ဟု ၄င်းကဆက်ပြောသည်။ ယနေ့နံနက် အဖျက်အဆီးခံခဲ့ရသည့် ၄င်းနေအိမ်များမှာ ဒဂုံဆိပ်ကမ်းမြို့နယ်တွင်း စတင် တည်ဆောက်နေပြီဖြစ်သည့် တန်းဖိုးမျှတအိမ်ရာအနီးတွင်ဖြစ်ပြီး ကြက်ဘဲဈေး တည်ဆောက်ရေးစီမံကိန်းမြေနေရာအဖြစ် ၂၀၁၃ခုနှစ် ဖေဖေါ်ဝါရီလအတွင်းကပင် သတ်မှတ်ထားပြီးဖြစ်သည်ဟုလည်းသိရသည်။ အစိုးရအနေနှင့် ၄င်းနေအိမ်မ

#GODZILLA နဲ့ စေတန်ရဲ့ ကချေသည် စည်သူအောင်မြင့် ပြီးခဲ့တဲ့တစ်ပတ်ကျော်က ရန်ကုန်မ...

#GODZILLA နဲ့ စေတန်ရဲ့ ကချေသည် စည်သူအောင်မြင့် ပြီးခဲ့တဲ့တစ်ပတ်ကျော်က ရန်ကုန်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ “စေတန်ရဲ့ ကချေသည်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား မြို့လယ် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပါတယ်။ လူတွေ သတိမထားမိလိုက်တာ တစ်ခုကတော့ အဲဒီ မြန်မာဇာတ်ကား ရုံတင်ချိန် သူ့အနားမှာ ဟောလိဝုဒ်ဇာတ်ကားတွေ အပြိုင်အဆိုင် ရုံတင်ပြသနေတာပါ။ ဟောလိဝုဒ်ဇတ်ကားတွေဆိုတာကလည်း နယ်နယ်ရရ ဇာတ်ကားတွေ မဟုတ်ပါဘူး။ အမေရိကား Box Office မှာ ရုံဝင်ခအမြင့်ဆုံး စံချိန်တင်ထားတဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။ Captain America, Spider-man 2, Rio 2 ဇာတ်ကားတွေပါ။ အမေရိကားမှာ တစ်ပတ်အတွင်း ရုံဝင်ခ ဒေါ်လာသန်း ၇၀ အထက် ရကြတဲ့ ဇတ်ကားတွေချည်းပါ။ ဒါတင်မက ဒီဇတ်ကားတွေဟာ အမေရိကားမှာ စရုံတင်ပြီး နှစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ပြတာမို့ အမေရိကားနဲ့ တစ်ပြိုင်နက်တည်း နီးပါးလို့တောင် ပြောနိုင်ပါတယ်။ အဲရန်ကုန်မှာ ရုံတင်တော့လည်း လူကြိုက်များတာပါပဲ။ ၀င်ငွေကောင်းတာပါပဲ။ “စေတန်ရဲ့ ကချေသည်” ဟာ အဲဒီဇာတ်ကားတွေနဲ့အပြိုင် ပြခဲ့ရာမှာ သတ်မှတ်ဝင်ငွေကျော်ခဲ့လို့ မြို့လယ်အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရက်ထပ်တိုး ပြသခွင့်ရခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ခဲ့ပါတယ်။ ကြိုးစားရင် မြန်မာရုပ်ရှ

ကာလုံထောက်ခံချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ဆက်လက် ထုတ်ပြန်ရန် အဆိုတင်မည် ၀င်း...

ကာလုံထောက်ခံချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ဆက်လက် ထုတ်ပြန်ရန် အဆိုတင်မည် ၀င်းကိုကိုလတ်| သောကြာနေ့၊ မေလ ၃၀ ရက်၊ ၂၀၁၄ခုနှစ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ(ကာ/လုံ)၏ ထောက်ခံချက်နှင့်အညီ အထွေထွေလွတ် ငြိမ်းချမ်းသာခွင့် ဆက်ထုတ်ပြန်ပေးရန် သမ္မတဦးသိန်းစိန်အား ပြည်သူ့လွှတ်တော်က တိုက်တွန်းကြောင်း အဆိုကို သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က တင်သွင်းသွားမည်ဟု ဆိုသည်။ အထက်ပါ လွတ်ငြိမ်းချမ်းသာခွင့်အဆိုကို ယနေ့ကျင်းပသည့် ပထမအကြိမ်၊ ပြည်သူ့လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ဒုတိယနေ့အစီအစဉ်တွင် ပါဝင်သော်လည်း ရက်ရွှေ့ဆိုင်းဆွေးနွေးရန် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဦးသိန်းညွန့်က “လွှတ်တော်ဥက္ကဋ္ဌက ကာ/လုံမှာလည်းပါတယ်။ ဘာပဲဖြစ်ဖြစ် Agenda မှာ ထည့်ပေးတာ ကျေးဇူးတင်ပါတယ်။ မလွဲမသွေဆွေးနွေးရမှာပါ” ဟု ယနေ့လွှတ်တော်အပြီးတွင် မီဒီယာများအား ပြော ကြားသည်။ ယနေ့တင်သွင်းသည့်အဆိုကို ပြီးခဲ့သည့် ပထမအကြိမ်၊ န၀မပုံမှန်အစည်း အဝေး ဇန်န၀ါရီလ ၇ ရက်တွင် စတင်တင်သွင်းခဲ့ပြီ ယနေ့ဆွေးနွေးရန် အစီအစဉ်တွင် ပါသော်လည်း ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့်

မြန်မာ့စီးပွားရေး လက်ဝါးကြီး အုပ်ချုပ်မှုကို အရေးယူနိုင်ရန် ယှဉ်ပြိုင်မှုဥပဒေ အဆို...

မြန်မာ့စီးပွားရေး လက်ဝါးကြီး အုပ်ချုပ်မှုကို အရေးယူနိုင်ရန် ယှဉ်ပြိုင်မှုဥပဒေ အဆိုတင်သွင်း မောင်သင်တုန်း| သောကြာနေ့၊ မေလ ၃၀ ရက်၊ ၂၀၁၄ခုနှစ် မြန်မာ့စီးပွားရေးလုပ်ငန်းများကို အစုအဖွဲ့လိုက် လက်ဝါးကြီးအုပ်ဆောင်ရွက်မှုနှင့် ပြည်တွင်းပြည်ပ ကုန်သွယ်ရေး ဖွံ့ဖြိုး တိုးတက်မှုအပေါ်မှာ မျှတမှုမရှိသော ပြိုင်ဆိုင်မှုများကို ထိန်းချုပ်နိုင်ရန် ယှဉ်ပြိုင်မှု ဥပဒေ (မူကြမ်း)ကို အမျိုးသားလွှတ်တော်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က အဆိုတင်သွင်းလိုက်သည်။ “လက်ဝါးကြီးအုပ်တာတွေကို ဥပဒေနဲ့ ထိန်းသိမ်းသွားမှာပေါ့။ တရားသဖြင့် ယှဉ်ပြိုင်နိုင်အောင် အဆိုတင် သွင်းတာပေါ့။ လက်ဝါးကြီးအုပ်တာတော့ အတတ်နိုင်ဆုံး ဒီဥပဒေနဲ့ အရေးယူရမှာပေါ့” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။ အဆိုပါဥပဒေကို အဆိုတင်သွင်းရ ခြင်းအကြောင်းမှာ အစုအဖွဲ့လိုက် လက်ဝါးကြီးအုပ်ချုပ် ဈေးကစား ဆောင်ရွက်ခြင်း၊ အများပြည်သူကို ထိခိုက်နစ်နာစေခြင်းမှ ကာကွယ်နိုင်ရန်၊ မျှတမှုမရှိသော ပြိုင်ဆိုင်မှု ထိန်းချုပ်နိုင်ရန်နှင့် ဈေးကွက်အပေါ် ထိန်းချုပ်စွမ်းအား အလွဲသုံးစားပြုခြင်းများ ထိန်းချုပ်နိုင်ရန် ယှဉ်ပြိုင်မှု ဥပဒေ အဆိုတင

မြန်မာနိုင်ငံ၏ ဇီဝနည်းပညာသုံး စိုက်ပျိုးမှု ကိုယ်ပိုင်သုတေသနပြု ရှာဖွေရန် တိုက်တွ...

မြန်မာနိုင်ငံ၏ ဇီဝနည်းပညာသုံး စိုက်ပျိုးမှု ကိုယ်ပိုင်သုတေသနပြု ရှာဖွေရန် တိုက်တွန်း ရန်ကုန်၊ မေ ၂၉ ဇီဝနည်းပညာသုံး သီးပင်စားပင်များ စိုက်ပျိုးမှု ထိပ်တန်းရောက် အိန္ဒိယနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့၏ အိမ်နီးချင်း မြန်မာနိုင်ငံအနေနှင့် ဇီဝနည်းပညာသုံး စိုက်ပျိုးနည်း စနစ်များကို ကိုယ်ပိုင်သုတေသနပြု ရှာဖွေပြီးမှသာ စိုက်ပျိုးကြရန် တိုက်တွန်းလိုကြောင်း နိုင်ငံတကာ စီးပွားရေးအကြံပေး Mr. Graham Brooke က The Voice သို့ ပြောကြားသည်။ မေလ ၂၆ ရက်နေ့ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပသော အာဆီယံ ဒေသတွင်း ဇီဝနည်းပညာသုံး စိုက်ပျိုးမှုနှင့် စားနပ်ရိက္ခာဖူလုံရေး သတင်းမီဒီယာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာတစ်ဝန်း ဇီဝနည်းပညာသုံး စိုက်ပျိုးမှုတွင် အမြင့်ဆုံး ရောက်ရှိပြီးသော နိုင်ငံများနှင့် ဈေးကွက်၊ နည်းပညာချင်း အတုယူယှဉ်ပြိုင်ရန် မြန်မာနိုင်ငံအတွက် ခက်ခဲနိုင်သောကြောင့် ကိုယ်ပိုင်နည်းပညာနှင့် ဖောက်ထွက်ရန် Mr.Graham Brooke က အကြံပြုသည်။ ယင်းအပြင် မြန်မာနိုင်ငံတွင် ဇီဝနည်းပညာသုံး စိုက်ပျိုးမှုများ တိုးတက်စေရန် စိုက်ပျိုးသူများကို အသိပညာပေးခြင်းနှင့် နည်းပညာများ လက်ဆင့်ကမ်းရန် လို

တစ်နိုင်ငံလုံး အပြောင်ရှင်း၊ သစ်ထုတ်ခြင်းမဟုတ်ဟု သစ်တော ဒု-၀န်ကြီး ဦးအေးမြင့်မေ...

တစ်နိုင်ငံလုံး အပြောင်ရှင်း၊ သစ်ထုတ်ခြင်းမဟုတ်ဟု သစ်တော ဒု-၀န်ကြီး ဦးအေးမြင့်မောင် ကာကွယ်ပြောဆို စိုးသန်းလင်း| သောကြာနေ့၊ မေလ ၃၀ ရက်၊ ၂၀၁၄ခုနှစ် နိုင်ငံသစ်ထုတ်လုပ်မှုတွင် သစ်လုံးခုတ်လှဲရောင်းချမှုကို ၂၀၁၃-၁၄ ဘဏ္ဍာနှစ်ကုန် အထိသာ ခွင့်ပြုတော့မည်ဖြစ်၍ ၎င်းကာလ မကုန်မီ တစ်နိုင်ငံလုံးရှိသစ်တောများ အပြောင်ရှင်း ထုတ်လုပ်နေသလောဟူသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ အမေးကို မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။ “သစ်ထုတ်လုပ်မှုပမာဏကို ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့ခြင်းကို ရပ်ဆိုင်းခဲ့သော်လည်း ပြည်တွင်း သစ်အခြေခံစက်ရုံ၊ အလုပ်ရုံတွေရဲ့ ကုန်ကြမ်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ သဘာဝတောများထိခိုက်မှု အနည်းဆုံးဖြင့် သစ်ထုတ်လုပ်ခြင်းသာ ဖြစ်ပါကြောင်း၊ ၂၀၁၄ မကုန်မီ တစ်နိုင်ငံလုံးရှိ သစ်တောများ အပြောင်ရှင်း သစ်ထုတ်သည့် အခြေအနေမျိုးမဟုတ်ကြောင်း တင်ပြအပ်ပါတယ်” ဟု ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက လွှတ်တော်မှ တစ်ဆင့် အစိုးရအဖွဲ့ကိုမေးမြန်းရာတွင် သစ်များကိုစည်းကမ်းမဲ့စွာ ထုတ်လုပ်နေကြကြောင်း၊သစ်ခုတ်လှဲရာဒေသခံ ပြည်သူတို့ကမူ ၎င်းသစ်များကို အသုံြး

ထိုင်းရောက်မြန်မာများဗီဇာသက်တမ်းတိုးခ နှစ်ဆပေးနေရ ဖနိဒါ ချင်းမိုင်၊ မဇ္ဈိမ။...

ထိုင်းရောက်မြန်မာများဗီဇာသက်တမ်းတိုးခ နှစ်ဆပေးနေရ ဖနိဒါ ချင်းမိုင်၊ မဇ္ဈိမ။ ။ ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် လေးနှစ်ဗီဇာသက်တမ်းကုန်ဆုံးသော မြန်မာရွှေ့ပြောင်းအလုပ်သမားများဗီဇာသက်တမ်းတိုးခသတ်မှတ်ထားသည့် ဈေးနှုန်းထက် နှစ်ဆများနေသဖြင့် အလုပ်သမားများနစ်နာမှု ရှိနေသည်ဟု ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်(MWRN) ဥက္ကဋ္ဌဦးအောင်ကျော်ကပြောသည်။ ၂၀၁၃ ခုနှစ် သြဂုတ်လမှစတင်၍ ဗီဇာ ၄ နှစ်ကုန်ဆုံးသောအလုပ်သမားများအတွက် သက်တမ်း ၂ နှစ်တိုးမြင့် လိုက်ရာပုံမှန်အားဖြင့် ဘတ် ၃,၀၀၀(ကျပ် ၉၀,၀၀၀ ဝန်းကျင်)မှ ဘတ် ၃,၇၀၀ (ကျပ် ၁၁၀,၀၀၀ ဝန်းကျင်)သာပေးသွင်းရန် သတ်မှတ်ထားသော်လည်း ယခုဘတ် ၉၅၀၀ (ကျပ် ၂၈၅,၀၀၀ ဝန်းကျင်)မှ ဘတ်၁၀,၀၀၀ (ကျပ် ၃၀၀,၀၀၀ဝန်းကျင်)အထိပေးသွင်းနေရသဖြင့် အလုပ်သမားများ အတွက် မြန်မာအစိုးရထံထပ်မံတင်ပြသွားမည်ဟုသူကမဇ္ဈိမကိုပြောသည်။ “ထိုင်းအစိုးရကနေ မြန်မာအလုပ်သမားတွေကိုသက်တမ်း ၂ နှစ်ဗီဇာတိုးပေးနေပါတယ်။ သက်တမ်းတိုးတာကို ကျွန်တော်တို့ သေချာလေ့လာကြည့်လိုက်တဲ့အခါမှာအမှန်တကယ် တရားဝင် ပေးသွင်းရမယ့် ငွေကြေးထက်ကိုများစွာကျော်လွန်နေတာကိုတွေ့ရတယ်။ ကျွန်တော်တို့ စိတ်မကောင်းဖြစ်နေတယ်။ ဒါကြောင့် မြန်မာ

ချင်းပြည်နယ်တွင် မသန်စွမ်းဖွံ့ဖြိုးရေး စီမံကိန်း ပထမဆုံးအကြိမ်လုပ်မည် ယုဝေ| သော...

ချင်းပြည်နယ်တွင် မသန်စွမ်းဖွံ့ဖြိုးရေး စီမံကိန်း ပထမဆုံးအကြိမ်လုပ်မည် ယုဝေ| သောကြာနေ့၊ မေလ ၃၀ ရက်၊ ၂၀၁၄ခုနှစ် မသန်စွမ်းဖွံ့ဖြိုးရေးစီမံကိန်းကို ချင်းပြည်နယ်တွင် ပထမဆုံးအကြိမ်အဖြစ် နှစ်နှစ်စီမံချက်ပြုလုပ်မည်ဟု စီမံကိန်းပြုလုပ်မည့် ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာ ရိပ်မြုံကျောင်းအုပ် ဦးထာအုပ်က ပြောသည်။ ချင်းပြည်နယ်ရှိ ဟားခါးနှင့် ထန်တလန်မြို့များရှိ ကျေးရွာပေါင်း ၃၀ တွင် ယင်းစီမံကိန်းကိုပြုလုပ်မည်ဖြစ်ပြီး စီမံကိန်း ရှေ့ပြေးအဖြစ် မသန်စွမ်းဦးရေနှင့် ပတ်သက်သည့်စစ်တမ်းတစ်ခု ကောက်ယူမည် ဖြစ်သည်။ စစ်တမ်းကို မေလစတုတ္တပတ်မှ စတင်ကောက်ယူနေပြီး စစ်တမ်းကာလမှာ နှစ် ပတ်ခန့်ကြာမည်ဖြစ်သည်။ “ရွာတွေမှာ စစ်တမ်းကောက်မှာပါ။ ပြီးတော့ ကျွန်တော်တို့ အကူအညီပေးနိုင်မယ့် မသန်စွမ်းတွေရှိတဲ့ ရွာတွေကို ရွေးပြီးတော့ စီမံကိန်းကိုလုပ်သွားမှာပါ” ဟု ဦးထာအုပ်က ပြောသည်။ စီမံကိန်းတွင် မသန်စွမ်းများအတွက် လိုအပ်သည့် ကူညီထောက်ပံမှုများ ပေးအပ်ခြင်း၊ မသန်စွမ်းနှင့် ပတ်သက်သည့် လူထုဟောပြောပွဲများပြုလုပ်ခြင်း၊ စီမံကိန်းအဖွဲ့ဝင်များမှ သွားရောက်ပြုစုခြင်း၊ မသန်စွမ်းများကို အခြေခံပြုစုပေးနိုင်ရန် လုပ်အားပေးအဖွဲ့များဖွဲ့စည်းခြင်း၊ လုပ်အား

ပြည်ခိုင်ဖြိုးကို အင်န်အယ်လ်ဒီ တိုင်ကြားမှု ရွေးကောက်ပွဲ ကော်မရှင်နှင့်မဆိုင်ဟု တ...

ပြည်ခိုင်ဖြိုးကို အင်န်အယ်လ်ဒီ တိုင်ကြားမှု ရွေးကောက်ပွဲ ကော်မရှင်နှင့်မဆိုင်ဟု တုံ့ပြန် ကျော်စွာဝင်း| သောကြာနေ့၊ မေလ ၃၀ ရက်၊ ၂၀၁၄ခုနှစ် သမ္မတအရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉(စ) မပြင်ရေး ဆန္ဒထုတ်ဖော်အပြီး ဗုဒ္ဓရုပ်ပွားတော်များ မဲဖောက်ပေးခဲ့သည့် ဇလွန်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ဘာသာရေးအလွဲသုံးနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်ကြားမှုသည် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၏ လုပ်ပိုင်ခွင့်အတွင်း ရှိမနေဟု ရွေးကောက်ပွဲဌာန၊ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က မေ ၂၉ ရက်တွင် မဇ္ဈိမကို ပြောသည်။ “အဲ့ဒါအုပ်ချုပ်ရေးကိုပဲတိုင်လို့ရတယ်။ ကော်မရှင်နဲ့ မဆိုင်လို့ပြောတာ။ ရွေးကောက်ပွဲကိစ္စလည်းမဟုတ်ဘူး ပါတီစည်း ရုံးရေးကိစ္စလည်းမဟုတ်ဘူးဆိုရင် ကော်မရှင်က ဒီကိစ္စ၀င်ပါလို့မရဘူးလေ၊ ဒါက အုပ်ချုပ်ရေးနဲ့ ဆိုင်သွားပြီ” ဟု ၎င်းက ပြောသည်။ ယင်းကိစ္စကို သက်ဆိုင်ရာမြို့ နယ် NLD က မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံ မေ ၂၆ ရက်စွဲဖြင့် စာပို့ခြင်းဖြစ်သည်။ မေလ ၁၅ ရက်က ဇလွန်မြို့တွင် ပြည်ခိုင်ဖြိုးပါတီကဦးဆောင်ကာ လူအင်အား ငါးထောင်ကျော်ဖြင့် ပြုလုပ်သည့် ပုဒ်မ ၅၉(စ) မပြင်ဆင်ရေးဆန္ဒထုတ်ဖော်ပွဲအပြီး ဗ

ဟူးကောင်းဒေသ သိမ်းဆည်းခံ လယ်ယာမြေများအတွက် လျော်ကြေးမရဟုဆို ရန်ကုန်၊ မေ ၂၉ ကချ...

ဟူးကောင်းဒေသ သိမ်းဆည်းခံ လယ်ယာမြေများအတွက် လျော်ကြေးမရဟုဆို ရန်ကုန်၊ မေ ၂၉ ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဟူးကောင်းဒေသရှိ ကျေးရွာများမှ လယ်ယာမြေများကို ၂၀၀၆ ခုနှစ် ဝန်းကျင်တွင် ယုဇနကုမ္ပဏီက သိမ်းယူထားရာတွင် ယနေ့ထက်တိုင် လျော်ကြေးငွေနှင့် အစားထိုး လယ်ယာမြေများ ပြန်လည်ရရှိခြင်း မရှိသေးကြောင်း ဟူးကောင်းဒေသခံ တောင်သူများက ပြောကြားသည်။ ပီလောပီနံ စိုက်ခင်းများ တည်ထောင်ရန် ယုဇနကုမ္ပဏီက လယ်ယာမြေ ဧက ၂၀၀၀ ကျော်ကို သိမ်းယူခဲ့သည့်အတွက် ဒေသခံတောင်သူများက ၂၀၀၈ ခုနှစ်က တရားစွဲဆိုခဲ့ရာ လယ်တစ်ဧကလျှင် ကျပ် ၈၀၀၀၀ ပေးရန် အမိန့်ချမှတ်ခဲ့သည်ကို မကျေနပ်၍ ကချင်ပြည်နယ် တရားရုံးသို့ ထပ်မံ တင်ပြရာတွင်လည်း ပလပ်ခံခဲ့ရကြောင်း ဘန်ကောက်ကျေးရွာမှ တောင်သူ ဒေါ်ခေါ်နော်က ပြောဆိုသည်။ ဖားကန့်မြို့နယ် ဝရာဇွပ် ကျေးရွာအုပ်စု အတွင်းရှိ ဝရာဇွပ်ကျေးရွာ၊ စံပြကျေးရွာ၊ နာဂျာပါကျေးရွာ၊ အောင်ရာကျေးရွာ၊ ဘန်ကောက်ကျေးရွာနှင့် ရှာဒူဇွပ်ကျေးရွာ ခြောက်ရွာရှိ လယ်မြေနှင့် ဥယျာဉ်ခြံမြေများကို ယုဇနကုမ္ပဏီက ၂၀၀၆-၂၀၀၇ ခုနှစ်က စ၍ သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက ယုဇနကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်က

ငါးနှစ်အတွင်း ရန်ကုန်တွင် ဟိုတယ်အခန်း ၅၀ ရာခိုင်နှုန်း တိုးလာမည်ဟု အမေရိကန်ဈေးကွ...

ငါးနှစ်အတွင်း ရန်ကုန်တွင် ဟိုတယ်အခန်း ၅၀ ရာခိုင်နှုန်း တိုးလာမည်ဟု အမေရိကန်ဈေးကွက် သုတေသန ကုမ္ပဏီ ခန့်မှန်း ရန်ကုန်၊ မေ ၂၉ ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်လာသည့် အပြင် ယင်းကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အဆက်မပြတ် ဝင်ရောက်လာနေမှုကြောင့် လာမည့် ငါးနှစ်အတွင်း ရန်ကုန်မြို့တော်တွင် ဟိုတယ်အခန်း အရေအတွက် ၅၀ ရာခိုင်နှုန်းခန့် ထပ်မံ တိုးတက်လာမည် ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု အခြေစိုက် နာမည်ကျော် ဈေးကွက် သုတေသနကုမ္ပဏီ Jones Lang LaSalle က ခန့်မှန်းလိုက်သည်။ လက်ရှိအချိန်တွင် ရန်ကုန်မြို့တော်တွင် အခန်းအရေအတွက် ၉၁၀၀ ကျော် ရှိနေပြီး အမေရိကန်၊ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ ကိုရီးယားစသည့် နိုင်ငံများမှ ဟိုတယ်ကဏ္ဍအတွင်း ပိုမို ဝင်ရောက်လာမှုကြောင့် လာမည့် ငါးနှစ်အတွင်း အခန်းအရေအတွက် ၄၅၀၀ ကျော် ထပ်မံ တိုးတက်လာမည် ဖြစ်ကြောင်း Jones Lang LaSalle က ယခု မေလလယ်ပိုင်းတွင် ထုတ်ပြန်သည့် Yangon Hotel Market Update အစီရင်ခံစာတွင် ဖော်ပြထားသည်။ “၂၀၁၁ နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ဟိုတယ် လိုအပ်ချက်က သိသိသာသာ မြင့်မားလာပါတယ်။ ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ နိုင်ငံတကာက ဟိုတယ် အု

"အပြာကားများ ကြည့်ခြင်းသည် အမျိုးသားများ၏ ဦးနှောက်ကို ပျက်စီးစေနိုင်ကြောင်းတွေ့...

"အပြာကားများ ကြည့်ခြင်းသည် အမျိုးသားများ၏ ဦးနှောက်ကို ပျက်စီးစေနိုင်ကြောင်းတွေ့ရှိ" (မေ-၃၀) ပြည့်ပြည့်စုံစုံ ရိုက်ကူး တင်ဆက်ထားသည့် အပြာကားများ ပုံမှန်ကြည့်ရှုခြင်း သည် အမျိုးသားများ၏ ဦးနှောက် အရွယ်အစားအား ကျုံ့သွားစေနိုင်ရုံ သာမက ဦးနှောက်၏ အလုပ်လုပ်နိုင်မှု စွမ်းရည်ကိုပါ လျော့ကျသွားစေကြောင်း ထို့အပြင် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်နိုင်မှု စွမ်းရည်ပါ နည်းပါးလာနိုင်သည့် အပြင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများ အထိပါ တွေ့ရှိရသည်ဟု သုတေသန ပြုလုပ်သူများက အကြံပြုပြောကြားခဲ့သည်။ လူ၏ပျော်ရွှင်မှု၊ ၀မ်းနည်းမှု အစရှိသည့် လှုပ်ရှားမှုများနှင့် ပတ်သက်၍ အလုပ် လုပ်သည့် ဦးနှောက် အစိတ်အပိုင်းသည် ယင်းသို့အပြာကားများ ပုံမှန် ကြည့်ရှုလေ့ ရှိသူများတွင် ကျုံ့လာပြီး အလုပ်လုပ်နိုင်စွမ်းပါ လျော့ကျ လာသည်ဟုတွေ့ရကြောင်း ဘာလင်ရှိ Max Plank သုတေသနအဖွဲ့ အစည်းမှ ပြောကြားခဲ့သည်။ ထို့ကြောင့် ထိုသို့သော သူများအတွက် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်နိုင်မှု စွမ်းရည် ရရှိနိုင်မည့် ရုပ်ပြစာအုပ်များ ပိုမို လိုအပ်လာသည်ဟု ၄င်းတို့က အကြံပြုသည်။ ဦးနှောက်တွင်ပါရှိသော အမြှောင်းလေးများသည် ယင်းသို့သောကြည့်ရှုမှုများ တွင် ပုံမှန်ထက် ပိ

ဆေးလိပ်သောက်သုံးမှု လျှော့ချနိုင်ဖို့ အခွန်တိုးကောက်ရန် WHO နှိုးဆော် ဇာဏီထွဏ်း|...

ဆေးလိပ်သောက်သုံးမှု လျှော့ချနိုင်ဖို့ အခွန်တိုးကောက်ရန် WHO နှိုးဆော် ဇာဏီထွဏ်း| သောကြာနေ့၊ မေလ ၃၀ ရက်၊ ၂၀၁၄ခုနှစ် ဆေးလိပ်သောက်သုံးခြင်းကို လျှော့ချနိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ၂၀၁၄ ခုနှစ် မေလ ၃၁ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ဆေးလိပ်မသောက်ရေး နေ့ဆောင်ပုဒ်အဖြစ် ဆေးလိပ်နှင့် ဆေးရွက်ကြီး အခွန်များ တိုးမြှင့်ကောက်ခံရန် နှိုးဆော်လိုက်သည်။ ကမ္ဘာ့ဆေးလိပ်ကြောင့် ဖြစ်ပွားသည့် ကူးစက်မှုရောဂါသည် တစ်နှစ် လူခြောက်သန်းနီးပါးကို သေစေ လျက်ရှိရာ ထိုလူများသည် ဆေးလိပ်သောက်သုံးမှုကြောင့် သေဆုံးခြင်းမဟုတ်ဘဲ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်မိ၍ သေဆုံးရခြင်း ဖြစ်သည်။ ထိုရောဂါကူးစက်မှုကို ဆက်လက်ဖြစ်ပွားစေပါက ၂၀၃၀ ပြည့်နှစ်သို့ ရောက်လျှင် (နောင် ၁၆နှစ်တွင်) တစ်နှစ်လျှင် သေဆုံးသူ လူရှစ်သန်းကျော် ရှိမည်ဖြစ်ပြီး သေဆုံးမှုများ၏ ၈၀ ရာခိုင်နှုန်းမှာ ၀င်ငွေနိမ့်ကျ သော နိုင်ငံများနှင့် ၀င်ငွေအလယ် အလတ်မျှရှိသော နိုင်ငံများမှ ဖြစ်သည်ဟု WHO က ဆိုသည်။ WHO ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက် ကွန်ဗင်းရှင်းအရ ဆေးလိပ် သောက်သုံးမှုများ လျှော့ချနိုင်ရန် နိုင်ငံများက ဆေးလိပ်ထွက်ကုန် ပစ္စည်းများအပေါ် အခွန်နှင့် ဈေ

ထောင်ကျ နိုင်/ကျဉ်းတစ်ဦးလျှင် လစဉ် ကျပ်ငါးသောင်း ထောက်ပံ့မည် နန်းလွင်နှင်းပွင့...

ထောင်ကျ နိုင်/ကျဉ်းတစ်ဦးလျှင် လစဉ် ကျပ်ငါးသောင်း ထောက်ပံ့မည် နန်းလွင်နှင်းပွင့်| သောကြာနေ့၊ မေလ ၃၀ ရက်၊ ၂၀၁၄ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားဟောင်းများအစည်းအရုံးက ဇွန်လမှစတင်၍ အကျဉ်းထောင်များအတွင်းရှိနေသည့် နိုင်ငံရေးအကျဉ်းသားများကို လစဉ် ကျပ်ငွေ ၅၀,၀၀၀ ထောက်ပံ့သွားမည်ဟု အစည်းအရုံး အထွေထွေ အတွင်းရေးမှူး ဦးရဲထွဋ်ခေါင်က မေ ၂၉ ရက်တွင် စင်ထရယ်ဟိုတယ်၌ ကျင်းပသည့် သတင်းစာရှင်းပွဲတွင် ပြောသည်။ ၎င်းက “တစ်လကို သိန်း ၅၀ ခန့် ကုန်ကျဖို့ လျာထားတယ်”ဟု ပြောသည်။အစည်းအရုံးစာရင်းအရထောက် ပံ့ ရမည့် အကျဉ်းသား ၈၅ ဦးရှိပြီး ထောက်ပံ့ကြေးများကို မိသားစုကတစ်ဆင့် ပေးသွားမည်ဖြစ်သည် ယင်းအပြင် မိသားစုများ သွားလာရေးစရိတ်များကိုလည်း ထောက်ပံ့သွားမည်ဟု ၎င်းက ပြောသည်။ အစည်းအရုံးဥက္ကဋ္ဌ ဦးမောင်မောင်သန်းက နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာသည့် နောက်ပိုင်း တွင် မိသားစု စားဝတ်နေရေး အခက်အခဲများရှိ၍ ထောက်ပံ့ကြေးများ ရရှိမှသာလျှင် ပြန် လည်ရပ်တည် နိုင်မည်ဖြစ်၍ ယခုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်သည်ဟု ပြောသည်။ ထို့အပြင် ပညာသင်စရိတ် မတတ်နိုင်သည့် တက္ကသိုလ်ဝင်တန်းတက်မည့် မည်သူကိုမဆို ထောက်ပံ့ကြေး များပေးနိုင်ရန် စီစဉ်ထားပြီ