Skip to main content

ပြည်ခိုင်ဖြိုးကို အင်န်အယ်လ်ဒီ တိုင်ကြားမှု ရွေးကောက်ပွဲ ကော်မရှင်နှင့်မဆိုင်ဟု တ...



ပြည်ခိုင်ဖြိုးကို အင်န်အယ်လ်ဒီ တိုင်ကြားမှု ရွေးကောက်ပွဲ ကော်မရှင်နှင့်မဆိုင်ဟု တုံ့ပြန်



ကျော်စွာဝင်း| သောကြာနေ့၊ မေလ ၃၀ ရက်၊ ၂၀၁၄ခုနှစ်



သမ္မတအရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉(စ) မပြင်ရေး ဆန္ဒထုတ်ဖော်အပြီး ဗုဒ္ဓရုပ်ပွားတော်များ မဲဖောက်ပေးခဲ့သည့် ဇလွန်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ဘာသာရေးအလွဲသုံးနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်ကြားမှုသည် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၏ လုပ်ပိုင်ခွင့်အတွင်း ရှိမနေဟု ရွေးကောက်ပွဲဌာန၊ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က မေ ၂၉ ရက်တွင် မဇ္ဈိမကို ပြောသည်။



“အဲ့ဒါအုပ်ချုပ်ရေးကိုပဲတိုင်လို့ရတယ်။ ကော်မရှင်နဲ့ မဆိုင်လို့ပြောတာ။ ရွေးကောက်ပွဲကိစ္စလည်းမဟုတ်ဘူး ပါတီစည်း ရုံးရေးကိစ္စလည်းမဟုတ်ဘူးဆိုရင် ကော်မရှင်က ဒီကိစ္စ၀င်ပါလို့မရဘူးလေ၊ ဒါက အုပ်ချုပ်ရေးနဲ့ ဆိုင်သွားပြီ” ဟု ၎င်းက ပြောသည်။ ယင်းကိစ္စကို သက်ဆိုင်ရာမြို့ နယ် NLD က မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံ မေ ၂၆ ရက်စွဲဖြင့် စာပို့ခြင်းဖြစ်သည်။



မေလ ၁၅ ရက်က ဇလွန်မြို့တွင် ပြည်ခိုင်ဖြိုးပါတီကဦးဆောင်ကာ လူအင်အား ငါးထောင်ကျော်ဖြင့် ပြုလုပ်သည့် ပုဒ်မ ၅၉(စ) မပြင်ဆင်ရေးဆန္ဒထုတ်ဖော်ပွဲအပြီး ဗုဒ္ဓရုပ်ပွားတော်များ မဲဖောက်ပေးခြင်းကို NLD က ရည်ညွှန်းတိုင်ကြားခြင်းဖြစ်သည်။



“ကျွန်တော်က ဒီပွဲကို ရည်ရွယ်ပြီး ဘုရားတွေကိုဆောင်ထားတာ မဟုတ်ပါဘူးခင်ဗျ။ ကျွန်တော်က ပုံမှန် လုပ်နေတာခင်ဗျ။ ဒီတစ်ခါနဲ့ဆို လေးခါလောက်ရှိပါပြီ” ဟု ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးချိုမြင့်ခိုင်က ဆန္ဒဖော် ထုတ်သည့်နေ့၌ပင် ပြောကြားခဲ့သည်။



ယင်းတိုင်ကြားစာ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံသို့ ရောက်ရှိခြင်း မရှိသေးဟုလည်း ဦးသောင်းလှိုင်က ဆိုသည်။ ပြည်ခိုင်ဖြိုးပါတီ၏ လှုပ်ရှားမှုသည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဥပဒေဘောင် အတွင်း၌သာဖြစ်၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့်သာ သက်ဆိုင်သည်ဟု ကော်မရှင်တာဝန်ရှိသူက သုံးသပ်သည်။



“ပြည်ထဲရေးကို သက်ဆိုင်ရာ ထွေအုပ်ကကိုင်တယ်။ ပြည်ထဲရေးမှာ လျှောက်ရတယ်” ဟု ဦးသောင်းလှိုင် က ပြောသည်။ ဇလွန်မြို့နယ် အင်န်အယ်လ်ဒီ အလုပ်အမှုဆောင်အဖွဲ့အတွင်း ရေးမှူး ဦးလင်းနိုင်ထွန်းကမူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်သာ သက်ဆိုင်သည်ဟု ပြောသည်။



“အကြောင်းမပြန်ရင် ဗဟိုအဆင့်ကို ထပ်ပြီးသွားမှာပါ။ ရွေးကောက်ပွဲကော်မရှင် ကော်မရှင်အ ဖွဲ့ခွဲတင်တာက တင်သင့်လို့တင်တာပါ” ဟု ၎င်းကပြောသည်။ တိုင်ကြားပြီး လေးရက်ကြာသည်အထိ မြို့နယ် ကော်မရှင်အဖွဲ့ခွဲက အကြောင်းပြန်ခြင်းမရှိဟု ဦးလင်းနိုင်ထွန်းက ဆိုသည်။



ဇလွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တာဝန်ရှိသူတစ်ဦးကလည်း“ကော်မရှင်ကို မတက်လာသေးဘူး။ ဒါက အထွေထွေအုပ်ချုပ်ရေးနဲ့ပဲဆိုင်တယ်” ဟု မေ ၂၉ရက်တွင် မဇ္ဈိမကို ပြောသည်။ NLD ကမူ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို တိုင်ကြားရန်မရှိဟုဆိုသည်။



“ဒီဟာက ရွေးကောက်ပွဲကော်မရှင် ကထုတ်ထားတဲ့ ဥပဒေမှာကိုက ပါတီတွေ စည်းရုံးလှုံ့ဆော်မှုမှာ ဘာသာရေးကို ထည့်သွင်းပြီးမလုပ်ရဘူးလို့ ပါပါတယ်။ နောက်ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ပါတယ်” ဟု ဦးလင်းနိုင်ထွန်းက ပြောသည်။



ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ ပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၌မူ ဘာသာရေးကို နိုင်ငံရေးအရ အလွဲသုံးစားပြုသည်ဟု တွေ့ရှိလျှင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာပါတီ၏ မှတ်ပုံတင်ခွင့်ကို ပယ်ဖျက်နိုင်သည်။



အနီးစပ်ဆုံးအဖြစ် မေ ၂၂ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ရည်ညွှန်းအသိပေးမှုတစ်ခု ပြုလုပ်ခဲ့သေးသည်။ အင်န်အယ်လ်ဒီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်၏ ဟောပြောမှုများသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ တို့နှင့် ညီညွတ်ရန်လိုသည်ဟု ကော်မရှင်က အကြောင်းကြားခြင်းဖြစ်သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1k6pIPw

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...