Skip to main content

Posts

Showing posts from March 9, 2015

စအိုကွဲခြင်း (Anal Fissure)

စအိုဝရှိ အမြှေးပါးမှာ အနည်းငယ် ပြဲနေတာကြောင့် နာကျင်မှုဝေဒနာ ဖြစ်ပေါ်တာကို စအိုကွဲတယ် (Anal Fissure) လို့ ခေါ်ပါတယ်။ တစ်ခါတစ်ရံမှာ သွေးထွက်တတ်ပါတယ်။ ရောဂါလက္ခဏာ စအိုဝမှာ နာကျင်နေတတ်ပါတယ်။ ဝမ်းသွားစဉ်မှာ ပိုဆိုးတတ်ပါတယ်။ စအိုမှာ ပူစပ်ပူလောင် ဖြစ်နေပြီး ဝမ်းသွားစဉ်မှာ သွေးထွက်တာ ဖြစ်ပေါ်တတ်ပါတယ်။ စအိုထိပ်မှာ ယားယံနေတတ်ပါတယ်။ ဝမ်းသွားရင် နာကျင်တတ်တဲ့အတွက် စအိုကွဲနေတဲ့ လူဟာ ဝမ်းသွားဖို့ အောင့်ထားတတ်ပါတယ်။ ဝမ်းသွားပြီးရင်တောင် နာကျင်နေတတ်ပါတယ်။ ဘာကြောင့်ဖြစ်သလဲ မာကျောပြီး ခြောက်သွေ့တဲ့ မစင်ကို ညှစ်ရတာကြောင့် စအိုအမြှေးပါး စုတ်ပြဲသွားတတ်ပါတယ်။ စုတ်သွားပြီး အနာဖြစ်လာတာကို Anal Fissure လို့ ခေါ်ပါတယ်။ဝမ်းပျက်တာနဲ့ စအိုနေရာမှာ ရောင်ရမ်းမှု ဖြစ်တာကြောင့်လည်း Fissure ဖြစ်တတ်ပါတယ်။ Anal Fissure ကို လတ်တလောဖြစ်တဲ့ အခြေအနေနဲ့ နာတာရှည် ဒါမှမဟုတ် မကြာခဏ ပြန်ဖြစ်တဲ့ အခြေအနေဆိုပြီး ခွဲခြားထားပါတယ်။ လတ်တလောဖြစ်တဲ့ Fissure ဟာ များသောအားဖြင့် မာကျောတဲ့ မစင်တုံးကြောင့်ဖြစ်ပြီး နာတာရှည် Fissure မှာမူ စအိုကို ထိန်းချုပ်ထားတဲ့ ကြွက်သားတွေ တင်းကျပ်လွန်းတာကြောင့် ဖြစ်တာပါ။ လတ်တလောဖြစ်တဲ့ Fissure တွေ မကြာခဏ ပြန်ဖြစ်ပြ

ရင်သားကင်ဆာနှင့်ဆက်စပ်နေသော အချက်များ

(၁) အသက်အရွယ် အသက်ကြီးလေလေ ရင်သား ကင်ဆာဖြစ်နိုင်ခြေ ပိုများလေလေ ဖြစ်သည်။ (၂) နိုင်ငံဖွံဖြိုးမှု ဖွံဖြိုးပြီးနိုင်ငံသူများသည် ဖွံဖြိုးမှု အနည်းဆုံး ဖြစ်သော နိုင်ငံသူများထက် အဖြစ်ပိုများသည်။ (၃)မျိုးပွားမှုဆိုင်ရာ အချက်အလက်များ ရာသီသွေးစပေါ်သည့်အသက်အရွယ် စောလွန်းခြင်း၊ ပထမကလေးယူသည့် အသက်အရွယ် နောက်ကျခြင်း၊ ကလေးမမွေးခြင်း(သို့)ကလေးယူသည့်အရေအတွက် နည်းခြင်း၊နို့မတိုက်ခြင်း၊ရာသီသွေးဆုံးမှု နောက်ကျလွန်းခြင်း တို့သည် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ပိုများစေသည်။ (၄)ဟော်မုန်းသုံးစွဲသူများ (သန္ဓေတားဆေးကတ်၊ ဟော်မုန်းကုထုံးများ) (၅) ရင်သားငယ်ကျစ်သူများ (၆) ရင်သားရောဂါအခံရှိသူများ (၈) ရင်သားကင်ဆာ မျိုးရိုးရှိသူများသည် ရင်သားကင်ဆာ ဖြစ်နိုင်ချေ ပိုများကြောင်း ဆက်စပ်တွေ့ရှိရသည်။ အခြား အချက်အလက်များမှာ (၁) အ၀လွန်သူများ၊ ကိုယ်လက်လှုတ်ရှားမှု နည်းသူများ၊ အဆီအစားများသူ၊ ဓါတ်ရောင်ခြည်နှင့်ထိတွေ့မှုများသူ အရက်သောက်သုံးသူနှင့် ဆေးလိပ်သောက်သုံး သူများသည်လည်း ရင်သားကင်ဆာဖြစ်ပွားမှုနှင့် ဆက်စပ်နေကြောင်း တွေ့ရှိရပါသည်။ ဒေါက်တာခင်နိုင်ဦး Ref: Cancer Research UK from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://if

မြန်မာ့ဆေးဖက်ဝင် ပရုတ်ပင်

Item Name -------- Camphor (ပရုတ်ပင်) Category ------------ Raw Material Botany Term ------- Cinnamomum camphora Nees Species Family ----- Lauraceae မြန်မာ နိုင်ငံ နေရာ အနှံ့ အပြားတွင် စိုက်ပျိုးပေါက် ရောက်သည် ကို တွေ့ရသည်။သမပိုင်း ဖြစ်သည့် မြန်မာပြည် မြောက်ပိုင်းတွင် သဘာဝ အလျောက် ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက် သည်။ မြေမျိုး မရွေး ဖြစ်ထွန်း နိုင်သည်။ ကျင်း ၂၄’’ x ၂၄’’ သို့မဟုတ် ၃၀’’ x ၃၀’’ စနစ် အရ ပြုပြင် ပေးရ၍ တစ်တန်း နှင့် တစ်တန်း ၂၄ ပေ အထိ ခွာပြီး တစ်ပင် နှင့် တစ်ပင် ၄-၆ ပေ အထိ ခွာထား သင့်သည်။ မျိုးစေ့ ပျိုးရာ၌ ပလတ်စတစ် အိတ်သော် လည်းကောင်း၊ ၀ါးဆစ် သော် လည်းကောင်း၊ ခြင်းတောင်း သော် လည်းကောင်း အသုံးပြု၍ ပျိုးထောင် ရမည်။ အပင် ပေါက်ရန် ၃-၄ လ အထိ ကြာတတ် သည်။အပင် ပေါက်နှုန်း ညံ့သည့် အတွက် ခြင်းတောင်း တစ်ခြင်း တွင် မျိုးစေ့ ၃-၄ စေ့ သာ ချ သင့်သည်။စိုက်ကျင်းများ ၂’ x ၂’ တွင်းတူး၍ သဘာဝ မြေသြဇာ ၃၀% အပေါ်ယံမြေ ၃၀% နှင့် အောက်ခံ မြေများ ရောစပ်၍ ထည့်ပေးပြီး စိုက်ပျိုးရမည်။ တူး၍ အသင့် ပြင်ဆင် ထားသည့် စိုက်ခင်း၌ မိုးဦးကျ အချိန် တွင် တစ်နှစ်သားခန့် ပျိုးပင်များ ကို မြေချ စိုက်သင့်သည်။ ပေါင်

ဂျင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ

ဂျင်းဟာ အလွန်ဆေးဝင်တဲ့ အစားအစာတစ်မျိုးဖြစ်သလို ဆေးဖော်စပ်ရာမှာလည်း အလွန်အစွမ်းထက်တဲ့ သဘာဝဆေးတစ်မျိုး ဖြစ်ပါတယ်။ ဂျင်းပြုတ်ရည်ကို အမျိုးသမီးများသာမက အမျိုးသားများလည်း မကြာခဏ သောက်သုံးပေးနိုင်ပါတယ်။ ဆေးဖက်ဝင်အောင် ဂျင်းပြုတ်ရည် ပြုတ်နည်း (၁) ဂျင်းတက်ကို အခွံခွါ၊ အကွင်းလိုက်ပါးပါးလှီး၍ ပွတ်ပွတ်ဆူနေသော ရေနွေးအိုးထဲကို ထည့်ပါ။ (၂) အနည်းဆုံး ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ပြုတ်ထားပါ။ (၃) ရေနွေးအိုးကို အောက်ချ၊ အဖုံးအုပ်ထားပြီး ၁၀ မိနစ်ခန့် ထားပါ။ (၄) ခပ်နွေးနွေးလေးဖြစ်ရင် ခွက်ထဲကို ဂျင်းပြုတ်ရည်ထည့်၍ ရှောက်သီး တစ်စိတ် ညစ်ထည့်ပါ။ (၅) ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းလောက်ထည့်ပါ။ ပူစီနံရွက် ၂ ရွက်ခန့် ထည့်၍ သောက်ပါ။ ဂျင်းကို ဂျင်းပြုတ်ရည်လုပ်သောက်နိုင်ရုံမကပဲ ဂျင်းသုပ်လုပ်စားခြင်း၊ ဟင်းချက်ရာတွင် ထည့်သွင်းစားသုံးခြင်း စသဖြင့် အမျိုးစုံးပြုလုပ်၍ စားသုံးပေးနိုင်ပါတယ်။ ဂျင်းမှာပါဝင်တဲ့ Manganese ဓါတ်ဟာ Testosterone ထုတ်လွတ်မှု များပြားသည့်အတွက် မျိုးအောင်နှုန်းကို ပိုမိုမြင့်တက်လာစေပါတယ်။ သွေးလည်ပတ်မှုကို အားကောင်းလာစေသည့်အတွက် အမျိုးသားများအတွက် အိမ်ထောင်မှုသုခကို ပြည့်ဝစေပါတယ်။ ဂျင်းမှာပါဝင်တဲ့ ဗီတာမင်

ပန်ကာနှင့်အိပ်စက်ခြင်း၏ အန္တရာယ်များ

အိပ်မပျော်သူများအတွက် ပန်ကာနှင့်အိပ်စက်ခြင်းက ညင်သာစွာ လှုပ်သိပ်စေသလိုဖြစ်သည်။ သို့သော် ဘေးထွက်ဆိုးကျိုးများက လူတစ်ယောက်၏ ကျန်းမာရေးကို ထိခိုက်စေသည်။ အိပ်စက်သူ၏အသက်အရွယ် ပေါ်မူတည်ပြီး ကွဲပြားသော ကျန်းမာရေးဆိုးကျိုးများကို ဖြစ်ပေါ်စေသည်။ အချို့ကလက်ကပ်ခြင်း၊ နှာစေးခြင်း၊ ကျောအောင့်ခြင်း၊ အဆုတ်အအေးမိခြင်း၊ ခေါင်းကိုက် ခြင်း၊ ဇက်ခိုင်ခြင်း၊ ခြေထောက်များ လေးခြင်း စသည်ဖြင့် အမျိုးမျိုးကွဲပြားတတ်သည်။ ထို့အပြင်- (၁) အသံ ပန်ကာမှ ထွက်သောအသံကြောင့် အိပ်ချိန်တွင် နှောင်ယှက်မှုအသေးအမွှားကို ဖြစ်စေသည်။ ပန်ကာအ သေးများက နှောင့်ယှက်မှုနည်းသော်လည်း၊ မျက်နှာကျက်ပန်ကာမျိုးက မိမိ၏အိပ်ချိန်ကို အနှောင့်အယှက် ပို၍ ဖြစ်စေသည်။ (၂) ရုတ်တရက်ကလေးများသေဆုံးမှုများ ကျန်းမာရေးစောင့်ရှောက် မှုကွပ်ကဲရေးအဖွဲ့အစည်းတစ်ခု၏ ရှာဖွေတွေ့ရှိချက်အရ ကလေးအိပ်ခန်းတွင် ပန်ကာနှင့်အိပ်စက်ခြင်းဖြင့် ကလေးများ ၇၀%ခန့် ကျန်းမာ ရေးထိခိုက်စေခြင်း ၊ သေဆုံးခြင်းတို့ကို ဖြစ်စေ သည်ဟုသိရသည်။ အခန်းတွင်း လေဝင်လေထွက် ကောင်းပြီး ကာဗွန်ဒိုင်အောက်ဆိုက်ဒ်များကို ပြင်ပသို့ ထုတ်ပစ်နိုင်ခြင်းအား တားဆီးသလို ဖြစ်ရပြီး ကလေးများ အသက်ရှူသွင်းခြင်းစနစ်ကို ထိခိုက်စေသည