Skip to main content

Posts

Showing posts from January 30, 2015

ထမင်းစားစဉ် ရေခဲရေ မသောက်သင့်

ထမင်းစားနေစဉ်နှင့် ထမင်းစားပြီး ၁၅ မိနစ်ခန့်အချိန်အတွင်း ရေခဲရေ၊ အလွန်အေးသောရေနှင့် အအေးမျိုးစုံတို့ကို မသောက်သုံးသင့်ကြောင်း နိုင်ငံတကာ ကျန်းမာရေးစာမျက်နှာများမှာ မကြာခဏ ဖတ်ရှုရပါတယ်။ ကျန်းမာရေးပါရဂူကြီးများ၏ လေ့လာတွေ့ရှိချက်များအရ ထမင်းစားစဉ် ရေခဲရေသောက်သော လူများနှင့် ရေနွေးသောက်သောသူများကို နှစ်ရှည်လများ လေ့လာဆန်းစစ်ကြည့်ရာ ရေနွေးကို သောက်သောသူများက ရေခဲရေသောက်သူများထက် အနာရောဂါပိုမိုကင်းရှင်းပြီး အသက်ကလည်း ပိုရှည်နေကြောင်း တွေ့ရှိရပါတယ်။ အစာစားနေစဉ် အအေးကို သောက်လိုက်ပါက မကြာခင်ကမှ စားထားသည့် အစာများကို အဆီအခဲအဖြစ်၊ အစိုင်အခဲအဖြစ် ပြောင်းလဲစေပြီး အာဟာရကို မဖြစ်စေပဲ ရောဂါကိုသာ ဖြစ်စေပါတယ်။ ၄င်းအဆီအခဲများဟာ အစာအိမ်၊ အူသိမ်အူမတို့ကို ထိခိုက်ပျက်စီးစေပြီး၊ အစာမကြေခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ ရုတ်တရက် အသက်ရှုကျပ်စေခြင်းတို့ကို ဖြစ်စေသည့်အပြင် ရေရှည်မှာ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာရောဂါတို့ကိုလည်း ဖြစ်နိုင်ခြေပိုများစေပါတယ်။ ယခုဆိုလျှင် ကျန်းမာရေးအသိပညာပေးအလွန်မြင့်မားသည့်နိုင်ငံများမှာ (အထူးသဖြင့်) ဂျပန်နှင့် အမေရိကတို့လို နိုင်ငံတို့မှာ အစာမစားမီ စွပ်ပြုတ်

အသည်းရောင်အသားဝါ B ပိုးအတွက် သဘာဝဆေးနည်းများ

အသည်းရောင်အသားဝါ B ပိုးအတွက် သဘာဝဆေးနည်းများကို စုစည်း၍ ကျန်းမာရေးသတင်းများမှ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဆေးနည်း(၁) မြန်မာ့ရိုးရာသဘာဝဆေးနည်းများမှာတော့ ဘီပိုးအတွက် သခွတ်ပွင့်ဟာ ထင်ရှားပါတယ်။ သခွတ်ပင်၏ အပွင့်၊ အရွက်၊ အခေါက်တို့ကို ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ သခွတ်၏ အခေါက်နှင့် အရွက်တို့ကို အခြောက်ခံထားပြီး မြေအိုးနှင့် ရေ သုံးခွက်တစ်ခွက် ကျိုပြီး တစ်နေ့ကို လက်ဖက်ရည်ပန်းကန် ၂ လုံးခန့် သောက်ပေးနိုင်ပါတယ်။ အရွက်နှင့်အပွင့်တို့ကိုလည်း လက်ဖက်ခြောက်ကဲ့သို့ ပြုလုပ်၍ ရေနွေးထဲ ထည့်သောက်နိုင်ပါတယ်။ အပွင့်ကို ပြုတ်၍ တို့စရာအဖြစ် စားသုံးနိုင်ပါတယ်။ ကန်ဇွန်းရွက်တို့လို အသီးအရွတ်တို့နှင့်လည်း ရော၍ ကြော်စားနိုင်ပါတယ်။ သခွတ်ပင်ဟာ ဘီပိုးရောဂါတင်မကပဲ အသည်းရောဂါများကိုပါ သက်သာပျောက်ကင်းစေပါတယ်။ ဆေးနည်း(၂) ၁။ ဟင်းနုနယ် ဆူးပေါက် ပဉ္စငါးပါးကို လက်တစ်ဆုပ်ခန့် ၂။ ထန်းလျက် ၁ ကျပ်သား ၃။ သကြား ၁ ကျပ်သား ၄။ ရေသန့် ၁ နို့ဆီဗူး ၃ခွက် ၄င်းတို့ကို သုံးခွက်တစ်ခွက်တင် ကျို၍ မနက်တစ်ခွက် ညတစ်ခွက်ဖြင့် တစ်ပတ်ခန့် သောက်ပေးပါက သက်သာပျောက်ကင်းစေပါတယ်။ ဆေးနည်း(၃) စပလင် ၃ ပင်ခန့်ကို ရေစင်အောင် ဆေးကျောပြီး ရေ ၃ ခွက် ၁ ခွက်တင်ေ

ခါးနာခြင်းနှင့်ကျောရိုးဆစ်လွဲသွားခြင်းတို့ မဖြစ်ပွားရအောင် ကာကွယ်နည်းမှာ

မာသောမွေ့ယာပေါ်၌ အိပ်ခြင်းနှင့် ခါးရိုးတစ်လျှောက်ရှိ ကြွက်သားများ၊ အရွတ်များ သန်မာလာစေမည့် လေ့ကျင့်ခန်းများ မှန်မှန် ပြုလုပ်ပေးခြင်း ပင်ဖြစ်သည်၊ ၎င်းတို့မှာ- (၁) လမ်းမှန်မှန် လျှောက်ပေးခြင်းဖြင့် ခါးရှိုး ကြွက်သားများကို သန်မာစေသည့် အပြင် ခါးရိုးကို ထောက်ပံ့ပေးထားသည့် အရွတ်များကိုလဲ အားရှိစေပါသည်၊ (၂) လမ်းမှန်မှန် မလျှောက်နိုင်သူများအဖို့ အောက်ဖေါ်ပြပါ လေ့ကျင့်ခန်းများကို နေ့စဉ်မှန်မှန် ပြုလုပ်ပေးပါက ခါးနာခြင်းမှကင်းဝေးစေပါသည်၊ ရှေးဦးစွာ မွေ့ယာတစ်ခုပေါ်တွင် မှောက်လျက်အိပ် ပါ၊လက်နှစ်ဖက်ကို ဘေးတစ်ဖက် တစ်ချက်စီတွင် ချထားပါ၊ ထို့နောက်ခေါင်း၊လည်ပင်းနှင့် ရင်ပိုင်းတို့ကို(ခါးကော့ပြီး) အပေါ်သို့ မ နိုင်သလောက် မပါ၊ ထို့နောက် ပြီးလျှင် ပြန်ချပါ၊ ထိုသို့(၁၀)ကြိမ် ပြုလုပ်ပါ၊ ထို့နောက် ဒူးမကွေးစေဘဲ ခြေတောက်ကို အပေါ်သို့မပေးပါ၊ ထို့နောက်ပြန်ချပါ၊ ထိုသို့(၁၀)ကြိမ်ပြုလုပ်ပါ၊ နောက်ဆုံးတွင် ခေါင်းပိုင်းရော၊ ခြေတောက်ပိုင်းပါ(ခါးကြော့ပီး) တပြိုင်နက်(၁၀)ကြိမ် မ ပါ၊ ပြန်ချပါ။(ထိုသို့ ပြုလုပ်ရာတွင် လက်နှစ်ဖက်၏ အကူအညီမပါဘဲ ပြုလုပ်ရပါမည်၊) (၃) နောက် လေ့ကျင့်ခန်းတစ်ခုမှာ ခါးကို မတ်မတ်ထားပြီး ခြေဖျားထောက်၍ ထိုင်ထ ပြု

ခါးနာခြင်း

လူတစ်ယောက်သွားလာ လှုပ်ရှားနိုင်ရန် ဟန်ချက်ညီညာ ထိန်းထားသော အဓိကတာဝန်ကို လုပ်ဆောင်ပေးသော ခါးအတွက် ခါးဝေဒနာ တစ်ခု မဖြစ်ပေါ်စေရန် အရေးပါသော အချက်ပင်ဖြစ်ပါသည် ။ တစ်နေ့ တာအတွက် တစ်ပတ်တာ အတွက် အထိုင်များခြင်း ၊ လုပ်ငန်းဆောင်တာများ များပြားခြင်းကြောင့် အနှိပ်ခံခြင်းကို လုပ်ဆောင်ကြပါသည် ။ တစ်ချို့ ဆိုလျှင် အနှိပ်ခံရန် အနှိပ်ခန်း (ဇိမ်ခံရန်အတွက် )တစ်ခုကို သွားလာခြင်းသည်အတွက် လူနေမှု့ ပုံစံတစ်ခု အနေဖြင့် သွားလာနေရခြင်းကို အရသာတစ်ခု အနေဖြင့် ခံယူနေကြပါသည် ။ နှိပ်နယ်ခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်လာမည်ကိုပင် သတိပင်မရ နတ်စည်းစိမ်အလားအောက်မေ့လာကြသည့်အခါ ကြိမ်ဖန်များလာတော့ ကြွက်သားတွေနာ အရိုးအဆစ်တွေနာ ရောဂါဝေဒနာတွေ ပြလာကြတော့မှ ဝေဒနာ တစ်ဖက် ဆေးတွေ နဲ့ ဖက်ရသည့်လူအများအပြားရှိကြပါသည် ။ သည်လို အဆိုးဆုံးကတော့ ခါးနာဝေဒနာစွဲကပ် ဖြစ်ပေါ်လာခြင်းပင် ဖြစ်ပါသည် ။ လူအသက် လေးဆယ်ကျော်လျှင် အနင်းခံ အနှိပ်ခံခြင်းကြောင့် ခါးနာတက်သည်ကို သတိပြု့ စေချင်ပါသည် ။ လူအများအပြားသည် ထိုင်နေပေမဲ့ ခါးကိုတည့်မတ်သည့်ပုံစံအဖြင့် မရှိကြပါဘူး ဆိုဖာအပေါ်ကြာကြာထိုင်မိလျှင် ပိုမိုဂရုစိုက်ရန်လိုအပ်ပါသည် ။ ခါးဆစ်ရိုးအနေအထားကို

မြွေအဆိပ်ကိုနိုင်သော သဘာဝဆေးပင်

ဒီပုံထဲက အပင်ဟာ ဒန္တသုခဆေးပင်(တောဓါးပြဆေးပင်) ဖြစ်ပါတယ်။ ဒီဆေးပင်ကို ရှေးကတည်း သမားတော်များကလည်း ဆေးအမျိုးမျိုးအဖြစ် အသုံးပြုလာခဲ့ကြပါတယ်။ မြွေ၊ ကင်း၊ ပျား၊ ပုရွတ်ဆိတ်စတဲ့ အဆိပ်ရှိတဲ့အကောင်များ အကိုက်ခံရလျှင် ၄င်းအပင်၏ အရွက်၊ အကိုင်း၊ အပွင့်တို့ကို ရောကြိတ်၍ အနာပေါ်ကို အုပ်ပေးထားပါက ၅ မိနစ်အတွင်း အဆိပ်ပြေသွားပါမယ်။ အရေးကြုံလာလို့ ကြိတ်စရာမရှိလျှင် သွားဖြင့်ဝါး၍ အရည်ကို မျိုချကာ အဖတ်ကို အနာပေါ်အုပ်ပေးနိုင်ပါတယ်။ နယ်စွန်နယ်ဖျားဒေသ၊ တောအရပ်ဒေသနှင့် မြွေပေါသည့် အရပ်ဒေသတို့မှာ နေထိုင်ကြတဲ့ သူများအတွက် အလွန်အဖိုးတန်သည့် အရေးပေါ်အသက်ကယ်ဆေးတစ်လက်ဖြစ်ပါတယ်။ သင့်မိတ်ဆွေများကိုလည်း Share ပေးခြင်းဖြင့် တန်ဖိုးရှိလှသည့် လူ့အသက်တစ်ချောင်းကို ကယ်တင်နိုင်ကြပါစေ။ စောနွဲ့ နေဆိုင်(ပူတာအို) ကိုးကား ။ ။ မြန်မာ့ဆေးကျမ်းများ ကျန်းမာရေးသတင်းများ from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1CFWxdv

ထိခိုက်၊ရှနာနှင့် မီးလောင်ဒဏ်ရာများတွက် သဘာဝဆေးနည်း

ဒီအပင်ဟာ မြန်မာပြည်အနှံ့အပြားမှာ ပေါက်နေကြသည့်အတွက် မြင်ဖူးကြမှာပါ။ ရွက်ကျပင်ပေါက်ပင် ဖြစ်ပါတယ်။ အင်္ဂလိပ်လို Air plant Life Plant (ရွက်ကျ ပင်ပေါက်) Botany Term အသုံးအနှုန်းနဲ့ဆိုရင်တော့ Bryophyllum calycinum Salisb လို့ခေါ်ပါတယ်။ ရွက်ကျပင်ပေါက်ပင်ဟာ ထိခိုက်၊ ရှနာ၊ သွေးထွက်၊ မီးလောင် စတဲ့ ဒဏ်ရာတွေအတွက် အလွန်ကို အသုံးဝင်သော ဆေးဖက်ဝင် အပင်တစ်မျိုး ဖြစ်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ အညွန်း ၁။ ထိခိုက် ရှနာနှင့် သွေးစိမ်းထွက်သောအနာများအတွက် ရွက်ကျ ပင်ပေါက်ရွက်ကို မီးကင်၍ ကပ်ပေးက သွေးများ ရပ်စဲ၍ အနာကျက်လွယ်၏။ ၂။ အရွက်ကို ကြိတ်ညှစ်၍ ရသောအရည်ကို လိမ်းပေးမူ အနာစက် ၊ အနာမီးလျှံ ၊ မွေးကျွတ်နာ များ ပျောက်၏။ ၃။ ရွက်ကျ ပင်ပေါက်ရွက်ကို မီးကင်၍ ထိခိုက် ရောင်ရမ်းနေသော ဒဏ်ရာ များကို ကပ်ပေးပါက ရောင်ရမ်းကျဆင်း၍ ဒဏ်ရာများ သက်သာပျောက်ကင်း၏။ ၄။ ရွက်ကျ ပင်ပေါက်၂ ရွက် ကို ငရုတ်ကောင်းအနည်းငယ် ထည့်၍ ညက်စွာ ကြိတ်ပြီး သောက်က ဆီးပူ ၊ ဆီးချုပ် သွေးမြင်း သရိုက် နှင့် လူပျိုနာကြောင့်ဖြစ်သော အနာများ ပျောက်ကင်း၏။ ၅။ အရွက်ကို ကြိတ်၍ ရသောအရည်ကို သောက်ပေးပါက ကာလ ၀မ်းရောဂါ ပျောက်ကင်း၏။ ၆။ အရွက်ရည်ကို လိမ်းပေးက အဆစ်လွှဲ ၊ အကြောထံ