Skip to main content

Posts

Showing posts from October 21, 2014

လူသား အစစ် မဟုတ်သည့် မိန်းကလေးအတုကို အစစ်ထင်ကာ အင်တာနက်တွင် လိင်ဆက်ဆံရန် ကြိုးစားခဲ့သူ ၁ဝဝဝ မှ တစ်ဦးကို စတင်အရေးယူ

လန်ဒန် အောက်တိုဘာ ၂၁ ရန်ပုံငွေရှာသည့် အဖွဲ့အစည်း တစ်ခုမှ ပရဟိတ ဝန်ထမ်းများ ဖန်တီးထားသည့် အသက်(၁ဝ)နှစ်အရွယ် လူသားအစစ် မဟုတ်သည့် မိန်းကလေး အတုနှင့် အင်တာနက်တွင် Webcan မှတစ်ဆင့် တိတ်တခိုး လိင်ဆက်ဆံရန်ကြိုးစား ခဲ့သူများစွာထဲမှ သြစတြေးလျနိုင်ငံ သားတစ်ဦး ပထမဆုံး အကြိမ်အဖြစ် အရေးယူခံထားရကြောင်း ဘီဘီစီ သတင်းဌာနက ယနေ့ဖော်ပြသည်။ အဆိုပါ မိန်းကလေး အတု၏ အမည် မှာ ဆွီတီဖြစ်ပြီး ပရဟိတဝန်ထမ်းများ ၏ ထောင်ခြောက်မိကာ ဆွီတီနှင့် Webcan မှတစ်ဆင့် လိင်ဆက်ဆံရန် ကြိုးစားခဲ့သူ စုစုပေါင်း ၁ဝဝဝ ခန့် ရှိကြောင်း၊ နိုင်ငံပေါင်း ၇၁ နိုင်ငံမှ ယောက်ျားများပါဝင်ကြောင်း ပရဟိတ ဝန်ထမ်းများက ပြောသည်။ လက်ရှိ အရေးယူခံထားရသည့် သြစတြေးလျ နိုင်ငံသားသည် ဆွီတီကို Webcan ရှေ့၌ လိင်ဆက်ဆံသည့်ပုံစံမျိုး သရုပ်ဆောင် ပြရန် ပိုက်ဆံပေး၍တောင်းဆိုခဲ့ကြောင်း သိရသည်။ ဆွီတီနှင့်ပတ်သက်သူများထဲ တွင် ဗြိတိန်နိုင်ငံသား ၁၁ဝ ခန့် ပါဝင်ပြီး ၄င်းတို့၏အမည်များကို အင်္ဂလန်အမျိုးသား စုံစမ်းထောက်လှမ်းရေးအဖွဲ့ထံသို့ ပေးအပ် ထားကြောင်း၊ လက်ရှိအချိန်တွင် အဖမ်း အဆီးမလုပ်သည့်တိုင် စုံစမ်းစစ်ဆေးမှုများ ကို ထိထိရောက်ရောက်ပြုလုပ်သွားမည် ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအ

ဆယ်ကျော်သက်အရွယ် အမေရိကန် အမျိုးသမီးငယ်တစ်ချို့ ဂျီဟတ်ကို ဆက်သွယ် ဝင်ရောက် ရန်ကြိုးစားခဲ့ကြောင်း သံသယဖြစ်ဖွယ် တွေ့ရှိရ

AFP၊ အောက်တိုဘာ ၂၂ အမေရိကန် ပြည်ထောင်စုမှ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်(၃)ဦးသည် ဆီးရီးယားရှိ အစ္စလာမ်မစ်နိုင်ငံ ထူထောင်ရန်ကြိုးစားနေသည့် စစ်သွေးကြွ အဖွဲ့များထံ ဆက်သွယ်ရန် ကြိုးစားခဲ့သည့် သံသယဖြစ်ဖွယ်ရာများ တွေ့ရှိ ရကြောင်း၊ အဆိုပါမိန်းကလေးငယ်များသည် မိဘများ၏ ပိုက်ဆံကို ခိုးယူပြီး ဂျာမနီကို သွားရောက်ရန် ကြိုးစားခဲ့ခြင်း ဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက ထုတ်ဖော် ပြောဆိုလိုက်သည်။ အဆိုပါ ဆယ်ကျော်သက်အရွယ် မိန်းကလေးများ၏ အသက်အရွယ်မှာ ၁၅၊ ၁၆၊ ၁၇ နှစ် အရွယ်များ ဖြစ်ကြပြီး လွန်ခဲ့သည့်သောကြာနေ့ က ကျောင်းပြေးခဲ့ကြခြင်း ဖြစ်သည်။ ၄င်းတို့ ကို ဂျာမနီနိုင်ငံ Frankfurt လေးဆိပ်တွင် FBI က တားဆီး ခဲ့ပြီး ကော်လိုရာဒို သို့ ပြန်လည် ခေါ်ဆောင်လာခဲ့ပြီး မိသားစုနှင့် ပြန်လည်တွေ့ဆုံပေးခဲ့ခြင်းဖြစ်ကြောင်း FBI ပြောခွင့်ရ ပုဂ္ဂိုလ် Suzie Rayne က ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆယ်ကျော်သက် မိန်းကလေးငယ်များသည် တူရကီမှတစ်ဆင့် ဆီးရီးယား သို့ ဦးတည်ခြင်း ဖြစ်နိုင်ကြောင်း၊ ယခုအခါ ၄င်းတို့၏ကွန်ပျူတာ အပါအဝင် အထောက်အထားများကို ပြန်လည် သုံးသပ်လျက် ရှိကြောင်း အမေရိကန်အရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။ “ယခုကိစ္စသည် လူ့အဖွဲ့

သဘာဝဘေးဒဏ်ခံ လယ်သမား ထောက်ပံ့ကြေးရမည်

သဘာဝဘေး အန္တရာယ်ကြောင့် သီးနှံတွေ ပျက်စီးဆုံးရှုံးရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေက မျိုးစပါးနဲ့ စိုက်ပျိုး စားရိတ်ကို နိုင်ငံတော် သမ္မတရဲ့သီးသန့်ရန်ပုံငွေကနေ ထောက်ပံ့နိုင်ကြောင်း လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်ဇော်က ပြည်သူ့ လွှတ်တော်မှာ မနေ့က ပြောဆိုခဲ့ပါတယ်။ နွေစပါး စိုက်ပျိုး စရိတ်ချေးငွေဟောင်း အကြေပေးသွင်းပြီးမှ မိုးစပါး စိုက်ပျိုး စရိတ်ချေးငွေ အသစ် ထပ်ချေးတဲ့ စည်းကမ်းချက်ရှိပေမဲ့၊ သဘာဝဘေးနဲ့ ပိုးမွှားဒဏ်ကြောင့် သီးနှံတွေပျက်စီးဆုံးရှုံးပြီး ပြန်လည်ပေးဆပ်ဖို့ အခက်အခဲ ဖြစ်နေတဲ့ လယ်သမားတွေအတွက် အဲဒီစည်းကမ်းချက်ကို လျှော့ပေါ့ပေးဖို့ အစီအစဉ်ရှိ မရှိ၊ ရွှေဘိုမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်သန်းရဲ့ မေးမြန်းချက်ကို ဒုတိယ၀န်ကြီး ဦးခင်ဇော်က အခုလိုပြန်လည်ဖြေကြားခဲ့ပါတယ်။ "သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးမှုများအထူးများပြားစွာ ဖြစ်ပေါ်လာပါက ပြည်ထောင်စု၏ ဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပဒေပြဌာန်းထားသည့်အတိုင်း တိုင်းဒေသကြီး ပြည်နယ်အစိုးရများအနေဖြင့် နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေမှ မျိုးစပါးများနဲ့ စိုက်စေ့များ တောင်သူလုပ်ငန်းများသို့ ထောက်ပံ့ပေးန

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းရှိ ဒီယားအယ်လ်ဇောမြို့ ကို အစိုးရတပ်များလက်မှ ISIS စစ်သွေးကြွများ ကသိမ်းပိုက်

ဒမတ်စကတ် ၊ ၂၂-၁၀-၂၀၁၄ ISIS စစ်သွေးကြွ များသည် ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းရှိ ဒီယားအယ်လ်ဇောမြို့ ကို အစိုးရတပ်များ လက်မှ ယမန်နေ့တွင် သိမ်းပိုက်နိုင် ခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့် လေ့လာရေး အဖွဲ့ကြီးက ပြောကြား ခဲ့သည်။ ISIS စစ်သွေးကြွ များသည် နိုင်ငံအတွင်း တိုက်ခိုက်မှု များကို နှစ်လခန့် အကြာ ပြုလုပ် နေခဲ့သော်လည်း ပထမဆုံး အကြိမ် အဖြစ် အဆိုပါမြို့ကို သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်ပြီး ယင်း တိုက်ခိုက်မှု များအတွင်း နှစ်ဖက် စလုံးမှအများအပြား သေဆုံး ခဲ့ကြောင်း သိရသည်။ သို့ရာတွင် သေဆုံးသူ အရေအတွက် အတိအကျ ကိုမူ အဆိုပါ စောင့်ကြည့် လေ့လာရေး အဖွဲ့က ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ အဆိုပါမြို့သည် မြို့တော် ဒမတ်စကတ်မှ အရှေ့မြောက် ဘက် ကီလိုမီတာ ၄၅ဝ အကွာတွင် တည်ရှိပြီး အီရတ်နိုင်ငံ နယ်စပ်အနီး တွင် တည်ရှိသည်။ အမေရိကန် နှင့် ညွန့်ပေါင်းတပ် များ၏ လေကြောင်းမှ တိုက်ခိုက်မှု ကိုခံရခဲ့သည့် ISIS စစ်သွေးကြွ များ၏ ဒီယားအယ်လ်ဇောမြို့ အနီးရှိ စက်မှုဇုန် အပါအဝင် ဒေသ အများအပြား ကို သိမ်းပိုက် ထားနိုင်ခဲ့ပြီး ယခု အခါတွင် အဆိုပါမြို့၏ ထက်ဝက်ခန့်ကို ထိန်းချုပ် ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ISIS စစ်သွေးကြွ

အမေရိကန် မောင်းသူမဲ့ လေယာဉ်တစ်စင်း နိုင်ဂျီးရီးယားလေဆိပ် အတွင်းပျက်ကျ

နီယာမီ ၊ ၂၂-၁၀-၂၀၁၄ အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စင်းသည် နိုင်ဂျီးရီးယား နိုင်ငံရှိ အဓိက လေဆိပ်တစ်ခု ၌ အောက်တိုဘာ ၂ဝ ရက်က ဆင်းသက်ရန် ကြိုးပမ်းစဉ် ပျက်ကျ ခဲ့ကြောင်း နှင့် ယင်း မတော်တဆမှု ကြောင့် ၄င်းလေဆိပ်ရှိ လေယာဉ် ပြေးလမ်းကို နာရီ ပေါင်းများ စွာကြာ ပိတ်ပစ် ခဲ့ရကြောင်း အမေရိကန် စစ်တပ်က ထုတ်ပြန် ခဲ့သည်။ MQ-9 Reaper အမျိုးအစား အဆိုပါ မောင်းသူမဲ့ လေယာဉ် သည် နီယာမီမြို့ရှိ Diori Hamoni နိုင်ငံတကာ လေဆိပ်သို့ ပျက်ကျခဲ့ခြင်း ကြောင့် လေယာဉ် ပြေးလမ်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ သော်လည်း ဒဏ်ရာရရှိသူ တစ်စုံတစ်ဦးမျှ မရှိကြောင်း အမေရိကန် လေတပ်က ထုတ်ပြန် ခဲ့သည့် အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြ ခဲ့သည်။ အဆိုပါ လေဆိပ်ကို လေယာဉ်ပြေးလမ်း ပြန်လည် ပြုပြင်ရန် ဒေသ စံတော်ချိန် မွန်းလွဲ ၁၂ နာရီ မိနစ် ၃ဝ ထိတိုင်အောင် ပိတ်ပစ်ခဲ့ကြောင်း သိရသည်။ #PyiChitThar http://ift.tt/1FAsSU8 from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1FAsSUa

ဓါးထောက် လုယက်သူ ဓါးဒဏ်ရာနဲ့ သေဆုံးခဲ့ ပြီးနောက် လုယက်ခဲ့ မှု(၁၄)မှု ထပ်မံပေါ်ပေါက်

ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ မှုခင်း ကျဆင်းရေးနှင့် ပြည်သူ့ ဘဝလုံခြုံရေး စီမံချက်အား အရှိန်မြှင့် ဆောင်ရွက်လျက်ရှိစဉ် လုယက်မှုမှ ပြစ်မှု ကျူးလွန်သူ များအား ဖမ်းဆီးရမိ စစ်ဆေးရာမှ လှိုင်သာယာမြို့နယ်အတွင်း လုယက်ခဲ့ မှု(၁၄)မှု ထပ်မံပေါ်ပေါက် ရန်ကုန်၊ အောက်တိုဘာ ၂၀ ၂၃.၉.၂၀၁၄ရက်နေ့ ၂၀၅၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၁)၊ ဦးရွှေဘင်လမ်းသွယ်၌ အောင်ကိုချစ်နှင့် မမိုးသန္တာတို့(၂)ဦးအား လှိုင်သာယာ မြို့နယ်နေသူများ ဖြစ်သည့် ၀င်းထွဋ်ဦး၊ ဇွဲ(ခ) စိုးဇင်ဇင်နှင့် စာပေါက်(ခ) အောင်စစ်မျိုးတို့(၃)ဦးမှ ထိုးကြိတ်ကြပြီး ဓါးထောက်ကာ မမိုးသန္တာအောင် ၀တ်ဆင်ထားသော ရွှေဆွဲကြိုးအား လုယက်ခဲ့ကြသဖြင့် အောင်ကိုချစ်နှင့် ပြန်လည်လုံးထွေး သတ်ပုတ်စဉ် ၀င်းထွဋ်ဦးမှာဓါးဒဏ်ရာရ သေဆုံးခဲ့မှုဖြစ်ပွား ခဲ့ပါသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ အပြန်အလှန်တိုင်ကြား ခဲ့ကြသဖြင့် လှိုင်သာယာမြို့မ ရဲစခန်းတွင် ၀င်းထွဋ်ဦး သေဆုံးခဲ့ရမှုအား (ပ)၁၃၈၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/ ၃၂၆/၁၁၄ ဖြင့်လည်းကောင်း၊ မမိုးသန္တာအောင်နှင့် အောင်ကိုချစ်တို့(၂)ဦး လုယက်ခံရမှုအား (ပ)၁၃၈၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် လည်းကောင်း အမှုများအသီးသီးရေးဖွင့်ပြီး ပြစ်မှုကျူးလွန်သူများအ

လိင်အသားပေးပြကွက် များလာမှုကြောင့် ထိန်းကျောင်းပေးခြင်းဖြစ်ဟုဆို

မြန်မာ ဗွီဒွီယို ဇာတ်ကားတွေကို ဆင်ဆာ အဖွဲ့က ပြန်လည် စိစစ်ရတာက မြန်မာ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့နဲ့ မကိုက်ညီတဲ့ ဇာတ်ကားတွေ များလာတာကြောင့် ထိန်းကြောင်း ပေးတဲ့ သဘောသာ ဖြစ်တဲ့ အကြောင်း ဆင်ဆာဘုတ် အဖွဲ့ဝင်တဦးက ပြောဆိုလိုက်ပါတယ်။ မြန်မာ့ရုပ်ရှင်နဲ့ ဗွီဒီယိုဇာတ်ကားတွေကို လာမယ့် ဒီဇင်ဘာလ ၁ ရက်ကစပြီး ဆင်ဆာအဖွဲ့ထံ တင်ပြပြီးမှ ထုတ်လုပ်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။ ဆင်ဆာအဖွဲ့က အခုလိုပြန်လည် စိစစ်ရတာဟာ မြန်မာ့ရုပ်ရှင်လောကကို ထိန်းချုပ်လိုတာကြောင့် မဟုတ်ဘဲ ဗွီဒီယိုဇာတ်ကားတွေမှာ လိင်အသားပေးပြကွက်တွေ၊ သာသနာကို ညှိုးနွမ်းစေတဲ့ ပြကွက်တွေအပါအ၀င် မြန်မာ့ရိုးရာဓလေ့နဲ့ မကိုက်ညီတဲ့ ဇာတ်ဝင်ခန်းတွေ များလာတာကြောင့် ထိန်းကြောင်းပေးတဲ့သဘောသာ ဖြစ်တဲ့အကြောင်း ဇာတ်ကားအဆင့်အတန်း သတ်မှတ်စိစစ် အကဲဖြတ်အဖွဲ့ရဲ့ အဖွဲ့ဝင် ရှုမ၀ဦးတင်ငြိမ်းက ပြောပါတယ်။ မြန်မာဗွီဒီယိုဇတ်ကားတွေမှာ လိင်အသားပေး အခန်းတွေ များလာလို့ ဆင်ဆာပြန်တင်ခိုင်းတာကို လက်ခံနိုင်ပေမယ့် ဇာတ်ကားတကားလုံးပြီးမှ ဆင်ဆာဖြတ်မှာထက် ဇာတ်ညွှန်းကို အရင်တင်ပြီး ဖြုတ်တာမျိုးလုပ်ရင် ပိုအဆင်ပြေနိုင်မယ်လို့ ဒါရိုက်တာ ဦးသော်ကိုကိုကျော်က ပြောပါတယ်။ ဆင်ဆာအဖွဲ့ရဲ့ ထိန်းချုပ်မှုကြောင့်

မြန်မာအလုပ်သမား ၃၀ဝဝ လောက် ဘန်ကောက်မှာ ငွေလိမ်ခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနောက်တောင် ဘက်ခြမ်း ဘန်းဘော အရပ်မှာ ရှိတဲ့ ထိုင်းကုမ္ပဏီတခုက သူတို့ဆီမှာ အစုရှယ်ယာ ဝင်ရင် ၄ လအတွင်း အမြတ် ၄ ဆ ရမယ် ဆိုပြီး မက်လုံးပေး ခဲ့တာကို ယုံခဲ့မိတဲ့ မြန်မာ အလုပ်သမားတွေ ဘတ်ငွေ သန်း ၃၀ လောက် အလိမ်ခံလိုက်ရပါတယ်။ သူတို့ ကုမ္ပဏီမှာ အစုရှယ်ရာ တစ်စုကို ဘတ် ၁ သောင်းနှုန်းနဲ့ အစုဝင်ရင် ၄ လ အကြာမှာ ဘတ် ၄ သောင်းခွဲရမယ်၊ တခြား အခွင့်အရေးတွေလည်း ရမယ်လို့ ပြောတဲ့အတွက် အလုပ်သမားတွေက အစုရှယ်ယာ ဝယ်ခဲ့တာ ဖြစ်တယ်လို့ အစု ၄ စုဝယ်ခဲ့သူ ကိုကျော်လင်းဦးက ဘီဘီစီကို ပြောပြပါတယ်။ ဒီကိစ္စအတွက် လောလောဆယ် ရဲစခန်းမှာ တိုင်ချက် ဖွင့်ထားတဲ့သူ ၅၀ဝ နီးပါးရှိပြီး ငွေတန်ဘိုးအားဖြင့် ဘတ် ၃ သန်းကျော် ရှိကြောင်း၊ ထိုင်းငွေကြေးဆိုင်ရာ ဌာနကိုလည်း သွားရောက် တောင်းဆိုမှာ ဖြစ်ကြောင်း အလုပ်သမားတွေ ဘက်က ကူညီ ဆောင်ရွက်ပေးနေသူ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ အမ်အေတီက ဦးခိုင်ကြီးက ပြောပါတယ်။ လောလောဆယ်တော့ ကုမ္ပဏီက ထွက်ပြေး တိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။ အခု အလိမ်ခံရမှုနဲ့ ပတ်သက်ပြီး ရဲစခန်းမှာ အမှုဖွင့်နိုင်ရေး အတွက် မြန်မာသံရုံးကလည်း အကူအညီပေးခဲ့တယ်လို့ ဦးခိုင်ကြီးက ပြောပါတယ်။ ထိုင်းနိုင်ငံမ

စွပ်စွဲ​ခံ မြန်မာ ၂​ဦး လူသတ်​မှု ကျူးလွန်​ကြောင်း ဝန်ခံ​ခဲ့​မှု​ကို ပြန်လည် ရု​တ်သိမ်း

ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်မှုနဲ့ ထိုင်း နိုင်ငံ ကော်စမွီကျွန်း ထောင်မှာ စွပ်စွဲ ချုပ်နှောင် ခံထားရတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်း တို့က သူတို့ အနေနဲ့ ပြစ်မှု မကျူးလွန် ခဲ့ဘူး ဆိုပြီး နှစ်ဦးလုံးက ပြောလိုက် ပါတယ်။ ထိုင်း ရှေ့နေများကောင်စီ နဲ့ မြန်မာသံရုံးက တာဝန် ပေးထားတဲ့ ထိုင်းရှေ့နေ ၃ ဦးဟာ အောက်တိုဘာ ၂၁ ရက် အင်္ဂ࿿ါနေ့ က သူတို့ ၂ ဦးနဲ့ ၆ နာရီကြာ သွားရောက် တွေ့ဆုံခဲ့စဉ် အတွင်း အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ စွပ်စွဲ ခံထား ရသူတွေ ရဲ့ အခုလို ပြောဆိုမှု အပေါ် ယုံကြည်မှု ရှိပြီး၊ ဥပဒေ အရ တရားမျှတမှု ရအောင် ကြိုးစား သွားမယ်လို့ ကိုယ်တိုင် တွေ့ဆုံခဲ့သူ တစ်ဦးဖြစ်တဲ့ ထိုင်းရှေ့နေများ ကောင်စီက ရှေ့နေ ထနူး အောက်ချုပ်ခ် က ပြောပါတယ်။ ထိုင်းရဲစခန်း မှာ စစ်မေး ခံရစဉ်တုန်း က အရိုက်အနှက် ခံခဲ့ရတဲ့ အတွက် ကျူးလွန်ကြောင်း ဝန်ခံ ခဲ့ရတာ လို့ စွပ်စွဲ ခံထား ရသူတွေ က ပြောကြောင်းလည်း မစ္စတာ အောက်ချုပ်ခ် က ဆိုပါတယ်။ အခုဆိုရင် စွပ်စွဲ ခံထား ရသူတွေဟာ ကျူးလွန်ကြောင်း ဝန်ခံချက်ကို ပြန်လည် ရုပ်သိမ်း လိုက်ပြီ ဖြစ်ပါတယ်။ စွပ်စွဲ ခံထားရသူ ၂ ဦးရဲ့ မိဘ ဆွေမျိုးတွေဟာ အောက်တိုဘာ ၂၂ ရက်နေ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်ြ

အမေရိကန် လက်နက်အထောက်အပံ့တွေ IS လက်ထဲရောက်

ဆီးရီးယား နယ်စပ်မြို့ဖြစ်တဲ့ Kobani ကို ခုခံ တိုက်ခိုက်နေတဲ့ Kurdish တိုက်ခိုက်ရေး သမားတွေ အတွက် ရည်ရွယ်ပြီး အမေရိကန်က လေကြောင်းကနေ ချပေးလိုက်တဲ့ လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေဟာ IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ လက်ထဲကို ရောက်သွားခဲ့ကြောင်း ဆီးရီးယား တက်ကြွလှုပ်ရှား သူတွေက ပြောပါတယ်။ တနင်္ဂနွေနေ့ညတုန်းက အမေရိကန်လေတပ်က လေထီးနဲ့ ချပေးလိုက်တဲ့ လက်နက်တွေကို စစ်သွေးကြွတွေက ရရှိသွားတယ်လို့ ဆီးရီးယားနိုင်ငံ အတွင်းမှာရှိတဲ့ သူတို့ရဲ့ အဆက်အသွယ်က သတင်းပို့ခဲ့ကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့ကြီးက အင်္ဂါနေ့မှာ ပြောဆိုပါတယ်။ IS အဖွဲ့ကိုလိုလားတဲ့ မီဒီယာတခုက ပြသတဲ့ ဗွီဒီယိုထဲမှာ မျက်နှာကို ဖုံးကွယ်ထားတဲ့ တိုက်ခိုက်ရေးသမား တယောက်က လက်ပစ်ဗုံးတွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ လက်ပစ်ဗုံးသုံး ရော့ကက်လောင်ချာတွေကို စစ်ဆေးနေတဲ့ပုံကို တွေ့မြင်ရပြီး ၀မ်းသာအားရဖြစ်နေတဲ့ သူ့ရဲ့အသံကိုလည်း ကြားနေရပါတယ်။ ပန်တဂွန်စစ်ဌာနချုပ်ကတော့ လေကြောင်းကနေ လက်နက်တွေ ၂၈ ကြိမ် ချပေးခဲ့ရာမှာ ၂၇ ကြိမ်ဟာ သတ်မှတ်ထားတဲ့နေရာကို တိုက်ရိုက်ကျခဲ့ပြီး Kurdish တိုက်ခိုက်ရေးသမားတွေထံ ရောက်သွားတာ သေချာတယ်လို့ ပြောဆိုပါတယ်။ ဒါပေ

မြောက်ကိုရီးယားက ဖမ်းထားတဲ့ အမေရိကန်တဦးကို လွှတ်ပေး

မြောက်ကိုရီးယား အစိုးရဟာ သူတို့ ဖမ်းဆီး ထိန်းသိမ်း ထားတဲ့ အမေရိကန် နိုင်ငံသား ၃ ဦးထဲက တဦးဖြစ်တဲ့ Jeffrey Fowle ကို ရုတ်တရက် ပြန်လွှတ် ပေးလိုက်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ ၂ ဦးကိုတော့ ဆက်ပြီး ထိန်းသိမ်း ထားဆဲ ဖြစ်ပါတယ်။ Mr. Fowle ဟာ မြောက်ကိုရီးယားကနေ ထွက်လာပြီး အမေရိကန် ပြည်ထောင်စု ကို ပြန်လာနေပြီလို့ အမေရိကန် အရာရှိတွေက အင်္ဂါနေ့မှာ ကြေညာသွားပါတယ်။ မြောက်ကိုရီးယားနိုင်ငံကို အလည်အပတ် ပြည်ဝင်ခွင့်နဲ့ ရောက်ရှိသွားတဲ့ Mr. Fowle ဟာ ဒီနှစ်အစောပိုင်းက စားသောက်ဆိုင်မှာ သမ္မာကျမ်းစာအုပ် ကျန်ခဲ့ပြီးနောက် ဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ သူ့ကို တရားရုံးတင် စစ်ဆေးတာမျိုးမရှိဘဲ သူ့မိသားစုကလည်း သူဟာ ခရစ်ယာန် သာသနာပြုဖို့ မြောက်ကိုရီးယားကို သွားတာမဟုတ်ဘူးလို့ ငြင်းဆိုနေတာပါ။ အခု Mr. Fowle ကို ပြန်လွှတ်ပေးလိုက်တာကို အမေရိကန် အရာရှိတွေက ကြိုဆိုပါတယ်။ ဒါပေမဲ့ ပြန်မလွတ်သေးတဲ့ နောက်ထပ် ၂ ယောက်အတွက် စိုးရိမ်နေဆဲပဲလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး Marie Harf က ပြောပါတယ်။ ပြန်လွတ်လာတဲ့ Mr. Fowle ကိုတော့ ဆရာဝန်နဲ့ စစ်ဆေးပေးပြီး ကျန်းကျန်းမာမာရှိပါတယ်လို့ Ms. Harf ကပဲ ပြောပါတယ်။ ဖမ်းခံနေရဆဲ ၂ ဦးဖြစ်တဲ့ Ke

တပ် ရုပ်မည်ဟု ရလခ တိုင်းမှူး ပြောသော်လည်း စစ်ရေး ပြင်ဆင်မှု ဆက်လုပ်နေ

အောက်တိုဘာ ၂၁ ရက် ၂၀၁၄ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် တာ့ဖါဆောင်တပ်စခန်းအား သျှမ်းပြည်တပ်မတော်မှ တပ်ဆုတ် လိုက်သည့် နောက်ပိုင်း အစိုးရတပ်များလည်း တပ်ဆုတ်မည်ဟု လားရှိုးတွေ့ဆုံပွဲတွင် ရလခ တိုင်းမှူး ကတိပေး သော်လည်း တပ်များ မဆုတ်သေးဘဲ အင်အား ထပ်ဖြည့်နေသည်ဟု ဆိုသည်။ အောက်တိုဘာ ၂၀ ရက်နေ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရပခ တောင်ကြီး လက်အောက်ခံတပ်ရင်း များက အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှတဆင့် သျှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေ အနီးသို့ စစ်ယာဉ်တန်း ၁၀ စီးထက်မနည်း၊ စစ်သည်အင်အား ၂၀၀ ကျော် ပို့ဆောင်နေသည်ဟု ဒေသခံ များကပြောသည်။ “အခုက တအားထူးခြားတယ်။ အင်အားဖြည့်လာတဲ့ ဗမာတပ်က စစ်ကားကြီးနဲ့ မဟုတ်တော့ဘူး၊ ဆောက်လုပ်ရေးကာနဲ့လာတား၊ စစ်ယူနီဖေါင်းလည်းမဝတ်ဘူး၊ အရပ်ဝတ်နဲ့လာတာ၊ သေနတ်လဲ ဖွက်လာတယ်။ လားရှိုးဘက်က လာတာလဲဒီလိုဘဲ။ ခိုလမ်ဘက်ကနေလာတာလဲဒီလိုဘဲ” - ဟု ခလရ ၂၈၆ မိုင်းနောင်နှင့်နီးစပ်သည့် သူတဦးကပြောသည်။ ကျေးသီးမြို့နယ် ဝမ့်ဝပ်ကျေးရွာအုပ်စု တာ့ဖါဆောင်တပ်စခန်းတွင်လည်း အစိုးရတပ် အစားထိုးတပ်ချ နေကြောင်း၊ တပ်ဆုတ်မည့်အလားအလာမမြင်ရသည့်အပြင် ဒေသခံများအား သစ်၊ ဝါး၊ သက်ကယ် နှင့် လုပ်အားများ ပေးရန် နေ့စဉ်ဆင့်ဆိ

ချောင်းမြောင်း ပစ်ခတ်ခံရ၍ နယ်ခြားစောင့် တပ်ဗိုလ်တစ်ဦး ဒဏ်ရာရ၊ တပ်သား တစ်ဦး သေဆုံး

အောက်တိုဘာ ၂၁ရက်၊၂၀၁၄ခုနှစ်။ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ ကမမောင်းမြို့နယ်ခွဲအတွင်း အောက်တိုဘာလ ၁၉ရက်နေ့က နယ်ခြားစောင့်တပ် BGF (၁၀၁၄)တပ်ရင်း စီးနင်းလာသော ကားတစ်စီးသည် မဲသနခီးရွာနှင့် ပေပင်ဆိပ်ကျေးရွာအကြားတွင် အမည်မသိ လက်နက် ကိုင်အဖွဲ့ ပစ်ခတ်ခံရပြီး BGF ဗိုလ်ကြီး ၁ဦး ဒဏ်ရာရရှိပြီး တပ်သား ၁ဦး သေဆုံးသွားခဲ့သည်ဟု သိရသည်။ ၎င်းအမည်မသိ လက်နက်ကိုင်အဖွဲ့သည် BGF (၁၀၁၄)တပ်ရင်းမှ ဗိုလ်ကြီးတင်ဝင်း စီးနင်းလာသောကားကို စောင့်ကြိုကာ ချောင်းမြောင်းပစ်ခတ်ခဲ့ခြင်းဖြစ်၍ ၎င်းတို့တပ်သားတစ်ဦးဖြစ်သူ စောချစ်ဆွေ (ခ) သန်းထွန်းလင်း၏ ရင်ဘတ်ကို ထိမှန်ခဲ့ပြီး သေဆုံးခဲ့ကာ ဗိုလ်ကြီးစောတင်ဝင်းမှာ ညာဘက်လက်မောင်းကို သေနတ်ကျည်ဆံ ရှပ်ထိသွားခဲ့သည်ဟု နယ်ခြားစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က ကေအိုင်စီသို့ ပြောသည်။ “ဖြစ်စဉ်က အောက်တိုဘာလ ၁၉ရက် နေ့လည် ၂နာရီခွဲအချိန်မှာ မဲသနခီးရွာအပြန်မှာ ဗိုလ်ကြီးတင်ဝင်း စီးလာတဲ့ကားကို လမ်း ဘေးကနေ ချောင်းပစ်ခံရတာပါ။ အဲဒီမှာ သေနတ်နဲ့ အချက်ပေါင်းများစွာ အပစ်ခံရပြီး ကိုယ်တို့ဆီက တပ်သားတစ်ယောက် ကျ သွားတယ်။ ဗိုလ်ကြီးတင်ဝင်းလည်း ညာဘက်လက်မောင်းသေနတ် ရှပ်ထိသွားတယ်”ဟု ဗိုလ်မှူးနိုင်မောင

သင်္ချိုင်း ဖျက်ဆီးမှုနဲ့ စွပ်စွဲခံရသူတွေကို အုပ်ချုပ်ရေး အဖွဲ့ ခွင့်လွှတ်

ပြီးခဲ့တဲ့ ဇူလိုင်လက မန္တလေး မြို့မှာ ဖြစ်ခဲ့တဲ့ ဘာသာရေး ဆန်တဲ့ ပဋိပက္ခအတွင်း အစ္စလာမ် သင်္ချိုင်းကို ဖျက်ဆီးတယ်ဆိုပြီး တရားစွဲခံထားရတဲ့ လူငယ်၁၅ ယောက်ကို အစ္စလာမ် သင်္ချိုင်း အုပ်ချုပ်မှု ကော်မတီက ခွင့်လွှတ်ကြောင်း ပြောပါတယ်။ ဘာသာပေါင်းစုံ ပါဝင်တဲ့ မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီက အစ္စလာမ် သင်္ချိုင်းအုပ်ချုပ်မှု ကော်မတီကို စာနဲ့ရေးသားပြီး မေတ္တာ ရပ်ခံခဲ့လို့ သူတို့ ဘက်ကလည်း နားလည် ခွင့်လွှတ်ဖို့ ဆုံးဖြတ်ကြတာ ဖြစ်တယ်လို့ အစ္စလာမ် သင်္ချိုင်းအုပ်ချုပ်မှု ကော်မတီဒုတိယ ဥက္ကဌ ဦးတင့်ဆွေက ဘီဘီစီကို ပြောပါတယ်။ တစ်ဘာသာနဲ့ တစ်ဘာသာ အချင်းချင်း ကြားမှာ နားလည် ခွင့်လွှတ်ပေးဖို့ မေတ္တာ ရပ်ခံခဲ့တာ ဖြစ်ပြီး သူတို့ အနေနဲ့လည်း မန္တလေး တစ်မြို့တည်းသား အချင်းချင်း ရှေ့ဆက် အမုန်း မပွားလိုတဲ့စိတ်၊ အာဃာတတွေ မထားလိုတဲ့ စိတ် ရှိပါတယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် ပဋိပက္ခတွေ ဖြစ်အောင် လှုံဆော်သူတွေ ရှိနေတယ်ဆိုတာ သက်သေပြစရာ မရှိပေမဲ့ သူတို့ ယူဆထားတယ်လို့ ဆိုပါတယ်။ ဒီလူငယ် တွေဟာ လမ်းမပေါ်ရောက်အောင် တွန်းတင် ခံရသူတွေ ဖြစ်လို့ သူတို့ကို အပြစ်ကြီး မကျစေလိုဘူး လို့လည်း ဦးတင့်ဆွေက ပြောပါတယ်။ မြန်မာ နိုင်ငံက တရားရုံးတွေမှာ ရင်ဆ

အောက်တိုဘာလ (၂၂)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

အောက်တိုဘာလ (၂၂)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ အောက်တိုဘာလ (၂၂)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://feedproxy.google.com/~r/thithtoolwin/yIWV/~3/Ol0yAKkIESM/blog-post_992.html

လေယာဉ် မတော်တဆမှုနဲ့ Total ရဲ့ စီအီးအို သေဆုံး

ရုရှား နိုင်ငံ မော်စကိုမြို့ လေဆိပ်မှာ Total ရေနံ ကုမ္ပဏီပိုင် လေယာဉ်က ဆီးနှင်း ရှင်းတဲ့ ယာဉ်ကို ဝင်တိုက် မိလို့ မီးလောင်ကျွမ်းပြီး Total ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် အပါအဝင် လေယာဉ်ပေါ် လိုက်ပါလာသူ ၄ ဦး စလုံး သေဆုံး သွားပါတယ်။ ရုရှား စုံစမ်းရေး သမားတွေကတော့ အခု မတော်တဆ မှုဟာ ရာဇဝတ်မှု မြောက်တဲ့ ပေါ့ဆမှုကြောင့် ဖြစ်ရတာလို့ ပြောပါတယ်။ လေယာဉ်က ဝင်တိုက်မိတဲ့ ဆီးနှင်း ရှင်းလင်းတဲ့ ယာဉ်ကို မောင်းတဲ့သူဟာ အရက် မူးနေတယ်လို့ စုံစမ်းရေး သမားတွေက ပြောပါတယ်။ တာဝန် ပေါ့ဆတဲ့ မန်နေဂျာ တွေကလည်း လေဆိပ် ဝန်ထမ်းတွေရဲ့ အလုပ်တွေကို ချိတ်ဆက် ညွှန်ကြားဖို့ ပျက်ကွက် ခဲ့တယ် လို့လည်း စုံစမ်း စစ်ဆေးသူတွေက ပြောပါတယ်။ ပြင်သစ်ပိုင် ရေနံ ကုမ္ပဏီဖြစ်တဲ့ Total ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် မစ္စတာ Christophe de Margerie လိုက်ပါလာတဲ့ လေယာဉ်ဟာ မော်စကိုမြို့ Vnukovo လေဆိပ် ကနေ ပဲရစ်မြို့ကို ပျံသန်းဖို့ ထွက်ခွာစဉ် ခုလို မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1r9fHzZ လေဆိပ် ဝန်ထမ်းတွေရဲ့ တာဝန် ပေါ့ဆမှုကြောင့်ဟု ဆို from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1r9fHA5

ခိုတောင်းအမှုမှ မြန်မာနှစ်ဦးမိဘများ ထိုင်းရှေ့နေများကောင်စီနှင့် တွေ့မည်

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦး အာမခံရဖို့အတွက် ဘန်ကောက်မြို့ မြန်မာသံရုံးက စီစဉ်ဆောင်ရွက်နေကြောင်း သိရပါတယ်။ ဖမ်းဆီးခံနေရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးရဲ့ မိဘတွေနဲ့ ထိုင်းရှေ့နေများကောင်စီတို့ မနက်ဖြန် တွေ့ဆုံပြီးနောက် တရားရုံးအမှုတင်တဲ့ရက်မှာ အာမခံလျှောက်ထားမှာဖြစ်တယ်လို့ ဒီအမှုအတွက် ဆောင်ရွက်ပေးနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့ မိဘတွေဟာ မနက်ဖြန်မနက်မှာ ဘန်ကောက်မြို့ကို ရောက်ရှိကြမှာဖြစ်ပြီး မြန်မာသံရုံးမှာ ထိုင်းရှေ့နေများကောင်စီနဲ့ မြန်မာသံအမတ် ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ လူသတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ကို ထိုင်းလူ့အခွင့်အရေးကော်မရှင် ဦးဆောင်တဲ့ စုံစမ်းရေးအဖွဲ့တစ်ဖွဲ့က မနေ့က ကော့စမွီးအကျဉ်းထောင်မှာ သွားရောက်တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။ RFA Burmese http://ift.tt/1mveILg from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http