Skip to main content

Posts

Showing posts from December 4, 2014

ရဲတပ်ဖွဲ့ကို ခွဲတမ်းများ ပေးရကြောင်း ရေးသား၍ မြန်မာသံတော်ဆင့်၏ ပဲခူးတိုင်းသတင်းတာဝန်ခံ မီဒီယာဥပဒေဖြင့် တရားစွဲခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၂ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၏ အကျင့်ပျက် ခြစားမှုနှင့် ပတ်သက် ၍ မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ(၃)၊ အမှတ်(၃၆)၌ မင်းသီဟ (လက်ပံတန်းသား)ဟူသော ကလောင်အမည်ဖြင့် ““နိုင်ငံသား တစ်ဦး အတွက် ဥပဒေဆိုတာ ဘာလဲ”” သတင်းဆောင်း ပါး ရေး သားဖော်ပြခဲ့ မှုနှင့် ပတ်သက်၍ လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဖုန်းမြင့်က တရားလိုပြုလုပ်၍ သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ) ဖြင့် တရားစွဲဆို ထားကြောင်း တရားစွဲခံရသူ မြန်မာသံတော်ဆင့် ပဲခူးတိုင်း သတင်း တာဝန်ခံ ဦးသန်းမြတ်စိုးက ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြော သည်။ မြန်မာသံတော်ဆင့် သတင်းဂျာနယ်ပါ ကိုသန်းမြတ်စိုး၊ ကလောင်အမည် မင်းသီဟ(လက်ပံတန်းသား)၏ ““နိုင်ငံသား တစ်ဦးအတွက် ဥပဒေဆို တာဘာလဲ”” ဆောင်းပါးတွင် ဒေသခံ ရဲတပ်ဖွဲ့ဝင်များ၏ တရားမ၀င် လုပ်ဆောင်ချက်များနှင့် ပတ်သက်သည့် ရေးသား ဖော်ပြချက်များ ပါဝင်ခဲ့ရာ ထိုသို့ရေးသားမှုများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့်အတွက်ဟုဆိုကာ ယခုကဲ့သို့ တရားစွဲဆိုခြင်း ဖြစ်သည်။ ““မြန်မာသံတော်ဆင့် ဂျာနယ်မှာပါတဲ့ ဖော်ပြချက်နဲ့ ပတ်သက်ပြီး စွဲတဲ့သဘောပေါ့။ ပုဂ္ဂိုလ်ရေး အနေအထား အတိုင်းအတာတော့ ကျွန်တော် သန်းမြတ်စိုးဆိုတာ ပါမှမပါတာ။ မင

ချေချင်ညာ တွင် အစ္စလာမ္မစ် စစ်သွေးကြွများ နှင့် ရဲတပ်ဖွဲ့အကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၁၉ ဦးသေဆုံး

ကရော့ဇနီ ၊ ၅-၁၂-၂၀၁၄ ယမန်နေ့တွင် အစ္စလာမ္မစ် စစ်သွေးကြွ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့သည် ချေချင်ညာ မြို့တော် ကရော့ဇနီ မြို့လယ်ကောင် တွင် ရဲတပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁ဝ ဦး ထက်မနည်းသေဆုံးခဲ့ပြီး စစ်သွေးကြွ များဘက်မှ ရှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ အစ္စလာမ္မစ် စစ်သွေးကြွ များက ရဲစစ်ဆေးရေး စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ပြီး မြို့လယ်ကောင် တိုက်အိမ်များတွင် ဝင်ရောက် ခိုအောင်း နေခဲ့သည့် အတွက် ရဲတပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ဂရော့ဇနီမြို့ တွင် နှစ်ပေါင်းများစွာ အတွင်း အပြင်းထန်ဆုံး တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်။ ချေချင်ညာတွင် လွတ်လပ်ရေး အတွက် ၁၉၉ဝ ပြည့်နှစ်နှင့် ၂ဝဝဝ ပြည့်နှစ်များတွင် တိုက်ပွဲကြီး နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အစ္စလာမ္မစ် စစ်သွေးကြွ များက ဆက်လက်ထကြွ သောင်းကျန်းနေကာ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ များကို မကြာခဏ တိုက်ခိုက်လေ့ ရှိသည်။ ကရင်မလင် နန်းတော်က ခန့်အပ်ထားသော ချေချင်ညာ အကြီးအကဲ ရာမဇန်ကာဒီရော က မြို့လယ်ကောင်ရှိ မီဒီယာနှင့် ကုမ္ပဏီရုံးခန်းများ ဖွင့်လှစ်ထားသော အထပ်မြင့် တိုက်ကြီး တစ်တိုက်တည်း တွင် စစ်သွေးကြွ ခြောက်ဦးကို အသေဖမ်းဆီး ရမိခ

ခရိုင်းမီးယား သိမ်းပိုက်မှု သမ္မတ ပူတင် ခုခံ ပြောကြား

Russia သမ္မတ Vladimir Putin နိုင်ငံကို မိန့်ခွန်းပြော။ ရုရှားက ယူကရိန်းနိုင်ငံရဲ့ ခရိုင်းမီးယား ကွန်းဆွယ်ကို တိုက်ခိုက်သိမ်းယူ ခဲ့တာနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ Vladimir Putin က ကာကွယ်ပြောဆို လိုက်ပါတယ်။ နောက်ပြီး အနောက်နိုင်ငံတွေဟာ ရုရှားအပေါ် ဒဏ်ခတ် အရေးယူ ပိတ်ဆို့ မှုတွေ ပြုလုပ်ဖို့ ယူကရိန်းနိုင်ငံမှာဖြစ်တဲ့ အရေးအခင်းကို အကြောင်းပြခဲ့ကြ တယ်လို့လည်း စွတ်စွဲ လိုက်ပါတယ်။ မစ္စတာ ပူတင်က တနိုင်ငံလုံးကို ကြာသာပတေးနေ့မှာ ပြောကြားခဲ့တဲ့ နှစ်ပတ်လည် မိန့်ခွန်းမှာ ခရိုင်းမီးယားဒေသဟာ ရုရှားတို့ရဲ့နှလုံးသားမှာ ရှိထားတဲ့ မြေဖြစ်တယ်လို့ ပြောပါတယ်။ အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး တော့လည်း မစ္စတာပူတင်က ရုရှားနိုင်ငံဟာ ပိုမိုအားကောင်း လာနေတယ်၊ လွတ်လပ်တယ်၊ ဒါကြောင့် အခုလို အမြန်ဆုံး သူတို့ ပြုလုပ် လိုက်ကြတာဖြစ်တယ်လို့ ပြောပါတယ်။ ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ရှိတဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေကို ရုရှားက ထောက်ပံ့မှုပေးနေတာ၊ ခရိုင်းမီးယားဒေသကို ကျူးကျော် တိုက်ခိုက်သိမ်းပိုက်တာတွေ လုပ်ခဲ့ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပ သမဂ္ဂအဖွဲ့တို့က အရေးယူပိတ်ဆို့မှုတွေ ဆက်တိုက်ချမှတ်ခဲ့ပြီးတဲ့

မြစ်ဆုံ တွင် ငွေကျပ် ၁၁၁ သိန်းတန်ဖိုးရှိ ရွှေထည်ပစ္စည်းနှင့် ငွေများခိုးခံရ

မိုးမိတ် ၊ ၅-၁၂-၂၀၁၄ ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်မြို့နယ် မြစ်ဆုံကျေးရွာ တွင် ငွေကျပ် ၁၁၁ သိန်း တန်ဖိုးရှိ ရွှေထည်ပစ္စည်း နှင့် ငွေများ ခိုးယူခံခဲ့ ရကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃ ရက် နံနက် ၃ နာရီခန့်က မင်းမင်းသူ (ဘ) ဦးမျိုးပိုင် မြစ်ဆုံကျေးရွာ မိုးမိတ်မြို့ နေသူသည် ဇနီးဖြစ်သူ မရီရီထွန်း နှင့်အတူ နေအိမ် ဈေးဆိုင်အတွင်း အိပ်နေစဉ် ၄င်းနေ့ နံနက် ၃ နာရီခန့်က ဈေးဆိုင် အတွင်းမှ လှုပ်ရှားမှု အသံကြား၍ ဓာတ်မီးဖြင့် ထိုးကြည့်စဉ် ဈေးဆိုင်ခြေရင်း မှ လူတစ်ဦး ထွက်သွား သည်ကို မြင်တွေ့ ရသဖြင့် သူခိုးဟု ဆိုပြီး အိမ်နီးချင်း များကို အော်ဟစ် အကူအညီ တောင်းရာ ဝိုင်းဝန်းဖမ်းဆီး ကြသော်လည်း သူခိုးမှာ ထွက်ပြေး လွတ်မြောက် သွားကြောင်း၊ ၄င်း ထွက်ပြေးသွား သူမှာ ဓာတ်မီးဖြင့် ကြည့်စဉ်က အစိမ်းရောင် အင်္ကျီလက်ရှည် ဝတ်ဆင် ထားကြောင်း၊ ဈေးဆိုင် ထရံပေါက်တွင် ကတ္တီပါ အညိုရောင် ဖိနပ်တစ်ရန်၊ သံတူရွင်း တစ်ချောင်း၊ ဂက်စ်မီးခြစ် တစ်လုံး တို့ကို တွေ့ရှိ၍ ၄င်း သက်သေခံ ပစ္စည်းများမှာ အဆိုပါ ကျေးရွာနေ တာတေ စီးသောဖိနပ် ဖြစ်နေကြောင်း သိရသဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစီးကာ တာတေ ၏ နေအိမ်သို့ သွားရောက် ဖမ်းဆီးရာ တာတေ မှ

အပစ်ရပ်ငြိမ်းချမ်းရေး လုပ်ဆောင်ရင်း ကွယ်လွန်ခဲ့သည့် KNU ခေါင်းဆောင် ပဒိုဒေးဗစ်ထောအမည်ဖြင့် နော်ဝေပညာသင်ဆုပေးမည်

ရန်ကုန်၊ ဒီဇင်ဘာ ၄ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင် သည့် ပြည်ထောင်စု ငြိမ်းချမ်းေ ရး ဖော်ဆောင်ရေး အဖွဲ့ တို့အကြား အပစ်အခတ်ရပ်စဲရေး နှင့် ငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင် ရွက်ရင်း ကွယ်လွန် ခဲ့သည့် KNU ခေါင်းဆောင် ပဒိုဒေးဗစ်ထောအား ဂုဏ်ပြုသည့် အနေဖြင့် နော်ဝေအစိုး ရရန်ပုံငွေဖြင့် ““ဒေး ဗစ် ထော”” ပညာသင် ဆု ပေးအပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံသို့ အလည်အပတ် ရောက် ရှိနေ သည့် နော်ဝေဟာ ရယ်ဘုရင်က ဒီဇင်ဘာလ ၂ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ မိန့်ခွန်း ပြောကြားစဉ် ထည့်သွင်း ပြော ကြားသည်။ ““ယုံကြည်မှု တည်ဆောက်ခြင်းနဲ့ ငြိမ်းချမ်းရေးရရှိရေးအတွက် ကြိုးစားခဲ့သူကရင်အမျိုးသား David Taw (ဒေးဗစ်ထော)ကို အစွဲပြုပြီး ဒေးဗစ်ထောပညာသင်ဆု ရန်ပုံငွေ တစ်ခုကိုမတည် ထားကြောင်းလည်း ယနေ့မိန့် ခွန်းနဲ့ တစ်ပါတည်း ကြေ ညာခဲ့ပါတယ်””ဟု နော်ဝေပဉ္စမ မြောက်ဟာရယ်ဘုရင်က မိန့်ခွန်း ပြောကြားစဉ် ထည့် သွင်းပြောကြားသည်။ ၁၉၄၈ ခုနှစ်တွင် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ သစ်ဖြူ ချောင်းအရပ်တွင် မွေးဖွားခဲ့ သူ ပဒိုဒေးဗစ်ထောမှာ ၁၉၇၉ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)သို့ ၀င်ရောက်ခဲ့ကာ KN

မြန်မာပြည် မြေမြှုပ်မိုင်း သုံးမှုကျဆင်း

ICBL ဟာ မြေမြှုပ်မိုင်း တားဆီးရေး ဆောင်ရွက် တဲ့အဖွဲ့ပါ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်အတွင်း မြေမြှုပ်မိုင်းတွေ အသုံးပြုတာ သိသိသာသာ ကျဆင်းခဲ့တယ်လို့ ICBL မြေမြှုပ်မိုင်း တား ဆီရေး ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ရဲ့ နောက်ဆုံး အစီရင်ခံစာမှာ ဆိုထား ပါတယ်။ မြန်မာ နိုင်ငံမှာ မြေမြှုပ်မိုင်း အသုံးပြုမှု အခြေအနေနဲ့၊ သုံးစွဲမှု တားဆီးနိုင်မယ့် အလားအလာ တွေ ဘယ်လိုရှိနေလဲ ဆိုတာကို အစီရင်ခံစာရဲ့ အယ်ဒီတာ ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စု Human Rights Watch လူ့အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့က Mary Warehem ကို ဆက်သွယ် မေးထား ပါတယ်။ ဖြေ။ ဒီဇင်ဘာ ၁ရက်၊ တနင်္လ࿿ာနေ့ တုန်းက မြန်မာအစိုးရ ဟာ ဇီဝလက်နက် တားမြစ်ရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ်ကို ဂျီနီဗာမှာ လက်မှတ် ထိုးခဲ့ပါ တယ်။ ဒါဟာ အရေးပါတဲ့ ခြေလှမ်းပါ။ ရှေ့ဆက်ပြီး မြေမြှုပ်မိုင်း တားဆီးရေးတို့၊ ဓါတုလက်နက် တားဆီးရေးတို့လို နိုင်ငံတကာ သဘောတူညီချက် တွေမှာ ရော ပါဝင်လာမလားလို့ မျှော်လင့် နိုင်ပါတယ်။ မြန်မာ အစိုးရ ကိုယ်စားလှယ် တွေဟာ ဂျီနီဗာမှာ ကျင်းပတဲ့ မိုင်း တားဆီးရေး ဆိုင်ရာ အစည်းဝေး တွေမှာ တောက်လျှောက် တက်ရောက်တာ တွေ့ရ ပါတယ်။ အဲဒီလို တက်လာတဲ့ အခါမှာလည်း ဒီစာချုပ်ကို ထေ

Eric Garner အမှု တရားရေးဌာနက အမြန်ဆုံး စစ်ဆေးမယ်

ဒီကိစ္စကို အမေရိကန် တရားရေး ဌာနက အမြန်ဆုံး စုံစမ်း စစ်ဆေးမယ်လို့ ရှေ့နေချုပ် Eric Holder ပြော အမေရိကန် နိုင်ငံ နယူးယောက်မြို့မှာ ရဲရဲ့ ဖမ်းဆီးမှု အတွင်း Eric Garner ဆိုတဲ့ လက်နက်မဲ့ လူမည်းတဦး သေဆုံး သွားခဲ့ တာနဲ့ ပတ်သက်လို့ ရဲဘက်က ဥပဒေ ချိုးဖောက်တာမျိုး ရှိတယ်လို့ စစ်ဆေး တွေ့ရှိမယ် ဆိုရင် ရဲကို တရားစွဲ ဆိုမယ်လို့ အမေရိကန် တရားရုံး ရှေ့နေချုပ် Eric Holderက ပြောပါတယ်။ Eric Garner ဘယ်လို သေဆုံး ခဲ့တာလဲ ဆိုတာကို အမေရိကန် တရားရေး ဌာနက အမြန်ဆုံး စုံစမ်း စစ်ဆေး သွားမှာ ဖြစ်တယ်လို့ မစ္စတာ Holderက ပြောပါတယ်။ Eric Garner ကို လူဖြူ ရဲတဦးက လည်ပင်းညှစ် ဖမ်းခဲ့တဲ့အတွက် အသက်ရှူလို့ မရ ဖြစ်နေပုံကို သူ့ရဲ့ အိမ်နီးချင်းက ဗီဒီယို ရိုက်ထားပါတယ်။ အဲဒီရဲကို တရားမစွဲဖို့ ဂျူရီ တရားသူကြီး အဖွဲ့တဖွဲ့က ဆုံးဖြတ်ခဲ့အပြီး ဗုဒ္ဓဟူးနေ့တုန်းက နယူးယောက်မြို့ လမ်းမတွေပေါ်မှာ လူထောင်ပေါင်းများစွာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ဒီကနေ့ မှာလည်း နောက်ထပ် ဆန္ဒပြမှုတွေ ထပ်လုပ်ဖို့ စီစဉ် ထားပါတယ်။ အလားတူ ပြီးခဲ့တဲ့ သီတင်းတပတ်လောက်တုန်းကလည်း မစ်ဆူရီပြည်နယ်မှာ လူဖြူ ရဲတဦးရဲ့ လက်ချက်နဲ့ Michael Brown ဆိုတဲ့ လက်နက်မဲ့ လူမည်း လူငယ်တဦး သေဆုံး

မန္တလေးကို အလည်လာမည့် ဆွတ်ဇာလန်မှ နေစွမ်းအင်သုံးလေယာဉ်

ကမ္ဘာပေါ်ရှိ ကျွန်းတစ်ကျွန်းမှ တစ်ကျွန်း၊ တစ်နိုင်ငံမှ တစ်နိုင်ငံသို့ နေ့ရော ညပါ ခုနစ်ရက် ဆက်တိုက် ပျံသန်းနိုင်သော ဆိုလာ စွမ်းအင်သုံး လေယာဉ် Solar Impulse 2 ကို ဆွစ်ဇာလန်နိုင်ငံက အောင်မြင်စွာ ထုတ်လုပ်လိုက်ပြီ ဖြစ်ရာ ၂ဝ၁၅ ခုနှစ်တွင် ထူးခြားသော စွန့်စားမှု ရသများဖြင့် ကမ္ဘာအနှံ့ ပျံသန်း ပြ တော့မည်ဖြစ်သည်။ လောင်စာဆီမသုံး၊ လေထုညစ်ညမ်းမှု မဖြစ်စေဘဲ ကမ္ဘာတစ်ပတ် ပျံသန်းမှု အပါအဝင် ကမ္ဘာ့လေကြောင်း သမိုင်း၏ စာမျက်နှာသစ်ကို ထုဆစ်ပုံဖော်ရင်း အဆိုပါ လေယာဉ်သည် စွမ်းအင်ချွေတာရေး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ရေးအတွက် Clean Technology ၏ ကြီးမားသောစွမ်းပကားကို ပြသတော့မည်ဖြစ်သည်။ မဟာစိန်ခေါ်မှုကြီးတစ်ရပ်ကို ကျော်လွှားကာ တီထွင်ထုတ်လုပ်လိုက်သော ဆိုလာစွမ်းအင်ဖြင့် နေ့ရောညပါပျံသန်းနိုင်သည့် အဆိုပါလေယာဉ်သည် ၂ဝ၁၅ ခုနှစ် အစောပိုင်း ကာလတွင် မြန်မာနိုင်ငံသို့ ရောက်ရှိကာ ပို့ဆောင်ရေးဝန်ကြီးဌာနမှ ရဟတ်ယာဉ်တစ်စင်း၏ အကူအညီ ဖြင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံမြို့ပေါ်တွင် ကြော့ကြော့မော့မော့ လှလှပပပျံသန်းပြမည်ဖြစ်သည့်အပြင် ကျောင်းသားလူငယ်များအပါအဝင် ပြည်သူများကြည့်ရှု လေ့လာနိုင်ရန် မန္တလေးတံတားဦးလေဆိပ်တွင် ညအိပ် ရပ်နားက

ထိုင်းနိုင်ငံတွင် ကချင် မနောပွဲတော် ကျင်းပ

ဒီဇင်ဘာ ၄၊ ၂၀၁၄ နေမှစပြီး ထိုင်းနိုင်ငံတွင် ကချင်မနောပွဲတော် စတင်ကျင်းပနေပုံ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်းခရိုင် ချင်းသောင်းမြို့နယ် ဘန်းမိုင် ဆာမခီကျေးရွာရှိ ကချင်တိုင်းရင်း သားများ၏ ၆ ကြိမ်မြောက် Wunli Hkridip ကချင်မနောပွဲကို ဒီဇင်ဘာလ ၄ ရက်တွင် စတင်ကျင်းပနေပြီ ဖြစ်သည်။ ဒီဇင်ဘာလ ၄ ရက် နံနက် ၉ နာရီတွင် ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်၏ ၈၇ နှစ်ပြည့် ဂုဏ်ပြုသော အခမ်းအနားကို ထိုင်းအစိုးရ အရာရှိတစ်ဦးက ဦးဆောင်၍ ပြုလုပ်ခဲ့ပြီးကချင်အမျိုးသားအစည်းအရုံး KNO ဥက္ကဌ ဒူဝါ ဘောမ်ဝမ်လရော်က မနောပွဲ ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။ “ဒီမနက် ၉ နာရီကနေ ထိုင်းစစ်တပ်က အရာရှိတဦး ဦးဆောင်ပြီး ထိုင်းဘုရင်မွေးနေ့ကို ဂုဏ်ပြုအခမ်းအနားလုပ်တယ်။ မနောပွဲကိုတော့ ဆွတ်ဒူဘောမ်ဝမ်လရော်ကနေ ဖွင့်လှစ်ပြီး မနော ကကြပါတယ်၊ ၁၂ နာရီကျော်မှာ ပြီးပါတယ်" ဟု မနောပွဲ ဖြစ်မြောက်ရေးကော်မတီမှ ဥက္ကဌ ဦးခေါင်ဟောင်း က ပြောသည်။ မနောပွဲအခမ်းအနားသို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ကချင် အမျိုးသားအစည်းအရုံး KNO ဥက္ကဌ ဒူဝါ ဘောမ်ဝမ် လရော်နှင့် ဒုဥက္ကဌ ဦးအင်ဆန်တူးအောင် တို့လည်း တက်ရောက်ခဲ့သည်။ ထို့ပြင် ထိုင်းအ

ဒီဇင်ဘာလ (၅)ရက်နေ့ ထုတ် EURO SPORTS Journal ( Vol- 5 No- 36 )

ဒီဇင်ဘာလ (၅)ရက်နေ့ ထုတ် EURO SPORTS Journal ( Vol- 5 No- 36 ) ဒီဇင်ဘာလ (၅)ရက်နေ့ ထုတ် EURO SPORTS Journal ( Vol- 5 No- 36 ) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1Bix8Hs

EURO SPORTS Journal (Vol.5.No.36)

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1vSPbR6 via IFTTT

ခရီးသွားဧည့်သည်များ စိတ်ဝင်စားကြသည့် ပြင်ဦးလွင်ပန်းပွဲတော်

ပြင်ဦးလွင် ဒီဇင်ဘာ ၄ ပြင်ဦးလွင်မြို့သည် တောင်ပေါ် အပန်းဖြေမြို့တော်အဖြစ် ထင်ရှား သည့် အလျောက် နှစ်စဉ်ကျင်းပပြုလုပ် ပြသမြဲဖြစ်သော ကန်တော်ကြီး အမျိုး သား ဥယျာဉ်အ တွင်းရှိ ပန်းပွဲတော် ကိုလည်း ပြည်တွင်း ဧည့်ပရိသတ် များသာမက နိုင်ငံခြားသား ခရီး သည် များကလည်း စိတ်ဝင်စား ကြသည်။ ယခုနှစ်တွင်လည်း ပန်းအစို (အစစ်) အပွင့်ပေါင်း တစ်သိန်း ခြောက်သောင်း၊ ပန်းအခြောက် (အတု) အပွင့်ပေါင်း ငါးသောင်းဖြင့် ဖန်တီးပုံဖော်ထားသော ပြကွက် အမျိုးမျိုးပါဝင်သည့် ပန်းပွဲတော်ကြီး ကို ဒီဇင်ဘာ ၁၅ ရက်တွင် စတင် ဖွင့်လှစ်မည်ဖြစ်၍ ဒီဇင်ဘာ ၃၁ ရက်အထိ ခင်းကျင်းပြသသွားမည် ဖြစ်သည်။ ပန်းပွဲတော်ရက်အဖြစ် ထိုကဲ့သို့ စီစဉ်ရက်သတ်မှတ်ထား သော်လည်း ရပ်နီးရပ်ဝေးရှိ ပွဲတော် လာ ဧည့်သည်များ မမြင်ရ၊ မကြုံရ မဖြစ်ရလေအောင် ပန်းများ သက် တမ်းရှိသရွေ့ ဖေဖော်ဝါရီ လကုန် အထိ ထားရှိပြသသွားမည်ဖြစ်သည်။ ပန်းပွင့်ပေါင်းများစွာဖြင့် ပုံဖော် ထားသော နိုင်ငံတော်အလံကို ပွဲ တော်အဝင်ဝတွင် ဂုဏ်ယူစရာ တွေ့ မြင်ရမည်ဖြစ်သကဲ့သို့ ချစ်စရာ ဟင်္သာရုပ်ပုံ၊ ကြီးကြီးမားမားခန့်ခန့် ထည်ထည် ပိရမစ်ပုံ၊ ပြင်ဦးလွင်မြို့၏ အထင်ကရဖြစ်သော ရထားလုံးပုံ၊ မြန်မာလူမျိုးတို့၏ သမိုင်းဝင်နန်ြး

ပလက်ဖောင်းပေါ်က ဓာတ်တိုင်ကို တိုက်သော ကိုယ်ပိုင်ယဉ်ကြောင့် လျှပ်စစ်မီး လေးနာရီကြာ ပြတ်တောက်

ရန်ကုန် ဒီဇင်ဘာ ၄ ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီ က ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ် (စွယ်တော်မြတ် စေတီမုခ်ဦး အနီး) အမှတ်(၇) ရပ်ကွက် ကမ္ဘာ အေးဘုရားလမ်းဘေး ပလက်ဖောင်း ပေါ်ရှိ ၄ဝဝ ဗို့ လျှပ်စစ်ဓာတ်အားလိုင်း မီးတိုင်ကို ဝင်တိုက်မိကြောင်း သိရ သည်။ ဖြစ်စဉ်မှာ ရန်ကင်းမြို့နယ်နေ ကျော်ဇောဟိန်း (၂ဝ နှစ်) သည် ယာဉ်အမှတ် 1H/---- တိုယိုတာ မတ်ခ်တူး ရွှေငါး(အပြာရောင်) ကိုယ်ပိုင်ယာဉ်ကို ကမ္ဘာအေးဘုရား လမ်းအတိုင်း အနောက်မှအရှေ့သို့ မောင်းနှင်လာရာ အရှိန်ဖြင့် လမ်းဘေးဓာတ်မီးတိုင်ကို တိုက်မိ ပြီး မီးတိုင်ကျိုးကျခဲ့သည်။ အခင်း ဖြစ်ပွားရာအနီး လမ်းလျှောက်လာသူ မရမ်းကုန်းမြို့နယ်(၇) ရပ်ကွက်နေ မသဇင်ဝေ(၂၂ နှစ်)မှာ ကျိုးကျလာ သောမီးတိုင်နှင့် အနည်းငယ် ထိခိုက်မိကာ ဒဏ်ရာရသဖြင့် မြောက်ဥက္ကလာပဆေးရုံ အရေးပေါ် ကုသရေးဌာနသို့ ပို့ဆောင်ကုသခံ လျက်ရသည်။ ယာဉ်မောင်းသူကို ယာဉ်မှုစစ် စောဇော်မင်းဦးက စစ်ဆေးမှုပြုလုပ် လျက် မရမ်းကုန်းမြို့နယ် မြို့မရဲစခန်း ကအရေးယူထားကြောင်း သိရသည်။ မရမ်းကုန်းမြို့နယ် အုပ်ချုပ် ရေးမှူး(လျှပ်စစ်) ဦးမင်းမင်းနှင့် အင်ဂျင်နီယာဝန်ထမ်းအဖွဲ့များက ဓာတ်မီးတိုင်အစားထိုးခြင်း၊ မီးလိုင်း ကြိုးများ ပြန်လည်သွယ်တ

ဒီဇင်ဘာလ (၅)ရက်နေ့ ထုတ် 90:00 Minutes Sports Vol 6 No 47

ဒီဇင်ဘာလ (၅)ရက်နေ့ ထုတ် 90:00 Minutes Sports Vol 6 No 47 ဒီဇင်ဘာလ (၅)ရက်နေ့ ထုတ် 90:00 Minutes Sports Vol 6 No 47 ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1ys4Jwc