ရန်ကုန် ဒီဇင်ဘာ ၎
ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီ က ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ် (စွယ်တော်မြတ် စေတီမုခ်ဦး အနီး) အမှတ်(၇) ရပ်ကွက် ကမ္ဘာ အေးဘုရားလမ်းဘေး ပလက်ဖောင်း ပေါ်ရှိ ၄ဝဝ ဗို့ လျှပ်စစ်ဓာတ်အားလိုင်း မီးတိုင်ကို ဝင်တိုက်မိကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ရန်ကင်းမြို့နယ်နေ ကျော်ဇောဟိန်း (၂ဝ နှစ်) သည် ယာဉ်အမှတ် 1H/---- တိုယိုတာ မတ်ခ်တူး ရွှေငါး(အပြာရောင်) ကိုယ်ပိုင်ယာဉ်ကို ကမ္ဘာအေးဘုရား လမ်းအတိုင်း အနောက်မှအရှေ့သို့ မောင်းနှင်လာရာ အရှိန်ဖြင့် လမ်းဘေးဓာတ်မီးတိုင်ကို တိုက်မိ ပြီး မီးတိုင်ကျိုးကျခဲ့သည်။
အခင်း ဖြစ်ပွားရာအနီး လမ်းလျှောက်လာသူ မရမ်းကုန်းမြို့နယ်(၇) ရပ်ကွက်နေ မသဇင်ဝေ(၂၂ နှစ်)မှာ ကျိုးကျလာ သောမီးတိုင်နှင့် အနည်းငယ် ထိခိုက်မိကာ ဒဏ်ရာရသဖြင့် မြောက်ဥက္ကလာပဆေးရုံ အရေးပေါ် ကုသရေးဌာနသို့ ပို့ဆောင်ကုသခံ လျက်ရသည်။
ယာဉ်မောင်းသူကို ယာဉ်မှုစစ် စောဇော်မင်းဦးက စစ်ဆေးမှုပြုလုပ် လျက် မရမ်းကုန်းမြို့နယ် မြို့မရဲစခန်း ကအရေးယူထားကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ် အုပ်ချုပ် ရေးမှူး(လျှပ်စစ်) ဦးမင်းမင်းနှင့် အင်ဂျင်နီယာဝန်ထမ်းအဖွဲ့များက ဓာတ်မီးတိုင်အစားထိုးခြင်း၊ မီးလိုင်း ကြိုးများ ပြန်လည်သွယ်တန်း တပ်ဆင်ခြင်းများကို အချိန်နှင့် တစ်ပြေးညီဆောင်ရွက်ခဲ့ရာ ညနေ ၆ နာရီတွင် ပုံမှန်ဓာတ်အားလိုင်း သုံးစွဲနိုင်ကြောင်း သိရသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)
Myanmaalinn
http://ift.tt/1nAnMka
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1tMdw6F
Comments
Post a Comment