Skip to main content

Posts

Showing posts from November 23, 2014

ကင်ညာမှာ ဘာသာရေးစစ် ဖြစ်ဖို့ အယ်လ်ရှာဘတ်တွေ ရည်ရွယ်

ကင်ညာ နိုင်ငံမှာ ဘတ်စ်ကား တစ်စီးပေါ်က ခရီးသည် ၂၈ ဦးကို ဆိုမာလီ ဘာသာရေး အစွန်းရောက် လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ al-Shabab တွေက သတ်ဖြတ် ခဲ့တာဟာ တိုင်းပြည်ထဲမှာ ဘာသာရေး စစ်ပွဲတွေ ဖြစ်လာစေ ဖို့ ရည်ရွယ် လုပ်ဆောင်ခဲ့တာ ဖြစ်တယ် ဆိုပြီး၊ ကင်ညာသမ္မတ အူဟူရူ ကဲန်ညားတား ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။ သူတို့ ရည်ရွယ်ချက် က ဒီတိုင်းပြည် ထဲက မွတ်ဆလင်မ်တွေ နဲ့ မွတ်ဆလင်မ် မဟုတ်သူတွေ ကြားထဲမှာ ပဋိပက္ခ ဖြစ်လာစေဖို့ ရည်ရွယ်တာပါ၊ သူတို့ ရည်ရွယ်တာ မအောင်မြင်ဖို့ ကျနော်ကတော့ မျှော်လင့်ပါတယ် ဆိုပြီး သမ္မတ ပြောခွင့်ရ Abdikadir Mohammed က ဘီဘီစီကို ပေးတဲ့ အင်တာဗျူးထဲမှာ ပြောသွားပါတယ်။ ကင်ညာက ဘာသာပေါင်းစုံ ပြည်သူတွေ လက်တွဲပြီး ဒီလို ကြမ်းကြုတ်တဲ့ ရာဇဥတ်မှုတွေကို ဆန့်ကျင်ကြဖို့လည်း မစ္စတာ Mohammed က တိုက်တွန်း လိုက်ပါတယ်။ ကင်ညာရဲ့ ကမ်းရိုးတမ်းမြို့ Mombasa မှာ အစိုးရ တပ်ဖွဲ့ဝင်တွေက မွတ်ဆလင်မ် တွေကို သတ်ဖြတ်ခဲ့လို့ လက်တုန့်ပြန် ခဲ့တာ ဆိုပြီး Al-Shabab အဖွဲ့က ကြေညာ ထားပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1582rr5 အစ္စလာမ် ဘာသာရေး ကျမ်းစာ မရွတ် နိုင်သူတွေကို အယ်လ်ရှာဘတ် တွေက သတ်ဖြတ်။ from သစ်ထူးလွင် (နေ့စဉ်သတင်း

မြန်မာလူငယ် ၂ ဦးအရေး ဦးခင်အောင်မြင့်နှင့်အဖွဲ့ ဘန်ကောက်ရောက်ရှိ

မြန်မာလူငယ် ၂ ဦး ဖမ်းဆီးခံ ထားရတဲ့ကိစ္စနဲ့ ပတ်သက်လို့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ခေါင်းဆောင်တဲ့ ၁၂ ဦးပါ ကိုယ်စားလှယ်အဖွဲ့ ဒီနေ့ညနေပိုင်း ဘန်ကောက် ရောက်ပါတယ်။ ဦးခင်အောင်မြင့်တို့ အဖွဲ့ဟာ မြန်မာလူငယ် ၂ ဦးကိစ္စ လိုက်ပါ လုပ်ဆောင် ပေးနေတဲ့ အထူးအဖွဲ့နဲ့ တွေ့ ဆုံဆွေးနွေးကြမှာဖြစ်ပြီး အဖွဲ့မှာ ဥပဒေပညာ ကျွမ်းကျင်သူတွေနဲ့ မှုခင်းဆေး ပညာရှင်တွေ လိုက်ပါလာတယ်လို့ သိရပါတယ်။ မြန်မာလူငယ် ၂ ဦးအရေးနဲ့ ပတ်သက်ပြီး တရားမျှတ စွာ ဆောင်ရွက်ပေး ဖို့ ပြည်ထောင်စုလွှတ်တော်က ထိုင်းနိုင်ငံ အမျိုးသား ဥပဒေပြု ညီလာခံဥက္ကဋ္ဌထံ သ၀ဏ်လွှာပေးပို့ တောင်းဆိုထားပါတယ်။ ခိုတောင်ကျွန်း လူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီး ချုပ်နှောင်ခံထားရတဲ့ မြန်မာလူငယ် ၂ ဦး အာမခံရရှိရေးအတွက် ဘန်ကောက်မြန်မာသံရုံးက ငွေကြေးစိုက်ထုတ်ပေးမှာဖြစ်ပြီး အခုအပတ်အတွင်း လုပ်ဆောင်သွားမယ်လို့ အမှုကိစ္စ လိုက်ပါလုပ်ဆောင်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။ By ဒီဗွီဘီ http://ift.tt/1FfEZ6c ဦးခင်အောင်မြင့် ပြောကြားနေစဉ် from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1FfEZ6e

မြန်မာနိုင်ငံတွင် တာချီလိတ်မြို့အပါအ၀င် (၃)နေရာ၌ တစ်ရက်တည်း ငလျင်လှုပ်သွား

ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၂၃)ရက် ည(၆း၁၉)နာရီအချိန်က တာချီလိတ်မြို့တွင် အင်အား (၄.၄) အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့သည်။ တာချီလိတ်ခရိုင်အတွင်း နှင့် ဆက်စပ်နေသော မြို့များဖြစ်သည့် တာလေ၊ မိုင်းဖြတ် နှင့် ကျိုင်းလပ်မြို့များတွင် ငလျင်နှင့် ပတ်သက်၍ ဖြစ်ပေါ်မှု မရှိခဲ့ဘဲ၊ တာချီလိတ်မြို့နယ် တစ်ခုတည်းသာ လှုပ်ခတ်သွားတာ ဖြစ်ကြောင်း နှင့် ည(၆)နာရီဝန်းကျင်တွင် တာချီလိတ်မြို့ အပါအ၀င် မြင်းခြံမြို့အနီးတွင် အင်အား (၄.၀)အဆင့် နှင့် မာန်အောင်ကျွန်းအနီးတွင် (၄.၇)အဆင့်ရှိ ငလျပ်လှုပ်ခတ်သွားကြောင်း သိရှိရသည်။ တာချီလိတ်မြို့တွင် ယခုလို ငလျင်လှုပ်ခတ်သွားသည့်အတွက် ပြည်သူများအနေဖြင့် ထိတ်လန့်မှုသာ ဖြစ်သွားခဲ့သော်လည်း ထိခိုက်မှုနှင့် ဆုံးရှုံးမှု မရှိကြောင်း သိရှိရသည်။ သတင်း ။ ။ ကိုဇောင်း Tachileik Online News http://ift.tt/157HnkB from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/157HkW4