Skip to main content

Posts

Showing posts from March 5, 2015

ချွေးထွက်များပြီး ချွေးစော်မနံစေဖို့

ချွေးထွက်များသည့်အခါ တွင် (၁)ခရမ်းချဉ်သီးဖျော်ရည်ကို တစ်ပတ်လုံး နေ့စဉ်သောက်ပေးပါ။ (၂) Apple cider ဗနီကာ သို့မဟုတ် ဗနီကာရိုးရိုးကို ချိုင်းကြားတွင် လိမ်း ပေးခြင်းဖြင့် ချွေးစော်နံခြင်းကို ပျောက်စေသည်။ ပျားရည်ကို လက်ဖက်ရည်ဇွန်း(၂)ဇွန်းစာနှင့် ဗနီ ကာ(၂)ဇွန်းကို ရောပြီး အစာမစား မီ (၁)ပတ်ခန့်ပုံမှန်သောက်ပေးပါ။ ခြေ ထောက်ကို ဆေးကြောပြီး ချွေးစေး များ ပျံတတ်သည့်ခြေထောက်ကို ဗနီကာနှံ့အောင် လိမ်းပါ။ ထို့နောက် အခြောက်ခံပါ။ (၃)အာလူးကို လှီးပြီးချွေးထွက်သော နေရာကို လိမ်းပေးပါ။ (၄)လက်ဖက်စိမ်း(၁)ခွက် နေ့စဉ် သောက်ခြင်းဖြင့် ချွေးထွက်များခြင်း ကို ကောင်းစွာထိန်းပေးနိုင်သည်။ (၅) tea tree oil သည် မှိုစွဲခြင်းကို သက်သာစေသဖြင့် ချိုင်း၊ လက်များ၊ ခြေထောက်နှင့်ပေါင်ခြံနေရာတို့ ကို လိမ်းပေးပါက အသားကိုလည်း တင်းရင်းစေသည်။ အစားအသောက် အစားအသောက်အနေဖြင့် - အဆီများသောအစာ၊ကြက်သွန် နီ၊ ကြက်သွန်ဖြူ၊ ကဖိန်း၊အရက်နှင့် ကျက်ကျက် ကြော်ထားသော သရေ စာ၊ အခြားအစားအစာများကို ရှောင်ကြဉ်စားပါ။ ဆီလီကွန်သည် ချွေးထွက်များခြင်းကို ထိန်းပေးနိုင် သဖြင့် ဆီလီကွန်ပါဝင်သော စတော် ဘယ်ရီ၊ စပျစ်နှင့်ဗံဒါစေ့တို့ကို စား သုံးပါ။ ရေများများသောက်ပေ

အဆစ်အမြစ်များ ဒဏ်မဖြစ်အောင်

(၁) လုပ်ငန်းခွင်အနေအထား ကုလားထိုင်ကိုခပ်နိမ့်နိမ့်မထိုင်မိပါစေနှင့်။ ကုလားထိုင်မြင့်လေလေ ဒူးခေါင်းမကွေးရလေဖြစ်သောကြောင့် ဒူးဆစ်ညောင်းညာကိုက်ခဲခြင်းမှ သက်သာစေနိုင်သည်။ ကုလားထိုင် တွင်ထိုင်သည့်အခါ ပေါင်နှင့် ကြမ်းပြင် မျဉ်းပြိုင်အတိုင်း ရှိနေပါစေ။ စားပွဲနှင့်ထိုင်ခုံတွဲချိတ်လျက်သား တည်ဆောက် ထားသောပရိဘောဂများ မသုံးပါနှင့်။ (၂) ကိုယ်နေဟန်ထား ကိုယ်နေဟန်ထားဖြောင့်ဖြောင့်မတ်မတ်ထားလျှင် အရိုးဆစ်တစ်ခုနှင့်တစ်ခုမလိုအပ်ဘဲပွတ်တိုက်နေခြင်းမှ ရှောင်ရှားနိုင်ပြီး အဆစ်ရောင်ဝေဒနာ များမဖြစ်အောင် ကာကွယ်ထားနိုင်သည်။ (၃)အလွန်အကျွံခိုင်းခြင်း၊ အလွန်အကျွံ နားခြင်း အလုပ်ပင်ပင်ပန်းပန်းလုပ်ရပြီး အနားယူချိန်မရှိပါက အဆစ်အမြစ် များ နာကျင်ကိုက်ခဲလာတတ်သည်။အဆစ်များကို အဆက်မပြတ်သုံးခြင်း၊ အပြင်းအထန်သုံးခြင်း၊ တလွဲသုံး ခြင်းပြုလုပ်မိပါက အဆစ်များ ရောင် ရမ်းလာတတ်သလို အသုံးမပြုဘဲ ကြာရှည်ထားလျှင် အဆစ်များ တောင့် တင်းလာတတ်သည်။ အလုပ်ချိန် တစ်ခုနှင့်တစ်ခုကြား နားချိန်ထားပါ။ထိုင်ချိန်ကြာမြင့်၍ အဆစ်တောင့် တင်းခြင်းမဖြစ်စေရန် အနည်းဆုံး တစ်နာရီလျှင် တစ်ကြိမ်ခန့်မတ်တတ် ထ၍လှုပ်ရှားမှု အနည်းငယ်ပြုလုပ် ပေးပါ။ (၄) ရေနွေးနှင့်ရေချိုးခြ

မြန်မာ့ဆေးဖက်ဝင် ပတဲကောကြီးပင်

Item Name --------- Greater Galangal (ပတဲကောကြီးပင်) Category ------------ Raw Material Botany Term -------- Alpinia galangal Willd A, conchigera Griff Species Family ----- Zingiberaceae မြန်မာ နိုင်ငံ အနှံ့ အပြား တွင် သဘာဝ အလျောက် ပေါက်ရောက်သည်။သဘာဝ ပေါက်ပင် ဖြစ်သည်။ ♥ အပင် အမြဲစိမ်း အပင်ငယ် မျိုးဖြစ်သည်။ အမြင့် ၅-၈ ပေ အထိ မြင့်သည်။ရွက်ယောင် ပင်စည် ဖြစ်ပြီး ထောင်မတ်၍ ပေါက်သည်။ ပင်စည် လုံးမာ ၍ ချောမွေ့ သည်။ ♥ အရွက် ပင်စည် လုံး အား ပတ်၍ ရွက်လွှဲ ထွက်သည်။အလျား ၁-၂ ပေ အထိ ရှိ၏။ ရွက်ပြား ကျဉ်း၏။ ရွက်ရင်းဝိုင်း သို့မဟုတ် သွယ်ပြီး ရွက်ထိပ်သို့ ချွန်သွယ် သွားသည်။ဂုံမင်း ရွက်နှင့် တူသည်။ရွက်ညှာ တိုသည်။ရွက်လယ်ကြော ထင်ရှား၍ မြောင်းပါသည်။ အရွက် မျက်နှာပြင် နှစ်ဖက်လုံး ချောမွေ့ပြီး ရွက်နားညီသည်။ ♥ အပွင့် သေးငယ်ပြီး အဖြူ ရောင်တွင် နီညို စင်းကလေး များ ရှိသည်။ ♥ အမြစ်ဥ ဥပုံသဏ္ဌာန် ဖြစ်ပြီး နနွင်း တက်နှင့် တူသည်။ အမြှေး ဖတ်များဖြင့် ဖုံးအုပ်ထားသည်။ မြစ်မြွှာ နည်းသည်။ ► အသုံးဝင်ပုံ ဥတက်။ ♥ အာနိသင် မြန်မာ ဆေးကျမ်း များ အလိုအရ ပတဲကော မြစ်သည် ပူ ၊ စပ်၊ ခါး သော အရသာ ရှိ၏။ ပူ၍ ထက်မြက်သော ဂုဏ်သတ္တိ ရှိ၏။ သွေး

မြန်မာ့ဆေးဖက်ဝင် ပုန်းညက်ပင်

Item Name --------- Alexandrian Laurel (ပုန်းညက်ပင်) Category ------------ Raw Material Botany Term ------- Calophyllum inophyllum L Species Family ----- Guttiferae မြန်မာ နိုင်ငံ အောက်ပိုင်း ရှိ ဒေသ များတွင် ပေါက်ရောက် သည်။ အပူ ပိုင်းရာသီ ဥတု စွတ်စို သော ပင်လယ် ကမ်းခြေ ဒေသ မျိုး၌ ဖြစ်ထွန်း သည်။သဘာဝ အလျောက် အလေ့ကျ ပေါက်သည်။ အချို့ ဒေသ တွင် စိုက်ပျိုးသည်။ ♥ အပင် အပင် ငယ်မျိုး ဖြစ်သည်။ပင်စည် ကောက်ကွေ့ သည်။အခေါက် မီးခိုး ရောင်ရှိ ပြီး ချောမွတ် သည်။ အပင်မှ ပယင်းရောင် အစေး တစ်မျိုး ထွက်၏။ ♥ အရွက် ရွက်ဆိုင် ထွက်သည်။ဘဲဥ ပုံသဏ္ဌာန် ရှိ၍ ရွက်ရင်း ၀ိုင်းပြီး ရွက်ထိပ် ချိုင့်သည်။ အလျား ၄ လက်မ မှ ၈ လက်မ ထိ ရှည်၍ အနံ ၃ လက်မ မှ ၄ လက်မ ထိ ရှိသည်။ အရွက် မျက်နှာ နှစ်ဖက် စလုံး ပြောင်ချော ပြီး အပေါ် မျက်နှာပြင် တောက်ပသော အစိမ်းရောင် ရှိသည်။ထင်ရှား သော ရွက်ကြော များ များစွာ ဖြာလျက်ရှိသည်။ ရွက်ညှာ ၁/၂ လက်မ မှ ၁ ၁/၂ လက်မ အထိ ရှည်သည်။ ♥ အပွင့် ပွင့်ခိုင် များသည် အကိုင်း ဖျားရှိ အရွက် ရင်းများမှ ထွက်သည်။ အပွင့် အဖြူရောင် ရှိ၍ ဖယောင်း စိမ်ထား သကဲ့သို့ ဖြစ်ပြီး ၀တ်ဆံ သည် အ၀ါရောင် ဖြစ်သည်။အနံ့ အလွန် မွှေး သည့် ပန

သွေးအားနည်းရောဂါ ကာကွယ်ပါ

သွေးအားနည်းရောဂါ ကာကွယ်ပါမိန်းကလေးတွေမှာ အဖြစ်များတဲ့ သွေးအား နည်းရောဂါ ဆိုတာ တစ်သျှူးတွေ ဆီကို အောက်ဆီ ဂျင်အလုံ အလောက် သယ်ယူနိုင်တဲ့ ကျန်းမာတဲ့ သွေးနီဥတွေ မရှိတဲ့ အခြေအနေပါ။ ဒါကြောင့် သွေး အားနည်း ရောဂါဖြစ်ရင် မောပန်းနုံးချည့်နေတတ်ပါ တယ်။ သွေးထွက်များ ရင်လည်း သွေးအားနည်းတတ် ပါတယ်။ သွေးအားနည်းတဲ့ အခါ အဖြစ်များတဲ့ လက္ခ ဏာတွေ ကတော့ နုံးချည့်ညောင်းညာတာ၊ အသား အရောင်ဖျော့တာ၊ နှလုံးခုန်မြန်တာ၊ အသက်ရှူမဝ တာ၊ ရငဘ် တေ် အာငတ့်ာ၊ မူး ဝေတာ၊ လက် ဖျားခြေ ဖျား အေးစက်တာ၊ ခေါင်းကိုက်တာတွေပဲ ဖြစ်ပါ တယ်။ မိန်းကလေးအများစုဟာ သွေးအားနည်းနေတဲ့ အခါ အစပိုင်းမှာ သတိမထား မိတတ်ကြပါဘူး။ အခြေအနေဆိုး လာမှသာ စစ်ဆေးရင်းသိရှိတာများ ပါတယ်။ သွေးအားနည်းရောဂါ မဖြစ်စေဖို့ အောက်ပါ နည်းလမ်းတွေနဲ့ ကာကွယ်သင့်ပါတယ်။ သွေးအားနည်းရောဂါ အမျိုးအစား အများစုက ကာကွယ်လို့ ရပါတယ်။ သံဓာတ်ချို့တဲ့လို့ ဖြစ်တဲ့ သွေးအားနည်း ရောဂါနဲ့ ဗီတာမင်ချို့တဲ့လို့ ဖြစ်တဲ့ သွေးအားနည်း ရောဂါတွေ အတွက် အောက်ပါ အစာ တွေ စားပေးပါ။ သံဓာတ် - သံဓာတ်များတဲ့ အမဲသားနဲ့ တခြား အသားတွေ၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင် ဟင်းသီး ဟင်းရွက်နဲ့ သစ်သီးခြောက် တွေကို စားပါ။ ဖော်

အမျိုးသားတွေ ကိုယ်အလေးချိန်ကျဖို့ ဘာကြောင့်လွယ်ရသလဲ

(၁)အမျိုးသမီးများသည် အစားအ သောက် ပိုမိုခုံမင်ကြသည် အမျိုးသမီး (၂၅) ရာခိုင်နှုန်းခန့် သည် နာရီဝက်တစ်ခါ အစားအသောက် အကြောင်းတွေးတောမိကြသည်။ အမျိုးသားအများစု၏ စိတ်အာရုံတွင် အစားအသောက်အကြောင်း တွေးတော မိလေ့မရှိပေ။ (၂) အမျိုးသားများ၌ စိတ်ခံစားမှုနှင့်အစားအသောက်ဆက်စပ်မှုမရှိ စိတ်ဖိစီးမှု၊ စိုးရိမ်စိတ်လွန်ကဲမှု၊ ကြောက်ရွံ့ထိတ်လန့်မှုတို့သည် အမျိုး သမီးများ၌ အလိုအလျောက် အစား ပိုစားဖြစ်စေပြီး အမျိုးသားများ၌မူ အစားအသောက်ထက် အရက်၊ ဆေးလိပ် နှင့် မူးယစ်ဆေးဝါးများဘက်သို့ ပိုမို ယိမ်းယိုင်စေသည်။ (၃) အမျိုးသားများတွင် ဇီဝဖြစ်ပျက်နှုန်းပိုမိုမြန်ဆန်သည် ကိုယ်အလေးချိန်နှင့်အရပ်ထပ်တူကျသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတွင် အမျိုးသား၏ ဇီဝဖြစ်ပျက်နှုန်း (metabolic rate) မှာ အမျိုးသမီးထက် ပျမ်းမျှ ငါးရာခိုင် နှုန်းမှ တစ်ဆယ်ရာခိုင်နှုန်းအထိ ပိုများ သည်။ ဇီဝဖြစ်ပျက်ဖြစ်စဉ်များတွင် အစာချေဖျက်ခြင်း၊ စွမ်းအင်ချေဖျက်ခြင်း၊ ခန္ဓာကိုယ်အဆီချေဖျက်ခြင်း စသည့် ဖြစ်စဉ်များပါဝင်သည့်အတွက် အမျိုး သားများသည် အမျိုးသမီးများထက် ကိုယ်အလေးချိန်ကျရန် ပိုမိုလွယ်ကူ ရခြင်းဖြစ်သည်။ ဇော်ကို Source:RD Health Updates Journal from သစ်ထူးလွင်