Skip to main content

Posts

Showing posts from March 15, 2014

သီလဝါ အများပိုင် ရှယ်ယာ ခုနစ်သိန်းခန့် အဆိုပြုလွှာ လက်ခံ ရရှိထားဟုဆို

16-3-2014 မြန်မာသီလဝါ အများပိုင်ကုမ္ပဏီ (MTSH) ၏ အစုရှယ်ယာ များကို ယခုနှစ် မတ်လ ၃ ရက်နေ့က စတင် ရောင်းချချိန်မှ စပြီး မတ်လ ၁၃ ရက်နေ့အထိ ဝယ်ယူရန် အဆိုပြုသည့် ရှယ်ယာပေါင်း ခုနစ်သိန်းခန့် ရှိနေပြီ ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းအောင်က The Voice သို့ ပြောကြားသည်။ အဆိုပါ ရှယ်ယာ တစ်ခုကို ကျပ်တစ်သောင်းဖြင့် ရောင်းချရန် စီစဉ်ထားပြီး ရှယ်ယာပေါင်း ခုနစ်သိန်းခန့်၊ ကျပ်ငွေ သိန်းပေါင်း from Myanmar CNN http://ift.tt/1oZrwrd

ဆံပင်ကျွတ်ခြင်း အတွက် ၁၅ မီးနစ်ထဲမှာ ထိရောက်စေမည့် နည်းလမ်းကောင်း

(၁) ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်း (၂) သံပုရာရည် အနည်းငယ်နှင့် ရောလိုက်ပါ။ (၃) ဆံပင်ကို ထိုအရည်များဖြင့် ပွတ်လိုက်ပါ။ (၄) ၁၅ မီးနစ်ထားပြီး ခေါင်းလျော်လိုက်ပါ။ (၅) တစ်ပတ်မှာ နှစ်ကြိမ်မှ သုံးကြိမ် လုပ်ပေးပါ။ နှစ်ပတ်မှ လေးပတ်အတွင်းမှာ ဆံပင်ကျွတ်ခြင်း သိသိသာသာ သက်သာလာပါလိမ့်မည်။ ကျော်လင်းနိုင် ကျန်းမာရေးနှင့် အလှအပ သတင်းများ from Myanmar CNN http://ift.tt/1oZruPO

ဒုတိယကမ္ဘာစစ်အတွင်း ဖောက်လုပ်ခဲ့သော နာမည်ကျော် သေမင်းတမန်ရထားလမ်း၏ အစိတ်အပိုင်းများ ပြသထားသော သေမင်းတမန်ပြတိုက် ပျောက်ကွယ်လုနီးပါးဖြစ်နေ

Sunday , March 16 , 2014 Written by: ငြိမ်းဇော်လင်း၊ကျော်ဇင်ဝင်း မွန်ပြည်နယ် သံဖြူဇရပ်မြို့ရှိ ဒုတိယကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့သော သေမင်းတမန်ရထားလမ်း၏ အစိတ်အပိုင်းများ၊ မှတ်တမ်းများ ပြသထားသော သေမင်းတမန်ပြတိုက်သည် ပျောက်ကွယ်လုနီးပါး ဖြစ်နေကြောင်း သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းအောင်၏ လွှတ်တော်၌ မေးခွန်းမေးမြန်းချက်အရသိရသည်။ မတ် ၁၄ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော်တွင် from Myanmar CNN http://ift.tt/1m8T8No

ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ် အချင်းချင်းပြေလည်၍ အမှုဖွင့်ခြင်းမရှိ

16-3-2014 လားရှိုးမြို့တွင်ရပ်ကွက်(၃)လမ်းဆုံတစ်ခုတွင် ယာဉ်သုံးစီးဆင့်တိုက်မှု မတ်၁၄ရက်နံနက် ဆယ်နာရီခွဲခန့် တွင်ဖြစ်ခဲ့သည်။ ဖြစ်စဉ်မှာရပ်ကွက်၃သီရိလမ်းအတိုင်း ပန်အုပ်ဘုန်းကြီးကျောင်းဘက်သို့ မောင်းနှင်လာသော သုံးဘီးယာဉ်ငယ်အား ကြနီလမ်းအဆင်းဘက်အတိုင်း မောင်းနှင်လာသော ဟိုင်းလက်(နီညိုရောင်)၃ခ/——–ယာဉ်မှ ၀င်တိုက်မိရာမှ ပန်အုပ်ဘုန်းကြီးကျောင်းဘက်မှ သီရိလမ်းအတိုင်းမောင်းနှင်လာသော ပါဂျဲးရိုး(အဖြူ)၆ဂ/— from Myanmar CNN http://ift.tt/1m8T8Nj

ပွဲစားဖြင့် ကျောင်းအပ်ခြင်းကို တားမြစ်ရန် မကွေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ခြောက်ရာခန့် တောင်းဆို

မကွေးတက္ကသိုလ် တက်ရောက်ရန် အတွက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံရာတွင် ပွဲစားများမှ တစ်ဆင့် ကျောင်းအပ်နှံ နေခြင်းကို တားမြစ်ပေးရန် ကျောင်းသား၊ ကျောင်းသူ ၆၀၀ ခန့်က လက်မှတ်ထိုး တောင်းဆိုလိုက်ကြောင်း ယင်းလက်မှတ်များကို ဦးဆောင် ကောက်ယူသော ကျောင်းသားတစ်ဦး ဖြစ်သည့် ကိုသူရပြည့်စုံက သတင်း မီဒီယာများနှင့် တွေ့ဆုံ ရှင်းလင်းစဉ် ပြောကြားသည်။ ကျောင်းသား ကျောင်းသူများ ကိုယ်တိုင် ကျောင်းအပ်နှံပါက from Myanmar CNN http://ift.tt/1m8TaVv

တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသား ရာဂဏန်းဝန်းကျင်မှ ၎င်းတို့အား ကယ်တင်ရန် ရဲတပ်ဖွဲ့သို့ ဆက်သွယ်

Sunday , March 16 , 2014 မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသားများက ၎င်းတို့ကို ကယ်တင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဆက်သွယ် အကူညီတောင်းခံထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ ဌာနမှူး ရဲမှူးချုပ် စိုးမြိုင်က မတ် ၁၅ ရက် from Myanmar CNN http://ift.tt/1m8TaVo

ယခုနှစ်ပခန်းကြီးဒေသရှိကိုကြီးကျော်နတ်ပွဲမှာခရီးသွားများဖြ

from Eleven Daily News http://ift.tt/1m8T2p6

တပေါင်းလပြည့်နေ့တွင် တပေါင်းပွဲတော်ကျင်းပမှု၊ စတုဒိသာလှူဒါန်း

from Eleven Daily News http://ift.tt/1oZroI2

လွှတ်တော်ဥက္ကဌနှစ်ဦးနှင့်ပြည်ထောင်စုတရားသူကြီးချုပ်တို

from Eleven Daily News http://ift.tt/1m8T28x

ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန်စာရင်းရှိ ၅၈၀၀၀၀ ကျော်အ

from Eleven Daily News http://ift.tt/1m8T28n

#emg_editorials ၂၀၁၄ ခုနှစ် မတ်လ ၁၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတ...

#emg_editorials ၂၀၁၄ ခုနှစ် မတ်လ ၁၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော် သဘောတရားကို စွန့်ခွာသွားကြသူများ သဘောတရားအရဆိုလျှင် နိုင်ငံရေးသမားဟူသည် သာမန်လူများထက် မြင့်မြတ်သည်။ ပုထုဇဉ်အဆင့်ထက် သာလွန်သူများဟုပင် ဆိုနိုင်သည်။ နိုင်ငံရေးသမားတို့သည် အများပြည်သူ အကျိုးစီးပွားအတွက် ကိုယ်ပိုင်အကျိုးစီးပွားကို လျစ်လျူပြုထားကြသူများ ဖြစ်သည်။ အများအတွက်ဟူသည့် ယုံကြည်ချက်၊ ခံယူချက်အတွက်ဆိုလျှင် မိမိတို့အသက် အိုးအိမ်စည်းစိမ်ကို စွန့်လွှတ်ရန် နည်းနည်းလေးမျှ ၀န်မလေးကြသူများ ဖြစ်ကြသည်။ သို့သော် ယခင်တော်လှန်ရေးကောင်စီမတိုင်ခင် ပါလီမန်ဒီမိုကရေစီခေတ်က နိုင်ငံရေးသမားဟူသည်နှင့် ပတ်သက်၍ မောင်ထင်က သဘောတရားနှင့် လက်တွေ့ကွာခြားပုံကို သူ၏ “ဗမာ့နိုင်ငံရေးသုခမိန်” စာအုပ်တွင် ယခုကဲ့သို့ ရေးသားဖော်ပြခဲ့ဖူးသည်။ “ကျွန်ုပ်တို့သည် နိုင်ငံရေးသံသရာတစ်လျှောက်လုံး ကိုးကွယ်ရာကို ရှာခဲ့၏။ သို့သော် ကျွန်ုပ်တို့ကိုးကွယ်ခဲ့သမျှသော သူတို့သည် နိုင်ငံ၌ အရေးအကြောင်းကိစ္စ ပေါ်လာသောအခါ သူတို့ကို ကိုးကွယ်သော ကျွန်ုပ်တို့အား ထားရစ်ခဲ့၍ သူတို့၏ မယားနောက်သို့သာ ပါ၍သွားကြကုန်၏။ ကျွန်ုပ်တို့ကား လာမည့်ခေတ်ကိုသာ မျှော်တလင့်လင့် နြေ

လာမည့်ဘဏ္ဍာနှစ်တွင်ဧရာဝတီမြစ်ရေလမ်းကြောင်းပြုပြင်ထိ

from Eleven Daily News http://ift.tt/1m8T4NC

#thedailyelevencover

#thedailyelevencover from Eleven Media Group's Facebook Wall http://ift.tt/1oaCU4S

လေယာဉ်ဆက်သွယ်ရေးစနစ်မှာရည်ရွယ်ချက်ရှိရှိဖြင့်ဖြတ်တောက်ခံရြ

from Eleven Daily News http://ift.tt/1m8T4Nw

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပါက ပြည်ခိုင်ဖြိုးပ...

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပါက ပြည်ခိုင်ဖြိုးပါတီနှင့် အတိုက်အခံ NLD ပါတီ အပါအ၀င်နိုင်ငံရေး ပါတီအများစု ၀င်ရောက် ယှဉ်ပြိုင်သွားမည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်မည်ဆိုပါက အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ အပါအ၀င် နိုင်ငံရေးပါတီအများစု ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိ၌ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပနိုင်သည့် လစ်လပ်မဲဆန္ဒနယ် ၂၀ မှ ၃၀ ကြား ရှိနေကြောင်းသိရပြီး အဆိုပါလစ်လပ် မဲဆန္ဒနယ်များတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရန် နိုင်ငံရေးပါတီများက လိုလားလျက် ရှိနေသည်။ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက“ပါတီဆိုတာကတော့ ပြည်သူအတွက် အချိန်ပြည့် လုပ်ရတာပဲ။ အချိန်ပြည့် လုပ်ရတယ်ဆိုတာက ရွေးကောက်ပွဲတွေ အများကြီးဖြစ်မှာပဲ။ ရွေးကောက်ပွဲက အနည်းဆုံး ငါးနှစ် တစ်ကြိမ် ရှိမယ်။ ကြားဖြတ်တွေလည်း ရှိနိုင်တယ်။ အဲဒီဟာကို မှန်းပြီး ပြင်ဖို့ဆိုတာထက်စာလို့ရှိရင် ပြည်သူအကျိုးရှိအောင် အမြဲတမ်းလုပ်နေလု

ပြည်ထောင်စုအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ေ...

ပြည်ထောင်စုအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ဒေသခံများ၏ တောင်းဆိုချက်များအား လျစ်လျူရှု၍ မဆုံးဖြတ်ရန် ရခိုင်အမျိုးသားကွန်ရက် တောင်းဆို ပြည်ထောင်စုအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဆောင်ရွက်ရာတွင် ဒေသခံပြည်သူလူထု၏ တောင်းဆိုချက်တို့အား လျစ်လျူရှု၍ ဆုံးဖြတ်သည်တို့ကို ရှောင်ရှားရန် အထူးလိုအပ်ကြောင်း ရခိုင်အမျိုးသားကွန်ရက်က မတ် ၁၅ ရက်က ပြုလုပ်သည့် နှစ်နှစ်ပြည့်အခမ်းအနား သဘောထားကြေညာချက် ထုတ်ပြန်ရာတွင် ထည့်သွင်းတောင်းဆိုခဲ့သည်။ “ပြည်သူကို ဗဟိုပြုပြီး ပွင့်လင်းမြင်သာမှု ရှိအောင်လုပ်ခဲ့တာမျိုးတွေ မရှိဘူး။ ဒီအချက်တွေကို လုပ်ကိုင်ဆောင်ရွက်ဖို့ အများကြီး လိုအပ်တယ်”ဟု ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောကြားသည်။ ထို့ပြင် ပြည်ထောင်စုအစိုးရအနေဖြင့် ဒီမိုကရေစီအစိုးရတစ်ရပ်ဆီသို့ အသွင်ကူးပြောင်းမှုများ လုပ်ဆောင်နေပါသော်လည်း ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုအနေဖြင့် အဘက်ဘက်တွင် ပြုပြင်ပြောင်းလဲမှုများ ရှိနေသည်ဟု ယူဆရလောက်အောင် ထူးခြားသည့် အပြောင်းအလဲဟူ၍ မတွေ့ရှိရကြောင်းလည် ကြေညာချက်တွင် ထောက်ပြထားသည်

ပြည်ပ ဆက်သွယ်ရေးကုမ္ပဏီများမှ မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချမည့်အတွက် တန်ဖိုးနည်...

ပြည်ပ ဆက်သွယ်ရေးကုမ္ပဏီများမှ မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချမည့်အတွက် တန်ဖိုးနည်းဆင်းမ်ကတ် ပြင်ပပေါက်ဈေး ကျပ်သုံးသောင်းဝန်ကျင်အောက် ကျဆင်းလာ ပြည်ပဆက်သွယ်ရေးကုမ္ပဏီများမှ မိုဘိုင်းဆင်းမ်ကတ်များကို ရောင်းချမည့်အတွက် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းများမှ ရောင်းချပေးသည့် ၁၅၀၀ တန် မိုဘိုင်းဆင်းမ်ကတ်များမှာ လက်ရှိတွင် ပြင်ပပေါက်ဈေး ကျပ်သုံးသောင်း ၀န်းကျင်ခန့်သာ ရှိကြောင်း မိုဘိုင်းအရောင်းဆိုင်များ၏ ပြောကြားချက်အရ သိရသည်။ ၁၅၀၀ တန် မိုဘိုင်းဆင်းကတ်များမှာ ယခင်ပြင်ပပေါက်ဈေး တစ်သိန်းနီးပါးအထိရှိခဲ့ပြီး လက်ရှိတွင် ပြင်ပပေါက်ဈေး သုံးသောင်းဝန်းကျင်သာ ရှိပြီး အ၀ယ်ဈေးကွက် မရှိတော့ဘဲ အရောင်းဈေးကွက်သာ ရှိကြောင်း မိုဘိုင်းအရောင်းဆိုင်များနှင့် ဖုန်းပွဲစားများက ပြောကြားသည်။ “အခုဆိုရင် ပြည်ပကုမ္ပဏီတွေက ဆင်းကတ်တွေ ရောင်းတော့မှာဆိုပြီး ၁၅၀၀ ဆင်းကတ်ဈေးနှုန်းတွေ တော်တော်လေး ကျလာတယ်။ ၀ယ်တဲ့သူတွေလည်း မရှိသလောက်ကို နည်းလာတယ်။ အခုဈေးကွက်က အရောင်းဈေးကွက်ပဲ ရှိတော့တယ်။ အ၀ယ်ဈေးကွက် ကတော့ မရှိတော့ဘူး။ ကတ်တွေက လိုချင်ရင် လိုသလောက်ရတယ်။ ဆိုင်တိုင်းမှာ ကတ်တွေ ပုံနေတာပဲ”ဟု လသာမြို့န

မြန်မာနိုင်ငံသူဟု ယူဆရသည့် အမျိုးသမီးအိမ်အကူတစ်ဦး စင်ကာပူနိုင်ငံတွင် သေဆုံးလျက်...

မြန်မာနိုင်ငံသူဟု ယူဆရသည့် အမျိုးသမီးအိမ်အကူတစ်ဦး စင်ကာပူနိုင်ငံတွင် သေဆုံးလျက်တွေ့ရှိ မြန်မာနိုင်ငံသူ အိမ်အကူတစ်ဦးဟု ယူဆရသည့် အမျိုးသမီးတစ်ဦး အလောင်းအား စင်ကာပူနိုင်ငံ ဘီရှန်ရပ်ကွက်၌ မတ် ၁၃ ရက် ညပိုင်း၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း စင်ကာပူနိုင်ငံအခြေစိုက် Channel News Asia သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ ရဲတပ်ဖွဲ့ဝင်များက မတ် ၁၃ ရက် ည ၁၁ နာရီခွဲခန့်တွင် ဘီရှန်ရပ်ကွက်၊ လမ်းအမှတ် ၂၂ မှ အကူအညီပေးရန် အကြောင်းကြားမှုကို ရရှိခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိသည့်အချိန်တွင် လှုပ်ရှားမှုကင်းမဲ့နေသည့် အသက်၃၀ကျော်အရွယ်ရှိ နိုင်သည့် အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်ကို တွေ့ရှိခဲ့ကြရခြင်း ဖြစ်သည်။ ဆေးသူနာပြုများက သူမသေဆုံးနေပြီဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ယခုအခါ ရဲတပ်ဖွဲ့က အဆိုပါမှုခင်းအား ပုံမှန်မဟုတ်သည့် သေမှုသေခင်းနှင့် စစ်ဆေးလျက်ရှိနေပြီ ဖြစ်သည်။ အဆိုပါအမျိုးသမီးကို မြန်မာအမျိုးသမီး အိမ်အကူတစ်ဦးဟု ရဲတပ်ဖွဲ့မှ ကောက်ချက်ဆွဲထားပြီး သတ်ဖြတ်ခံရဖွယ်ရှိသည်ဟုလည်း သိရသည်။ ယခုနှစ်များအတွင်း နိုင်ငံခြားရောက် မြန်မာအမျိုးသမီး အိမ်အကူများအား အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားလျက် ရှိနေပြီး နိုင်ငံတကာတွင်လည်း ပြည်ပ

တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင် လူကုန်ကူးခံခဲ့ရသည့် မြ...

တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသား ရာဂဏန်းဝန်းကျင်မှ ၎င်းတို့အား ကယ်တင်ရန် ရဲတပ်ဖွဲ့သို့ ဆက်သွယ် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသားများက ၎င်းတို့ကို ကယ်တင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဆက်သွယ် အကူညီတောင်းခံထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ ဌာနမှူး ရဲမှူးချုပ် စိုးမြိုင်က မတ် ၁၅ ရက် မွန်းလွဲပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။ ပြည်တွင်း၌ အိမ်နီးချင်းနိုင်ငံအချို့သို့ လူကုန်ကူးခံခဲ့ရသူအများစုမှာ ဗဟုသုတနှင့် အတတ်ပညာ အားနည်းခြင်း၊ ဘ၀ရပ်တည်မှု ခက်ခဲပြီး စားဝတ်နေရေး အဆင်မပြေမှုများကြောင့် လူကုန်ကူးခံနေရခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အမျိုးသားအများစုမှာ ပြည်ပနိုင်ငံများ၌ လုပ်အားခေါင်းပုံဖြတ်ခံရခြင်း၊အမျိုးသမီးအများစုမှာ အလိုမတူဘဲ ဇနီးမယားအဖြစ် ပေါင်းသင်းရခြင်း၊ လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင် လုပ်ကိုင်နေရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သိရသည်။ န

လေယာဉ်၏ ဆက်သွယ်ရေးစနစ်ကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ခံရပြီး လမ်းကြောင်းပြောင်းလ...

လေယာဉ်၏ ဆက်သွယ်ရေးစနစ်ကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ခံရပြီး လမ်းကြောင်းပြောင်းလျက် ၇ နာရီကြာ ခြေရာဖျောက် ပျံသန်းခဲ့ဖွယ်ရှိသော်လည်း ပြန်ပေးဆွဲခံရဟု မလေးရှားဝန်ကြီးချုပ် အတည်မပြုခဲ့ ပြီးခဲ့သည့် မတ် ၈ ရက်က ပျောက်ဆုံးခဲ့သော မလေးရှားလေကြောင်းလိုင်း လေယာဉ်၏ ဆက်သွယ်ရေးစနစ်ကို လေယာဉ်ပေါ်ရှိ တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိဖြင့် ဖြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လေယာဉ်သည် ရေဒါမှ ပျောက်သွားခဲ့ပြီးနောက် ၇ နာရီခန့်အထိ ကြာအောင် ပျံသန်းခဲ့ဖွယ်ရှိကြောင်း မလေးရှားဝန်ကြီးချုပ်နာ ဂျစ်ရာဇတ်က မတ် ၁၅ ရက်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ သို့သော် နာဂျစ်က လေယာဉ်သည် ပြန်ပေးဆွဲခံရခြင်းဖြစ်နိုင်ကြောင်း ပြောကြားမှုများကို နာဂျစ်က အတည်ပြု ပြောကြားခဲ့ခြင်းမရှိဘဲ စုံစမ်းစစ်ဆေးသူများသည် နောက်ဆုံးသတ်မှတ်မှုကို မချမှတ်ရသေးကြောင်း ပြောကြားခဲ့သည်။ “ မလေးရှားအာဏာပိုင်တွေဟာ လေယာဉ်ပေါ်လိုက်ပါခဲ့တဲ့ ခရီးသည်တွေ၊ အမှုထမ်းတွေကို စုံစမ်းစစ်ဆေးဖို့ အာရုံစိုက်နေပါပြီ။ လေယာဉ်ထဲက တစ်စုံတစ်ယောက်က တမင်ရည်ရွယ်ဆောင်ရွက်ခဲ့မှုဆိုတာ သက်သေအထောက်အထားတွေက ကိုက်ညီနေပါတယ်” ဟု နာဂျစ်က ပြောကြားခဲ့သည်။ လေယာဉ်သည် နောက်ဆုံး အဆက်အသွယ်ပြုလုပ်ခဲ့

မော်ဒယ်လ် အောန်ဆိုင်းကို ကချင် အနုပညာရှင်များ အသင်း ဂုဏ်ပြု မြစ်ကြီးနား၊ မတ် ၁၅...

မော်ဒယ်လ် အောန်ဆိုင်းကို ကချင် အနုပညာရှင်များ အသင်း ဂုဏ်ပြု မြစ်ကြီးနား၊ မတ် ၁၅ ကိုရီးယားနိုင်ငံတွင် ကျင်းပ ပြုလုပ်ခဲ့သော ၂၀၁၄ Asia Model Festival Award ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုကာ Myanmar Model Award ဆုကို ရရှိခဲ့သည် ကချင်တိုင်းရင်းသူ သရုပ်ဆောင် မော်ဒယ်လ် အောန်ဆိုင်းအား ကချင် အနုပညာရှင်များ အသင်းက ဂုဏ်ပြုဆု ပေးအပ်ပွဲကို မတ်လ ၁၅ ရက်နေ့က မြစ်ကြီးနား မနောကွင်း အတွင်းရှိ မနောရိုးရာ အိမ်တော်တွင် ပြုလုပ်ခဲ့ကြောင်း ကချင် အနုပညာရှင်များ အသင်း ဥက္ကဋ္ဌ ကိုအဘားဒီးက The Voice သို့ ပြောကြားသည်။ “ကချင်တိုင်းရင်းသား အနုပညာရှင်တွေ ထဲက အာရှ အတိုင်းအတာထိ အောင်မြင်ခဲ့တဲ့ ရလဒ်အတွက် ကချင်အနုပညာရှင် အားလုံးကိုယ်စား ဂုဏ်ပြုခြင်း ဖြစ်ပါတယ်” ဟု ကိုအဘားဒီးက ဆိုသည်။ ကချင်တိုင်းရင်းသူ အနုပညာရှင် မော်ဒယ်လ် သရုပ်ဆောင် အောန်ဆိုင်း ရရှိခဲ့သော ဆုမှာ ကိုရီးယားနိုင်ငံက အာရှနိုင်ငံများ အတွင်းမှ မော်ဒယ်လ်များအား ရွေးချယ် ပေးအပ်သည့် ဆုဖြစ်ပြီး ၂၀၁၄ အတွက် မြန်မာနိုင်ငံ ကိုယ်စားပြု ဆုကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း သရုပ်ဆောင် မော်ဒယ်လ် အောန်ဆိုင်းက ဆိုသည်။ “အောန်ဆိုင်း အတွက်တော့ ဒီပွဲက ကြီးမားတဲ့ အတွေ့အကြုံပါပဲ။ ဒီဆုကလည်း

အောင်ဆုယူအေးစေတီ ထီးတော်တင်ပွဲ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ ကျန်းမာရေး...

အောင်ဆုယူအေးစေတီ ထီးတော်တင်ပွဲ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ ကျန်းမာရေးကြောင့် မတက်ရောက် မန္တလေး၊ မတ် ၁၅ ဘိုးဘွားဆွေစဉ် မျိုးဆက် တည်ထား ကိုးကွယ်ခဲ့သည့် စေတီတစ်ဆူဟု ဆိုသော စဥ့်ကိုင်မြို့နယ် ပလိပ်အုပ်စု စိတ္တရ ကျေးရွာရှိ အောင်ဆုယူအေးစေတီ ထီးတော် တင်လှူပွဲကို မတ်လ ၁၅ ရက်နေ့ (တပေါင်းလပြည့်) တွင် ကျင်းပရာ ယခင် တပ်မတော်အစိုးရ အကြီးအကဲနှင့် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေမှာ ကျန်းမာရေးကြောင့် တက်ရောက်နိုင်ခြင်း မရှိကြောင်း ယင်းမိသားစု ဆွေမျိုးတစ်ဦးက ပြောကြားသည်။ ရွှေထီးတော် တင်လှူပွဲ ကျင်းပသည့် စိတ္တရ ကျေးရွာသည် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ ဖခင်ဇာတိ ဖြစ်ပြီး ထီးတော် တင်လှူပွဲသို့ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ တက်ရောက်နိုင်ခြင်း မရှိဘဲ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်နှင့် မိသားစုဝင်များ တက်ရောက်ကြကြောင်း ၎င်း၏ ဆွေမျိုး အသိုင်းအဝိုင်းထံမှ သိရှိရသည်။ ယင်းထီးတော် တင်လှူပွဲနှင့် ပတ်သက်၍ ယင်းမိသားစုဝင် တစ်ဦးက The Voice ၏ မေးမြန်းမှုကို ငြင်းဆိုသည်။ အဆိုပါ စေတီ ထီးတော် တင်လှူပွဲသို့ မန္တလေးတိုင်း ဒေသကြီး သစ်တောနှင့် သတ္တုဝန်ကြီး၊ ကျောက်ဆည်ခရိုင် အထွေထေ

မိတ္ထီလာမြို့မ ဈေးပတ်လည် သုံးတန် အထက်ယာဉ် ဝင်ခွင့် ပိတ်မည် မိတ္ထီလာ၊ မတ် ၁၅ မိတ...

မိတ္ထီလာမြို့မ ဈေးပတ်လည် သုံးတန် အထက်ယာဉ် ဝင်ခွင့် ပိတ်မည် မိတ္ထီလာ၊ မတ် ၁၅ မိတ္ထီလာမြို့မ ဈေးကြီး၏ ဈေးပတ်လမ်းတွင် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးနှင့် မီးဘေးအန္တာရယ် ကင်းရှင်းရေးတို့ အတွက် မတ်လ ၂၀ ရက်နေ့မှစ၍ သုံးတန်နှင့် သုံးတန်အထက် ကုန်တင်ယာဉ်များ ယာဉ်ဝင်ခွင့် ပိတ်မည် ဖြစ်ကြောင်း မိတ္ထီလာခရိုင် ယာဉ်လုပ်ငန်း ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပြောကြားသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ခရိုင် အုပ်ချုပ်ရေးမှူး ရုံး၌ ဖေဖော်ဝါရီလ ၂၁ ရက်က မြို့တွင်း ပြေးဆွဲလျက် ရှိသည့် ဂိတ်များမှ ဂိတ်မှူးများ၊ ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ အဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများ တွေ့ဆုံ ညှိနှိုင်းခဲ့ပြီး ဈေးပတ်လမ်းရှိ ကုန်တင်ကုန်ချ ဂိတ်များကိုလည်း နေရာ ရွှေ့ပြောင်းပေးရန် အသိပေးထားပြီး ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ယာဉ်ရပ်နားရန် အခက်အခဲ ရှိသည့် ဂိတ်များအတွက် ဈေးအရှေ့ပြင်ရပ်ရှိ ရတနာ သင်းကျစ် ဘုရားဝင်းအတွင်း ကုန်တင်ကုန်ချခွင့် ပေးထားကြောင်း ဦးခင်မောင်မြင့်က ရှင်းပြသည်။ ယင်းသို့ ယာဉ်ရပ်နားရန် နေရာ ပြောင်းလဲခဲ့ခြင်းကြောင့် လေးလံသည့် ကုန်စည်များ သယ်ယူရန် အခက်တွေ့မည် ထင်ကြောင်း၊ လက်ရှိ ဂိတ်များမှာ ဈေးနှင့် နီးသောကြောင့

ကမ္ဘာ့အကြီးဆုံး ကွန်ဒိုမီနီယံ ကုမ္ပဏီ ရန်ကုန်၌ ကွန်ဒိုဖွင့်မည် ရန်ကုန်၊ မတ် ၁၅...

ကမ္ဘာ့အကြီးဆုံး ကွန်ဒိုမီနီယံ ကုမ္ပဏီ ရန်ကုန်၌ ကွန်ဒိုဖွင့်မည် ရန်ကုန်၊ မတ် ၁၅ ကမ္ဘာ့အကြီးဆုံး အဆင့်မြင့် ကွန်ဒိုမီနီယံနှင့် အိမ်ရာစီမံခန့်ခွဲမှု ကုမ္ပဏီ The Ascott Ltd. က ၎င်းတို့၏ မြန်မာနိုင်ငံတွင် ပထမဆုံး လုပ်ကိုင်မည့် အဆင့်မြင့် ကွန်ဒိုမီနီယံ စီမံကိန်းကို ရန်ကုန်မြို့၌ ၂၀၁၈ ခုနှစ်တွင် အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း The Ascott Ltd. မှ အမှုဆောင် အရာရှိချုပ် Lee Chee Koon က ဆိုသည်။ ကမ္ဘာအေး ဘုရားလမ်းနှင့် ဆရာစံ လမ်းထောင့်တွင် တည်ဆောက်မည့် Somerset Kabar Aye Yangon ဟု အမည်ပေးထားသော အဆိုပါ စီမံကိန်းတွင် နိုင်ငံတကာ အဆင့်မီ စားသောက်ဆိုင်များ အပါအဝင် အားကစားခန်းမ တစ်ခု၊ ရေကူးကန် နှစ်ခုနှင့် ကလေးကစားကွင်း တစ်ခုပါ အခန်း Unit ပေါင်း ၁၅၃ ခု ပါဝင်မည် ဖြစ်ပြီး ဘက်စုံသုံး ဇိမ်ခံ ကွန်ဒိုမီနီယံ တစ်ခုအဖြစ် ဖန်တီးသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီဘက်က ထုတ်ပြန် ကြေညာသည်။ စင်ကာပူ အခြေစိုက် The Ascott Ltd. သည် ယခုနှစ်အတွင်း အဆင့်မြင့် ကွန်ဒိုမီနီယံ စီမံကိန်း နှစ်ခု စတင်သွားမည် ဖြစ်ပြီး တရုတ်နိုင်ငံ ဝူဟန်ရှိ Somerset Zhuankou Wuhan နှင့် ရန်ကုန်တွင် တည်ဆောက်မည့် Somerset Kabar Aye Yangon တို့ ဖြစ်ကြောင်း အဆိုပါ

သီလဝါ အများပိုင် ရှယ်ယာ ခုနစ်သိန်းခန့် အဆိုပြုလွှာ လက်ခံ ရရှိထားဟုဆို ရန်ကုန်၊ မ...

သီလဝါ အများပိုင် ရှယ်ယာ ခုနစ်သိန်းခန့် အဆိုပြုလွှာ လက်ခံ ရရှိထားဟုဆို ရန်ကုန်၊ မတ် ၁၅ မြန်မာသီလဝါ အများပိုင်ကုမ္ပဏီ (MTSH) ၏ အစုရှယ်ယာ များကို ယခုနှစ် မတ်လ ၃ ရက်နေ့က စတင် ရောင်းချချိန်မှ စပြီး မတ်လ ၁၃ ရက်နေ့အထိ ဝယ်ယူရန် အဆိုပြုသည့် ရှယ်ယာပေါင်း ခုနစ်သိန်းခန့် ရှိနေပြီ ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းအောင်က The Voice သို့ ပြောကြားသည်။ အဆိုပါ ရှယ်ယာ တစ်ခုကို ကျပ်တစ်သောင်းဖြင့် ရောင်းချရန် စီစဉ်ထားပြီး ရှယ်ယာပေါင်း ခုနစ်သိန်းခန့်၊ ကျပ်ငွေ သိန်းပေါင်း ခုနစ်သောင်းခန့်ကို ဝယ်ယူရန် ရှယ်ယာ အဆိုပြုသူပေါင်း ငါးထောင်ကျော် ရှိကြောင်း ၎င်းက ဆိုသည်။ ရှယ်ယာ အနည်းစု ဝယ်ယူသူများကို ဦးစားပေး ရောင်းချမည် ဖြစ်သည့် အတွက် ရှယ်ယာအများ ဝယ်မည့် သူများကို အချိုးကျ စနစ်ဖြင့်သာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ စုံစမ်း သိရှိရသည်။ “ဒီရှယ်ယာက မြတ်မလား၊ ရှုံးမလား ဆိုတာ သေချာမသိဘူး။ ဝယ်ဖို့တော့ စိတ်ဝင်စားတာ အမှန်ပဲ။ အစိုးရကိုယ်တိုင် ပါတဲ့ အတွက်ရယ်၊ အကြီးဆုံး စီမံကိန်းကြီး တစ်ခု ဖြစ်တာကြောင့်ရယ် ဝယ်ဖို့တော့ စဉ်းစားထားတယ်” ဟု လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။ ရှယ်ယာ ဝယ်ယူရန် အဆိုပြုလွှာကို ယခုနှစ် ဧပြီလ ၉ ရက်

မြန်မာအမျိုးသမီး ၃၀,၀၀၀ ကို အော်ရီဒူးက ပြည်တွင်း၌သာ သင်တန်းပေးမည် ရန်ကုန်၊ မတ...

မြန်မာအမျိုးသမီး ၃၀,၀၀၀ ကို အော်ရီဒူးက ပြည်တွင်း၌သာ သင်တန်းပေးမည် ရန်ကုန်၊ မတ် ၁၅ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းတွင် ဝင်ရောက် လုပ်ကိုင်ခွင့် ရရှိထားသော အော်ရီဒူး၏ Women အစီအစဉ်အရ မြန်မာအမျိုးသမီး ၃၀,၀၀၀ ကို မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှု ရောင်းချရေး လေ့ကျင့် သင်တန်းကို ပြည်တွင်း၌သာ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန် ပြောဆိုသည်။ အော်ရီဒူးမြန်မာနှင့် ရှယ်ရီဘလဲ ရန်ပုံငွေ အဖွဲ့အစည်းတို့ ပူးပေါင်း အစီအစဉ်အရ ၂၀၁၆ ခုနှစ်အမီ မြန်မာအမျိုးသမီး ၃၀,၀၀၀ ကို မိုဘိုင်းလ် ဆက်သွယ်ရေး ဆိုင်ရာ ဝန်ဆောင်မှု ရောင်းချခြင်းဖြင့် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်လာစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း မတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန် ပြောဆိုခြင်း ဖြစ်သည်။ ကာတာအခြေစိုက် အော်ရီဒူး ကုမ္ပဏီက မြန်မာအမျိုးသမီး ၃၀,၀၀၀ ကို ယင်းနိုင်ငံသို့ ခေါ်ယူမည် ဖြစ်ကြောင်း အင်တာနက် စာမျက်နှာများတွင် သတင်း ဖော်ပြထားမှု အချို့ကြောင့် ဘာသာရေး ဆက်နွှယ်သည့် စိုးရိမ် ဝေဖန်မှုများ ပေါ်ထွက်လာပြီး အော်ရီဒူး မြန်မာက အထက်ပါအတိုင်း တုံ့ပြန် ရှင်းလင်းခြင်း ဖြစ်သည်။ “အမျိုးသမီးတွေကို အော်ရီဒူး မြန်မာမှာ ရှိတဲ့ မြန်မာနိုင်ငံသား ဝန်ထမ်း
The Voice Weekly Vol.10/No.10 Pdf Download thevoicemyanmar.com The Voice Weekly Vol.10/No.10 Pdf , Direct Download from The Voice Weekly's Facebook Wall http://ift.tt/1eFQYgj

မြစ်ဆုံနှင့် သံလွင်မြစ်အတွင်း ရေကာတာ မဆောက်ရန် ကမ္ဘာ့မြစ်ချောင်း ထိန်းသိမ်းရေးနေ့...

မြစ်ဆုံနှင့် သံလွင်မြစ်အတွင်း ရေကာတာ မဆောက်ရန် ကမ္ဘာ့မြစ်ချောင်း ထိန်းသိမ်းရေးနေ့တွင် ဆန္ဒပြ မြစ်ကြီးနား၊ မတ် ၁၅ ဧရာဝတီမြစ်ဆုံနှင့် သံလွင်မြစ်အတွင်း ရေကာတာများ မဆောက်ရန် နိုင်ငံတကာက ကမ္ဘာ့မြစ်ချောင်း ထိန်းသိမ်းရေးနေ့ အဖြစ် အသိအမှတ် ပြုထားသော မတ်လ ၁၅ ရက်နေ့တွင် ဆန္ဒပြခဲ့ကြောင်း ဆန္ဒ ထုတ်ဖော်မှုကို ဦးဆောင်ခဲ့သူ များက ပြောကြားသည်။ တရုတ်ရေအား လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) က ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံ ဒေသတွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းကို နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ရပ်ဆိုင်းထားရာမှ အပြီးတိုင် ဖျက်သိမ်းရေး အတွက် ဧရာဝတီအရေး လုပ်ရှားသူများ အဖွဲ့ ၃၂ ဖွဲ့က မြစ်ကြီးနားမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ပြီး သံလွင်မြစ် အတွင်း ရေကာတာနှင့် ရေအားလျှပ်စစ် လုပ်ငန်းများ မလုပ်ကိုင်ရန် မွန်ပြည်နယ် ချောင်းဆုံ မြို့နယ်မှ တက်ကြွ လှုပ်ရှားသူ လူငယ် ၁၅၀ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။ မြစ်ဆုံစီမံကိန်း ဆက်လက် အကောင်အထည် မဖော်ရန် ဆန္ဒဖော်ထုတ်ပွဲသို့ ဧရာဝတီ၊ ရန်ကုန်၊ မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး ငါးခုမှ အရပ်ဘက် လူမှုအဖွဲ့အစည်း များနှင့် ကချင်ပြည်နယ်ရှိ ဒေသခံ အရပ်ဘက် လူမှုအဖွဲ့အစည်း များမှ လ

ပွဲစားဖြင့် ကျောင်းအပ်ခြင်းကို တားမြစ်ရန် မကွေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူြေ...

ပွဲစားဖြင့် ကျောင်းအပ်ခြင်းကို တားမြစ်ရန် မကွေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ခြောက်ရာခန့် တောင်းဆို မကွေး၊ မတ် ၁၅ မကွေးတက္ကသိုလ် တက်ရောက်ရန် အတွက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံရာတွင် ပွဲစားများမှ တစ်ဆင့် ကျောင်းအပ်နှံ နေခြင်းကို တားမြစ်ပေးရန် ကျောင်းသား၊ ကျောင်းသူ ၆၀၀ ခန့်က လက်မှတ်ထိုး တောင်းဆိုလိုက်ကြောင်း ယင်းလက်မှတ်များကို ဦးဆောင် ကောက်ယူသော ကျောင်းသားတစ်ဦး ဖြစ်သည့် ကိုသူရပြည့်စုံက သတင်း မီဒီယာများနှင့် တွေ့ဆုံ ရှင်းလင်းစဉ် ပြောကြားသည်။ ကျောင်းသား ကျောင်းသူများ ကိုယ်တိုင် ကျောင်းအပ်နှံပါက အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရပြီး ကြားပွဲစားဖြင့် ကျောင်းအပ်နှံပါက အချိန်တိုတွင်း၌ အပ်နှံ ပြီးစီးသောကြောင့် ကျောင်းသား အများစုမှာ ပွဲစားများမှ တစ်ဆင့်သာ ကျောင်းအပ်နှံ ကြရကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။ “ပွဲစားတွေကလည်း ဒီကျောင်းမှာ ရှိတဲ့ ဝန်ထမ်းတွေ၊ ဆိုင်ရာဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ နီးစပ်ရာ ပုဂ္ဂိုလ်တွေပဲ ဖြစ်နေတယ်” ဟု ကိုသူရပြည့်စုံက ဆိုသည်။ ပွဲစားများနှင့် ကျောင်းအပ်နှံခြင်းကြောင့် အဓိက ပြဿနာ ကြုံတွေ့ရသည်မှာ အဝေးသင် ကျောင်းသားများ ဖြစ်ကြောင်း၊ အဝေးသင် ကျောင်းသားများမှာ ကျောင်းအပ်နှံရန

ကုန်ပစ္စည်းများကို ကြော်ငြာရာတွင် အနုပညာရှင်များ တာဝန်ယူရန် အတွက် အလုပ်ရုံ ဆွေးနေ...

ကုန်ပစ္စည်းများကို ကြော်ငြာရာတွင် အနုပညာရှင်များ တာဝန်ယူရန် အတွက် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်မည် ရန်ကုန်၊ မတ် ၁၅ နိုင်ငံတကာတွင် စားသောက်ကုန်နှင့် ပစ္စည်းများကို ကြော်ငြာရာတွင် လုပ်ငန်းရှင်များသာမက ကြော်ငြာသော အနုပညာရှင်များ၊ မော်ဒယ်လ်များပါ တာဝန်ယူရသည့် အတွက် ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများကို ဖိတ်ကြား၍ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခု ပြုလုပ်သွားမည် ဖြစ်ကြောင်း စားသုံးသူ ကြိုတင်ကာကွယ်ရေး အသင်း (မြန်မာနိုင်ငံ) ၏ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားသည်။ “ကြော်ငြာတဲ့ မော်ဒယ်လ်ကပါ ကိုယ်ကြော်ငြာတဲ့ ကုန်ပစ္စည်းကို တာဝန်ယူရမယ်။ နိုင်ငံခြားမှာ တာဝန်ယူကြတယ်။ ဒီမှာ တာဝန်မယူဘူး ဆိုရင် တာဝန်မဲ့ရာ ကျပါတယ်” ဟု ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ဆိုသည်။ အစားအစာများသာမက ဖျော်ဖြေရေး၊ ဖက်ရှင်၊ အလှကုန်၊ ဝန်ဆောင်မှု၊ သဘာဝ ပတ်ဝန်းကျင်များ ကိုပါ စားသုံးခြင်းကြောင့် စားသုံးသူ အခွင့်အရေး အတွက် စားသုံးသူ ကာကွယ်ရေး ဥပဒေ ထွက်ရှိလာပါက ကြော်ငြာသူ မော်ဒယ်လ်များကို အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ အဆိုပါ အနုပညာရှင်များ မိမိ ကြော်ငြာသည့် ကုန်ပစ္စည်းကို တာဝန်ယူရမည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရ

ဥရောပသမဂ္ဂ ကုန်သွယ်ရေး အကြီးအကဲ မြန်မာသို့ ပထမဆုံး လာရောက်မည် ရန်ကုန်၊ မတ် ၁၅ အ...

ဥရောပသမဂ္ဂ ကုန်သွယ်ရေး အကြီးအကဲ မြန်မာသို့ ပထမဆုံး လာရောက်မည် ရန်ကုန်၊ မတ် ၁၅ အရှေ့တောင်အာရှ နိုင်ငံများနှင့် ကုန်သွယ်မှု မြှင့်တင်ရန် ကြိုးပမ်းနေသော ဥရောပသမဂ္ဂ၏ ကုန်သွယ်ရေး ဆိုင်ရာ အကြီးအကဲ (Trade Commissioner) Mr. Karel De Gucht သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ (EU) က ထုတ်ပြန်သည်။ မတ်လ ၁၇ ရက်နေ့တွင် စတင်မည့် ဥရောပသမဂ္ဂ ကုန်သွယ်ရေး အကြီးအကဲ၏ ခရီးစဉ်တွင် မြန်မာ အပါအဝင် ဗီယက်နမ်နှင့် ကမ္ဘောဒီးယား နိုင်ငံတို့သို့ လေးရက်ကြာ သွားရောက်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စု ဝန်ကြီး အချို့နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ဥရောပသမဂ္ဂက ဆိုသည်။ ထို့ပြင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်နှင့် တွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှု ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက် အတွက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအား ၁၉၉၇ ခုနှစ်တွင် ပိတ်ပင်ခဲ့သည့် ကုန်သွယ်မှု ဆိုင်ရာ အထူးအခွင့်အရေးကို ၂၀၁၃ ခုနှစ် အတွင်း ပြန်လည် ခွင့်ပြုခဲ့

(မတ်လ ၁၆ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editor's World) အမ...

(မတ်လ ၁၆ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editor's World) အမှိုက်ပုံး ထားပေးပါ မြန်မာပြည်ကို အလည်လာတဲ့ နိုင်ငံခြားသားတွေ မကြာခဏ အခက်အခဲ ဖြစ်ရတာက သူတို့အတွက် အမှိုက်ပစ်စရာ အမှိုက်ပုံး အလွယ်တကူ ရှာမတွေ့တဲ့ ပြဿနာပဲ။ သူတို့ နိုင်ငံတွေမှာတော့ ငယ်ငယ်ကတည်းက အမှိုက်ဆိုတာ အမှိုက်ပုံး အတွင်းမှာပဲ ပစ်ဖို့ သင်ပေးထားတဲ့ အပြင် အဲလို ပစ်နိုင်အောင်လည်း နေရာတိုင်းမှာ အမှိုက်ပုံး ထားပေးတယ်။ အခုနောက်ပိုင်း အမှိုက်ကိုတောင် ပြန်သုံးလို့ရတဲ့ အမှိုက်နဲ့ ပြန်သုံးမရတဲ့ အမှိုက်ဆိုပြီး ခွဲပစ်လို့ရအောင် လုပ်ပေးနေပြီ။ တကယ်တော့ အမှိုက်ကို အမှိုက်ပုံးထဲမှာပဲ ပစ်ချင်တာ နိုင်ငံခြားသားမှ မဟုတ်ပါဘူး။ အခုဆို မြန်မာနိုင်ငံသားတွေ ထဲမှာ နိုင်ငံတကာ အတွေ့အကြုံရှိနေ သူရော၊ ပတ်ဝန်းကျင် နိုင်ငံတွေမှာ အလုပ် သွားလုပ်ပြီး ပြန်လာတဲ့ သူတွေရော၊ နိုင်ငံခြားကို အလည်အပတ် မကြာခဏ ထွက်နေတဲ့ သူတွေရော တဖြည်းဖြည်း များလာပြီ။ သူတို့ဆိုရင် အမှိုက်ကို အမှိုက်ပုံးထဲမှာ ပစ်ဖို့ အသိစိတ် ရှိသူတွေ ဖြစ်လာပြီ။ သူတို့လို မြန်မာတွေတောင် အမှိုက်ပစ်ချင်လို့ အမှိုက်ပုံး တော်တော်နဲ့ ရှာမတွေ့ဘူး။ ကျွန်တော်တို့ ဆီမှာတော့ မွေးကတည်းက အမှိုက်ဆိုတာ တွေ့ကရာနေ

ဘိုးဘွားဆွေစဉ် မျိုးဆက် တည်ထား ကိုးကွယ်ခဲ့သည့် စေတီတစ်ဆူဟု ဆိုသော စဥ့်ကိုင်မြို့...

ဘိုးဘွားဆွေစဉ် မျိုးဆက် တည်ထား ကိုးကွယ်ခဲ့သည့် စေတီတစ်ဆူဟု ဆိုသော စဥ့်ကိုင်မြို့နယ် ပလိပ်အုပ်စု စိတ္တရ ကျေးရွာရှိ အောင်ဆုယူအေးစေတီ ထီးတော် တင်လှူပွဲကို မတ်လ ၁၅ ရက်နေ့ (တပေါင်းလပြည့်) တွင် ကျင်းပရာ ယခင် တပ်မတော်အစိုးရ အကြီးအကဲနှင့် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေမှာ ကျန်းမာရေးကြောင့် တက်ရောက်နိုင်ခြင်း မရှိကြောင်း ယင်းမိသားစု ဆွေမျိုးတစ်ဦးက ပြောကြားသည်။ အောင်ဆုယူအေးစေတီ ထီးတော်တင်ပွဲ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ ကျန်းမာရေးကြော� www.thithtoolwin.com from Myanmar News Now's Facebook Wall http://ift.tt/1eFQNBJ

ယူကရိန်းနိုင်ငံ၊ ခရိုင်းမီးယားဒေသမှာ တနင်္ဂနွေနေ့ကျရင်လုပ်မယ့် လူထုဆန္ဒခံယူပွဲရလဒ်က...

ယူကရိန်းနိုင်ငံ၊ ခရိုင်းမီးယားဒေသမှာ တနင်္ဂနွေနေ့ကျရင်လုပ်မယ့် လူထုဆန္ဒခံယူပွဲရလဒ်ကို အသိအမှတ်မပြုဖို့ ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တစ်ရပ်ကို ရုရှားနိုင်ငံက ဗီတိုသုံး ပယ်ချလိုက်ပါတယ်။ စနေနေ့က လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကြား မဲခွဲဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့တာ ရုရှားတစ်နိုင်ငံထဲဖြစ်ပြီး တရုတ်က မဲမပေးဘဲနေခဲ့ပါတယ်။ တခြားအဖွဲ့ဝင် ၁၃ နိုင်ငံက ထောက်ခံခဲ့ကြပါတယ်။ ခရိုင်းမီးယား ဆိုင်ရာ ဆုံးဖြတ်ချက် ရုရှားဗီတိုသုံး ပယ်ချ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Hto www.thithtoolwin.com from Myanmar News Now's Facebook Wall http://ift.tt/1m8N9Ik