Skip to main content

Posts

Showing posts from June 9, 2014

ဒုတိယအကြိမ်အသက်စစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသဖြင့် ယူ-၁၆အသင်းကို လိဂ်...

ဒုတိယအကြိမ်အသက်စစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသဖြင့် ယူ-၁၆အသင်းကို လိဂ်(၂)လူငယ်ပြိုင်ပွဲမှ ထုတ်ပယ် ညီမိုဃ်း မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေးကော်မတီသည် လိဂ်(၂)လူငယ်အသင်း ပြိုင်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၆ အသင်းအနေဖြင့် ဒုတိယအကြိမ် အသက်စစ်ဆေးရာတွင် ပူးပေါင်းခြင်း မရှိသဖြင့် ပြိုင်ပွဲမှ ထုတ်ပယ်ခဲ့သည်။ မြန်မာနေရှင်နယ်လိဂ် လူငယ်ပြိုင်ပွဲ များအတွက်ပြုလုပ်သော ပထမအဆင့် အသက်စစ်ဆေးမှုတွင် ယူ-၁၆ အသင်း အ နေဖြင့် ပါဝင်ခဲ့သော်လည်း ဒုတိယအကြိမ်တွင် လာရောက် ပူးပေါင်းဆောင်ရွက်ခြင်း မရှိ သောကြောင့် မြန်မာနေရှင်နယ်လိဂ်(၂)လူငယ်ပြိုင်ပွဲမှ ယူ-၁၆အသင်းကို ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး တာဝန်ခံ ဦးရဲမျိုးဟိန်းက “ယူ-၁၆ အသင်းဟာ ကျွန်တော်တို့ရဲ့ ပထမအကြိမ် စစ်ဆေးမှုမှာ ပါဝင်ခဲ့ပေမယ့် လိုအပ်တဲ့အချက်အလက်တွေကို ပြန်လည်တင်ပြဖို့ ဒုတိယ အကြိမ် ပြန်လည်ခေါ်ယူခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ ကျွန်တော်တို့နဲ့ မဆက်သွယ်ခဲ့ပါဘူး။ ပြိုင်ပွဲတွေ များနေလို့လည်း ဖြစ် နိုင်ပါတယ်။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ အချိန်အတွင်း ရောက်မလာတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ပွဲစဉ်ဇယားရေးဆွဲတဲ့ အချိန်မှ

ဆန္ဒပြမှုအား ဖြိုခွင်းခဲ့ရာတွင် လူသေဆုံးခဲ့ရခြင်းနှင့် ပတ်သက်၍ ဆူတက်ကို စစ်ခုံရုံး...

ဆန္ဒပြမှုအား ဖြိုခွင်းခဲ့ရာတွင် လူသေဆုံးခဲ့ရခြင်းနှင့် ပတ်သက်၍ ဆူတက်ကို စစ်ခုံရုံးတွင်စစ်ဆေး ဟင်္သာနီ (မွန်မြေ) ရှပ်နီအဖွဲ့ ဆန္ဒပြမှုအား ကျည်ဆန်အစစ်ဖြင့် ပစ်ခတ်ဖြိုခွင်းရန် အမိန့်ပေးခဲ့သည်ဟူသော စွဲချက်များဖြင့် ထိုင်းဒီမိုကရက်တစ် ပါတီခေါင်းဆောင်တစ်ဦးဖြစ်သည့် ဆူတက်ထစ်ပ်စုဘန်အား စစ်ခုံရုံးတွင် ဇွန်လ ၉ ရက်၌ စတင်ကြားနာစစ်ဆေးခဲ့ကြောင်း ထိုင်းရုပ်သံများက ကြေညာခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်၊ ဧပြီလနှင့် မေလတို့တွင် ဘန်ကောက်မြို့၌ ရှပ်နီဆန္ဒပြမှုများအား ဖြိုခွင်းခဲ့ရာ တွင် ကျည်ဆန် အစစ်များဖြင့် ပစ်ခတ်ရန်အမိန့်ပေးခဲ့ခြင်းမှာ မိမိတစ်ဦးတည်း၏အမိန့်သာဖြစ်၍ ထိုစဉ် ၀န်ကြီးချုပ် တာဝန်ယူထားသည့် အဘီဆစ်၏ညွှန်ကြားချက် မဟုတ်ကြောင်းလည်း မစ္စတာဆူတက်က ကာကွယ်ပြောဆို သွားခဲ့သည်။ အဘီဆစ် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူနေချိန်၌ မစ္စတာဆူတက် ထစ်ပ်စုဘန်မှာ ဒု-၀န်ကြီးချုပ်အဖြစ် အစိုးရ အဖွဲ့တွင်း တာဝန်ယူနေခဲ့သည်။ စစ်တပ်အား ကျည်ဆန်အစစ် သုံးခွင့်ပေးထားခဲ့ပြီး တကယ့်ဆန်္ဒပြမှုအား ဖြိုခွင်း ခဲ့ချိန်၌ ရှပ်နီအဖွဲ့ဘက်မှ အနက်ရောင် ၀တ်ထားသည့် လက်နက်ကိုင်သူများ ပါဝင်ခဲ့ပြီး ၎င်းတို့က စစ်တပ်အားပစ်ခတ်ခဲ့၍ စစ်တပ် ကလည်း မိမိကိုယ်ကို ကာကွယ်သည့်အနေဖြင်

နိုင်ငံတကာသတင်းတိုများ ဗီယက်နမ်သင်္ဘောများ အကြိမ် တစ်ထောင်ကျော် ကျူးကျော်ခဲ့ နို...

နိုင်ငံတကာသတင်းတိုများ ဗီယက်နမ်သင်္ဘောများ အကြိမ် တစ်ထောင်ကျော် ကျူးကျော်ခဲ့ နိုင်ငံတောင်ပိုင်းရှိ အိမ်နီးချင်းနိုင်ငံ ဖြစ်သော ဗီယက်နမ်နှင့် ကောင်းမွန် သောဆက်ဆံရေး ရှိသော်လည်း ဗီယက်နမ်မှ သင်္ဘောများမှာ တောင် တရုတ်ပင်လယ်အတွင်းရှိ ရေပိုင်နက် အငြင်းပွားနေသည့် နေရာသို့ အကြိမ် တစ်ထောင်ကျော် ၀င်ရောက်ကျူးကျော် ခဲ့သည်ဟု တရုတ်နိုင်ငံမှ စွပ်စွဲပြောကြားလိုက်သည်ဟု ဇွန်လ ၉ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဝေလငါးဖမ်းခြင်းကိုပိုမို ကန့်သတ်မည် စီးပွားဖြစ် ဝေလငါးဖမ်းခြင်းအပေါ် တင်းကျပ်သည့် ကန့်သတ်မှုများပြုလုပ်သည့် ကြိုးပမ်းမှုအား အရှိန်မြှင့် တင် ပြုလုပ်သွားမည်ဟု ဂျပန်ဝန်ကြီးချုပ်က ဂျပန်ပါလီမန်သို့ ပြောကြားလိုက်သည် ဟု ဇွန်လ ၉ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။။ အမေရိကန်- တရုတ် ပူးပေါင်း စစ်ရေးလေ့ကျင့်မည် တရုတ်-အမေရိကန် နှစ်နိုင်ငံ အကြားရှိ စစ်ဘက်ရေးရာဆက်ဆံရေး၌ မယုံကြည်မှုများ နက်နက်ရှိုင်းရှိုင်းရှိ နေသော်လည်း အမေရိကန်နိုင်ငံမှ ယခုလအတွင်းကျင်းပမည့် ရေတပ်စစ်ရေးလေ့ကျင့်မှုတွင် ပထမဆုံး အကြိမ် အဖြစ် ပါဝင်မည်ဖြစ်သည်ဟု တရုတ် နိုင်ငံ မှ ဇွန်လ ၉ ရက်တွင် အတည်ပြု ပြောကြားလိုက်သည် ဟု အေအက်ဖ်ပီ သတင်းတစ

လှိုင်သာယာမှ ရိုက်နှက်ခံရမှု ဗိုလ်ကြီးတစ်ဦးပါဝင်ဟု စွပ်စွဲ ကျော်စွာဝင်း လှိုင်သာ...

လှိုင်သာယာမှ ရိုက်နှက်ခံရမှု ဗိုလ်ကြီးတစ်ဦးပါဝင်ဟု စွပ်စွဲ ကျော်စွာဝင်း လှိုင်သာယာမြို့နယ်တွင် ဇွန် ၅ ရက် ည ၁၀ နာရီခွဲခန့်ကဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ ရိုက်နှက်မှုတွင် တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးပါဝင်နေသည်ဟု အရိုက်ခံရသူများက စွပ်စွဲပြောဆိုလိုက်သည်။ ဖြစ်စဉ်မှာ အရိုက်ခံရသူ ဦးချစ်ဟန်သည် ၎င်းဦးလေးတော်စပ်သူနေအိမ်မှ ပြန်လာရာ အိမ်ရှေ့လက်ဘက် ရည်ဆိုင်အနီးရပ်တန့်ထားသည့် ကားမှအချက်ပေးသံများ ထွက်ပေါ်နေသည်ကိုသတိထားမိခဲ့သည်ဟု မဇ္ဈိမကို ပြောသည်။ ထို့နောက် ရပ်ကွက်တွင်းနေ ဦးကျော်သိန်းထံသွားရောက် ပြောကြားခဲ့သည်ဟု အရိုက်ခံရသူက ဆိုသည်။ “အဲ့ဒီနေ့က သူလာပြောတော့ ကျွန်တော်က ပိုင်ရှင်ကိုရှာခိုင်းလိုက်တယ်။ မင်္ဂလာဆောင်နဲ့ အသုဘရှိနေ တော့ အဲ့ဒီနေရာက ဧည့်သည်တွေပဲလို့ တွေးမိလို့ သွားမေးဖို့လွှတ်ခဲ့တာပါ”ဟု တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ အတွင်းရေးမှူး ဦးကျော်သိန်းက ပြောသည်။ ကားပိုင်ရှင် သွားရောက်ရှာဖွေရာ အသုဘအိမ်သို့ ရောက်ရှိချိန် ပိုင်ရှင်ကိုတွေ့ရှိသဖြင့် ကားမှာအော်နေပြီး ကားရွေ့ပေးရန်ပြောရာ ကားပိုင်ရှင်နှင့် လိုက်ပါလာသူတစ်ဦးက အနီးရှိ ထင်းဆိုက်ရန်ထားသော ပျဉ်းက တိုးသား တုတ်များဖြင့် ရိုက်ခဲ့သည်ဟု ဆိုသည်။ “ရိုက်လိုက်တော့

ယုဇနကုမ္ပဏီကို ဆန္ဒပြသည့် လယ်သမားများကို တရားစွဲမည် ရန်ကုန်၊ ဇွန် ၉ ဟူးကောင်းဒေ...

ယုဇနကုမ္ပဏီကို ဆန္ဒပြသည့် လယ်သမားများကို တရားစွဲမည် ရန်ကုန်၊ ဇွန် ၉ ဟူးကောင်းဒေသတွင် လယ်ယာမြေများ သိမ်းယူထားသော ယုဇနကုမ္ပဏီကို ဆန္ဒပြသည့် လယ်သမားများကို ခွင့်ပြုမိန့် ရယူခြင်း မရှိဘဲ ဆန္ဒထုတ်ဖော်မှုကြောင့် ဗဟန်းမြို့နယ် ရဲစခန်းက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ (၁၈) ဖြင့် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း အဆိုပါမြို့နယ် မြို့မရဲတပ်ဖွဲ့စခန်း စခန်းမှူး ဒုရဲမှူး မြင့်လွင်သန်းက ပြောကြားသည်။ ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဝါရာဇွပ် ကျေးရွာအုပ်စု အတွင်းမှ လယ်မြေဧက သုံးသိန်းကျော်ကို ယုဇနကုမ္ပဏီက စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ဆောင်ရန် ၂၀၀၆ ခုနှစ်ခန့် သိမ်းယူခဲ့ခြင်းကို မကျေနပ်သဖြင့် အဆိုပါ ဒေသခံ ၁၆ ဦးက ယုဇနကုမ္ပဏီပိုင် ဗဟန်းမြို့နယ် ရွှေဂုံတိုင်အနီးရှိ ယုဇနဟိုတယ်ရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများထံမှ သိရှိရသည်။ “တရားစွဲဆိုသွားမှာပါ။ ဘယ်အချိန် ဘယ်ရက် စွဲဆိုသွားမယ် ဆိုတာ မပြောနိုင်သေးပါဘူး။ အထက်ကို တင်ပြပြီး ခွင့်ပြုမိန့် တောင်းရဦးမှာပါ။ တရားလိုအဖြစ် ဘယ်သူက လုပ်စွဲမယ်ဆိုတာ မပြောနိုင်သေးပါဘူး” ဟု ၎င်းက ပြောကြားသည်။ ယ

၂၀၁၄ တိုကျိုဂိမ်းပြပွဲတွင် Rage Of Rama (ရာမ) မြန်မာဂိမ်း မိတ်ဆက်ပြသမည် မောင်မန...

၂၀၁၄ တိုကျိုဂိမ်းပြပွဲတွင် Rage Of Rama (ရာမ) မြန်မာဂိမ်း မိတ်ဆက်ပြသမည် မောင်မန်း အာဆီယံနိုင်ငံများက ထုတ်လုပ်သည့်ဂိမ်းများကို မိတ်ဆက်ပြသသည့် Tokyo Game Show 2014 တွင် မြန်မာပြည်မှ Rage Of Rama အမည်ရှိ မြန်မာဂိမ်းကို မိတ်ဆက်ပြသသွားမည်ဟု မြန်မာဂိမ်းများရေးဆွဲ ထုတ်လုပ်နေသည့် Total Game Play Studio က အမှုဆောင်အရာရှိချုပ် ကိုမြင့်ကျော်သူက မဇ္ဈိမကို ပြောသည်။ ကိုမြင့်ကျော်သူက “၂၀၁၄ တိုကျို ဂိမ်းပြပွဲမှာ မြန်မာဂိမ်း Rage Of Rama (Demo Version) ကို ပြသ မိတ်ဆက်သွားပါမယ်”ဟု ဆိုသည်။ အဆိုပါဂိမ်းပြပွဲတွင် အာဆီယံနိုင်ငံများက ဂိမ်းထုတ်လုပ်သူများကို ဖိတ်ခေါ်ကာ ပြပွဲကျင်းပခြင်းဖြစ်ပြီး၊ ၂၀၁၄ အောက်တိုဘာလအတွင်းတွင် ကျင်းပမည်ဖြစ်သည်။ အာဆီယံပြိုင်ပွဲဖြစ်သည့်အတွက် အာဆီယံ နိုင်ငံများနှင့် ရင်းနှီးပြီး ဇာတ်ကောင်ဖြစ်သည့် ရာမဇာတ်ကောင်ဖြင့် ဂိမ်းရေးဆွဲ ပါဝင်ပြသခြင်းဖြစ်သည် ဟုလည်း ကိုမြင့်ကျော်သူက ဆိုသည်။ ၎င်းက“အာဆီယံနိုင်ငံတွေက လာပြမှာဆိုတော့ အာဆီယံနိုင်ငံတွေနဲ့ ရင်းနှီးပြီးသားဇာတ်ကောင်ဖြစ်တဲ့ ရာမဇာတ်ကောင်ကို ရေးဆွဲတာဖြစ်ပါတယ်”ဟု ဆိုသည်။ လက်ရှိရေးဆွဲနေသည့် ရာမဂိမ်းကို မိုဘိုင်းဂိမ်းအဖြစ် ထုတ်လုပ်သွားမည်ဖြစ်သည်ဟုလည်း ကိ

ပြည်တွင်း၊ ပြည်ပအော်ပရေတာများ ပူးပေါင်းလုပ်ကိုင်ရာတွင် ၀န်ထမ်းများအသွင်ကူးပြောင်...

ပြည်တွင်း၊ ပြည်ပအော်ပရေတာများ ပူးပေါင်းလုပ်ကိုင်ရာတွင် ၀န်ထမ်းများအသွင်ကူးပြောင်းရေး စိန်ခေါ်မှု ဖြစ်လာနိုင် စ, ချိုကို ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာများသည် ပြည်ပအော်ပရေတာများနှင့် အကျိုးတူးပူးပေါင်း၍ ဆက်သွယ်ရေးလုပ်ငန်းများ ၀န်ဆောင်မှုပေးရာတွင် ၀န်ထမ်းများ ပေါင်းစည်းရေးနှင့် ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များသည် အဓိကစိန်ခေါ်မှုများ ဖြစ်လာနိုင်သည်ဟု အကြံပေးကုမ္ပဏီများနှင့် စီးပွားရေးပညာရှင်များက ပြောသည်။ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများတွင် နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုသာမက ၀န်ဆောင်မှုပေးသည့် ၀န်ထမ်းများ၏ စွမ်းဆောင်ရည်သည်လည်း အဓိကကျလာနိုင်ပြီး အစိုးရ၀န်ထမ်းများ၏ ပုဂ္ဂလိကအဖွဲ့ အစည်းအသွင်သို့ ကူးပြောင်းရေးသည် အရေးကြီးသည်ဟု အမေရိကန်အခြေစိုက် အကြံပေးကုမ္ပဏီဖြစ် သည့် Deloitte Consulting (Myanmar) ရုံးက အုပ်ချုပ်မှု ဒါရိုက်တာ ဦးချစ်ထွန်းဖေက ပြောသည်။ ဦးချစ်ထွန်းဖေက“ဆက်သွယ်ရေး ဈေးကွက်ယှဉ်ပြိုင်မှုမှာ ၀န်ဆောင်မှုပေးတဲ့ ၀န်ထမ်းတွေရဲ့ အခန်းကဏ္ဍ က အရေးကြီးပါတယ်။ ဒါကြောင့် အစိုးရဌာနကနေ Organization အသွင်ကူးပြောင်းရေးမှာ ၀န်ထမ်းတွေ ရဲ့ အသွင်ကူးပြောင်းမှု၊ လေ့ကျင့်သင်ကြားပေးမှု၊ မူဝါဒပြောင်းလဲမှုတွေ အများကြီးလုပ်လာဖို

အခြေခံပညာကျောင်းများတွင် နွားနို့တိုက်ကျွေးခြင်းတိုးချဲ့ဆောင်ရွက်မည် မို့မို့ကြ...

အခြေခံပညာကျောင်းများတွင် နွားနို့တိုက်ကျွေးခြင်းတိုးချဲ့ဆောင်ရွက်မည် မို့မို့ကြည်| အင်္ဂါနေ့၊ ဇွန်လ ၁၀ ရက်၊ ၂၀၁၄ ခုနှစ် ၂၀၁၄-၁၅ ပညာသင်နှစ်အတွင်း အခြေခံပညာ မူလတန်းကျောင်းများတွင် နွားနို့တိုက်ကျွေးရေး စီမံချက်ကို ဆောင်ရွက်ရာတွင် ပြီးခဲ့သည့် ပညာသင်နှစ်က နွားနို့တိုက်ကျွေးမှုမရှိခဲ့သော ပြည်နယ်နှင့် တိုင်းများမှ ကျောင်းသား/ကျောင်းသူများကိုပါ တိုးချဲ့တိုက်ကျွေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်အေးက ဇွန်လ ၉ ရက်တွင် မဇ်္ဈိမကို ပြောသည်။ “ ကျွန်တော်တို့ဌာနကနေ မူလတန်း ကျောင်းသားတွေကို မနှစ်ကစပြီး နွားနို့ တိုက်ကျွေးခဲ့ပါတယ်။ မနှစ် က ကျောင်းသားပေါင်း ၄၇,၀၀၀ ကျော်ကို နွားနို့တိုက်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ နွားနို့မတိုက်ရသေးတဲ့ ပြည်နယ်နဲ့တိုင်းတွေက ကျောင်းသားတွေကိုပါ တိုးချဲ့တိုက်ကျွေးသွားမှာပါ။ ဒီနှစ်မှာ ပြည်နယ်ထဲက တိုင်း ဒေသတစ်ခုစီက ကျောင်းသား ၁,၀၀၀ စီကိုပါ နွားနို့ တိုက်ဖို့စီစဉ်ထားပါတယ်” ဟု ဒေါက်တာ ခင်မောင် အေးက ပြောသည်။ ၂၀၁၃-၂၀၁၄ ကျောင်းဖွင့်ရာသီတွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ မူလတန်း ကျောင်းသား ကျောင်းသူပေါင်း တစ်သောင်

http://ift.tt/1l0K4Jn ကာတွန်းများ ဖတ်ရန်

http://ift.tt/1l0K4Jn ကာတွန်းများ ဖတ်ရန် from 7Day News Journal's Facebook Wall http://ift.tt/1l0K77U

ဂျာဂွာ၊ လင်ရိုဗာ၊ ရိန့်ခ်ျရိုဗာ ကားအရောင်းပြခန်း ဇွန်လ ၁၂ ရက်တွင် ဖွင့်လှစ်မည်...

ဂျာဂွာ၊ လင်ရိုဗာ၊ ရိန့်ခ်ျရိုဗာ ကားအရောင်းပြခန်း ဇွန်လ ၁၂ ရက်တွင် ဖွင့်လှစ်မည် စည်သူအောင်| အင်္ဂါနေ့၊ ဇွန်လ ၁၀ ရက်၊ ၂၀၁၄ ခုနှစ် နာမည်ကျော် မော်တော်ကားအမှတ်တံဆိပ် စာရင်းဝင်ဖြစ်သော Jaguar ၊ Land Rover ၊ Range Rover ကားအရောင်းပြခန်းကို ဇွန်လ ၁၂ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်ဟု Capital Automotive Ltd (CAL) ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်ထွန်းက ပြောသည်။ မြန်မာနိုင်ငံတွင် Jaguar Land Rover Motor Company (JLRC) ၏ တရားဝင်အသိအမှတ်ပြု First Authorized Dealership အစီအစဉ်ကို စတင်မည်ဖြစ်ပြီး Jaguar land Rover ASEAN မှ အကြီးတန်း အမှုဆောင်အဖွဲ့ဝင်များလည်း ရန်ကုန်မြို့၌ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲသို့ လာရောက်မည်ဖြစ်သည်။ ရန်ကုန်မြို့ အင်းစိန်လမ်းပေါ်တွင် ဖွင့်လှစ်မည့် Jaguar Land Rover စင်တာတွင် Jaguar ၊ Land Rover ၊ Range Rover ကားအမျိုးအစားများကို ရောင်းချသွားမည်ဖြစ်ပြီး ကားအပိုပစ္စည်းရောင်းချမှုနှင့် ကားပြင် ဆင်မှုအပိုင်းများလည်း ပါဝင်မည် ဖြစ်သည်။ CAL အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်ထွန်းက “ ရောင်းချမယ့် ကားတွေကို စီးနိုင်မယ့်သူတွေ အများကြီး ရှိတယ်။ ဒီမှာ သူဌေးတွေ အများကြီးပါ။ ဈေးကတော့ ဒီမှာအခွန်တို့ မူဝါဒတို

ပြင်ဦးလွင်မြို့ရှိ တောင်ပေါ် မြေကွက်များ တစ်ဧကသိန်း ၆၀၀ ပေါက်ဈေး ရှိနေဟုဆို မျ...

ပြင်ဦးလွင်မြို့ရှိ တောင်ပေါ် မြေကွက်များ တစ်ဧကသိန်း ၆၀၀ ပေါက်ဈေး ရှိနေဟုဆို မျိုးသန့်| အင်္ဂါနေ့၊ ဇွန်လ ၁၀ ရက်၊ ၂၀၁၄ ခုနှစ် ပြင်ဦးလွင်မြို့ရှိ တောင်ပေါ်မြေကွက်များကို ငွေကြေးချမ်းသာသူများနှင့် ရာထူးကြီးသူများက ၀ယ်ယူလာသောကြောင့် တစ်ဧက ငွေကျပ်သိန်း ၆၀၀ အထိ ဈေးနှုန်းရှိလာကြောင်း အိမ်ခြံမြေပွဲစားဖြစ်သူ ဦးသိန်းထိုက်က မဇ္ဈိမကို ပြောသည်။ “ရန်ကုန်က ရာထူးကြီးပိုင်းတွေကလာရောက်ပြီး ၀ယ်ယူတာများတယ်။ ဘန်ဂလိုဆောက်ပြီး ရှုခင်းတွေ ကြည့်ဖို့အတွက် ၀ယ်တာဖြစ်တယ်လို့ပြောပါတယ်။ ဈေးနှုန်းအနေနဲ့ကလည်း တစ်ဧကကို သိန်း ၃၀၀ ကနေ သိန်းခြောက်ရာဝန်းကျင်အထိရှိတယ်”ဟု ၎င်းက ပြောသည်။ နောင်လုံးထုံးဘို၊ ရေသရောက်ကုန်း၊ ကုန်းဘောဝန်းကျင်တွင်အများဆုံး ၀ယ်ယူရန်မေးမြန်းမှုများရှိပြီး သစ် တောပိုင် မြေများကိုဦးစီးဌာနက ရောင်းချလျက်ရှိသည်။ “သစ်တောပိုင်မြေတွေကို သစ်တောကနေပြန်လည်ရောင်းချတာဖြစ်ပါတယ်။ ၀ယ်တဲ့သူကလည်း ရာထူး ကြီးတဲ့သူတွေ ၀ယ်ပါတယ်။ အနည်းဆုံးညွှန်ချုပ်အဆင့်ရှိသူတွေ ဖြစ်ပါတယ်” ဟု ဦးသိန်းထိုက်က ပြော သည်။ နောင်လုံးထုံးဘိုဝန်းကျင်ရှိ တောင်ကုန်းများပေါ်တွင် တစ်ဧကလျှင် ကျပ်သိန်း ၃၀၀ ခန့်၊ ကုန်းပေါ်တွင် သိန်း ၃၀၀ ကျော်နှင့် ရေသရောက်ကုန်းဘက်

တရားဝင်ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့မှ ဒု-ဗိုလ်မှူးကြီးအား ရိုက်နှက်ခြင်းကို တို...

တရားဝင်ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့မှ ဒု-ဗိုလ်မှူးကြီးအား ရိုက်နှက်ခြင်းကို တိုင်ကြားသော်လည်း အရေးယူမှုမရှိ မျိုးသန့်| အင်္ဂါနေ့၊ ဇွန်လ ၁၀ ရက်၊ ၂၀၁၄ ခုနှစ် National Democratic Army(N.D.A) အဖွဲ့မှ ဒု-ဗိုလ်မှူးကြီး စောအယ်ဆေးထူးနှင့် အရာရှိတစ်ဦးအား အမည်မသိအဖွဲ့ အစည်းတစ်ခုက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်မှုကို တိုင်ကြားသော်လည်း သက်ဆိုင်ရာက မည်သည့်အရေးယူခြင်းမျှ လုပ်ဆောင်ချက်မရှိကြောင်း ၎င်းက ဇွန်လ ၈ ရက်က မဇ္ဈိမကို ပြောသည်။ “မူဆယ်မြို့၊ စိန်ကမ္ဘာကားဝင်းထဲက တည်းခိုခန်းရှေ့မှာ သူတို့ကကားထဲက ထွက်ခိုင်းပြီး အရင်ကအဖွဲ့မှာ တပ်ရင်းမှူး အဖြစ်လုပ်ကိုင်ခဲ့တဲ့သူက ဒါဟာသူကား ဖြစ်တယ်။ ပြန်ပေးဖို့အတွက် ၀ိုင်းလုကြပါတယ်။အဲဒီ အတွက်ကျွန်တော်နဲ့ ပါလာတဲ့ တပ်သားက မူဆယ်ရဲစခန်းကို အကြောင်းကြားပေမယ့် ကိုယ့်ကိစ္စကိုယ် ရှင်းဆိုပြီး ပြန်ပြောလွှတ်လိုက်ပါတယ်။ အရေးယူတာ ကူညီတာဘာမှမလုပ်ပေးခဲ့ပါဘူး” ဟု ဒု- ဗိုလ်မှူးကြီး စာအယ်ဆေးထူးက ပြောသည်။ ဖြစ်ပွားခဲ့ပုံမှာ မေလ ၁၉ ရက်၊ နေ့ လယ်နှစ်နာရီခန့်က မူဆယ်မြို့၊ စိန်ကမ္ဘာ ကားဝင်းတည်းခိုခန်းရှေ့၌ ကားအတွင်း စောင့်ဆိုင်းနေစဉ်ယခင် NDA အဖွဲ့မှ တပ်ရင်းမှူးလုပ်ဆောင်ခဲ့ဖူးသူ (လက်ရှိတခြား အဖွဲ့ အစည်းတွင် လု

ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူးတို့ ခွင့်မပြုသော်လည်း မကွေးတွင် ပုဒ်မ ၄၃၆ ပြင်ဆင...

ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူးတို့ ခွင့်မပြုသော်လည်း မကွေးတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြော မကွေး၊ ဇွန် ၉ နိုင်ငံတကာက ပြင်ဆင်ရန် အခက်ခဲဆုံး အခြေခံဥပဒေဟု ဆိုသော၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲကို ရဲတပ်ဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ခွင့်ပြုပေးခဲ့ခြင်း မရှိသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ဦးဆောင်ကာ မကွေးမြို့ရှိ အေးစေတီဘုရား ရင်ပြင်တွင် ဇွန်လ ၉ ရက်နေ့က ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း ယင်းအဖွဲ့ဝင်များက ပြောကြားသည်။ ယင်းဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ထံ ခွင့်ပြုချက် တင်ခဲ့သော်လည်း ခွင့်မပြုကြောင်း၊ စတိတ်ခုံနှင့် ဗီနိုင်းပိုစတာတို့ကို့ ဖျက်ပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့သော်လည်း အခမ်းအနားကို ဖြစ်မြောက်အောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော်က ထုတ်ဖော် ပြောကြားသည်။ အေးစေတီဘုရား ဂေါပက အဖွဲ့ကလည်း အေးစေတီဘုရား ရင်ပြင်တော်နှင့် ဝတ္တကမြေအတွင်း ဘာသာရေးနှင့် သက
Kachin civilians suffer ‘systematic’ torture at hands of state security: rights group www.mmtimes.com A new report from an international rights group has documented “widespread and systematic” use of torture by state security forces against civilians in Kachin and Shan states over the past three years. from The Myanmar Times's Facebook Wall http://ift.tt/1oGXawq

ကမ္ဘာ့ဖလားပွဲစဉ်များအားလုံးကို လေယာဉ်များပေါ်တွင် ပထမဆုံးအကြိမ် တိုက်ရိုက်ပြသမည် -...

ကမ္ဘာ့ဖလားပွဲစဉ်များအားလုံးကို လေယာဉ်များပေါ်တွင် ပထမဆုံးအကြိမ် တိုက်ရိုက်ပြသမည် ----------- လန်ဒန်− ကမ္ဘာ့ဖလားတွင် ကစား မည့် ဘောလုံးပွဲပေါင်း ၆၄ ပွဲလုံး ကို ကမ္ဘာတစ်ဝန်းရှိ လေကြောင်း ခရီးစဉ် ပျံသန်းနေသော လေ ယာဉ်များအားလုံး၌ သမိုင်းဝင် ပထမဆုံးအကြိမ်အဖြစ် ပြသသွား မည်ဖြစ်သည်။ သတင်းအပြည့်အစုံ.... http://ift.tt/1u0qnlB ကမ္ဘာ့ဖလားပွဲစဉ်များအားလုံးကို လေယာဉ်များပေါ်တွင် ပထမဆုံးအကြိမ် တိုက်ရိုက်ပြသမည် 7daydaily.com လန်ဒန်− ကမ္ဘာ့ဖလားတွင် ကစား မည့် ဘောလုံးပွဲပေါင်း ၆၄ ပွဲလုံး ကို ကမ္ဘာတစ်ဝန်းရှိ လေကြောင်း ခရီးစဉ် ပျံသန်းနေသော လေ ယာဉ်များအားလုံး၌ သမိုင်းဝင် ပထမဆုံးအကြိမ်အဖြစ် ပြသသွား မည်ဖြစ်သည်။ from 7Day News Journal's Facebook Wall http://ift.tt/1pYNkb4
Safety first? The building boom www.mmtimes.com If the sheer number of “Safety First” signs were any indication, Yangon’s construction sites would be safe places to work. But workplace safety is often not the highest priority. from The Myanmar Times's Facebook Wall http://ift.tt/1mAqjFe

မြောက်ဥက္ကလာတွင် အငှားယာဉ်နှင့် မြို့ပတ်ရထားတိုက် ရန်ကုန်၊ ဇွန် ၉ မြောက်ဥက္ကလာပြ...

မြောက်ဥက္ကလာတွင် အငှားယာဉ်နှင့် မြို့ပတ်ရထားတိုက် ရန်ကုန်၊ ဇွန် ၉ မြောက်ဥက္ကလာပမြို့နယ် ပုရွက်ဆိတ်ကုန်းရပ်ကွက် ရွှေဥမင် ဘုန်းကြီးကျောင်းရှေ့ရှိ ရထားသံလမ်းတွင် ဇွန်လ ၈ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ရထားလာစဉ် သံလမ်း ဖြတ်မောင်းသော အငှားယာဉ်တစ်စီးနှင့် မြို့ပတ်ရထား တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။ မင်္ဂလာဒုံဘက်မှ ရန်ကုန်ဘက်သို့ ခုတ်မောင်းလာသော DD-933 သရက် (၅) မြို့ပတ်ရထားမှာ မိုင်တိုင်အမှတ် ၁၀/၆ အနီးတွင် ရထားသံလမ်းကို ဖြတ်မောင်းလာသော ဆလွန်းဗင် အမျိုးအစား အငှားယာဉ်နှင့် တိုက်မိခဲ့ရာ ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း မြောက်ဥက္ကလာပမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ “ရထားလာတဲ့အချိန်မှာ လမ်းပိတ်ထားတဲ့ မောင်းတံဂိတ်မျိုး မရှိတော့ ကားသမားက သံလမ်းကို ဖြတ်မောင်းတာ မလွတ်ဘဲ ကားနောက်ပိုင်းက ရထားစက်ခေါင်း သွားချိတ်မိပြီး တရွတ်တိုက် ပါသွားတယ်။ ကားနောက်ခန်းမှာ ခရီးသည် မပါလာတာ ကံကောင်းတယ်” ဟု မီးရထားနှင့် အငှားယာဉ် တိုက်မိစဉ်က မျက်မြင်တွေ့ရှိခဲ့သော (ခ) ရပ်ကွက်တွင် နေထိုင်သူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ရှင်းပြသည်။ အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ေ

ဥက္ကဋ္ဌမိန့်ခွန်းအလွန် ဒီချုပ်၏နိုင်ငံရေးလမ်းကြောင်း -------- လွတ်လွတ်လပ်လပ် နှီးနေ...

ဥက္ကဋ္ဌမိန့်ခွန်းအလွန် ဒီချုပ်၏နိုင်ငံရေးလမ်းကြောင်း -------- လွတ်လွတ်လပ်လပ် နှီးနှောဖလှယ်နိုင်၊ အတွေးအမြင်များကို ဖလှယ်နိုင်ပြီး ကြောက်၍မတင်ပြခြင်းကို ဆင်ခြေတစ်ခုအဖြစ် လက်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း လက်တွေ့ တွင် ကြောက်၍မတင်ပြခြင်းနှင့် မသိအောင်ထိမ်ချန်ခြင်းတို့ ခေတ်စားနေခြင်းကို မည်သို့မည်ပုံကိုင်တွယ်ဖြေရှင်းမည်ကို လမ်းညွှန်ခဲ့ ခြင်းမရှိပေ။ ဆောင်ပါးအပြည့်အစုံ.... http://ift.tt/1l0A0zQ ဥက္ကဋ္ဌမိန့်ခွန်းအလွန် ဒီချုပ်၏နိုင်ငံရေးလမ်းကြောင်း 7daydaily.com စိန်ခေါ်မှုများနှင့် အကျပ်အတည်းများကို နောက်ခံထားသော လတ်တလော မြန်မာ့နိုင်ငံရေး စီးကြောင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုကော်မတီအစည်းအဝေးသည် နိုင်ငံရေး ထွက်ရပ်လမ်းပြပင် ဖြစ်သည်။ ဗဟိုကော်မတီ အစည်းအဝေးအလွန် နိုင်ငံရေးတွင်ပြုပြင်ပြောင်းလဲမှုများနှင့် ဆုံးဖြတ်ချက်များကို မြင်တွေ့နိုင်ရန်လိုအပ်သည်။… from 7Day News Journal's Facebook Wall http://ift.tt/1oPjQsD

ရွာပေါင်း ၈၀ ကျော်တွင် ဆိုလာလျှပ်စစ်များ အခမဲ့တပ်ဆင်ပေးမည်ဟုဆို ---------- လျှပ်...

ရွာပေါင်း ၈၀ ကျော်တွင် ဆိုလာလျှပ်စစ်များ အခမဲ့တပ်ဆင်ပေးမည်ဟုဆို ---------- လျှပ်စစ်မီးမရသေး သည့် မန္တလေးတိုင်းမှ ကျေးရွာ ပေါင်း ၈၀ ကျော်ရှိ အိမ်ခြေတစ် သောင်းနှစ်ထောင်ကျော်အတွက် ဆိုလာလျှပ်စစ်များ တပ်ဆင်ပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ သတင်းအပြည့်အစုံ.... http://ift.tt/1l0zXUL ရွာပေါင်း ၈၀ ကျော်တွင် ဆိုလာလျှပ်စစ်များ အခမဲ့တပ်ဆင်ပေးမည်ဟုဆို 7daydaily.com လျှပ်စစ်မီးမရသေး သည့် မန္တလေးတိုင်းမှ ကျေးရွာ ပေါင်း ၈၀ ကျော်ရှိ အိမ်ခြေတစ် သောင်းနှစ်ထောင်ကျော်အတွက် ဆိုလာလျှပ်စစ်များ တပ်ဆင်ပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ မန္တလေးတိုင်းဒေသကြီး အတွင်း ဝမ်းတွင်း၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ တံတားဦး၊ ငါန်းဇွန်၊ တောင်သာ၊ မလှိုင်၊ မိတ္ထီလာ၊ ပျော်ဘွယ်၊… from 7Day News Journal's Facebook Wall http://ift.tt/1oPjQc8

ကြော်ငြာ Billboard များကို ၆၃ နေရာ ထပ်တိုးငှားရမ်း ခွင့်ပြုမည် ရန်ကုန်၊ ဇွန် ၉...

ကြော်ငြာ Billboard များကို ၆၃ နေရာ ထပ်တိုးငှားရမ်း ခွင့်ပြုမည် ရန်ကုန်၊ ဇွန် ၉ ရန်ကုန်မြို့တော်တွင် နေရာပေါင်း ၆၃ ခုတွင် ကြော်ငြာ Billboard (အမြဲတမ်း ဆိုင်းဘုတ်) များကို ထပ်တိုး စိုက်ထူထားပြီး ငှားရမ်း ကြော်ငြာခွင့် ပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေးရာဌာနက အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ အဆိုပါ ၄၅ ပေ x ၁၅ ပေ အရွယ်အစား ရှိသော အမြဲတမ်း ဆိုင်းဘုတ်များကို ရန်ကုန်မြို့တော်အတွင်း အချက်အချာကျသော နေရာများ၊ လမ်းဆုံလမ်းခွများ၌ နေရာပေါင်း ၆၃ ခုတွင် ထပ်တိုး စိုက်ထူးထားကာ ယခုဘဏ္ဍာရေးနှစ် အတွင်းတွင် အငှားချမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ “ငှားရမ်းမယ့် ဆိုင်းဘုတ် အားလုံးကို စိုက်ပြီးပါပြီ ဆိုတော့ ငှားရမ်း ကြော်ငြာလိုတဲ့ လုပ်ငန်းကုမ္ပဏီတွေ အနေနဲ့လည်း ဒီလကစပြီး လျှောက်ထားလို့ ရပါပြီ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ ငှားရမ်း ကြော်ငြာလိုသူများအနေနှင့် ဆိုင်းဘုတ် တည်နေရာများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရုံးတွင် ထုတ်ပြန် ကြော်ငြာထားပြီး ငှားရမ်းလိုသော တည်နေရာကို လျှောက်ထားကာ ငှားရမ်းနိုင်ကြောင်း စီမံရေးရာဌာနက ထုတ်ပြန်ထားသည်။ ထပ်တိုးခွင့်ပြုမည့် ဆိုင်းဘုတ်နေရာမျ

ကေအင်န်ယူ ပြောစကား ဒီမိုကရေစီအရေး ကျောခိုင်းသလို ဖြစ်သွားလား စည်သူအောင်မြင့်ြ...

ကေအင်န်ယူ ပြောစကား ဒီမိုကရေစီအရေး ကျောခိုင်းသလို ဖြစ်သွားလား စည်သူအောင်မြင့် ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်က ကေအင်န်ယူ ကရင်အမျိုးသား အစည်းအရုံးခေါင်းဆောင်တွေ နေပြည်တော်သွားပြီး သမ္မတဦးသိန်းစိန်ကို တွေ့ဆုံပါတယ်။ အဲလို တွေ့ဆုံတဲ့အခါ သူတို့အနေနဲ့ ဦးသိန်းစိန်ကို နောက်ထပ် ဒုတိယအကြိမ် သမ္မတသက်တမ်းဆက်ပြီး ဦးဆောင်စေချင်တယ်ဆိုပြီး ပြောခဲ့တယ်လို့ သတင်းဌာနတွေကို ထုတ်ပြန်ပါတယ်။ ဒီပြောစကား အလျင်အမြန်ပျံ့နှံ့ သွားပြီး ဝေဖန်မှုတွေလည်း အဆက်မပြတ် ထွက်ပေါ်လာပါတယ်။ ဒီစကားဘယ်လိုအဓိပ္ပာယ် သက်ရောက်မှုရှိစေပါသလဲ၊ ဒီလိုပြောလိုက်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ တိုင်းရင်းသားပါတီတွေ ဘယ်လိုသဘောထားကြမလဲ၊ ဗမာအပါအ၀င် ပြည်သူတွေကရော ဘယ်လိုမြင်ကြမလဲ၊ ဒါကိုဘယ်သူက တာဝန်ယူမလဲဆိုတာ ဒီကနေ့ဆွေးနွေးတင်ပြသွားပါ့မယ်။ သမ္မတ ဦးသိန်းစိန်ကို သွားတွေ့တဲ့ ကေအင်န်ယူခေါင်းဆောင်အဖွဲ့ထဲမှာ ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ စောရော်ဂျာခင်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ဖဒိုမန်းငြိမ်းမောင်နဲ့ ဥက္ကဋ္ဌရဲ့ နိုင်ငံရေး၊ စစ်ရေးအကြံပေး စောတူးတူးလေးတို့ ပါဝင်ပါတယ်။ တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို ထုတ်ပြန်ပြောဆိုသူကတော့ ဖဒိုမန်းငြိမ်းမောင် တစ်ေ

မြန်မာနိုင်ငံသည် ပွင့်လင်းသော လူ့အဖွဲ့အစည်း ဖန်တီးနိုင်မည်ဟု အမေရိကန်ယုံကြည် ---...

မြန်မာနိုင်ငံသည် ပွင့်လင်းသော လူ့အဖွဲ့အစည်း ဖန်တီးနိုင်မည်ဟု အမေရိကန်ယုံကြည် ---------- မြန်မာနိုင်ငံသည် မတူကွဲပြားသူများနေထိုင်သည့် နိုင်ငံဖြစ် ပြီး လူအများ၏ ယုံကြည်မှုများ၊ မျှော်လင့်ချက်များနှင့် သဘော ထားအမြင်များကို ကြောက်ရွံ့ စိတ်မရှိ၊ လက်စားချေခံရခြင်း၊ ခြိမ်းခြောက် အနိုင်ကျင့်ခံရခြင်း မရှိဘဲ ဖော်ပြရင်ဆိုင်ရဲသည့် လွတ်လပ်ပွင့်လင်းသော လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးနိုင်မည် ဟု အမေရိကန်ပြည်ထောင်စုက ယုံကြည်ကြောင်း ကန်လက် ထောက် နိုင်ငံခြားရေးဝန်ကြီး ဒယ်နီယယ်ရပ်ဆဲလ်ကပြောကြား လိုက်သည်။ သတင်းအပြည့်အစုံ.... http://ift.tt/1qlvPPF မြန်မာနိုင်ငံသည် ပွင့်လင်းသော လူ့အဖွဲ့အစည်း ဖန်တီးနိုင်မည်ဟု အမေရိကန်ယုံကြည် 7daydaily.com မြန်မာနိုင်ငံသည် မတူကွဲပြားသူများနေထိုင်သည့် နိုင်ငံဖြစ် ပြီး လူအများ၏ ယုံကြည်မှုများ၊ မျှော်လင့်ချက်များနှင့် သဘော ထားအမြင်များကို ကြောက်ရွံ့ စိတ်မရှိ၊ လက်စားချေခံရခြင်း၊ ခြိမ်းခြောက် အနိုင်ကျင့်ခံရခြင်း မရှိဘဲ ဖော်ပြရင်ဆိုင်ရဲသည့် လွတ်လပ်ပွင့်လင်းသော လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးနိုင်မည် ဟု အမေရိကန်… from 7Day News Journal's Facebook Wall http://ift.tt/1qlvPPH

http://ift.tt/1s1Va5J ကာတွန်းများ ဖတ်ရန်

http://ift.tt/1s1Va5J ကာတွန်းများ ဖတ်ရန် from 7Day News Journal's Facebook Wall http://ift.tt/1qlvQTL

မြေဈေးကစားနေမှုကြောင့် အခွန်စနစ်ပြောင်းလဲမည် ------------ နေပြည်တော်တွင် မြေ နေရ...

မြေဈေးကစားနေမှုကြောင့် အခွန်စနစ်ပြောင်းလဲမည် ------------ နေပြည်တော်တွင် မြေ နေရာအများအပြားပိုင်ဆိုင်ပြီး မြေဈေးမတည်မငြိမ်ဖြစ်အောင် ဈေးကစားနေသူများအပေါ် ပိုင် ဆိုင်မှု အခွန်ကောက်ခံစနစ်(Proprety Tax) ပေါ်ပေါက်ရေး အတွက် ပြည်နယ်နှင့် တိုင်းဒေသ ကြီးအစိုးရများကို အကြံပေးသွား မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မ တရုံးမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ပြောကြားသည်။ သတင်းအပြည့်အစုံ.... http://ift.tt/1qlvQmO မြေဈေးကစားနေမှုကြောင့် အခွန်စနစ်ပြောင်းလဲမည် 7daydaily.com နေပြည်တော်တွင် မြေ နေရာအများအပြားပိုင်ဆိုင်ပြီး မြေဈေးမတည်မငြိမ်ဖြစ်အောင် ဈေးကစားနေသူများအပေါ် ပိုင် ဆိုင်မှု အခွန်ကောက်ခံစနစ်(Proprety Tax) ပေါ်ပေါက်ရေး အတွက် ပြည်နယ်နှင့် တိုင်းဒေသ ကြီးအစိုးရများကို အကြံပေးသွား မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မ တရုံးမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ပြောကြားသည်။ from 7Day News Journal's Facebook Wall http://ift.tt/1s1V9Pm

နိုင်ငံတစ်ဝန်း အသက်မွေးဝမ်းကျောင်း ရက်တို သင်တန်းများ ဖွင့်မည် ရန်ကုန်၊ ဇွန် ၉...

နိုင်ငံတစ်ဝန်း အသက်မွေးဝမ်းကျောင်း ရက်တို သင်တန်းများ ဖွင့်မည် ရန်ကုန်၊ ဇွန် ၉ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး အလုပ်အကိုင် အခွင့်အလမ်း အမျိုးအစားအလိုက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ရက်တိုသင်တန်းများ (Mobile Vocational Training Unit) သင်ကြားပေးရန် အစီအစဉ် ရေးဆွဲလျက် ရှိကြောင်း စက်မှုဝန်ကြီးဌာန စက်မှုစီမံကိန်း ဦးစီးဌာန၏ လူ့စွမ်းအား အရင်းအမြစ်ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သူက The Voice သို့ ပြောကြားသည်။ ယင်းသင်တန်းများကို သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် အစိုးရတို့က တောင်းဆိုလျှင် လိုက်လံ သင်ကြားပေးမည် ဖြစ်ပြီး ပထမဆုံး ရက်တိုသင်တန်းကို ပခုက္ကူမြို့နယ်တွင် ဇွန်လကုန်၌ စတင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ “အလယ်တန်းအောင်ပြီး ကျောင်းဆက်မတက်နိုင်တဲ့ ကလေးတွေကိုလည်း သင်တန်း ကောင်းကောင်းတက်ပြီး အလုပ်ရစေချင်တယ်။ ဒေသမှာ လိုအပ်နေတဲ့ သင်တန်းပေးတဲ့ အခါမှာလဲ တကယ်တတ်မြောက်ပြီး အသုံးဝင်မယ့် သင်တန်းဖြစ်ဖို့ အရေးကြီးတယ်။ တက်ရောက်တဲ့ သင်တန်းကိုလည်း ပြန်အသုံးချပြီး အလုပ်အကိုင် ရတဲ့အထိ ဖြစ်စေချင်ပါတယ်” ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) တွင် တက်ရောက်နေသော ဖွံ့ဖြိုးမှု လေ့လာရေး ဘာသာရပ် ကျောင်းသူ မေ

ဒေါ်အောင်ဆန်းစုကြည် နီပေါနိုင်ငံသို့ ဇွန် ၁၃ ရက်သွားမည် ရန်ကုန်-ဇွန်၁၀ အမျိုး...

ဒေါ်အောင်ဆန်းစုကြည် နီပေါနိုင်ငံသို့ ဇွန် ၁၃ ရက်သွားမည် ရန်ကုန်-ဇွန်၁၀ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နီပေါနိုင်ငံ ဝန်ကြီးချုပ်Mr. Sushil Koirala ၏ ဖိတ်ကြားချက်အရ နီပေါနိုင်ငံ၊ ခတ္တမန္ဓူမြို့သို့ဇွန်လ (၁၃) ရက်နေ့တွင်သွားရောက်ရန်ရှိကြောင်း ဒီချုပ်မှသတင်းထုတ်ပြန်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နီပေါနိုင်ငံခရီးစဉ်တွင်ဒေါ်အောင်ဆန်းစုကြည် - ဥက္ကဋ္ဌ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)နှင့်ဒေါက်တာတင်မာအောင် - Chief of staff & Personal assistant to Chairperson၊၊ ဦးဖြိုးဇေယျာသော် - Member of the Parliament & Parliamentary Private Secretary၊ ဦးမိုးဇော်ဦး - Communication Officer of Chairperson’s Officeတို့ ပါဝင်မည်ဖြစ်သည်။ အဆိုပါခရီးစဉ်တွင် နီပေါနိုင်ငံသမ္မတ Rt. Hon. Dr. Ram Baran Yadav, ဝန်ကြီးချုပ် Rt. Hon. Mr. Sushil Koirala တို့နှင့် တွေ့ဆုံမည့်အပြင် နီပေါနိုင်ငံ လွှတ်တော် (Baneshwar) သို့ သွားရောက်လေ့လာကာ လွှတ်တော်ဥက္ကဋ္ဌ Mr. Subash Chandra Nembang နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။ ထို့အပြင် နီပေါနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr. B.

ထူးချွန်ကျောင်းသား ငါးဦးစီ ပြည်ပပညာတော်သင်လွှတ်ရန် ထူးဖောင်ဒေးရှင်း စီစဉ် ကျော်...

ထူးချွန်ကျောင်းသား ငါးဦးစီ ပြည်ပပညာတော်သင်လွှတ်ရန် ထူးဖောင်ဒေးရှင်း စီစဉ် ကျော်စွာဝင်း| အင်္ဂါနေ့၊ ဇွန်လ ၁၀ ရက်၊ ၂၀၁၄ ခုနှစ် ၂၀၁၃-၁၄ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းတွင် အထူးချွန်ဆုံးအောင်မြင်ခဲ့သည့် ကျောင်းသားများကို ရွေးချယ်ပြီး ပညာသင်ဆု အပြည့်အ၀ပေးကာ နိုင်ငံတကာတက္ကသိုလ်များသို့ စေလွှတ်ရန်စီစဉ်နေသည်ဟု အမှုဆောင် အရာရှိချုပ် ဦးပေါ်မြင့်ဦးက မဇ္ဈိမကို ပြောသည်။ ယင်းသို့ စေလွှတ်သည့် ကျောင်းသားများကို နိုင်ငံခြားတွင် နိုင်ငံရေးသိပ္ပံ၊ ဥပဒေပြုပညာရပ်၊ စီးပွားရေးပညာရပ်များ သင်ကြားရန် ထူးဖောင်ဒေးရှင်းက စီစဉ်ထားသည်ဟု ဆိုသည်။ “သြစတြေးလျ နာမည်ကြီးတက္ကသိုလ်က ပညာရှင်တွေနဲ့ ဇွန်လအတွင်း တွေ့ဆုံ ဆွေးနွေးသွားမှာပါ။ နိုင်ငံရေး သိပ္ပံနဲ့ ဥပဒေပြုရေး ပညာသင်ပေးဖို့ကိစ္စပါ” ဟု ဦးပေါ်မြင့်ဦးက ပြောသည်။ ယင်းအစီအစဉ်တွင် မြန်မာနိုင်ငံအတွင်း ပြည်နယ်နဲ့တိုင်း ဒေသကြီးများအလိုက် အထူးချွန်ဆုံးကျောင်းသား ငါးဦးစီရွေးချယ်ကာ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများကို အကြောင်းကြားပြီး ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားသည်ဟု ၎င်းတို့ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖော်ပြထားသည်။ ထို့ပြင် ကချင်ပြည်နယ် ပူတာအိုတစ်ခရိုင်လုံးတွင်လည်း ထူးဖောင်ဒေးရှင်း ပညာဒါနကျောင်း

အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် လတ်တလောတွင် အသုံးမပြုရန် တပ်မတော်သားအမတ်မျာ...

အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် လတ်တလောတွင် အသုံးမပြုရန် တပ်မတော်သားအမတ်များ ဆွေးနွေးခဲ့ကြ မောင်သင်တုန်း| အင်္ဂါနေ့၊ ဇွန်လ ၁၀ ရက်၊ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံတွင် လက်ရှိနိုင်ငံရေးအခြေ အနေများရှုပ်ထွေးမှုများဖြစ်လာနိုင်သည်ဆိုကာ ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (Proportional Repre-sentation) ကို လတ်တလော သုံးစွဲခြင်းမပြုရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား ကိုယ်စားလှယ်က ဇွန်လ ၉ ရက်အစည်းအဝေးတွင် အကြံပြု ဆွေးနွေးကြသည်။ “လက်ရှိမြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်ရှင်သန်လာစေရန်အတွက် ပါတီများအားလုံးနှင့် တိုင်းရင်းသားများ ၏ နိုင်ငံရေးအခန်းကဏ္ဍသည့် အရေးပါသကဲ့သို့ ဒီမိုကရေစီ နောက်ကြောင်းပြန်မသွားစေရန် အခြားအ ရေးပါသော စိန်ခေါ်မှုများကိုလည်း ထည့်သွင်းစဉ်စားသုံးသပ်ရန်လိုပါသည်” ဟု အမျိုးသားလွှတ်တော် အမတ် ဗိုလ်မှူးကျော်နိုင်ဌေးက ဆွေးနွေးသည်။ အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးမည်ဆိုလျှင် အစိုးရတစ်ရပ်ဖွဲ့စည်းရန်မလွယ်ကူဘဲ နိုင်ငံရေးမ တည်ငြိမ် သည့်အပြင် အစိုးရစီမံခန့်ခွဲမှုကိုလည်း နှောင်နှေးမှုများဖြစ်လာနိုင်သည်ဟု ထောက်ပြပြောဆိုသည်။ လွှတ် တော်အတွင်းမှာလည်း အရေးကြီးဆုံးဖြတ်ချက်များ သဘောတူ

စနစ်ဟောင်းကို မှီတွယ်နေပါက ဒီမိုကရေစီလမ်း မရောက်နိုင်ဟု သူရဦးရွှေမန်းပြော စိုးသ...

စနစ်ဟောင်းကို မှီတွယ်နေပါက ဒီမိုကရေစီလမ်း မရောက်နိုင်ဟု သူရဦးရွှေမန်းပြော စိုးသန်းလင်း| အင်္ဂါနေ့၊ ဇွန်လ ၁၀ ရက်၊ ၂၀၁၄ ခုနှစ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမနေ့၊ ဇွန် ၉ ရက်တွင်ဆွေးနွေး အတည်ပြုလိုက်သည့် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကြမ်းပါ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ပြင်ဆင်ချက်တို့အပေါ် ကိုယ်စားလှယ်တို့ ပါဝင်ဆွေးနွေးကြစဉ် ပြစ်မှုပြစ်ဒဏ်များနှင့် ပတ်သက်ပြီး စနစ်ဟောင်းကို မှီတွယ်ပြီးဆောင်ရွက်နေခြင်းသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်နိုင်မည်မဟုတ်ကြောင်း သူရဦးရွှေမန်းက ဝေဖန်ပြောကြားလိုက်သည်။ “အလုပ်သမားလည်း နိုင်ငံသားပဲ၊ အလုပ်ရှင်လည်း နိုင်ငံသားပဲ၊ သူတို့ အကျိုးစီးပွားကို ကာကွယ်ပေးတဲ့ ဥပဒေကို လွှတ်တော်က ပြဋ္ဌာန်းရတာ၊ ဒီနေ့လုပ်ငန်းရှင်တွေထဲမှာလည်း သာမန်လူတွေပါတယ်။ FDI နဲ့ လာမယ့် လုပ်ငန်းရှင်တွေအတွက်လည်း အလုပ်သမားပဋိပက္ခ ဖြေရှင်းရာမှာ ထောင်ဒဏ်တွေပါနေတယ်ဆိုရင် သူတို့ဘယ်လိုဖြစ်သွားမလဲ၊။ နောက်တစ်ခါ အာဏာကို ကျင့်သုံးတယ်ဆိုတာ မကောင်း၊ မိမိတို့ ဘယ်စနစ်ကိုသွားနေလဲဆိုတာ ကြည့်ဖို့လိုတယ်။”ဟု ၎င်းက ပြောသည်။ အဆိုပါ ပြင်ဆင်သည့်ဥပဒေကြမ်းပုဒ်မ (၄၆)၊ (၄၇)၊ (၄၈) နှင့် ၄၈

ဝိုင်အမ်ဘီအေအသင်းကို စွပ်စွဲသည်ဆိုကာ ဥပဒေဖြင့် တုံ့ပြန်မည် နန်းမြင့်| အင်္ဂါနေ့၊...

ဝိုင်အမ်ဘီအေအသင်းကို စွပ်စွဲသည်ဆိုကာ ဥပဒေဖြင့် တုံ့ပြန်မည် နန်းမြင့်| အင်္ဂါနေ့၊ ဇွန်လ ၁၀ ရက်၊ ၂၀၁၄ ခုနှစ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းချုပ်(YMBA)မှ အမှုဆောင်အဖွဲ့ဝင်နှင့် အသင်းသားအဖြစ် ထုတ်ပယ်ထားသူတို့က ဇွန် ၈ ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းများသည် ပုဂ်္ဂိုလ်ရေး စွပ်စွဲချက်များဖြစ်၍ လက်ရှိ အသင်းချုပ်၏ အမှုဆောင်အဖွဲ့က အချိန်မရွေး အစစ်ဆေးခံမည်ဖြစ်သည့်အပြင် တည်ဆဲဥပဒေဖြင့်လည်း တုံ့ပြန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၂၀၁၂-၂၀၁၄ YMBA အသင်းချုပ် က ဇွန်လ ၉ ရက်၌ ထုတ်ပြန်ခဲ့သည်။ အသင်းချုပ်ဥက္ကဋ္ဌ ဦးကျော်သိန်းက “ဒီဖြစ်ရပ်အပေါ်မှာ အသင်းချုပ်ကအမှု ဆောင်အဖွဲ့ဖွဲ့ပြီး အခုလို ထုတ်ပြန် လိုက်တာဖြစ်တယ်”ဟု ပြောသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1hCXz2a

ပုဒ်မ ၄၃၆ ပြင်ရန် ထောက်ခံလက်မှတ် လေးသိန်းနီးပါးရပြီိ ရွှေရည်ဝင်းထက်| အင်္ဂါနေ့၊ ဇ...

ပုဒ်မ ၄၃၆ ပြင်ရန် ထောက်ခံလက်မှတ် လေးသိန်းနီးပါးရပြီိ ရွှေရည်ဝင်းထက်| အင်္ဂါနေ့၊ ဇွန်လ ၁၀ ရက်၊ ၂၀၁၄ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းအဖွဲ့အစည်းတို့ ပူးပေါင်း၍ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံလက်မှတ်ကောက်ယူမှုမှာ လက်မှတ်ပေါင်း လေးသိန်းနီးပါးရရှိ နေပြီဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ရန်ကုန်တိုင်းဥက္ကဋ္ဌ ဦးမြင့်ဌေးက ဇွန်လ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။ “ရန်ကုန်တိုင်းတစ်ခုတည်းမှာကိုပဲ ၁၀ သိန်းနီးပါးရရှိဖို့ ယုံကြည်ထားတယ်။ အဲဒီအတိုင်းဖြစ်အောင် ကြိုးစားနေပါတယ်။ တစ်တိုင်းပြည်လုံးဆိုရင် ၁၆ သန်းလောက်ရမှဖြစ်မှာ” ဟု ဦးမြင့်ဌေးက ပြောသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ နာယက ဦးတင်ဦးက တစ်တိုင်းပြည်လုံး လက်မှတ် ၁၀ သန်းရရန် ခန့်မှန်းထားပြီး ယခုချိန်တွင် ပိုမိုရရှိနိုင်မည်ဖြစ်သည်ဟု ဦးမြင့်ဌေးက ပြောသည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လက်မှတ်ရေးထိုးကောက်ခံမှုကို NLD ၏ ၁၉၉၀ ရွေးကောက်ပွဲ နှစ်ပတ်လည်ဖြစ်သော မေလ ၂၇ ရက်မှ ဇူလိုင် ၁၉ အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်လျက်ရှိသည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ရွေ့လျား လက်မှတ်ထိုး ကောက်ခံခြင်းများကို ရန်ကုန်နှင့် မန္တေ

#emg_cartoons

#emg_cartoons from Eleven Media Group's Facebook Wall http://ift.tt/SqWoXL

ကမ္ဘာ့ဖလားပွဲစဉ်အနိုင်အရှုံးတွေကို ခန့်မှန်းပေးမယ့် ခွေးကလေး ရူး(ROO) ..............

ကမ္ဘာ့ဖလားပွဲစဉ်အနိုင်အရှုံးတွေကို ခန့်မှန်းပေးမယ့် ခွေးကလေး ရူး(ROO) ......................................................................................... လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲအနိုင်အရှုံးကို ခန့်မှန်းပေးမယ့် တိရစ္ဆာန်လေး တစ်ကောင်တော့ ပေါ်ထွက်လာပြန်ပါပြီ။ သူကတော့ ခွေးကလေး ရူး(ROO) ပါ။ ဒီခွေးကလေးဟာ ဗြိတိန်နိုင်ငံ Pest at Home ကုမ္ပဏီက ပိုင်တဲ့ခွေးလေး ဖြစ်ပြီး ဘောလုံးပွဲအပြင် အခြားအားကစားပွဲတွေကို ခန့်မှန်းတဲ့နေရာမှာ လည်း ထူးချွန်ပါတယ်။ (သတင်းအပြည့်အစုံကို ဒီနေရာမှာ ၀င်ရောက်ဖတ်ရှုနိုင်ပါပြီ) Mizzima Sport News အားကစားသတင်းမှန်သမျှ.....ဒီမှာ ရနေပြီ....။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1oMtZq7

“အင်္ဂလန်အသင်းခေါင်းဆောင်ဖြစ်ဖို့အတွက် ကျွန်တော်က ကြောက်တတ်လွန်းတယ်လို့ လူတွေက ထင်...

“အင်္ဂလန်အသင်းခေါင်းဆောင်ဖြစ်ဖို့အတွက် ကျွန်တော်က ကြောက်တတ်လွန်းတယ်လို့ လူတွေက ထင်ကြတယ်။ သူတို့မှားပါတယ်” …………….. အင်္ဂလန်အသင်းခေါင်းဆောင်၏ မှတ်ချက်များ…. (သတင်းအပြည့်အစုံကို ဒီနေရာမှာ ၀င်ရောက်ဖတ်ရှုနိုင်ပါပြီ) Mizzima Sport News အားကစားသတင်းမှန်သမျှ.....ဒီမှာ ရနေပြီ....။ from Mizzima - News in Burmese's Facebook Wall http://ift.tt/TytAxK

ရခိုင်အရေး လက်တွေ့ကျကျဖြေရှင်းပေးရန် အစိုးရကို ရခိုင်ကွန်ရက်တောင်းဆို ရန်ကုန်၊...

ရခိုင်အရေး လက်တွေ့ကျကျဖြေရှင်းပေးရန် အစိုးရကို ရခိုင်ကွန်ရက်တောင်းဆို ရန်ကုန်၊ ဇွန် ၈ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခ အကျိုးဆက် ပြဿနာများကို အပြောနှင့်မဟုတ်ဘဲ လက်တွေ့ကျကျ ဖြေရှင်းပေးရန် လိုအပ်ကြောင်း ရခိုင်အမျိုးသားကွန်ရက် (ANN) ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောကြားသည်။ မောင်တောမြို့တွင် ရခိုင်တိုင်းရင်းသားများ အကြမ်းဖက်ခံရမှု ၂ နှစ်ပြည့် အောက်မေ့ဖွယ်အဖြစ် ဇွန်လ ၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ရှိ ရခိုင်အမျိုးသား ကွန်ရက် ရုံးခန်းတွင် ပြုလုပ်သည့် အခမ်းအနားတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။ လက်ရှိ အခြေအနေတွင် ရခိုင်ပြည်နယ် အရေးကို အစိုးရက လက်တွေ့ကျကျ ဖြေရှင်းခြင်းများ အားနည်းနေကြောင်း၊ အကြမ်းဖက်ခံရမှု ၂ နှစ်မြောက်ခဲ့ပြီ ဖြစ်သော်လည်း ပဋိပက္ခဒဏ် ခံခဲ့ရသည့် ရခိုင်တိုင်းရင်းသားများသည် လုံခြုံမှုမရှိဘဲ နေထိုင်နေရကြောင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ နိုင်ငံသား စိစစ်မှု စသည်တို့ကို လက်တွေ့ကျကျ မလုပ်ဆောင်နိုင်သေးကြောင်း ဦးတင်ထူးအောင်က ဆိုသည်။ “အစော်ကားခံရတာ ၂ နှစ်ပြည့်တိုင်အောင် အစိုးရက အပြောနဲ့ပဲ နှစ်သိမ့်နေတယ်” ဟု ၎င်းကပြောကြားသည်။ ပဋိပက္ခ ဖြစ်ပွားမှု ၂ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ