Skip to main content

ပြည်တွင်း၊ ပြည်ပအော်ပရေတာများ ပူးပေါင်းလုပ်ကိုင်ရာတွင် ၀န်ထမ်းများအသွင်ကူးပြောင်...



ပြည်တွင်း၊ ပြည်ပအော်ပရေတာများ ပူးပေါင်းလုပ်ကိုင်ရာတွင် ၀န်ထမ်းများအသွင်ကူးပြောင်းရေး စိန်ခေါ်မှု ဖြစ်လာနိုင်



စ, ချိုကို



ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာများသည် ပြည်ပအော်ပရေတာများနှင့် အကျိုးတူးပူးပေါင်း၍ ဆက်သွယ်ရေးလုပ်ငန်းများ ၀န်ဆောင်မှုပေးရာတွင် ၀န်ထမ်းများ ပေါင်းစည်းရေးနှင့် ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များသည် အဓိကစိန်ခေါ်မှုများ ဖြစ်လာနိုင်သည်ဟု အကြံပေးကုမ္ပဏီများနှင့် စီးပွားရေးပညာရှင်များက ပြောသည်။



ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများတွင် နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုသာမက ၀န်ဆောင်မှုပေးသည့် ၀န်ထမ်းများ၏ စွမ်းဆောင်ရည်သည်လည်း အဓိကကျလာနိုင်ပြီး အစိုးရ၀န်ထမ်းများ၏ ပုဂ္ဂလိကအဖွဲ့ အစည်းအသွင်သို့ ကူးပြောင်းရေးသည် အရေးကြီးသည်ဟု အမေရိကန်အခြေစိုက် အကြံပေးကုမ္ပဏီဖြစ် သည့် Deloitte Consulting (Myanmar) ရုံးက အုပ်ချုပ်မှု ဒါရိုက်တာ ဦးချစ်ထွန်းဖေက ပြောသည်။



ဦးချစ်ထွန်းဖေက“ဆက်သွယ်ရေး ဈေးကွက်ယှဉ်ပြိုင်မှုမှာ ၀န်ဆောင်မှုပေးတဲ့ ၀န်ထမ်းတွေရဲ့ အခန်းကဏ္ဍ က အရေးကြီးပါတယ်။ ဒါကြောင့် အစိုးရဌာနကနေ Organization အသွင်ကူးပြောင်းရေးမှာ ၀န်ထမ်းတွေ ရဲ့ အသွင်ကူးပြောင်းမှု၊ လေ့ကျင့်သင်ကြားပေးမှု၊ မူဝါဒပြောင်းလဲမှုတွေ အများကြီးလုပ်လာဖို့ လိုအပ် တယ်။ ဈေးကွက်ယှဉ်ပြိုင်မှုမှာလည်း ၀န်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို မူတည်ပြီး အခြားအော်ပရေတာ တွေကို အနိုင်ရရှိလာနိုင်မှာ ဖြစ်ပါတယ်”ဟုပြောသည်။



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပြည်ပအော်ပရေတာတစ်ခုဖြစ်သော ဂျပန်ဆက်သွယ်ရေးကုမ္ပဏီ KDDI နှင့် ပူးပေါင်းလုပ်ကိုင်ရန် မေလကုန်တွင် သဘောတူလက်မှတ်ရေးထိုးရန် ပြင်ဆင်ထားသော်လည်း ၀န်ထမ်းများ အသွင်ကူးပြောင်းရေး၊ ၀န်ထမ်းများ ရွေးချယ်ခန့်ထားရေး စည်းကမ်းချက်များကို ပြန်လည်သုံး သပ်ကာ ညှိနှိုင်းနေရသည့်အတွက် ပူးပေါင်းမှု လက်မှတ်ရေးထိုးရေး ခေတ္တနောက်ဆုတ်ကာ ဆိုင်းငံ့ထား ရကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က မဇ္ဈိမကိုပြော ကြားထားသည်။



ထို့ပြင်ရတနာပုံတယ်လီပို့ အများပိုင် ကုမ်္ပဏီကလည်း ပြည်ပအော်ပရေတာတစ်ခုနှင့် ပူးပေါင်းလုပ်ကိုင်ရန် ဆောင်ရွက်နေသည်ဟု ကုမ္ပဏီ၏ဒါရိုက်တာ ဦးရှိန်းသူအောင်က ပြောသည်။



ပြည်တွင်း၊ ပြည်ပ အော်ပရေတာပူးပေါင်းရေးတွင် ကုမ္ပဏီနှစ်ဖက်စလုံးမှ အားနည်းချက်၊ အားသာချက် များ ရှိလာနိုင်မည်ဖြစ်သည်ဟု စီးပွားရေးပညာရှင် တစ်ဦးက သုံးသပ်ပြောကြားသည်။



အဆိုပါ စီးပွားရေးပညာရှင်က“ပြည်တွင်း၊ ပြည်ပကုမ္ပဏီနှစ်ခု ပူးပေါင်းတဲ့အခါ နှစ်ဖက်စလုံးမှာ အားသာ ချက်နဲ့ အားနည်းချက်တွေ ရှိလာနိုင်တယ်။ ပြည်ပကုမ္ပဏီတွေဆီက နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှု၊ အုပ်ချုပ်မှု ပညာတွေ ရရှိလာနိုင်မှာဖြစ်သလို ပြည်တွင်းကုမ္ပဏီက ၀န်ထမ်းတွေကလည်း ဒေသကျွမ်းကျင်မှု၊ ဒီဝန် ဆောင်မှုရဲ့ဈေးကွက်ကို ကျွမ်းကျင်မှုတွေရှိနေတယ်။ ၀န်ထမ်းတွေကို လေ့ကျင့်သင်ကြားပေးမှုတွေ ဈေး ကွက်ယှဉ်ပြိုင်နိုင်အောင် လေ့ကျင့်သင့်ကြား၊ အသွင်ကူးပြောင်းမှုတွေ လုပ်ဖို့လိုအပ်လိမ့်မယ်”ဟု ဆိုသည်။



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပုဂ္ဂလိကအော်ပရေတာအဖြစ်သို့ ပြောင်းလဲမည့် လုပ်ငန်းများတွင် ၀န်ထမ်းများကို လေ့ကျင့်သင်ကြားပေးရေးအတွက် အသုံးပြုရန် ကမ္ဘာ့ဘဏ်က ရယူထားသော ချေးငွေများ မှ ဒေါ်လာနှစ်သန်းကို သုံးစွဲသွားမည်ဟုလည်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ဒု-၀န်ကြီးဦးသောင်းတင်က ပြောကြားထားသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1mAyGRb

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...