Skip to main content

Posts

Showing posts from March 28, 2014

လေယာဉ်၊ ဆက်သွယ်ရေး ဂြိုတ်တုမှတစ်ဆင့် အင်တာနက်လိုင်း ထုတ်လွှတ်နိုင်ရန် Facebook စမ...

လေယာဉ်၊ ဆက်သွယ်ရေး ဂြိုတ်တုမှတစ်ဆင့် အင်တာနက်လိုင်း ထုတ်လွှတ်နိုင်ရန် Facebook စမ်းသပ်လေ့လာလျက်ရှိ နယူးယောက်၊ မတ် ၂၈ အင်တာနက်လိုင်းကို တာဝါတိုင်များမှတစ်ဆင့် ထုတ်လွှတ်မည့်အစား မောင်းသူမဲ့လေယာဉ်၊ ဆက်သွယ်ရေး ဂြိုဟ်တု၊ နေစွမ်းအင်သုံး လေယာဉ်ပျံများမှတစ်ဆင့် ထုတ်လွှတ်နိုင်ရန် ကမ္ဘာကျော် လူမှုကွန်ရက် ဝက်ဘ်ဆိုက်ဖြစ်သော Facebook က စမ်းသပ် သုတေသနပြုလျက် ရှိကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။ ‘ကောင်းကင်ကနေ အင်တာနက်လိုင်း လွှင့်နိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်’ ဟု Facebook ဝက်ဘ်ဆိုက်ကို ပူးတွဲ တည်ထောင်သူဖြစ်သော မာ့က်ဇူကာဘတ်က Facebook တွင် ရေးသားထားသည်။ ယင်းကဲ့သို့ လေယာဉ်၊ ဆက်သွယ်ရေး ဂြိုဟ်တုတို့မှတစ်ဆင့် အင်တာနက်လိုင်း လွှင့်ထုတ်နိုင်စေရန် အာကာသ လေကြောင်းနှင့် ဆက်သွယ်ရေး နည်းပညာ ကျွမ်းကျင် ပညာရှင်များ ပါဝင်သောအဖွဲ့က စမ်းသပ် လေ့လာမှုများ ပြုလုပ်လျက် ရှိသည်။ Facebook က စည်းရုံး ဖွဲ့စည်းထားသည့် အဆိုပါ ကျွမ်းကျင် ပညာရှင်များတွင် နာဆာအဖွဲ့တွင် အရေးပါသော သုတေသနစင်တာ တစ်ခုဖြစ်သည့် Ames Research စင်တာမှ ပညာရှင်များလည်း ပါဝင်သည်။ ယခုကဲ့သို့ မောင်းသူမဲ့ လေယာဉ် စသည်မှ အင်တာနက်လိုင်း ထုတ်လွှတ်ရန် စမ်းသပ် လေ့လ

ပြည်ပတင်ပို့ခွင့် ပိတ်ထားသည့် ဝါဂွမ်းနှင့် ချည်မျှင်ပြန်ခွင့်ပြု ရန်ကုန်၊ မတ် ၂...

ပြည်ပတင်ပို့ခွင့် ပိတ်ထားသည့် ဝါဂွမ်းနှင့် ချည်မျှင်ပြန်ခွင့်ပြု ရန်ကုန်၊ မတ် ၂၈ ပြည်ပတင်ပို့ခွင့် ၁၄ နှစ်ကြာ ပိတ်ပင်ထားသည့် လယ်ယာထွက်ကုန် ပစ္စည်းများမှ ဝါဂွမ်းနှင့် ချည်မျှင်ကို ပြန်လည် တင်ပို့ခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။ ၁၉၉၉ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့မှ စတင်ကာ ပြည်တွင်းသုံးစွဲမှု ဖူလုံရေးအတွက် ဝါဂွမ်းနှင့် ချည်မျှင် တင်ပို့မှုကို ပိတ်ပင် ထားခဲ့ပြီးနောက် ၁၄ နှစ်အကြာတွင် ယခုကဲ့သို့ ပြန်လည် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။ ချည်စက်ရုံများ၏ ကုန်ကြမ်း လိုအပ်ချက်ကြောင့် ပြည်ပတင်ပို့ခွင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ပြည်တွင်း စိုက်ပျိုး ထုတ်လုပ်သူများ၏ တောင်းဆိုချက်အရ ပြည်ပတင်ပို့ခွင့်ကို ဝန်ကြီးဌာနက ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့်က ပြောကြားသည်။ မြန်မာ့ဝါကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံသို့ အဓိက တင်ပို့ဖွယ်ရှိပြီး ပြည်တွင်း၌ ချည်မျှင် ထုတ်လုပ်ရန် နည်းပညာပိ

ရန်ကုန်မြို့လယ် ရွှေလင်ဗန်းစားသောက်ဆိုင် ဓာတ်ဆီပက်မီးရှို့ ရန်ကုန်၊ မတ် ၂၈ ကျော...

ရန်ကုန်မြို့လယ် ရွှေလင်ဗန်းစားသောက်ဆိုင် ဓာတ်ဆီပက်မီးရှို့ ရန်ကုန်၊ မတ် ၂၈ ကျောက်တံတားမြို့နယ် အမှတ် (၉) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် လမ်း ၄၀ အလယ်ဘလောက် ထောင့်တွင် ဖွင့်လှစ်ထားသော ရွှေလင်ဗန်း စားသောက်ဆိုင်တွင် မတ်လ ၂၈ ရက် နံနက် ၃ နာရီ ၁၀ မိနစ်ခန့်က စားသောက်ဆိုင် ခြံစည်းရိုး အုတ်နံရံနှင့် မီးဖိုချောင် အုတ်နံရံကြားကို လူတစ်ဦးက ဓာတ်ဆီလောင်း မီးရှို့ခဲ့သဖြင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။ ရွှေလင်ဗန်း စားသောက်ဆိုင်၏ စားဖိုဆောင်နံရံနှင့် လမ်းဘေး အုတ်တံတိုင်းကြားတွင် ယင်းနေ့ နံနက်ပိုင်းက အမျိုးသားတစ်ဦးက နှစ်ဂါလန်ဆံ့ ပလတ်စတစ်ပုံး အဝတွင် အဝတ်စဆို့ကာ စားဖိုဆောင်နံရံကို ဓာတ်ဆီဖြင့် ပက်၍ မီးရှို့ ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကြောင့် စားဖိုဆောင်၏ အုတ်နံရံနှင့် မျက်နှာကြက်တို့ မီးလောင်ခဲ့ကြောင်း စားသောက်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ “ဆိုင်မီးဖိုချောင်ကို မီးရှို့ပြီး ထွက်ပြေးသွားတဲ့ အမျိုးသားကို မြင်တဲ့သူတွေ ရှိပါတယ်။ မီးမလောင်ခင်မှာ ရပ်ကွက်ထဲ လျှပ်စစ်မီးတွေ ပျက်နေတယ်” ဟု အဆိုပါဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ဓာတ်ဆီပက် မီးရှို့ခံရမှုကြေ

ပြည်ပမှတင်သွင်းသော ဆေးလိပ်များ အခွန်တံဆိပ်မရှိပါက ဖမ်းဆီးမည် ရန်ကုန်၊ မတ် ၂၈ြ...

ပြည်ပမှတင်သွင်းသော ဆေးလိပ်များ အခွန်တံဆိပ်မရှိပါက ဖမ်းဆီးမည် ရန်ကုန်၊ မတ် ၂၈ ပြည်ပမှ ထုတ်လုပ်သည့် ဆေးလိပ်များကို ဟိုတယ်များကသာ တင်သွင်းခွင့်ရှိပြီး ဈေးကွက်အတွင်း အခွန်အမှတ် တံဆိပ်မရှိဘဲ တွေ့ရှိရပါက ဧပြီလ ၁ ရက်နေ့မှ စတင်၍ သိမ်းဆည်းမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ နိုင်ငံခြား ဆေးလိပ်နှင့် အရက်များကို ဟိုတယ်များတွင်သာ တင်သွင်းခွင့် ပြုထားပြီး ဟိုတယ်လိုင်စင် ပါရှိမှသာ တရားဝင်ပစ္စည်းများ ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။ “တရားဝင်ဆိုရင် Custom (အကောက်ခွန်) ကို အခွန်ဆောင်ပြီးကြောင်း တံဆိပ်ပါတယ်” ဟု ယင်းဌာန အကြီးတန်းအရာရှိက ပြောဆိုသည်။ ပြည်သူများအတွက် အကျိုးရှိသော ဆေးဝါးပစ္စည်းနှင့် စားသောက်ကုန်များကို အစိုးရက တရားဝင် တင်သွင်းခွင့် လုံလောက်စွာ ချပေးသင့်ကြောင်း စီးပွားရေးမူဝါဒ ပညာရှင် ဒေါက်တာအောင်ကိုကိုက မှတ်ချက်ပြုသည်။ “ဆေးလိပ်ပဲ ဖြစ်ဖြစ်၊ ဆေးဝါးပဲ ဖြစ်ဖြစ် ပြည်သူတွေအတွက်၊ နိုင်ငံအတွက် ဘယ်လောက် လိုအပ်ချက် မြင့်မားနေလဲ ဆိုတာကို အရင်ကြည့်ရပါ့မယ်။ လိုအပ်မှု မြင့်မားနေတာ ဆိုရင်တော့ တရားမဝင် အခွန်ရှောင်ပြီးတော့ သွင်းမှာပဲ ဒါမဆန်းပါဘူ

မော်လမြိုင်-မတ်၂၉ မော်လမြိုင်တွင် ပထမဆုံး ဆန္ဒထုတ်ဖော်မှုအဖြစ် ၂၀၀၈ဖွဲ့စည်းပုံ အ...

မော်လမြိုင်-မတ်၂၉ မော်လမြိုင်တွင် ပထမဆုံး ဆန္ဒထုတ်ဖော်မှုအဖြစ် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးဆန္ဒဖော်ထုတ်ပွဲကိုမတ်၂၆ ရက် က ရွှေတောင်ရပ် မှ သံလွင်ဈေးအထိပြုလုပ်ကြောင်းသိရ သည်။ ထူးထူး(မော်လမြိုင်) အခြေခံဥပဒေပြင်ဆင်ရေးအတွက်မော်လမြိုင်တွင် ပထမဆုံးဆန္ဒထုတ်ဖော် မော်လမြိုင်-မတ်၂၉ မော်လမြိုင်တွင် ပထမဆုံး ဆန္ဒထုတ်ဖော်မှုအဖြစ် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးဆန္ဒဖော်ထုတ်ပွဲကိုမတ်၂၆ ရက် က ရွှေတောင်ရပ် မှ သံလွင်ဈေးအထိပြုလုပ်ကြောင်းသိရ သည်။ ထူးထူး(မော်လမြိုင်) from Popular Myanmar News Journal's Facebook Wall http://ift.tt/1k3cXS2

မတ်လ ၂၇ ရက်တွင် သေနတ်မှန် သေဆုံးသွားခဲ့သော ၁၁ နှစ်အရွယ် ရခိုင်ကလေးငယ်၏ ဘေး၌ ထိုင...

မတ်လ ၂၇ ရက်တွင် သေနတ်မှန် သေဆုံးသွားခဲ့သော ၁၁ နှစ်အရွယ် ရခိုင်ကလေးငယ်၏ ဘေး၌ ထိုင်နေသော မိဘများကို ရခိုင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက နှစ်သိမ့်အားပေးနေသည်ကို မတ်လ ၂၈ ရက်နေ့က တွေ့စဉ်။ (ဓာတ်ပုံ - အီးပီအေ) စစ်တွေမြို့တွင် မတ်လ ၂၆ရက်ညက ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် အန်ဂျီအိုရုံးကို ခဲဖြင့်ပစ်ပေါက်သော လူစုကြီးကို ခွဲထုတ်ရန် ဒေသအာဏာပိုင်များက သေနတ်မိုးပေါ်ထောင်ပစ်ကာ လူစုခွဲခဲ့ရာ တစ်ဖက်ကမ်းရှိ ဒုက္ခသည် တန်းလျားမှ ၁၁နှစ်အရွယ် ရခိုင်အမျိုးသမီးငယ်လေးကို ထိမှန်ခဲ့သည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/P3khng

ရန်ကင်းမြို့နယ် အမှတ် ၁၂ ရပ်ကွက် မေတ္တာရိပ်သာလမ်းပေါ်တွင် လွန်ခဲ့သော ၁၀ ရက်ကျော်က...

ရန်ကင်းမြို့နယ် အမှတ် ၁၂ ရပ်ကွက် မေတ္တာရိပ်သာလမ်းပေါ်တွင် လွန်ခဲ့သော ၁၀ ရက်ကျော်က ဖြစ်ပွားခဲ့သော ရန်ငြိုးရန်စ မရှိဘဲ ခေါင်းဖြတ် လူသတ်မှုကို ဒေသခံ ၅၀၀ က တရားဥပဒေစိုးမိုးရေး၊ ပြည်သူများဘဝ လုံခြုံမှု ရှိရေးနှင့် မင်းမဲ့စရိုက် ပပျောက်ရေးအတွက် မတ်လ ၂၈ ရက်နေ့က ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ရန်ကင်း ခေါင်းဖြတ်လူသတ်မှု ဒေသခံ ၅၀၀ ကျော် ကန့်ကွက်ဆန္ဒပြ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwi www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1h4UBMW

ရန်ကုန်မြို့တော် အပါအဝင် မြို့ကြီးအချို့တွင် ဧပြီလဆန်းအထိ နေ့အပူချိန်များ ဆက်လက်...

ရန်ကုန်မြို့တော် အပါအဝင် မြို့ကြီးအချို့တွင် ဧပြီလဆန်းအထိ နေ့အပူချိန်များ ဆက်လက် မြင့်တက်နေပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများပါ လွန်ကဲအဆင့်သို့ ရောက်ရှိမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။ ရန်ကုန် အပါအဝင် မြို့ကြီးအချို့ နေ့အပူချိန်များ ဆက်လက်မြင့်တက်မည် - သစ်ထူးလွင် (နေ့စဉ် www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1dCDoiX

ရန်ကုန် အပါအဝင် မြို့ကြီးအချို့ နေ့အပူချိန်များ ဆက်လက်မြင့်တက်မည်

ရန်ကုန်၊ မတ် ၂၈ ရန်ကုန်မြို့တော် အပါအဝင် မြို့ကြီးအချို့တွင် ဧပြီလဆန်းအထိ နေ့အပူချိန်များ ဆက်လက် မြင့်တက်နေပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများပါ လွန်ကဲအဆင့်သို့ ရောက်ရှိမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။ ရန်ကုန်မြို့တော် အပါအဝင် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ရက်ပိုင်းအတွင်း ယခုနှစ် နွေရာသီ၏ အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်မှ ၄၂ ဒီဂရီ စင်တီဂရိတ်အထိ ရောက်ရှိမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ခရမ်းလွန်ရောင်ခြည် ကျရောက်မှုမှာလည်း ကော့သောင်းမြို့နှင့် ထားဝယ်မြို့တို့တွင် အန္တရာယ်ရှိ လွန်ကဲအဆင့် အညွှန်းကိန်း ၁၃ အထက်ကို ရောက်ရှိနေပြီး ရန်ကုန်၊ မော်လမြိုင်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် အညွှန်းကိန်း ၁၂ ထက် ကျော်လွန် ရောက်ရှိနေသဖြင့် သတိပြုရန် လိုကြောင်း ဦးထွန်းလွင်က ဆက်လက် ပြောကြားသည်။ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကလည်း မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများမှအပ ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ယခု ရက်အနည်းငယ်အတွင်း နေ့အပူချိန်များ တိုးလာမည် ဖြစ်ကြောင်း ခန့်မှန်းချက် ထုတ်ြ

ရန်ကင်း ခေါင်းဖြတ်လူသတ်မှု ဒေသခံ ၅၀၀ ကျော် ကန့်ကွက်ဆန္ဒပြ

ရန်ကုန်၊ မတ် ၂၈ ရန်ကင်းမြို့နယ် အမှတ် ၁၂ ရပ်ကွက် မေတ္တာရိပ်သာလမ်းပေါ်တွင် လွန်ခဲ့သော ၁၀ ရက်ကျော်က ဖြစ်ပွားခဲ့သော ရန်ငြိုးရန်စ မရှိဘဲ ခေါင်းဖြတ် လူသတ်မှုကို ဒေသခံ ၅၀၀ က တရားဥပဒေစိုးမိုးရေး၊ ပြည်သူများဘဝ လုံခြုံမှု ရှိရေးနှင့် မင်းမဲ့စရိုက် ပပျောက်ရေးအတွက် မတ်လ ၂၈ ရက်နေ့က ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ မတ်လ ၁၅ ရက်နေ့ညက မေတ္တာရိပ်သာလမ်းတွင် နေအိမ်မှ ဟင်းထွက်ဝယ်သော အသက် ၃၂ နှစ် အရွယ် ကိုမင်းမင်းဦးသည် ကိုချစ်ပို၏ ပခုံးကို ဝင်တိုက်မိရာမှ စကားများခဲ့ကြပြီး ကိုချစ်ပိုက ကိုမင်းမင်းဦး၏ လည်ပင်းကို ငှက်ကြီးတောင်ဓားဖြင့် ခုတ်ရာ ဦးခေါင်းပြတ်ပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာဖြင့် သေဆုံးခဲ့သည်ဟု သေဆုံးခဲ့သူ၏ ဇနီး မဇင်ဇင်အောင်၏ အဆိုအရ သိရသည်။ “ပခုံးချင်း မတော်တဆ တိုက်မိလို့ တောင်းပန်တာကို ပါးတွေရိုက်ပြီး ပါလာတဲ့ အရက်ပုလင်းနဲ့ ခေါင်းရိုက်ခွဲခဲ့တာ။ ပြီးတော့ အရက်ပုလင်းကွဲနဲ့ ဗိုက်ကို ထိုးမွှေလို့ လဲကျနေတုန်း အိမ်က ဓားပြန်ယူပြီး ခေါင်းပြတ်အောင် အချက်ပေါင်းများစွာ ခုတ်သတ်ခဲ့တာ။ ဝင်ဆွဲတဲ့ သူပါ သတ်ပစ်မယ်ကြိမ်းလို့ ရပ်ကွက်ထဲက ဘယ်သူမှ ဝင်မဆွဲရဲဘဲ ဒီတိုင်းကြည့်နေရတာ” ဟု သေဆုံးခဲ့သူ ကိုမင်းမင်းဦး၏ ဇနီး မဇင်ဇင်အောင်က ရ

ထိုင်းအကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေးရုံး လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခံရ ဘ...

ထိုင်းအကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေးရုံး လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခံရ ဘန်ကောက်၊ မတ် ၂၈ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကို တာဝန် လစ်ဟင်းမှုဖြင့် မေးခွန်းများ မေးမြန်းထားသော ထိုင်းအကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေးရုံးများ လက်ပစ်ဗုံးများဖြင့် တိုက်ခိုက် ခံခဲ့ရကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးမျှမရှိဘဲ အကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေးရုံးများ တိုက်ခိုက်ခံရမှုသည် ရက်သတ္တပတ် တစ်ပတ်အတွင်း ဒုတိယအကြိမ် တိုက်ခိုက် ခံရခြင်း ဖြစ်သည်။ အဆိုပါ ရုံးအနီးတွင် ထိုင်းဝန်ကြီးချုပ်အပေါ် ထောက်ခံသူများ ယခုရက်သတ္တပတ်အတွင်း စုဝေးဆန္ဒပြနေပြီး မည်သူက လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်သွားကြောင်း ရှင်းလင်းစွာ မသိရသေးပေ။ ထိုင်းအစိုးရ ဆန်ဝယ်ယူရေး အစီအစဉ်တွင် ဆုံးရှုံးမှု ကြီးမားမှုနှင့် အကျင့်ပျက် လာဘ်စားမှုများ ပေါ်ပေါက်ခဲ့ပြီး ယင်းကဲ့သို့ မဖြစ်ပွားအောင် ဝန်ကြီးချုပ်ယင်းလပ်က ကြိုတင် မကာကွယ်နိုင်ခဲ့ခြင်းကြောင့် ဝန်ကြီးချုပ်ကို တာဝန် လစ်ဟင်းမှုဖြင့် လာမည့် ရက်သတ္တပတ်အတွင်း စုံစမ်း မေးမြန်းရန် ထိုင်းအမျိုးသား အကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စီစဉ်ထားသည်။ ထို့

ထိုင်းအကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေးရုံး လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခံရ

ဘန်ကောက်၊ မတ် ၂၈ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကို တာဝန် လစ်ဟင်းမှုဖြင့် မေးခွန်းများ မေးမြန်းထားသော ထိုင်းအကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေးရုံးများ လက်ပစ်ဗုံးများဖြင့် တိုက်ခိုက် ခံခဲ့ရကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ from Voice http://ift.tt/1gLJmie

Laser World ကုမ္ပဏီက တရားစွဲလျှင် ရင်ဆိုင်ဖြေရှင်းရန် အသင့်ရှိဟု တေးသံရှင် Cobra ပြောကြား

ရန်ကုန်၊ မတ် ၂၈ရိုက်ကူးရန် စီစဉ်နေသော ရုပ်သံဇာတ်လမ်းတွဲ၏ ဇာတ်ညွှန်းမိတ္တူ ပျောက်ဆုံးမှုဖြင့် အမှုဖွင့်ခံထားရသော Laser World ကုမ္ပဏီမှ အမျိုးသမီး ဝန်ထမ်းဟောင်း ဆေးရုံခုတင်ပေါ်တွင် လက်ထိတ်ခတ်ကာ ဆေးကုသမှု ခံယူနေပုံကို လူမှုကွန်ရက် Facebook စာမျက်နှာပေါ်တွင် တင်ခဲ့မှုနှင့် ပတ်သက် ၍ Laser World ကုမ္ပဏီက တရားစွဲဆိုလာပါက ရင်ဆိုင်ဖြေရှင်းရန် အသင့်ရှိကြောင်း တေးသံရှင် Cobra က The Voice သို့ ပြောကြားသည်။ from Voice http://ift.tt/1g9gTwL

နိုင်ငံရေးပါတီများအကြောင်း သုတေသန မှတ်တမ်းစာအုပ် ထုတ်ဝေချိန် နောက်ဆုတ်

ရန်ကုန်၊ မတ် ၂၈၂၀၁၀ အထွေထွေ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော နိုင်ငံရေးပါတီ ၅၆ ခုအကြောင်း သုတေသန ပြုလုပ်ထားသည့် စာအုပ် ထုတ်ဝေချိန်ကို နောက်ဆုတ်လိုက်ကြောင်း မြန်မာဖွံ့ဖြိုးရေးသုတေသန (Myanmar Development Research) မှ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်မြတ်သဲသစ္စာက ပြောကြားသည်။ from Voice http://ift.tt/1mdv1ue

စစ်တွေရှိ INGOs ဝန်ထမ်းများ ဘေးကင်းရေး ကုလသမဂ္ဂနှင့် EU အဖွဲ့များ တောင်းဆို

ရန်ကုန်၊ မတ် ၂၈ရခိုင်ပြည်နယ် စစ်တွေမြို့တွင် INGO ဝန်ထမ်း နိုင်ငံခြားသူတစ်ဦး သာသနာ့အလံ ဖြုတ်ချရာမှ ဖြစ်ပွားနေသော ပဋိပက္ခတွင် စစ်တွေမြို့ရှိ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးနေသည့် ဝန်ထမ်းများ ဘေးကင်းလုံခြုံရေး လုပ်ဆောင်ပေးရန် မတ်လ ၂၇ ရက်နေ့က ကုလသမဂ္ဂနှင့် EU အဖွဲ့ အသီးသီးက တောင်းဆိုခဲ့ကြသည်။ from Voice http://ift.tt/1mduZCC

ရန်ကင်း ခေါင်းဖြတ်လူသတ်မှု ဒေသခံ ၅၀၀ ကျော် ကန့်ကွက်ဆန္ဒပြ

ရန်ကုန်၊ မတ် ၂၈ရန်ကင်းမြို့နယ် အမှတ် ၁၂ ရပ်ကွက် မေတ္တာရိပ်သာလမ်းပေါ်တွင် လွန်ခဲ့သော ၁၀ ရက်ကျော်က ဖြစ်ပွားခဲ့သော ရန်ငြိုးရန်စ မရှိဘဲ ခေါင်းဖြတ် လူသတ်မှုကို ဒေသခံ ၅၀၀ က တရားဥပဒေစိုးမိုးရေး၊ ပြည်သူများဘဝ လုံခြုံမှု ရှိရေးနှင့် မင်းမဲ့စရိုက် ပပျောက်ရေးအတွက် မတ်လ ၂၈ ရက်နေ့က ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ from Voice http://ift.tt/1gLHDt9

"ဂရုပြုစရာ သွေးတိုးရောဂါ" ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ထု...

"ဂရုပြုစရာ သွေးတိုးရောဂါ" ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ထုတ်ပြန် ထားသည့် သွေးတိုးရောဂါ အတွက် အစွမ်းထက်သော ဆေးဖက်ဝင်အပင် များနှင့် သောက်သုံးရမည့် ဆေးညွှန်း ပမာဏများကို ဖော်ပြလိုက်ပါသည်။ သွေးတိုးရောဂါသည် အသံတိတ်လူသတ်သမား (silent killer) ဟုဆို ရလောက်အောင် ကျန်းမာရေး အတွက် အသက် အန္တရာယ်ပေးနိုင် သည့် ရောဂါ တစ်မျိုးဖြစ်ပါသည်။ သွေးတိုးကြောင့် လေဖြတ်လေ ငန်းနှင့် နှလုံးရောဂါ အပါအဝင် နောက်ဆက်တွဲ ရောဂါများ ဖြစ်ပွားနိုင်သဖြင့် အထူး ဂရုစိုက်ရန် လိုအပ်ပါသည်။ သွေးတိုး ကျစေရန်နှင့် ပုံမှန်သွေးဖိ အား ရရှိစေရန် ဖော်ပြမည့်ဆေးပင်များ အနက် မိမိတို့လက်လှမ်းမီရာ တစ်မျိုး မျိုးကို သုံးစွဲနိုင်ပါသည်။ ► အလိုကျူပင် သွေးတိုးကျစေရန် အလိုကျူ အမြစ် ၃ ကျပ်သားကို ရေသန့် ၂ ဖန်ခွက် ထည့်ပြုတ်ကာ တစ်ဖန်ခွက် ကျန်လျှင် တစ်ကြိမ်လျှင် ဖန်ခွက် တစ်ဝက်၊ တစ်နေ့ ၂ ကြိမ် သောက်ရပါမည်။ ► သံပရာပင် သွေးတိုး ကျစေရန် တစ်ကြိမ်လျှင် သံပရာသီး တစ်ခြမ်းကို ရေနွေး ပူပူ တွင်ထည့်ကာ တစ်နေ့ သုံးကြိမ်သောက်ရန် ဖြစ်ပါသည်။ သံပရာရေ ချဉ် ချဉ် သောက်ပေးနိုင်ပါသည်။ ► ကြက်သွန်ဖြူပင် သွေးတိုးကျစေရန် ကြက်သွန်ဖြူဥကို ပါးပါးလှီး၍ သံပ

နိုင်ငံရေးပါတီများအကြောင်း သုတေသန မှတ်တမ်းစာအုပ် ထုတ်ဝေချိန် နောက်ဆုတ် ရန်ကုန်...

နိုင်ငံရေးပါတီများအကြောင်း သုတေသန မှတ်တမ်းစာအုပ် ထုတ်ဝေချိန် နောက်ဆုတ် ရန်ကုန်၊ မတ် ၂၈ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော နိုင်ငံရေးပါတီ ၅၆ ခုအကြောင်း သုတေသန ပြုလုပ်ထားသည့် စာအုပ် ထုတ်ဝေချိန်ကို နောက်ဆုတ်လိုက်ကြောင်း မြန်မာဖွံ့ဖြိုးရေးသုတေသန (Myanmar Development Research) မှ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်မြတ်သဲသစ္စာက ပြောကြားသည်။ ယင်းစာအုပ်တွင် ထည့်သွင်းထားသော အချက်အလက်အချို့မှာ မှားယွင်းနေသောကြောင့် ယခုကဲ့သို့ ထုတ်ဝေချိန် နောက်ဆုတ်လိုက်ရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ ဗဟန်းမြို့နယ် မီကာဆာဟိုတယ်တွင် မတ်လ ၂၈ ရက်နေ့က ပြုလုပ်သော နိုင်ငံရေးပါတီများ၏ အချက်အလက် စုစည်းမှု စာအုပ်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ NGO များထံသို့ ပေးအပ်သော အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။ အဆိုပါ စာအုပ်ပေးအပ်ပွဲတွင် သက်ဆိုင်ရာ ပါတီဝင်များက မှားယွင်းနေသော အချက်အလက်များကို ပြင်ဆင်ပေးရန် တောင်းဆိုခြင်းနှင့် ပတ်သက်ပြီး ပြင်ဆင်ဖြည့်စွက်ချက် ထည့်သွင်းပြီးမှသာ ထုတ်ဝေသွားမည် ဖြစ်ကြောင်း ဒေါ်မြတ်သဲသစ္စာ

ရန်ကုန် အပါအဝင် မြို့ကြီးအချို့ နေ့အပူချိန်များ ဆက်လက်မြင့်တက်မည်

ရန်ကုန်၊ မတ် ၂၈ရန်ကုန်မြို့တော် အပါအဝင် မြို့ကြီးအချို့တွင် ဧပြီလဆန်းအထိ နေ့အပူချိန်များ ဆက်လက် မြင့်တက်နေပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများပါ လွန်ကဲအဆင့်သို့ ရောက်ရှိမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။ from Voice http://ift.tt/1mdsQXn

စလစ်ဈေးမြင့်၍ ဖြေရှင်းပေးရန် မော်တော်ယာဉ် လုပ်ငန်းရှင်များအသင်း တောင်းဆို

ရန်ကုန်၊ မတ် ၂၈မော်တော်ယာဉ် ဈေးကွက်အတွင်း စလစ်ဈေး မြင့်မားနေမှုကို ဖြေရှင်းပေးရန် မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီသို့ မတ်လ ၂၆ ရက်နေ့က တင်ပြထားကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ် လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။ from Voice http://ift.tt/1mdsOyM

ပညာရေးတက္ကသိုလ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမများကို ဗြိတိန်သင်ကြားရေး ဆရာများ အင်္ဂလိပ်စာ သင်မည်

နေပြည်တော်၊ မတ် ၂၈ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် ကြိုးပမ်းနေသော မြန်မာနိုင်ငံမှ ပညာရေးတက္ကသိုလ်နှင့် ပညာရေးကောလိပ်များရှိ ဆရာ၊ ဆရာမများကို ဗြိတိန်နိုင်ငံမှ အင်္ဂလိပ်စာ သင်ကြားရေး ဆရာ ၅၀ ဦးက ၂ နှစ်ကြာ ပညာသင်ကြားပေးရန် နားလည်မှု စာချွန်လွှာ MoU ရေးထိုးလိုက်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ပြောကြားသည်။ from Voice http://ift.tt/1mdsQqn

စစ်တွေပဋိပက္ခ ပြန်လည်တည်ငြိမ်၊ ဗိုလ်ချုပ်ကြီး လှဌေးဝင်း ဦးဆောင်သည့် အဖွဲ့ စစ်တွေရောက်

ရန်ကုန်၊ မတ် ၂၈ INGO ဝန်ထမ်း နိုင်ငံခြားသား အမျိုးသမီးတစ်ဦးက သာသနာ့အလံကို ဖြုတ်ချရာမှ ရခိုင်ပြည်နယ် စစ်တွေမြို့ ဒေသခံနှင့် INGO များကြား တစ်ရက်ကျော်ကြာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခသည် မတ်လ ၂၈ ရက်နေ့တွင် ပြန်လည် တည်ငြိမ်သွားပြီ ဖြစ်ပြီး ကာကွယ်ရေး ဝန်ကြီးဌာနမှ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ စစ်တွေ ရောက်ရှိနေပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်နှင့် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ from Voice http://ift.tt/1mdsQ9T

စစ်တွေရှိ INGOs ဝန်ထမ်းများ ဘေးကင်းရေး ကုလသမဂ္ဂနှင့် EU အဖွဲ့များ တောင်းဆို ရန်...

စစ်တွေရှိ INGOs ဝန်ထမ်းများ ဘေးကင်းရေး ကုလသမဂ္ဂနှင့် EU အဖွဲ့များ တောင်းဆို ရန်ကုန်၊ မတ် ၂၈ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် INGO ဝန်ထမ်း နိုင်ငံခြားသူတစ်ဦး သာသနာ့အလံ ဖြုတ်ချရာမှ ဖြစ်ပွားနေသော ပဋိပက္ခတွင် စစ်တွေမြို့ရှိ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးနေသည့် ဝန်ထမ်းများ ဘေးကင်းလုံခြုံရေး လုပ်ဆောင်ပေးရန် မတ်လ ၂၇ ရက်နေ့က ကုလသမဂ္ဂနှင့် EU အဖွဲ့ အသီးသီးက တောင်းဆိုခဲ့ကြသည်။ ဥရောပသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးနှင့် ပဋိပက္ခများ တုံ့ပြန်မှု ကော်မရှင်နှင့် ဖွံ့ဖြိုးရေးကော်မရှင်တို့၏ မတ်လ ၂၇ ရက်နေ့ ထုတ်ပြန်ချက်တွင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ ဝန်ထမ်းများ၏ လုံခြုံရေးကို အစိုးရနှင့် ဒေသခံများ ပူးပေါင်း၍ ကူညီစောင့်ရှောက်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။ အလားတူ ကုလသမဂ္ဂ နေထိုင်ရေးနှင့် လူသားချင်း စာနာထောက်ထားမှု ညှိနှိုင်းရေးအဖွဲ့ ထုတ်ပြန်ချက်တွင်လည်း အစိုးရက ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသူများကို စောင့်ရှောက်ပေးရန် တောင်းဆိုထားပြီး အသက်ကယ် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို ဆက်လက် အကူအညီပေးရန် ဆုံးဖြတ်ထားကြောင်း ယင်းအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူး Mr.Toily Kurbanov က

နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို ၂၀၁၄ခုနှစ် မတ်လ ၂၉ရက် နံနက...

နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို ၂၀၁၄ခုနှစ် မတ်လ ၂၉ရက် နံနက်ပိုင်းက ရန်ကုန်မြို့ တိုင်းရုံးတွင် ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ - ဟိန်းထက်) သမ္မတနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံ from Mizzima - News in Burmese's Facebook Wall http://ift.tt/1gAwWc0

နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို ၂၀၁၄ခုနှစ် မတ်လ ၂၉ရက် နံနက...

နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို ၂၀၁၄ခုနှစ် မတ်လ ၂၉ရက် နံနက်ပိုင်းက ရန်ကုန်မြို့ တိုင်းရုံးတွင် ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ - ဟိန်းထက်) သမ္မတနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံ from Mizzima - News in Burmese's Facebook Wall http://ift.tt/1fvSX7u

နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို ၂၀၁၄ခုနှစ် မတ်လ ၂၉ရက် နံနက...

နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို ၂၀၁၄ခုနှစ် မတ်လ ၂၉ရက် နံနက်ပိုင်းက ရန်ကုန်မြို့ တိုင်းရုံးတွင် ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ - ဟိန်းထက်) သမ္မတနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံ from Mizzima - News in Burmese's Facebook Wall http://ift.tt/1gAwWIR