Skip to main content

Posts

Showing posts from March 10, 2014

မလေးရှား လေယာဉ်ကို လေယာဉ် ၃၅ စင်း၊ ရေယာဉ် ၃၀ စီးဖြင့် နိုင်ငံပေါင်း ၉ နိုင်ငံ ပူ...

မလေးရှား လေယာဉ်ကို လေယာဉ် ၃၅ စင်း၊ ရေယာဉ် ၃၀ စီးဖြင့် နိုင်ငံပေါင်း ၉ နိုင်ငံ ပူးပေါင်း ရှာဖွေသော်လည်း ပဟေဠိဆန်စွာ ပျောက်ဆုံးနေဆဲ ကွာလာလမ်ပူ၊ မတ် ၁၀ ကွာလာလမ်ပူမှ တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းသို့ ပျံသန်းသွားစဉ် ထူးဆန်းစွာ ပျောက်ဆုံးသွားသော မလေးရှား လေကြောင်းလိုင်းပိုင် ဘိုင်းအင်း ၇၇၇ ခရီးသည်တင် လေယာဉ်ကို ဒေသတွင်း နိုင်ငံပေါင်း ၉ နိုင်ငံ ပူးပေါင်းကာ လေယာဉ် ၃၄ စင်း၊ သင်္ဘော ၃၀ စီးတို့ဖြင့် သဲကြီးမဲကြီး ရှာဖွေလျက် ရှိသော်လည်း သုံးရက်နီးပါး ကြာချိန်အထိ ရှာဖွေ တွေ့ရှိခြင်း မရှိသေးကြောင်း နိုင်ငံတကာ မီဒီယာများ၏ ရေးသား ဖော်ပြချက်များအရ သိရသည်။ ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်အမှုထမ်း ၁၂ ဦး လိုက်ပါသွားသည့် အဆိုပါ လေယာဉ်သည် မတ်လ ၈ ရက်နေ့ နံနက် အစောပိုင်းက မလေးရှားနိုင်ငံမှ တရုတ်ပြည်သို့ ပျံသန်းသွားစဉ် ဗီယက်နမ်တောင်ပိုင်း ဒေသအရောက် အဆက်အသွယ် ပြတ်တောက် သွားခဲ့ခြင်း ဖြစ်ပြီး ယင်းလေယာဉ် ပျောက်ဆုံး မှုကို ဒေသတွင်း နိုင်ငံများသာမက နိုင်ငံတကာ မီဒီယာ အားလုံးနီးပါးက စိတ်ဝင်တစား အလေးအနက်ထား ဖော်ပြခဲ့ကြသည်။ ယင်းလေယာဉ်ကို အမြန်ဆုံး ရှာဖွေနိုင်ရေး အတွက် မလေးရှားနှင့်အတူ ဗီယက်နမ်၊ တရုတ်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ အမေ

ဗိုလ်မင်းရောင် အိမ်ရာတိုက်ခန်းများ ဝယ်ယူခွင့် လျှောက်လွှာ စတင်ခေါ်ယူ ရန်ကုန်၊ မတ...

ဗိုလ်မင်းရောင် အိမ်ရာတိုက်ခန်းများ ဝယ်ယူခွင့် လျှောက်လွှာ စတင်ခေါ်ယူ ရန်ကုန်၊ မတ် ၁၀ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အမှတ် (၄၂) ရပ်ကွက်၊ ဗိုလ်မင်းရောင် လမ်းမပေါ်ရှိ အခန်းပေါင်း ၈၀၀ ပါဝင်သော ဗိုလ်မင်းရောင် တန်ဖိုးမျှတ အိမ်ရာတိုက်ခန်းများ ဝယ်ယူခွင့်ကို ဧပြီလ ၁၁ ရက်နေ့ နောက်ဆုံးထားကာ လျှောက်လွှာ တင်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။ တိုက်ခန်းများကို ဝယ်ယူလိုသူများ အနေနှင့် အင်ဂျင်နီယာဌာန အဆောက်အအုံတွင် ပြသထားသော လျှောက်လွှာ နမူနာ ပုံစံအတိုင်း ကိုယ်တိုင်ရေးသား လျှောက်ထားရန် လိုအပ်ပြီး ဗိုလ်ဗထူး အိမ်ရာကို ဝယ်ယူခွင့် လျှောက်ထားခဲ့သူများ လျှောက်ထားရန် မလိုကြောင်း၊ ဝယ်ယူလိုသူများ အနေနှင့် အရစ်ကျ ဝယ်ယူနိုင်သကဲ့သို့ ဘဏ်ချေးငွေဖြင့်လည်း ဝယ်ယူနိုင်ကြောင်း ၎င်းက ရှင်းပြသည်။ ဗိုလ်မင်းရောင် အိမ်ရာတွင် လေးခန်းတွဲ ရှစ်ထပ်တိုက် ၂၅ လုံး၊ အခန်း အမျိုးအစား နှစ်မျိုး ပါဝင်ပြီး Type-A အခန်းအမျိုးအစား တစ်ခန်းလျှင် ၉၆၁ ဒသမ ၅ စတုရန်းပေ ကျယ်ဝန်းသော အခန်းေ

ကချင်ဒီမိုကရက်တစ် ပါတီကိုသာ မဲပေးရန် တိုက်တွန်းမည်ဟု ကချင်ပြည်သူ့အသံ ဖော်ဆောင်ရေ...

ကချင်ဒီမိုကရက်တစ် ပါတီကိုသာ မဲပေးရန် တိုက်တွန်းမည်ဟု ကချင်ပြည်သူ့အသံ ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ ပြောကြား မြစ်ကြီးနား၊ မတ် ၁၀ ကချင်ပြည်နယ်ရှိ ကချင်တိုင်းရင်းသား နိုင်ငံရေးပါတီများ စုပေါင်းကာ ၂၀၁၅ ခုနှစ် မတိုင်မီ ဘုံပါတီတစ်ရပ် ထူထောင်ရေး အစီအစဉ် အကောင်အထည် မဖော်နိုင်သဖြင့် ကချင်လူထုများ အနေနှင့် လာမည့် ရွေးကောက်ပွဲတွင် ကချင်ဒီမိုကရက်တစ် ပါတီ (KDP) ကိုသာ ဆန္ဒမဲပေးရန် အတွက် တိုက်တွန်းသွားမည် ဖြစ်ကြောင်း ကချင်ပြည်သူ့အသံ ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးလမောင်လတောင်က ပြောကြားသည်။ ကချင်ပြည်နယ်ရှိ ကချင်တိုင်းရင်းသား ပါတီများ စုပေါင်းကာ ဘုံပါတီတစ်ရပ် ထူထောင်ရေးတွင် ကချင်ပါတီ အများက အကြောင်းအမျိုးမျိုးဖြင့် လက်မခံနိုင် ဖြစ်နေခြင်း အတွက် လူထုဆန္ဒနှင့် အနီးစပ်ဆုံး ဖြစ်သည့် ကချင်ဒီမိုကရက်တစ် ပါတီကိုသာ ဆန္ဒမဲ ပေးရေးအတွက် တိုက်တွန်းရန် ကြိုးပမ်းရခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ ကချင်ပြည်သူ့အသံ ဖော်ဆောင်ရေး ကော်မတီက ဦးဆောင်ကာ မတ်လ ၁၀ ရက်နေ့က စီတာပူနှစ်ခြင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင် ပြုလုပ်ခဲ့သည့် ကချင်တိုင်းရင်းသား နိုင်ငံရေး ပါတီများ ပေါင်းစည်းရေး တတိယအကြိမ် ညှိနှိုင်း ဆွေးနွေးပွဲတွင် ကော်မတီက

လူဦးရေ ၁၀၀ကျော် ခိုလှုံနေသည့် လက်ကျိုက်ကျေးရွာ ဘုန်းကြီးကျောင်း သုံးရက်အတွင်း ဖယ...

လူဦးရေ ၁၀၀ကျော် ခိုလှုံနေသည့် လက်ကျိုက်ကျေးရွာ ဘုန်းကြီးကျောင်း သုံးရက်အတွင်း ဖယ်ရှားပေးရန် စစ်တပ်က ထပ်မံ အကြောင်းကြား ရန်ကုန်၊ မတ် ၁၀ လှည်းကူးမြို့နယ်ရှိ သမီးကလေး ကျေးရွာနှင့် အတူ ဖယ်ရှားခံရသော ကျေးရွာ ခြောက်ရွာတွင် ပါဝင်သည့် လူဦးရေ တစ်ရာကျော် ခိုလှုံနေသော လက်ကျိုက်ကျေးရွာရှိ လက်ကျိုက်ကုန်း ရတနာသိဒ္ဓိ တောရကျောင်းတိုက်ကို သုံးရက်အတွင်း ဖယ်ရှားပေးရန် မတ်လ ၉ ရက်နေ့တွင် တပ်မတော်က ထပ်မံ အကြောင်းကြားခဲ့ကြောင်း အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသူများ ထံမှ သိရှိရသည်။ တပ်မြေအတွင်း ကျူးကျော် နေထိုင်သည်ဟု သတ်မှတ် ခံထားရသော ကျေးရွာပေါင်း ခြောက်ရွာကို ဖေဖော်ဝါရီလ ၄ ရက် နှင့် ၅ ရက်နေ့တို့က သက်ဆိုင်ရာ အဖွဲ့က အင်အားသုံး ဖယ်ရှားခဲ့သဖြင့် အိမ်ဖယ်ရှား ခံရသူများမှာ ဘုန်းကြီးကျောင်း များတွင် ခိုလှုံ နေထိုင်လျက် ရှိကြောင်း၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အင်းမတီးကျေးရွာရှိ ကမ္မဋ္ဌာန်း ကျောင်းတိုက်ကို တပ်သားအင်အား ၅၀ ကျော်ခန့်က ဝင်ရောက် ဖယ်ရှားခဲ့ပြီးနောက် မတ်လ ၉ ရက်နေ့က လက်ကျိုက်ကျေးရွာရှိ ဘုန်းကြီးကျောင်းကို သုံးရက်တွင်း ဖယ်ရှားပေးရန် ထပ်မံ အကြောင်းကြားခဲ့ကြောင်း အဆိုပါ ကျေးရွာသူ ရွာသားများထံမှ သိရှိရသည်။ “ဦးပ
http://ift.tt/1emPFCM ခြင်္သေ့မက ကျားသစ်ကို ဖမ်းဆီးစားသောက် myanmar.mmtimes.com ကင်ညာနိုင်ငံရှိ နာဘိုရှို ဘေးမဲ့တောအတွင်း၌ ခြင်္သေ့မ တစ်ကောင်က ကျားသစ်တစ်ကောင်ကို ဖမ်းဆီးသတ်ဖြတ် စားသောက်နေပုံကို မတ်လ ၈ ရက်နေ့တွင် အေအက်ဖ်ပီ သတင်းထောက် ကားလ်ဒီဆူဇာက စောင့်ကြည့်ကာ မှတ်တမ်းတင်ရိုက်ကူးထားခြင်းဖြစ်သည်။ from The Myanmar Times's Facebook Wall http://ift.tt/1nDSeqn Tag : Jokes-7news, facebook-7news, mmtimes-7news

အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတွင် တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ထည့်...

အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတွင် တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ထည့်ပြင် ရန်ကုန်၊ မတ် ၁၀ ငွေဒဏ် ပြစ်ဒဏ်သာ ထည့်သွင်း ပြဋ္ဌာန်းထားသည့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတွင် တစ်နှစ်ထက် မပိုသော ထောင်ဒဏ် ထည့်သွင်း ပြင်ဆင်ထားသည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည်။ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေအရ ပြစ်မှုကျူးလွန်သူ များကို အနည်းဆုံး ကျပ်တစ်သိန်း ငွေဒဏ်သာ ပြစ်ဒဏ် ချမှတ်နိုင်ပြီး ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပြစ်မှုအလိုက် တစ်နှစ်ထက် မပိုသော ထောင်ဒဏ်၊ ခြောက်လထက် မပိုသော ထောင်ဒဏ်၊ သုံးလထက် မပိုသော ထောင်ဒဏ်တို့ကို ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်တို့နှင့် တွဲထားကာ ဒဏ်တစ်ရပ်ရပ်ကို ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်ရမည်ဟု ထည့်သွင်း ထားသည်ကို တွေ့ရှိရသည်။ ခုံသမာဓိအဖွဲ့ သို့မဟုတ် ခုံသမာဓိ ကောင်စီ၏ အတည်ပြုပြီး ဖြစ်သည့် ဆုံးဖြတ်ချက်ကို လိုက်နာရန် ပျက်ကွက်ခြင်း မရှိစေရ ဆိုသည့် ပုဒ်ခွဲတစ်ခုကို ထပ်တိုး ဖြည့်စွက်ထားပြီး ယင်းတားမြစ်ချက်ကို လိုက်နာရန် ပျက်ကွက်သူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ
http://ift.tt/OfZYSI In the pipeline www.mmtimes.com A former director general of the Energy Planning Department charts the past and the future of Myanmar’s oil and natural gas industries. from The Myanmar Times's Facebook Wall http://ift.tt/OfZXyn Tag : Jokes-7news, facebook-7news, mmtimes-7news

တရုတ် CITIC ကုမ္ပဏီနှင့် အစိုးရ ပူးပေါင်း ဆောင်ရွက်မည့် စီမံကိန်းများ ပြည်သူအား တ...

တရုတ် CITIC ကုမ္ပဏီနှင့် အစိုးရ ပူးပေါင်း ဆောင်ရွက်မည့် စီမံကိန်းများ ပြည်သူအား တင်ပြရန် NDF ပါတီ တောင်းဆို ရန်ကုန်၊ မတ် ၁၀ တရုတ်ပြည်သူ့ သမ္မတနိုင်ငံပိုင် CITIC ကုမ္ပဏီ လုပ်ငန်းစုများနှင့် အစိုးရ ပူးပေါင်း ဆောင်ရွက်မည့် စီမံကိန်းများကို ပြည်သူလူထုအား ပွင့်လင်း မြင်သာစွာ တင်ပြရန် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက မတ်လ ၁၀ ရက်နေ့တွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။ မတ်လ ၁၀ ရက်နေ့တွင် ပြုလုပ်သော CITIC ကုမ္ပဏီ လုပ်ငန်းစု စီမံကိန်းများ ဆိုင်ရာ NDF ပါတီ ဗဟိုကော်မတီ အစည်းအဝေး အပြီးတွင် ယင်းသို့ ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ CITIC ကုမ္ပဏီ လုပ်ငန်းစုများနှင့် ပူးပေါင်း ဆောင်ရွက်မည့် ကျောက်ဖြူ စက်မှုဇုန် ကုန်ထုတ်လုပ်ငန်းများ၊ ရေနက်ဆိပ်ကမ်းနှင့် ရထားလမ်း၊ ကားလမ်းတို့ကို BOT စနစ်ဖြင့် ရာစုနှစ်ဝက်တိုင် တရုတ်နိုင်ငံ၏ အကျိုးစီးပွားသက်သက် အောက်တွင်သာ တိုက်ရိုက် ရှိနေမည်ဖြစ်ပြီး စီးပွားရေး၊ အချုပ်အခြာ အာဏာနှင့် လုံခြုံမှုကို ပွန်းပဲ့ တိုက်စားခံရမည့် အလားအလာ ပေါ်လာနိုင်စရာ ရှိနေကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။ ထို့အပြင် CITIC စီမံကိန်းများတွင် ပါဝင်သော ကျောက်ဖြူ-
http://ift.tt/1emPFCM ခြင်္သေ့မက ကျားသစ်ကို ဖမ်းဆီးစားသောက် myanmar.mmtimes.com ကင်ညာနိုင်ငံရှိ နာဘိုရှို ဘေးမဲ့တောအတွင်း၌ ခြင်္သေ့မ တစ်ကောင်က ကျားသစ်တစ်ကောင်ကို ဖမ်းဆီးသတ်ဖြတ် စားသောက်နေပုံကို မတ်လ ၈ ရက်နေ့တွင် အေအက်ဖ်ပီ သတင်းထောက် ကားလ်ဒီဆူဇာက စောင့်ကြည့်ကာ မှတ်တမ်းတင်ရိုက်ကူးထားခြင်းဖြစ်သည်။ from The Myanmar Times's Facebook Wall http://ift.tt/1oHjxyG Tag : Jokes-7news, facebook-7news, mmtimes-7news

လွှတ်တော်နှစ်ရပ် သဘောထားကွဲသည့် ဥပဒေကြမ်းနှစ်ခု ပြည်ထောင်စု လွှတ်တော်တွင် ဆုံးဖြတ်...

လွှတ်တော်နှစ်ရပ် သဘောထားကွဲသည့် ဥပဒေကြမ်းနှစ်ခု ပြည်ထောင်စု လွှတ်တော်တွင် ဆုံးဖြတ်မည် နေပြည်တော်၊ မတ် ၁၀ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ သဘောထား ကွဲလွဲနေသည့် စာချွန်တော် အမိန့်လျှောက်ထားမှု ဆိုင်ရာ ဥပဒေကြမ်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်းတို့ကို အတည်ပြု ပြဋ္ဌာန်းနိုင်ရန် အတွက် ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ် ရယူသွားမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ အဆိုပါ ဥပဒေကြမ်း နှစ်ခုသည် ဆွေးနွေးချိန် တစ်နှစ်ကျော်ကြာ မြင့်နေပြီ ဖြစ်သော်လည်း အတည်ပြု ပြဋ္ဌာန်းရန် လွှတ်တော်နှစ်ရပ်ကြား သဘောထား ကွဲလွဲနေသဖြင့် ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ် ခံယူရန် ဥပဒေကြမ်း ပူးပေါင်း ကော်မတီက မတ်လ ၁၀ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။ စာချွန်တော် အမိန့်လျှောက်ထားမှု ဆိုင်ရာ ဥပဒေကြမ်းတွင် သဘောထား ကွဲလွဲချက် တစ်ခုသာ ရှိသော်လည်း အမျိုးသား လူ့အခွင့်အရေး ဥပဒေကြမ်းတွင် ကွဲလွဲချက် ၁၄ ချက် ဖြစ်ပေါ်နေကြောင်း ဥပဒေကြမ်း ကော်မတီဝင် ဦးသိန်းထွန်းဦးက ပြောကြားသည်။ လူ့အခွင့်အရေး ဥပဒေကြမ်း၏ ပုဒ်မ ၃ (ခ) တွင် “ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတ

ငွေကြေးခဝါချမှု ဥပဒေတွင် ပြစ်ဒဏ်အချို့ ပြင်ဆင်ရန် နိုင်ငံတော်သမ္မတ သဘောထား မှတ်ချက...

ငွေကြေးခဝါချမှု ဥပဒေတွင် ပြစ်ဒဏ်အချို့ ပြင်ဆင်ရန် နိုင်ငံတော်သမ္မတ သဘောထား မှတ်ချက်ပို့ နေပြည်တော်၊ မတ် ၁၀ အစိုးရက အရေးတကြီး အတည်ပြုပေးရန် လွှတ်တော်သို့ တောင်းဆို ထားသော ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေကြမ်းတွင် ပါရှိသော ပြစ်ဒဏ်အချို့ ပြင်ဆင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သဘောထား မှတ်ချက်ဖြင့် လွှတ်တော်သို့ ပြန်လည် ပေးပို့ထားကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီဝင်များက ပြောကြားသည်။ အဆိုပါ ဥပဒေကို ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် ပြည်ထောင်စု လွှတ်တော်က သမ္မတရုံးသို့ ပေးပို့ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၁၀ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ပြစ်ဒဏ်အချို့ ပြင်ဆင်ရန်နှင့် ဥပဒေပုဒ်မ အချို့ကို နိုင်ငံတကာ စံနှုန်းများနှင့် အညီ ပြန်လည် ပြင်ဆင်ပေးရန် သဘောထား မှတ်ချက်နှင့် ပြန်လည် ပေးပို့လာခြင်း ဖြစ်သည်။ ယင်းဥပဒေကြမ်း၏ ပြစ်မှု ပြစ်ဒဏ်ဆိုင်ရာ ပြဋ္ဌာန်းချက် ပုဒ်မ (၅)၊ ပုဒ်မခွဲ (ဈ) ပါ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက “အနည်းဆုံး ထောင်ဒဏ် သုံးနှစ်အထက် ပြစ်ဒဏ်ထိုက်သည့် ကျူးလွန်ခြင်း” ကို အနည်းဆုံး ထောင်ဒဏ် ၂ နှစ်ထိုက်သည့် ပြစ်ဒဏ် ကျူးလွန်ခြင်းဟု ပြင်ဆင်ရန် မှတ

ရွှေဖီလက်ဖက် စိုက်ပျိုးရာသီအတွင်း တိုက်ပွဲများ လျှော့ချမည်ဟု TNLA ထုတ်ပြန် ရန်ကု...

ရွှေဖီလက်ဖက် စိုက်ပျိုးရာသီအတွင်း တိုက်ပွဲများ လျှော့ချမည်ဟု TNLA ထုတ်ပြန် ရန်ကုန်၊ မတ် ၁၀ လက်ဖက်လုပ်ငန်းကို အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် လုပ်ကိုင်နေသော ပလောင်တိုင်းရင်းသား များ၏ ရွှေဖီလက်ဖက် ရာသီအတွင်း အစိုးရနှင့် နှစ်ဖက်ထိတွေ့မှု တိုက်ပွဲများကို လျှော့ချသွားမည် ဖြစ်ကြောင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA က မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ လက်ဖက်လုပ်ငန်းကို မှီခိုနေသူများ အားလုံး ရွှေဖီလက်ဖက် ရာသီတွင် စစ်မက် ဖြစ်ပွားမည့် အရေးကို ကြောက်ရွံ့မှု မရှိဘဲ ကိုယ်စိတ် လုံခြုံမှု ရှိစွာဖြင့် လက်ဖက်လုပ်ငန်းကို လွတ်လပ် အေးချမ်းစွာ လုပ်ကိုင်ကြရန် ယင်းသို့ စီစဉ်ရခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်း ရေးသားထားသည်။ တအာင်း တပ်ဖွဲ့ဝင်များကို ယင်းကာလ အတွင်း လက်ဖက်လုပ်ငန်း လုပ်ကိုင်သည့် ဒေသများတွင် သွားလာလှုပ်ရှားခြင်း၊ တိုက်ပွဲ ဖြစ်ပွားခြင်းများ အတတ်နိုင်ဆုံး ရှောင်ရှားကြရန် ညွှန်ကြားထားကြောင်း TNLA စစ်ဦးစီးမှူး အဆင့်ရှိသူ တစ်ဦးက ပြောကြားသည်။ “စစ်ဖြစ်နေပေမယ့် လူထုအပေါ်မှာ ထိခိုက်မှု အနည်းဆုံး ဖြစ်အောင်လို့ ညွှန်ကြားချက် တွေကို အောက်ခြေ အဆင့်အထိ ထုတ်ပြန်ထားပါ

မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ် ပျောက်ဆုံးခဲ့သော်လည်း ရန်ကုန်-ကွာလာလမ်ပူ ခရ...

မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ် ပျောက်ဆုံးခဲ့သော်လည်း ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်များ ပုံမှန်အတိုင်း သွားလာ ရန်ကုန်၊ မတ် ၁၀ မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီး မတ်လ ၈ ရက်နေ့က ပျောက်ဆုံးမှု ဖြစ်ပွားခဲ့သော်လည်း မြန်မာနှင့် မလေးရှားသွား လေယာဉ်စီး ခရီးသည်များ ပုံမှန်အတိုင်း သွားလာလျက်ရှိကြောင်း Malaysia Airlines မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “လေယာဉ် ပျောက်ဆုံးမှု ဖြစ်ခဲ့ပေမယ့်လည်း မလေး သွားနေကြတာတော့ ပုံမှန်ပါပဲ” ဟု ၎င်းကဆိုသည်။ ကွာလာလမ်ပူ- ရန်ကုန် ခရီးစဉ်ကို Malaysia Airlines သည် ကွာလာလမ်ပူမှ နံနက် ၁၀ နာရီ ၅ မိနစ်တွင် ထွက်ခွာ၍ ရန်ကုန်ကို ၁၁ နာရီ ၁၅ မိနစ်တွင် တစ်ကြိမ် ရောက်ရှိကြောင်း၊ ကွာလာလမ်ပူမှ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် ထွက်ခွာ၍ ရန်ကုန်ကို ၃ နာရီ တစ်ကြိမ် ရောက်ရှိကြောင်း၊ ယင်းပုံစံဖြင့် ရန်ကုန်နှင့် ကွာလာလမ်ပူ နေ့စဉ် အသွားအပြန် လေးကြိမ် ပြေးဆွဲလျက် ရှိကြောင်း Malaysia Airlines ရန်ကုန် ရုံးထံမှ စုံစမ်း သိရှိရသည်။ အာရှ၏ အကြီးဆုံး လေကြောင်း တစ်ခုဖြစ်ပြီး ကမ္ဘာ့ဒေသပေါင်း ၈၀ သို့ ခရီးသည်ပေါင်း ၃၇,၀၀၀ ခန့်ကို နေ့စဉ် ပို့ဆောင် ပေးနေသော လေကြောင်းလိုင်း တစ်လိုင်း ဖြစ်သည့် မလေးရှားနိ

ဘားအံဆွေးနွေးပွဲ ကျင်းပမည့်အချိန် ဧပြီလဆန်းမှသာ သတ်မှတ်မည် ရန်ကုန်၊ မတ် ၁၀ အစိ...

ဘားအံဆွေးနွေးပွဲ ကျင်းပမည့်အချိန် ဧပြီလဆန်းမှသာ သတ်မှတ်မည် ရန်ကုန်၊ မတ် ၁၀ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုရန်အတွက် အပြီးသတ် ဆွေးနွေးမည့် ဘားအံငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပမည့် အချိန်ကို အစိုးရနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ဧပြီလဆန်းတွင် ထပ်မံ တွေ့ဆုံပြီးမှသာ သတ်မှတ်နိုင်မည် ဖြစ်ကြောင်း တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာတွင် မတ်လ ၁၀ ရက်နေ့က ပြုလုပ်သည့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တွေ့ဆုံ ဆွေးနွေးအပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အဖွဲ့ဝင်လည်း ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။ “ဧပြီ ပထမပတ်မှာ ဆွေးနွေးပြီးတာနဲ့ ဘားအံကို ဆက်လုပ်သွားမှာပါ” ဟု ၎င်းကဆိုသည်။ ဧပြီလဆန်းတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်၌ ပါဝင်မည့် အသေးစိတ် အချက်အလက် များကို နှစ်ဖက် ဆွေးနွေးပြီးပါက မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက်မျ

ထောက်ပံ့ရေး လျှော့ချမှုကြောင့် စစ်ရှောင်ဒုက္ခသည် လေးသိန်းကျော် အခက်ကြုံ ရန်ကုန်၊...

ထောက်ပံ့ရေး လျှော့ချမှုကြောင့် စစ်ရှောင်ဒုက္ခသည် လေးသိန်းကျော် အခက်ကြုံ ရန်ကုန်၊ မတ် ၁၀ ငြိမ်းချမ်းရေးလုပ်ငန်း စတင် အကောင်ထည် ဖော်သည့် အနေနှင့် တိုင်းရင်းသား လက်နက်ကိုင် များနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူထားပြီး နိုင်ငံရေး ဆွေးနွေးမှု မပြီးသေးသည့် အချိန်တွင် နိုင်ငံတကာမှ ကူညီပေးသော အဖွဲ့အစည်းများက ဒုက္ခသည် စခန်းများနှင့် I.D.P (နိုင်ငံတွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်း နေထိုင်သူများ) စခန်းများတွင် နေထိုင်သူ လေးသိန်းကျော်ကို ထောက်ပံ့ မှုများ လျှော့ချမှုကြောင့် အခက်အခဲ ကြုံတွေ့ရလျက် ရှိကြောင်း ဒုက္ခသည် စခန်းများထံမှ စုံစမ်း သိရှိရသည်။ နိုင်ငံတကာမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများသည် ဒုက္ခသည် စခန်းရှိ နေထိုင်သူ များကို ထောက်ပံ့ရာတွင် ယခင်က အိမ်ထောင် တစ်စုလျှင် လူတစ်ဦးကို ဆန် ၁၂ ကီလိုဂရမ်နှင့် ဆားတစ်ရာဂရမ်၊ ကျောင်းသုံးစာအုပ်များ၊ ဆေးဝါးများ ပါဝင်ကာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီး နောက်ပိုင်း ထောက်ပံ့မှုများ ထက်ဝက်ခန့် လျှော့ချလိုက်ကြောင်း ထိုင်းနိုင်ငံနှင့် ကရင်ပြည်နယ် နယ်စပ်ရှိ ဖာပွန်မြို့နယ် အီးတုထ I.D.P စခန်းရှိ ကရင်အမျိုးသမီး အဖွဲ့မှ အတွင်းရေးမှူး နော်ထွေးက ပြောကြားသည်။ ယင်းကဲ့သို့ ထောက်ပံ့မှုများ

အော်ရီဒူးဖုန်းကတ် ဝယ်ယူရန် ကြိုတင် လျှောက်လွှာ တင်ခိုင်းထားခြင်း မရှိ ရန်ကုန်၊...

အော်ရီဒူးဖုန်းကတ် ဝယ်ယူရန် ကြိုတင် လျှောက်လွှာ တင်ခိုင်းထားခြင်း မရှိ ရန်ကုန်၊ မတ် ၁၀ အော်ရီဒူးမြန်မာက ဇူလိုင်လအတွင်း စတင် ရောင်းချမည့် ဆင်းမ်ကတ်များ ဝယ်ယူနိုင်ရန် ပြင်ပ မိုဘိုင်းလ် ဖုန်းဆိုင်များတွင် ကြိုတင် လျှောက်လွှာဖြင့် လျှောက်ထားခိုင်းခြင်း မရှိကြောင်း အော်ရီဒူး မြန်မာမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။ ရန်ကုန်မြို့တွင်းရှိ မိုဘိုင်းလ် ဖုန်းဆိုင် အချို့တွင် အော်ရီဒူး ဆင်းမ်ကတ်များ ရရှိရန် လျှောက်လွှာဖြင့် ကြိုတင် လျှောက်ထားနိုင်ကြောင်း ကြေညာထားပြီး အချို့ဆိုင်များက ကြိုတင် စာရင်းပေး လျှောက်ထားသူ များကို ဆင်းမ်ကတ်များ စတင် ရောင်းချချိန်တွင် အခမဲ့ ပေးအပ်သွားမည်ဟုပင် ကြေညာထားကြောင်း လျှောက်လွှာ တင်ထားသူများ ထံမှ စုံစမ်း သိရှိရသည်။ “လူတွေက အော်ရီဒူး ဆင်းမ်ကတ် ဝယ်ဖို့ လျှောက်လွှာ တင်ရဦးမှာလား ဆိုတဲ့ ယုန်ထင်ကြောင်ထင် ထင်တာမျိုးတွေ ဖြစ်လာတယ်။ အော်ရီဒူး မြန်မာဘက်က လုပ်ခိုင်းတာ လုံးဝ မဟုတ်ပါဘူး။ တရားဝင် ဘာမှ မကြေညာထားဘူး။ သုံးလေးလလောက် စောင့်ကြပါ။ ဖောင်တင်စရာ မလိုပါဘူး။ လူတိုင်း လိုသလောက် ရမယ်” ဟု အော်ရီဒူးမှ အဆိုပါ အရာရှိက ဆိုသည်။ ပြည်တွင်း မိုဘိုင်းလ်ဖုန်း ဈေးကွက်တွင်းရှိ သု

အခွန်တံဆိပ် မပါသည့် ပြည်တွင်းထုတ် အရက်၊ ဘီယာများ သိမ်းဆည်းမည် ရန်ကုန်၊ မတ် ၁၀...

အခွန်တံဆိပ် မပါသည့် ပြည်တွင်းထုတ် အရက်၊ ဘီယာများ သိမ်းဆည်းမည် ရန်ကုန်၊ မတ် ၁၀ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အရက်ချက် စက်ရုံများကို ယခု သီတင်းပတ် အတွင်း လိုက်လံ စစ်ဆေးမည် ဖြစ်ပြီး အခွန် အမှတ်တံဆိပ်များ မပါရှိပါက ပစ္စည်းများ သိမ်းဆည်းမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။ ပြည်တွင်းအခွန်များ ဦးစီးဌာနက သတ်မှတ်ထားသည့် အခွန် အမှတ်တံဆိပ်များ မှန်ကန်စွာ တပ်ဆင်ခြင်း ရှိ မရှိ စစ်ဆေးမည် ဖြစ်ပြီး စည်းကမ်း ချိုးဖောက်၍ သိမ်းဆည်းသည့် ပစ္စည်းများကို လေလံတင်မည် ဖြစ်ကြောင်း အဆိုပါဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။ “ဈေးကွက်ထဲကို အခွန်အမှတ်တံဆိပ် ကပ်ပြီး ဖြန့် မဖြန့်နဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက် တွေကို လိုက်နာခြင်း ရှိ မရှိ စစ်မှာပါ” ဟု ၎င်းက ပြောဆိုသည်။ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အရက်ချက် စက်ရုံများမှာ ရွှေပြည်သာတွင် ခုနစ်ရုံ၊ သာကေတတွင် နှစ်ရုံ၊ အင်းစိန်တွင် တစ်ရုံနှင့် လှိုင်သာယာတွင် ခြောက်ရုံ ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။ ယခုလအတွက် (မတ်လ) အခွန် အမှတ်တံဆိပ် များကို အရောင် လေးမျိုး ခွဲခြားထားပြီး ဈေးအမြင့်ဆုံး ကျပ် ၁၀၀၀ နှင့် အထက်မှ အနိမ့်ဆုံး ကျပ် ၃၀၀

လွှတ်တော်သက်တမ်း သုံးနှစ်အတွင်း အစည်းအဝေး ကျင်းပချိန် စံချိန်တင် နေပြည်တော်၊ မတ...

လွှတ်တော်သက်တမ်း သုံးနှစ်အတွင်း အစည်းအဝေး ကျင်းပချိန် စံချိန်တင် နေပြည်တော်၊ မတ် ၁၀ လွှတ်တော် စတင် ခေါ်ယူချိန်တွင် ၁၅ မိနစ် လွှတ်တော်ဟု ဝေဖန်ခံခဲ့ရသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသည် မတ်လ ၁၀ ရက်နေ့တွင် ည ၇ နာရီ ၃၈ မိနစ်အထိ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သဖြင့် အစည်းအဝေး ကျင်းပချိန် ကြာမြင့်မှု စံချိန်တင်ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောကြားသည်။ မတ်လ ၁၀ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု အခွန်ကောက် ဥပဒေကြမ်းကို အတည်ပြုရန် ဆွေးနွေးရာမှ အစည်းအဝေး ကျင်းပချိန် ည ၇နာရီ ၃၈ မိနစ်အထိ ပြုလုပ်ခဲ့ရကြောင်း ၎င်းတို့က ဆိုသည်။ ယင်းသို့ အစည်းအဝေးကို အချိန် တိုးမြှင့်ရန်အတွက် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက လွှတ်တော် ကိုယ်စားလှယ်များကို အသိပေးပြီး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့က ဆိုသည်။ “ပြည်ထောင်စု၏ အခွန်ကောက် ဥပဒေကြမ်းက နိုင်ငံတော်အတွက် အရေးကြီးသောကြောင့် ဒီနေ့ အစည်းအဝေး ကျင်းပချိန်ကို တိုးမြှင့် ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု သူရ ဦးရွှေမန်းက ပြောကြားသည်။ ယင်းသို့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို မည်သည့် အချိန်အထိ ပြုလုပ်ရမည်ဟု အခြေခံဥပဒေတွင်

အရက်ကို အခွန် ၅၀ ရာခိုင်နှုန်းနှင့် စီးကရက်အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ရန် လွှတ်တေ...

အရက်ကို အခွန် ၅၀ ရာခိုင်နှုန်းနှင့် စီးကရက်အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ရန် လွှတ်တော် ဆုံးဖြတ် ရန်ကုန်၊ မတ် ၁၀ အစိုးရက ရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်းထားသော ပြည်ထောင်စု အခွန်အကောက် ဆိုင်ရာ ဥပဒေကြမ်းပါ အထူး ကုန်စည်များ အခွန်ကောက်ခံခွင့် ဆိုင်ရာ အခန်းတွင် ပါရှိသော အရက်နှင့် ဆေးဝါးအမျိုးမျိုး (ဆေးရွက်ကြီး ထွက်ကုန်) ကို ၅၀ ရာခိုင်နှုန်း အခွန် ကောက်ခံရန်နှင့် ဆေးလိပ်နှင့် စီးကရက်များကို ၁၀၀ ရာခိုင်နှုန်း အခွန် ကောက်ခံရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ ယင်းကြောင့် အဆိုပါ ဥပဒေ ထွက်ရှိပြီးပါက အရက်နှင့် ဆေးဝါး အမျိုးမျိုးကို ပြည်တွင်းထုတ် ဖြစ်စေ၊ ပြည်ပမှ တင်သွင်းခြင်း ဖြစ်စေ ၅၀ ရာခိုင်နှုန်း ကောက်ခံမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။ ဆေးဝါး အမျိုးမျိုးတွင် ဘီယာ၊ ဝိုင်၊ ဆေးရွက်ကြီး၊ ဗာဂျီးနီးယား၊ ဆေးပြင်းလိပ်နှင့် ဆေးပေါ့လိပ်များ အကျုံးဝင်မည် ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။ စီးကရက် လုပ်ငန်းများကို ပြည်တွင်း၌ ထုတ်လုပ်ခြင်းနှင့် ပြည်ပမှ တင်သွင်းခြင်း ကိုလည်း ၁၀၀ ရာခိုင်နှုန်း ကောက်ခံရန် လွှတ်တော်က အတည်ပြုလိုက်ခြင်း ဖြစ်သည်။ အရက်နှင့် ဆေးဝါး

ယနေ့ မိုးလေဝသအခြေအနေ

ယနေ့ မိုးလေဝသအခြေအနေ from The Voice Weekly's Facebook Wall http://ift.tt/1fmaoej via IFTTT

(မတ်လ ၁၁ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial) အခွန်ထမ...

(မတ်လ ၁၁ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial) အခွန်ထမ်း ပြည်သူများ၏ အခွင့်အရေး တရားဝင် ထုတ်ပြန် မထားသော်လည်း အစိုးရနှင့် ပြည်သူများ အကြား ရှိနေသော ပဋိညာဉ်မှာ ပြည်သူများက သတ်မှတ်ထားသော အခွန်အခများ ထမ်းဆောင်ခြင်းနှင့် ထိုထမ်းဆောင်သော အခွန်ဘဏ္ဍာ ငွေများကို မည်သည့် နေရာတွင် မည်မျှ သုံးစွဲသည်၊ မည်သည့် အတွက်ကြောင့် သုံးစွဲရသည် ဆိုခြင်းကို အခွန်ထမ်း ပြည်သူများထံ အစိုးရများက ပြန်လည် ရှင်းလင်း ထုတ်ပြန်ပေးရခြင်း ဖြစ်သည်။ ပြည်သူလူထု အနေနှင့်လည်း အခွန် ပုံမှန် ထမ်းဆောင်ခြင်းဖြင့် နိုင်ငံသား တာဝန် ကျေပွန်ရမည် ဖြစ်သလို အခွန် ထမ်းဆောင်ခြင်းဖြင့် နိုင်ငံသားတို့ ရသင့် ရထိုက်သော အခွင့်အရေးများ ကိုလည်း ခံစားပိုင်ခွင့် ရှိရမည် ဖြစ်သည်။ ထို့အတူ အစိုးရဘက်မှ အခွန်စည်းကြပ်သူများ အနေနှင့်လည်း သက်ဆိုင်ရာလုပ်ငန်း နယ်ပယ်အလိုက် ကျသင့်သည့် အခွန်နှုန်းထားများ၊ တွက်ချက်ပုံတို့ အပါအဝင် အခွန်စည်းကြပ်ရခြင်း၏ ရည်ရွယ်ချက်၊ အခွန်စည်းကြပ်မှု လုပ်ငန်းစဉ် များကိုလည်း အခွန်ထမ်း ပြည်သူလူထု သိရှိစေရန် ပွင့်လင်း မြင်သာစွာ ထုတ်ပြန်ပေးရမည် ဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင် အခွန် ပေးေ
http://ift.tt/1nDoEkR Ban on non-Yangon cars angers taxi drivers www.mmtimes.com Taxi drivers hoping to work in Yangon with cars registered elsewhere are being threatened with steep fines. from The Myanmar Times's Facebook Wall http://ift.tt/1lQlQlS Tag : Jokes-7news, facebook-7news, mmtimes-7news

ရုရှားနိုင်ငံကိုလိုလားတဲ့ တပ်ဖွဲ့တွေက ခရိုင်းမီးယားမှာရှိတဲ့ ယူကရိန်းစစ်စခန်းတွေ...

ရုရှားနိုင်ငံကိုလိုလားတဲ့ တပ်ဖွဲ့တွေက ခရိုင်းမီးယားမှာရှိတဲ့ ယူကရိန်းစစ်စခန်းတွေကို သိမ်းပိုက်လိုက်ပြီးတဲ့နောက် ယူကရိန်းနိုင်ငံက လက်ယာအစွန်းရောက် တက်ကြွလှုပ်ရှားသူတွေနဲ့ အနောက်ကိုလိုလားနေတဲ့ ယူကရိန်းအစိုးရတို့ဟာ နိုင်ငံအရှေ့ပိုင်း ခရိုင်းမီးယားဒေသရဲ့ အခြေအနေတွေ ဖရိုဖရဲဖြစ်အောင် ဖန်တီးနေတယ်လို့ ရုရှားက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။ သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin: ယူကရိန်းစစ်စခန်းတွေ ရုရှားဆက်လက်သိမ်းပိုက် www.thithtoolwin.com from Myanmar News Now's Facebook Wall http://ift.tt/1i1DlvZ via IFTTT

ရုရှားနိုင်ငံကိုလိုလားတဲ့ တပ်ဖွဲ့တွေက ခရိုင်းမီးယားမှာရှိတဲ့ ယူကရိန်းစစ်စခန်းတွေ...

ရုရှားနိုင်ငံကိုလိုလားတဲ့ တပ်ဖွဲ့တွေက ခရိုင်းမီးယားမှာရှိတဲ့ ယူကရိန်းစစ်စခန်းတွေကို သိမ်းပိုက်လိုက်ပြီးတဲ့နောက် ယူကရိန်းနိုင်ငံက လက်ယာအစွန်းရောက် တက်ကြွလှုပ်ရှားသူတွေနဲ့ အနောက်ကိုလိုလားနေတဲ့ ယူကရိန်းအစိုးရတို့ဟာ နိုင်ငံအရှေ့ပိုင်း ခရိုင်းမီးယားဒေသရဲ့ အခြေအနေတွေ ဖရိုဖရဲဖြစ်အောင် ဖန်တီးနေတယ်လို့ ရုရှားက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။ သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin: ယူကရိန်းစစ်စခန်းတွေ ရုရှားဆက်လက်သိမ်းပိုက် www.thithtoolwin.com from Myanmar News Now's Facebook Wall http://ift.tt/1i1Dlfv via IFTTT