Skip to main content

အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတွင် တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ထည့်...

အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတွင် တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ထည့်ပြင်



ရန်ကုန်၊ မတ် ၁၀



ငွေဒဏ် ပြစ်ဒဏ်သာ ထည့်သွင်း ပြဋ္ဌာန်းထားသည့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတွင် တစ်နှစ်ထက် မပိုသော ထောင်ဒဏ် ထည့်သွင်း ပြင်ဆင်ထားသည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည်။



အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေအရ ပြစ်မှုကျူးလွန်သူ များကို အနည်းဆုံး ကျပ်တစ်သိန်း ငွေဒဏ်သာ ပြစ်ဒဏ် ချမှတ်နိုင်ပြီး ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပြစ်မှုအလိုက် တစ်နှစ်ထက် မပိုသော ထောင်ဒဏ်၊ ခြောက်လထက် မပိုသော ထောင်ဒဏ်၊ သုံးလထက် မပိုသော ထောင်ဒဏ်တို့ကို ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်တို့နှင့် တွဲထားကာ ဒဏ်တစ်ရပ်ရပ်ကို ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်ရမည်ဟု ထည့်သွင်း ထားသည်ကို တွေ့ရှိရသည်။



ခုံသမာဓိအဖွဲ့ သို့မဟုတ် ခုံသမာဓိ ကောင်စီ၏ အတည်ပြုပြီး ဖြစ်သည့် ဆုံးဖြတ်ချက်ကို လိုက်နာရန် ပျက်ကွက်ခြင်း မရှိစေရ ဆိုသည့် ပုဒ်ခွဲတစ်ခုကို ထပ်တိုး ဖြည့်စွက်ထားပြီး ယင်းတားမြစ်ချက်ကို လိုက်နာရန် ပျက်ကွက်သူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်ရမည် ဖြစ်ကြောင်း ပြည်ဆင်သည့် ဥပဒေကြမ်းတွင် ဖော်ပြသည်။



ထောင်ဒဏ်များ ထည့်သွင်း ပြင်ဆင်မည် ဆိုသော်လည်း ယင်းပြင်ဆင်သည့် ဥပဒေကြမ်းတွင် ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ကို ထည့်သွင်းထားရာ ယင်းငွေဒဏ်မှာ အလုပ်ရှင်များ အတွက် အလွယ်တကူ ကျခံနိုင်သည့် ပြစ်ဒဏ် ဖြစ်သဖြင့် ထိရောက်မှု မရှိနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (ယာယီ) မှ ဥက္ကဋ္ဌ ဦးအောင်လင်းက ယခု ထုတ်ပြန်လိုက်သော ပြင်ဆင်သည့် ဥပဒေကြမ်း အပေါ် သုံးသပ် ပြောကြားသည်။



“ငွေဒဏ်က အလွယ်တကူ ဆောင်နိုင်တဲ့ ပမာဏ ဖြစ်နေတယ်။ ဒီအတိုင်းဆိုရင် လုပ်ငန်းရှင်က ဥပဒေကို လေးစား လိုက်နာမှာ မဟုတ်ဘူး။ ထောင်ဒဏ်ကိုလည်း မဖြစ်မနေ ကျခံရမယ် ဆိုပြီး တိတိကျကျ လုပ်မှ ဥပဒေ စည်းနှောင်မှု ရှိမယ်” ဟု ၎င်းကဆိုသည်။



အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတွင် ထောင်ဒဏ် ထည့်သွင်း ပြင်ဆင်ခြင်းသည် ဥပဒေပါ တားမြစ်ချက်များ၊ ခုံသမာဓိအဖွဲ့၊ ခုံသမာဓိ ကောင်စီတို့၏ ဆုံးဖြတ်ချက်များကို အလုပ်ရှင်များက လေးလေးစားစား လိုက်နာလာနိုင်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ လုပ်သားအရေး ဆောင်ရွက်သူ ဒေါ်မာမာဦးက ပြောကြားသည်။



ခုံသမာဓိ ကောင်စီက အလုပ်ခန့်ရန် ဆုံးဖြတ်လိုက်သည့် ဆုံးဖြတ်ချက်ကို မလိုက်နာသည့် အလုပ်ရှင်များကို စံနမူနာ ပြသည့် အနေနှင့် ဥပဒေအရ တိတိကျကျ ဆောင်ရွက်ရန် လိုအပ်ပြီး ယင်းသို့ လုပ်ဆောင်မှ သာလျှင် လုပ်သားများ အတွက်လည်း ကောင်းမွန်လာနိုင်ကာ အလုပ်ရှင်များလည်း ဥပဒေ လိုက်နာလာနိုင်ကြောင်း ၎င်းက ပြောဆိုသည်။



“လက်တွေ့မှာ ဘယ်လို ဆောင်ရွက်မလဲ စောင့်ကြည့်ရမယ်။ ပြောသင့် တာတွေ ပြောရမယ်” ဟု ဒေါ်မာမာဦးက ဆိုသည်။



ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေဟု အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပါရှိသဖြင့် ကန့်ကွက်စရာ မရှိကြောင်း အထည်ချုပ် လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။



“ထောင်ဒဏ် ကျကိုကျရမယ် ဆိုတဲ့ ပုံစံမျိုး မဟုတ်ဘူးဆိုတော့ လုပ်ဆောင်ချက် အပေါ် မှုတည်တယ်။ ထောင်ဒဏ်ကျအောင် ဥပဒေမဲ့ မတော်မတရား လုပ်တယ် ဆိုရင်တော့ ထောင်ကျခံရမှာပေါ့” ဟု ၎င်းက သုံးသပ်သည်။



အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတွင် ငွေဒဏ်သာ ပါရှိသဖြင့် အလုပ်ရှင်အချို့ ခုံသမာဓိအဖွဲ့၊ ခုံသမာဓိ ကောင်စီများ၏ ဆုံးဖြတ်ချက်များကို လိုက်နာမှု မရှိကြောင်း၊ အလုပ်သမား များမှာ အငြင်းပွားမှု အဆင့်ဆင့်တွင် နောက်ဆုံးအဆင့် ဖြစ်သည့် ခုံသမာဓိ ကောင်စီ၏ ဆုံးဖြတ်ချက် ချသည်အထိ အချိန် သုံးလကျော် ကြာမြင့်ရာ ယင်းကာလတွင် လုပ်သားများ အလုပ်လက်မဲ့ ဖြစ်ကာ အခက်အခဲများစွာ ကြုံတွေ့ရကြောင်း အလုပ်သမားများ ထံမှ သိရှိရသည်။



အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေကို ဧပြီလ ၂၆ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။



from The Voice Weekly's Facebook Wall http://ift.tt/NUyjXR

via IFTTT

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...