Skip to main content

Posts

Showing posts from March 3, 2015

ကြက်ဟင်းခါးသီးနှင့် အရွက် ကျန်းမာရေး အတွက် ဆေးတလက်

ကြက်ဟင်းခါးသီးနှင့် အရွက် ကျန်းမာရေး အတွက် ဆေးတလက် မြန်မာ ဆေးကျမ်း များ အလိုအရ ခါး၏ ၊ စပ်ရှားရှားရှိ၏ ။ အေး၏ ၊ ကြေကျက် လွယ်၏ ၊ ၀မ်းကို သက်စေ၏ ၊ ပိုးကို နိုင်၏ ၊ ဆာလောင်ခြင်းကို ဖြစ်စေတတ်၏ ၊ သည်းခြေ သလိပ်ကို နိုင်၏ ။ မျက်စိရောဂါ ၊ ယောနိ၌ ဖြစ်သော ရောဂါများ ၊ သွေးအား နည်းခြင်း ၊ ဆီးနှင့် စပ်သော ရောဂါများကို ပျောက်စေသည်။ ကြက်ဟင်းခါးရွက်ကို ဆား၊ ထန်းလျက် ထည့်၍ ၃ ခွက် တစ်ခွက်တင် ကျိုသောက်က တုန်ဖျား ၊ ချမ်းဖျား ပျောက်၏ ။ အရွက်ကြိတ် ညှစ်ရည်ကို သောက်လျှင် အူတွင်းရှိ ရောဂါပိုးများကို သေကြေ ပျက်စီး၏ ။ကြက်ဟင်းခါး ရွက်ရည်ကို ဖန်ခါးသီးနှင့် သွေးသောက်သော် အသည်းရောင်၍ အသားဝါသော ရောဂါ ပျောက်ကင်း၏။ မူးမော်ခြင်းလည်း ပျောက်ရန် လည်းကောင်း ၊ ညှော်ခံဆေး အဖြစ် လည်းကောင်း ၊ ကြက်ဟင်းခါးရွက်ကို ချေ၍ ရှူပေး ရ၏။ အဖျားကို နိုင်သော သတ္တိရှိသဖြင့် အရွက်ကို ကြိတ်၍ ရသော အရည်ကို တိုက်ပေးခြင်းဖြင့် သွေးလွန် တုပ်ကွေး ရောဂါ ပျောက်၏။ ခွေးရူးကိုက်သော နေရာများတွင်အရွက်ကိုကြိတ်၍ အုံပေးခြင်း၊ အရည်ညှစ် ထည့်ပေးခြင်း ၊ သောက်ပေးခြင်းဖြင့် ပျောက်ကင်း၏။ ကြက်ဟင်းခါးသီး အခြောက်ကို ကျောက်ပျဉ်တွင် သွေးလူးသော် လည်ချောင်း ရောင်သော ရောဂ

ကလေးများနှင့် ဆေးလိပ်၊ စီးကရက်တို့ နီးစပ်လွန်းနေခြင်းကို ကျန်းမာရေးပညာရှင်များ စိုးရိမ်နေ

ကလေးများနှင့် ဆေးလိပ်၊ စီးကရက်တို့ နီးစပ်လွန်းနေခြင်းကို ကျန်းမာရေးပညာရှင်များ စိုးရိမ်နေ ဖွံ့ဖြိုးပြီး နိုင်ငံအများအပြားရှိ ကလေးငယ် (၃)ပုံ (၂)ပုံကျော်သည် အနည်းဆုံး စီးကရက် အမှတ်တံဆိပ် တစ်ခုကို သိရှိနေပြီဟု စစ်တမ်းများက ဆိုသည်။ ဖွံ့ဖြိုးပြီး နိုင်ငံအချို့ရှိ ကလေးငယ်များသည် ဆေးလိပ်၊ စီးကရက်တို့နှင့် နီးစပ်လွန်းနေခြင်းကို ကျန်းမာရေးဆိုင်ရာ သုတေသီများက အလေးအနက် စိုးရိမ်နေကြောင်း သိရှိရသည်။ ဖွံ့ဖြိုးပြီး နိုင်ငံအများအပြားရှိ ကလေးငယ် (၃)ပုံ (၂)ပုံကျော်သည် အနည်းဆုံး စီးကရက် အမှတ်တံဆိပ် တစ်ခုကို သိရှိနေပြီဟု စစ်တမ်းများက ဆိုသည်။ အမေရိကန်တွင် ပြုလုပ်ခဲ့သည့် ယခုစစ်တမ်းက စီးကရက် အမှတ်တံဆိပ်များ၏ ထိုးဖောက်မှုသည် အသက်(၅)နှစ်နှင့် (၆)နှစ်အရွယ် ကလေးငယ်များ၏ အသိထဲထိ စွဲမြဲဝင်ရောက်နေကြောင်း ဖော်ထုတ် သိရှိလာစေခဲ့သည်။ မေရီလန်း တက္ကသိုလ် ပြည်သူ့ကျန်းမာရေးဌာနမှ သုတေသီများနှင့် ဂျွန်ဟော့ကင်း ဘလွမ်းဘက် ပြည်သူ့ကျန်းမာရေး ဆေးကျောင်းမှ သုတေသီများ ပူးပေါင်းကာ ယခုလေ့လာမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဘရာဇီးလ်၊ တရုတ်၊ အိန္ဒိယ၊ နိုက်ဂျီးရီးယား၊ ပါကစ္စတန်၊ ရုရှားတို့ အပါအဝင် ဖွံ့ဖြိုးပြီး နိုင်ငံကြီးများတွင် ပြုလုပ်သေ