Skip to main content

Posts

Showing posts from March 24, 2014

#emg_opinions အနာဂတ်အတွက် ရည်ရွယ်ချက် (Written by: ကိုသိန်း (ကျောက်ကြီး)) လ...

#emg_opinions အနာဂတ်အတွက် ရည်ရွယ်ချက် (Written by: ကိုသိန်း (ကျောက်ကြီး)) လူတိုင်းလူတိုင်းဟာ ရည်ရွယ်ချက်တွေ ကိုယ်စီရှိနေကြပါတယ်။ စာရေးသူလည်း ကိုယ်ပိုင်ရည်ရွယ်ချက်တွေ ရှိနေသလို စာဖတ်သူများလည်း ရည်ရွယ်ချက်ကိုယ်စီ ရှိနေကြမှာပါ။ ဒါပေမဲ့ ထားရှိတဲ့ ရည်ရွယ်ချက်တွေဟာ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် အကျိုးပြုစေမယ့်၊ အကျိုးဖြစ်ထွန်းစေမယ့် မွန်မြတ်ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေဖြစ်ဖို့ အထူးပဲ အရေးကြီးလှပါတယ်။ တကယ်တော့ ရည်ရွယ်ချက်၊ ရည်မှန်းချက်ဆိုတာ ဖြစ်ပေါ်လာမယ့် အနာဂတ်အတွက် ကြိုတင်ပြင်ဆင် ဆုံးဖြတ်ထားမှုတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ယနေ့ကမ္ဘာမှာ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှု၊ ရည်ရွယ်ချက်ကောင်းတွေ၊ စနစ်ကောင်းတွေကို အကောင်အထည်ဖော်နိုင်တဲ့ ခေါင်းဆောင်ကောင်းတွေ ရှိနေတဲ့ နိုင်ငံတွေဟာ အစစအရာရာ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူတွေရဲ့ လူမှုဘ၀တွေဟာလည်း သာယာဝပြောနေခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အနာဂတ်အတွက် လွှဲမှားနေတဲ့ ရည်ရွယ်ချက်တွေ၊ စနစ်ဆိုးတွေကိုသာ အကောင်အထည်ဖော်နေတဲ့ ခေါင်းဆောင်တွေရှိနေတဲ့ နိုင်ငံတွေကတော့ အစစအရာရာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျပြီး ပြည်သူအများစုဟာလည်း ဆင်းရဲတွင်းကနေ ရုန်းကန်နေကြရခြင

#emg_opinions .... ထီးကိုဆောင်းကြပါ (Written by: နရီမင်း) ဤကဲ့သို့ ခေါင်းစဥ...

#emg_opinions .... ထီးကိုဆောင်းကြပါ (Written by: နရီမင်း) ဤကဲ့သို့ ခေါင်းစဉ်တပ်လိုက်ပြီ ဆိုသည်နှင့် လူအများက ကျွန်တော့်ကို အာဆာဟိ၊ ယာမားစူး၊ နီကိုအစရှိသော ခေတ်မီလှပသည့် ဒီဇိုင်းဆန်းများနှင့် ထီးများကိုင်ဆောင်လျက် လူရောထီးပါ လှုပ်ရမ်းပြတတ်သော မော်ဒယ်ကလေးများကဲ့သို့ ထီးကြော်ငြာတော့မည်ဟု ထင်ကြပေလိမ့်မည်။ မည်သည့်ကုမ္ပဏီကမှ ကျွန်တော့်ကို တရားဝင် ကမ်းလှမ်းထားချက်များ မရှိသောကြောင့် (အနည်းဆုံး ယခုလောလောဆယ်တွင်) ကြော်ငြာဆောင်းပါး ရေးစားရန် အစီအစဉ် မရှိသေးပါ။ မည်သည့်ကုမ္ပဏီကမှ ကြော်ငြာခ တစ်ပြားတစ်ချပ်မှ မရလင့်ကစား စေတနာ့ဝန်ထမ်း ထီးကြော်ငြာ ဆောင်းပါးကို သင်တို့၏ ကျန်းမာရေးအလို့ငှာ ကျွန်တော် ရေးသားပါတော့မည်။ မိုးရွာလျှင် ထီးဆောင်းရမည်ကို လူတိုင်းသိကြပါသည်။ မိုးရွာလျှင် ပါလာသမျှ ပစ္စည်းအားလုံးနှင့်တကွ တစ်ကိုယ်လုံးရွှဲရွှဲ စိုသွားမည်ဆိုသည့် လတ်တလော ပြဿနာအတွက် ကျွန်တော်တို့ ထီးဆောင်းကြပါသည်။ (ကျွန်တော်တို့သည် လတ်တလော ပြဿနာများကိုသာ လက်မလည်အောင် ဖြေရှင်းနေရသဖြင့် "နောင်ခါလာ နောင်ခါဈေး" ဆိုသကဲ့သို့ နောင်ကျမှ ဖြစ်ပေါ်လာမည့် ပြဿနာများကို ထည့်သွင်းစဉ်းစားရန် အချိန်မရ တတ်ကြပါ) ကျွန်တော်အပါအ၀င် (အထူးသြ

#emg_opinions ကာလာမသုတ်နှင့် မြန်မာ့နိုင်ငံရေး (Written by: မောင်ကြည်) မဇ္ဈိမ...

#emg_opinions ကာလာမသုတ်နှင့် မြန်မာ့နိုင်ငံရေး (Written by: မောင်ကြည်) မဇ္ဈိမဒေသ ကောသလတိုင်းတွင် ရွာငယ်လေးတစ်ရွာရှိ၏။ ကေသမုတ္တိနိဂုံးဟု အမည်တွင်သည်။ ထိုကေသမုတ္တိနိဂုံးတွင် နေထိုင်သူများကို ကာလာမ အမျိုးကောင်းသားများဟု ခေါ်ကြလေသည်။ ထိုကေသမုတ္တိနိဂုံးသည် လမ်းဆုံလမ်းခွအရပ်တွင် တည်ရှိသောကြောင့် အရပ်တစ်ပါးမှ ခရီးသွား ခရီးနားများဖြင့် အမြဲမပြတ် စည်ကားနေပါသည်။ တစ်ခါတစ်ရံ ၎င်းခရီးသွားများထဲမှာ ဘာသာရေးခေါင်းဆောင်များ ပါလာတတ်၏။ ၎င်းတို့က သူတို့၏ အယူဝါဒများကို လက်ခံကျင့်သုံးရန် ကာလာမ အမျိုးကောင်းသားများကို ဟောဖော်ညွှန်ကြား သွားကြပါသည်။ ဤသို့ဖြင့် အရပ်ဒေသ ပေါင်းစုံမှ လာသမျှ ဘာသာရေးခေါင်းဆောင်တို့၏ အယူဝါဒပေါင်းစုံကို ကာလာမ အမျိုးကောင်းသားတို့ အမြဲလိုလို ကြားနာနေရလေသည်။ အချိန်ကြာလာသောအခါ သူတို့စိတ်ထဲမှာ ဘယ်အယူဝါဒကို လက်ခံကျင့်သုံးရမှန်း ဝေခွဲမရ ဖြစ်လာကြပါတော့သည်။ သူတို့နှင့် တွေ့သမျှ ၀ါဒပိုင်ရှင်တိုင်းလိုလိုသည် ‘ငါတို့ဝါဒသာ အမှန် ငါတို့ဝါဒကိုသာ လက်ခံကျင့်သုံးကြ’ ဟု ပြောဆိုရေရွတ်ကာ တိုက်တွန်းသွားကြပါသည်။ ထိုအခါ ကာလာမ အမျိုးကောင်းသားတို့သည် သူတို့ဝါဒသာအမှန် တခြားဝါဒတွေ အမှားဟု ပြောတတ်ကြသော ဘာသာရေးခေါင်းဆောင်များကိ
An ode to the unsung heroes of Nay Pyi Taw’s hluttaw www.mmtimes.com The standard moaning-and-groaning about Nay Pyi Taw is getting old. Yes, the city is grandiose and appears intimidating at first glance. Yes, it can be inconvenient if you don’t have your own wheels. from The Myanmar Times's Facebook Wall http://ift.tt/NN2pvB

ဇူကာဘတ်က သမ္မတ အိုဘားမားကို ထိပ်တိုက်တွေ့ဖို့ စိန်ခေါ်

မတ်လ ၁၃ ရက်နေ့ကတည်းက ဖေ့စ်ဘုတ် တည်ထောင်သူ မတ်ခ်ဇူကာဘတ် ဟာ အမေရိကန် သမ္မတ အိုဘားမားကို ထိပ်တိုက်တွေ့ဖို့ အတွက် စိန်ခေါ်တဲ့ Status ကို သူ့ကိုယ်ပိုင် Facebook Wall မှာ တင်ခဲ့ ပါတယ်။ ယနေ့အထိလည်း တင်းမာမှု မပြီးဆုံး သေး ပါဘူး။ အကြောင်း အရင်းကတော့ အမေရိကန် အစိုးရရဲ့ Facebook အပေါ် တင်းမာမှု များကြောင့် ဖြစ်ပါတယ်။ ဇူကာဘတ် ရေးထားတဲ့ Status မှ ကို ဘာသာပြန်ပေးရရင် - "ကမ္ဘာကြီး တစ်ခုလုံးက က တစ်နေ့ထက် from Myanmar CNN http://ift.tt/1puGBkI

ရဲရိုပင်

မြန်မာနိုင်ငံအရပ်ရပ်၌ အထူးသဖြင့် မိုးများသော ဒေသများ၌ ပေါက်ရောက်လေ့ရှိသော ရဲရိုပင်ကို စားသုံး၍ရသော အရွက်နှင့် အသီးတို့ကြောင့် လူသိများသည်။ ယင်းသည် နီပါးဆေးပင်မျိုးတွင် ပါဝင်၍ နီပါးကြီးဟုလည်း ခေါ်ဝေါ်ကြလေသည်။ ရဲရိုရွက်သည်လည်း ဆေးဖက်ဝင်သည်ဟု ဆိုကြသည်။ အရသာခါးသော်လည်း လေနိုင်သော အရွက်တမျိုးဟု ဆိုကြသည်။ ငခူ၊ငရံ့ စသည့် ငါးတမျိုးမျိုးကို ရဲရိုရွက်နုဖြင့် ငါးပေါင်းထုတ် လုပ်စားလေ့ရှိကြရာ ရဲရိုရွက်၏ from Myanmar CNN http://ift.tt/1rs76eg

ခိုးကောင်ကျေးရွာ၌ နွားများသေဆုံး

မော်လူး မတ် ၂၄ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့နယ် မော်လူးဒေသ သူရောင်း ကျေးရွာအုပ်စု ခိုးကောင်ကျေးရွာတွင် မတ် ၂၂ ရက်က ဒေသခံ တောင်သူများ၏ နွားများ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ နွားများ သေဆုံးနေမှု အတွက် အင်းတော်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာ ကျော်မင်းဦး၏ ညွှန်ကြားမှု အရ ဒု-ဦးစီးမှူး ဒေါက်တာ ဝေဝေမင်းအောင်၊ ဒေါက်တာမြင့်သူတို့က လာ ရောက်၍ စစ်ဆေးခွဲစိတ် from Myanmar CNN http://ift.tt/1rs73iG

မြန်မာ့လျှပ်စစ်လုပ်ငန်း ဂျပန် ယန်း ၂၄ ဘီလီယံချေးမည်

သမ္မတဦးသိန်းက ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida အား နေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့စဉ်။ (မတ်လ ၂၄၊ ၂၀၁၄) မြန်မာနိုင်ငံက လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးတဲ့ကြိုးလိုင်းတွေ တည်ဆောက်ရေးအတွက် ဂျပန်နိုင်ငံက ယန်း ၂၄ ဘီလီယံ ထပ်မံ ချေးငှားပေးမယ့်အကြောင်း သမ္မတဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တနင်္လာနေ့က တွေ့ဆုံတဲ့အချိန် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက from Myanmar CNN http://ift.tt/1puGxRX

ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ အင်းစိန်မှာ လူ၂ဝဝဆန္ဒပြ၊ နေ့စဉ်ရက်ဆက် တောင်းဆိုမှုများမြင့်လာနေ

ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ အင်းစိန်မှာ လူ၂ဝဝဆန္ဒပြ၊ နေ့စဉ်ရက်ဆက် တောင်းဆိုမှုများမြင့်လာနေ ၂ဝဝ၈ ဖွဲ့စည်းပုံဟာ နာဂစ်ဆိုင်ကလုန်းကာလမှာ ပြည်သူ့ဆန္ဒမပါဘဲ ပေါက်ဖွားလာခဲ့တာဖြစ်ပြီး ပုဒ်မ ၄၃၆ကို ဦးတည်ပြင်ဆင်ရမယ်လို့ အင်းစိန်မြို့နယ်မှာ မတ်လ ၂၄ရက်နေ့က လူ၂ဝဝလောက် ဆန္ဒပြခဲ့ပါတယ်။ ဘာ့ကြောင့် နေ့စဉ်ရက်ဆက်ဆိုသလို ဆန္ဒပြမှုတွေ လုပ်နေရတာလဲ။ ၂ဝဝ၈ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီလမ်းကြောင်းကို လမ်းမှားရောက်အောင် from Myanmar CNN http://ift.tt/1puGxBs

ဦးသိန်းစိန်အစိုးရတစ်ဖွဲ့လုံးကို ဥပဒေချိုးဖောက်မှုနဲ့ တရားစွဲမယ်လို့ ဘယ်သူပြောလဲ

စစ်အုပ်ချုပ်ရေး တရားဝင်ရပ်ဆိုင်းပြီး အရပ်သားအသွင်နဲ့ စတင်အုပ်ချုပ်ခဲ့တဲ့ ၂ဝ၁၁ မတ်လ ၃၁ရက်နေ့ကစပြီး ဒီကနေ့အထိ မြန်မာပြည်သူတွေရဲ့ နစ်နာမှုတွေကို မဖြေရှင်းသလို ဥပဒေကျူးလွန်နေတဲ့ ဦးသိန်းစိန် အစိုးရတစ်ဖွဲ့လုံးကို တရားစွဲမယ်လို့ ဘယ်သူက ပြောလိုက်တာလဲ။ လက်ပံတောင်းတောင် အကြမ်းဖက်နှိမ်နင်းမှု၊ လူမျိုးရေးဘာသာရေး ပဋိပက္ခတွေမှာ အဓိကလက်သည် တရားခံဖော်ထုတ်ဖို့ ပျက်ကွက်မှု၊ အဓမ္မမြေယာသိမ်းဆည်းမှုတွေကြောင့် from Myanmar CNN http://ift.tt/1puGx4k

မြန်မာ့လေကြောင်း ရန်ကုန်-မန္တလေး ခရီးစဉ် လက်မှတ်ဈေးနှုန်း ထက်ဝက်ခန့်လျှော့ ရန်ကု...

မြန်မာ့လေကြောင်း ရန်ကုန်-မန္တလေး ခရီးစဉ် လက်မှတ်ဈေးနှုန်း ထက်ဝက်ခန့်လျှော့ ရန်ကုန်၊ မတ် ၂၄ မြန်မာ့လေကြောင်းက ပြေးဆွဲလျက် ရှိသည့် ရန်ကုန်-မန္တလေး လေကြောင်း ခရီးစဉ်၏ လေယာဉ်လက်မှတ် ဈေးနှုန်းများကို ထက်ဝက်ခန့် လျှော့ချလိုက်ကြောင်း မြန်မာ့လေကြောင်းက လက်ထောက်မန်နေဂျာ ဦးခင်မောင်လွင်က ပြောကြားသည်။ ရန်ကုန်-မန္တလေး ခရီးစဉ်မှာ ခရီးသည် လိုက်ပါ စီးနင်းမှု နည်းပါးသောကြောင့် အရောင်းမြှင့်တင်သည့် အနေဖြင့် လက်မှတ် ဈေးနှုန်းများကို လျှော့ချလိုက်ခြင်း ဖြစ်ကြောင်း၊ ယခင်က လက်မှတ် ဈေးနှုန်းမှာ ကျပ်ခြောက်သောင်း ခြောက်ထောင် ဖြစ်ပြီး ယခုမူ သုံးသောင်း ငါးထောင်ကျပ်သာ ပေးရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ အဆိုပါ လက်မှတ် ဈေးနှုန်းများကို မတ်လ ၂၂ ရက်နေ့တွင် လျှော့ချပေးခဲ့ခြင်း ဖြစ်ပြီး မည်သည့် ကာလအထိ လျှော့ချမည် ဆိုသည်ကိုမူ ပြောကြားနိုင်ခြင်း မရှိသေးကြောင်း၊ ရန်ကုန်-မန္တလေး ခရီးစဉ် တစ်ခုတည်းသာ လျှော့ချပေးခြင်း ဖြစ်ပြီး ကျန်ခရီးစဉ်များ မပါဝင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ ရန်ကုန်-မန္တလေး ခရီးစဉ်ကို မြန်မာ့လေကြောင်းလိုင်းက တစ်ပတ်လျှင် ငါးရက်ခန့် ပြေးဆွဲလျက် ရှိပြီး မြန်မာနိုင်ငံ အနှံ့ရှိ မြို့နယ် ၂၆ မြို့နယ်သို့ ပြေး

မိုင်းတုံတွင် SSA-S နှင့် တပ်မတော် တိုက်ပွဲဖြစ် မိုင်းတုံ၊ မတ် ၂၄ ရှမ်းပြည်နယ်...

မိုင်းတုံတွင် SSA-S နှင့် တပ်မတော် တိုက်ပွဲဖြစ် မိုင်းတုံ၊ မတ် ၂၄ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် ဖာချယ် ကျေးရွာအုပ်စု အတွင်းရှိ ပန်ကျိုင်းရွာတွင် မတ်လ ၂၃ ရက် နံနက်ပိုင်းက SSA တောင်ပိုင်းအဖွဲ့မှ ဗိုလ်စောစိန်န ဦးစီးပြီး တပ်သား ၉ ဦးပါ တပ်စုနှင့် မြန်မာ့တပ်မတော် ခလရ ၂၇၇ မှ အင်အား ၃၂ ဦး ပါရှိသော တပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အဆိုပါ ရွာသားများနှင့် မိုင်းတုံအခြေစိုက် SSA ရုံးတို့ထံမှ စုံစမ်း သိရှိရသည်။ “နံနက် ၇ နာရီလောက်က ဖြစ်တာ။ နာရီဝက်ကြာတယ်။ ရွာမှာ တပ် (SSA-S) က လှူထားတဲ့ ဘုန်းကြီးကျောင်း ဆောက်လုပ်ရေး ကိစ္စနဲ့ ခဏ ဝင်နားတာကို မိုင်းတုံ ခလရ ၂၇၇ က ဝိုင်းပြီး ရွာကို ပစ်တာ။ ကံကောင်းလို့ အိမ်တွေကို လွဲပြီး လူတွေ မထိတာ။ တပ်ဖွဲ့ဝင်တွေတော့ ဘာမှ အထိအခိုက် မရှိပါဘူး။ ကျောပိုးအိတ်နဲ့ ငွေတချို့ပဲ ပါသွားတယ်” ဟု SSA မိုင်းဆတ်-မိုင်းတုံ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီးလွန့်ဆန်က ပြောကြားသည်။ တိုက်ပွဲဖြစ်ပွားရာ ပန်ကျိုင်းရွာတွင် SSA တပ်မဟာမှူး စဝ်တင်းခေးမှ ရွာဘုန်းကြီးကျောင်း ဆောက်လုပ်ရန် ကျပ် ၁၀ သိန်း လှူဒါန်းခဲ့ပြီး ရွာသူရွာသားများ အပါအဝင် အ

စစ်တွေတွင် သာသနာ့အလံထောင်၍ သန်းခေါင်စာရင်း သပိတ်မှောက် စစ်တွေ၊ မတ် ၂၄ သန်းခေါင...

စစ်တွေတွင် သာသနာ့အလံထောင်၍ သန်းခေါင်စာရင်း သပိတ်မှောက် စစ်တွေ၊ မတ် ၂၄ သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုထားသဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ နေအိမ်များနှင့် အဆောက်အအုံ အချို့၌ မတ်လ ၂၄ ရက်နေ့မှ စတင်ကာ သာသနာ့အလံ လွှင့်ထူ၍ သန်းခေါင်စာရင်းကို သပိတ်မှောက်နေကြောင်း မြို့ခံများထံမှ သိရှိရသည်။ သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီများကို ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မပြုရန် စစ်တွေမြို့ ဒေသခံများ လမ်းလျှောက် ဆန္ဒပြမှု ပြုလုပ်ပြီး ရှစ်ရက်ခန့် အကြာတွင် ယင်းသို့ သာသနာ့အလံထောင်ကာ ဆန္ဒပြ ကန့်ကွက်ခြင်း ဖြစ်သည်။ “စစ်တွေတင် မကဘဲ ရခိုင်တစ်ပြည်လုံး သပိတ်မှောက်ဖို့ လိုပါတယ်။ ကျွန်တော်တို့ကတော့ သန်းခေါင်စာရင်း ကောက်လာရင်လည်း အကောက်မခံတော့ဘူး” ဟု စစ်တွေမြို့ခံ ဦးအိုးဖောက်က ပြောကြားသည်။ စစ်တွေမြို့ တစ်မြို့လုံးနီးပါးရှိ နေအိမ်များတွင် သာသနာ့အလံ လွှင်ထူခဲ့ကြသဖြင့် အလံဈေးနှုန်း အနည်းငယ် မြင့်တက်သွားကြောင်း မြို့ခံများထံမှ သိရှိရသည်။ သန်းခေါင်စာရင်းကို ကန့်ကွက်သည့် အနေနှင့် ရမ်းဗြဲမြို့နှင့် မာန်အောင်မြို့တို့တွင်လည်း မတ်လ ၂၄ ရက်နေ့တွင် မြို့ခံများက လမ်းလျှောက် ဆန္ဒပြ ကန့်ကွက်ခဲ့ကြကြောင်း ဒေသခံများထံမ

မဟာမဲခေါင် နယ်စပ်ဖြတ်ကျော် ကုန်တင်ယာဉ်တစ်စီး ထိုင်းနိုင်ငံသို့ စမ်းသပ် စေလွှတ်မည်...

မဟာမဲခေါင် နယ်စပ်ဖြတ်ကျော် ကုန်တင်ယာဉ်တစ်စီး ထိုင်းနိုင်ငံသို့ စမ်းသပ် စေလွှတ်မည် ရန်ကုန်၊ မတ်လ ၂၄ မဟာမဲခေါင် ဒေသတွင်း ခြောက်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေး အစီအစဉ်အရ မြန်မာကုန်တင်ယာဉ် တစ်စီးကို ထိုင်းနိုင်ငံသို့ စမ်းသပ် စေလွှတ်မည် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ အမှုဆောင် ဒါရိုက်တာ ဦးအောင်ခင်မြင့်က ပြောကြားသည်။ လာမည့် ဧပြီလတွင် အဆိုပါ ကုန်တင်ယာဉ်ကို ထိုင်းနိုင်ငံသို့ စေလွှတ်မည် ဖြစ်ပြီး ကုန်ကြောင်းဖြင့် ကုန်သွယ်မှု လုပ်ရာတွင် မြေပြင် အခက်အခဲကို ပကတိ သိရှိရန်အတွက် စမ်းသပ် စေလွှတ်ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။ “ဖမ်းချင်တာဖမ်း၊ အဲလို အခက်အခဲတွေကိုသိအောင်လို့ လွှတ်လိုက်တာ” ဟု ၎င်းကဆိုသည်။ ရန်ကုန်-မဲဆောက် လမ်းတစ်လျှောက် ကုန်သွယ်မှု အဟန့်အတား ဖြစ်စေသော အချက်အလက် အမှန်ကို သိရှိမှသာ အစိုးရနှင့် ညှိနှိုင်း ဖြေရှင်းနိုင်မည် ဖြစ်သည်ဟု အဆိုပါ အစီအစဉ်တွင် ပါဝင်သည့် အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း၏ အတွင်းရေးမှူး ဦးကိုကိုနိုင်က ရှင်းပြသည်။ “ဒီအစီအစဉ် ပြီးလို့ အဟန့်အတားတွေ မရှိတော့ရင် ကုန်စည်စီးဆင်းမှု ပိုကောင်းသွားမယ်။

တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ အတွက်သာမက အာဆီယံနိုင်ငံများ အတွက်ပါ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်း အာဆီယံပြည်သူ့ဖိုရမ် ဖြစ်မြောက်ရေးကော်မတီ ဒုဥက္ကဋ္ဌ ပြောကြား

မတ် ၂၄ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော အာဆီယံပြည်သူ့ဖိုရမ် သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ တစ်နိုင်ငံတည်း အတွက်သာမက အခြားအာဆီယံ နိုင်ငံများအတွက်ပါ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်ဟု အာဆီယံ ပြည်သူ့ဖိုရမ် ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ်သည့် ထိုင်းနိုင်ငံသူ Mrs.Pre mrudee Daoroung က မတ် ၂၄ ရက်က ပြုလုပ်သော အာဆီယံပြည်သူ့ဖိုရမ် from Myanmar CNN http://ift.tt/1jpkTRN

သစ်အလုံးလိုက်တင်ပို့မှုပိတ်လိုက်ခြင်းက အဖြေလား

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်ရှိ သစ်ထုတ်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် သစ်လုံးများအား သယ်ယူရန်ပြင်ဆင်နေစဉ် (ဓာတ်ပုံ− စိုးဇေယျာထွန်း/ရိုက်တာ) ‘‘ဧပြီ ၁ ရက်မှစ၍ အလုံးလိုက်တင်ပို့မှုများ ခွင့်ပြုတော့မည်မဟုတ်’’ သစ်အလုံးလိုက်တင်ပို့ သောလုပ်ငန်းများ အစိုးရအနေ ဖြင့် တရားဝင်ရပ်ဆိုင်းလိုက်သော် လည်း သစ်ကုန်ချောထည်တင်ပို့ သည့် လုပ်ငန်းများအား စနစ်တကျ စီမံခန့်ခွဲမှုမပြုလုပ်နိုင်ပါက သစ်ေ from Myanmar CNN http://ift.tt/1oXVXQk

မယ်လဒုက္ခသည်စခန်း မီးလောင်၊ နေအိမ်အလုံး ၅၀ ဆုံးရှုံး

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ထဲမှာ ရှိတဲ့ မယ်လဒုက္ခသည်စခန်းမှာ မတ် ၂၄ ရက်နေ့ ညက မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မနေ့ည ၉ နာရီလောက်က အမှတ် ၄ ရပ်ကွက် ဇုန်ဘီထဲမှာ ရှိတဲ့ နေအိမ်တအိမ်ကနေ မီး စလောင်တာမှာ နေအိမ် ၁၉ လုံး လောင်ကျွမ်းပြီး မီးဆက်ကူးမှာစိုးလို့ အိမ်ပေါင်း ၃၁ လုံးကို ၀ိုင်းဝန်းဖျက်ဆီးလိုက်ရတဲ့အတွက် စုစုပေါင်း အိမ်အလုံး ၅၀ ဆုံးရှုံးသွားတယ်လို့ မယ်လစခန်း from Myanmar CNN http://ift.tt/1oXVX2T

မောင်တောမြို့နယ်တွင် အဓိကရုန်းနှိမ်နှင်းရေး အသင့်စုဖွဲ့ လေ့ကျင့်မှုပြုလုပ်

(မောင်တောမြို့တွင် အဓိကရုန်းနှိမ်နင်းရေးအတွက် စုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်နေစဉ်) မောင်တောမြို့နယ်အတွင်း အဓိကရုဏ်းနှိမ်နင်းရေး အသင့်စုဖွဲ့ လေ့ကျင့်မှု တစ်ရပ်အား မတ် ၂၂ ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ လေ့ကျင့်မှုအား မောင်တောမြို့ပေါ် ဘောလုံးကွင်းအနီး ဈေးဟောင်းမြေနေရာ၌ နံနက် ၉ နာရီခန့်တွင် စတင်ခဲ့ပြီး အဆိုပါ လေ့ကျင်မှုတွင် အမှတ် (၁) နယ်ခြား စောင့်ရဲတပ်ဖွဲ့ (BGP)၊ နယ်မြေရဲတပ်ဖွဲ့၊ from Myanmar CNN http://ift.tt/1oXVWMn

မိကျောင်းကန် ၁၊ ၂၊ ၃ ပြည်သူများ၏ သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေး တတိယအကြိမ် သပိတ်စခန်းဖွင့်

သပိတ်စခန်းဖွင့် ဆန္ဒပြနေသည့် မိကျောင်းကန် ပြည်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်) သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ၁၊ ၂၊ ၃ ပြည်သူတို့ သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေး မတ် ၂၄ ရက်က ရန်ကုန်မြို့တော်ခန်းမအနီး မဟာဗန္ဓုလပန်းခြံ နံဘေးတွင် တတိယအကြိမ်မြောက် သပိတ်စခန်း ဖွင့်လှစ်ကာ ဆန္ဒပြနေကြောင်း သိရသည်။ လူအင်အား ၂၀၀ ခန့်ရှိသော သပိတ်စခန်းဖွင့် တောင်းဆိုသူများသည် တောင်းဆိုချက် ခြောက်ချက်ပါေ from Myanmar CNN http://ift.tt/1jpkTkA

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ထဲမှာ ရှိတဲ့ မယ်လဒုက္ခသည်စခန်...

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ထဲမှာ ရှိတဲ့ မယ်လဒုက္ခသည်စခန်းမှာ မတ် ၂၄ ရက်နေ့ ညက မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မနေ့ည ၉ နာရီလောက်က အမှတ် ၄ ရပ်ကွက် ဇုန်ဘီထဲမှာ ရှိတဲ့ နေအိမ်တအိမ်ကနေ မီး စလောင်တာမှာ နေအိမ် ၁၉ လုံး လောင်ကျွမ်းပြီး မီးဆက်ကူးမှာစိုးလို့ အိမ်ပေါင်း ၃၁ လုံးကို ၀ိုင်းဝန်းဖျက်ဆီးလိုက်ရတဲ့အတွက် စုစုပေါင်း အိမ်အလုံး ၅၀ ဆုံးရှုံးသွားတယ်လို့ မယ်လစခန်း ဆပ်ကော်မတီဝင်တဦးဖြစ်သူ စောသာခဲက ဒီဗွီဘီကို ပြောပါတယ်။ မယ်လဒုက္ခသည်စခန်း မီးလောင်၊ နေအိမ်အလုံး ၅၀ ဆုံးရှုံး - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1gwfWV7

မယ်လဒုက္ခသည်စခန်း မီးလောင်၊ နေအိမ်အလုံး ၅၀ ဆုံးရှုံး

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ထဲမှာ ရှိတဲ့ မယ်လဒုက္ခသည်စခန်းမှာ မတ် ၂၄ ရက်နေ့ ညက မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မနေ့ည ၉ နာရီလောက်က အမှတ် ၄ ရပ်ကွက် ဇုန်ဘီထဲမှာ ရှိတဲ့ နေအိမ်တအိမ်ကနေ မီး စလောင်တာမှာ နေအိမ် ၁၉ လုံး လောင်ကျွမ်းပြီး မီးဆက်ကူးမှာစိုးလို့ အိမ်ပေါင်း ၃၁ လုံးကို ၀ိုင်းဝန်းဖျက်ဆီးလိုက်ရတဲ့အတွက် စုစုပေါင်း အိမ်အလုံး ၅၀ ဆုံးရှုံးသွားတယ်လို့ မယ်လစခန်း ဆပ်ကော်မတီဝင်တဦးဖြစ်သူ စောသာခဲက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်ကတော့ ဇုန်စီမှာ နေတာပေါ့နော်။ အဲဒီကနေ မီးညွန့်မီးလျှံတွေတွေ့တော့ သွားကြည့်တာပေါ့။ မိသားတစု ကလေး နေမကောင်းလို့ အိပ်နေတာတဲ့။ ည ၉ နာရီအချိန် အဲဒီမှာ ဖယောင်းတိုင် ထွန်းပြီး အိပ်ပျော်သွားတာ။ ဖယောင်းတိုင်လဲကျပြီး အိမ်နံရံကို စလောင်တယ်လို့ပြောတယ်။ လူတွေက ထိခိုက်ဒဏ်ရာရတာမရှိဘူး။” မီးလောင်ပြီး မိနစ် ၃၀ လောက်အကြာ ထိုင်းမီးသတ်ကား ၅ စီး ရောက်လာပြီး မီးငြိမ်းတဲ့အတွက် ည ၁၀ နာရီလောက်မှာ မီးညွန့်ကျိုးသွားတယ်လို့ ဆိုပါတယ်။ မီးလောင်သွားတဲ့ အိမ်တွေထဲက အိမ်ထောင်ပရိဘောဂ ဆုံးရှုံးမှု ပမာဏကိုတော့ မသိရကြောင်း၊ ၀က် ၄ ကောင် သေဆုံးတာ တွေ့ရပြီး ကရင်အမျိုးသမီအစည်းအရုံး (ကေဒဗလျူအို) ရဲ့

ပြည်ပနိုင်ငံသား ခံယူထားသော မြန်မာများကို ဗီဇာကြေး ပိုကောက်ခံခြင်း မရှိဟုဆို နေ...

ပြည်ပနိုင်ငံသား ခံယူထားသော မြန်မာများကို ဗီဇာကြေး ပိုကောက်ခံခြင်း မရှိဟုဆို နေပြည်တော်၊ မတ် ၂၄ အာရှနှင့် ဥရောပနိုင်ငံများသို့ အကြောင်း အမျိုးမျိုးကြောင့် ရောက်ကာ ပြည်ပနိုင်ငံသား ခံယူထားသော မြန်မာများ မြန်မာနိုင်ငံသို့ ပြန်လာချိန်တွင် ပြည်ဝင်ခွင့် ဗီဇာကြေး ပိုမို ကောက်ခံသည်မျိုး မရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်ကျော်င်းက ပြောသည်။ ပြည်ပနိုင်ငံသား ခံယူထားသူ မြန်မာများကို ဗီဇာကြေး ပိုမို ကောက်ခံနေသည့် သတင်းများ ကြားနေရပြီး ယင်းကိစ္စများသည် မှန်ကန်မှု ရှိ မရှိကို သက်ဆိုင်ရာ ဝန်ကြီးဌာနက ရှင်းလင်းပေးရန် မလှိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က မတ်လ၂၄ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းရာ ၎င်းက ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ဝင်ရောက်သော မြန်မာနိုင်ငံသားဟောင်း များကို နိုင်ငံခြားသားများအပေါ် ကောက်ခံသည့် ပြည်ဝင်ကြေးနှင့် တန်းတူသာ ကောက်ခံနေကြောင်း ဦးကျော်ကျော်ဝင်းက ဆိုသည်။ ပြည်ပနိုင်ငံသား ခံယူထားသည့် မြန်မာများနှင့် နိုင်ငံခြားသားများ အတွက် ဗီဇာကြေးကို စနစ်သုံးခုဖြင့် ကောက်ခံနေပြီး Bus
ဗဟန်းမြို့နယ်တွင် ဩစတြေးလျနိုင်ငံသားတစ်ဦး လုယက်ခံရ myanmar.mmtimes.com ဗဟန်းမြို့နယ်တွင် ဩစတြေးလျနိုင်ငံသားတစ်ဦး လုယက်ခံရသည်ဆိုကာတိုင်ကြားခဲ့မှု မတ်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သည်။ အဆိုပါနေ့ မွန်းတည့် ၁၂ နာရီ အချိန်ခန့်တွင် ဩစတြေးလျနိုင်ငံ သား Mr. Kaan Peker (၃၂ နှစ်) သည် ၎င်းနိုင်ငံသား အမျိုးသမီး အဖော်တစ်ဦးနှင့် အတူ ရန်ကုန် လေဆိပ်မှ ချက်ထရီယမ် ဟိုတယ်သို့ အငှားယာဉ်ဖြင့်လာခဲ့ရာ from The Myanmar Times's Facebook Wall http://ift.tt/1h43F9a

မြန်မာနှင့် ကမ္ဘောဒီးယား မြေယာ သိမ်းဆည်းခံရမှု ပြဿနာများ အချိန်ဆွဲ ဖြေရှင်းလျက်ရှိ...

မြန်မာနှင့် ကမ္ဘောဒီးယား မြေယာ သိမ်းဆည်းခံရမှု ပြဿနာများ အချိန်ဆွဲ ဖြေရှင်းလျက်ရှိဟု အာဆီယံ ပြည်သူ့ဖိုရမ် ဒုတိယဥက္ကဋ္ဌ ပြောဆို ရန်ကုန်၊ မတ် ၂၄ အာဆီဒေသတွင်း နိုင်ငံများအတွင်း မြန်မာနှင့် ကမ္ဘောဒီးယား နိုင်ငံများသည် မြေယာ သိမ်းဆည်းခံရမှု ပြဿနာများကို အစိုးရများက အချိန်ဆွဲ ဖြေရှင်းနေကြောင်း အာဆီယံ ပြည်သူ့ဖိုရမ် ဒေသတွင်း ဦးဆောင်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ မစ္စဖရီမရူဒီဒေါင်ရွန်က ပြောကြားသည်။ အင်းစိန်မြို့နယ် City Gold Resort ဟိုတယ်တွင် မတ်လ ၂၄ ရက်နေ့က ပြုလုပ်သော အာဆီယံ ပြည်သူ့ဖိုရမ် ရလဒ်များနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားသည်။ အဆိုပါ နိုင်ငံများမှ မြေယာ ပြဿနာ အများစုမှာ အစိုးရက သိမ်းဆည်း ခဲ့ခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပြီး ပြန်လည် ဖြေရှင်းရာတွင်လည်း အချိန်ကြာမြင့်စွာ ဆောင်ရွက်နေရသည်ကို တွေ့ရှိရကြောင်း မစ္စဖရီမရူဒီဒေါင်ရွန်က ပြောကြားသည်။ “ဒီနှစ်နိုင်ငံမှာ ဆိုးရွားတဲ့ ပြဿနာတွေကို အချိန်ဘယ်လောက်အထိ ယူပြီး ဖြေရှင်းရမလဲ အာဆီယံ ဖိုရမ်မှာ ဆွေးနွေးခဲ့ပါတယ်။ နောက်ပြီး ပြဿနာတွေ ပြေလည်အောင် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ ပူးပေါင်း ပါဝင်မှုကိုလည်း အုပ်ချုပ်သူ အစိုးရတွေအနေနဲ့ အတိုင်းအတာ တစ

မြန်မာအစိုးရက အခြေခံဝန်ထမ်းလစာတွေ တလကို ၂ သောင်းစီတိုးမြှင့်ပေးမယ့် အဆိုပြုချက်က...

မြန်မာအစိုးရက အခြေခံဝန်ထမ်းလစာတွေ တလကို ၂ သောင်းစီတိုးမြှင့်ပေးမယ့် အဆိုပြုချက်ကို အစိုးရက လွှတ်တော်ကို တင်သွင်းထားပြီ ဖြစ်ပြီး မနက်ဖြန်မှာ ဆုံးဖြတ်ချက်ကျနိုင်မယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ အခုလို ဝန်ထမ်းလစာတွေ တိုးမြင့်ပေးမယ့် တချိန်တည်းမှာပဲ တခြား ဝန်ထမ်းမဟုတ်တဲ့ အပြင်အလုပ်သမားတွေရဲ့ အခြေခံလစာ တိုးမြှင့်ပေးနိုင်ဖို့အတွက်လည်း အစိုးရက ကော်မီတီဖွဲ့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။ အစိုးရဝန်ထမ်းတွေ လစာထပ်တိုးရေး လွှတ်တော် ဆုံးဖြတ်မည် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1fWv604

ရန်ကုန်မြို့တော် အမှိုက်သိမ်းစနစ် ပုဂ္ဂလိကထံ လွှဲပြောင်းမည်

ရန်ကုန်၊ မတ် ၂၄ ရန်ကုန်မြို့တော်တွင်း ထွက်ရှိသော စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း လုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်က လုပ်ကိုင်လျက် ရှိရာမှ လာမည့်နှစ်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များထံ လွှဲပြောင်းမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Y.C.D.C) ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်တွင် ရှိသော မြို့နယ် ၃၀ ကျော်ကို ခရိုင်လေးခု ခွဲခြားကာ အမှိုက်သိမ်းဆည်းခြင်း၊ သိမ်းဆည်းပြီး အမှိုက် များကို နောက်ဆုံး စွန့်ပစ် အမှိုက်ပုံများထံ သယ်ယူပို့ဆောင်ခြင်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုမည် ဖြစ်ကြောင်း ယင်းဌာနထံမှ သိရှိရသည်။ “နိုင်ငံတကာမှာလည်း အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းတွေကို ပုဂ္ဂလိကပဲ လုပ်နေတာ ဆိုတော့ ရန်ကုန်က အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းကိုလည်း ပုဂ္ဂလိက လွှဲပေးတာပါ” ဟု (Y.C.D.C) ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောဆိုသည်။ အမှိုက်သိမ်းဆည်းခြင်း၊ သိမ်းဆည်းပြီး အမှိုက်များကို နောက်ဆုံး စွန့်ပစ် အမှိုက်ပုံများထံ သယ်ယူပို့ဆောင်ခြင်း လုပ်ငန်း လုပ်ကိုင်လိ

စံမမီသော တရုတ် ရင်းနှီးမြှုပ်နှံမှုများ ဖြေရှင်းပေးရန် အာဆီယံ ပြည်သူ့ဖိုရမ် အစိုးရများကို တိုက်တွန်း

ရန်ကုန်၊ မတ် ၂၄ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများတွင် နိုင်ငံတကာ စံချိန်စံနှုန်းနှင့် မကိုက်ညီသော စီမံကိန်းများကို အာဆီယံ ဒေသတွင်း နိုင်ငံများမှ သက်ဆိုင်ရာ အစိုးရများက တာဝန်ခံ ဖြေရှင်းပေးရန် အာဆီယံ ပြည်သူ့ဖိုရမ် ဖြစ်မြောက်ရေး ဦးဆောင် ကော်မတီ တွဲဖက်ဥက္ကဋ္ဌ မစ္စဖရီမရူဒီဒေါင်ရွန်က မတ်လ ၂၄ ရက်နေ့က တိုက်တွန်း ပြောကြားသည်။ မြန်မာနိုင်ငံအတွင်း သုံးရက်တာ ပြုလုပ်ခဲ့သော အာဆီယံ ပြည်သူ့ဖိုရမ်၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်သော အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများမှာ နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် ညီညွတ်ခြင်း မရှိဘဲ တစ်ဖက်သတ် ချမှတ်ထားသော မူဝါဒများ ဖြစ်သောကြောင့် အာဆီယံ ဒေသအတွင်းရှိ ပြည်သူများ အကာအကွယ် ရရှိရေးအတွက် သက်ဆိုင်ရာ အစိုးရပိုင်းမှ တာဝန်ယူ ဖြေရှင်းရမည် ဖြစ်ကြောင်း မစ္စဖရီမရူဒီဒေါင်ရွန်က ပြောကြားသည်။ “မြန်မာနိုင်ငံမှာလည်း အစိုးရသစ် အနေနဲ့ တရုတ် စီမံကိန်းတွေကို ကိုင်တွယ်ရ ခက်နေပါတယ်။ ဒါဟာ ဘယ်အစိုးရတက်တက် အရေးတကြီး ဖြေရှင်းပေးရမယ့် ကိစ္စတစ်ရပ် ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။ ထို့အ