Skip to main content

မိုင်းတုံတွင် SSA-S နှင့် တပ်မတော် တိုက်ပွဲဖြစ် မိုင်းတုံ၊ မတ် ၂၄ ရှမ်းပြည်နယ်...



မိုင်းတုံတွင် SSA-S နှင့် တပ်မတော် တိုက်ပွဲဖြစ်



မိုင်းတုံ၊ မတ် ၂၄



ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် ဖာချယ် ကျေးရွာအုပ်စု အတွင်းရှိ ပန်ကျိုင်းရွာတွင် မတ်လ ၂၃ ရက် နံနက်ပိုင်းက SSA တောင်ပိုင်းအဖွဲ့မှ ဗိုလ်စောစိန်န ဦးစီးပြီး တပ်သား ၉ ဦးပါ တပ်စုနှင့် မြန်မာ့တပ်မတော် ခလရ ၂၇၇ မှ အင်အား ၃၂ ဦး ပါရှိသော တပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အဆိုပါ ရွာသားများနှင့် မိုင်းတုံအခြေစိုက် SSA ရုံးတို့ထံမှ စုံစမ်း သိရှိရသည်။



“နံနက် ၇ နာရီလောက်က ဖြစ်တာ။ နာရီဝက်ကြာတယ်။ ရွာမှာ တပ် (SSA-S) က လှူထားတဲ့ ဘုန်းကြီးကျောင်း ဆောက်လုပ်ရေး ကိစ္စနဲ့ ခဏ ဝင်နားတာကို မိုင်းတုံ ခလရ ၂၇၇ က ဝိုင်းပြီး ရွာကို ပစ်တာ။ ကံကောင်းလို့ အိမ်တွေကို လွဲပြီး လူတွေ မထိတာ။ တပ်ဖွဲ့ဝင်တွေတော့ ဘာမှ အထိအခိုက် မရှိပါဘူး။ ကျောပိုးအိတ်နဲ့ ငွေတချို့ပဲ ပါသွားတယ်” ဟု SSA မိုင်းဆတ်-မိုင်းတုံ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီးလွန့်ဆန်က ပြောကြားသည်။



တိုက်ပွဲဖြစ်ပွားရာ ပန်ကျိုင်းရွာတွင် SSA တပ်မဟာမှူး စဝ်တင်းခေးမှ ရွာဘုန်းကြီးကျောင်း ဆောက်လုပ်ရန် ကျပ် ၁၀ သိန်း လှူဒါန်းခဲ့ပြီး ရွာသူရွာသားများ အပါအဝင် အလှူရှင်များက ထည့်ဝင်ငွေဖြင့် ဆောက်လုပ်ရေး ကိစ္စကို စီစဉ်ဆောင်ရွက်ရန် SSA အဖွဲ့များ ခေတ္တလာခြင်း ဖြစ်ကြောင်း၊ မိုင်းတုံ စစ်ဖက်ဆိုင်ရာ လုံခြုံရေး အဖွဲ့က ရွာမှ ပြန်ထွက်ခွာစေသော်လည်း SSA အဖွဲ့ မထွက်ခွာခင် တပ်မှ လာရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။



“မိုင်းတုံနဲ့က ၄ မိုင်လောက်ပဲ ဝေးတာပါ။ အခုလို ဖြစ်တော့ ရွာတွေလည်း ကြောက်လန့်ကုန်တယ်။ အပစ်အခတ် ရပ်ထားတယ်။ ငြိမ်းချမ်းနေပြီလို့ ကြားရပြီး အခုလို တိုက်တာကျတော့ တကယ်ငြိမ်းချမ်းတာ မဟုတ်သေးဘူးလို့ သိလိုက်ရတယ်” ဟု ဒေသခံ တစ်ဦးက ဆိုသည်။



တိုက်ပွဲများအစား ငြိမ်းချမ်းရေး ဖော်ဆောင်မှု တိုးတက်စေရန် နှစ်ဖက် လိုက်နာမှု အားနည်းနေကြောင်း မိုင်းတုံဌာနေ ပြည်သူ့စစ် ခေါင်းဆောင် တစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။



မတ်လ ၁၃၊ ၁၄ ရက်နေ့တွင် တောင်ကြီးမြို့၌ မြန်မာ့ငြိမ်းချမ်းရေး စင်တာမှ ဒေါက်တာမင်းဇော်ဦး ပါဝင်ပြီး ရှမ်းပြည်နယ်အတွင်း အခြေစိုက် စစ်တိုင်းလေးတိုင်းမှ ကိုယ်စားလှယ်များ၊ UWSA၊ NDAA မိုင်းလားအဖွဲ့၊ KNPP၊ KNU နှင့် ပအိုဝ့် အဖွဲ့များ ပါဝင်သည့် တိုက်ပွဲများ လျှော့ချရေး တွေ့ဆုံ ဆွေးနွေးပွဲ တစ်ခု ပြုလုပ်ခဲ့သေးကြောင်း သတင်းများတွင် ပါရှိခဲ့ပြီး အဆိုပါ တွေ့ဆုံမှုတွင် ပါဝင်ခဲ့ကြောင်း မိုင်းတုံ SSA တာဝန်ခံက ပြောကြားသည်။



“နှစ်ဖက်တပ် တိုက်ပွဲတွေ လျှော့ချရမယ်သာ ဆိုတယ်။ တပ်မတော်က လိုက်တိုက်နေတာ ဘယ်လိုလုပ်မလဲ။ ငြိမ်းချမ်းရေး အတွက် ရှေ့မရောက်ဘဲ နောက်ပြန်သွားနေပြီ” ဟု ၎င်းက ဆိုသည်။



မတ်လ ၅ ရက်နေ့က မိုင်းပန်မြို့၌ SSA တောင်ပိုင်း ဆက်ဆံရေးရုံး တစ်ရုံးကို ထပ်မံ ဖွင့်လှစ်ခဲ့သည်။



မိုင်းတုံမြို့နယ် အတွင်း၌ SSA နှင့် တပ်တိုက်ပွဲ ဖြစ်ပွားမှုမှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့က မုံးထမြို့နယ် အတွင်း ဖြစ်ပွားခဲ့သည့် လွယ်ပန်တုန်း တိုက်ပွဲနှင့် ယခု ပန်ကျိုင်းရွာ တိုက်ပွဲ ဖြစ်ပွားမှုအရ နှစ်ကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လွယ်ပန်တုန်း ဖြစ်စဉ်တွင် နယ်ခြားစောင့်တပ် ၁၀၀၇ မှ လားဟူ တပ်သားတစ်ဦး မိုင်းထိဒဏ်ရာ ရရှိခဲ့သည်။



တပ်မတော်ဘက်ကမူ တိုက်ပွဲနှင့် ပတ်သက်သည့် တိုက်ရိုက်သတင်း မရရှိခဲ့ဘဲ ရှမ်းတပ်များ နယ်မြေကျော်လာသည့် အတွက် တပ်မတော်က တိုက်ခြင်း ဖြစ်နိုင်သည်ဟု တပ်မတော်နှင့် နီးစပ်သည့် အသိုင်းအဝန်းက ဆိုသည်။



RCSS/SSA ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော်တောင်ပိုင်းသည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ၂ ရက်နေ့က ပြည်နယ်အဆင့်၊ ၂၀၁၃ ခုနှစ် မေလ ၁၉ ရက်နေ့က ပြည်ထောင်စု အဆင့်ဟူ၍ လက်မှတ်ရေးထိုးထားခဲ့သည့် လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

from The Voice Weekly's Facebook Wall http://ift.tt/OPZTpA

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...