Skip to main content

Posts

Showing posts from June 16, 2014

ဒေါ်အောင်ဆန်းစုကြည်၏ ၆၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် သုံးရောင်ခြယ်မိသားစုမှ ယနေ့...

ဒေါ်အောင်ဆန်းစုကြည်၏ ၆၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် သုံးရောင်ခြယ်မိသားစုမှ ယနေ့ကျင်းပ ရန်ကုန်-ဇွန်၁၇ ဒေါ်အောင်ဆန်းစုကြည်၏ ၆၉ နှစ်မြောက် မွေးနေ.အထိမ်းအမှတ်အခမ်းအနား ကို သုံးရောင်ခြယ် မိသားစုမှ ယနေနံနက် ၁၀ နာရီခွဲက နတ်မောက်လမ်းရှိ ဒေါ်လ်ဖင် စားသောက်ဆိုင်တွင် ကျင်းပကြောင်း သိရသည်။ from Popular Myanmar News Journal's Facebook Wall http://ift.tt/1n81l00

Developer Lab ဖွင့်လှစ်ထားသည့် နှစ်နှစ်အတွင်း အသုံးပြုသူ ၂၀၀ ခန့်ရှိ မောင်မန်း|...

Developer Lab ဖွင့်လှစ်ထားသည့် နှစ်နှစ်အတွင်း အသုံးပြုသူ ၂၀၀ ခန့်ရှိ မောင်မန်း| အင်္ဂါနေ့၊ ဇွန်လ ၁၇ ရက်၊ ၂၀၁၄ ခုနှစ် ပြည်တွင်းရှိ Developer လူငယ်များ၏ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ အခက်အခဲများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် Developer Lab တစ်ခုဖွင့်လှစ်ပေးခဲ့ရာ သက်တမ်း နှစ်နှစ်အတွင်း အသုံးပြုသူ အဖွဲ့ဝင်ပေါင်း ၂၀၀ ခန့်ရှိသည်ဟု ယောမင်းကြီးလမ်းရှိ Developer Lab ၏ တာဝန်ခံ ကိုဝေလင်းထွန်း ပြောသည်။ ကိုဝေလင်းထွန်းက “ပြည်တွင်းက Developer အဖြစ် ရပ်တည်ချင်တဲ့ လူငယ်တွေအတွက် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်တွေ၊ အခက်အခဲတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့အတွက် Developer Lab ကို ဖွင့်လှစ်ပေးထားတာပါ။ ဖွင့်လှစ်ခဲ့တဲ့ သက်တမ်းနှစ်နှစ်မှာ မှတ်ပုံတင်ထားတဲ့ အသုံးပြုသူ ၂၀၀ လောက် ရှိပါတယ်” ဟု ဆိုသည်။ အဆိုပါ Developer Lab ကို ပြည်တွင်းရှိ Developer များက မျိုးဆက်သစ်လူငယ်များအတွက် လိုအပ်သည့် အကူအညီများပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။ Developer Lab တွင် အင်တာနက် ကောင်းမွန်စေရန်နှင့် ၂၄ နာရီ လျှပ်စစ်မီးရနိုင်ရန် ဆောင်ရွက်ပေး ထားပြီး Developer အချင်းချင

အူရီးဒူး၏ Mobile Money ငွေပေးချေမှုစနစ်အတွက် စီဘီဘဏ်နှင့် ပူးပေါင်းလုပ်ကိုင်မည်...

အူရီးဒူး၏ Mobile Money ငွေပေးချေမှုစနစ်အတွက် စီဘီဘဏ်နှင့် ပူးပေါင်းလုပ်ကိုင်မည် စ, ချိုကို| အင်္ဂါနေ့၊ ဇွန်လ ၁၇ ရက်၊ ၂၀၁၄ ခုနှစ် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ကိုင်ခွင့်လိုင်စင်ရရှိထားသော အူရီးဒူးက မိုဘိုင်းပေါ်မှ ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက်နိုင်သည့် Mobile Money ၀န်ဆောင်မှုများ စတင်ရာတွင် ငွေကြေးဝန်ဆောင်မှုများအတွက် ပြည်တွင်းဘဏ်တစ်ခု ဖြစ်သည့် စီဘီဘဏ်နှင့် လုပ်ကိုင်သွားမည်ဖြစ်သည်ဟု အူရီးဒူး၏ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေး မန်နေဂျာ ဒေါ်သီရိကြာညိုက မဇ္ဈိမကို ပြောသည်။ ဒေါ်သီရိကြာညိုက “အူရီးဒူးရဲ့ Mobile Money ၀န်ဆောင်မှုမှာ ငွေလွှဲပို့ချင်တဲ့သူတွေ၊ ငွေထုတ်ချင်တဲ့သူ တွေက စီဘီဘဏ်က ဘဏ်ခွဲတွေ၊ ခန့်အပ်ထားတဲ့ ကိုယ်စားလှယ်တွေဆီမှာ ထုတ်ယူလို့ ရမှာဖြစ်ပါတယ်။ Mobile Money ၀န်ဆောင်မှုမှာ အူရီးဒူးအော်ပရေတာကသုံးတဲ့ ဆင်းမ်ကတ်အပြင် အခြား မြန်မာ့ဆက် သွယ်ရေး၊ တယ်လီနောရဲ့ ဆင်းကတ်သုံးတဲ့သူတွေပါ လွှဲပို့လို့ရအောင် ချိတ်ဆက်လုပ်ကိုင်သွားမှာ ဖြစ်ပါ တယ်” ဟု ပြောသည်။ အခြားအော်ပရေတာများ၏ ကွန်ရက် နှင့် ချိတ်ဆက်အသုံးပြုနိုင်ရန်အတွက်လည်း ညှိနှိုင်းဆောင်ရွက်နေ ပြီး သဘောတူညီမှုများ ရရှိထားသည်ဟုလည်း ၎င်းက ဆိုသည်။ မိုဘိုင်းဆက်သွယ်ရေးကွန်ရက်

သိမ်းဆည်းမြေများ ပြန်ပေးရန် ကြန့်ကြာနေပါက တောင်သူလယ်သမားအရေးတော်ပုံကြီး ဖြစ်ပွား...

သိမ်းဆည်းမြေများ ပြန်ပေးရန် ကြန့်ကြာနေပါက တောင်သူလယ်သမားအရေးတော်ပုံကြီး ဖြစ်ပွားနိုင် အောင်ကိုဦး| အင်္ဂါနေ့၊ ဇွန်လ ၁၇ ရက်၊ ၂၀၁၄ ခုနှစ် သိမ်းဆည်းခံထားရသော လယ်ယာမြေများ၂၀၁၄ခုနှစ် မကုန်မီပြန်လည်ပေးအပ်မှသာ စစ်မှန်သည့် အစိုးရအဖြစ် ယုံကြည်မှုရှိလာမည်ဖြစ်ပြီး၊ ၂၀၁၅ မတိုင်ခင် ပေးရန် ကြန့်ကြာနေပါက တစ်နိုင်ငံလုံးအတိုင်းအတာနှင့် တောင်သူလယ်သမားအ ရေးတော်ပုံကြီးဖြစ်ပွားနိုင်သည်ဟု တောင်သူလယ်သမားအရေး ဆောင်ရွက်သူများက သုံးသပ်ပြောဆိုသည်။ စစ်တပ်က သိမ်းဆည်းလယ်ယာမြေ များ ပြန်လည်စွန့်လွှတ်ပေးရန် နှောင့်နှေး နေခြင်းကြောင့် မန္တလေး တိုင်းအတွင်း ထွန်တုံးတိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည်ဟု တောင်သူလယ်သမားများအရေး စောင့် ကြည့်သုတေသနပြုနေသောအဖွဲ့မှ ဦးကျော်ကျော်မိုးက ပြောသည်။ “ကျွန်တော်တို့အဖွဲ့က စောင့်ကြည့် သုတေသနပြုတဲ့အဖွဲ့ပါ။ တပ်ကစွန့်လွှတနေတဲ့ မြေပမာဏက နည်း နေသေးတယ်။တချို့ပိုလျှံနေတဲ့မြေတွေက ပုဂ္ဂလိကနဲ့ နှစ်ရှည်အကျိုးတူ လုပ်ထားတာတွေဆိုတော့ သူတို့ ဘက်မှာလည်း အခက်အခဲအများ ကြီးရှိတယ်ဆိုတာ နားလည်တယ်။ အခုဖြစ် နေတာတွေက တောင်သူနဲ့ သူတို့ သီးစားချထားတဲ့ သူတွေနဲ့ တိုက်ရိုက်ပြဿနာဖြစ် တာများတယ်။ ဒါကိုလည်းတပ်ပိုင်းက ပြီး ပြတ်အောင်

သမ္မတမှစ၍ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး အဆင့်ပုဂ္ဂိုလ်များ ၀င်ငွေခွန်ပေးဆောင်ရမည်...

သမ္မတမှစ၍ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး အဆင့်ပုဂ္ဂိုလ်များ ၀င်ငွေခွန်ပေးဆောင်ရမည် ------- နိုင်ငံတော်သမ္မတမှစ၍ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အဆင့်ပုဂ္ဂိုလ် များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင်များအား ချီးမြှင့်ငွေများကို ၀င်ငွေခွန်ပေးဆောင်ရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ထောက်ခံထားကြောင်း သတင်းရရှိသည်။ သတင်းအပြည့်အစုံ... http://ift.tt/1qnhyET သမ္မတမှစ၍ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး အဆင့်ပုဂ္ဂိုလ်များ ၀င်ငွေခွန်ပေးဆောင်ရမည် www.7daydaily.com နိုင်ငံတော်သမ္မတမှစ၍ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အဆင့်ပုဂ္ဂိုလ် များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင်များအား ချီးမြှင့်ငွေများကို ၀င်ငွေခွန်ပေးဆောင်ရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ထောက်ခံထား… from 7Day News Journal's Facebook Wall http://ift.tt/1uzLvzg

Mister Global 2014 ဆုရ မာကို နှစ်လကျော်အထိ ဆုကြေးမရသေး ----- ထိုင်းနိုင်ငံတွင်...

Mister Global 2014 ဆုရ မာကို နှစ်လကျော်အထိ ဆုကြေးမရသေး ----- ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သော နိုင်ငံတကာမောင်ပြိုင်ပွဲ Mister Global 2014 တွင် အမြင့်ဆုံးဆု ဆွတ်ခူးရရှိခဲ့သော်လည်း နှစ်လကျော်ကြာသည်အထိ ဆုကြေးငွေ ဒေါ်လာသုံးထောင် ရရှိခြင်း မရှိသေးကြောင်း ဆုရှင် မာကို (ခ) မြတ်သူရလွင်က ပြောသည်။ သတင်းအပြည့်အစုံ.... http://ift.tt/1uzLv2t Mister Global 2014 ဆုရ မာကို နှစ်လကျော်အထိ ဆုကြေးမရသေး www.7daydaily.com ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့ သော နိုင်ငံတကာမောင်ပြိုင်ပွဲ Mister Global 2014 တွင် အမြင့် ဆုံးဆု ဆွတ်ခူးရရှိခဲ့သော်လည်း နှစ်လကျော်ကြာသည်အထိ ဆု ကြေး ငွေဒေါ်လာ သုံးထောင် ရရှိ ခြင်း မရှိသေးကြောင်း ဆုရှင် မာကို (ခ) မြတ်သူရလွင်က ပြော သည်။ from 7Day News Journal's Facebook Wall http://ift.tt/1uzLwU3

ချပ်သင်းဘေးမဲ့တောတွင် ရွှေသမင်များ လျော့နည်းလာ အောင်ကိုဦး| အင်္ဂါနေ့၊ ဇွန်လ ၁၇ ရက...

ချပ်သင်းဘေးမဲ့တောတွင် ရွှေသမင်များ လျော့နည်းလာ အောင်ကိုဦး| အင်္ဂါနေ့၊ ဇွန်လ ၁၇ ရက်၊ ၂၀၁၄ ခုနှစ် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ချပ်သင်းတောရိုင်း တိရစ္ဆာန်သဘာဝဘေးမဲ့ တောတွင် သစ်တောများ ပြုန်းတီးလာသောကြောင့် ရွှေသမင်များ လျော့နည်းလာပြီး မျိုးတုံးပျောက်ကွယ်သွားမည်ကို ဒေသခံများက စိုးရိမ်နေသည်။ အဆိုပါ ဘေးမဲ့တောအတွင်း သစ်ခိုးထုတ်မှုများနှင့် မုဆိုးများ၏ ပစ်ခတ်မှုကြောင့် ရွှေသမင်များ လျော့နည်းလာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ “ရွှေသမင်တွေက မိုးခေါင်တဲ့ ဒဏ်ကို ခံနိုင်တယ်။ သူ့ကျင်ငယ်ရေ ပြန်သောက်ပြီး နေနိုင်တယ်။ ဒါပေမဲ့ သူတို့မှာ နေဖို့နေရာ မရှိတော့ဘူး။ လုံခြုံမှုမရှိတော့ဘူး။ ဒါတွေ ကြောင့် ရွှေသမင်တွေပျောက်ကွယ်လု ဖြစ် နေတာပါ”ဟု အငြိမ်းစားသစ်တောဝန် ထမ်းဟောင်းတစ်ဦးက ပြောသည်။ သစ်တောများပြုန်းတီးမှုဖြစ်ပေါ်လာသောကြောင့် ချပ်သင်းတွင် မိုးရေချိန်များ လျော့နည်းလာပြီး စိုက် ပျိုး ဖြစ်ထွန်းမှုလည်း နည်းသွားသည်။ “ကျွန်တော်တို့ အတတ်နိုင်ဆုံး ထိန်း သိမ်းနေပါတယ်။ မုဆိုးသေနတ်သံကြား တာနဲ့လိုက်တယ်။ ကင်း လှည့်တာတွေလည်း ရှိတယ်။ မုဆိုးကိုမိတာနဲ့ ပုဒ်မ၃၇ နဲ့တရား စွဲတယ်။ ထောင်ချတာတွေ ဘာတွေလုပ် တယ်”ဟု ဦးညွန့်မောင်က ပြော

၂၀၁၄ ကမ္ဘာ့ဖလားတွင် အမြန်ဆုံးဂိုးကို အမေရိကန်မှ ဒမ်ဆေးသွင်းယူ ......................

၂၀၁၄ ကမ္ဘာ့ဖလားတွင် အမြန်ဆုံးဂိုးကို အမေရိကန်မှ ဒမ်ဆေးသွင်းယူ .................................................. ဒမ်ဆေးသွင်းယူသည့်ဂိုးမှာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက်လုံးအတွက်မူ အမြန်ဆုံးဂိုး မဟုတ်ဘဲ ပဉ္စမမြောက် အမြန်ဆုံးဂိုးအဖြစ်သာ သတ်မှတ်ခံရသည်။ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အမြန်ဆုံးဂိုးသွင်းယူ ထားသူမှာ တူရကီတိုက်စစ်မှူး ဟာကန်ဆူကာဖြစ်ပြီး... (သတင်းအပြည့်အစုံကို ဒီနေရာမှာ ၀င်ရောက်ဖတ်ရှုနိုင်ပါပြီ) Mizzima Sport News အားကစားသတင်းမှန်သမျှ.....ဒီမှာ ရနေပြီ....။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1pbpQhl

စက်သုံးဆီအရောင်းဆိုင်နှင့် သိုလှောင်ကန်များ တည်ဆောက်ခွင့်လိုင်စင် လျှောက်ထားမှုနှ...

စက်သုံးဆီအရောင်းဆိုင်နှင့် သိုလှောင်ကန်များ တည်ဆောက်ခွင့်လိုင်စင် လျှောက်ထားမှုနှင့်ပတ်သက်၍ ဖြေလျှော့ပေး -------- စက်သုံးဆီအရောင်းဆိုင်များနှင့် သိုလှောင်ကန်စခန်းများ တည်ဆောက်ခွင့် လိုင်စင်လျှောက် ထားရာတွင် မလိုအပ်သော အ ချက်နှစ်ချက်ကို စွမ်းအင်ဝန်ကြီး ဌာနက စတင်ဖြေလျှော့လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းအပြည့်အစုံ... http://ift.tt/1i4alHc စက်သုံးဆီအရောင်းဆိုင်နှင့် သိုလှောင်ကန်များ တည်ဆောက်ခွင့်လိုင်စင် လျှောက်ထားမှုနှင် www.7daydaily.com စက်သုံးဆီအရောင်းဆိုင် များနှင့် သိုလှောင်ကန်စခန်းများ တည်ဆောက်ခွင့် လိုင်စင်လျှောက် ထားရာတွင် မလိုအပ်သော အ ချက်နှစ်ချက်ကို စွမ်းအင်ဝန်ကြီး ဌာနက စတင်ဖြေလျှော့လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ယခင်က စက်သုံးဆီ အ ရောင်းဆိုင်နှင့် သိုလှောင်ကန် စခန်း တည်ဆောက်ရာတွင် လျှောက်ထားသော လုပ်ငန်းရှင် က တည်ဆောက်… from 7Day News Journal's Facebook Wall http://ift.tt/1i4alHp
မြန်မာ့လေကြောင်း ပြည်တွင်းခရီးစဉ်များတို့ချဲ့ myanmar.mmtimes.com ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့လေကြောင်းမှခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွား လာနိုင်ရန်အတွက် ပြည်တွင်းခရီးစဉ်များတိုးချဲ့ ပျံသန်းခြင်းကို ဇွန်လ၂၂ရက်နေ့တွင်စတင်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ from The Myanmar Times's Facebook Wall http://ift.tt/1n7VGaj

ချီလီနှင့်ပွဲတွင် စပိန်အသင်းကို အပြောင်းအလဲများပြုလုပ်မည်ဟု နည်းပြ ဒယ်လ်ဘော့စကေး...

ချီလီနှင့်ပွဲတွင် စပိန်အသင်းကို အပြောင်းအလဲများပြုလုပ်မည်ဟု နည်းပြ ဒယ်လ်ဘော့စကေးပြော ................................................... "တစ်ချို့နေရာတွေမှာ အပြောင်းအလဲဖြစ်ဖို့ရှိနေပါတယ်။ တစ်ချို့ နေရာတွေမှာ အားကောင်းပေမယ့် တစ်ချို့နေရာတွေကျတော့ ထိရောက်မှုမရှိဘူးဖြစ်နေတယ်။ အပြောင်းအလဲ လုပ်လိုက်တာက ဘယ်သူ့ကိုမှ သတိပေးတာမျိုးဖြစ်စေမှာ မဟုတ်ပါဘူး။ ကစားသမားအားလုံးက အသင်း အတွက် အရေးပါသူတွေချည်းပါပဲ...." (သတင်းအပြည့်အစုံကို ဒီနေရာမှာ ၀င်ရောက်ဖတ်ရှုနိုင်ပါပြီ) Mizzima Sport News အားကစားသတင်းမှန်သမျှ.....ဒီမှာ ရနေပြီ....။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1qZbPCH

လန်ဒန်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဇွန်လ ၁၆ရက် နေ့လည်က သန္တိသုခကျောင်းတိုက်မှ ဖမ...

လန်ဒန်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဇွန်လ ၁၆ရက် နေ့လည်က သန္တိသုခကျောင်းတိုက်မှ ဖမ်းဆီးသွားသည့် လန်ဒန်ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာငါးပါးကို ဖမ်းဆီးသွားသဖြင့် ပြန်လွှတ်ပေးရန် တောင်းဆိုဆန္ဒပြနေစဉ်။ (ဓာတ်ပုံ- အောင်ကြီး) သန္တသုခက သံဃာငါးပါးလွတ်မြောက်ရေး လန်ဒန်ရောက်မြန်မာများဆန္ဒပြ လန်ဒန်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဇွန်လ ၁၆ရက် နေ့လည်က သန္တိသုခကျောင်းတိုက်မှ ဖမ်းဆီးသွားသည့် လန်ဒန်ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာငါးပါးကို ဖမ်းဆီးသွားသဖြင့် ပြန်လွှတ်ပေးရန် တောင်းဆိုဆန္ဒပြနေစဉ်။ (ဓာတ်ပုံ- အောင်ကြီး) from Mizzima - News in Burmese's Facebook Wall http://ift.tt/1qZbRL1

ဦးဥတ္တရနှင့် အခြားသံဃာများလွတ်မြောက်ရေး လန်ဒန်တွင်ဆန္ဒပြ အောင်ကြီး လန်ဒန်၊ မဇ္ဈ...

ဦးဥတ္တရနှင့် အခြားသံဃာများလွတ်မြောက်ရေး လန်ဒန်တွင်ဆန္ဒပြ အောင်ကြီး လန်ဒန်၊ မဇ္ဈိမ။ ။ မဟာသန္တိသုခကျောင်းမှ သံဃာငါးပါးကို လူဝတ်လဲ ဖမ်းဆီးကာ အင်းစိန်ထောင်သို့  ပို့ဆောင်ခံရသည့် လန်ဒန်ဆရာတော် ဦးဥတ္တအပါအဝင် အခြားသံဃာလေးပါး လွတ်မြောက်ရေးအတွက် လန်ဒန်မြို့ ရှိ မြန်မာသံရုံးရှေ့တွင် ဇွန်လ ၁၆ရက် ယူကေစံတော်ချိန် နေ့ လည်၁၂နာရီမှ ၂နာရီအထိ တောင်းဆို ဆန္ဒပြခဲ့သည်။ ဆန္ဒပြပွဲကို ကမကထ ဦးဆောင်ပြုလုပ်ခဲ့သူ လန်ဒန်ဆရာတော် ဦးဥတ္တရ၏ တကာရင်းဒေါက်ဝင်းထွန်းက မြန်မာကွန်မြူနတီနဲ့ သာသနာကောင်းကျိုးတွေ ဖြစ်အောင် ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ကြိုးစားပြုလုပ်နေတဲ့ ဦးဥတ္တရလို ဘုန်းကြီးမျိုးကို ရာဇဝတ်သားလို ဆက်ဆံပြီး ထောင်ထဲကို ပို့လိုက်တာ ကတော့ တော်တော်ရုပ်ဆိုးတဲ့လုပ်ရပ်ပါ။ ဆရာတော်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့  မြန်မာအစိုးရဆီ တရားဝင်စာပို့ တောင်းဆိုထားပါတယ်။ ဗြိတိန်အစိုးရဘက်ကိုလည်း အတတ်နိုင်ဆုံး အကူအညီတောင်းထားပြီးပါပြီ" ဟုပြောကြားခဲ့သည်။ ယင်းဆန္ဒပြပွဲသို့  ယူကေရောက် မြန်မာ၁၅၀ခန့် ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဆန္ဒပြပွဲ တက်ရောက်သူအားလုံးက ဖမ်းဆီးခံ သံဃာတော်များ လွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုးခဲ့ကြပြီး လက်မှတ်ရေးထိုးထားသည့် စာရ

ရေနွေးငွေ့စက်ခေါင်း ရထားပြေးဆွဲခွင့်တင်ဒါ ဇူလိုင်တွင် ကြေညာမည် ------- ရေနွေးငွေ...

ရေနွေးငွေ့စက်ခေါင်း ရထားပြေးဆွဲခွင့်တင်ဒါ ဇူလိုင်တွင် ကြေညာမည် ------- ရေနွေးငွေ့စက်ခေါင်း ရထားပြေးဆွဲရန် လာရောက် လျှောက်ထားသည့် ပြည်တွင်းခရီး သွား ကုမ္ပဏီသုံးခုကို ဇူလိုင်လ အတွင်း တင်ဒါကြေညာပေးမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။ သတင်းအပြည့်အစုံ... http://ift.tt/1ozel5s ရေနွေးငွေ့စက်ခေါင်း ရထားပြေးဆွဲခွင့်တင်ဒါ ဇူလိုင်တွင် ကြေညာမည် www.7daydaily.com ရေနွေးငွေ့စက်ခေါင်း ရထားပြေးဆွဲရန် လာရောက် လျှောက်ထားသည့် ပြည်တွင်းခရီး သွား ကုမ္ပဏီသုံးခုကို ဇူလိုင်လ အတွင်း တင်ဒါကြေညာပေးမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။ နိုင်ငံခြားသားများအတွက် သီးသန့်စီစဉ်ထားသော ရေနွေး ငွေ့စက်ခေါင်းရထားပြေးဆွဲရန် မြန်မာ့မီးရထားက စီစဉ်ဆောင် ရွက်နေပြီး လုပ်ငန်းလုပ်ကို… from 7Day News Journal's Facebook Wall http://ift.tt/1qZahZr

လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွင်းရာတွင် ဖော့စ်ဖရပ်ပါသော ဗုံးသုံးခြင်း အစိုးရမ...

လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွင်းရာတွင် ဖော့စ်ဖရပ်ပါသော ဗုံးသုံးခြင်း အစိုးရမတောင်းပန်၍ နိုင်ငံတကာတရားရုံးသို့ တင်ပြမည် ------- ‘‘ဖြစ်ခဲ့တာ တစ်နှစ်ကျော် ၂ နှစ်ထဲ ရောက်နေပြီး အစိုးရက အ ခုချိန်ထိ ဘာမှလုပ်ပေးတာ မရှိ ဘူး။ အဲဒီကိစ္စတွေအတွက် အ ရေးယူပေးဖို့ နိုင်ငံတကာအဆင့် အထိတင်ဖို့ ပြင်ဆင်နေပါတယ်။ JT က ဒီကိစ္စကို ပူးပေါင်းဆောင် ရွက်ပေးမှာပါ။ JT က ရှယ်ရွန် ကုမ္ပဏီကိုတောင် တရားစွဲခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်’’ ဟု ရှေ့နေ များကွန်ရက် တွဲဖက်အတွင်းရေး မှူး ဦးသိန်းသန်းဦးက ပြောသည်။ သတင်းအပြည့်အစုံ... http://ift.tt/1ozejdZ လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွင်းရာတွင် ဖော့စ်ဖရပ်ပါသော ဗုံးသုံးခြင်း အစိုးရမတေ� www.7daydaily.com ‘‘ဖြစ်ခဲ့တာ တစ်နှစ်ကျော် ၂ နှစ်ထဲ ရောက်နေပြီး အစိုးရက အ ခုချိန်ထိ ဘာမှလုပ်ပေးတာ မရှိ ဘူး။ အဲဒီကိစ္စတွေအတွက် အ ရေးယူပေးဖို့ နိုင်ငံတကာအဆင့် အထိတင်ဖို့ ပြင်ဆင်နေပါတယ်။ JT က ဒီကိစ္စကို ပူးပေါင်းဆောင် ရွက်ပေးမှာပါ။ JT က ရှယ်ရွန် ကုမ္ပဏီကိုတောင် တရားစွဲခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်’’ ဟု ရှေ့နေ များကွန်ရက် တွဲဖက်အတ… from 7Day News Journal's Facebook Wall http://ift.tt/1qZahsv

e-Government စနစ် ပိုကောင်းရန် ဆောင်ရွက်မည်ဟုဆို ရန်ကုန်၊ ဇွန် ၁၆ အစိုးရနှင့်...

e-Government စနစ် ပိုကောင်းရန် ဆောင်ရွက်မည်ဟုဆို ရန်ကုန်၊ ဇွန် ၁၆ အစိုးရနှင့် ပြည်သူအကြား ဆက်သွယ်မှု ပိုမိုမြန်ဆန် ထိရောက်စေသည့် e-Government စနစ်ကို ပြည်သူများ ပိုမိုကောင်းမွန်စွာ သုံးစွဲနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။ နေပြည်တော်ရှိ အစိုးရဌာနများတွင် e-Government စနစ်ကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန် မြန်နှုန်းမြင့် ဖိုက်ဘာကေဘယ်လ်များနှင့် ဆက်သွယ်ရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများ ဝယ်ယူမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။ “နေပြည်တော်က အစိုးရရုံးတွေအတွက် လိုအပ်တာတွေကို တင်ဒါခေါ်ထားတယ်။ သမ္မတ ကိုယ်တိုင်ကလည်း e-Government ပိုကောင်းလာအောင် လုပ်ဖို့ ညွှန်ကြားထားတယ်။ ရေရှည်မှာ ထိရောက်တဲ့ e-Government စနစ်က လိုတယ်လေ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံ၏ e-Government စနစ် ပိုမိုကောင်းမွန် ထိရောက်စွာ သုံးစွဲနိုင်စေရန် စီမံကိန်းရေးဆွဲ ဆောင်ရွက်ရန် တိုက်တွန်းထားပြီး လပေါင်း ၂၀ အတွင်း အပြီးသတ် ဆောင်ရွက်ရန် အစိုးရ

" ဒါလေး တစ်ခုတော့စဉ်းစားသင့်ပါတယ် ဆရာကြီးတို့ရယ် " ယနေ့ ပညာရေး လောကတွင် စနစ်ဟော...

" ဒါလေး တစ်ခုတော့စဉ်းစားသင့်ပါတယ် ဆရာကြီးတို့ရယ် " ယနေ့ ပညာရေး လောကတွင် စနစ်ဟောင်း၊ စနစ် သစ် ပြုပြင်ပြောင်း လဲ ရေးအတွက် ဆွေးနွေးမှု၊ အကြံပေးမှု၊ အားပြိုင်မှု များကို သတင်းစာ၊ ဂျာနယ် များတွင်တွေ့ ရှိရပါသည်။ နက်ရှိုင်းကျယ် ပြန့်သော ပညာရေးစနစ်ကို စုံစုံလင်လင် နားလည်မှု မရှိသော်လည်း ယနေ့ အခြေ ခံပညာရေး အဆင့်တွင် ပြဿနာတစ်ခု ကို စဉ်းစား လာခဲ့မိပါသည်။ ပညာရေး၏ ဝှက်ဖဲ တစ်ချပ်အဖြစ်ကို တွေ့ရပြီး ဤ ဆောင်းပါးကို စဉ်းစားရေးသားမိပါသည်။ ‘ပုခက်လွှဲသော လက်သည် ကမ္ဘာ ကို စိုးမိုး၏”ဟု အဆို ရှိပါသည်။ မိခင် ကောင်းတို့၏ သားချော့သံ၊ ယုယသံ၊ ဆိုဆုံးမသံ တို့ကိုကြားရ၍ သားသမီး ရတနာ များသည် ထူးချွန် ထက်မြက်လာ ကြသည်။ ကမ္ဘာတွင် ထင်ရှားသူ၊ ထူးချွန် သူများသည် မိခင်ကောင်း တို့၏ ကျွမ်း ကျင်လိမ္မာသော လမ်းညွှန်မှု တို့ကြောင့် ပင်ဖြစ်ပါသည်။ ”ပုဗ္ဗာ စရိယမိနှင့်ဖ”ဆို သကဲ့သို့ ရှေးဦးစွာ မိနှင့်ဖ၏ ဆိုဆုံးမမှု ကြောင့် လူမွန်လူချွန်များ....... အပြည့်အစုံသို့ ► http://ift.tt/U51VVk from Popular Myanmar News Journal's Facebook Wall http://ift.tt/SPnJ67
ဒုတိယအကြိမ်မြောက် လူငယ်နှင့်ငြိမ်းချမ်းရေးဖိုရမ်ကို မုံရွာတွင်ကျင်းပ myanmar.mmtimes.com ဒုတိယအကြိမ်မြောက် လူငယ်နှင့်ငြိမ်းချမ်းရေးဖိုရမ်ကို မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင် ရေး လုပ်ငန်းဗဟိုဌာနမှကြီးမှူး၍ ဇွန်လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ မုံရွာမြို့ မြစန္ဒာခန်းမ၌ ကျင်းပခဲ့ကြောင်း ကြေးမုံသတင်းစာက ဇွန်လ ၁၆ ရက်နေ့တွင် ဖော်ပြခဲ့သည်။ from The Myanmar Times's Facebook Wall http://ift.tt/1luoHBE

မွန်ပြည်သူ့ဖိုရမ် သုံးရက်ကြာ ကျင်းပမည် ရန်ကုန်၊ ဇွန် ၁၆ မွန်ပြည်နယ်အစိုးရ၊ ပြည...

မွန်ပြည်သူ့ဖိုရမ် သုံးရက်ကြာ ကျင်းပမည် ရန်ကုန်၊ ဇွန် ၁၆ မွန်ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်နယ်အခြေစိုက် အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်များ ပါဝင်မည့် မွန်ပြည်သူ့ဖိုရမ်ကို မော်လမြိုင်မြို့၌ ဇွန်လ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း အဆိုပါဖိုရမ် ဦးဆောင်စီစဉ်သူ တစ်ဦးဖြစ်သည့် ဦးကျော်လင်းဦးက ပြောဆိုသည်။ မြန်မာပြည်သူ့ဖိုရမ် (MPF) က ဦးဆောင် ကျင်းပသည့် အဆိုပါ မွန်ပြည်သူ့ဖိုရမ်တွင် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေး ဆွေးနွေးသွားမည် ဖြစ်ပြီး အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ဦးရေ ၁၀၀ ခန့် ပါဝင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။ “ဖိုရမ်မှာ ဆွေးနွေးအကြံပြုချက်တွေ စုစည်းပြီးရင် မွန်ပြည်နယ်အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဆီ ပေးပို့မှာပါ” ဟု ၎င်းက ရှင်းပြသည်။ ပထမဆုံးအကြိမ် ပြုလုပ်မည့် အဆိုပါ မွန်ပြည်သူ့ဖိုရမ်တွင် ပထမ နှစ်ရက်၌ လူထုအခြေပြု အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်ဆွေးနွေးမည် ဖြစ်ပြီး ဖိုရမ်နောက်ဆုံးနေ့ ဖြစ်သော ဇွန်လ ၂၆ ရက်နေ့တွင် မွန်ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်မ

အမျိုးစောင့်ဥပဒေအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြော အောင်ကိုဦး| တနင်္လာနေ့၊ ဇွ...

အမျိုးစောင့်ဥပဒေအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြော အောင်ကိုဦး| တနင်္လာနေ့၊ ဇွန်လ ၁၆ ရက်၊ ၂၀၁၄ ခုနှစ် မန္တလေးမြို့တွင် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်)မှ ဦးဆောင်၍ အမျိုးစောင့်ဥပဒေအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ဇွန်လ၁၂ရက်၊ မွန်းလွဲ ၁ နာရီတွင် သာသနာ ၂၅၀၀ပြည့် ဗိမာန်တော်ကြီးတွင် ပြုလုပ်သည်။ “အူရီဒူးကုမ္ပဏီက ကုလားပိုင်ပါ။ အဲဒီကထွက်တဲ့ပစ္စည်းကို အသုံးမပြုဖို့ ကန့်ကွက်နေတာကလည်း မျိုးစောင့်ဥပဒေရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ အလုပ်ခေါ်နေတယ် လျှောက်စရာမလိုပါဘူး။ ပစ္စည်းဈေးချိုတာကို စိတ်မလွယ်လိုက်ပါနဲ့ တယ်လီနောက ထုတ်နေတဲ့ပစ္စည်းကိုသာ ၀ယ်သုံးသင့်တယ်”ဟု မောင်သွေးချွန်က ဟောပြောပွဲတွင် ပြောသည်။ ထို့အပြင် အမျိုးစောင့်ဥပဒေကို ကန့်ကွက်နေသော အဖွဲ့များသည် နှစ်ယောက်သုံးယောက်ဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံက ထောက်ပံ့မှုကို ယူ၍ ဘုန်းကြီးမကောင်းကြောင်း ပြောနေသော အဖွဲ့များဖြစ်သည်။ ထို့ကြောင့် အထက်မြန်မာပြည် မဘသမှ အမျိုးသားသစ္စာဖောက်ဟု စွပ်စွဲသည်မှာ နည်းသေးကြောင်း ပြောကြားသည်။ ဆက်လက်၍ စာရေးဆရာ မောင်သွေးချွန်မှ မျိုးစောင့်ဥပဒေနှင့်ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီက ဘာတစ်ခုမျှလုပ်ပေးခဲ့သည် မရှိကြော

နိုင်ငံရေးသမားအချို့သည် အတ္တကြီးသူများနှင့် နိုင်ငံရေးခံယူချက်မရှိဘဲ ပါတီထောင်သူမ...

နိုင်ငံရေးသမားအချို့သည် အတ္တကြီးသူများနှင့် နိုင်ငံရေးခံယူချက်မရှိဘဲ ပါတီထောင်သူများဖြစ်ဟု ဦးဝီရသူ မိန့်ကြား မျိုးသန့်| တနင်္လာနေ့၊ ဇွန်လ ၁၆ ရက်၊ ၂၀၁၄ ခုနှစ် နိုင်ငံရေးလုပ်ငန်း လုပ်ဆောင်သူများဖြစ်သည့် နိုင်ငံရေးသမားအချို့သည် အတ္တကြီးသူများဖြစ်ပြီး ခံယူချက် မရှိဘဲ ပါတီထောင်ထားသူများလည်းရှိနေကြောင်း မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဆရာတော်ဝီရသူ မိန့်ကြားခဲ့သည်။ ဇွန်လ၁၄ရက်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ နိုင်လွန်ခန်းမတွင် ကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ၏ ဗဟိုဦးစီးညီလာခံတွင် ဆရာတော်က ၎င်း၏ ထောင်သက် (၈) နှစ် သုံးလ အတွေ့အကြုံများမှနေ၍သိရှိခဲ့ရသည်များကို ပြန်လည်မိန့်ကြားခဲ့ခြင်း ဖြစ်သည်။ “နိုင်ငံရေးသမားတွေဟာ အတ္တအင်မတန်ကြီးတယ်ဆိုတာ တွေ့ရပါတယ်။ အတ္တထိပါးလာရင် ကျပ်မပြည့်တဲ့သူ စိတ်မနှံ့တဲ့သူတွေနဲ့ ပြန်လည်သတ်ပုတ်တာတွေ တွေ့ရပါတယ်။ အဲဒါက ဘာလဲဆိုရင်တော့ ခံယူချက်မဲ့တဲ့ နိုင်ငံရေးသမားဖြစ်တယ်။ ခံယူချက်ရှိတဲ့ နိုင်ငံရေးသမားဆိုတာက ဘာလဲဆိုတော့ လူသာအသေခံမယ် နာမည်အသေခံမယ်၊ မုန်းတဲ့သူကိုလည်း ပြန်လည်သင့်မြတ်အောင် ပေါင်းသင်းဆက်ဆံပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။ ပါတီထောင်သ

ဖိတ်ကြားချက်အရ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်သုံးဦး တရုတ်သွားမည် ကေဇူး ရန်ကု...

ဖိတ်ကြားချက်အရ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်သုံးဦး တရုတ်သွားမည် ကေဇူး ရန်ကုန်၊ မဇ္ဈိမ။ ။ တရုတ်ပြည်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားမှုကြောင့် ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များ တရုတ်နိုင်ငံသို့ သွားရောက်မည် ဟု ရခိုင်အမျိုးသားပါတီ ပထမခေါင်းဆောင် ဦးအေးသာအောင်က ဇွန် ၁၆ရက်တွင် မဇ္ဈိမကိုပြောသည်။ တရုတ် ကွန်မြူနစ်ပါတီက ယင်းပါတီ၏ ဖွဲ့စည်းပုံ နှင့် သဘောထားများကို ရှင်းလင်းခြင်း၊ တိုင်းရင်းသားလူမျိုးများအပေါ် ထားရှိသော သဘောထားများကို ရှင်းလင်းရန် စီစဉ်ထားမှုများ ဖိတ်ကြားစာတွင် ပါဝင်သည်ဟု ဦးအေးသာအောင်ကပြောသည်။ “ပြောခွင့်ရမယ်ဆိုရင်တော့ မြန်မာ နိုင်ငံမှာရှိတဲ့ တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်သူလူထုတွေရဲ့ အခြေအနေတွေကို ကွန်မြူနစ် ပါတီကမှတစ်ဆင့် တရုတ်အစိုးရကို တင်ပြဖို့ရှိတယ်" ဟု ဦးအေးသာအောင်က ဆိုသည်။ တရုတ် ကွန်မြူနစ်ပါတီနှင့်တွေ့ဆုံရန် ရခိုင်အမျိုးသားပါတီ ANPမှ ဦးအေးသာအောင်၊ ဦးကျော်မြင့် နှင့် ဦးဦးလှစောတို့ သွားရောက်ကြမည် ဖြစ်သည်။ ဇွန် ၁၆ ရက်က စတင်ထွက်ခွာမည့် ခရီးစဉ်သည် ဇွန် ၂၅ ရက်အထိ ၁၀ ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး တရုတ်နိုင်ငံ ကူမင်းမြို့နှင့် ပီကင်းမြို့ကို သွားရောက်ရန် ဖိတ်စာတွင် ဖေ

မန္တလေး အဝေးသင်တက္ကသိုလ် စာစဉ်မေးခွန်းနှင့် အေဖြေလွှာများ ပုံနှိပ်စက် အခက်အခဲကြောင့...

မန္တလေး အဝေးသင်တက္ကသိုလ် စာစဉ်မေးခွန်းနှင့် အေဖြေလွှာများ ပုံနှိပ်စက် အခက်အခဲကြောင့် ယခုထိ ထုတ်မပေးသေး ---- မန္တလေး အဝေးသင်တက္ကသိုလ်တွင် ၂၀၁၄ ပညာသင်နှစ်အတွက် ဘာသာရပ်အလိုက် စာစဉ်မေးခွန်းများနှင့် အဖြေလွှာစာအုပ် (Assignment စာအုပ်) များ ထုတ်ပေးနိုင်ခြင်း မရှိသဖြင့် ကျောင်းသား၊ ကျောင်းသူများ အခက်တွေ့နေကြောင်း သတင်းရရှိသည်။ သတင်းအပြည့်အစုံ.... http://ift.tt/1uxbqI4 မန္တလေး အဝေးသင်တက္ကသိုလ် စာစဉ်မေးခွန်းနှင့် အေဖြေလွှာများ ပုံနှိပ်စက် အခက်အခဲကြောင့် ယခ www.7daydaily.com မန္တလေး အဝေးသင်တက္ကသိုလ်တွင် ၂၀၁၄ ပညာသင်နှစ်အတွက် ဘာသာရပ်အလိုက် စာစဉ်မေးခွန်းများနှင့် အဖြေလွှာစာအုပ် (Assignment စာအုပ်) များ ထုတ်ပေးနိုင်ခြင်း မရှိသဖြင့် ကျောင်းသား၊ ကျောင်းသူများ အခက်တွေ့နေကြောင်း သတင်းရရှိသည်။ from 7Day News Journal's Facebook Wall http://ift.tt/1uxbpni

ပရိုဘောက်စ်များ စက်ဖုံးဖွင့် မောင်းနေခြင်း အရေးယူမည်မဟုတ်ဟုဆို ---------- ပရိုဘေ...

ပရိုဘောက်စ်များ စက်ဖုံးဖွင့် မောင်းနေခြင်း အရေးယူမည်မဟုတ်ဟုဆို ---------- ပရိုဘောက်စ်ယာဉ် အများစု အင်ဂျင်အဖုံးဖွင့် မောင်းနှင်နေခြင်းကို အရေးယူမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ သတင်းအပြည့်အစုံ.... http://ift.tt/1uxbp6W ပရိုဘောက်စ်များ စက်ဖုံးဖွင့် မောင်းနေခြင်း အရေးယူမည်မဟုတ်ဟုဆို www.7daydaily.com ပရိုဘောက်စ်ယာဉ် အများစု အင်ဂျင်အဖုံးဖွင့် မောင်းနှင်နေခြင်းကို အရေးယူမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ from 7Day News Journal's Facebook Wall http://ift.tt/1uxbqHX

http://ift.tt/1qTG9yO ကာတွန်းများ ဖတ်ရန်

http://ift.tt/1qTG9yO ကာတွန်းများ ဖတ်ရန် from 7Day News Journal's Facebook Wall http://ift.tt/1qjKayQ