Skip to main content

Posts

Showing posts from November 18, 2014

စစ်တွေနည်းပညာ တက္ကသိုလ်မှ ကျောင်းသား တစ်ဦး စာမေးပွဲကျ၍ ကြိုးဆွဲချသေဆုံး

ရခိုင်ပြည်နယ် စစ်တွေမြို့ နည်းပညာ တက္ကသိုလ်မှ ကျောင်းသား တစ်ဦးသည် ဒုတိယနှစ် စာမေးပွဲကျရာမှ ကြိုးဆွဲချ သေဆုံးသွားကြောင်း သိရသည်။ သေဆုံးသွားသူမှာ ဘူးသီးတောင်မြို့နယ် ကျိန်ကျောင်ကျေးရွာမှ (ဘ) ဦးမောင်ဦးသာနှင့် (မိ) ဒေါ်မညီးတို့၏သား ညီညီဇံ (၂၀) နှစ်ဖြစ်ကြောင်း သူ၏ ဆွေမျိုးများက ပြောကြားသည်။ နည်းပညာတက္ကသိုလ် (စစ်တွေ)မှ ဒုတိယနှစ် ကျောင်းသားများ၏ စာမေးပွဲ အောင်စာရင်းကို နိုဝင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်ရာ သူ့မှာ စာမေးပွဲကျသဖြင့် မိဘများက ဆူပူရာမှ ကျိန်ကျောင်ကျေးရွာရှိ ၎င်း၏ နေအိမ်တွင် ယင်းနေ့ ညနေ (၇) နာရီခန့်တွင် ကြိုးဆွဲချ သေဆုံးသွားခြင်းဖြစ်ကြောင်း ပြောဆိုသည်။ ညီညီဇံ၏ မိဘများမှာ လယ်သမားများ ဖြစ်ကြပြီး ၎င်းကျိန်ကျောင်ကျေးရွာမှာ ဘူးသီးတောင်မြို့နယ် တောင်ဘက်ပိုင်းမှ လူသိများသော ညောင်ချောင်းကျေးရွာ အနီးတွင် တည်ရှိကြောင်း သိရသည်။ (နိရဉ္စရာ- ၁၈ နိုဝင်ဘာ ၂၀၁၄) http://ift.tt/1yRobjC from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1yRo8ED

အိုင်ဗရီကို့စ်ဆန္ဒပြစစ်သားများအား စစ်တန်းလျားသို့ပြန်လာကြရန် ကာကွယ်ရေးဝန်ကြီးတောင်းဆို

အိုင်ဗရီကို့စ် ကာကွယ်ရေးဝန်ကြီး ပေါလ်ကော့ဖီက မြို့နှစ်မြို့၌ ဆန္ဒပြနေကြသည့် စစ်သားများအား စစ်တန်းလျားများသို့ ပြန်လာကြ ရန် တောင်းဆို လိုက်ကြောင်း သိရသည်။ စစ်သားများသည် အရေးပါသော မြို့တစ်မြို့ဖြစ်သည့် အဘစ်ဂျန်မြို့ နှင့် ဒုတိယ အရေးပါဆုံး မြို့ဖြစ်သည့် ဘူယာခီမြို့တို့တွင် လမ်းမကြီးများကို ပိတ်ဆို့ကာ ၎င်းတို့မရရှိသေးသည့် ခံစားခွင့်များကို တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ စစ်သားများ၏ တောင်းဆိုချက်များကို ဖြည့်ဆည်း ပေးသွားမည် ဖြစ်ကြောင်းနှင့် ၎င်းတို့၏ ခံစားချက်များကို နားလည်ပါကြောင်း မစ္စတာကော့ဖီက ဆိုထားသည်။ လက်ရှိဆန္ဒပြပွဲသည် အိုင်ဗရီကို့စ်တွင် ပြည်တွင်းစစ်အဆုံးသတ်ခဲ့သည့် ၂၀၁၁ ခုနှစ်မှစတင်၍ စစ်သားများပါဝင် သော အကြီးဆုံး ဆန္ဒပြပွဲကြီး ဖြစ်ကြောင်း သိရသည်။ ဘူယာခီမြို့သည် အိုင်ဗရီကို့စ်သမ္မတ၏ အဓိက ခြေကုပ် စခန်းကဲ့သို့ဖြစ်နေသည့်မြို့ဖြစ်သည်။ စစ်သားများသည် ရေဒီယိုအသံလွှင့်ဌာနနှင့် ရုပ်သံအဆောက်အအုံများကို သိမ်းပိုက်ခဲ့ကြ ကြောင်း မျက်မြင်သက်သေတစ်ဦးက ဆိုသည်။ အိုင်ဗရီကို့စ်သမ္မတက ၎င်းအနေဖြင့် ဆန္ဒပြစစ်သားများနှင့်ဆွေးနွေးကာ တိကျရေရာသည့်အဖြေကို ရှာဖွေသွားမည်ဖြစ်ကြောင်း အစိုးရရုပ်သံမှတစ်ဆင့် ကတိပြုပြောဆိုထားသည်။ ထို့ပြင်

မြောက်ကိုရီးယား ICC ခုံရုံးတင်ရေး ကြိုးပမ်းဖို့အဆို ကုလအတည်ပြု

လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် မြောက်ကိုရီးယားနိုင်ငံကို ICC လို့ခေါ်တဲ့ နိုင်ငံတကာခုံရုံး တင်သင့် မတင့်သင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ စဉ်းစားဆုံးဖြတ်ပေးဖို့ တောင်းဆိုချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက မဲခွဲအတည်ပြုလိုက်ပါတယ်။ ဥပဒေတခုလို မဖြစ်မနေ လိုက်နာစရာမလိုတဲ့ ဆုံးဖြတ်ချက်ကို ဂျပန်နိုင်ငံနဲ့ EU ဥရောပသမဂ္ဂတို့က မူကြမ်းရေးဆွဲခဲ့တာဖြစ်ပြီး အင်္ဂါနေ့မှာ တခဲနက် အတည်ပြုခဲ့ကြတာပါ။ အဲဒီဆုံးဖြတ်ချက်မူကြမ်းကို ဖေဖော်ဝါရီလမှာ ပြုစုခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာအပေါ် အခြေခံ ရေးဆွဲထားတာဖြစ်ပြီး ဒီအစီရင်ခံစာထဲမှာ မြောက်ကိုရီးယားနိုင်ငံအတွင်း ဆယ်စုနှစ်နဲ့ ချီပြီးတော့ ဖြစ်နေခဲ့တဲ့ သွေးအေးတဲ့ သတ်ဖြတ်မှုတွေ အပါအ၀င် ညှဉ်းပန်းနှိပ်စက်တာ၊ အဓမ္မပြုကျင့်တာ အစုလိုက် အပြုံလိုက် အစာငတ်ထားတဲ့ အမှုတွေကို ဖော်ပြထားပါတယ်။ ဒီလိုကျူးလွန်မှုတွေကြောင့် မြောက်ကိုရီးယားနိုင်ငံကို ICC ရာဇ၀တ်တရားရုံး ပို့သင့်တယ်ဆိုပြီးတော့ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာက တောင်းဆိုထားတာပါ။ မြောက်ကိုရီးယားနိုင်ငံကတော့ ဒါကို ထပ်ခါတလဲလဲ ငြင်းဆိုထားပြီး အမေရိကန် ပြည်ထောင်စုနဲ့ သူ့ရဲ့ မဟာမိတ်တွေဟာ

ဂျူးဘုရားကျောင်းတိုက်ခိုက်မှု သေဆုံးသူ ၅ ဦးရှိပြီ

အစ္စရေးလ်နိုင်ငံ ဂျေရုဆလင်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှု အတွင်း ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တဦး ထပ်မံ သေဆုံးသွားတဲ့ အတွက် သေဆုံးသူ အရေအတွက် စုစုပေါင်း ၅ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ အသားခုတ်တဲ့ ဓားမတချောင်း အပါအ၀င် ဓားတွေနဲ့ သေနတ်တလက် ကိုင်ဆောင်ထားတဲ့ ပါလက်စတိုင်းလူမျိုး နှစ်ယောက်ဟာ ဂျေရုဆလင်မြို့မှာရှိတဲ့ ဂျူးဘုရားရှစ်ခိုးကျောင်း တခုအတွင်းကို အင်္ဂါနေ့ မနက်ပိုင်းက ၀င်ရောက် တိုက်ခိုက်တာပါ။ နောက်ပိုင်းမှာ တိုက်ခိုက်သူတွေကို ရဲက ပစ်သတ်လိုက်ပါတယ်။ ဂျေရုဆလင်မှာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး သွေးစွန်းတဲ့ တိုက်ခိုက်မှုဖြစ်ပြီး အခင်းဖြစ်ပွားတဲ့ နေရာဟာ အနောက်နိုင်ငံတွေကနေ ပြောင်းရွှေ့လာကြတဲ့ ရှေးရိုးစွဲ ဂျူးဘာသာဝင်တွေ နေထိုင်ကြတဲ့ ရပ်ကွက်လည်း ဖြစ်ပါတယ်။ သေဆုံးတဲ့ အရပ်သားတွေဟာ အစ္စရေးလ်လူးမျိုးတွေဖြစ်ပြီး၊ နိုင်ငံနှစ်ခုရဲ့ နိုင်ငံသားတွေအဖြစ် ခံယူထားကြသူတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သုံးယောက်ဟာ အမေရိကန်နိုင်ငံသား ခံယူထားကြသူတွေဖြစ်ပြီး တဦးကတော့ ဗြိတိသျှနိုင်ငံသား ဖြစ်ပါတယ်။ သူတို့ဟာ ဂျူးဘာသာရေး တရားဟောဆရာတွေ ဖြစ်ကြတယ်လို့ အစ္စရေးလ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။ တိုက်ခိုက်မှု

တိုက်ခိုက်မှုကို ပြင်းထန်စွာ တုန့်ပြန်မယ်လို့ အစ္စရေးဆို

ဂျေရုဆလင်မြို့မှာ ​သေနတ်နဲ့ ​ဓားမတွေကို ​ကိုင်ဆောင်တဲ့ ​ပါလစ္စတိုင်းသား ​နှစ်ဦးက ​ဂျူးလူမျိုး ​ဘုရား ​ဝတ်ပြုသူတွေကို ​သတ်ဖြတ်ခဲ့ပြီးနောက် ​ပြင်းထန်စွာ ​တုန့်ပြန်မယ်လို့ ​အစ္စရေး ​ဝန်ကြီးချုပ်က ​ပြောလိုက်ပါတယ်။ အစ္စရေး ​ဝန်ကြီးချုပ် ​Benjamin ​Netanyahu ​က ​ဟားမတ်အဖွဲ့နဲ့ ​ပါလစ္စတိုင်းသမ္မတတို့က ​ဂျေရုဆလင်မှာ ​အကြမ်းဖက်မှုတွေ ​ဖြစ်ပေါ်အောင် ​လုပ်ဆောင်တယ်လို့ ​စွပ်စွဲလိုက်ပါတယ်။ အဲဒီအပေါ် ​ပြင်းထန်စွာ ​တုန့်ပြန်သွားမယ်လို့လည်း ​အစ္စရေး ​ဝန်ကြီးချုပ်က ​ပြောပါတယ်။ ပါလစ္စတိုင်းသမ္မတကတော့ ​ဒီအကြမ်းဖက်မှုကို ​သူကလည်း ​ရှုံ့ချတယ်လို့ ​ပြောသွားခဲ့ပါတယ်။ အမေရိကန်ကလည်း ​ဒီလုပ်ရပ်ဟာ ​အကြမ်းဖက်တဲ့ ​လုပ်ရပ်ဖြစ်တယ်လို့ ​ပြောဆိုပြီး ​ရှုံ့ချခဲ့ပါတယ်။ ပါလစ္စတိုင်း ​နှစ်ဦးရဲ့ ​လက်ချက်ကြောင့် ​ဂျူးဘာသာရေး ​ခေါင်းဆောင် ​၄ ​ဦးသေဆုံးပြီး ​တခြား ​လူ ​၈ ​ယောက်လည်း ​ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူ ​၃ ​ယောက်ကတော့ ​အမေရိကန်နဲ့ ​အစ္စရေးနိုင်ငံသား ​ခံယူထားတဲ့ ​ဘာသာရေး ​ခေါင်းဆောင်တွေဖြစ်ပြီး ​ကျန်တစ်ယောက်ကတော့ ​ဗြိတိန်နဲ့ ​အစ္စရေးနိုင်ငံသား ​ခံယူထားသူ ​ဖြစ်တယ်လို့ ​သိရပါတယ်။ ABC Radio Australia http://ift.tt/1uGxYdx သေဆုံးသွား

ဂျေရုဆလမ် တိုက်ခိုက်မှု အပေါ်တုံ့ပြန်သံ

မနေ့ က ဂျေရူဆလမ်မြို့ က ဂျူးဝတ်ပြုကျောင်း ကို ပါလက်စတိုင်း လူငယ်နှစ်ဦး တိုက်ခိုက်မှုကြောင့် လေးဦး သေဆုံးပြီး လူတချို့ ဒဏ်ရာရတဲ့ ဖြစ်ရပ် ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က ပြစ်တင် ရှုံ့ချတဲ့သတင်း ကို ဘီဘီစီ သတင်းထောက် နာဒါတောဖစ် က ပေးပို့ လိုက်ပါတယ်။ သေဆုံး ဒဏ်ရသူတွေ ရဲ့ မိသားစု ဝင်တွေ ကိုလည်း ဝမ်းနည်းစကား ပါးလိုက်ပါတယ်။ တဆက်ထဲမှာဘဲ နှစ်ဘက် နိုင်ငံရေး ခေါင်းဆောင်တွေ အနေနဲ့ ဂျေရူဆလမ်မြို့ မှာ တင်းမာမှု အရှိန် လျော့အောင် လုပ်ဆောင်ဖို့ လည်း မစ္စတာ ဘန်ကီမွန်း က တိုက်တွန်းလိုက်ပါတယ်။ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ် က ဒီတိုက်ခိုက်မှု အပေါ် ပြစ်တင်ဝေဖန်တဲ့ အပေါ်မှာ လည်း မစ္စတာ ဘန်ကီမွန်း က ကြိုဆိုလိုက်ပါတယ်။ အမေရိကန် သမ္မတ အိုဘားမား ကလည်း သေဆုံးသူလေးဦး အနက် သုံးဦး ဟာ အမေရိကန် နိုင်ငံသားတွေ ဖြစ်လို့ အစ္စရေး အတွက်ရော အမေရိကန် နိုင်ငံ အတွက်ပါ ကြေကွဲစရာ ဖြစ်ရပ် အဖြစ် ပြောယင်း ဒီလပိုင်းတွေ အတွင်းမှာ မနေ့ က ကြေကွဲဘွယ် ဖြစ်ရပ် တခု ထဲ ပေါ်ပေါက်ခဲ့တာ မဟုတ်တဲ့ အကြောင်း၊ အစ္စရေး တွေ အများအပြား သေဆုံးရသလို ပါလက်စတိုင်းတွေ လည်း အသက်ပျောက်ခဲ့တာ မနည်းတော့ လို့ အခုလို ဘေးကျပ်နံကျပ် ဖြစ်နေတဲ့ အချိန်မှာ နှစ်ဘက်စလုံး အနေ နဲ့

ဗုံး​ကွဲ​မှု​နဲ့ ပတ်သက်​ပြီး မြန်မာ​ဘက်​က လူ​တစ်​ဦး ဖမ်းဆီး​ထား​ကြောင်း အိန္ဒိယ​ရဲ ဆို

အိန္ဒိယ ရဲ့ အနောက်ဘင်္ဂ္လား ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပေါက်ကွဲမှု တစ်ခုနဲ့ ပတ်သက်ပြီး၊ မြန်မာ နိုင်ငံဘက်က လူတစ်ဦးကို ဖမ်းဆီးထားတယ် ဆိုပြီး အိန္ဒိယရဲ့ အကြမ်းဖက် တိုက်ဖျက် ရေး ဌာန က ပြောပါတယ်။ အဲဒီ့ ခါလစ် မိုဟာမက် ဆိုသူဟာ လက်လုပ်ဗုံး ပြုလုပ်ခဲ့တယ် ဆိုပြီး သံသယ အရှိခံရသလို၊ ရိုဟင်ဂျာ မွတ်ဆလင်မ် သွေးစည်းညီညွတ်ရေး အဖွဲ့ RSO ရဲ့ အဖွဲ့ဝင်တစ်ဦး ဆိုပြီးတော့ လည်း စွပ်စွဲ ခံထား ရပါတယ်။ အသက်၂၈ နှစ်အရွယ် ခါလစ်ဒ် မိုဟာမက်ဒ်ဟာ မြန်မာ ဘင်္ဂ္လားဒေ့ရှ် နယ်စပ် အခြေစိုက် RSO အဖွဲ့ရဲ့ လေ့ကျင့်ရေး စခန်းတွေကို ဦးဆောင် လှုပ်ရှားနေသူ ဖြစ်ပြီး၊ ဖောက်ခွဲရေး ပစ္စည်း ကျွမ်းကျင်သူ တဦး ဖြစ်တယ် လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ အဖွဲ့က ပြောကြောင်း IBN အိန္ဒိယ ရုပ်မြင်သံကြား သတင်းဌာန မှာ ဖော်ပြ ထားပါတယ်။ သူဟာ စာရွက်စာတမ်း အတုတွေနဲ့ အိန္ဒိယနိုင်ငံမှာ နေထိုင်နေပြီး ပါကစ္စတန် အခြေစိုက် လက်နက်ကိုင် အုပ်စုတွေ ဆီမှာ သင်တန်းတွေ တက်နေတယ် ကြောင်း အစောပိုင်း စုံစမ်း စစ်ဆေးချက်တွေ အရ သိရတယ် လို့လည်း ဆိုပါတယ်။ သူ့ကို ဖမ်းဆီးမိစဉ် IS အစ္စလာမစ် လက်နက်ကိုင် အဖွဲ့ အပါအဝင် ဂျီဟာ့ဒ် ဝါဒီတွေ နဲ့ ဆိုင်တဲ့ စာရွက် စာတမ်းတွေ၊ ဖောက်ခွဲရေး ပစ္စည်

ငြိမ်းချမ်းရေး ဆောင်ရွက် နေချိန် ပုဒ်မ ၁၇ (၁) မရှိသင့် SNLD ပြော

နိုဝင်ဘာ ၁၈ ရက် ၂၀၁၄ အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ တစ်နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေး ဆောင်ရွက်နေချိန် မတရား အသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဥပဒေကို မကျင့်သုံးသင့်ကြောင်း ၊ ခေတ္တ ရပ်နားထားသင့်ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေ အတွင်းရေးမှုး ဦးစိုင်းညွန့်လွင်က ပြောသည်။ “ငြိမ်းချမ်းရေး ရဖို့တွက် ဆွေးနွေးတယ် ဆိုတဲ့အခါမှာ ဒီဥပဒေပုဒ်မတွေကို ကျင့်သုံးနေမယ်ဆိုရင် ကျနော်တို့အတွက် အများကြီးအန္တရာယ်ရှိတယ်” ဟု ၄င်းကပြောသည်။ မတရားအသင်းဆက်သွယ်မှု ၁၇(၁) ပုဒ်မ ဥပဒေကြောင့် လူထုအနေဖြင့် ငြိမ်းချမ်းရေးကိစ္စများတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးသည့်အခါ ဖမ်းဆီးထောင်ချခြင်းများ ကြုံတွေ့နေရသည့်အတွက်ငြိမ်းချမ်းရေးတွင်လူထုပါဝင်မှုအားနည်းနေသည်ဟုသိရသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၏ဒုတိယ ဥက္ကဌရဲဘော်မျိုးဝင်းက “ ၁၇ (၁) ဘယ်လောက်အရေးကြီးလဲဆိုတာ ကျနော်တို့ လှုပ်ရှားမှုကြောင့် ဖြစ်လာမယ့် အကျိုးဆက်ကို တချို့လူတွေက ဒီဥပဒေရှိတဲ့အတွက်ကြောင့် သူတို့မလာချင်ဘူး ဆိုပြီးဖြစ်လာတယ်။ ကြောက်ရင်လည်း ကြောက်မှာပေါ့” ဟုဆိ

လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး သပိတ်မှောက်ကျောင်းသားတွေ တောင်းဆို

အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက်နေကြတဲ့ ကျောင်းသူ ကျောင်းသား တွေက အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ဖို့အတွက် လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပေးဖို့ ဒီနေ့ တောင်းဆို လိုက်ပါတယ်။ ဒီနေ့ ရန်ကုန်မြို့ ၅၁ လမ်းမှာရှိတဲ့ နိုင်ငံရေး သိပံ္ပကျောင်းခန်းမမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုနန္ဒာစစ်အောင်က သူတို့ရဲ့ တောင်းဆိုချက်တွေကို အခုလိုပြောပါတယ်။ "ကျနော်တို့ ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားမှုကော်မတီအနေနဲ့ တောင်းဆိုတာကတော့ အမျိုးသားပညာရေး ဥပဒေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမည်ဆိုပါက ဒီမိုကရေစီပညာရေလှုပ်ရှားမှုးဦးဆောင် ဦးဆောင်ကော်မတီ၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER၊ အစိုးရ၊ လွှတ်တော်တို့ပါဝင်သော လေးပွင့်ဆိုင်တွေ့ဆုံညှိနှိုင်းသွားရန် ကျနော်တို့တောင်းဆိုပါတယ်၊ အမျိုးသားပညာရေး ဥပဒေနဲ့ပတ်သက်ပြီး လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးတဲ့အခါ ဆွေးနွေးညှိနှိုင်းမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်တယ်လို့ ကျနော်တို့ ယူဆပါတယ်" ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီက အမျု

အမေရိကန် ၂ ဦးကို ထိုင်းရဲက ဖမ်းဝရမ်း ထုတ်

ထိုင်းနိုင်ငံ ထဲကနေ ကလေးငယ် တစ်ဦးရဲ့ ဦးခေါင်း အပါအဝင် လူ့ကိုယ်ခန္ဓာ အစိတ်အပိုင်း တွေကို အမေရိကန် နိုင်ငံထဲကို ပါဆယ်ထုပ်နဲ့ ပေးပို့ဖို့ ကြိုးစားခဲ့တဲ့ အမေရိကန် နိုင်ငံသား ၂ ဦးကို ထိုင်း ရဲတွေက ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က အဲဒီ အမေရိကန် ၂ ဦးကို ထိုင်းရဲတွေက စစ်ဆေး မေးမြန်းပြီးနောက် ပြန်လွှတ် ပေးခဲ့ရာမှာ အဲဒီ ၂ယောက်ဟာ ကမ္ဘာဒီးယား နိုင်ငံထဲကို ဝင်သွားတယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။ သူတို့ဟာ အဲဒီ ကိုယ်ခန္ဓာ အစိတ်အပိုင်း တွေကို ဘန်ကောက် ညဈေးကနေ ဝယ်ယူ ခဲ့တာလို့ ထွက်ဆို ခဲ့ကြပါတယ်။ ထိုင်း ဆေးရုံ တစ်ရုံကတော့ သူတို့ရဲ့ မှုခင်း ဆေးပညာ ဌာနက လူခန္ဓာ အစိတ်အပိုင်းတွေ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက အခိုးခံခဲ့ရကြောင်း တိုင်ကြား ထားပါတယ်။ အဲဒီ ပါဆယ်ထုပ်ကို DHL ရဲ့ ကုန်လှောင်ရုံ တစ်ခုမှာ တွေ့ရှိခဲ့တာ ဖြစ်ပြီး အထုပ်ထဲမှာ ကလေးငယ် တစ်ယောက်ရဲ့ ဦးခေါင်း တစ်ခု၊ သုံးပိုင်း ပိုင်းထားတဲ့ ကလေး ခြေထောက် တစ်ခု၊ ဓားဒဏ်ရာနဲ့ လူ့နှလုံး တစ်ခု၊ ဆေးမင်ကြောင် ထိုးထားတဲ့ လူ့ အရေအပြား အချို့တို့ ပါဝင်ပါတယ်။ ဘီဘီစီ(မြန်မာပိုင်း) http://ift.tt/1Af4XJ0 ပါဆယ်ထုပ် အကြောင်း တနင်္လာနေ့က ထိုင်းရဲက သတင်း ထုတ်ပြန် from

ဦးထင်လင်းဦး ဟောပြောချက် NLD နဲ့ မသက်ဆိုင်ကြောင်း ထုတ်ပြန်

စာရေးဆရာ ထင်လင်းဦးရဲ့ စာပေဟောပြောပွဲ ဟောပြောချက်တွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထား မဟုတ်ကြောင်း NLD ဗဟိုဌာနချုပ်က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီး၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှ စံပြကျေးရွာမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က စာပေဟောပြောပွဲ ကျင်းပခဲ့ပါတယ်။ အဲ့ဒီဟောပြောပွဲမှာ ဗုဒ္ဓမြတ်စွာဘုရား၊ လူမျိုးနဲ့ အယူဝါဒပိုင်းဆိုင်ရာကို ထည့်သွင်းဟောပြောခဲ့ပါတယ်။ အဲဒီလိုဟောပြောချက်နဲ့ ပတ်သက်ပြီး အမျိုး၊ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကန့်ကွက်တယ်ဆိုပြီး ကြေညာချက်ထုတ်ြပန်ခဲ့ပါတယ်။ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် အမည်ကိုပါ ဆွဲထည့်တာဖြစ်တဲ့အတွက် အခုလို ကြေညာချက်ထုတ်ရတာ ဖြစ်တယ်လို့ NLD ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောပါတယ်။ "စာပေဟောပြောပွဲတွေဆိုတဲ့ကိစ္စက သူတို့သီးသန့်ကြိုက်တဲ့ စာရေးဆရာများကိုပေါ့နော် သူတို့သီသန့်ဖိတ်ခေါ်ပြီးတော့ ဟောပြောကြတယ်၊အဲ့ဒီလို ဟောပြောကြရာကနေပြီးတော့မှ ဒီလိုဟောပြောတဲ့ စာရေးဆရာနဲ့ အတိုက်အခံတစ်ဦးဖြစ်လာတဲ့အခါမှာ ကျနော်တို့ NLD ကိုဆွဲပြီးတော့ထည့်တာ ကျနော်တို့က ဘာဖြစ်လဲဆိုလို့ရှိရင် ဘုန်းကြီးတွေက ဆရာထင်လင်းဦးပြောခဲ့တဲ့ ကိစ

၂ဝ၁၅ ရွေးကောက်ပွဲနဲ့ သူရဦးရွှေမန်း (ရုပ်/သံ)

ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းဟာ ဒီကနေ့ နေပြည်တော်မှာ သတင်းစာ ရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ပါတယ်။ သတင်းထောက် အတော်များများက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး ကိစ္စတွေကို မေးမြန်း ခဲ့ကြပါတယ်။ ဦးရွှေမန်း ဖြေကြား ခဲ့တဲ့အထဲက တချို့ကို RFA သတင်းထောက် ကိုကျော်သူက ကောက်နှုတ်တင်ပြ ထားပါတယ်။ RFA Burmese ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1uruA4C

မြေယာအမှုအခင်း ဆုံးဖြတ်ချက် လယ်သမားတွေ နစ်နာ (ရုပ်/သံ)

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1BKkZMG via IFTTT

နိုဝင်ဘာလ (၁၉)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

နိုဝင်ဘာလ (၁၉)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ နိုဝင်ဘာလ (၁၉)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1qm4mSF

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ နှုတ်ထွက်ပေးရေး စစ်ကိုင်းမှာ တောင်းဆိုဆန္ဒပြ

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးကို တာဝန်ကနေ ရပ်ဆိုင်းပေးဖို့ စစ်ကိုင်းမြို့မှာ ဒေသခံ ၂၀ ခန့်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ကော်မရှင် ဥက္ကဌ ဦးတင်အေးကို တာဝန်ကနေ ရုပ်သိမ်းပေးဖို့ အခုလိုတောင်းဆိုရတာ ဖြစ်တယ်လို့ ဆန္ဒပြပွဲဦးဆောင်သူ စစ်ကိုင်းမြို့ခံ ကိုသန်းထိုက်ဦးက ပြောပါတယ်။ "ဦးတင်အေးကို မဖြုတ်ချပဲနဲ့ ဆက်ပြီးတော့ ကော်မရှင်ဥက္ကဌ အနေနဲ့ ထားမယ်ဆိုရင်တော့ ၂ဝ၁၅ ရွေးကောက်ပွဲရဲ့ ဆိုးကျိုးက ဘာတွေဖြစ်လာနိုင်မလဲဆိုတော့ သန့်ရှင်းမျှတမှုမရှိတဲ့ ဘက်လိုက်မှုတွေရှိနေတဲ့ ရွေးကောက်ပွဲဖြစ်နေမှာပဲ" ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးကို တာဝန်ကနေ ရပ်ဆိုင်းလိုက်ပြီး အများပြည်သူ ယုံကြည်လေးစားသူတွေနဲ့ ကော်မရှင်အသစ် ပြန်လည်ဖွဲ့စည်းပေးဖို့၊ ၂၀၁၅ ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့အချိန်မှာ ကျင်းပပေးဖို့ စတာတွေကို တောင်းဆိုခဲ့ကြပါတယ်။ လာမယ့် နိုဝင်ဘာလ ၂၂ ရက်နေ့မှာလည်း အလားတူဆန္ဒပြပွဲကို မုံရွာမြို့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ RFA Burmese http://ift.tt/1kBhvP9 from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin

တိုင်းရင်းသားကျေးရွာတွေ ထူထောင်ပေးရေး ရခိုင်ပြည်နယ်လွှတ်တော် အတည်ပြု

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်မြို့တွေဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ ရခိုင်တိုင်းရင်းသားကျေးရွာတွေ ထူထောင်ပေးဖို့ ရခိုင်ပြည်နယ် အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ပါတယ်။ ဘူးသီးတောင်၊ မောင်တောဒေသမှာရှိတဲ့ ရခိုင်တိုင်းရင်းသားအရေအတွက်ဟာ ၄ ရာခိုင်နှုန်းခန့်သာရှိတာကြောင့် အဲဒီ့ဒေသမှာ ရခိုင်တိုင်းရင်းသားတွေ ပျောက်ကွယ်မသွားဖို့ရည်ရွယ်ပြီး အစိုးရကို တိုက်တွန်းတာလို့ အဆိုတင်သွင်းသူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောပါတယ်။ "ရခိုင်ပြည်နယ်ရဲ့ ပထဝီအအနေအထားနဲ့ လုံခြုံရေးအရ ကာကွယ်လို့လဲ ရနိုင်မယ့်အနေအထား မရှိဘူးပေါ့နော်၊ ဒီနေ့ ဘင်္ဂါလီတွေဟာ ဘူးသီးတောင်၊ မောင်တောနယ်မြေတွေမှာ ရခိုင်လူမျိုးတွေထက် ရာနှုန်းအများကြီး နေထိုင်ကြတယ်၊ ဒီအတိုင်းသာဆိုရင် မကြာမီ ရခိုင်လူမျိုးပျောက်ပြီးတော့ ဒီနယ်မြေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ရောက်သွားမှာပေါ့နော်၊ ဒါကို ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ ရခိုင်ပြည်နယ်အစိုးရကို အဆိုတင်ရခြင်းဖြစ်တယ်" ရခိုင်ပြည်နယ်မှာ ကိုလိုနီနယ်ချဲ့တွေ အုပ်ချုပ်ခဲ့တဲ့အချိန်ကစပြီး ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်

IS တွေကျူးလွန်တဲ့ လူမဆန်တဲ့ရာဇ၀တ်မှု (ရုပ်/သံ)

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1qkXkxB via IFTTT

အိုင်အက်စ် စစ်သွေးကြွများကို လေကြောင်းတိုက်ခိုက်မှု ထပ်မံဆင်နွှဲ

ဆီးရီးယားနဲ့ တူရကီနယ်စပ်နားက ခိုဘာနီမြို့ဝန်းကျင်မှာ နိုဝင်ဘာ ၁၇ ရက်နေ့က အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုင်အက်စ်စစ်သွေး ကြွတွေကို အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေက လေကြောင်း တိုက်ခိုက်မှုတွေ ထပ်ပြီး ဆင်နွှဲခဲ့ပါတယ်။ ကျယ်လောင်တဲ့ပေါက်ကွဲသံတွေကို တူရကီဘက်ခြမ်း နယ်စပ်ကနေ ကြားနေရတယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။ ခိုဘာနီမြို့ကို ဆွန်နီမွတ်စလင်တွေ ဖြစ်တဲ့ အိုင်အက်စ်သူပုန်တွေက ဝိုင်းထားတာ ရက်ပေါင်း ၅၀ ကျော်ပါပြီ။ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေက ခြေကုပ်ကို မထိုးဖောက်နိုင်ပဲ မြို့ထဲမှာ ပိတ်မိနေတဲ့ ကာ့ဒ်တပ်ဖွဲ့တွေကတော့ အမေရိကန်က ကြိုဆိုတဲ့ ပဲ့ရှ်မာဂါတပ်တွေအရောက်ကို မျှော်နေတာပါ။ ခိုဘာနီတိုက်ပွဲကတော့ အိုင်အက်စ်တွေရဲ့ ထိုးစစ်ကို အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေက တားနိုင်စွမ်းရှိ၊ မရှိ စမ်းသပ်ပွဲ ဖြစ်လာနေပါတယ်။ By ဒီဗွီဘီ http://ift.tt/11otlZh ဓာတ်ပုံ – ရိုက်တာ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/11otlZn