Skip to main content

Posts

Showing posts from May 21, 2014
၃ ဂျီကွန်ရက်က မြန်မာနိုင်ငံကို အကြီးအကျယ် တိုးတက်ပြောင်းလဲစေရန် ဆောင်ရွက်ပေးနိုင်ဟ� myanmar.mmtimes.com မြန်မာနိုင်ငံရှိ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော ကာတာအခြေစိုက် အော်ရီးဒူး၏ အလုပ်အမှုဆောင် မစ္စတာ ကောမက်က ၃ ဂျီကွန်ရက်သည် မြန်မာနိုင်ငံကို အကြီးအကျယ် တိုးတက်ပြောင်းလဲစေရန် ဆောင်ရွက်ပေးနိုင်မည်ဟု ပြောကြားထားကြောင်း မေလ ၁၆ ရက်နေ့က ၎င်း၏ တရားဝင်အင်တာ နက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။ from The Myanmar Times's Facebook Wall http://ift.tt/1haQUqx

"မိတ္ထီလာ ဘကြီးဆန်ပွဲရုံက ရထပတပ်မှဆန်ကောင်းဆန်ညံ့လဲလှယ် သည့် သတင်းရေးသားသူအား ပု...

"မိတ္ထီလာ ဘကြီးဆန်ပွဲရုံက ရထပတပ်မှဆန်ကောင်းဆန်ညံ့လဲလှယ် သည့် သတင်းရေးသားသူအား ပုဒ်မ-၅ဝဝဖြင့် တရားစွဲဆိုသည့်အမှု မေ ၂၃ တွင် စီရင်ချက်ချမည်' ရထပတပ်မှ ရိက္ခာဆန်များကို ဘကြီးဆန်ပွဲရုံမှ ဆန်ကောင်း ဆန်ညံ့နှင့်လဲလှယ်ယူသည့်သတင်းကို သတင်း ထောက်ဦးတင်လှိုင်က MESSENGER သတင်းစာတွင် သတင်းရေးသားခဲ့သည့် အတွက် ဘကြီးဆန်ပွဲရုံပိုင်ရှင် ဒေါ်မြမြက သတင်းရေးသားသူ ဦးတင်လှိုင်အား မိတ္ထီလာမြို့နယ် တွဲဖက်တရားသူကြီး ဦးဇော်ခါး၏ရုံးတွင်၂ဝ၁၃ခု၊ ဇူလိုင် လ၂၆ ရက်နေ့ က ပုဒ်မ-၅ဝဝ အသရေ ဖျက်မှုဖြင့် တရားစွဲဆိုခဲ့ရာ ရုံးတော်က ပြစ်မှုကြီး အမှတ် ၄ဝ၁၁/၂ဝ၁၃ ဖြင့် လက်ခံကြားနာစစ်ဆေးခဲ့သည်။ အမှုကို နှစ်ဖက်သက်သေများအားစစ်ဆေးပြီး မေလ ၁၅ ရက်က အပြီးသတ်လျှောက် လဲချက်တင်ခဲ့ရာ မြို့နယ်တရားရုံးက မေလ ၂၃ရက် နေ့တွင် စီရင်ချက်ချမည် ဖြစ်ကြောင်း သိရသည်။ မိတ္ထီလာမြို့၊ ကျီတော်ကုန်းရပ် ကွက်ရှိ အမှတ်(၁) အခြေချထောက်ပံ့ခွင့် ပို့ဆောင်ရေးတပ်၏ မမှန်မကန်လုပ်ရပ် များကို တပ်မတော်အကြီးအ ကဲများထံ စာရေးသားတိုင်ကြားခဲ့သဖြင့် ၂ဝ၁၃ ခု၊ ဇွန်လ ၂၃ ရက်နေ့က တပ်မတော် စစ် ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး သောင်းအေး ဦးဆောင်သည့် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် (စစ်ဥ

ရောဂါသုံးမျိုး တိုက်ဖျက်ရေး အမေရိကန်ဒေါ်လာ ၉၁ သန်း 3MDG ထောက်ပံ့မည် ရန်ကုန်၊ မေ...

ရောဂါသုံးမျိုး တိုက်ဖျက်ရေး အမေရိကန်ဒေါ်လာ ၉၁ သန်း 3MDG ထောက်ပံ့မည် ရန်ကုန်၊ မေ ၂၁ မြန်မာနိုင်ငံတွင် HIV/AIDS၊ တီဘီနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရန် အမေရိကန်ဒေါ်လာ ၉၁ သန်းကို ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် သုံးမျိုး ရန်ပုံငွေအဖွဲ့ (3MDG) က သုံးနှစ် စီမံကိန်းချ ထောက်ပံ့သွားမည် ဖြစ်ကြောင်း မေလ ၂၁ ရက်နေ့တွင် 3MDG က ထုတ်ပြန်သည်။ စီမံကိန်းအားလုံးကို ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် ရရှိထားပြီး ဆင်းရဲနွမ်းပါးပြီး သွားလာရ ခက်ခဲသော ဒေသများကို ဦးစားပေး ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း၊ 3MDG က ရွေးချယ်ထားသော စီမံချက်မြို့များကို ယခုနှစ် ဧပြီလမှ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအထိ ထောက်ပံ့သွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရောဂါကြီး သုံးမျိုးထဲမှ ရွှေ့ပြောင်းလုပ်သားများကို ခြိမ်းခြောက်နေသော ငှက်ဖျားရောဂါအတွက် အသုံးစရိတ် အများဆုံးအဖြစ် အမေရိကန်ဒေါ်လာ ၄၂ သန်းကျော် ချထားပြီး HIV/AIDS အတွက် အမေရိကန်ဒေါ်လာ ၂၇ သန်းကျော် သုံးစွဲမည် ဖြစ်ကြောင်း 3MDG က စုံစမ်းသိရှိရသည်။ ယင်းအပြင် သွားလာရ ခက်ခဲသော ဒေသများတွင် တီဘီရောဂါ စစ်ဆေးမှု

အိမ်၊ ခြံ၊ မြေ စံနှုန်း သတ်မှတ်ချက်အားလုံး ပြန်ပြင်မည် ရန်ကုန်၊ မေ ၂၁ တိုင်းဒေသ...

အိမ်၊ ခြံ၊ မြေ စံနှုန်း သတ်မှတ်ချက်အားလုံး ပြန်ပြင်မည် ရန်ကုန်၊ မေ ၂၁ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြန်မာတစ်နိုင်ငံလုံး သတ်မှတ်ထားသည့် အိမ်၊ ခြံ၊ မြေ စံနှုန်း သတ်မှတ်ချက်များကို ယခုဘဏ္ဍာနှစ် (၂၀၁၄−၁၅) အတွင်း ပြန်လည် ပြင်ဆင်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန (နေပြည်တော်ရုံးချုပ်) ထံမှ သိရသည်။ လက်ရှိစံနှုန်း သတ်မှတ်ချက်များကို ပြင်ဆင်နိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စံနှုန်း သတ်မှတ်ချက်များကို ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ ပြန်လည်တင်ပြရန် ယခုဘဏ္ဍာနှစ် အစ (ဧပြီလ) က တင်ပြစေခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။ “ကိန်းသေ မဟုတ်တဲ့အတွက် ပြန်ပြင်ဆင် သတ်မှတ်ဖို့အတွက် တင်ပြခိုင်းတာပါ။ ဘယ်တော့ နောက်ဆုံး တင်ရမယ်လို့တော့ သတ်မှတ်ပေးထားတာတော့ မရှိပါဘူး။ အမြန်ဆုံး တင်ရမယ်လို့တော့ ပြောထားပါတယ်” ဟု ပြည်တွင်းအခွန်များဦးစီးဌာန (နေပြည်တော်ရုံးချုပ်) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ အိမ်၊ ခြံ၊ မြေ စံနှုန်းအချို့မှာ လက်ရှိ ပြင်ပပေါက်ဈေးထက် များပြားသည့် နေရာများပင် ရှိကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်အချို့က ပြောကြားသည
၂၀၁၄ တက္ကသိုလ်များ ချန်ပီယံလိဂ် ကွာတာဖိုင်နယ် ပွဲစဉ် တစ်ပွဲ ဖြစ်သည့် ဒဂုံတက္ကသိုလ် နှင့် တောင်ငူ တက္ကသိုလ်တို့ ယှဉ်ပြိုင်မှုကို မေလ၂၁ ရက် ညနေ ၄နာရီက အောင်ဆန်း ဘောလုံးကွင်းတွင် ကျင်းပခဲ့ပါသည်။ တဖက်နှင့် တဖက် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြရာ ပထမပိုင်းနှင့် ဒုတိယပိုင်းတွင် ၂-၂ ဖြစ်နေခဲ့ပြီး ပင်နယ်တီ သွင်းယူခဲ့ကြရာ ဒဂုံ တက္ကသိုလ် အသင်း က ၅ဂိုး- တောင်ငူ တက္ကသိုလ် အသင်းက ၄ဂိုး သွင်းယူခဲ့ကြသည်။ ဓါတ်ပုံ-အောင်ဇော်မင်း from Popular Myanmar News Journal's Facebook Wall http://ift.tt/RWbGUB
The Myanmar Times myanmar.mmtimes.com The Myanmar Times has the latest news from across Myanmar. from The Myanmar Times's Facebook Wall http://ift.tt/1krftUs

တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန် လူမှုကွန်ရက် အဖွဲ့အစည်း ၇၀ ကျော် တောင်းဆို ရန်က...

တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန် လူမှုကွန်ရက် အဖွဲ့အစည်း ၇၀ ကျော် တောင်းဆို ရန်ကုန်၊ မေ ၂၁ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ဒေသအချို့တွင် တပ်မတော်နှင့် ကေအိုင်အေ၊ တပ်မတော်နှင့် တအာင်းပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TNLA) တို့အကြား ပစ်ခတ် တိုက်ခိုက်နေမှုများ ချက်ချင်း ရပ်တန့်ရန် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့ထံ အရပ်ဘက်လူမှုကွန်ရက် အဖွဲ့အစည်း ၇၀ ကျော်က မေလ ၂၁ ရက်နေ့တွင် ထုတ်ပြန် တောင်းဆိုလိုက်သည်။ ကချင်ငြိမ်းချမ်းရေးကွန်ရက်၊ ဗေဒါအင်စတီကျူ၊ မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်သူများ အဖွဲ့ စသည့် လူမှုကွန်ရက်နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း ၇၂ ခုက ထုတ်ပြန်သော အချက် ၁၀ ချက်ပါ ကြေညာချက်တွင် အထက်ပါအတိုင်း ထည့်သွင်း တောင်းဆိုထားခြင်း ဖြစ်သည်။ လက်ရှိ တိုင်းရင်းသားဒေသ တိုက်ပွဲများမှာ မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်မှုများကြောင့် ဖြစ်ပွားနေရခြင်း ဖြစ်ပြီး တပ်မတော်က တိုက်ပွဲရပ်သည့်နေ့သည် လက်မှတ်ထိုးရန် မလိုဘဲ အပစ်အခတ်ရပ်စဲရေး အောင်မြင်သည့် နေ့ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောဆိုသည်။ “အစိုးရ တပ်စခန်းတွေကို တိုင်းရင်းသား လက်နက်ကိုင်တွေက သွားရောက် တိုက်ခိုက်တာ ၂၀၁၁ နောက်ပိုင်း လုံးဝမရှိဘူး” ဟုေ

နိုင်ဂျီးရီးယားတွင် ဗုံးနှစ်လုံးပေါက်ကွဲ အနည်းဆုံး လူ ၁၁၈ ဦးသေဆုံး အဘူယာ၊ မေ ၂...

နိုင်ဂျီးရီးယားတွင် ဗုံးနှစ်လုံးပေါက်ကွဲ အနည်းဆုံး လူ ၁၁၈ ဦးသေဆုံး အဘူယာ၊ မေ ၂၁ မကြာသေးခင်က ကျောင်းသူ ၂၀၀ ကျော်ခန့်ကို ပြန်ပေးဆွဲမှု ဖြစ်ပွား ခဲ့သော နိုင်ဂျီရီးယားနိုင်ငံ အလယ်ပိုင်းရှိ ဟိုးစ်မြို့တွင် ဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၁၈ ဦး သေဆုံးသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ လူပေါင်းများစွာ သေဆုံးခဲ့သော အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကို နိုင်ဂျီးရီးယားသမ္မတ ဂွတ်လပ်ယောနသန်က ပြစ်တင် ပြောကြားခဲ့ပြီး ဗုံးခွဲတိုက်ခိုက်သူ များသည် ရက်စက်သူ မကောင်းဆိုးဝါးများ ဖြစ်ကြောင်း ပြောကြားလိုက်သည်။ လူစည်ကားရာ ဈေးတစ်ခုနှင့် ဆေးရုံတစ်ရုံကို ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် လက်ရှိအချိန်ထိ လူ ၁၁၈ ဦး သေဆုံးသွားသော်လည်း အဆောက်အအုံ အပျက်အစီးများကြားတွင် လူသေအလောင်းများ ရှိနေသေးဖွယ် ရှိသည်ဟု ခန့်မှန်းထားသည်။ နိုင်ဂျီးရီးယားနိုင်ငံတွင် အစ္စလာမ္မစ် အစွန်းရောက် အဖွဲ့ဖြစ်သော ဘိုကိုဟာရမ် စစ်သွေးကြွများ၏ အဆက်မပြတ် တိုက်ခိုက်မှုကို ခံနေရပြီး၊ ပြီးခဲ့သည့်လက နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ဘက်ရှိ ချီဘော့မြို့ စာသင်ကျောင်းတစ်ခုမှ ကျောင်းသူ ၂၀၀ ခန့်ကို ဘိုကိုဟာရမ် အစ္စလာမ္မစ် စစ်သွေးကြွများ

ချေးငွေ အကြေပြန်မဆပ်နိုင်သော်လည်း မိုးစပါးအတွက် ထပ်မံထုတ်ချေးပေးမည် စည်သူမောင်ေ...

ချေးငွေ အကြေပြန်မဆပ်နိုင်သော်လည်း မိုးစပါးအတွက် ထပ်မံထုတ်ချေးပေးမည် စည်သူမောင်မောင်| ကြာသပတေးနေ့၊ မေလ ၂၂ ရက် ၂၀၁၄ ခုနှစ် ဧရာဝတီတိုင်းအတွင်း ၂၀၁၃ ခုနှစ် မိုးစပါး စိုက်စရိတ်ချေးငွေ ကြွေးကျန်များရှိခဲ့သော်လည်း ယခုနှစ်မိုးစပါး စိုက်စရိတ် ချေးငွေ ကျပ်သန်း ၂၇၁ ဒသမ ၂၁ ဘီလီယံအထိ တိုးမြှင့်ပေးသွားမည်ဟု စိုက်ဘဏ်တိုင်းမန်နေဂျာ ဦးခင်မောင်ဝင်းက မေလ ၂၁ ရက်တွင် ပြောသည်။ ၂၀၁၃ ခုနှစ် မိုးစပါးတွင် စိုက်ဘဏ်ချထားပေးသည့် ငွေကျပ် ၂၄၃ဒသမ ၅၆ ဘီလီယံတွင် ပြန်ဆပ်ငွေ ၈၁ ဒသမ ၈၉ ရာခိုင်နှုန်းရှိခဲ့သည်ဟု ဆိုသည်။ “နာဂစ်နှစ်တုန်းကတောင် အကြွေးကျေတယ်၊ အခုနောက်ပိုင်းနှစ်တွေမှာတော့ တောင်သူတွေ အကြွေးကျန်တွေ ရှိလာတယ်။ ကျွန်တော်တို့အနေနဲ့ အရမ်းတွန်းတွန်းတိုက်တိုက်တောင်းဖို့ အခက်အခဲရှိနေတယ်” ဟု စိုက်ဘဏ်တိုင်းမန်နေဂျာက ဆိုသည်။ ဧရာဝတီတိုင်းတွင် ၂၀၁၂ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေကြွေးကျန် ၁၆၂ သိန်းကျော်နှင့် ဆောင်းစိုက်ပျိုးစရိတ် ကြွေးကျန်မှ ၁၀၇သိန်းကျော် ကျန်ရှိနေသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။ ယခင်နှစ်က စိုက်ပျိုးရာသီကြာချိန်အလိုက် ချေးငွေများတွင် အတိုးနှုန်း ၈ ဒသမ ၅၀ ကျပ် တောင်းခံခဲ့သော်လည်း ယခုနှစ်တွင် ငါးကျပ်တောင်းခ
ပါလက်စတိုင်းနှင့် ပွဲတွင် ကစားအချို့ အိပ်ပျော်နေဟု အေဗရာမိုဗစ် ပြင်းပြင်း ထန်ထန် ဝေဖ� sports.mizzima.com AFC Challenge Cup အုပ်စု ဒုတိယပွဲတွင် ပါလက်စတိုင်း အသင်းကို ၀-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော ပွဲ၌ မြန်မာ ကစားသမား အချို့မှာ ပွဲကစားရင်း အိပ်ပျော် နေသည် ဟု မြန်မာ အသင်း နည်းပြချုပ် အေဗရာမိုဗစ်က ပွဲပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြင်းပြင်းထန်ထန် ဝေဖန် ပြောကြား ခဲ့သည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1kr9Gym

၄၈ အထူးယာဉ်လိုင်း အမျိုးသမီး ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များဖြင့် ပြေးဆွဲမည် ရန်...

၄၈ အထူးယာဉ်လိုင်း အမျိုးသမီး ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များဖြင့် ပြေးဆွဲမည် ရန်ကုန်၊ မေ ၂၁ ရန်ကုန်မြို့တွင်း ပြေးဆွဲလျက် ရှိသော ယာဉ်လိုင်းများအနက် လက်ရှိ ပြေးဆွဲလျက် ရှိသော ရန်ကုန်ကွန်ပျူတာတက္ကသိုလ်-ဆူးလေ-ဗိုလ်တစ်ထောင် အထိ ပြေးဆွဲနေသည့် ၄၈ အထူးယာဉ်လိုင်းမှ ယာဉ်အချို့တွင် အမျိုးသမီးယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ အသုံးပြု ပြေးဆွဲခွင့်ကို ခွင့်ပြုပေးသွားရန် ရှိကြောင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (မ.ထ.သ- မြို့တွင်း) ဒုတိယဥက္ကဋ္ဌ ဦးမင်းဇော်က ပြောကြားသည်။ အမျိုးသမီးယာဉ်မောင်း၊ ယာဉ်နောက်လိုက်များဖြင့် ပြေးဆွဲခြင်းမှာ မ.ထ.သ ယာဉ်လိုင်းများမှ လုပ်ဆောင်ခြင်း မဟုတ်ဘဲ ယာဉ်ပိုင်ရှင် ဦးသက်တင်ဝင်း၏ အစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ပြေးဆွဲခွင့် တင်ထားကြောင်း ၎င်းက အတည်ပြု ပြောကြားပြီး မည်သည့် ယာဉ်လိုင်းမဆို ယင်းသို့ ခွင့်တောင်းပါက ခွင့်ပြုပေးမည် ဖြစ်ကြောင်း ပြောဆိုသည်။ အမျိုးသမီးယာဉ်မောင်း၊ ယာဉ်နောက်လိုက်များဖြင့် ပြေးဆွဲခြင်းဖြင့် မော်တော်ယာဉ် စက်ပျက်ခြင်း၊ ဘီးပေါက်ခြင်းတို့တွင် အခက်အခဲများ ကြုံတွေ့နိုင်သော်လည်း ခရီးသည်များကို ယဉ်ကျေးပျူဌာစွာ ဝန်ဆောင်မှု ပေးနိုင်မည်ဖြစ်ပြီး လက

ဝူခုံးမြန်မာပရိတ်သတ်များနှင့်တွေ့ဆုံ ရန်ကုန် ၊မေ ၂၂ Journey to the west ဇတ်လမ်...

ဝူခုံးမြန်မာပရိတ်သတ်များနှင့်တွေ့ဆုံ ရန်ကုန် ၊မေ ၂၂ Journey to the west ဇတ်လမ်းတွဲမှ ၀ူခုံးဇတ်ဆောင် (Mr .Liu Xiao Ling Tong)နှင့် ပရိတ်သတ်များတွေ့ဆုံပွဲကို တာမွေမြို့နယ်ရှိ Sky Star ဟိုတယ်တွင် ယနေ့နံနက် ကိုးနာရီမှ စတင်ပြုလုပ်လျက်ရှိသည်။ အခမ်းအနားတွင် တရုတ်အာဆီယံအထွေထွေအတွင်းရေးမူးချုပ် ၊တရုတ်သံရုံး ယဉ်ကျေးမူကောင်စစ်ဝန်တို့က မိတ်ဆက်စကားများပြောကြားခဲ့ပြီး တရုတ်မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဌဦးစိန်ဝင်းအောင်က Mr .Liu အား ချစ်ကြည်ရေး သံတမန် ဂုဏ်ပြုလွှာကို ပေးအပ်သည်။ထို့နောက် Mr .Liu ကကျေးဇူးတင် စကားပြောကြားသည်။၎င်းသည် မြန်မာနိုင်ငံသို့ရောက်ရှိစဉ်အတွင်း ရန်ကုန် ၊မန္တလေး ၊ပုဂံ ၊နေပြည်တော်တို့သို့ သွားရောက်ပြီး နယ်ပယ်အသီးသီးမှခေါင်းဆောင်များနှင့်တွေ့ဆုံကာ ယဉ်ကျေးမူဖလှယ်ရေး ၊ မိဘမဲ့ ကလေးများ ပြုစုစောင့်ရှောက်ရေး၊ ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်စွာနေထိုင်ရေးတို့အတွက် ၄င်းဧ။် အမြင်များကိုတင်ပြမည်ဟုသိရသည် ။ မေဇင်ဝင်း from Popular Myanmar News Journal's Facebook Wall http://ift.tt/1lTzIZq

မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကစားသမားများကို ထိခိုက်မှုအာမခံ ပြုလုပ်ပေးနေ ရေ...

မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကစားသမားများကို ထိခိုက်မှုအာမခံ ပြုလုပ်ပေးနေ ရွှေဘုတ် မြန်မာ့ရိုးရာလက်ဝှေ့ ကစားသမားများ အတွက် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ပထမဦးဆုံးအကြိမ် အဖြစ်IKBZ၊ Grand Guardian အစရှိသည့် အာမခံကုမ္ပဏီများနှင့်ချိတ်ဆက်၍ ပြီးခဲ့သည့် မေလ (၁၈) ရက်ကကျင်းပခဲ့သည့် မြန်မာနှင့်ထိုင်း နိုင်ငံတကာ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲမှ စတင်ကာ ထိခိုက်မှု အာမခံ များ ပြုလုပ်ပေးနေ သည်ဟု ရိုးရာလက်ဝှေ့အဖွဲ့ချုပ် အတွင်း ရေးမှူး ဦးစိုင်းဇော်ဇော်က ပြောသည်။ အာမခံထားရှိပေးမှု အခြေအနေနှင့် ပတ်သက်ပြီး “ပြီးခဲ့တဲ့ မြန်မာနဲ့ထိုင်းနိုင်ငံတကာ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကစပြီးတော့ ကစားသမားတွေကို အာမခံ ထားရှိပေးခဲ့တာပါ။ မြန်မာကစားသမားတွေ တင်မက ထိုင်းကစားသမားတွေပါ အာမခံထားပေးဖို့ လုပ်ခဲ့ပေမယ့် နိုင်ငံခြားသားအာမခံက အ ခက်အခဲတချို့ရှိလို့ မလုပ်ပေး ဖြစ်ခဲ့တာပါ။ အဲဒီနေ့ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ မြန်မာကစားသမား ၁၇ ယောက်အနက် ခြောက်ယောက်ကနောက်ကျနေလို့ ၁၁ ယောက်ပဲ လုပ်ပေးဖြစ်ပါတယ်။ တစ်နှစ် အာမခံ ပြုလုပ်ပေးခဲ့ပြီး ထိခိုက်မှုနည်းရင် ခြောက်သိန်း၊ ပြင်းထန်ရင် သိန်း ၃၀ အထိ ဒဏ်ရာအနည်းအများကိုလိုက်ပြီး လျော် ကြေး

သတင်းတိုများ လစ်ဗျား လွှတ်တော်ရွေးကောက်ပွဲ ဇွန် ၂၅ ရက်တွင် ကျင်းပမည် အာဏာအားပြိ...

သတင်းတိုများ လစ်ဗျား လွှတ်တော်ရွေးကောက်ပွဲ ဇွန် ၂၅ ရက်တွင် ကျင်းပမည် အာဏာအားပြိုင်မှုများနှင့် ကြုံ တွေ့နေရသည့် အထွေထွေ အမျိုး သားကွန်ဂရက်အား အစားထိုးမည့် လွှတ်တော်ရွေးကောက်ပွဲ တစ်ရပ်အား ဇွန်လ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း လစ်ဗျားရွေးကောက် ပွဲ ကော်မရှင်မှ ကြေညာခဲ့သည်ဟု မေလ ၂၁ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထား သည်။ အမေရိကန်မှ ဗင်နီဇွဲလားအာဏာ ပိုင်များကို အရေးယူပိတ်ဆို့မှု လုပ် ဗင်နီဇွဲလားနိုင်ငံအတွင်းရှိ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများအပေါ် လူ ၄၂ ဦး သေဆုံးစေခဲ့သည်အထိ အကြမ်းဖက် နှိမ်နင်းခဲ့သော ဗင်နီဇွဲလားအာဏာပိုင်အပေါ် အမေရိကန်မှ အရေးယူပိတ်ဆို့မှု အသစ်များ ထပ်မံ ပြုလုပ်သွားရန် အမေရိကန်လွှတ်တော် ကော်မတီက ခွင့်ပြုလိုက်သည်ဟု မေ လ ၂၁ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ရုရှမှ တိုက်ချင်းပစ်ဒုံးကျည်တစ်စင်း အောင်မြင်စွာ စမ်းသပ်ပစ်ခတ် ယူကရိန်းအရေးနှင့် ပတ်သက်၍ အနောက်နိုင်ငံများနှင့် ရုရှနိုင်ငံအကြား ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွား နေသည့် အချိန်၌ တိုက်ချင်းပစ် ဒုံး ကျည်တစ်စင်းကို ရုရှနိုင်ငံမှ အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့သည် ဟု ရုရှကာကွယ်ရေးဝန်ကြီးဌာနအား ကိုး ကားကာ သတင်းဌာနများ၌ ဖော်

နိုင်ငံတကာသတင်းတိုများ နယ်ပိုင်နက်အရေး ငြိမ်းချမ်းစွာ ဖြေရှင်းရန် တရုတ်ပြောကြား...

နိုင်ငံတကာသတင်းတိုများ နယ်ပိုင်နက်အရေး ငြိမ်းချမ်းစွာ ဖြေရှင်းရန် တရုတ်ပြောကြား တရုတ်နိုင်ငံအနေဖြင့် နယ်ပိုင်နက် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ကြိုးပမ်းနေသောကြောင့် အငြင်းပွားမှုတွင် ပါဝင်နေသောနိုင်ငံများက အခြားသော အင်အားကြီးနိုင်ငံများနှင့် ပူးပေါင်းကာ စစ်အင် အား တိုးချဲ့ပြင်ဆင်နေခြင်းမှာ အကျိုးမရှိကြောင်း တရုတ် နိုင်ငံသမ္မတရှီကျင့်ဖင်က ပြောခဲ့သည်ဟု မေလ ၂၁ရက်က ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံအတွင်းရှိ တရားမ၀င် ရေဒီယိုလိုင်းများပိတ် ထိုင်းနိုင်ငံ၏ အမျိုးသားရုပ်သံ ထုတ်လွှင့်မှုနှင့် ဆက်သွယ်ရေးကော်မရှင်မှ နိုင်ငံအတွင်းရှိ လိုင်စင်မရှိသော ရေဒီ ယိုဌာနပေါင်း ၃၀၀၀ အား စစ်အုပ်ချုပ် ရေးဥပဒေနှင့်အညီ ပိတ်ပင်ခဲ့သည်ဟု မေလ ၂၁ ရက်က သည်နေရှင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ တောင်တရုတ်ပင်လယ်အရေးတရုတ်နှင့်ဗီယက်နမ် ဆွေးနွေး ဗီယက်နမ်နိုင်ငံအတွင်း၌ လူအသေအပျောက်ရှိသည့် အဓိကရုဏ်များ ဖြစ်ပွားစေခဲ့သည့် တောင်တရုတ် ပင်လယ်ရေပိုင်နက် အငြင်းပွားမှုအတွက် ဗီယက်နမ်နှင့် တရုတ်အာဏာပိုင်များ အကြိတ်အနယ် ဆွေးနွေး လျက်ရှိပြီး သဘောတူညီမှုရရှိခြင်း မရှိသေးကြောင်း ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးက ပြောကြာ

ထိုင်းနိုင်ငံရေး အပြုသဘောဆောင်ဆွေးနွေးမှုဖြင့် အဖြေရှာရေး ဘန်ကီမွန်းတိုက်တွန်း စ...

ထိုင်းနိုင်ငံရေး အပြုသဘောဆောင်ဆွေးနွေးမှုဖြင့် အဖြေရှာရေး ဘန်ကီမွန်းတိုက်တွန်း စံခလပူရီ၊ ဟင်္သာနီ (မွန်မြေ)| ကြာသပတေးနေ့၊ မေလ ၂၂ ရက် ၂၀၁၄ ခုနှစ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်အုပ်ချုပ်ရေး ထုတ်လိုက်ရသည်အထိ ဆိုးရွားသွားခဲ့သည့် ထိုင်းနိုင်ငံရေးအခြေအနေအား အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုမျိုးဖြင့် အဖြေရှာစေလိုကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မေလ ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ တိုက်တွန်းလိုက်သည်။ “ထိုင်းနိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အခြေအနေကို ကုစားနိုင်ဖို့ ဒီမိုကရေစီစံနှုန်းနဲ့ နည်းနာတွေကိုစံ ထားပြီးတော့ တွေ့ဆုံဆွေးနွေး ဖြေရှင်းသွားကြဖို့လိုကြောင်း”မစ္စတာဘန်ကီမွန်း၏ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ မစ္စတာဘန်ကီမွန်းက ထိုင်းနိုင်ငံရေး အခြေအနေတိုးတက်မှုတို့အား အနီးကပ် စောင့်ကြည့်နေကြောင်း ကုလသမဂ္ဂသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ထိုင်းကြည်းတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာအနေနှင့် အံသြဖွယ်ရာ မာရှယ်လောထုတ် ပြန်မှုကို အချိန်တိုအတောအတွင်း အဆောတလျင် ကြေညာခဲ့ခြင်းဖြစ်ပြီး အခြားစစ်ဘက်ဆိုင်ရာနှင့် အိမ် စောင့် အစိုးရအရာရှိများနှင့် တိုင်ပင် ညှိ

သတင်းအချက်အလက် ခိုးယူသည်ဟူသော အမေရိကန်စွပ်စွဲချက် တရုတ်ကန့်ကွက် အေအက်ဖ်ပီ ပေကျ...

သတင်းအချက်အလက် ခိုးယူသည်ဟူသော အမေရိကန်စွပ်စွဲချက် တရုတ်ကန့်ကွက် အေအက်ဖ်ပီ ပေကျင်း၊ မေ ၂၁ တရုတ် စစ်ဘက်အရာရှိငါးဦးက အမေရိကန်ကုမ္ပဏီများ၏ ကုန်သွယ်ရေးဆိုင်ရာ လျှို့ဝှက်အချက်အလက် များ၊ အလုပ်သမားအဖွဲ့သတင်းများကို ကွန်ပျူတာမှတစ်ဆင့် ထောက်လှမ်းခိုးယူသည်ဟူသော အမေရိကန် ၏ စွပ်စွဲချက်ကို တုံ့ပြန်သည့်အနေဖြင့် ပေကျင်းမြို့ရှိ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအား တရုတ်အစိုးရက ကန့်ကွက်ခဲ့သည်ဟု မေလ ၂၁ ရက်က ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အမေရိကန်နိုင်ငံ၏ စွပ်စွဲမှုအပေါ် တုံ့ပြန်မှုများ ဆက်လက်ပြုလုပ်သွားနိုင်သည်ဟုလည်း တရုတ်နိုင်ငံမှ ဆိုလိုက်သည်။ အမေရိကန်နိုင်ငံ၏ စွပ်စွဲမှုများကို တရုတ်နိုင်ငံမှ ငြင်းဆိုခဲ့သည်။ ထို့အတူ အမေရိကန်အနေဖြင့် စွပ်စွဲထား မှုများကို ပြန်လည်ရုပ်သိမ်းရန်လည်းတောင်းဆိုခဲ့သည်။ ထို့ကြောင့် “အမေရိကန်အနေနဲ့ ယခုလိုအပြုအမှုတွေကို ရပ်တန်းကရပ်ပြီး နားလည်အောင်ရှင်းပြဖို့ တရုတ် နိုင်ငံက တောင်းဆိုပါတယ်” ဟုလည်း ထပ်လောင်း ပြောကြားသွားခဲ့သည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/TwwJhK

ဇနီးဖြစ်သူ အိမ်မှဆင်းသွားသဖြင့် ကြိုးဆွဲချသေဆုံး ကျော်စိုးမိုး ရန်ကုန်၊ မေ ၂၁...

ဇနီးဖြစ်သူ အိမ်မှဆင်းသွားသဖြင့် ကြိုးဆွဲချသေဆုံး ကျော်စိုးမိုး ရန်ကုန်၊ မေ ၂၁ ဇနီးဖြစ်သူအိမ်မှဆင်းသွား၍ စိတ်ညစ်ပြီး ကြိုးဆွဲချသေဆုံးသည့် ဖြစ်စဉ်တစ်ခု မေ ၂၀ ရက်၊ ညနေ ၃ နာရီ ၀န်းကျင်ခန့်က လှည်းကူးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ် ပြန်ထားသည်။ သေဆုံးသူမှာ လှည်းကူးမြို့နယ်၊ အင် ကြင်းကွင်းကျေးရွာနေ အသက် ၃၇နှစ် အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး လင်မယားချင်းစကားများ၍ ဇနီးဖြစ်သူအိမ်ပေါ်မှဆင်းသွားသည်ကို စိတ်ညစ်ကာ ကြိုးဆွဲချသေဆုံး ခြင်းဖြစ်သည်။ သေဆုံးသူသည် နေအိမ်ရှိ ၂၂ ပေခန့် မြင့်သော ထုတ်တန်းတွင် ၁၃ ပေခန့်ရှည်သော လုံးပတ်လက်သန်း လုံးခန့်ရှိ နိုင်လွန်ကြိုး အစိမ်းရောင်ချည်လျက် လည်ပင်းကွင်းစွပ်ကာ သေဆုံးနေပြီး အလောင်းကို လှည်း ကူးဆေးရုံမှ ပီအာရ်-၄၀ ဖြင့် လက်ခံထားသည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။ အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ဒု-ရဲမှူး မောင် မောင်ဦး၏ တရားလိုပြု တိုင်တန်းမှုအား လှည်းကူးမြို့မ ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၈/ ၁၄) ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက် ရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီကလည်း ကြည့်မြင်တိုင်မြို့နယ

တစ်ရက်အတွင်း ဓာတ်လိုက်၍ လူသုံးဦး သေဆုံး ကျော်စိုးမိုး ရန်ကုန်၊ မေ ၂၁ လှိုင်သ...

တစ်ရက်အတွင်း ဓာတ်လိုက်၍ လူသုံးဦး သေဆုံး ကျော်စိုးမိုး ရန်ကုန်၊ မေ ၂၁ လှိုင်သာယာမြို့နယ်၌ မေလ ၂၀ ရက် က တစ်ရက်အတွင်း အမျိုးသားသုံးဦး ဓာတ်လိုက်သေဆုံးခဲ့သည် ဟု လှိုင်သာယာမြို့နယ်ရဲစခန်းက တာဝန်ကျရဲဝန်ထမ်းတစ်ဦးက မေ ၂၁ ရက်တွင် မဇ္ဈိမကို ပြောသည်။ သေဆုံးသူများမှာ လှိုင်သာယာမြို့နယ်၊ ရွှေရင်အေးဈေးအနီးရှိ နေအိမ်တစ်အိမ်ကို ဆောက်ပေးနေသည့် လက်သမားနှစ်ဦးနှင့် နေအိမ်လေသာဆောင်ကို အမှိုက်တက်ရှင်းသည့် အမျိုးသားတစ်ဦးတို့ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ ဖြစ်ပွားပုံမှာ လှိုင်သာယာမြို့နယ်၊ ရွှေရင်အေးဈေးအနီးရှိ နေအိမ်တစ်အိမ်ရှိ အိမ်ရှေ့ဆိုင်ခန်းကို ဆောက် လုပ်ပေးနေပြီး ညနေသုံးနာရီကျော်ခန့်တွင် နေအိမ်သုံး လျှပ်စစ်ဝါယာအထွက်ကြိုးနှင့် သံဆန်ခါကွက်ကို လက်ဖြင့်ကိုင်မိရာမှ ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။ “အဲဒီအိမ်ရှင်က သူ့အိမ်ကိုဆိုင်ခန်းဖွင့်ဖို့ လက်သမားငှားတယ်။ ဆိုင်ခန်းမှာတပ်ဖို့အတွက် သံဆန်ခါတပ် တဲ့အခါ ဓာတ်ကြိုးနဲ့ မလွတ်တော့ လက်သမားနှစ်ယောက်က ကြိုးကို သူတို့သဘောနဲ့ သူတို့ဖြတ်လိုက် တယ်။ အဲဒီမှာ ကြိုးနဲ့ သံဆန်ခါထိမိပြီး ဓာတ်လိုက်သေတာ”ဟု လှိုင်သာယာရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦး က ပြောသည်။ လက်သမားနှစ်ဦး ဓာတ်လိုက်သေဆုံးပြီး လေးန

အငှားယာဉ်ကို လုယူထွက်ပြေးပြီး ယာဉ်ထိန်းရဲကို ထိုးကြိတ်မှုဖြစ် ဖြိုးဝေလင်း ရန်ကု...

အငှားယာဉ်ကို လုယူထွက်ပြေးပြီး ယာဉ်ထိန်းရဲကို ထိုးကြိတ်မှုဖြစ် ဖြိုးဝေလင်း ရန်ကုန်၊ မေ ၂၁ AA နံပါတ်နှင့် အငှားယာဉ်တစ်စီးအား လုယူမောင်းနှင်လာသူ တစ်ဦးသည် အင်းလျားလမ်းနှင့်တက္ကသိုလ် ရိပ်သာလမ်းထောင့်တွင် ယာဉ်သုံးစီးကိုဆင့်တိုက်ပြီး ယာဉ်ထိန်းရဲတစ်ဦးကိုထိုးကြိတ်ခဲ့သည့် ဖြစ်စဉ် တစ်ခု မေလ ၂၁ ရက်၊ မွန်းလွဲ ၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သူ ဦးသီဟစိုးက ပြောသည်။ ဖြစ်ပွားပုံမှာ အင်းယားလမ်းအတိုင်း ဦးစိုးမိုးမောင်းနှင်လာသည့် AA အငှားယာဉ်ကို ကွန်ပျူတာ တက္ကသိုလ် ရှေ့တွင် အမျိုးသားတစ်ဦးက ငှားရမ်းပြီး ယာဉ်နောက်ခန်းပေါ်သို့တက်ကာ ယာဉ်မောင်းဦးစိုးမိုးကို ထိုး ကြိတ်ခဲ့ခြင်းဖြစ်သည်ဟု ဗဟန်းမြို့မရဲစခန်းမှ ဒု-ရဲအုပ်ထွန်းမွှေးက မဇ္ဈိမကို ပြောသည်။ “လုတဲ့သူက ယာဉ်မောင်းကို နောက်ကနေထိုးတော့ ယာဉ်မောင်းက ကားကိုရပ်ပြီး ဆင်းပြေးတာ။ အဲဒီ အချိန်မှာကားကို မောင်းပြေးသွားတာ။ ပိုင်ရှင်ကလည်း နောက်ထပ်တက္ကစီတစ်စီးငှားပြီး သူ့ကားနောက် ကိုလိုက်တော့ ယာဉ်တိုက်မှုဖြစ်နေတာကို တွေ့တာ”ဟု ၎င်းက ဆိုသည်။ အငှားယာဉ်ကို လုယူပြီး မောင်းနှင်ထွက်ပြေးသူမှာ ကြည့်မြင်တိုင်မြို့နယ်အတွင်း နေထိုင်သူဖြစ်ပြီး မူးယစ် ဆေးဝါးသုံးစွဲထားခြင်း ရ

မိုးတွင်းမှာ ရေစိုခံစမတ်ဖုန်းတွေကိုအလဲထိုးမယ့် Sony Xperia Z2 မောင်မန်း ရန်ကုန...

မိုးတွင်းမှာ ရေစိုခံစမတ်ဖုန်းတွေကိုအလဲထိုးမယ့် Sony Xperia Z2 မောင်မန်း ရန်ကုန်၊ မေ ၂၁ မိုးရာသီကို ရောက်လာတဲ့အချိန်မှာ Sony တို့က သူတို့ရဲ့ Z2 ကို ရေစိုခံနိုင်တယ်ဆိုတဲ့ စမတ်ဖုန်းတွေ အားလုံးကို စိန်ခေါ်နိုင်ဖို့ ရည်ရွယ်တည်ဆောက်ထားပုံပါပဲ။ ရေစိုခံတဲ့ဖုန်းတွေထဲက ဒီစမတ်ဖုန်းကို ရွေးချယ်ဖော်ပြရတဲ့ အဓိကအချက်တွေကို လေ့လာကြည့်ရအောင်။ ရေစိုခံနိုင်တဲ့ဖုန်းတွေ ချစီကြည့်တဲ့အခါ ရေစိုခံနိုင်တဲ့ စမတ်ဖုန်းတွေကို အပြိုင်ထုတ်လာတဲ့အချိန်မှာ Sony တို့က သူတို့ရဲ့ Z စီးရီးကို ရေအောက်အနက် တစ်မီတာမှာ မိနစ် ၃၀ အထိ အထားခံနိုင်တယ်ဆိုတဲ့ အထိ ကို စိန်ခေါ်ခဲ့တာပါ။ Z2 မှာလည်း ရေစိုခံနိုင်မှုက Z စီးရီးတွေရဲ့ ဂုဏ်သတင်းကို ဆက်လက်ထိန်းသိမ်းနိုင် ခဲ့ပါတယ်။ ဒါ့အပြင် ဖုန်၊ သဲ စတာတွေ မ၀င်နိုင်ဖို့ကာ ကွယ်တဲ့နေရာမှာလည်း Z2 တို့က စမတ်ဖုန်းလော ကကို စိန်ခေါ်နိုင်ခဲ့ပါတယ်။ Z စီးရီးတွေဟာ စမတ်ဖုန်းလောကကို စိန်ခေါ်ခဲ့တဲ့နေရာမှာ ရေစိုခံနိုင်မှုတစ်ခု တည်းတော့ မဟုတ်ပါဘူး။ ပညာရှင်အဆင့်ကင်မရာတွေကို စိန်ခေါ် ထိပ်တန်းစမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက သူတို့ရဲ့ ထုတ်ကုန်တွေကို ကင်မရာ အရည်အသွေးကောင်းတွေနဲ့ ထုတ်လုပ်ကြပါတယ်။ ဒီနေရာမှာ Sony တို့က Z စီး

Facebook က Relationship status နှင့် ပတ်သက်သော် feature မိတ်ဆက် CNET ကယ်လီဖိုး...

Facebook က Relationship status နှင့် ပတ်သက်သော် feature မိတ်ဆက် CNET ကယ်လီဖိုးနီးယား၊ မေ ၂၁ လူသုံးအများဆုံး လူမှုကွန်ရက် ၀က်ဘ်ဆိုဒ်တစ်ခုဖြစ်သည့် Facebook က feature သစ်များ အဆက် မပြတ် ထုတ်လုပ်နေရာ မေလ ၂၀ ရက်က သုံးစွဲသူများ၏ Relationship status အား မေးမြန်းနိုင်မည့် feature သစ်တစ်မျိုးကို မိတ်ဆက်ခဲ့သည်။ Facebookက လွန်ခဲ့သောအချိန်များတွင် အသုံးပြုသူများအချင်းချင်း အလုပ်ကိုင်နေရာ၊ တက်ရောက်ခဲ့ သည့် ကျောင်းအစရှိသည်တို့ကို မေးမြန်းနိုင်သည့် “Ask” ဟူသည့် feature အား ထုတ်လုပ်ခဲ့ပြီး မေလ ၂၀ ရက်တွင် Relationship status နှင့် ပတ်သက်ပြီး ထပ်မံမိတ်ဆက်ခြင်း ဖြစ်သည်။ အဆိုပါ feature သစ်မှာ အသုံးပြုသူတစ်ဦးက မိမိ၏ Relationship status အား ဖော်ပြမထားသေးပါက အခြားအသုံးပြုသူတစ်ဦးမှ မိမိအားချိန်းတွေ့ကာ မိမိတွင် Relationship ရှိ၊ မရှိကို မေးမြန်းနိုင်ခြင်းဖြစ် သည်။ ယင်း “Ask” button မှာ အသုံးပြုသူ၏ Relationship ဖော်ပြမည့်နေရာတွင် ပေါ်လွင်နေမည်ဖြစ် သော်လည်း ကာယကံရှင်ကိုယ်တိုင်ကမူ မြင်တွေ့နိုင်ခြင်းရှိမည် မဟုတ်ချေ။ အသုံးပြုသူတစ်ဦးမှ မိမိစိတ်ဝင်စားနေသူတစ်ဦးတွင် Relationship မရှိသေးလျှင် Ask နှိပ်ကာ ၎င်း၏ Relationsh

မေလအတွင်း ဖုန်းဆင်းမ်ကတ် လေးသိန်း ချပေးမည် စ, ချိုကို| ကြာသပတေးနေ့၊ မေလ ၂၂ ရက်...

မေလအတွင်း ဖုန်းဆင်းမ်ကတ် လေးသိန်း ချပေးမည် စ, ချိုကို| ကြာသပတေးနေ့၊ မေလ ၂၂ ရက် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုသူသည် ၈ ဒသမ ၄၅ သန်းအထိ ရောက်ရှိနေပြီး မေလအတွင်း တန်ဖိုးနည်း မိုဘိုင်းဆင်းမ်ကတ် လေးသိန်း ထပ်မံချထားပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးက မေ ၂၁ ရက်တွင် ထုတ်ပြန်ကြေငြာခဲ့ရာ အသုံးပြု သူ ၈ ဒသမ ၈၅ သန်းအထိ ရောက်ရှိလာနိုင်မည်ဖြစ်သည်။ ယင်းသို့ မေလအတွက် ထပ်မံချထားပေးလိုက်သောကြောင့် မြန်မာနိုင်ငံရှိ အိမ်ထောင်စုပေါင်း ၈ ဒသမ ၇ သန်းအထိရှိရာ အိမ်ထောင်စုတစ်စုလျှင် မိုဘိုင်းဖုန်းတစ်လုံး အသုံးပြုနိုင်သည့်အနေအထားသို့ ရောက်ရှိလာနိုင်မည် ဖြစ်သည်။ ကိန်းဂဏန်းအားဖြင့် ယင်းသို့ ရှိနေသော်လည်း အိမ်တိုင်းဖုန်းတစ်လုံးကိုင်နိုင်သည့် အခြေအနေကို အမှန်တကယ်ရောက်ရှိခြင်း မရှိသေးဟု Mr.Htet Computer ဆိုင်၏ ဒါရိုက်တာ ကိုထက်လင်းစိုးက ပြောသည်။ ကိုထက်လင်းစိုးက“အရေအတွက်အရ အိမ်တစ်အိမ်မှာ ဖုန်းတစ်လုံးအသုံးပြုနိုင်ရမှာဖြစ်ပေမယ့် အမှန်တကယ် အိမ်တိုင်းဖုန်း အသုံးမပြုနိုင်သေးပါဘူး။ မြန်မာ့ဆက်သွယ်ရေးအနေနဲ့လည်း မဲနှိုက်ရောင်းချ ပေးတဲ့စနစ်နဲ့ ရောင်းချပေးတာမျိုး မဟုတ်ပဲ လိုအပ်သူတွေ အမှန်တကယ်ဝယ်ယူ အသုံးပြုနိုင်တဲ့ အနေအထ

မြစ်ဝကျွန်းပေါ်ဒေသ မုန်တိုင်းအန္တရာယ် သတိပြုရန်လိုဟု မိုး/ဇလ ဆို ရန်ကုန်၊ မေ ၂၁...

မြစ်ဝကျွန်းပေါ်ဒေသ မုန်တိုင်းအန္တရာယ် သတိပြုရန်လိုဟု မိုး/ဇလ ဆို ရန်ကုန်၊ မေ ၂၁ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အဝါရောင် အဆင့်ရှိ မုန်တိုင်းငယ်သည် မေလ၂၁ ရက်နေ့မှ နောက် ၂ ရက်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် ကမ်းခြေဘက်သို့ ဦးတည် ရွေ့လျားနိုင်ခြင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသ အနေနှင့် အထူးသတိပြုရမည့် အခြေအနေ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။ “လောလောဆယ် မုန်တိုင်းက မြန်မာနိုင်ငံကို ဦးမတည်ပေမယ့် အင်အား မကောင်းလာပါစေနဲ့လို့ ဆုတောင်းရမယ်။ မဟုတ်ရင် မြစ်ဝကျွန်းပေါ်ဒေသနဲ့ ရခိုင်ကမ်းရိုးတန်းက စိုးရိမ်စရာ ရှိတယ်။ အစဉ်အလာအရ မုန်တိုင်းလမ်းကြောင်း ကွေ့သွားနိုင်လို့” ဟု ၎င်းကဆိုသည်။ အဆိုပါ မုန်တိုင်းငယ် အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ဝကျွန်းပေါ် ဒေသများတွင် မိုးသက်လေပြင်များ တိုက်ခတ်နိုင်ပြီး လှိုင်းကြီးနိုင်သဖြင့် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ သတိပြု ကာကွယ်ရန် လိုအပ်ကြောင်း ဦးကျော်လွင်ဦးက သတိပေး ပြောဆိုသည်။ လေဖိအားနည်းရပ်ဝန်း အားကောင်းရာမှ မုန်တိုင်းငယ် အဆင့်သို့ မေလ ၂၁ ရက်နေ့တွင် ရေ

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်တွင် ဖက်ဒရယ် ဖွင့်ဆိုချက် ထည့်ရန် တပ်မတော် သဘော...

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်တွင် ဖက်ဒရယ် ဖွင့်ဆိုချက် ထည့်ရန် တပ်မတော် သဘောတူ ရန်ကုန်၊ မေ ၂၁ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်အတွက် ဆွေးနွေးရာ၌ အဓိက ကွဲလွဲမှုတစ်ရပ် ဖြစ်နေသော ဖက်ဒရယ်စနစ် ဖွင့်ဆိုချက်ကို တပ်မတော်က သဘောတူ လက်ခံလိုက်ပြီ ဖြစ်ကြောင်း တိုင်းရင်းသားများ ကိုယ်စားပြု အပစ်ရပ် ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင်များက ပြောကြားသည်။ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာ၌ မေလ ၂၁ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးမှုအပြီး ယင်းသို့ သဘောတူလိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ဧပြီလဆန်းက ပြုလုပ်သော အပစ်ရပ်စာချုပ် ဆွေးနွေးပွဲတွင် တပ်မတော်က ဖက်ဒရယ်စနစ်ကို ကန့်ကွက်ခဲ့သော်လည်း ယနေ့ တွေ့ဆုံရာတွင် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဖက်ဒရယ် အဓိပ္ပာယ် ဖွင့်ဆိုချက်ဖြစ်သော ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို တပ်မတော် ကိုယ်စာ

ရခိုင်တွင် ဘင်္ဂါလီများကို သန်းခေါင်စာရင်း ပြန်ကောက်ရန် ညှိနှိုင်း မရသေးဟုဆို နေပြ...

ရခိုင်တွင် ဘင်္ဂါလီများကို သန်းခေါင်စာရင်း ပြန်ကောက်ရန် ညှိနှိုင်း မရသေးဟုဆို နေပြည်တော်၊ မေ ၂၁ သန်းခေါင်စာရင်း အကောက်မခံဘဲ ကျန်ရှိနေသည့် ဘင်္ဂါလီ တစ်သန်းခန့်ကို သန်းခေါင်စာရင်း ပြန်လည်ကောက်ယူရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၏ ရခိုင်ပြည်နယ် ခရီးစဉ် နှစ်ခုတွင် ဘင်္ဂါလီများနှင့် ညှိနှိုင်းခဲ့သော်လည်း အောင်မြင်မှု မရှိသေးကြောင်း ပြည်သူ့အင်အား ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီး ရခိုင်ပြည်နယ်သို့ မေလ ၉ ရက်နေ့နှင့် ၁၈ ရက်နေ့တို့က သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ဘင်္ဂါလီများကို သန်းခေါင်စာရင်း ပြန်လည်ကောက်ယူရန် သက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းခဲ့သော်လည်း အောင်မြင်မှု မရှိသေးခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ ဘင်္ဂါလီများက သန်းခေါင်စာရင်းတွင် လူမျိုးနေရာ၌ ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုမှသာလျှင် သန်းခေါင်စာရင်း အကောက်ခံမည်ဟု ပြောဆိုပြီး အစိုးရကလည်း ရိုဟင်ဂျာဟု ထည့်သွင်းပါက ကောက်ယူမည် မဟုတ်သဖြင့် ညှိနှိုင်းမှု အဆင်မပြေခြင်း ဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာညီညီက ပြောကြားသည်။ “လူမျိုးနေရာမှာ ဘင်္ဂါ

နိုင်ငံတကာသတင်းတိုများ မလေးရှား လေကြောင်းလိုင်းနှင့် အင်ဒိုနီးရှား လေကြောင်းလို...

နိုင်ငံတကာသတင်းတိုများ မလေးရှား လေကြောင်းလိုင်းနှင့် အင်ဒိုနီးရှား လေကြောင်းလိုင်းပူးတွဲကာ အာဆီယံလေကြောင်း ကွန်ရက် ဖြန့်ကြက်မည် မလေးရှား လေကြောင်းလိုင်း၏ လက်စွဲ Firefly နှင့် အင်ဒိုနီးရှား လေကြောင်းလိုင်းမှ ကုမ္ပဏီခွဲ Citilink လေကြောင်းလိုင်းတို့ ပူးပေါင်း၍ လေကြောင်းကွန်ရက် ဖြန့်ကြက်၍ အကျိုးတူပူးပေါင်းရန် သဘောတူညီမှု လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း AIR TRANSPORT WORLDသတင်းတွင် မေလ ၁၉ရက်က ဖော်ပြသည်။ ဗြိတိသျှ ကိုလံဘီယာနှင့် အိန္ဒိယကုန်သွယ်ရေး အခြေအနေကောင်း ဗြိတိသျှ ကိုလံဘီယာ B.C နှင့် အိန္ဒိယတို့အကြား အပြန်အလှန် ကုန်သွယ်ရေးသည် တစ်နှစ်လျှင် အမေရိ ကန် ဒေါ်လာသန်း ၇၀၀ နီးပါးသာ ရရှိနေသော်လည်း နှစ်ဖက်ကုန်သွယ်ရေးကဏ္ဍမှာ ပုံမှန်တိုးတက်လျက် ရှိနေသည်ဟု business Vancouver သတင်းတွင် မေလ၁၉ ရက်က ဖော်ပြသည်။ နိုင်ငံရေး မငြိမ်သက်မှုများကြောင့် ထိုင်းလေကြောင်းလိုင်းကုမ္ပဏီ အရှုံးပေါ်ခံရ ထိုင်းနိုင်ငံတွင် လက်ရှိဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေးအကျပ်အတည်းများကြောင့် လေကြောင်း ကဏ္ဍတွင် ပြည်တွင်း၊ ပြည်ပခရီးသွားဦးရေမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်ဟု TRAVEL DAILY NEWS တွင် မေလ ၂၀ ရက်က ရေးသားဖော်ပြသည်။ ပြည်တွင်း၊ ပြည်ပခရီးသွားဦးရေမှ

စိုက်ပျိုးစရိတ်ချေးငွေ ယခုလ နောက်ဆုံးပတ်တွင် ထုတ်ပေးနိုင်မည်ဟု ခန့်မှန်း ယခုနှ...

စိုက်ပျိုးစရိတ်ချေးငွေ ယခုလ နောက်ဆုံးပတ်တွင် ထုတ်ပေးနိုင်မည်ဟု ခန့်မှန်း ယခုနှစ် မိုးရာသီအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးစပါးအတွက် စိုက်ပျိုးစရိတ်ချေးငွေကို မေလ နောက်ဆုံးပတ်တွင် ထုတ်ချေးနိုင်တော့မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်ဟု မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ ဒေါ်နီလာရှိန်က မဇ္ဈိမကို ပြောသည်။ “စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးမယ့်ရက် အတိအကျတော့ မသိသေးဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1m7o0vU

စက်သုံးဆီ တင်သွင်းရက်တိုးမြှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းရ...

စက်သုံးဆီ တင်သွင်းရက်တိုးမြှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းရှိ စက်သုံးဆီ သယ်ယူပို့ဆောင်သည့်လုပ်ငန်း လုပ် ကိုင်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များအား အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် LOEI အဆိုပြုလွာများအား မေလ ၁၅ ရက် နောက်ဆုံးထား တင်သွင်းနိုင်သည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း အဆိုပြုလွှာပိတ်ရက်အား မေလ ၂၆ ရက်ထိ တိုးမြှင့်သတ်မှတ်သည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1jFe3XV

LS Auto Showroom ကားအရောင်းပြခန်း ဖွင့်လှစ်မည် LS Auto Showroom ကားအရောင်းပြခန်...

LS Auto Showroom ကားအရောင်းပြခန်း ဖွင့်လှစ်မည် LS Auto Showroom ကားအရောင်းပြခန်းကို ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး အဆိုပါအရောင်း ပြခန်း ဖွင့်ပွဲအခမ်းအနားကို မေလ ၂၂ ရက်တွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ကျင်းပ ပြုလုပ်မည်ဟု သိရသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1jFe2Db

Bangkok Airways လေကြောင်းလိုင်း ဈေးလျှော့ချ နိုင်ငံတကာ လေကြောင်းလိုင်းတစ်ခုဖြစ...

Bangkok Airways လေကြောင်းလိုင်း ဈေးလျှော့ချ နိုင်ငံတကာ လေကြောင်းလိုင်းတစ်ခုဖြစ်သော Bangkok Airways လေကြောင်း လိုင်းသည် မတ်လဆန်း မှ စတင်ကာ ရန်ကုန်-ဘန်ကောက်နှင့် ရန်ကုန်-မန္တလေး လေကြောင်းခရီးစဉ်စရိတ်အား ယခင် ဒေါ်လာ ၂၆၃ အား ယခုနှစ် မေလကုန်အထိ ဒေါ်လာ ၂၂၂ ဖြင့် ဈေးလျှော့ထားပြီး စနေ ၊ တနင်္ဂနွေ နေ့များတွင် လေးဒေါ်လာ ထပ်မံပေါင်းထည့်သည်ဟု Bangkok Airways လေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1m7nZYI

ရေခဲမုန့်ဈေးနှုန်း သိသိသာသာ ကျသွားခြင်းမရှိ ယခုနှစ်တွင် မိုးတွင်းကာလရောက်ရှိပြီ...

ရေခဲမုန့်ဈေးနှုန်း သိသိသာသာ ကျသွားခြင်းမရှိ ယခုနှစ်တွင် မိုးတွင်းကာလရောက်ရှိပြီ ဖြစ်သောကြောင့် ရေခဲမုန့်ရောင်းအားမှာ ပုံမှန် ကျဆင်းလေ့ရှိပြီး လက်ရှိအချိန်တွင် အရောင်းအ၀ယ်မှာ အေးသွားသော်လည်း သိသိသာသာ ကျဆင်းသွားခြင်း မရှိသေး ကြောင်း ရေခဲမုန့်အရောင်းဆိုင်များက မေလ၂၁ တွင် မဇ္ဈိမကိုပြောသည်။ထို့ပြင် ဈေးနှုန်းများမှာလည်း နို့၊ ချောကလက်၊ ဒူးရင်းများကို ဈေးနှုန်း ခွဲခြားထားခြင်းမရှိဘဲ ခွက်တစ်ရာလျှင်နှစ်သောင်း သုံးထောင်ကျပ်နှင့် အရောင်းအ၀ယ်ဖြစ် လျက်ရှိသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1m7nZIi

၅၉(စ)ပြင်ရန် လိုက်လျောပါက လူထုအားနှင့် ကန့်ကွက်မည်ဟု တစည ပြော အောင်ကိုဦး| ကြာ...

၅၉(စ)ပြင်ရန် လိုက်လျောပါက လူထုအားနှင့် ကန့်ကွက်မည်ဟု တစည ပြော အောင်ကိုဦး| ကြာသပတေးနေ့၊ မေလ ၂၂ ရက် ၂၀၁၄ ခုနှစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါသည့် ပုဒ်မ ၅၉(စ)ကို လွှတ်တော်က ပြင်ဆင်ပေးရန်လိုက်လျောပါ က မိမိတို့က လူထုနှင့်ကန့်ကွက်သွားမည်ဖြစ်ပြီး ယခုအချိန်သည် ပုဒ်မ၅၉(စ) မပြင်ရန် လမ်းပေါ်ထွက် ကန့်ကွက်စရာမလိုသေးကြောင်း တစည ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေက အခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ “အသွင်ကူးပြောင်းရေးကာလကို သွားနေတယ်။ သုံးနှစ်ဆိုတဲ့ သက်တမ်းက နုနယ်သေးတော့ တကယ်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ရှိဖို့လိုသေးတယ်။ လမ်းကျဉ်းတဲ့ နိုင်ငံရေးမျိုး၊ တစ်ဖက်ပိတ်နိုင်ငံရေးကို မသွားဘဲ ဒီမိုကရေစီစနစ်ကို လက်ခံရမယ်။ PR စနစ်ကို လက်ခံရမယ်” ဟု ၎င်းက ပြောသည်။ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ(တစည) ဗဟိုကော်မတီ ဥက္ကဋ္ဌက မန္တလေးတိုင်းအတွင်းရှိ ပါတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို မေလ ၂၀ ရက်က ယူတိုးပီးယားခန်းမတွင် ပြုလုပ်ရာ မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ ညောင်ဦးခရိုင်နှင့် မိတ္တီလာခရိုင်စသည်တို့မှ ပါတီဝင် ၄၅၀ ကျော် တက်ရောက်သည်။ “ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ပြိုင်မယ်ဆိုရင်

အမြန်လမ်းယာဉ်တိမ်းမှောက်မှုလျော့စေရန် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး အကြံပြု. မျိုးသန...

အမြန်လမ်းယာဉ်တိမ်းမှောက်မှုလျော့စေရန် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး အကြံပြု. မျိုးသန့်| ကြာသပတေးနေ့၊ မေလ ၂၂ ရက် ၂၀၁၄ ခုနှစ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှု လျော့နည်းစေရန်နှင့် မတော်တဆထိခိုက်မှုများ မရှိစေရန် မန္တလေးတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက သက်ဆိုင်ရာဌာနများထံသို့ အကြံပြုချက်များ ထုတ်ပြန်ပေးပို့ထားသည်။ အချိန်ထိန်းဇယား (၁၀၀ကီလိုမီတာ) မောင်းနှင်လျှင် ၁မိနစ်၁မိုင်နှုန်း ခရီးရောက်ရှိသဖြင့် ယာဉ်များ စတင်ထွက်ခွာသည့် အမြန်လမ်းမကြီး တိုးဂိတ်တွင် စထွက်ချိန်နှင့် ရောက်ရမည့်အချိန်တို့ကို သတ်မှတ်ပေးကာ လမ်းတစ်လျှောက် ကီလိုမီတာ မပိုစေရန် ထိန်းချုပ်ခြင်းနှင့် တိုးဂိတ်အလိုက် အရေးယူသည့် အဖွဲ့ထားရှိရန်၊ မိုင် ၁၀၀ အရှည်လမ်းတွင် အနည်းဆုံးလေးနေရာ၌ ယာဉ်၏ မြန်နှုန်းတိုင်းကိရိယာတပ်ဆင်ပြီး ၁၀၀ ကီလိုမီတာကျော်သော ယာဉ်များကို အရေးယူရန် လိုအပ်ကြောင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ တိုင်းအစိုးရအဖွဲ့နှင့်သက်ဆိုင်ရာအဖွဲ့အစည်းများထံသို့ ပေးပို့သည့် ယင်း အကြံပြုစာ၌ ပါရှိသည်။ တဖန်အမြန်လမ်းမကြီးယာဉ်များ ညာလမ်းမောင်းပြီး ကျော်တက်လျှင် ဘယ်လမ်းမှ ကျော်တက်ရုံမှလွဲ၍ အခြား

ဗီယက်နမ်-တရုတ် ပဋိပက္ခ၊ မြန်မာအတွက် သင်ခန်းစာ စည်သူအောင်မြင့်| ကြာသပတေးနေ့၊ မေလ...

ဗီယက်နမ်-တရုတ် ပဋိပက္ခ၊ မြန်မာအတွက် သင်ခန်းစာ စည်သူအောင်မြင့်| ကြာသပတေးနေ့၊ မေလ ၂၂ ရက် ၂၀၁၄ ခုနှစ် ပြီးခဲ့တဲ့ရက်ပိုင်းက ဗီယက်နမ်နိုင်ငံမှာ တရုတ်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားပါတယ်။ အဲဒီအကြမ်းဖက်မှုတွေအတွင်း တရုတ်လူမျိုး နှစ်ယောက် သေ၊ ၁၄၀ လောက် ဒဏ်ရာရပြီး တရုတ်ကုမ္ပဏီနဲ့ ထိုင်ဝမ်ကုမ္ပဏီပိုင် စက်ရုံတွေ ဖျက်ဆီးခံရပါတယ်။ ဗီယက်နမ်နိုင်ငံထဲက တရုတ်လူမျိုးတွေ ကမ္ဘောဒီးယားဘက် ထွက်ပြေးသူ ပြေးပါတယ်။ အခုနောက်ဆုံး ကျန်နေတဲ့ တရုတ်လူမျိုး ၃,၅၀၀ ကျော်ကို တရုတ်အစိုးရက စီစဉ်ပေးတဲ့ သင်္ဘောလေးစင်းနဲ့ ဗီယက်နမ်ကနေ ထွက်ခွာသွားခဲ့ကြပါပြီ။ တိုက်ဆိုင်တယ်ဆိုရမလား၊ မြန်မာနိုင်ငံ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ မကျေမလည်ဖြစ်တဲ့ ကျေးရွာသားတွေက တရုတ်နိုင်ငံသား နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင် ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ပါတယ်။ နောက်ပိုင်း ကျေးရွာသားတွေနဲ့ ရဲတပ်ဖွဲ့ အကြမ်းဖက်မှုတွေဖြစ်ပြီး တရုတ်နိုင်ငံသား နှစ်ယောက်ကို ပြန်လွှတ်ပေးလိုက်တဲ့တိုင် ဒေသခံတွေ တရားစွဲခံထားရဆဲ ဖြစ်ပါတယ်။ ဗီယက်နမ်မှာ ဘာတွေဖြစ်ခဲ့သလဲ၊ အရင်ကရော ဘာတွေဖြစ်ဖူးသလဲ၊ မြန်မာက အဲဒီကနေ ဘာတွေ သင်ခန်းစာယူနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွာ